ခေါင်းတလားနီ (အပိုင်း ၁၀)
Vol. 19 Ch. 271
ဒုန်း!
ဒီစကားတွေ ပြောလို့မဆုံးသေးဘူး၊ သူ့ဗိုက်ထဲကို တိုးဝင်လာတဲ့ အေးစိမ့်စိမ့် ခံစားချက်ကို ခံစားလိုက်ရပြီး၊ နောက်မှာတော့ ပြင်းထန်တဲ့ နာကျင်မှုလှိုင်းတစ်လုံးက ရိုက်ခတ်လာသည်။
အဲဒီအချိန်မှာ ယန်ကျွင်းဇဲက တစ်ဖက်လူက သူ့ဗိုက်ထဲကို တစ်ခုခုနဲ့ ထိုးဖောက်လိုက်တယ်ဆိုတာကို ကောင်းကောင်းသိလိုက်သည်။ လက်သည်းဖြစ်ကောင်းဖြစ်နိုင်သည်။
ပြန်ရစ်!
ဒီတစ်ကြိမ်မှာတော့ ယန်ကျွင်းဇဲက အချိန်နောက်ပြန်ရစ်တဲ့အခါ လူပုံစံက သူ့ဆီ ချဉ်းကပ်လာပြီး သူ့အနားမှာ ရပ်လိုက်တဲ့အချိန်ကို တမင်တကာ ရွေးချယ်လိုက်သည်။
သူ့ဘေးမှာ တိတ်ဆိတ်စွာ ရပ်နေလိမ့်မယ်ဆိုတာကို သိတဲ့အတွက် အချိန်တိုင်းဟာ အရေးကြီးသည်။ အပြင်မှာ ကျန်းရှောင်မို အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် ယန်ကျွင်းဇဲက အချိန်မဖြုန်းနိုင်ပေ။
လူပုံစံက ရပ်လိုက်တာနဲ့ သူက အသံကို နှိမ့်ပြီး “အထီးကျန်သလို ခံစားရလား” လို့ မေးလိုက် လေသည်။
သူ့ရှေ့မှာ ရှိနေတဲ့လူက ဘာမှတုံ့ပြန်မှုမရှိသလို လှုပ်ရှားမှုလည်း မရှိပေ။ ဒီတစ်ကြိမ်မှာတော့ ချက်ချင်းတိုက်ခိုက်မှုမျိုး မရှိတော့ပေ။
“ပြောစရာတစ်ခုခုရှိရင် ကျွန်တော့်ကို ပြောလို့ရပါတယ်။ ကျွန်တော်က ခင်ဗျားအတွက် အကောင်းဆုံး ပရိသတ် ဖြစ်ပေးနိုင်တယ်” ယန်ကျွင်းဇဲက အသက်အန္တရာယ်နဲ့ တွေ့ကြုံရတဲ့ အတွေ့အကြုံတိုင်းဟာ ထူးဆန်းမှုတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ကျွမ်းကျင်မှုတွေ တိုးတက်လာတယ်လို့ ခံစားမိသည်။
ထိုလူက ရှေ့ကို ကိုင်းညွှတ်လိုက်တော့ သူတို့ရဲ့မျက်နှာတွေက တစ်ယောက်နဲ့တစ်ယောက် နီးကပ်သွားကြ လေသည်။
ပိုပြီးအေးစက်တဲ့ ခံစားချက်က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ ယန်ကျွင်းဇဲက သူ့အင်္ကျီကော်လံကို ဆွဲလိုက်တယ်။ ဒေါသ ထွက်လာမှာကို စိုးရိမ်တာကြောင့် သူ နောက်ကိုမဆုတ်တော့ဘဲ ထိုလူက သူ့နားကို ကပ်လာတာကို ခွင့်ပြုလိုက်သည်။
မကြာခင်မှာပဲ သူ့နားထဲကို အေးစက်တဲ့အသံတစ်သံ ထွက်ပေါ်လာသည်။
ယန်ကျွင်းဇဲက အသက်ကိုအောင့်ပြီး အာရုံစိုက်နားထောင်လိုက်တယ်။ ဒါပေမယ့် စက္ကန့်အနည်းငယ်အကြာမှာတော့ သူစိတ်ရှုပ်ထွေးသွားလေသည်။
ထိုလူက မြန်မြန်မပြောပါချေ။ ဒါပေမယ့် ယန်ကျွင်းဇဲရဲ့နားထဲမှာတော့ နားမလည်နိုင်ဖြစ်နေသည်။
ဘာဖြစ်လို့လဲဆိုတော့ ထိုလူက ဒေသခံစကားတစ်ခုကို ပြောနေလို့ဖြစ်သည်။ ဒါက အင်မတန်မှကို နားလည်ရခက်တဲ့ ဒေသစကားတစ်ခုဖြစ်သည်။
ထိုစကားလုံးတွေက နှေးကွေးစွာထွက်လာသည်။ အေးစက်စက် ဥမင်ထဲမှာ ယန်ကျွင်းဇဲရဲ့နားပတ်လည်ကို ပိုးမွှားတွေ တွားသွားနေသလိုပဲ၊ မခံမရပ်နိုင်လောက်အောင် ယားယံနေပေမယ့် တစ်လုံးမှ နားမလည်နိုင်ခဲ့ပေ။
ခဏအကြာမှာတော့ ထိုလူက စကားတွေ ပြောတာ ပြီးသွားပြီး ယန်ကျွင်းဇဲရဲ့အဖြေကို စောင့်နေပုံရသည်။
ယန်ကျွင်းဇဲက လုံးဝကို စိတ်ရှုပ်ထွေးသွားပြီး ထိုလူရဲ့ ထူးခြားတဲ့အသံနဲ့ “ခင်ဗျား... မြို့တော်ရဲ့… ရုံးသုံးဘာသာစကားကို... ပြောတတ်လား” လို့ စမ်းသပ်မေးကြည့်လိုက်သည်။
ထိုလူက အရင်တိတ်ဆိတ်နေပြီးမှ အသံကိုနှိမ့်ကာ စကားတစ်ချို့ကို ပြောလိုက်သည်။
မေးခွန်းထုတ်နေတာပဲဖြစ်ဖြစ်၊ ဒေါသထွက်နေတာပဲဖြစ်ဖြစ် ဖြစ်နိုင်ချေရှိသည်။
ဒါပေမယ့် ဒေါသထွက်နေရင်တောင် အသံမကျယ်ရဲပေ။ ဘာဖြစ်လို့လဲဆိုတော့... တစ်ခုခုကို ရှောင်နေပုံရသည်။
ဒီအတိုင်းဆို အဆင်မပြေနိုင်တော့ဘူး၊ ယန်ကျွင်းဇဲ စိတ်ပူသွားသည်။
တစ်ဖက်လူရဲ့ဘာသာစကားကို နားမလည်နိုင်ရင် ဘယ်လိုဆက်သွယ်မလဲ၊ လက်ဟန်ခြေဟန်နဲ့လား။
ဒီအမှောင်ထဲမှာ လက်ဟန်ခြေဟန်နဲ့ ဆက်သွယ်ရင်တောင် ဘာမှ မြင်နိုင်မှာ မဟုတ်ပေ။ ဒါ့အပြင် တာဝန်က “တီးတိုးပြော”တာဖြစ်လို့ စကားပြောတာက လုံးဝလိုအပ်နေသည်။
စဉ်းစားနေတုန်းမှာပဲ ထိုလူက ရုတ်တရက် သုံးလေးလုံးပဲပါတဲ့ စကားစုတစ်ခုကို ပြောလိုက်သည်။ ယန်ကျွင်းဇဲက အဲဒီစကားစုရဲ့ အသံထွက်ကို အလောတကြီး မှတ်လိုက်ပြီး ချက်ချင်း “ပြန်ရစ်ခြင်း”ကို စတင်လိုက်သည်။
တစ်ခဏအတွင်းမှာပဲ သူဟာ အနီရောင်ခေါင်းတလားရဲ့အပြင်ဘက်၊ ကျန်းရှောင်မိုရဲ့ရှေ့မှာ ပြန်ရောက်နေခဲ့သည်။
ကျန်းရှောင်မိုက နံရံမှာမှီနေပြီး ယန်ကျွင်းဇဲက “နတ်ဆိုးနှိမ်နှင်သူတွေက အများအားဖြင့် လေ့ကျင့်ရေး ဒါမှမဟုတ် ဒေသစကားတွေကို သင်ယူရလား” လို့ မေးလိုက်သည်။
သူ့ရဲ့ခန့်မှန်းချက်အရ မြို့တော်တစ်ခုလုံးကို မကြာခဏသွားပြီး နတ်ဆိုးနှိမ်နှင်ပေးရတဲ့ နတ်ဆိုးနှိမ်နှင်သူတွေက အခြေခံဒေသစကားတွေကို ရင်းနှီးသင့်သည်။
ကျန်းရှောင်မိုက ခေါင်းညိတ်ပြီး “ဘာလို့ အဲဒါကိုမေးတာလဲ” လို့ မေးလိုက်သည်။
ယန်ကျွင်းဇဲက ရှင်းပြဖို့ အချိန်မရှိဘူး၊ သူအလွယ်တကူ မေ့သွားနိုင်တဲ့ ဒေသစကားကို အသံမပီမသနဲ့ ပြန်ရွတ်ရင်း “ဒီဝါကျကို နားလည်လား။ ဘာကိုဆိုလိုတာလဲ” လို့ အလျင်အမြန် မေးလိုက်လေသည်။
ကျန်းရှောင်မိုက ခဏတာ အံ့အားသင့်သွားပြီး သူမရဲ့ကျော့ရှင်းတဲ့ မျက်ခုံးတွေက နည်းနည်းလေး တွန့်သွားသည်။ “ဘာလို့ ဒီဟာကို မေးတာလဲ”
“နားလည်လား” ယန်ကျွင်းဇဲက ပြန်မေးလိုက်သည်။
“နားလည်တယ်” ကျန်းရှောင်မို ခေါင်းညိတ်လိုက်သည်။ “ဒါက တျန်မုန်မြို့က မြေတိုင်အနောက်ပိုင်းဒေသက ဒေသစကားပဲ။
အခုချိန်ထိ သုံးစွဲနေသေးတယ်။ ဒါပေမယ့် အဲဒီကလူအများစုက မြို့တော်ရဲ့ ရုံးသုံးဘာသာစကားကိုလည်း ပြောတတ်ကြတယ်။ သက်ကြီးရွယ်အို မိုင်တိုင်ဒေသခံတွေကလွဲလို့ မြေတိုင်ဒေသစကားကို ပြောတာ ရှားပါတယ်”
“ဒီဝါကျက ဘာကိုဆိုလိုတာလဲ” ယန်ကျွင်းဇဲက မေးလိုက်သည်။
“မမပ!” ကျန်းရှောင်မိုက မျက်နှာအမူအရာ မပြောင်းဘဲ ပြန်ဖြေလိုက်လေသည်။
ယန်ကျွင်းဇဲ။ “…”