← Chapters

ခေါင်းတလားနီ (အပိုင်း၁၆)

Vol. 19 Ch. 277

ခေါင်းတလားနီ (အပိုင်း၁၆)

Vol. 19 Ch. 277

ရန်ကျွင်းဇဲရဲ့အသံက သူမနားထဲကို ရုတ်တရက်ရောက်လာခဲ့သည်။ ထိုအသံက အရမ်းကို တိုးတိတ်ပေမဲ့ ကျန်းရှောင်မိုမှာတော့ ရန်ကျွင်းဇဲရဲ့အသံကို ခွဲခြားနိုင်တဲ့ ထူးခြားတဲ့စွမ်းရည်ရှိနေခဲ့သည်။

သူမ အနည်းငယ်လန့်သွားပြီး မျက်လုံးတွေကို လျင်မြန်စွာဖွင့် ကြည့်ဖို့ကြိုးစားခဲ့ပေမဲ့ ဘာကိုမှ မမြင်ခဲ့ရပေ။

ကျန်းရှောင်မိုရဲ့နောက်၌ ရေထဲ ၂ မီတာလောက်အကွာမှာ ရေစီးကြောင်းက ရုတ်တရက် လှုပ်ရှားသွားပြီးတော့ အနက်ရောင်ဆံပင်အစုအဝေးကြီးတစ်ခု ပေါ်လာခဲ့သည်။

ထိုဆံပင်တွေက အသက်ရှိနေပုံရပြီး ပေါ်လာပြီးနောက် ကျန်းရှောင်မိုဆီကို ထိတ်လန့်ဖွယ်ရာ ရွေ့လာခဲ့လေသည်။ ရေစီးကြောင်းနဲ့အတူ ဖြည်းညှင်းစွာရွေ့လျားရင်း ခရမ်းရောင်ပင်လယ်ရေခူတစ်ကောင်လို ကျန်းရှောင်မိုရဲ့ခြေထောက်တွေဆီကို ချဉ်းကပ်လာခဲ့သည်။

ဒီအချိန်မှာတော့ ကျန်းရှောင်မိုက ရန်ကျွင်းဇဲ၏အသံလာရာကို ရှာဖို့ ခေါင်းတလားအထဲကို ခေါင်းလှည့်ပြီး ကြည့်နေခဲ့လေသည်။

သူမ ဘာကိုမှ မမြင်ရဘူးဆိုတာ သိလိုက်ရတော့ သူမလည်း ရန်ကျွင်းဇဲလိုပဲ အသံကျယ်ကျယ်နဲ့ အော်ခေါ်လိုက်သည်။

“ရန်ကျွင်းဇဲ၊ မင်းဘယ်မှာလဲ။ မင်းရဲ့အသံကို ငါကြားနေရသည်၊ ဒါပေမဲ့ မမြင်ရဘူး…”

“မင်းကို မမြင်ရဘူး” ဆိုတဲ့ စကားလုံးတွေ သူမမပြောခင်မှာပဲ ကျန်းရှောင်မိုဟာ ရေထဲမှာရှိတဲ့ သူမရဲ့ညာဘက်ခြေထောက်ကို တစ်ခုခုက သူမကို ရစ်ပတ်လိုက်သလိုကျဉ်းကျပ်လာသလိုမျိုး ခံစားလိုက်ရသည်။

ပြီးတော့ ကြီးမားတဲ့အင်အား တစ်မျိုးက သူမကို ရုတ်တရက် ဆွဲထုတ်လိုက်လေသည်။

သူမရဲ့ခေါင်းက ရေထဲကို ပြန်ကျသွားခဲ့ပြီးတော့ စိတ်လှုပ်ရှားမှုနဲ့ ရုတ်တရက် ဖြစ်ပျက်လာတဲ့ကိစ္စကြောင့် သူမက အသက်တစ်ဝက်လောက်ပဲအောင့်ထားနိုင်ခဲ့

ပြီး လုံလောက်မှုမရှိခဲ့ပါချေ။

ကျန်းရှောင်မိုက သူမရဲ့ခြေထောက်တွေကို ပြန်ကြည့်လိုက်တဲ့အခါ သူမရဲ့ညာဘက်ခြေထောက်ကို အနက်ရောင်ဆံပင်အစုအဝေးကြီးတစ်ခုက ရစ်ပတ်ထားပြီး ဘယ်ဘက်ခြေထောက်ကိုလည်း အသက်ရှိနေသလိုမျိုး လာရောက်ရစ်ပတ်နေတာကို မြင်လိုက်ရတော့ တုန်လှုပ်သွားခဲ့လေသည်။

ထိုအချိန်မှာ သူမ လွန်ခဲ့တဲ့အချိန်အကြာကြီးကတည်းက မေ့ထားခဲ့တဲ့ မှတ်ညဏ်တစ်ခု သူမရဲ့စိတ်ထဲမှာ ပေါ်ပေါက်လာခဲ့လေသည်။

ထိုအချိန်တုန်းက ကျန်းရှောင်မိုဟာ သူမရဲ့အကြောက်တရားက ရေနစ်သေဆုံးမှာကို ကြောက်တာမဟုတ်ဘဲ အလွန်ကြာပြီဖြစ်တဲ့ အလယ်တန်းကျောင်းတက်တုန်းက ကျောင်းအပြန်လမ်းမှာ ကန်တစ်ခုထဲကနေ မိန်းမတစ်ယောက်အလောင်းကို အရေးပေါ်အရာရှိတွေက ဆယ်ယူနေတာကို မြင်တွေ့ခဲ့ရလေသည်။

သူမက ထိုမြင်ကွင်းကို ရုတ်တရက်တွေ့လိုက်ရလို့ အလိုလိုနေရင်းကြောက်လန့်သွားခဲ့တာကြောင့် ဖူးယောင်နေတဲ့အလောင်းကို အနီးကပ်မကြည့်ခဲ့ရပါချေ။ သူမက ရေပေါ်မှာ ပေါလောပေါ်နေတဲ့အလောင်းရဲ့ အနက်ရောင်ဆပင်ရှည်၊ အနက်ရောင်ဆံပင်တွေ အများအပြားရှိနေတာကိုပဲ အဝေးကနေ မြင်လိုက်ရလေသည်။

အချိန်တွေကုန်လွန်သွားခဲ့ပြီး ရေပေါ်မှာ ပေါလောပေါ်နေတဲ့အလောင်းရဲ့ မျက်နှာကို သူမတကယ်မမြင်ခဲ့ရပေမဲ့ ထိုအနက်ရောင်ဆံပင်အစုအဝေးကတော့ ကျန်းရှောင်မိုရဲ့မှတ်ဉာဏ်ထဲမှာ မပျောက်ပျက်နိုင်တဲ့ အကြောက်တရားကို ချန်ထားခဲ့လေသည်။

ဒီအချိန်မှာ သူမမျက်လုံးရှေ့က ရေထဲမှာ ပေါလောပေါ်နေတဲ့ အနက်ရောင်ဆံပင်တွေက သူမမေ့ပစ်ဖို့ကြိုးစားနေခဲ့တဲ့ ပေါလောပေါ်နေတဲ့အလောင်းရဲ့ဆံပင်တွေနဲ့ တူနေခဲ့လေသည်။

အကြောက်တရားတက သူမနှလုံးသားကို ဖုံးလွှမ်းသွားခဲ့ပြီးတော့ ကျန်းရှောင်မိုလည်း သူမခြေထောက်တွေကို ချက်ချင်းကန်လိုက်ပေမဲ့ ဆံပင်အစုအဝေးကြီးကို ဖယ်ရှားလို့မရခဲ့ပါချေ။

သူမက သံလိုက်ဓားကို အသုံးချပြီးတော့ သူမရဲ့ခြေထောက်တွေမှာ ရစ်ပတ်နေတဲ့ဆံပင်တွေကို ဝှေ့ယမ်းပြီး ခုတ်ဖြတ်လိုက်လေသည်။

သံလိုက်စွမ်းအားထည့်သွင်းထားတဲ့ ဓားသွားမှာ အပြာရောင်အလင်းတန်းတစ်ခု ပေါ်လာခဲ့ပြီးတော့ ရေတွေကို ဘေးဘက်ကို အနည်းငယ်ခွဲပေးလိုက်ကာ ဆံပင်အစုအဝေးကြီးတစ်ခု ပြတ်သွားခဲ့လေသည်။

ဒါပေမဲ့ ထိုအချိန်မှာပဲ နောက်ထပ် ဆံပင်တွေက သူမရဲ့ခြေထောက်နှစ်ဖက်လုံးကို ရစ်ပတ်လာခဲ့လေသည်။

ကျန်းရှောင်မိုရဲ့ ထိတ်လန့်မှုက အမြင့်ဆုံးအဆင့်ကို ရောက်ရှိသွားခဲ့ပြီး သူမက အင်အားသုံးပြီး ကန်နေပေမဲ့ လွတ်အောင်ရုန်းကန်လို့ မရနိုင်တော့ပါချေ။

သူမအမြန်အောင့်ထားခဲ့တဲ့ အသက်ရှုမှုကလည်း ကုန်သွားခဲ့ပြီးတော့ ထိုအချိန်မှာ သူမရဲ့နှုတ်ခမ်းတွေက အနည်းငယ်ဟသွားခဲ့ပြီး ရေကို မသိစိတ်နဲ့ သောက်လိုက်မိလေသည်။

ရေတွေက သူမရဲ့အဆုတ်ထဲကို အလျင်အမြန်သွားပြီး သူမရဲ့ခေါင်းထဲမှာ လေတွေတိုးသွားသလို ဖြစ်သွားခဲ့ပြီးတော့ သူမသတိလစ်တော့မလို ဖြစ်သွားခဲ့လေသည်။

ပထမဆုံးရေက ထွက်သွားပြီးနောက် ဒုတိယ၊ တတိယ… ရေများစွာဟာ သူမရဲ့အဆုတ်ထဲကို ဝင်ရောက်သွားခဲ့ပြီးတော့ ဆံပင်တွေကတော့ သူမရဲ့ခြေထောက်တွေမှာ ရစ်ပတ်နေတုန်းပါပဲ။ ကျန်းရှောင်မိုလည်း ရုန်းကန်ဖို့ အရိပ်အယောင်တောင် မပြနိုင်တော့ပါချေ။

သူမလက်မောင်း ကားယားဖြစ်နေပြီး ရေထဲမှာ ပေါလောပေါ်နေလေသည်။

နောက်တစ်စက္ကန့်မှာ သူမရဲ့ညာဘက်လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ စူပါစွမ်းအင်ပေါက်ကွဲမှု ဆွဲသီးကို ဘန်းခနဲ ဖောက်ခွဲလိုက်လေသည်။

ပေါက်ကွဲမှုကနေ ဖြစ်ပေါ်လာတဲ့ ပြင်းထန်တဲ့လေထုက သူမရဲ့ခန္ဓာကိုယ်ပတ်လည်မှာရှိတဲ့ ရေတွေကို ဖယ်ရှားပစ်လိုက်ပြီး မကြာခင်မှာပဲ အရာအားလုံးကို ကြီးမားတဲ့အင်အားနဲ့ အပြင်ကို တွန်းထုတ်လိုက်ပါတော့သည်။

ဤအရာတွေထဲမှာ မြေပြင်ပေါ်မှာရှိနေတဲ့ ခေါင်းတလားလည်း ပါဝင်ခဲ့ပြီး လျှောခနဲအသံနဲ့အတူ ထောင့်တစ်နေရာ မီတာအနည်းငယ်အကွာ ရွေ့သွားခဲ့လေသည်…။

ခေါင်းတလားအတွင်းနေရာက လှိုင်းထန်ပြီး တုန်ခါသွားခဲ့လေသည်။

အမှောင်ထုထဲမှာ ရန်ကျွင်းဇဲက လွန်ခဲ့တဲ့ခုဏကမှ ကျန်းရှောင်မိုရဲ့အဖြေကို ကြားလိုက်ရတော့ ဒီနည်းဗျူဟာက တကယ်အလုပ်ဖြစ်တာပဲဆိုပြီး သူ့ရဲ့နှလုံးသားထဲမှာ အစပိုင်းမှာ စိတ်သက်သာရာရသွားခဲ့ပေမဲ့ အသံတွေက ထပ်မလာတော့ပါချေ။

သူ အကြိမ်အနည်းငယ်အော်ခေါ်လိုက်ပြီးတော့ ဒီအချိန်အတွင်းမှာ ထူးဆန်းမှုတွေ ဘာမှမပေါ်လာတာကို သူကံကောင်းသည်လို့ ခံစားလိုက်ရလေသည်။

ကြောင်မျက်နှာနဲ့ဘွားကြီးလည်း မရှိ၊ နွားခေါင်းနဲ့ ထူးဆန်းမှုလည်းမရှိ၊ ကောင်မလေးလက်သေးသေးလေးက သူ့ရဲ့ခြေကျင်းဝတ်ကို လာဆွဲတာမျိုးလည်း မရှိခဲ့ပေ။

အကြိမ်အနည်းငယ်အော်ခေါ်ပြီးနောက်မှာတော့ သူ့ရဲ့ခေါင်းအထက်မလှမ်းမကမ်းမှာ တုန်ခါမှုတစ်ခုကို သူခံစားလိုက်ရလေသည်။ ဒါပေမဲ့ ထိုနေရာကိုတော့ သူ အတိအကျမဖော်ပြနိုင်သေးပါချေ။

ရန်ကျွင်းဇဲက အံ့ဩသွားပြီး ချက်ချင်းပဲ “မကောင်းတော့ဘူး” လို့ အော်လိုက်မိသည်။

ဒီတုန်ခါမှုအာရုံက ကျန်းရှောင်မို “စူပါစွမ်းအင်ပေါက်ကွဲမှု” ဆွဲသီးကို ဖောက်ခွဲတာမဟုတ်ရင် ဘယ်အရာကမှ ဒီလောက်ကြီးမားတဲ့ ဆူညံသံကို ဖြစ်ပေါ်စေနိုင်မယ်လို့ သူ မတွေးနိုင်ပါချေ။

အချိန်ပြန်ရစ်!

ဘယ်လိုမှ ချီတုံချတုံမဖြစ်ဘဲ ရန်ကျွင်းဇဲက ကျန်းရှောင်မိုကို ပထမဆုံးအကြိမ်အော်ခေါ်တော့မယ့် အချိန်ကို ပြန်ရစ်လိုက်လေသည်။

အချိန်ပြန်ရစ်လိုက်တဲ့အခါ ကျန်းရှောင်မိုရဲ့အဖြေလာတဲ့အရပ်ကို မူတည်ပြီး ရန်ကျွင်းဇဲက အကြမ်းဖျင်းအရပ်မျက်နှာကို ခန့်မှန်းလိုက်ပြီး ဘေးက ထူးဆန်းတဲ့လူကို ခေါင်းလှည့်ပြီးပြောလိုက်လေသည်။

“ငါ့နောက်လိုက်ခဲ့။ ညာဘက်အရှေ့ကို ၁၅ မီတာလောက်တွားသွားကြမယ်။”

သူတို့က လျင်လျင်မြန်မြန်တွားသွားခဲ့ကြပြီး အချိန်မဖြုန်းဘဲ ရန်ကျွင်းဇဲက ခေါင်းမော့ကြည့်ပြီး အော်ပြောလိုက်လေသည်။

“ကျန်းရှောင်မို၊ ငါပြောတာကြားလား။”

ကျန်းရှောင်မိုရဲ့အသံက ရန်ကျွင်းဇဲရဲ့ခေါင်းအထက် ၂-၃ မီတာလောက်ကနေ ထွက်ပေါ်လာခဲ့လေသည်။

“အင်း၊ ငါကြားတယ်၊ မင်းဘယ်မှာလဲ…”

စကားလုံးတွေက ရုတ်တရက်ပြတ်တောက်သွားခဲ့သည်။

“ကျန်းရှောင်မို။” ရန်ကျွင်းဇဲက ချက်ချင်းပဲ စကားပြောလိုက်ပြီး မကောင်းတဲ့အာရုံတစ်ခုက သူ့ကို ဖုံးလွှမ်းသွားခဲ့လေသည်။

သူ့ရဲ့အချိန်ကိုက်မှုအရဆိုရင် နောက်တစ်ဖက်ကလည်း ထိုအချိန်မှာပဲ အဖြေပေးတာရပ်လိုက်ရမှာဖြစ်ပြီး နောက်ဆုံးအချိန်ပြန်မရစ်ခင်မှာ ကျန်းရှောင်မိုက စူပါစွမ်းအင်ပေါက်ကွဲမှုကို ပြတ်သားစွာ ဖောက်ခွဲလိုက်လေသည်။

ရန်ကျွင်းဇဲက သူမအပြင်ဘက်မှာ အန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ခန့်မှန်းလိုက်မိသည်။

အချိန် ထပ်ပြန်ရစ်!

အချိန်ပြန်ရစ်ပြီးနောက် ရန်ကျွင်းဇဲက ဘေးနားက ထူးဆန်းတဲ့လူကို “ထူးဆန်းမှုနှောင့်ယှက်ရေး”ကိရိယာကိုသယ်ပြီး သူဆုံးဖြတ်ထားတဲ့နေရာကို လိုက်လာဖို့ ချက်ချင်းပဲပြောလိုက်ပါတော့သည်။

All Chapters