← Chapters

ထာဝရပဲ့တင်သံ

Vol. 35 Ch. 502

ထာဝရပဲ့တင်သံ

Vol. 35 Ch. 502

...

[အမည်- အာရန် (ရန်နစ်ခရိုလိုင်း)]

[အဆင့်- ၅၂]

[အချက်အလက်- အနောက်ပိုင်းတိုက်ကြီး၏ သန့်စင်ဧကရာဇ်၊ မိစ္ဆာဂိုဏ်း ၏ မဟာအကြီးအကဲ၊ သူရဲကောင်း အကယ်ဒမီ၏ သူလျှို၊ ဝါးမြိုသူ မျိုးဆက်သွေး ပိုင်ရှင်၊ နစ်ခရိုမန်ဆာမျှော်စင်၏ အမွေဆက်ခံသူ၊ ဝိညာဉ်လောက၏ အုပ်စိုးသူ၊ နဂါးဧကရီ ၏ ချစ်သူ ]

[အဓိက ပင်မသွေးမျိုးဆက်: သွေဖယ်ခြင်း? (၂၅%)]

[ဒုတိယ ပင်မသွေးမျိုးဆက်များ: ဝါးမြိုသူ၊ မူလနဂါး]

[စောင့်လျှောက်သူ- ပထမဝိညာဉ်ဘုရင်မ ယီလန်]

[စာချုပ်ချုပ်ဆိုထားသော ဝိညာဉ်: ဝိညာဉ်ဘုရင်မ ဖီလိုနာ]

[အသက်- ၂၂]

[စရိုက်လက္ခဏာများ - သွေးအေးသူ၊ ပရိယာယ်ကြွယ်ဝသူ]

-အဆင့်သတ်မှတ်ချက်များ-

[ခွန်အား- ၁၁၄၉၅]

[လျင်မြန်မှု: ၁၂၉၁၈]

[ခံနိုင်ရည်- ၁၃၇၉၃]

[ဉာဏ်ရည်- ၉၅]

[မာနာ- ၉၄၄၄၈]

[ကျင့်ကြံခြင်းအဆင့် : မသိ (ချိတ်ပိတ်ထားသည်)]

[သူရဲကောင်းအဆင့်- SSS+]

[နတ်ဘုရားမ၏ ကာကွယ်မှု - မသိသေး (၇၅%)]

[ရုပ်ခန္ဓာ: လအရိပ်ရေခဲခန္ဓာ၊ ကံကြမ္မာခန္ဓာ၊ သန့်စင်ခန္ဓာ၊ အကြွင်းမဲ့နဂါးခန္ဓာ]

[ပိုင်ဆိုင်ထားသော ထူးခြားသည့် ပစ္စည်းများ : ပြုပြင်ထားသော သေနတ်၊ အရှင်သခင်သတ်ဓား (မပြည့်စုံ) ၊အနာဂတ်ကို မြင်နိုင်သော ဟောကိန်းလည်ဆွဲ၊ မေးခွန်းဘောက်ချာ၊ အကူအညီလက်မှတ်(ဖန်းယု) ၊ ###### သေတ္တာ (၄ပုံ ၃ပုံ ချိတ်ပိတ်ခံထားရ)၊ ကံကြမ္မာဓား/ လက်စားချေခြင်းဓား၊ ပြန်လည်ရှင်သန်ခြင်း ကျောက်တုံး (ထူးခြားအဆင့်)]

[ကျွမ်းကျင်မှုများ: ဓားဧကရာဇ်၏ အော်ရာ၊ အော်ရာ ထိန်းချုပ်နည်း၊ ခွဲခြားသတ်မှတ်ခြင်း ၊ ဝါးမြိုခြင်း၊ ရေနေကျွမ်းကျင်မှု၊ ပျံသန်းခြင်း၊ ဘိုးဘေးနဂါးလျှာ၊ စစ်မှန်သောနဂါးအသွင်ပြောင်းလဲခြင်း၊ အုပ်ချုပ်သူအတောင်ပံများ၊ သမုဒ္ဒရာအုပ်စိုးသူ၊ စွမ်းရည်ပေါင်းစည်းခြင်း၊ နှင်းခဲနယ်မြေ၊ အသွင်ပြောင်းလဲခြင်း၊ အရှိန်မြှင့်တင်ခြင်း၊ စိတ်ဝိညာဥ်ထိမ်းချုပ်ခြင်း၊ အာရံခံစားမှုတိုးမြှင့်ခြင်း၊ သွေးထိမ်းချုပ်ခြင်း၊ အရိပ်ပုံတူဖန်တီးခြင်း၊ ထာဝရပဲ့တင်သံ]

...

ပထမဆုံးတစ်ချက်ကြည့်လိုက်မိသည်နှင့်ပင် အာရန်တစ်ယောက် အပြောင်းအလဲ အတော်များများကို သတိပြုမိနိုင်ခဲ့သည်။

ယခင်က သူ့၏စွမ်းရည်များမှာ သုံးလေးထောင်ခန့်သာရှိခဲ့ခြင်းဖြစ်သော်လည်း ယခုအခါတွင်မူ သူ့၏စွမ်းရည်များ အားလုံးသည် တစ်သောင်းကျော်သွားခဲ့ပြီဖြစ်ကာ သူ့၏ ခွန်အားသည်လည်း အဆမတန် တိုးတက်လာခဲ့လေသည်။

နတ်ဘုရားမ၏ ကာကွယ်ခြင်းသည်လည်း ရာခိုင်နှုန်း နှစ်ဆယ်ခန့်အထိ တိုးတက်လာခဲ့၏။

၎င်းသည် မည်သည့်အရာဖြစ်သည်ကို သူနားမလည်သေးသော်လည်း မကောင်းသည့်အရာတော့ မဟုတ်ဟု ယူဆရလေသည်။

ထိုနေရာတွင် အာရန်၏အာရုံကို အများဆုံးဖမ်းစားထားသည့် အရာကမူ သူ၏စွမ်းရည်များထဲတွင် အသစ်ထပ်တိုးလာသော စွမ်းရည်အသစ်တစ်ခုဖြစ်လေ၏။

၎င်းကို ထာဝရပဲ့တင်သံ ဟု အမည်ပေးထားသည်။

ထိုအမည်သည်ပင် အနည်းငယ်ထူးဆန်းနေခဲ့ကာ ဤစွမ်းရည်သည် မည်သည့်စွမ်းရည်ဖြစ်မည်ကို သူလုံးဝ မခန့်မှန်းနိုင်ခဲ့ပေ။

အာရန်သည် စွမ်းရည်၏အမည်နေရာကို နှိပ်ကြည့်လိုက်ရာ ထိုစွမ်းရည်၏ အချက်အလက်ဇယားတစ်ခု ပွင့်လာခဲ့၏။

သူသည် ထိုဖော်ပြချက်ဇယားကို တစ်ချက်ဖတ်လိုက်မိသည်နှင့်ပင် မျက်မှောင်ကြုတ်မိသွားခဲ့သည်။

အံ့သြစရာကောင်းသည်မှာ ၎င်းသည် သူ၏အဓိကသွေးမျိုးဆက်နှင့် ဆက်စပ်နေသော စွမ်းရည်တစ်ခုဖြစ်နေခြင်းပင်။

သို့သော် ဖော်ပြချက်သက်သက်ဖြင့် သူ့အား မည်သည့်ယုံကြည်မှုမှ ပေးနိုင်မည်တော့မဟုတ်ပေ။

...

[“ထာဝရပဲ့တင်သံ”

အဆင့်သက်မှတ်ချက် : ထူးခြားအဆင့်

သွေးမျိုးဆက်: သွေဖယ်ခြင်း

အဆင့်: (၁)

ဖော်ပြချက်: ဤစွမ်းရည်ကို အသုံးပြုလိုက်သည်နှင့် သင့်၏ အနာဂတ် သို့မဟုတ် အတိတ်မှ သင်၏ စိတ်ဝိညာဉ်သည် သင်၏ ယခုခန္ဓာကိုယ်အတွင်းသို့ တစ်နာရီကြာ ယာယီပိုင်ဆိုင်ထားနိုင်လိမ့်မည်ဖြစ်သည်။

ကန့်သတ်ချက်: ပေါ်ထွက်လာမည့် စိတ်ဝိညာဉ်ကို ကျပန်းစနစ်ဖြင့် ရွေးချယ်ပါသည်။ သင့်၏ ခန္ဓာကိုယ်ကို သင်၏ အခြားဝိညာဉ်တစ်ခုမှ ပိုင်ဆိုင်ထားသည့်ကာလတွင် သင့်၏ လက်ရှိဝိညာဉ်သည် အိပ်မောကျနေလိမ့်မည်ဖြစ်သည်။

တစ်ကြိမ်အသုံးပြုပြီးနောက် ထပ်မံစောင့်ဆိုင်းရမည့်အချိန်: တစ်လ (အဆင့် ၁) ]

...

ဤစွမ်းရည်သည် နှစ်ဖက်သွားဓားနှင့်တူလေသည်။

၎င်းသည် လူတစ်ယောက်၏ အသက်ကို အဆုံးအဖြတ်ပေးမည့် အကြွေစေ့ပစ်သည့် ကစားနည်းမျိုးနှင့် တူညီနေ၏။

ထိုစွမ်းရည်ကို အသုံးပြုလိုက်သည်နှင့် သူ၏ စိတ်ဝိညာဉ်ကို အနာဂတ် သို့မဟုတ် အတိတ်ဆီမှ ခေါ်ဆောင်လာနိုင်သော်လည်း မည်သည့်အချိန်မှ လာသည်ကိုမူ ရွေးချယ်၍မရပေ။

၎င်းသည် သူ့၏အနာဂတ်မှ ဝိညာဉ်ဆိုလျှင် သာ၍ကောင်းပေလိမ့်သည်။

ဆိုလိုသည်မှာ သူ၏ဝိညာဉ်သည် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို သိရှိပြီးဖြစ်သဖြင့် သူမှားယွင်းခဲ့သည့် အရာများကိုပါ ပြင်ဆင်ပေးသွားပေလိမ့်မည်။

၎င်းက ထိုအမှားများကို ရှောင်ရှားပြီးသားဖြစ်သွားပေလိမ့်မည်။

သူ၏အနာဂတ်မှ ဝိညာဉ်သည် အတွေ့အကြုံများစွာ ရှိနေပြီဖြစ်သောကြောင့် သူ၏စွမ်းရည်များကို မည်သို့ အသုံးပြုရမည်ကို ပို၍ ကောင်းစွာ သိရှိထားပေလိမ့်မည်။ ပြဿနာမှာ ဤအကြွေစေ့၏ နောက်တစ်ဖက်ဖြစ်နေ၏။

ဤစွမ်းရည်သည် အစွမ်းထက်သလောက် အန္တရာယ်လည်းကြီးမားလေသည်။

သူ၏အတိတ်မှ ဝိညာဉ်ကို ခေါ်ယူလိုက်ပါက သူရောက်ရှိနေသည့် အခြေအနေကို လုံးဝ နားမလည်နိုင်ဖြစ်သွားရပေလိမ့်မည်။

သူ၏အတိတ်မှ ဝိညာဉ်ကိုသာ ခေါ်ယူမိခဲ့ပါက ၎င်းသည် ဤကာလအတွင်း သူရရှိထားသည့် စွမ်းရည်များ၏ တစ်ဝက်ကိုပင် မသိရှိထားနိုင်ပေ။

ပို၍ကြီးမားသော ပြဿနာမှာ ကမ္ဘာမြေပေါ်တွင်ရှိနေစဉ်က သူ၏ဝိညာဉ်ကို ခေါ်ယူမိခဲ့မည်ဆိုပါက ထိုဝိညာဥ်သည် သူ၏ စနစ်သိုလှောင်ခန်းအတွင်းမှ ပစ္စည်းများကိုပင် ဖွင့်လှစ်နိုင်မည်မဟုတ်ဘဲ သူ့၏စွမ်းရည်များအကြောင်းကို တစ်ခုတစ်လေမျှပင် သိရှိထားမည်မဟုတ်ပေ။

ထိုအခါ သူသည် သူ၏ရန်သူများရှေ့တွင် အဆင်သင့် လည်စင်းပေးခြင်းနှင့် အတူတူပင်ဖြစ်သွားပေလိမ့်မည်။

ထို့ပြင် အာရန်၏ အတိတ်မှ စိတ်ဝိညာဉ်ကိုခေါ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပါက သူ၏ လက်ရှိအဓိက စိတ်ဝိညာဉ်သည် အိပ်မောကျသွားမည်ဖြစ်သောကြောင့် လမ်းညွှန်ချက်အနည်းငယ်ပင် ပေး၍ ရနိုင်မည်မဟုတ်ပေ။

စွမ်းရည်၏ အားနည်းချက်များကို စဉ်းစားပြီးနောက် ခက်ခဲသော အခြေအနေအချို့တွင် ၎င်းစွမ်းရည်သည် သိပ်ပြီး အသုံးမဝင်နိုင်ဟု ခံစားမိလိုက်သည်။

သို့သော် သူ့၏ကံကြမ္မာသည် မကြာသေးမီကမှ အတော်လေး ကောင်းမွန်လာခဲ့ခြင်းဖြစ်သောကြောင့် ၎င်းသည် သိပ်တော့ ဆိုးရွားမည်မဟုတ်ဟု လည်း ဖြည့်တွေးလိုက်ရ၏။

‘ဒါက အဆင့်တစ်ပဲ ရှိသေးတာပဲလေ။ နောက်ထပ်အဆင့်တွေတက်သွားပြီးရင် အားနည်းချက်တွေ ပျောက်သွားမလား ဘယ်သူသိနိုင်မှာလဲ ဒါပေမဲ့ အဆင့်တက်အောင်လို့ ငါအဲဒါကို ဆက်တိုက်သုံးပေးနေမှရမယ်ထင်တယ်။ ဘယ်လောက်ကြာမှာလဲ။ တစ်လဆိုတာ တစ်ခါသုံးစာ အချိန်ပဲ ရှိသေးတယ်...’

အာရန်သည် အနာဂတ်တွင် ဤစွမ်းရည်ကို စမ်းသပ်အသုံးပြုကြည့်ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်၏။

သို့သော် အခြေအနေများ တည်ငြိမ်သွားသောအခါမှသာ ထိုအရာကို စမ်းသပ်လုပ်ဆောင်နိုင်မည်ဖြစ်လေသည်။

ယခုအတွက်မူ ရုတ်တရက်ပေါ်လာသော ဘယ်ကမှန်းမသိသည့် ဤစေ့စပ်ထားသူအမျိုးသမီး၏ အရှုပ်ဇယားများကို သူကိုင်တွယ်ရပေဦးမည်။

“ရှင် ကျွန်မကို လွှတ်ပေးမယ်လို့ အစောက ကတိပေးထားပြီးမဟုတ်လား” ထိုမိန်းကလေးက အာရန်လက်အတွင်းမှ ရုန်းကန်ရင်း ပြန်ပြောလိုက်သည်။

ယခုအခါ အာရန်သည် သူမအား သတ်တော့မည်မဟုတ်ဟု ကောင်းကင်ကျိန်စာ ကျိန်ဆိုဆိုထားပြီးဖြစ်သောကြောင့် သူမ၏လည်ပင်းကို ညှစ်လိုက်မည်ကို စိုးရိမ်နေစရာ မလိုတော့ပေ။

“ငါ ဘာလို့ မင်းကို လွှတ်ပေးရမှာလဲ”

အာရန်သည် တစ်ချက် ပြုံးလိုက်ရင်း ရိုးသားဟန်ဖြင့် ပြန်ဖြေလိုက်၏။

သူသည် စနစ်မျက်နှာပြင်ကို ပြန်ပိတ်လိုက်ပြီး လက်ရှိကိစ္စတွင်သာ အာရုံပြန်စိုက်ထားလိုက်သည်။

“ရှင်‌ စောစောက ကောင်းကင်ကျိန်စာ ကျိန်ဆိုဆိုထားတာလေ ရှင်တကယ်ပဲ သေချင်နေတာလား”

ထိုမိန်းကလေးသည် အာရန်၏စကားကြောင့် မယုံကြည်နိုင်ဖြစ်သွားရကာ ပြန်လည် မေးလိုက်မိသည်။

ဤလူသည် ကောင်းကင်ကျိန်စာ၏ အကျိုးသက်ရောက်မှုများကို မသိလောက်အောင် အမှန်တကယ်ပင် တုံးအသူတစ်ဦးဖြစ်နေမည်လား။

“ငါ မင်းကို လွှတ်ပေးမယ်လို့ ကျိန်စာဆိုခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ ငါ ဘယ်အချိန်မှာ မင်းကို လွှတ်ပေးမယ်လို့ ကျိန်ဆိုခဲ့သလဲဆိုတာ မင်းပြန်ပြောပြပေးလို့ရမလား”

အာရန်သည် သတိမေ့ချင်ဟန်ဆောင်ကာ ထပ်မံ၍ မေးလိုက်သည်။

“ရှင်က ဟိုလူသေပြီးရင် ကျွန်မကို လွှတ်ပေးမယ်လို့ ပြောခဲ့တာ” မိန်းကလေးက ချက်ချင်းပင် ပြန်ဖြေလိုက်၏။

“အိုး ဒါဆို ကိစ္စမရှိတော့ဘူးပေါ့။ ငါ မင်းကို ဆယ်နှစ်ကြာပြီးမှ လွှတ်ပေးရင်လည်း သူသေပြီးမှ လွှတ်ပေးတာပဲ မဟုတ်ဘူးလား။ အဲဒါက ကျိန်စာဆိုထားတဲ့အတိုင်းပဲ လေ” အာရန်က ပြုံး၍ ပြန်ပြောလိုက်သည်။

သို့သော် မိန်းကလေး၏ မျက်လုံးများထဲတွင်မူ ထိုအာရန်၏ အပြုံးသည် နတ်ဆိုးတစ်ဦး၏ အပြုံးနှင့်ပင် ဆင်တူနေခဲ့၏။

သူ၏ ဆိုလိုရင်းကို နားလည်သွားသောအခါ သူမ၏မျက်နှာသည် လုံးဝ ပျက်ယွင်းသွားခဲ့ရလေသည်။

သူမလည်း ထိုအကြောင်းကို မစဉ်းစားမိခဲ့ပေ။

ထိုလူသည် ကျိန်စာအတွင်းမှ စကားလုံးအချို့ကို လှည့်စားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုအရာကို သတိမထားမိခဲ့ကြချေ။

“မင်းနားလည်သွားပြီဆိုတော့ မင်းရဲ့ကံကြမ္မာကို လက်ခံလိုက်တာ ပိုကောင်းမယ်။ ဘာလို့လဲဆိုတော့ မင်းဟာ ခါးသီးမှုအချို့ကို မကြာခင်ခံစားရတော့မှာ မို့လို့ပဲ” အာရန်သည် သူမနှင့်အတူ တစ်နေရာသို့ ထွက်သွားရန်ပြင်လိုက်စဥ် ထပ်မံ၍ သတိပေးလိုက်သည်။

ထိုစဥ် ယီလန်သည် သူ၏ ရှေ့တွင် ရုတ်တရက်‌ပေါ်လာခဲ့ကာ ဂိတ်တံခါးပေါက် တစ်ခုကို ဖွင့်ပေးလိုက်လေသည်။

ထိုမှတစ်ဆင့် အာရန်သည် တီယာနာအား ခေါ်ဆောင်သွားရန် ပြင်လိုက်သည်။

#Catfoot

All Chapters