သေချင်နေသော ကမ္ဘာကူးပြောင်းလာသူ …
Vol. 35 Ch. 508
ထိုလူငယ်သည် ရိုတန်ဟိမ်းမိသားစု၏ အမဲလိုက်ခွေးများဝတ်ဆင်ထားသည့် အဝတ်အစားများနှင့် နှိုင်းယှဉ်ပါက မည်သည့်အကာအကွယ်မျှ ရှိမနေသည့်အပြင် စုတ်ပြဲလျက်ပင်ရှိနေခဲ့၏။
လူငယ်သည် သူ၏စုတ်ပြဲနေသည့် ထိုဝတ်ရုံကို အနည်းငယ်ဖုန်ခါလိုက်သည်။
အမဲလိုက်ခွေးများသည် ရိုတန်ဟိမ်းမိသားစု၏ အောက်လမ်းမှော်အတတ်ပညာဖြင့် အားဖြည့်ထားသော အဝတ်အစားများ ဝတ်ဆင်ထားခြင်းဖြစ်သော်လည်း ထိုလူငယ်၏ အဝတ်အစားများမှာမူ အလွန်ပင် ရိုးရှင်းနေခဲ့ရာ သူသည် ကျပန်းဆိုင်တစ်ခုမှ စျေးပေါပေါဖြင့် ဝယ်ယူလာခဲ့သကဲ့သို့ ဖြစ်နေလေသည်။
သူသည် အပျက်အစီးပုံပေါ်မှ ဆင်းတော့မည်ဟန်ပြင်လိုက်စဥ် သူ့ဆီသို့ ပျံသန်းလာနေသော အရိပ်အချို့ကို သတိပြုမိလိုက်၏။
၎င်းသည် တိုက်ပွဲကွင်းပြင်မှ လွင့်စင်ထွက်လာသည့် အန်ညာ ပင်ဖြစ်လေသည်။
အန်ညာကို လှမ်း၍ ဖမ်းလိုက်ရမည့်အစား ထိုလူငယ်သည် ရိုးရှင်းစွာပင် ဘေးသို့ရှောင်ပေးလိုက်ရာ သူမသည် သူ၏ ဘေးရှိ အပျက်အစီးပုံအတွင်း ပြင်းထန်စွာ ဝင်ဆောင့်မိသွား၏။
“မင်း အဆင်ပြေရဲ့လား”
ထိုလူငယ်သည် မိန်းကလေးအား ကူညီရန် သူ၏လက်တစ်ဖက်ကို ဆန့်တန်းပေးလိုက်ကာ အပြစ်ကင်းသည့် အပြုံးဖြင့် မေးလိုက်သည်။
သူသည် ထိုမိန်းကလေး မည်သူမည်ဝါဖြစ်သည်ကိုပင် သိရှိထားဟန်မရချေ။
သူသည် မည်သည့်အကြောင်းပြချက်မျှမရှိဘဲ တိုက်ပွဲ၏ အလယ်တွင် ရောက်ရှိလျက်သားဖြစ်နေခဲ့သည်။
ပုံမှန်အားဖြင့် သာမန်လူတစ်ဦးသည် ဤကဲ့သို့ ပြင်းထန်သော တိုက်ပွဲတစ်ခုကို မြင်လိုက်သည်နှင့် ထွက်ပြေးသွားသင့်သော်လည်း သူသည် ဤနေရာတွင် ရှိနေဆဲပင်။
သူသည် အဆင့်နှစ်ဝန်းကျင်ရှိသော သာမန်မှော်ဆရာတစ်ယောက်ဖြစ်ကြောင်း သူမခံစားမိနိုင်သော်လည်း မြောက်ပိုင်းတိုက်တွင်မူ ၎င်းသည် အရေးမပါသော အားနည်းသူတစ်ဦးသာဖြစ်လေသည်။
သူသည် အလွန်အားနည်းလွန်းနေသောကြောင့် သူမထွက်ပြေးရန် ကြိုးစားနေစဉ် အမဲလိုက်ခွေးများကို နှောင့်နှေးစေရန်အတွက်ပင် သူ့အား အသုံးမပြုနိုင်ပေ။
သူမ၏ မျက်လုံးများတွင် ထိုလူငယ်သည် ရိုတန်ဟိမ်းမိသားစု၏ အမဲလိုက်ခွေးများကို တစ်စက္ကန့်မျှပင် အာရုံပျက်ပြားအောင် လုပ်နိုင်မည့်ပုံမပေါ်ချေ။
သူမ၏ ဖုတ်ကောင်နဂါးသည် ကန့်သတ်ထားခြင်းခံလိုက်ရသဖြင့် ထိုအမဲလိုက်ခွေးများဆီမှ လွတ်မြောက်နိုင်မည့် အခွင့်အရေးများသည် ပို၍ပင် နိမ့်ကျလာခဲ့သည်။
လွတ်မြောက်ရန်မဖြစ်နိုင်တော့သဖြင့် ထွက်ပြေးပြီး အမဲလိုက်ခံနေမည့်အစား ဤနေရာတွင် သူမ၏အသက်ကို ပေးဆပ်ရပါစေဦး ရိုတန်ဟိမ်း၏ အမဲလိုက်ခွေးများကို ရသလောက် အသေခံတိုက်ခိုက်သွားမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။
သူမသည် ရိုတန်ဟိမ်းမိသားစုအား ၎င်းတို့၏ အင်အားအကြီးဆုံးတပ်ဖွဲ့ကို ဆုံးရှုံးစေမည်ဖြစ်သည်။
“ဒီနေရာကနေ အမြန်ထွက်ပြေးတော့ချာတိတ် မင်းမသေချင်သေးဘူးဆိုရင်ပေါ့” သူမသည် ထိုလူငယ်အား ဘေးသို့တွန်းလိုက်ပြီး သူ့ဘေးမှ ဖြတ်လျှောက်သွားသည်။
သူမသည် ဤအရေးမပါသော လူငယ်ကို ထွက်ပြေးရန် အဘယ်ကြောင့် ပြောလိုက်မိသည်ကိုပင် သူမကိုယ်သူမ နားမလည်ခဲ့ပေ။
သူ၏ သေဆုံးခြင်းသည် သူမအတွက် အဓိပ္ပာယ်တစ်စုံတစ်ရာ ရှိနေသည်လည်း မဟုတ်ချေ။
သူမသည် သူမသေဆုံးမည့်နောက်ဆုံးအချိန်တွင်ပင် ရိုတန်ဟိမ်းမိသားစုအား အညံ့မခံ ခဲ့ကြောင်း တစ်စုံတစ်ဦးအား အမှတ်ရစေလိုသောကြောင့်လားဟု သူမကိုယ်သူမ ပြန်တွေးလိုက်မိသည်။
“ဟင် ကျုပ်က ဘယ်လိုများ ချာတိတ်ပုံပေါက်နေလို့လဲ”
ထိုလူငယ်သည် ထိုမိန်းကလေး လျှောက်သွားနေသည်ကို ကြည့်ရင်း စိတ်ရှုပ်ထွေးသွားဟန်ဖြင့် သူ၏ ဦးခေါင်းကို ပြန်ကုတ်လိုက်သည်။
ထိုမိန်းကလေးသည် သူ၏မေးခွန်းအား တုံ့ပြန်ခြင်းမရှိဘဲ သူ့အား လုံးဝလျစ်လျူရှုထားလိုက်၏။
သူမအနေဖြင့် သူ့အား သတိပေးခဲ့ပြီးပြီဖြစ်သည်။
သူ နားမထောင်ခြင်းက သူ့၏ ပြဿနာသာ ဖြစ်ပေမည်။
“ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်လို့ သတ်မှတ်လို့မရဘဲ သေဆုံးနိုင်ဖို့ ဘယ်လိုကြံဆရမလဲ”
ထိုလူငယ်သည် သူ၏ အတွေးများထဲတွင် ခေတ္တမျှ နစ်မျောသွားခဲ့သည်။
“ငါ ခုနေ ထွက်ပြေးသွားသင့်လား။ အဲဒါက သူတို့ရဲ့ အာရုံကို ဖမ်းစားနိုင်လိမ့်မယ်။ ဒါပေမဲ့ အဲဒါကို ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်လို့ သတ်မှတ်လို့ရနိုင်မလား ငါမသိတော့ဘူး။ အဲ့လိုသာ သတ်မှတ်ခဲ့ရင် ငါ့မှာ ဘာမှရှိတော့မှာ မဟုတ်ဘူး”
သူသည် အတွေးထဲတွင် နက်ရှိုင်းစွာ နစ်မျောသွားခဲ့၏။
အကယ်၍ သူသည်သာ တိုက်ပွဲထဲသို့ ရုတ်တရက် ခုန်ဝင်သွားခဲ့ပါကလည်း သူသည် သေခြင်းတရားကို ရှာဖွေနေသကဲ့သို့ပင်ဖြစ်သွားပေလိမ့်မည်။
သူထွက်ပြေးပါကလည်း ၎င်းက အတူတူပင်ဖြစ်မည်လား...။
“ဒီစည်းမျဉ်းစည်းကမ်းတွေက အရမ်းကို စိတ်ပျက်စရာကောင်းတယ်”
သူသည် အသတ်ခံရခြင်းနှင့် သေခြင်းတရားကို ရှာဖွေခြင်းတို့ကြားတွင် စနစ်ဆီမှ မှတ်ချက်တစ်ခုအတွက် မည်သို့ပြုလုပ်ရမည်ကို စဉ်းစားရင်း ခေါင်းရှုပ်သွားခဲ့သည်။
ထိုလူငယ်သည် သူ့ကို အာရုံစိုက်မိသွားဟန်ရသော ရိုတန်ဟိမ်းမိသားစု၏ အမဲလိုက်ခွေးများကို တစ်ချက်ကြည့်လိုက်မိသည်။
၎င်းတို့ထဲမှ အချို့သည် သူ၏ တည်ရှိမှုကိုပင် အစောပိုင်းက သတိမထားမိခဲ့ခြင်းအတွက် အတော်လေး အံ့အားသင့်နေခဲ့ကြသည်။
သူသည် အလွန်အားနည်းလွန်းနေသောကြောင့်များလား။ ၎င်းတို့ မသေချာပေ။
“သွားပြီး သူ့ကို သတ်လိုက်”
အမဲလိုက်ခွေးများ၏ ခေါင်းဆောင်ဖြစ်ဟန်ရသူ မျက်နှာဖုံးတစ်ခု စွပ်ထားသော လူတစ်ဦးက ထိုသို့ အမိန့်ပေးလိုက်သည်။
ထိုလူငယ်သည် ၎င်းတို့၏ အထူးပစ္စည်းအား အသုံးပြုနေသည်ကို မြင်သွားခဲ့ပြီးဖြစ်သည်။
ထိုလူငယ်သည် ၎င်းတို့၏ မျက်လုံးများတွင် အရေးမပါစေကာမူ ၎င်းတို့သည် သူ့အား အသက်ရှင်ခွင့်မပြုနိုင်ပေ။
လူငယ်ကမူ တိတ်ဆိတ်စွာဖြင့် သူ၏ အတွေးထဲတွင် နစ်မြုပ်လျက်ရှိနေစဉ် အမဲလိုက်ခွေးတစ်ယောက်က သူ့ရှေ့တွင် ပေါ်လာခဲ့သည်။
“ချာတိတ် မင်းက မှားယွင်းတဲ့နေရာတစ်ခုမှာ မှားယွင်းတဲ့အချိန် ရောက်နေမိခဲ့တဲ့အတွက် မင်းကိုယ်မင်းပဲ အပြစ်တင်ရမယ်”
“ဘာလို့ လူတိုင်းက ကျုပ်ကို ချာတိတ်လို့ပဲ ခေါ်နေကြတာလဲ...”
ထိုလူငယ်သည် ထိုလူ၏စကားကို ပြန်လည်မေးခွန်းထုတ်လိုက်စဥ်မှာပင် အစွမ်းထက်သော မှော်စွမ်းအားတစ်ခုသည် သူ့၏ရင်ဘတ်အတွင်းသို့ ဝင်ရောက်သွားခဲ့ကာ သူ၏ရင်ဘတ်တွင် ကြီးမားသော အပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့ရသည်။
လူငယ်သည် မယုံကြည်ဖြစ်သွားဟန်ဖြင့် သူ၏ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည်။
သို့သော် သူသည် ကြောက်စရာကောင်းသည့် မြင်ကွင်းကို မခံစားရမီမှာပင် ထိုလူက သူ၏ ဦးခေါင်းကို ဆွဲဖြုတ်လိုက်ကာ အဝေးသို့ လွှင့်ပစ်လိုက်လေသည်။
လူငယ်သည် ရက်စက်စွာဖြင့် ချက်ချင်းပင် အသတ်ခံလိုက်ရသည်။
သူသည် ပုရွက်ဆိတ်တစ်ယောက်ကဲ့သို့ အရေးမပါသော်လည်း ထိုအမဲလိုက်ခွေးသည် ပေါ့ပေါ့တန်တန် မပြုမူခဲ့ပေ။
၎င်းတို့ကို ရိုတန်ဟိမ်းမိသားစု၏ လူသတ်သမားများအဖြစ် ငယ်စဉ်ကတည်းက သေခြာစွာ လေ့ကျင့်ပေးထားခဲ့ခြင်းဖြစ်လေသည်။
၎င်းတို့၏လေ့ကျင့်ရေးကာလအတွင်း ပထမဦးဆုံး သင်ယူခဲ့ရသည့်အရာမှာ ရန်သူကို မြန်ဆန်စွာဖြင့် သေခြာစွာ သတ်ဖြတ်ရန်ပင်ဖြစ်၏။
အန်ညာသည် ဒဏ်ရာရနေသော ကျားနာမလေးတစ်ယောက်ပမာ ဖြစ်နေခဲ့ကာ သူမသည် ထို ရိုတန်ဟိမ်း မိသားစု၏ အမဲလိုက်ခွေးများထဲမှ တစ်ယောက်ကို သတ်နိုင်ခဲ့လေသည်။
သို့သော် အခြေအနေမှာမူ သူမအတွက် ဆိုးရွားနေဆဲပင်။
စက္ကန့်တိုင်းတွင် သူမ၏ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများ ပိုမိုတိုးလာနေသည်။
သူမသည် ထိုလူငယ် အသတ်ခံရသည်ကိုလည်း တွေ့မြင်လိုက်သည်။
သို့သော် သူမသည် သူ့အတွက် မည်သည့်သနားမှုကိုမျှ မခံစားခဲ့ရပေ။
သူမသည် ထိုလူငယ်အား မိုက်မဲသော လူတစ်ဦးဟုသာ ယူဆလိုက်သည်။
သို့သော် ထိုလူငယ်အနေနှင့် ယခုအချိန်မှ ထွက်ပြေးလျှင်လည်း လွန်စွာ နောက်ကျသွားပြီဖြစ်ကြောင်း နားလည်လိုက်သည်။
သူထွက်ပြေးရန် ကြိုးစားခဲ့ပါစေဦး သူ၏ကံကြမ္မာသည် ယခုနှင့် အတူတူပင် ဖြစ်နေမည်ဖြစ်၏။
အမဲလိုက်ခွေးတစ်ဦးသည် ထိုလူငယ်အား သတ်ဖြတ်ပြီးနောက်တွင် နောက်သို့ ပြန်လှည့်လိုက်ပြီး အန်ညာအား တိုက်ခိုက်နေသည့် သူ၏အဖော်များကို အားဖြည့်ပေးရန် ပြန်လာခဲ့သည်။
သူသည် ထိုလူငယ်၏ ခန္ဓာကိုယ်နှင့် ဦးခေါင်းပြတ်သည် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သတိမထားမိလိုက်ပေ။
ထိုအချိန်မှာပင် အစောပိုင်းသေဆုံးသွားသည့် လူငယ်သည် ယခင်နေရာမှာပင် လုံးဝထိခိုက်မှုမရှိသော အကောင်းပကတိ ခန္ဓာကိုယ်ဖြင့် လေထဲမှပင် ရုတ်တရက် ပြန်ပေါ်လာခဲ့သည်။
သူသည် လုံးဝထိခိုက်ထားမှုရှိမရှိဘဲ အစောပိုင်းအချိန်ကအတိုင်း စုတ်ပြဲနေသော ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားဆဲပင်။
“အား...နာတယ်”
ထိုလူငယ်သည် နာကျင်နေဆဲဖြစ်သော သူ၏လည်ပင်းအား ပွတ်သပ်ရင်း ထထိုင်လိုက်သည်။
အခြားမည်သူမဆို သူ့အား သတိပြုမိခဲ့ပါက သေဆုံးသွားသောလူတစ်ဦး ရုတ်တရက် အကောင်းအတိုင်း ပြန်လည်အသက်ရှင်လာသည်ကို မြင်ပြီးနောက် ထိတ်လန့် အံ့သြသွားကြပေလိမ့်မည်။
ထို့ပြင်ပို၍ အံ့အားသင့်စရာကောင်းသည်မှာ သူသည် အစောပိုင်း အဆင့် နှစ်ဝန်းကျင်မှ ယခုမူ အဆင့်သုံးဝန်းကျင်ရှိသော အောက်လမ်းမှော်ဆရာငယ် တစ်ဦးအဖြစ် အဆင့်တက်သွားခဲ့ခြင်းပင်။
“ဘာလဲဟ D အဆင့် ဆုလာဘ်ပဲလား။ ဒါဆို ဒီလိုသေဆုံးခြင်းကတောင် လုံလောက်အောင် အရေးမပါဘူးလို့ မင်းက ဆိုလိုတာလား”
ထိုလူငယ်သည် ကျယ်လောင်စွာ ညည်းညူလိုက်မိရင်း အမဲလိုက်ခွေးများ၏ အာရုံကို ပြန်လည် ဖမ်းစားလိုက်နိုင်သည်။
အမဲလိုက်ခွေးများသာမက အန်ညာသည်ပင် သူ့အား သရဲတစ္ဆေတစ်ဦးပမာ ထိတ်လန့်စွာဖြင့် ကြောင်အ၍ စိုက်ကြည့်နေမိကြလေသည်။
“ငါ့ကို သူတို့ ထပ်သတ်တာခံသင့်လား။ ဒါဆိုရင် အဆင့်နဲနဲပိုမြင့်သွားနိုင်မလား။ မသိတော့ဘူးကွာ။ ခွန်အားပိုကြီးလာဖို့အတွက် ပိုပြီး ရင်သပ်ရှုမောစရာကောင်းတဲ့ သေဆုံးနည်းတစ်ခုခုကိုတော့ ရှာထားမှ ဖြစ်တော့မယ်”
...
ထိုအချိန် မြောက်ပိုင်းတိုက်ရှိ အန်ညာတို့ကြုံတွေ့နေရသော အချင်းအရာများကို မသိရှိနိုင်သည့် အာရန်တစ်ယောက်မှာမူ သန့်စင်ဘုရားကျောင်းအဝင်ဝသို့ ရောက်ရှိသွားခဲ့ပြီး ၎င်းတို့အပေါ် ယုံကြည်မှုများ ဆုံးရှုံးသွားသည့်သူများကို ဘုရားကျောင်းမှ မည်သို့ကိုင်တွယ်နေသည်ကို သိရှိလိုက်ရသဖြင့် အတော်လေး စိတ်အနှောင့်အယှက်ဖြစ်နေပုံရလေသည်။
#Catfoot