← Chapters

အသက်တစ်ချောင်း ကျန်နေသေးသရွေ့

Vol. 35 Ch. 503

အသက်တစ်ချောင်း ကျန်နေသေးသရွေ့

Vol. 35 Ch. 503

…

“ရှင် ကြီးမားတဲ့ အမှားတစ်ခုကို လုပ်လိုက်မိတာပဲ”

တီယာနာသည် သူမ ရုန်းကန်နေ၍လည်း အကျိုးမရှိတော့မှန်း သိလိုက်သောအခါ အာရန်အား ထပ်မံ၍ ခြိမ်းခြောက်ရန်ကျိုးစားလိုက်ပြီး သူမ၏ ရုန်းကန်နေမှုကို ရပ်တန့်လိုက်သည်။

ဤအခြေအနေတွင် ရုန်းကန်မှုကို ရပ်လိုက်ခြင်းက ပို၍ ဉာဏ်ရှိရာရောက်လေ၏။

သူမသည် ဤနယ်မြေမှ ထွက်ခွာနိုင်သည်နှင့် ချင်ချင်းပင် အကူအညီများကို ဆင့်ခေါ်နိုင်မည်ဖြစ်ပြီး သူမရှေ့မှ လူငယ်သည်လည်း သူ့အား စောင့်ကြိုနေမည့် ရှောင်လွှဲ၍မရနိုင်သော ဆိုးရွားသည့် ကံကြမ္မာတစ်ခုကို ရင်ဆိုင်ရပေလိမ့်မည်။

သူမသည် အလွန်ရဲရင့်သော အမျိုးသမီးဖြစ်သော်လည်း သူမ၏မျက်ဝန်းများတွင် မူ စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ယှက်ဖြာလျက်ရှိနေခဲ့သည်။

သူမသည် သူမရှေ့ရှိလူငယ်အား မည်သည့်အရာများ စီစဉ်နေသည်ကို ခန့်မှန်း၍ မရနိုင်ခဲ့ပေ။

မကြာခင်ဤနေရာသို့ အကူအညီများရောက်လာတော့မည် ဖြစ်သော်လည်း အချိန်တစ်ခုတော့ ယူရပေဦးမည်ဖြစ်၏။

ထိုအချိန်အထိ သူမသည် ဆက်လက်၍ ဘေးကင်းနိုင်ပါဦးမည်လား...။

သူမ မသေချာပေ။

“အဲဒီလိုမျိုးစကားကို နောက်ဆုံးပြောခဲ့တဲ့လူကတော့ အခု အဲဒီမှာ သေနေပြီ” အာရန်သည် သူမနှင့်အတူ ပါလာသော အစောပိုင်း သူ၏လက်ချက်ဖြင့်သေဆုံးသွားသည့် အမည်မသိပုဂ္ဂိုလ်အား သူ၏ ဓားဖြင့် ညွှန်ပြရင်း ပြန်ပြောလိုက်သည်။

“အဲဒီလိုခြိမ်းခြောက်မှုမျိုးက သူ့အသက်ကို ကယ်တင်နိုင်ခဲ့လိမ့်မယ်လို့ မင်းတကယ်ထင်နေတာလား”

အာရန်သည် သူ၏ ဓားကို ပြန်လည် ရုပ်သိမ်းရင်း မေးလိုက်သည်။

ဓား၏အရိပ်သည် အလင်းတန်းလေးများအဖြစ် ပြိုကွဲသွားခဲ့ပြီး သူ၏ လက်မောင်းအတွင်းသို့ ပြန်လည် ဝင်ရောက်ပျောက်ကွယ်သွားခဲ့လေသည်။

“မင်းအတွက် အကူအညီ ရောက်လာခဲ့မယ်ဆိုရင်တောင် အဲ့ဒီအချိန်ကျရင် အရာရာ နောက်ကျသွားပြီးဖြစ်လိမ့်မယ်။ ငါ့ရဲ့ ကံကြမ္မာကို ငါမခန့်မှန်းနိုင်ဘူး။ ဒါပေမဲ့ မင်းရဲ့ကံကြမ္မာကလဲ င့ါထက်တော့ပ ပိုကောင်းမှာ မဟုတ်ဘူး အဲ့ဒီတစ်ချက်တော့ အာမခံတယ်”

အာရန်သည် ပြုံးပြုံးလေးဖြင့် ပြန်ပြောလိုက်ရာ သူ၏စကားလုံးများသည် သူမ၏ ကျောရိုးတစ်လျှောက် အေးစိမ့်တက်သွားစေခဲ့ပြီး သူမ၏လက်သီးများကို မသိစိတ်မှနေ၍ ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိလေ၏။

တီယာနာသည် ဤလူငယ်နှင့်ပတ်သက်၍ မကောင်းသော ခံစားချက်များရှိနေခဲ့သည်။

သူသည် အတိအကျ ဘာတွေများ ထပ်မံ စီစဉ်ထားသနည်း။ သူမ လုံးဝမသိနိုင်ပေ။

ကြောက်ရွံ့မှုကြောင့် သူမသည် အပေးအယူတစ်ခုလုပ်ရန် ထပ်မံ၍ ကြိုးစားလိုက်ရပြီး သူမအား လွှတ်ပေးပါက အစောပိုင်းကိစ္စများအားလုံးကို ပြည်ဖုန်းကားချ မေ့ပစ်ပေးမည်ဟုပင် ကတိပေးခဲ့သည်။

ထို့ပြင် သူမအား လွှတ်ပေးမည်ဆိုပါက အနာဂတ်တွင် သူ့အား အကျိုးအမြတ်များ ပြန်လည်ပေးအပ်မည်ဟုပင် ကတိပေးလိုက်သေးသည်။

သူမ၏ အသက်သည် ယခုအချိန်တွင် အဖိုးမတန်သကဲ့သို့ ရှိနေနိုင်သော်လည်း သူမကို ယနေ့ အသက်ချမ်းသာပေးခဲ့ပါက တစ်နေ့နေ့တွင် သူမအင်အားကြီးမားလာပြီး ထိုအသက်ကြွေးကို ပြန်ဆပ်ရန် ပြန်လာပေးမည်ဟုပင် ကောင်းကင်ကျိန်ဆိုမှုများ ပြုလုပ်ကာ ထပ်လောင်းပြောဆိုလိုက်လေ၏။

ယခုအချိန်တွင် သူမအနေဖြင့် အချိန်မီ ရောက်လာနိုင်မည်မဟုတ်သည့် ဘယ်ဆီဘယ်ဝယ်မှန်းမသိသည့် ကယ်တင်ရှင်များကို အားကိုးနေ၍မရမှန်း သဘောပေါက်လိုက်သည်။

သို့သော် ကံမကောင်းစွာဖြင့် သူမ၏ တောင်းပန်ခယမှုများသည် နားပင်းနေသောသူတစ်ဦးဆီသို့ ရောက်ရှိသွားသကဲ့သို့ပင်။

အာရန်သည် သူမ၏ ပြောစကားများကို လုံးဝလျစ်လျူရှုထားလိုက်ပြီး သူမအား ဂိတ်တံခါးပေါက်ဆီသို့ ဆွဲခေါ်သွားကာ ဤနေရာမှ ထွက်ခွာရန်ပြင်ဆင်လိုက်သည်။

ဤအချိန်တွင် တီယာနာ သည် ဤနေရာသို့ လာရန် ဆုံးဖြတ်ခဲ့မိခြင်းအတွက် အမှန်တကယ်ပင် နောင်တရနေခဲ့မိသည်။

နောက်မှအေးအေးဆေးဆေး လုပ်ဆောင်နိုင်သည့် ထိုစေ့စပ်ပွဲ ဖျက်သိမ်းမှုကို သူမ၏စိတ်ကို မထိမ်းနိုင်ဘဲ အလျှင်စလို ပြုမူမိခဲ့ခြင်းဖြစ်လေ၏။

ဤအရာများ ဖြစ်ပျက်လာမည်ကိုသာ သူမကြိုသိခဲ့ပါက ဤနေရာသို့ လာရောက်ခဲ့လိမ့်မည်မဟုတ်ပေ။

ကံမကောင်းစွာဖြင့် ယခုအခါ နောင်တရရန်ကား နောက်ကျသွားခဲ့ချေပြီ။

သူမသည်သာ ကံမကောင်းခဲ့ပါက ဆင်းရဲဒုက္ခများပြည့်နှက်နေသည့် ငရဲတစ်ခုအတွင်းသို့ အမှန်တကယ်ပင် ရောက်ရှိသွားနိုင်ပေသည်။

“ငါကိုယ်တော် မင်းကို ထွက်သွားဖို့ ခွင့်ပြုချက် ပေးသေးလို့လား”

အာရန်သည် ထိုဂိတ်တံခါးပေါက်အတွင်းသို့ ဝင်တော့မည့်ဆဲဆဲအချိန်မှာပင် သူ၏ နောက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

“ဟင် မင်းက အသက်ရှင်နေသေးတာလား” အာရန်သည် မျက်မှောင်ကျုတ်လိုက်မိပြီး ထိုစကားပြောသူကို လှည့်ကြည့်လိုက်သည်။

“‌အော် မင်းကို... မင်းက တစ်ချိန်လုံးသေချင်ယောင်ဆောင်ပြီး အရာရာကို အကဲခပ်နေခဲ့တောပေ့ါ။ ဒါပေမဲ့ ဒါလဲကောင်းပါတယ်။ ငါမင်းကို ကိုယ်တိုင်သတ်လို့ရတာပေါ့”

အာရန်၏စကားများသည် အဝေးတွင် ရပ်နေသော အဝတ်အစားများတွင် သွေးများစွန်းပေနေသည့် သန့်စင်ဧကရာဇ်အား ရည်ရွယ်ခြင်းဖြစ်လေ၏။

ဧကရာဇ်၏ မျက်နှာသည် လုံးဝ ဖြူဖျော့နေဆဲဖြစ်ကာ အခြေအနေကောင်းပုံ မရသော်လည်း သူသည် မှန်ကန်သည့်အရာတစ်ခုအတွက် ထရပ်ရန် ဆန္ဒရှိနေဆဲပင်။

တီယာနာသည် ဧကရာဇ်အား တွေဝေစွာ စိုက်ကြည့်မိလိုက်သည်။

သူသည် ထိုအဆိပ်များ ပြည့်နှက်နေသည့် ဓားမြှောင်ဖြင့် အလစ်အငိုက် ထိုးစိုက်ခံရပြီးနောက်တွင်ပင် ယခုအချိန်ထိ အသက်ရှင်နိုင်သေးသည်တဲ့လား။

သူ အသက်ရှင်နေသည်ဆိုဦးတော့၊ အဘယ်ကြောင့် ယခုကဲ့သို့ ထုတ်ဖော်ပြရလိုက်ရသနည်း။

သူသည် ထိုအတိုင်းသေဆုံးနေဟန် ဟန်ဆောင်နေခဲ့ပါက မည်သူမျှ သူ့အား ရိပ်မိခဲ့လိမ့်မည်မဟုတ်ပေ။

သူသည် ၎င်းတို့ ထွက်သွားသည်အထိ စောင့်ဆိုင်းနေနိုင်ပြီး ထိုသို့ဆိုပါက သူ၏ အသက်အတွက် စိုးရိမ်စရာလိုတော့မည်မဟုတ်ချေ။

ယင်းအစား ထိုဧကရာဇ်သည် ဤနတ်ဆိုးကောင်အား တားဆီးရန် ထရပ်လိုက်သည်တဲ့လား...။

ထိုအရာသည် ၎င်းတို့၏ ပြိုင်ဆိုင်လိုမှုစိတ်ကြောင့်ပင်လား။

ထိုသို့လည်း မဖြစ်နိုင်ပေ။

သန့်စင်ဧကရာဇ်သည် ကိုယ့်အတိုင်းအတာကို ကိုယ်မသိသည်အထိ ထိုမျှ မိုက်မဲသူတစ်ဦး မဖြစ်နိုင်ပေ။

ထိုသို့ဆိုပါက အဘယ်ကြောင့်နည်း...။ သူမကြောင့်လား...။

သူမအနေဖြင့် မည်သို့တွေးရမည်ကိုပင် မသိတော့ချေ။

သူမက သူ၏ မာနကို စော်ကားသကဲ့သို့ စေ့စပ်ထားမှုကို ဖျက်သိမ်းပြီးနောက်တွင်ပင် သူက သူမအား ကာကွယ်ရန် ကြိုးစားနေသည်တဲ့လား။

အဘယ်ကြောင့်နည်း။ သူ့တွင် သူမအပေါ် ခံစားချက်များ ကျန်ရှိနေသေး၍လား။

သူမသည် ‘လား’ ပေါင်းများစွာကြား နစ်မြောနေစဉ်မှာပင် အာရန်သည် သူမအား ဘေးတစ်နေရာသို့ တွန်းထုတ်လိုက်လေ၏။

“အဲဒီမှာ စောင့်နေ။ ငါ သူ့ကို ကိုင်တွယ်ပြီးတာနဲ့ မင်းကို ဆန်းပြားတဲ့ ကမ္ဘာသစ်တစ်ခုဆီ ခေါ်သွားပေးမယ်”

အာရန်သည် တီယာနာအား ထိုသို့ ပြောလိုက်ပြီးနောက် သူ့၏နှုတ်ခမ်းကို လျှာဖြင့် ပြန်လည်သပ်ပြလိုက်ရာ သူမသည် သူ၏ရည်ရွယ်ချက်ကို ရိပ်မိလိုက်သဖြင့် ပို၍ပင် ကြောက်ရွံ့သွားစေခဲ့သည်။

“သူမက ဒီဧကရာဇ်ရဲ့ ဧည့်သည်တော်ပါ။ မင်းကို ခေါ်သွားဖို့ ခွင့်မပြုနိုင်ဘူး င့ါ အသက်ကို စတေးရမည်ဆိုရင်တောင် အမှန်တရားအတွက် ရပ်တည်သွားရမှာပဲ” သန့်စင်ဧကရာဇ်ဟန်ဆောင်ထားသော အာရန်၏ ကိုယ်ပွားသည် ထိုစကားများအတွက် လွန်စွာ ရှက်ရွံ့နေခဲ့သော်လည်း အကောင်းဆုံး ကြိုးစား၍ ပြန်ပြောလိုက်လေသည်။

သူသည် ပြည်သူများရှေ့တွင် ဟန်ဆောင်မှုတစ်ခု ပြုလုပ်ခဲ့သည်မှာ ၎င်းသည် နောက်ဆုံးအကြိမ်ဖြစ်လိမ့်မည်ဟု တွေးမိခဲ့သည်။

သူသည် သူရဲကောင်းတစ်ဦးအဖြစ် ဤမျှစောစီးစွာ ထပ်မံ၍ ဟန်ဆောင်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“သန့်စင်ဧကရာဇ် ရှင် ဘာလုပ်နေတာလဲ။ အစောကလူတောင်မှ သူ့ကို မတားနိုင် ခဲ့ဘူး။ ရှင်မှာ အခွင့်အရေး ရှိမယ်လို့ ထင်နေသေးတာလား”

တီယာနာသည် အဘယ်ကြောင့် ဤသို့သော စကားမျိုး သူမပါးစပ်မှ ပြောထွက်သွားသည်ကိုပင် နားမလည်လိုက်ပဲ အာရန်၏ကိုယ်ပွားအား ဆက်လက်၍ ပြောဆိုနေလိုက်သည်။

သန့်စင်ဧကရာဇ်တွင် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး မရှိစေဦးတော့ ထိုသူက သူမအတွက် အချိန်အနည်းငယ် ပိုမိုရရှိရန် ကူညီပေးနေခြင်းဖြစ်သဖြင့် သူမသည် ပျော်ရွှင်နေသင့်သည် မဟုတ်ဘူးလား။

တီယာနာသည် အစောပိုင်း သူမ၏ အစောင့်အရှောက်အပေါ်၌ပင် ထိုသို့သော စိုးရိမ်မှုကို မပြသခဲ့ဘဲ အဘယ်ကြောင့် ဤလူအပေါ်တွင်မှ ထိုသို့စိုးရိမ်နေခဲ့ရသနည်း။

သူသည် သူမအတွက် ထရပ်နေရုံသက်သက်သာ တတ်နိုင်မည်ဟု ထင်မှတ်ထားခဲ့ခြင်းကြောင့်လား။

သူမကိုယ်သူမပင် နားမလည်နိုင်ခဲ့ပေ။

သန့်စင်ဧကရာဇ်သည် သူမ၏စကားများကို ဂရုမစိုက်တော့ပေ။

သူသည် သူ၏ သူရဲကောင်းတစ်ဦးအဖြစ် သရုပ်ဆောင်နေမှု အပေါ်တွင်သာ အာရုံစိုက်ထားလိုက်လေသည်။

သို့သော် သူသည် ရုတ်တရက် အာရန်ထံမှ သတင်းစကားတစ်ခုကို လက်ခံရရှိခဲ့လေသည်။

အာရန်သည် သူ့အား စကားလုံးအသစ်အချို့ ပြောဆိုရန် ညွှန်ကြားလိုက်ခြင်း ဖြစ်လေ၏။

သန့်စင်ဧကရာဇ်သည် ထိုသူရဲကောင်းတစ်ဦး၏ ပြောစကားများအပေါ် လွန်စွာ ရှက်ရွံ့မှုများ ခံစားနေရသော်လည်း သူ၏ ရှက်ရွံ့မှုကို မြိုသိပ်လိုက်ရကာ ထိုထပ်မံ ညွှန်ကြားထားသော စကားလုံးများကို ကျယ်လောင်စွာ ပြောလိုက်ရသည်။

“မိန်းကလေး မင်း ပြောချင်တာ ဟိုလူက မင်းကို ခေါ်သွားတာကို ငါကိုယ်တော်က ဒီတိုင်း ထိုင်ကြည့်နေသင့်တယ်လို့လား”

ဧကရာဇ်သည် တီယာနာအား တန်ပြန် မေးခွန်းတစ်ခု မေးလိုက်ရာ သူ၏ စကားများကို ပို၍ အကျိုးသက်ရောက်မှုရှိစေရန်အတွက် သွေးအချို့ကိုပင် သူ့၏နှုတ်ခမ်းထောင့်မှ စီးကျလာစေခဲ့၏။

“မင်းက ငါကိုယ်တော်နဲ့ ဆက်ဆံရေးတစ်ခုကို ဖြတ်တောက်ဖို့ ရည်ရွယ်ထားခဲ့ပေမဲ့ မင်း ဒီမှာရှိနေသေးသရွေ့တော့ မင်းကိုကာကွယ်ဖို့က ငါကိုယ်တော်ရဲ့ တာဝန်ပဲ”

သူသည် ထိုစကားများ ပြောလိုက်စဉ်မှာပင် သူ၏လေသံသည် ပိုမို၍ကျယ်လောင်လာခဲ့သည်။

“ငါကိုယ်တော် အသက်ရှင်နေသရွေ့... အနည်းဆုံး အသက်တစ်ချောင်းကျန်နေသရွေ့ ဘယ်သူမှ မင်းကို ထိခိုက်ဖို့ ခွင့်မပြုနိုင်ဘူး။ ရှေ့ကလူမပြောနဲ့ နတ်ဘုရားတစ်ပါး ဖြစ်နေခဲ့ရင်တောင်မှ မင်းရှေ့မှာ ငါကိုယ်တော် မားမားမက်မက် ရပ်တည်သွားပေးမယ်”

ဧကရာဇ်၏ စကားသံများသည် တီယာနာအတွက် စင်္ကြံတစ်ခုလုံးကိုပင် ပဲ့တင်ထပ်သွားသည်ဟုထင်လိုက်ရလေသည်။

အာရန်ပင်လျှင် သူ၏ကိုယ်ပွားသည် မည်မျှ သရုပ်ဆောင်ကောင်းသည်ကို မြင်တွေ့လိုက်ရသဖြင့် သူကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့ရသည်။

ထိုသို့သော ရှက်ဖွယ်ကောင်းသည့် စကားလုံးများ ပြောဆိုရာတွင် သူ၏ ကိုယ်ပွားသည် သူ့ထက်ပင် ပိုမို သာလွန်နေသည်ဟုလည်း ခံစားမိလိုက်သည်။

တီယာနာသည် အာရန် ကိုယ်ပွား ၏စကားများကို ကြားလိုက်ရသောအခါ သူမ၏ အမူအရာသည် လုံးဝတောင့်တောင့်ကြီး ဖြစ်သွားခဲ့ရ၏။

သူမအနေဖြင့် ထိုသို့သော စကားမျိုးကို နောက်ဆုံးကြားခဲ့ရသည်မှာ မည်သည့်အချိန်က ဖြစ်ခဲ့မည်နည်း...။

#Catfoot

All Chapters