သူရဲကောင်း
Vol. 35 Ch. 504
…
တီယာနာ သည် ဧကရာဇ်အား တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။
သူမ၏အစောင့်အရှောက်သည်ပင် သူမအတွက် သူ၏အသက်ကို ပေးဆပ်ခဲ့ခြင်းဖြစ်သော်လည်း သူ၏ ထိုသို့လုပ်ဆောင်ခဲ့ခြင်းမှာ ပို၍ ဆိုးရွားသည့် ကံကြမ္မာကို ကြောက်ရွံ့သောကြောင့်သာ ဖြစ်လေ၏။
သန့်စင်ဧကရာဇ်သည် သူမ၏နောက်ကွယ်မှ ပုဂ္ဂိုလ်အကြောင်းကိုပင် သိမနေသည့်အပြင် သူ့တွင် မည်သည့် တာဝန်မျှ ရှိမနေခဲ့ပေ။
ထိုသို့ဖြစ်သော်လည်း သူသည် သေသွားနိုင်သည်ကို သိထားလျက်နှင့်ပင် သူမအား ကာကွယ်ရန် ကြိုးစားနေသည်တဲ့လား...။
သူမမှာမူ သူ့အား စေ့စပ်ထားမှုကို သဘောမတူပါက သတ်ဖြတ်ရန်အထိပင် ရည်ရွယ်ထားခဲ့ခြင်းဖြစ်လေသည်။
သို့သော် သန့်စင်ဧကရာဇ်မှာမူ သူမ အနေဖြင့် ထိုသို့ စေ့စပ်မှုကို ဖြတ်တောက်ခဲ့ပြီး သည့်နောက်တွင်ပင် သူမအတွက် ရှေ့တွင် ရပ်တည်ပေးနေဆဲပင် ဖြစ်၏။
ဧကရာဇ်သည် သူ၏ ဓားကိုင်ထားသောလက်မှ သွေးများ စီးကျလာနေခဲ့သော်လည်း ထိုဓားကို တင်းကျပ်စွာ ကိုင်ဆုတ်ထားဆဲပင်။
ကိုယ်ပွားသည် သရုပ်ဆောင်မှုကို ပိုမိုပီပြင်စေရန်အတွက် သွေးအနည်းငယ် ပိုထွက်အောင်ပင် သူ့ကိုယ်သူ ပြုမူထားခဲ့သေး၏။
“စိတ်ဝင်စားစရာပဲ။ ဒီအမျိုးသမီးကို ကယ်ဖို့အတွက်နဲ့ မင်းအသက်ကိုတောင် ပေးဖို့ ဆန္ဒရှိနေတယ်ပေါ့။ မင်းလိုချစ်သူမျိုးရှိလို့ သူမက တကယ်ပဲ ကံကောင်းတဲ့ မိန်းကလေးဖြစ်သင့်ပါတယ်လေ”
အာရန်က တိတ်ဆိတ်စွာရပ်နေခဲ့ရာမှ အခြေအနေကို ခနဲ့သံအချို့ဖြင့် ဖြိုခွဲရင်း ပြန်ပြောလိုက်သည်။
“ကံမကောင်းစွာနဲ့ပဲ သူမက နောက်ထပ်တော့ ကံကောင်းနိုင်တော့မှာ မဟုတ်ဘူး။ ပထမဦးဆုံး ငါမင်းကို သူမရှေ့မှာတင် သတ်ပြမယ် ပြီးရင်တော့…”
အာရန်သည် သူ၏စကားကိုပင် ဆုံးအောင် မပြောတော့ပေ။
ယင်းအစား သူသည် သူ၏ကိုယ်ပွားဆီသို့သာ အလျင်အမြန်ပြေးဝင်သွားခဲ့လေသည်။
အစောပိုင်း ဓား၏အဆိပ်များက သူ့၏ကိုယ်ပွားကို မတော်တဆ ထိခိုက်စေမိမည်ကို စိုးရိမ်မိသောကြောင့် ထိုဓားဧကရာဇ်၏ အရိပ်ဓားကိုပင် မသုံးတော့ပေ။
သူ၏ကိုယ်ပွားသာ အလွဲအချော်အနည်းငယ်ဖြစ်ကာ ထိခိုက်ဒဏ်ရာရပြီးနောက် ပျက်စီးသွားခဲ့ပါက ဤပြဇာတ်တစ်ခုလုံး လုံးဝပျက်စီးသွားမည်ဖြစ်လေသည်။
အခြားဓားတစ်ခုဖြင့်ဆိုပါလျှင် အာရန်သည် သူ၏လုပ်ဆောင်မှုများကို ပို၍ ထိန်းချုပ်နိုင်စွမ်းရှိလေသည်။
တစ်ချိန်တည်းမှာပင် သူ၏ ဘိုးဘေးနဂါးလျှာအစွမ်းကို အသုံးပြု၍ သန့်စင်ဧကရာဇ်အား ပို၍ ခမ်းနားထည်ဝါသွားစေခဲ့သည်။
ထိုသို့ဖြင့် အာရန်နှင့် ၎င်း၏ကိုယ်ပွားအကြား တိုက်ပွဲတစ်ခုသည် စတင်ခဲ့တော့၏။
တစ်ဦးက မိန်းကလေးတစ်ဦးကို ကယ်တင်ရန် တိုက်ခိုက်နေခြင်းဖြစ်ကာ အခြားတစ်ဦးကမူ သူမအား ဖမ်းဆီး၍ ခေါ်ဆောင်ရန် တိုက်ခိုက်နေခြင်းဖြစ်လေသည်။
သို့သော် ၎င်းတို့နှစ်ဦးစလုံးသည် တိုက်ပွဲ၏ရလဒ်ကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်နေလေသည်။
ဇာတ်လမ်းတစ်ခုတွင် သူရဲကောင်းဆိုသူသည်သာ နောက်ဆုံးတွင် အနိုင်ရရလိမ့်မည်ဖြစ်၏။
အာရန်သည် ရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီးဖြစ်၍ သူ၏ စနစ်အား အဆုံးရှုံးခံ၍ မရပေ။
ဤသို့ဖြင့် တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ထိုနေရာတစ်ခုလုံးကလည်း
စက္ကန့်တိုင်းစီတွင် ပိုမို၍ အပျက်အစီးများ များပြားလာခဲ့သည်။
အာရန်၏ သီးသန့်နယ်မြေပေါ်တွင်ပင် အက်ကွဲကြောင်း အချို့ စတင်ပေါ်ပေါက်လာခဲ့သည်။
တီယာနာသည် ထိုတိုက်ပွဲအား မယုံကြည်နိုင်စွာဖြင့် ငေးစိုက် ကြည့်နေမိခဲ့သည်။
သန့်စင်ဧကရာဇ်အနေဖြင့် ထိုမျှ အင်အားကြီးမားသွားမည်ကို သူမအနေနှင့် မယုံကြည်နိုင်သေးပေ။
သူသည် အလစ်တိုက်ခိုက်မှုတစ်ခုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိနေချိန်တွင်ပင် ထိုနတ်ဆိုးကဲ့သို့ လူတစ်ဦးနှင့် အဆင့်တူ တိုက်ခိုက်နေနိုင်နေဆဲပင်။
သူမ၏ အစောပိုငင်း အစောင့်သည်ပင် ထိုနတ်ဆိုးနှင့် တိုက်ခိုက်စဉ်က သန့်စင်ဧကရာဇ်ကဲ့သို့ လက်ရည်တူ မတိုက်ခိုက်နိုင်ခဲ့ပေ။
ဧကရာဇ်၏ ဓားခုတ်ချက်တစ်ခုစီတွင်ပင် ထိုနတ်ဆိုးဆန်ဆန်လူငယ်အား ပြင်းထန်သော သက်ရောက်မှုများ ရှိစေခဲ့ပြီး ၎င်းဆီမှ ရံဖန်ရံခါ ပေါ်လာတတ်သည့် ကောင်းချီးအော်ရာအချို့နှင့်အတူ တိုက်ပွဲမှာလည်း တဖြည်းဖြည်း ပိုမို၍ ပြင်းထန်လာခဲ့လေသည်။
ထိုထက်ပို၍ အံ့သြစရာကောင်းသည့်အချက်မှာ သန့်စင်ဧကရာဇ်သည် ထိုနတ်ဆိုးလူငယ်၏ အမြန်နှုန်းနှင့် ဆတူပင် အမီလိုက်နေနိုင်ခြင်းပင်ဖြစ်၏။
သူမ၏ အစောင့်သည် ဤကမ္ဘာမှ မဟုတ်သောကြောင့် ဤကမ္ဘာတွင် အလွန်တရာ ခွန်အားကြီးမားနေသည်မှာ သာမန်ပင်ဖြစ်သည်။
သို့သော် သူမရှေ့ရှိ လူနှစ်ဦး၏တိုက်ပွဲက ဤကမ္ဘာနှင့်ပတ်သက်၍ သူမ ၏ ယူဆချက်များ မှားယွင်းနေကြောင်းကို ပိုမို၍ သဘောပေါက်သွားစေခဲ့သည်။
ဤလူနှစ်ဦးသည် သူမ၏ အစောပိုင်း အစောင့်အရှောက်ထက်ပင် ပိုမို၍ အင်အားကြီးမားနေကြလေသည်။
သူမ မျက်မြင်တွေ့နေရသည့် အချက်များအရ ထိုလူနှစ်ယောက်သည် အရှင်သခင်များထက်ပင် ပို၍ အင်အားကြီးမားနေနိုင်လေသည်။
သူမ၏ အစောင့်အရှောက်သည် အစောပိုင်းကကဲ့သို့ သူမ၏ အသက်ဖြင့် ခြိမ်းခြောက်ခြင်းကို မခံရပါစေဦးတော့ သူသည် ထိုနတ်ဆိုးဆန်ဆန်လူငယ်၏ လက်အတွင်း၌ သေဆုံးခဲ့ဦးမည်ဟု သေချာသလောက်ပင်။
၎င်းကလည်း အချိန်တစ်ခုသာ လိုအပ်မည်ဖြစ်လေသည်။
ဤနေရာတွင် သူမအား အများဆုံး အံ့အားသင့်စေခဲ့သူမှာ သန့်စင်ဧကရာဇ် ကိုယ်တိုင်ပင်ဖြစ်လေ၏။
သန့်စင်ဧကရာဇ်သည် လွန်စွာငယ်ရွယ်နေသေးသော်လည်း ဤမျှ အထိ အင်အားကြီးနေပြီဖြစ်သည်။
သူမအနေဖြင့်မူ ပြင်ပအကူအညီများစွာ ရှိနေပြီသော်လည်း ထိုဧကရာဇ်၏ တိုးတက်မှု အမြန်နှုန်းအား လျှင်မြန်စွာ အမီလိုက်နိုင်လိမ့်မည်ဟု ယခင်ကကဲ့သို့ ယုံကြည်ချက်များ ရှိမနေတော့ပေ။
ကောင်းကင်လောကတွင်ပင်လျှင် သန့်စင်ဧကရာဇ်သည် ထိုနေရာရှိ မျိုးနွယ်စုကြီးများရှိ ရှားပါးပါရမီရှင်များနှင့် နှိုင်းယှဉ်နိုင်စွမ်းရှိနေလိမ့််မည်ဖြစ်၏။
သူမသည် ဤပုဂ္ဂိုလ်အား လျှော့တွက်ခဲ့မိကြောင်း သတိထားမိလိုက်သောအခါ သူမကိုယ်သူမပင် မယုံကြည်နိုင်ဖြစ်သွားခဲ့ရသည်။
ဧကရာဇ်၏ တိုက်ခိုက်နေပုံကို သူမ မြင်ရလေလေ သူမ၏မျက်လုံးများတွင် သူ၏ ပုံရိပ်မှာ ပိုမို၍ တိုးတက်လာလေလေပင် ဖြစ်လေသည်။
ဧကရာဇ်သည် ဓားကိုဝေ့ဝိုက်ခုတ်ထစ်နေစဥ်မှာပင်သူ၏ရှည်လျားသောဆံနွယ်များ သည် လေထဲ၌ ပျံဝဲလျက်ရှိနေခဲ့ပြီး ထိုအချိန်တွင် သူသည် ကမ္ဘာပေါ်၌ ယောင်္ကျားအပီသဆုံးနှင့် အချောမောဆုံး အမျိုးသားဖြစ်မည်ဟုပင် သူမအနေနှင့် ခံစားမိလိုက်သည်။
သူ၏သွေးများ လွင့်စင်ထွက်သွားသည်ကို မြင်လိုက်ရသည့် အကြိမ်တိုင်းတွင် သူမ၏ နှလုံးသား၌ အပ်နှင့်ထိုးသကဲ့သို့ ဆိုးရွားသော ခံစားချက်များကို ခံစားလိုက်ရသည်။
...
ထိုနေရာတွင် ထိုသို့သော ပြင်းထန်သည့် သရုပ်ဆောင်မှုတစ်ခုကို ပြုလုပ်နေရသော်လည်း အာရန်မှာမူ သူမ၏ မျက်နှာပေါ်ရှိ အသေးငယ်ဆုံး လှုပ်ရှားမှုလေးများကိုပင် သတိထား၍ စောင့်ကြည့်နေကြောင်းကိုမူ သူမ အနေနှင့် သိနိုင်မည်မဟုတ်ပေ။
သူမ၏မျက်နှာအမူအရာကို စောင့်ကြည့်နေစဥ်မှာပင် အာရန်သည် သူ၏အစီအစဉ် အောင်မြင်စွာ ဆက်လက်ဖြစ်ပွားနေသည်ဟု ခံစားမိလိုက်သည်။
ထိုအချိန်မှာပင် အာရန်သည် အချိန်ကိုက်တွက်၍ သန့်စင်ဧကရာဇ်၏ ဆွဲဆောင်မှုရှိသော သွင်ပြင်ကို တိုးမြှင့်နိုင်ရန် သူ၏ ဘိုးဘေးနဂါးလျှာအစွမ်းကို ထပ်မံ၍ အသုံးပြုလိုက်သေး၏။
သူသည် သူ၏ ကပြရမည့် အစိတ်အပိုင်းကို ပြီးပြည့်စုံစွာ သရုပ်ဆောင်ခဲ့ပြီးဖြစ်သည်။
ယခုအခါ ဤပြဇာတ်ကို အဆုံးသတ်ရန် အချိန်ကျရောက်လာပြီဖြစ်လေသည်။
အာရန်၏ ဓားသည် သန့်စင်ဧကရာဇ်၏ ဓားနှင့် ထိပ်တိုက်တွေ့မိသွားပြီးနောက် သူ၏ လက်မှ လွင့်စင် ထွက်သွားခဲ့သည်။
အာရန်သည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အခြားဓားတစ်လက်ကို ထုတ်ယူရန် ကြိုးစားလိုက်သော်လည်း အရာရာသည် နောက်ကျသွားခဲ့ပြီဖြစ်၏။
သန့်စင်ဧကရာဇ်သည် သူ့၏ရင်ဘတ်အား ဆောင့်ကန်လိုက်ရာ လေထဲသို့ လွင့်ထွက်သွားခဲ့သည်။
သူသည် နံရံတစ်ခုနှင့် ပွတ်တိုက်မိပြီး နောက်ဆုံးတွင် ဒဏ်ရာရသွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်သည် စတင်၍ ဖရိုဖရဲများ ဖြစ်လာခဲ့ပြီး နောက်ဘက်ရှိ အပျက်အစီးများရှိရာ နေရာဆီသို့ လွင့်ထွက်သွားခဲ့၏။
သန့်စင်ဧကရာဇ်မှာလည်း အာရန်၏ နောက်သို့ လိုက်ပါသွားခဲ့ရာ တီယာနာ၏ အမြင်မှ ပျောက်ကွယ်သွားခဲ့လေသည်။
အခြားတစ်ဖက်တွင်မူ အာရန်သည် သူ့၏နှလုံးသားကို ဓားဖြင့် အထိုးစိုက်ခံလိုက်ရသည့် သေလုဆဲဆဲ လူတစ်ဦးကဲ့သို့ အော်ဟစ်လိုက်ကာ ထိုအချိန်မှာပင် အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်လိုက်၏။ သူ၏ကိုယ်ပွားကလည်း သူ့၏ အဝတ်အစားနှင့် ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲလိုက်ပြီး ၎င်း၏ အစောပိုင်း သရုပ်ဆောင်မှုကို အဆုံးသတ်၍ ပြေးထွက်သွားခဲ့သည်။
၎င်းဟန်ဆောင်မှုသည် ယခုအခါတွင် သူ့အတွက် မလိုအပ်တော့ပေ။
နောက်ဆုံးတွင် ဤအရာအားလုံး ပြီးဆုံးသွားပြီဖြစ်၍ သူသည်လည်း အနည်းငယ် စိတ်သက်သာရာရသွားခဲ့လေသည်။
အာရန်သည် သူ၏ စနစ်သိုလှောင်ခန်းအတွင်းမှ ကျပန်းအလောင်းတစ်ခုကို ထုတ်ယူလိုက်ပြီး ကောင်းချီးစွမ်းအင်များဖြင့် ၎င်းကို လုံးဝမှတ်မိနိုင်ခြင်းမရှိအောင် မီးရှို့ပစ်လိုက်လေသည်။
ထို့နောက် ပျက်စီးသွားသော အလောင်း၏ဘေးတွင် အမှန်တကယ် ပင်ပန်းနွမ်းနယ်နေသကဲ့သို့ လဲလျောင်းနေလိုက်ပြီး သရုပ်ဆောင်မှု ပိုမိုပီပြင်စေရန် သူ၏ ခန္ဓာကိုယ်ပေါ်တွင် နောက်ထပ်ဒဏ်ရာအချို့ကိုပင် ထပ်မံ၍ ဖန်တီးထားလိုက်သေးသည်။
ကျူးကျော်လာသူ ဗီလိန်သည် သေဆုံးသွားပြီဖြစ်သောကြောင့် ထိုနေရာပတ်လည်ရှိ အကာအကွယ်လွှာသည်လည်း သူ့အလိုလို ပြန်လည်၍ ပျောက်ကွယ်သွားခဲ့ရသည်။
အကာအကွယ်လွှာ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ တီယာနာသည် တိုက်ပွဲမှာ အမှန်တကယ်ပြီးဆုံးသွားပြီလားဟု တွေးမိလိုက်၏။
တုံ့ဆိုင်းမှုအချို့ရှိနေခဲ့ရာမှ သူမသည် ရုတ်တရက် ထရပ်လိုက်ပြီး နံရံရှိ အာရန်တို့လွင့်စင်သွားခဲ့သော အပေါက်ဆီသို့ လျှောက်သွားကြည့်လိုက်သည်။
ထို့နောက် သူမသည် ထိုအပေါက်မှတစ်ဆင့် သတိထား၍ ဝင်သွားကြည့်လိုက်ရာ မီးကြွမ်းထားသကဲ့သို့ မဲနက်နေသည့် အလောင်းတစ်လောင်းကိုတည်ရှိနေသော နေရာသို့ ရောက်ရှိသွားခဲ့သည်။
ထိုအလောင်း၏ ဘေးတွင် သွေးအိုင်တစ်ခုရှိနေခဲ့၏။
ထို သွေးအိုင်အတွင်း၌ ဖြူဖျော့နေသော ပုံစံဖြင့် အမျိုးသားတစ်ဦး လဲလျောင်းလျက်ရှိနေခဲ့ကာ သူသည် ငရဲဆီမှပြန်လာခဲ့သကဲ့သို့ သူ၏ အသက်ရှူသံသည်ပင် ပုံမှန်ဟုတ်မနေခဲ့ပေ။
သူမသည် ဧကရာဇ်ဆီသို့ အလျင်အမြန်ပင် ပြေးသွားလိုက်ပြီး သူ့အား ကုသပေးရန် ကြိုးစားလိုက်သည်။
သို့သော် ဧကရာဇ်သည် သူမအား တွန်းထုတ်လိုက်သည်။
သူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးများ စိုရွှဲနေဆဲဖြစ်သော်လည်း သူသည် အတင်းအကျပ်ပင် မတ်တပ်ရပ်ရန်ကျိုးစားလိုက်သည်။
“မင်း ကိစ္စပြီးပြီဆိုရင် သွားလို့ရပါပြီ။ ဒီနေ့ကစပြီး ကျုပ်တို့နှစ်ယောက်ကြားမှာ ဘာ ပတ်သက်မှုမှ မရှိတော့ဘူး”
အာရန်သည် တီယာနာအား အနည်းငယ်မျှပင် နောက်ပြန်လှည့်မကြည့်ခဲ့ပေ။
ထို့နောက်သူသည် ယိမ်းယိုင်နေသော ခြေလှမ်းများဖြင့် ဒဏ္ဏာရီလာ သူရဲကောင်းသူရဲကောင်းတစ်ဦးပမာ ထိုနေရာဆီမှ ဖြေးညှင်းစွာ ထွက်ခွာသွားခဲ့လေသည်။
#Catfoot