← Chapters

ရှင်လွတ်လပ်သွားပြီလို့ ထင်မနေနဲ့

Vol. 35 Ch. 505

ရှင်လွတ်လပ်သွားပြီလို့ ထင်မနေနဲ့

Vol. 35 Ch. 505

…

သန့်စင်ဧကရာဇ်သည် ဒဏ်ရာရနေသကဲ့သို့ ယိမ်းယိုင်နေသော ခြေလှမ်းများဖြင့် တိတ်ဆိတ်စွာ လျှောက်သွားလိုက်သည်။

သူသည် ထိုသို့ ထွက်ခွာသွားနေစဉ် သူ၏တာဝန်ပြီးမြောက်ခြင်းအတွက် အတည်ပြုပေးသည့် အကြောင်းကြားချက်ကို အဘယ်ကြောင့် မရရှိသေးသည်ကို စဉ်းစားနေမိခဲ့သည်။

‘လာစမ်းပါ... ယောင်္ကျားတစ်ယောက်က မင်းရဲ့ ရက်စက်တဲ့ သံယောစဥ်ဖြတ်တောင်မှုကို ခံယူရပြီးတာတောင် သူ့အသက်ကို ပဓာနမထားပဲ မင်းအတွက် ရပ်တည်ပေးခဲ့တယ်။ အဲ့အတွက် ခဏလေးပဲဖြစ်ဖြစ် နဲနဲလောက် နောင်တရပေးလို့ မရဘူးလားဟင်...’

အချိန်များသည် တဖြည်းဖြည်း ကုန်လွန်လာခဲ့သော်လည်း အာရန်သည် မည်သည့် သတိပေးချက်ကိုမျှ မရရှိသေးရာ သူ၏ ကြိုးစားအားထုတ်မှုများ အချည်းနှီး ဖြစ်သွားပြီလားဟုပင် တွေးမိလိုက်သည်။

၎င်းသည် အမှန်တကယ်ပင် ကျရှုံးသွားခဲ့တာလား။

ဤမျှဆောင်ရွက်ပြီးသည့်အချိန်တွင်ပင် နောက်တစ်ခုထပ်မံ ကြိုးစားရန် လိုအပ်သေးသည်တဲ့လား။

ဤသို့ဖြင့်အာရန်သည် မနေနိုင်တော့ပဲ သူ၏ အာရုံများကို အစောပိုင်း မိန်းကလေးဆီသို့ ပို့လွှတ်ကြည့်လိုက်သည်။

သို့သော် သူမသည်လည် သူ့အားလှည့်ပင်မကြည့်တော့ပဲ ထွက်ခွာသွားနေသည်ကို မြင်လိုက်ရသောအခါ အာရန်၏ မျက်လုံးများသည် အံ့အားသင့်စွာဖြင့် ပြူးကျယ်သွားခဲ့ရသည်။

သူမတွင် နောင်တရသည့် အရိပ်အယောင်များ ကင်းမဲ့နေရုံသာမက သူ့အပေါ် ကျေးဇူးတင်စကားတစ်ခွန်းမျှပင် မဆိုခဲ့ပေ။

ဤအချိန်တွင် အာရန်တစ်ယောက် စတင် စိတ်ပူစပြုနေပြီဖြစ်၏။

သူသည် သူမအား နောက်ပြန်လှည့်ကြည့်လိုက်မိလေသည်။

သူသည် သူမထွက်ခွာသွားခြင်းအား မဖြစ်မနေ တားဆီးရပေတော့မည်။

ထိုသို့မဟုတ်ပါက စနစ်ဆီမှ လက်ခံထားသည့် တာဝန်သည် ကျရှုံးသွားရပေလိမ့်မည်။

သို့သော် သူ့အနေဖြင့် သူမကို တားဆီးပါကလည်း သူဂရုတစိုက် တည်ဆောက်ထားခဲ့သော သူ၏ ဂုဏ်သိက္ခာပုံရိပ်ကို ပြန်လည်ဖျက်ဆီးမိသလို ဖြစ်သွားပေလိမ့်မည်အား သဘောပေါက်လိုက်သည်။

‘တာဝန်တစ်ခုကိုတောင် မပြီးမြောက်နိုင်ဘဲနဲ့များ ဂုဏ်သိက္ခာက ဘာများ အရေးကြီးဦးမှာလဲ’

အာရန်သည် သူမ၏တုံ့ပြန်မှုအပေါ် လွန်စွာ စိတ်ပျက်သွားခဲ့ရသော်လည်း မည်သို့သော ဆင်ခြေမျိုးဖြစ်ဖြစ်ရအောင်ပေးကာ သူမအား တားဆီးရမည်ဟု စိတ်ပိုင်းဖြတ်ထားလိုက်၏။

ထို့နောက် အာရန်သည် တီယာနာအား အော်ခေါ်လိုက်ရန် ပြင်လိုက်စဥ်မှာပင်....။

‘ဟင်’

သူ၏နှုတ်ခမ်းများ ဟလိုက်မိသောအခိုက်အတန့်မှာပင် ရှေ့တွင် သတိပေးချက်တစ်ခု ပေါ်လာခဲ့လေတော့သည်။

[သင်သည် အစောပိုင်း ရွေးချယ်ထားသော ရွေးချယ်မှုအား ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။]

[ထိုအတွက် ဆုကို လက်ခံရရှိလိုက်ပါပြီ]

အာရန်သည် နောက်ဆုံးတွင် အောင်မြင်နိုင်ခဲ့သည့်အတွက် ယခုမှသာ လေပူတစ်ချက် မှုတ်ထုတ်လိုက်နိုင်တော့သည်။

ထိုအမျိုးသမီးသည် အမှန်တကယ်ပင် နောင်တတစ်စုံတစ်ရာရရှိခဲ့သည့်ပုံရပြီး အကြောင်းပြချက် မည်သို့ပင်ဖြစ်နေပါစေ ၎င်းသည် အရေးမကြီးတော့ပေ။

သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သော်လည်း သူမသတိထားမိမည်စိုး၍ သူ၏အောင်ပွဲခံလိုစိတ်ကို ပြန်လည် ဖိနှိပ်ထားလိုက်ရသည်။

ထို့နောက် အာရန်သည် နောက်ပြန်လှည့်လိုက်ကာ နန်းတော်အတွင်းသို့ ပြန်ဝင်သွားလိုက်လေသည်။

သူ့တွင် ထိုမိန်းကလေးနှင့်ပတ်သက်၍ ထပ်မံလုပ်ဆောင်စရာများ မရှိတော့ပေ။

သူ့အတွက် ယခုအကြိမ်သည် ထိုမိန်းကလေးနှင့် နောက်ဆုံးအနေဖြင့် အပြန်အလှန်ဆက်ဆံမှု တစ်ခုပင် ဖြစ်ပေလိမ့်မည်ဟု မျှော်လင့်မိခဲ့သည်။

သူမ၏ အစောင့်အရှောက်ကို သတ်ခဲ့သော ပုဂ္ဂိုလ်မှာလည်း သေဆုံးသွားခဲ့ပြီမဟုတ်ပါလား...။

သူမ သို့မဟုတ် သူမ၏နောက်ကွယ်မှ လူများအတွက် ဖြုန်းတီးရန်အချိန်များစွာ ရှိနေခြင်းမျိုး မဟုတ်ပါက ဤကိစ္စလေးအတွက်နှင့် တပင်တပမ်း ယမယ်ရှာနေစရာ အကြောင်းမရှိပေ။

ထို့သို့အာရန်တစ်‌ယောက် ပျော်ရွှင်စွာ ထွက်ခွာသွားသောအခါတွင်မှ မိန်းကလေး တီယာနာသည် သူရှိရာဘက်သို့ တန်ပြန် လှည့်ကြည့်လိုက်ကာ သူမ၏ မျက်ဝန်းများတွင် ရှုပ်ထွေးသော အမူအရာများဖြင့် ပြည့်နေခဲ့လေသည်။

ထိုမိန်းကလေးသည် နန်းတော်မှ ထွက်ခွာလာခဲ့စဥ်မှာပင် ဧကရာဇ်တစ်ယောက် သူမအတွက်နှင့် ရှေ့ထွက်ခဲ့သည့် မြင်ကွင်းကို ပြန်လည် အမှတ်ရနေဆဲပင်ဖြစ်၏။

သန့်စင်ဧကရာဇ်သည် သူမထက် များစွာ ပိုမိုလှပသော အခြားမိန်းကလေး တစ်ဦးအတွက်နှင့် သူမနှင့် စေ့စပ်ထားမှုကို ဖျက်သိမ်းလိုနေခဲ့သည့် အကြောင်းကို ပြန်လည် တွေးမိလိုက်သောအခါတွင်မူ သူမသည် လွန်စွာ စိတ်မသက်မသာဖြစ်သွားခဲ့ရသည်။

“သူက သိပ်တော့မဆိုးပါဘူး။ ဒီရွေးချယ်မှုကလဲ သိပ်တော့ မဆိုးပါဘူး...”

တီယာနာသည် သူမစကားကိုပင် အဆုံးမသတ်တော့ပဲ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်ကာ တစ်စုံတစ်ရာကို ရေးခြစ်လိုက်သည်။

ထို စာကို ရေးပြီးသွားသောအခါ သူမသည် ထိုစာရွက်အား နန်းတော်ဆီသို့ ပြန်၍ ပစ်လွှတ်လိုက်၏။

စာရွက်ကလေးသည် ငှက်တစ်ကောင်ကဲ့သို့ ပုံသဏ္ဌာန်ပြောင်းလဲသွားခဲ့ပြီး နန်းတော်အတွင်းသို့ ပျံသန်းဝင်‌ရောက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် တီယာနာသည်လည်း အဝေးတစ်နေရာသို့ ထွက်ခွာကာ ပျောက်ကွယ်သွားတော့သည်။

...

အာရန်သည် နန်းတော်အတွင်းရှိ ပျက်စီးနေသော စင်္ကြံလမ်းများ၊ အဆောက်အဦးများကို ပြန်လည်ပြင်ဆင်ရန် အစောင့်ရဲမက်များကို အမိန့်ပေးပြီးနောက် အဓိက ခန်းမဆောင်သို့ ပြန်လည်ထွက်ခွာလာခဲ့သည်။

သူသည် ဤအပျက်အစီးများ ဖြစ်ပေါ်ခဲ့ရသည့် အကြောင်းရင်းကိုမူ မည်သူ့ကိုမျှ မပြောပြခဲ့ပေ။

အစောင့်ရဲမက်များကလည်း မကြာသေးမီက နန်းတော်အတွင်း၌ ဖြစ်ပျက်ခဲ့သည့် အရာကို မေ့သွား‌လောက်သည်အထိ မှတ်ဉာဏ်များ မချို့ယွင်းနေကြသေးချေ။

၎င်းတို့ကို အံ့အားသင့်စေခဲ့သည့်အရာမှာ ထိုနေရာတစ်ခုလုံးသည်အ ထိုမျှအထိ ဆိုးရွားစွာ ပျက်စီးနေသော်လည်း ၎င်းတို့သည် မည်သည့်တိုက်ပွဲအရိပ်အရာကိုမျှ မခံစားမိခဲ့ခြင်းပင်။

ထို့နောက် ၎င်းတို့သည် အခြားမည်သူ့ကိုမျှ သတိပေးခြင်းမရှိဘဲ ဤနေရာတစ်ခုလုံးကို ပြင်ဆင်ရန် အလျင်အမြန်ပင် စတင်လုပ်ဆောင်ကြတော့သည်။

နန်းတော်၏ ဝင်ပေါက်ဝကိုလည်း ခေတ္တခဏ ပိတ်ထားလိုက်ပြီး မည်သူ့ကိုမျှ သန့်စင်ဧကရာဇ်နှင့် ထပ်မံတွေ့ဆုံခွင့်မပြုတော့ပေ။

၎င်းတို့ တံခါးကို ပိတ်လိုက်သည့်အချိန်မှာပင် စက္ကူငှက်လေးတစ်ကောင်သည် အတွင်းသို့ ပျံသန်းဝင်ရောက်လာခဲ့ပြီးဖြစ်လေသည်။

၎င်းသည် ရာဇပလ္လင်ခန်းမဆောင်၏ အပြင်ဘက်တွင် ရောက်နေပြီဖြစ်သော အာရန်ဆီသို့ တည့်တည့်မက်မက်ပင် ပျံသန်းသွားခဲ့သည်။

အာရန်သည် တစ်စုံတစ်ရာက သူ့ဆီသို့ ပျံဝဲလာနေကို ခံစားမိလိုက်၏။

သူ၏ခွန်အားများ တိုးတက်လာသည်နှင့်အမျှ သူ၏ အာရုံခံနိုင်စွမ်းမှာလည်း များစွာ တိုးတက်လာခဲ့သည်။

၎င်းသည် သူ့အတွက် အန္တရာယ်မရှိကြောင်း ခံစားမိနေသည်။

ထို့နောက် အာရန်သည် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ထိုစက္ကူငှက်လေးအား ဖမ်းဆုပ်ထားလိုက်သည်။

စာရွက်ကို ဖွင့်ဖတ်လိုက်သောအခါတွင်တော့....

“ကျွန်မတို့ စေ့စပ်ထားတာ ပျက်ပျယ်မသွားသေးဘူးနော် ဒါကြောင့် ရှင့်ကိုယ်ရှင် လွတ်လပ်သွားပြီလို့ ထင်မနေနဲ့ဦး”

ထိုစာရွက်တွင် စာကြောင်းနှစ်ကြောင်းသာ ပါဝင်ပြီး အောက်တွင် မည်သည့်အမည်မျှ လည်း ရေးသားထားခြင်းမရှိပေ။

သို့သော် အာရန်သည် ဤစာကို မည်သူရေးခဲ့ကြောင်းကိုမူ သဘောပေါက်လိုက်သည်။

“အဲဒီမိန်းကလေး ...သူ ဘာတွေ တွေးနေတာလဲ။ င့ါ ကိုယ်ပွားက သရုပ်ဆောင်တာ အရမ်းကောင်းလွန်းလို့ သူမ အမှန်တကယ်ပဲ ကြွေဆင်းသွားခဲ့တာများလား” အာရန်သည် ထိုစာကိုဖတ်ကြည့်ပြီးသည်နှင့် စာရွက်လေးသည် အလိုအလျှောက်ပင် ပြန်လည် ပျက်စီးသွားခဲ့သည်။

အဘယ်ကြောင့်မှန်း မသိသော်လည်း အာရန်သည် ဤအရာနှင့်ပတ်သက်၍ မကောင်းသော ခံစားချက်တစ်ခု ရှိနေခဲ့လေသည်။

အာရန်သည် ယခုအချိန်တွင် သဘောမပေါက်နိုင်ခဲ့သော်လည်း ထိုမိန်းကလေးကြောင့် ပင် နောင်တစ်ချိန်တွင် သူ့အတွက် ပို၍ကြီးမားသော ပြဿနာအရှုပ်အထွေးကြီး တစ်ခုအတွင်းသို့ ပါဝင်ပတ်သက်ပြီးသား ဖြစ်သွားခဲ့ပြီဖြစ်သည်။

သူ့တွင် ထိုမိန်းကလေးအပေါ်၌ ထူးခြားသော အထင်အမြင်တစ်ခု ကျန်ရစ်ခဲ့လေသည်။

အာရန်သည် တံခါးကို တွန်းဖွင့်တော့မည့်ဆဲဆဲ အချိန်မှာပင် သူ၏ ညီတော်ကို သွားရောက်တွေ့ဆုံမည်ဟု ရှုယင်အား ဆင်ခြေပေးခဲ့သည်ကို ရုတ်တရက် သတိရလိုက်သည်။

သူဤမျှလျင်မြန်စွာ ပြန်လာခဲ့မည်ဆိုပါက အခြားသူများက သူလိမ်နေသည်ဟု ထင်သွားကြပေလိမ့်မည်။

ထို့ကြောင့် အာရန်သည် အလျင်အမြန်ပင် နောက်ပြန်လှည့်လိုက်ပြီး နန်းတော်မှ ထွက်ခွာကာ ပျောက်ကွယ်သွားခဲ့သည်။

ယခုအခါ အာရန်သည် သူ၏ ကျင့်ကြံခြင်းမှာ အဆင့် (၅၀) ကျော်လွန်သွားပြီဖြစ်ရာ သူ၏ ခွန်အားအပေါ်တွင် ပိုမို၍ ယုံကြည်မှုများရှိလာခဲ့လေသည်။

အရှင်သခင်တစ်ဦး ဖြစ်နေပါစေဦး သူသည် ၎င်းတို့အား ရင်ဆိုင်တွေ့ပြီးနောက်တွင်ပင် အသက်ရှင်လျက် လွတ်မြောက်နိုင်ပြီဖြစ်ကြောင်း မိမိကိုယ်ကို ယုံကြည်မှုများရှိနေပြီဖြစ်၏။

သူ၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။

ဤကမ္ဘာသို့ စတင်ရောက်ရှိလာသည့် အချိန်မှစ၍ သူ၏ ဦးခေါင်းထက်တွင် ဝဲပျံနေသော မှောင်မိုက်သည့် မိုးသားတိမ်တိုက်များအကြောင်းကို သူသည် ဆက်လက်၍ စိတ်ပူနေစရာမလိုတော့ပေ။

သူသည် သန့်စင်မြို့တော်အတွင်း၌ လျှောက်လည်ရန် ထွက်ခွာသွားပြီး သူ၏ပတ်ဝန်းကျင်ကို လေ့လာရင်း လောလောလတ်လတ်ဖြစ်ပေါ်နေသည့် လွတ်လပ်မှုခံစားချက်နှင့်အတူ သူ၏စိတ်ကို ပြန်လည် ချိန်ညှိနေခဲ့မိသည်။

သေခြင်းရှင်ခြင်း မြစ်အောက်ဘက်တွင် နေထိုင်သည့် ဖြစ်တည်မှုကြီးတစ်ခု ကဲ့သို့ သူ့အတွက် ခြိမ်းခြောက်မှုများ ရှိနေသေးသော်လည်း အနည်းဆုံးတော့ သူသည် မကြာမှီသွားရမည့် ငရဲသို့ သူ၏ခရီးနှင့်ပတ်သက်၍မူ ပိုမို ယုံကြည်မှုရှိလာခဲ့ပြီဖြစ်၏။

လမ်းတစ်လျှောက်တွင် သူသည် အစောပိုင်း ရရှိခဲ့သော ဆုလာဘ်ကို စစ်ဆေးကြည့်ရန် သူ၏စနစ်သိုလှောင်ခန်းကို ဖွင့်ကြည့်လိုက်သည်။

“ဟင်.. ဒီမှာလဲရှိမနေပါလား”

အာရန်သည် သူ၏စနစ်သိုလှောင်ခန်းကို နှစ်ကြိမ်တိုင်တိုင် ရှာဖွေခဲ့သော်လည်း အသစ်ထပ်တိုးလာသော မည်သည့်ပစ္စည်းကိုမျှ မတွေ့ခဲ့ရပေ။

သူ၏ဆုလာဘ်သည် မည်သည့်ပုံစံဖြင့် ရရှိခဲ့ခြင်းဖြစ်မည်ကို ဆက်လက် စဉ်းစားခန်း ဖွင့်နေမိခဲ့သည်။

၎င်းသည် သူ၏ သက်တမ်းများ ထပ်မံ၍ တိုးလာခြင်း သက်သက်မျှလား...။

#Catfoot

All Chapters