သွေးဆာလာသော ကာဒီနယ် ရဟန်းအမတ်များ
Vol. 35 Ch. 506
...
သူသည် အမှန်တကယ်ပင် ဆုလာဘ်တစ်ခုရရှိခဲ့သည်လား သို့မဟုတ် လှောင်ပြောင်ခံခဲ့ရသည်လားဟုပင် မသေချာပေ။
အာရန်သည် ဘဝင်မကျစွာဖြင့် သူ၏ စနစ်မျက်နှာပြင်ကို ပြန်လည်ဖွင့်လိုက်သည်။ အရေးမပါသော အပြောင်းအလဲအနည်းငယ် ဖြစ်ပါစေဦး ၎င်းသည် သူ့၏ စနစ်မျက်နှာပြင်ပေါ်တွင် ပေါ်လာရမည်ဖြစ်လေသည်။
သူ၏ သက်တမ်းသာ အနည်းငယ်တိုးလာခြင်းဖြစ်ပါက ထိုမျက်နှာပြင်တွင် ပေါ်လာလိမ့်မည်ဟု ယုံကြည်ထား၏။
အာရန်သည် ထိုသို့ တွေးတောရင်း သူ၏ စနစ်မျက်နှာပြင်ကို ဖွင့်လိုက်သည်။
သူသည် ဘယ်တုံးကမှ မရှိခဲ့ဘူးသော ဆုလာဘ်တစ်ခုဖြင့် အလှည့်စားခံခဲ့ရခြင်းလားဟုပင် တွေးမိလိုက်သည်။
...
[အမည်- အာရန် (ရန်နစ်ခရိုလိုင်း)]
[အဆင့်- ၅၂]
[အသက်- +၁]
[အချက်အလက်- အနောက်ပိုင်းတိုက်ကြီး၏ သန့်စင်ဧကရာဇ်၊ မိစ္ဆာဂိုဏ်း ၏ မဟာအကြီးအကဲ၊ သူရဲကောင်း အကယ်ဒမီ၏ သူလျှို၊ ဝါးမြိုသူ မျိုးဆက်သွေး ပိုင်ရှင်၊ နစ်ခရိုမန်ဆာမျှော်စင်၏ အမွေဆက်ခံသူ၊ ဝိညာဉ်လောက၏ အုပ်စိုးသူ၊ နဂါးဧကရီ ၏ ချစ်သူ ]
[အဓိက ပင်မသွေးမျိုးဆက်: သွေဖယ်ခြင်း? (၂၅%)]
[ဒုတိယ ပင်မသွေးမျိုးဆက်များ: ဝါးမြိုသူ၊ မူလနဂါး]
[စောင့်လျှောက်သူ- ပထမဝိညာဉ်ဘုရင်မ ယီလန်]
[စာချုပ်ချုပ်ဆိုထားသော ဝိညာဉ်: ဝိညာဉ်ဘုရင်မ ဖီလိုနာ]
[အသက်- ၂၂]
[စရိုက်လက္ခဏာများ - သွေးအေးသူ၊ ပရိယာယ်ကြွယ်ဝသူ]
-အဆင့်သတ်မှတ်ချက်များ-
[ခွန်အား- ၁၁၄၉၅]
[လျင်မြန်မှု: ၁၂၉၁၈]
[ခံနိုင်ရည်- ၁၃၇၉၃]
[ဉာဏ်ရည်- ၉၅]
[မာနာ- ၉၄၄၄၈]
[ကျင့်ကြံခြင်းအဆင့် : မသိ (ချိတ်ပိတ်ထားသည်)]
[သူရဲကောင်းအဆင့်: SSS+]
[နတ်ဘုရားမ၏ ကာကွယ်မှု - မသိသေး (၇၅%)]
[ရုပ်ခန္ဓာ: လအရိပ်ရေခဲခန္ဓာ၊ ကံကြမ္မာခန္ဓာ၊ သန့်စင်ခန္ဓာ၊ အကြွင်းမဲ့နဂါးခန္ဓာ]
[ပိုင်ဆိုင်ထားသော ထူးခြားသည့် ပစ္စည်းများ : ပြုပြင်ထားသော သေနတ်၊ အရှင်သခင်သတ်ဓား (မပြည့်စုံ) ၊အနာဂတ်ကို မြင်နိုင်သော ဟောကိန်းလည်ဆွဲ၊ မေးခွန်းဘောက်ချာ၊ အကူအညီလက်မှတ်(ဖန်းယု) ၊ ###### သေတ္တာ (၄ပုံ ၃ပုံ ချိတ်ပိတ်ခံထားရ)၊ ကံကြမ္မာဓား/ လက်စားချေခြင်းဓား၊ ပြန်လည်ရှင်သန်ခြင်း ကျောက်တုံး (ထူးခြားအဆင့်)]
[ကျွမ်းကျင်မှုများ: ဓားဧကရာဇ်၏ အော်ရာ၊ အော်ရာ ထိန်းချုပ်နည်း၊ ခွဲခြားသတ်မှတ်ခြင်း ၊ ဝါးမြိုခြင်း၊ ရေနေကျွမ်းကျင်မှု၊ ပျံသန်းခြင်း၊ ဘိုးဘေးနဂါးလျှာ၊ စစ်မှန်သောနဂါးအသွင်ပြောင်းလဲခြင်း၊ အုပ်ချုပ်သူအတောင်ပံများ၊ သမုဒ္ဒရာအုပ်စိုးသူ၊ စွမ်းရည်ပေါင်းစည်းခြင်း၊ နှင်းခဲနယ်မြေ၊ အသွင်ပြောင်းလဲခြင်း၊ အရှိန်မြှင့်တင်ခြင်း၊ စိတ်ဝိညာဥ်ထိမ်းချုပ်ခြင်း၊ အာရံခံစားမှုတိုးမြှင့်ခြင်း၊ သွေးထိမ်းချုပ်ခြင်း၊ အရိပ်ပုံတူဖန်တီးခြင်း၊ ထာဝရပဲ့တင်သံ]
...
“အဲဒါပဲ”
အာရန်သည် တိကျခိုင်မာသည့် အတည်ပြုချက်တစ်ခုရရှိလိုက်သဖြင့် သက်ပြင်းချလိုက်မိသည်။
သူသည် ဤအသစ်ထပ်တိုးလာသောအကြောင်းအရာများကို ပိုမိုသိရှိရန် ထိုရွေးချယ်မှုကို ထပ်မံ၍ နှိပ်လိုက်သည်။
[သင့်တွင် အပိုအသက်တစ်ခု ဆုလာဘ်အဖြစ် ရရှိထားပါသည်။ သင်သည် သတ်ဖြတ်ခံခဲ့ရ်၍ သင့်၏ခန္ဓာကိုယ် ပျက်စီးသွားပါစေဦး သင်သည် နောက်ထပ်တစ်ကြိမ် ပြန်လည် အသက်ရှင်သန်နိုင်မည်ဖြစ်သည်။ ပြန်လည် ရှင်သန်ထမြောက်ခြင်းသည် သေဆုံးပြီး နှစ်နာရီအကြာတွင် အလိုအလျောက် ဖြစ်ပေါ်မည်။]
“ဟင်”
အာရန်သည် စနစ်ရှိ ဖော်ပြချက်ကို ကြည့်လိုက်မိသောအခါ သူ့၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့လေ၏။
ထိုဆုလာဘ်နှင်ဆိုပါက အစောပိုင်းက ရရှိထားသည့် သူ၏သွေးမျိုးဆက် စွမ်းရည်များဆီမှ အားနည်းချက်များကို ဖယ်ရှားပြီးဖြစ်သွားပေလိမ့်မည်ဟု ယူဆလိုက်မိ၏။
ထာဝရပဲ့တင်သံအစွမ်း၏ အဓီက ပြဿနာမှာ ယခုအချိန်တွင် အသုံးမဝင်သော အတိတ်မှသူ၏ စိတ်ဝိညာဥ်အား ခေါ်ယူပေးမည်လား သို့မဟုတ် အနာဂတ်မှ သူ၏ စိတ်ဝိညာဥ်အား ခေါ်ယူမည်လားဆိုသည်ကို မသေချာခြင်းပင်ဖြစ်သည်။
အကယ်၍ သူ၏အတိတ်မှ သူ၏ စိတ်ဝိညာဥ်အားဆင့်ခေါ်မိခဲ့လျှင် ရန်သူနှင့် ရင်ဆိုင်ရာတွင် သေဆုံးခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့ပေလိမ့်မည်။
ယခုမူ သူ၏အသက်အပိုတစ်ခု တိုးလာခြင်းနှင့်အတူ သူသည် နောက်ထပ်လျှို့ဝှက်လက်နက်တစ်ခု ရရှိသွားခဲ့ပြီလည်းဖြစ်လေသည်။
သူသေဆုံးနိုင်သည့် အခြားရွေးချယ်စရာ မရှိသည့် အန္တရာယ်များသည့် အခြေအနေမျိုးတွင် ထာဝရပဲ့တင်သံအစွမ်းကို အသုံးပြုနိုင်ပြီဖြစ်၏။
သူသာ အောင်မြင်ခဲ့ပါက ထိုအခြေအနေမှ လွတ်မြောက်နိုင်ပေလိမ့်မည်။
သူကျရှုံးခဲ့ပါက အခြေအနေမည်သို့ပင်ဖြစ်စေ သူသည် မုချသေဆုံးမည်သာဖြစ်၏။
သို့သော်ဤအသက်အပိုနှင့်ဆိုပါက သူသည် ထိုအန္တရာယ်အား အနည်းဆုံး တစ်ကြိမ်ခန့်တော့ ကျော်လွှားနိုင်မည်ဖြစ်ပေလိမ့်မည်။
နောက်ဆုံးတွင် အာရန်သည် ထာဝရပဲ့တင်သံအစွမ်း၏ အားနည်းချက်ကို တစ်ကြိမ်ခန့် စိတ်ပူစရာမလိုတော့ပေ။
ထို့ထက်ပို၍ ကောင်းသည်မှာ သူသေဆုံးခြင်းနှင့် သူပြန်လည်ရှင်သန်ထမြောက်ခြင်း ကြားတွင် အချိန်ကွာဟချက်တစ်ခု ရှိနေခြင်းပင်ဖြစ်၏။
အကယ်၍ သူသည်သာ ချက်ချင်း ပြန်လည်ရှင်သန်ခဲ့ပါက ချက်ချင်းပင် ပြန်လည် သေဆုံးသွားနိုင်လေသည်။
သို့သော် မည်သည့်ရန်သူကမျှ သူသေဆုံးပြီးနောက် နှစ်နာရီခန့်ကြာသည်အထိ ဆက်လက် စောင့်ဆိုင်းနေမည် မဟုတ်ပေ။
“ငါ့ရဲ့ချစ်လှစွာသောစနစ်လေး မင်းက ငါ့အပေါ် ဒီတစ်ကြိမ်တော့ တကယ်ကို ကောင်းပေးခဲ့တာပဲ။ အရင်ကပြောမှားဆိုမှားရှိခဲ့တာတွေအတွက် ခွင့်လွှတ်ပါနော်။ ဒီအပြောင်းအလဲကို ဘယ်အရာက ဖြစ်စေခဲ့သလဲဆိုတာ ငါခုထိ နားမလည်နိုင်သေးဘူး။ ဒါပေမဲ့ ဒီကိစ္စအတွက် ငါတကယ်ကိုပဲ မင်းကို ကျေးဇူးတင်တယ်”
အာရန်သည် သူ၏စနစ်အား အစောပိုင်းကာလများတွင် အကြိမ်များစွာ ကျိန်ဆဲမိခဲ့သော်လည်း နောက်ပိုင်းတွင်မူ ၎င်းစနစ်သည် သူ့အား အတော်လေး ပြန်လည် ကူညီလာခဲ့သည်ကို သဘောပေါက်မိလာခဲ့သည်။
ထိုစနစ်သာမရှိပါက သူသည် ယခုနေရာသို့ ရောက်ရှိလာနိုင်ခဲ့လိမ့်မည်မဟုတ်ပေ။
ထိုစနစ်သာမရှိပါက သူသည် လွန်လေပြီးသောကာလများ ကတည်းက သေဆုံးသွားခဲ့ပြီး ဖြစ်ပေလိမ့်မည်။
ထိုသို့မဟုတ်ပါက သူသည် မိစ္ဆာဂိုဏ်းတွင်ပင် ပုန်းအောင်းနေခဲ့ပြီး မည်သည့်ခွန်အားမျှမရှိဘဲ ဟန်ဆောင်မှုများကိုသာ ဆက်လက်ပြုလုပ်နေခဲ့ရပေလိမ့်မည်။
ယခုကဲ့သို့ သူသည် အရှင်သခင်များနှင့် အဆင့်တူ ရပ်တည်လာနိုင်ခဲ့ခြင်းမှာ သူ့၏ စနစ်ကြောင့်သာဖြစ်ကြောင်း နားလည်လက်ခံလိုက်မိ၏။
သူ့အတွက် ဤသည်မှာ ခရီးတစ်ခု၏ အစမျှသာရှိသေးခြင်းမျိုးလည်း ဖြစ်နိုင်လေသည်။
မူရင်း ခန္ဓာကိုယ်ပိုင်ရှင် ရန်နစ်ခရိုလိုင်းသည်ပင် အရှင်သခင် လေးဦးထက် ပိုမို၍ အင်အားကြီးမားခဲ့သည်မှာ သေခြာ၏။
သို့သော် ထိုသူသည်ပင် အစွမ်းများချိတ်ပိတ်ခံခဲ့ရကာ သေလုနီးပါး ထွက်ပြေးခဲ့ရလေသည်။
ထို့ကြောင့် ယခုသူသည် ဤမျှအထိ အင်အားကြီးမားလာပြီဖြစ်စေကာမူ အနာဂါတ်တွင် ပိုမို၍ပင် အင်အားကြီးမားလာရန် လိုအပ်သေးကြောင်း အာရန်တစ်ယောက် နားလည်ထား၏။
သူသည် မူလခန္ဓာကိုယ်ပိုင်ရှင် ရန်နစ်ခရိုလိုင်းထက် ပိုမို၍အားကောင်းရန် လိုအပ်လေသည်။
အာရန်သည် သူ၏ကိုယ်ပိုင် ခွန်အားကို ပိုမိုတိုးပွားလာရန် လိုအပ်နေသော်လည်း ရန်နစ်ခရိုလိုင်း၏ မူရင်းခွန်အားကိုလည်း လိုအပ်နေသေးသည်။
ထိုခွန်အားနှစ်ခုကို ပေါင်းစပ်လိုက်နိုင်မှသာ ရန်နစ်ခရိုလိုင်းယခင်က မရောက်ရှိနိုင်ခဲ့သော အဆင့်တစ်ခုသို့ သူသည် ရောက်ရှိသွားနိုင်မည်ဖြစ်လေသည်။
“ငါရဲ့ ချိတ်စည်းတံဆိပ်ကို ဖြိုဖျက်ဖို့အတွက် နောက်ထပ် သွေးစက်အချို့ စုဆောင်းဖို့ အချိန်ကျပြီထင်တယ်”
အာရန်သည် သန့်စင်ဘုရားကျောင်းရှိရာဆီသို့ လျှောက်လာခဲ့လိုက်သည်။
သူသည် သန့်စင်ဘုရားကျောင်းအား မကြာမှီအချိန်လေးကမှ ဖျက်ဆီးထားခဲ့ခြင်း ဖြစ်သဖြင့် ဤနေရာသို့ ယခုကဲ့သို့ တစ်ရက်ပင်မပြည့်သေးခင်မှာပင် ပြန်သွားရလိမ့်မည်ဟု တစ်ခါမျှ မတွေးမိခဲ့ပေ။
သို့သော် သူ၏ ကျင့်ကြံခြင်းမှ ပဉ္စမမြောက် အတားအဆီးနံရံအား ဖြတ်ကျော်နိုင်ရန် ကူညီပေးခဲ့သည့် အစောပိုင်း မိန်းကလေး၏ အနစ်နာခံပေးဆပ်ခဲ့သည့် အစောင့်အရှောက်ကြောင့် သူသည် လက်ရှိတွင် အစီအစဉ်များစွာကို အကောင်အထည်ဖော်နိုင်သည့် အခြေအနေတွင် ရောက်ရှိသွားခဲ့ပြီးဖြစ်လေသည်။
သူသည် မစ်ထ်၏သွေးဖြင့် ချိတ်စည်းတံဆိပ်လေးခုအနက်မှ တစ်ခုကို ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်၏။
ဖန်းယု၏ သွေးကို ရရှိနိုင်ရန်မှာလည်း သိပ်၍ ခက်ခဲမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူသည် သူမနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုရှိနေသောကြောင့်ဖြစ်လေသည်။
ထို့ကြောင့် ယခုလောလောဆယ် အတွက်မူ အာရန်သည် သန့်စင်ပရောဟိတ်မအပေါ် တွင်သာ အာရုံစိုက်ထားရန် ဆုံးဖြတ်လိုက်၏။
အစပိုင်းတွင် အရှင်သခင်များ အချင်းချင်းတိုက်ခိုက်ကြပြီး ထိုနေရာမှ သူ့အတွက် သွေးစက်အချို့ ရရှိနိုင်လိမ့်မည်ဟု တွေးမိခဲ့သည်။
သို့သော် ယခုမူ ထိုအရာကို စောင့်ဆိုင်းရန် မလိုအပ်တော့ပေ။
များစွာသော ယုံကြည်သူများသည် သန့်စင်ဧကရာဇ်တစ်ယောက် သန့်စင်ဘုရားကျောင်းသို့ သွားနေသည်အား မြင်လိုက်ကြရသည်။
အချို့ကမူ သူ၏ ဤကဲ့သို့ ထူးဆန်းသော အပြုအမူကြောင့် အံ့အားသင့်နေခဲ့ကြသည်။
သူ၏ အခြားထူးဆန်းသော လုပ်ရပ်များထက် ပို၍အံ့အားသင့်စရာ ကောင်းသည့်အချက်မှာ သန့်စင်ဧကရာဇ်သည် အဘယ်ကြောင့် သန့်စင်ဘုရားကျောင်းသို့ သွားနေသည်ကိုပင်။
နောက်ထပ်ပဋိပက္ခတစ်ခု ဖြစ်ပွားတော့မည်လား။
သို့မဟုတ် အခြားအကြောင်းပြချက်တစ်ခု သက်သက်ရှိနေ၍လား။
ထို့နောက် ပြပွဲတစ်ခုကို မြင်တွေ့ရတော့မည် အမှတ်ဖြင့် လူအတော်များများသည် သူ၏ နောက်မှ ကပ်၍ လိုက်ပါလာခဲ့ကြလေသည်။
“ဟင်”
ဤသို့ဖြင့် အာရန်သည် ဘုရားကျောင်းသို့ လူအုပ်ကြားမှ ထွက်ခွာလာခဲ့ရာ လမ်းတစ်ဝက်ခန့် ရောက်ရှိသောအခါ သွေးညှီနံ့အချို့ကို ရရှိလိုက်သည်။
၎င်းက တစ်နေရာတည်းမှ လာခြင်းမဟုတ်ဘဲ နေရာများစွာမှ လာနေကြခြင်းဖြစ်လေသည်။
‘ဒီမြို့တော်က ဒီလောက်တောင် ဥပဒေမဲ့ဖြစ်နေတာလား’
သူသည် ထိုသို့တွေးမိရင်း ဆက်လက်ထွက်ခွာလာခဲ့သည်။
သူအစောပိုင်း သွေးညှီနံ့ခံစားမိခဲ့သည့် နေရာသို့ ရောက်သွားခဲ့သောအခါ ထိုနေရာတွင် ဘာမျှမရှိတော့ပေ။
၎င်းအစား ထိုနေရာတွင် ကောင်းချီးအော်ရာ အချို့သာ ကျန်နေခဲ့ပြီး ဤနေရာကို ပြန်လည် သန့်ရှင်းရေး ပြုလုပ်ထားသကဲ့သို့ပင် ခံစားမိလိုက်သည်။
သူသည် ဘုန်းတော်ကြီးများအားလုံးနီးပါးကို သတ်ပစ်ခဲ့ပြီး ဖြစ်သည့်အပြင် သန့်စင်ပရောဟိတ်မကလည်း ဤသို့သော အရာမျိုးကို ကိုယ်တိုင် လုပ်ဆောင်လိမ့်မည်မဟုတ်ပေ။
သာမန်လူတစ်ဦးကလည်း ဤမျှအသေးစိတ် လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ပေ။
“ကာဒီနယ်ရဟန်းအမတ်တွေ သွေးဆာရက်စက်လာတာလား။ ဒါကတော့ စိတ်ဝင်စားစရာပဲ”
#Catfoot