← Chapters

ပုံသဏ္ဌာန်ပြောင်းခြင်း (၁)

Vol. 19 Ch. 280

ပုံသဏ္ဌာန်ပြောင်းခြင်း (၁)

Vol. 19 Ch. 280

ကျန်းရှောင်မိုဟာ လွန်ခဲ့တဲ့ ခုဏကပဲ အလွန် အန္တရာယ်ရှိတဲ့ အနီရောင်ခေါင်းတလားက သူမရဲ့ မျက်စိရှေ့တင် ဘယ်လိုများ လုံးဝပျက်စီးသွားလဲဆိုတာကို စိတ်ကူးမယဉ်နိုင်ခဲ့ပါချေ။

ပြီးတော့ ပျက်စီးသွားပုံကလည်း စိတ်ကူးမယဉ်နိုင်လောက်စရာပါပဲ။

သူမဟာ အနီရောင်ခေါင်းတလားရဲ့ အကြီးမားဆုံး ကြောက်စရာကောင်းမှုက လူတိုင်းရဲ့ ရင်ထဲမှာ ဖုံးကွယ်ထားတဲ့ အနက်ရှိုင်းဆုံးသော ကြောက်ရွံ့မှုတွေကို လှုံ့ဆော်ပြီးတော့ အဲဒီကြောက်ရွံ့မှုတွေကို ပုံဖော်နိုင်တာပါပဲဆိုတာကို နားလည်သွားခဲ့လေသည်။

ဥပမာအားဖြင့် သူ့မ ပခုံးအပုတ်ခံရတဲ့အကြောင်းအရာနဲ့ ရေထဲက ဆံပင်တွေကို ကြောက်ရွံ့မှုမျိုးပါပဲ။ သို့ပေမဲ့ ယန်ကျွင်းဇဲက အခန်းထဲ နောက်ကျမှ ဝင်လာတာကြောင့် သူ့ရဲ့ ကြောက်ရွံ့မှုက ဘာလဲဆိုတာကို မသိလိုက်ရပါချေ။

သို့သော်လည်း လွန်ခဲ့တဲ့ ခုဏလောက်က ခေါင်းတလားထဲကနေ အဲဒီ ဧရာမတိုင်တွေ ထွက်လာတဲ့အခါ ကျန်းရှောင်မိုဟာ ဒါက ယန်ကျွင်းဇဲရဲ့ ကြောက်ရွံ့မှုပဲဆိုတာကို သဘောပေါက်သွားခဲ့လေသည်။

သူမ နားမလည်တာကတော့ ဒီတိုင်တွေဟာ ဘယ်လိုကြောက်ရွံ့မှုမျိုးကနေ ဆင်းသက်လာတာလဲဆိုတာကိုပဲဖြစ်ပြီး ဒါက ယန်ကျွင်းဇဲ တကယ်ပဲ အရင်က ကြုံဖူးတာမျိုး မဖြစ်နိုင်လောက်ဘူးလား။

တကယ်လို့ သူသာ အရင်က ကြုံဖူးတယ်ဆိုရင် အဲဒါက တကယ်ကို ကြောက်စရာကောင်းမှာပါ။

ကျန်းရှောင်မိုက သူ့ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတာကိုမြင်တော့ ယန်ကျွင်းဇဲ ပြုံးပြီး ပြောလိုက်လေသည် “ ခုဏလောက်က ဧရာမတိုင်ကြီးက ငါ ကလေးဘဝတုန်းက ဖတ်ခဲ့ဖူးတဲ့ ကာတွန်းတစ်ခုထဲက ဇာတ်ကောင်တစ်ယောက်ပဲ။ ကာတွန်းကို ပထမဆုံးအကြိမ် ဖတ်တာ ဖတ်ပြီးတော့ တစ်ညလုံး ကြောက်လို့ မအိပ်နိုင်ခဲ့ဘူး။”

“ကြောက်စရာ ကာတွန်းလား” လို့ ကျန်းရှောင်မိုက သိချင်စိတ်နဲ့ မေးလိုက်လေသည်။

“ဟုတ်သလိုလိုပါပဲ” လို့ ယန်ကျွင်းဇဲ ခေါင်းညိတ်လိုက်လေသည်။

“ဒါဆို ခုနက ဧရာမတိုင်ကြီးက…” ကျန်းရှောင်မိုက သစ်သားပြားပုံဘက်ကို လက်ညှိုးထိုးပြလိုက်လေသည်။

“မင်း ဘော့စ် ကဲယ် လို့ ခေါ်နိုင်တယ်” လို့ ယန်ကျွင်းဇဲက ပြောလိုက်လေသည်။

ကျန်းရှောင်မို နားမလည်တဲ့ပုံ ပေါ်တာကိုမြင်တော့ သူဟာ ပခုံးတွန့်ပြီး ရှင်းပြလိုက်လေသည် “ဘော့စ် ကဲယ်က ဘယ်သူလဲဆိုတာကို ခဏလောက် မစဉ်းစားနဲ့ဦး။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလူက ငါ့ကို ကလေးဘဝတုန်းက တကယ်ကို အရမ်းကြောက်စေခဲ့တယ်။ ဒါပေမဲ့ အခုတော့ ငါ မကြောက်တော့ပါဘူး။ ခုနက ဒီအနီရောင်ခေါင်းတလားကို ဖျက်ဆီးဖို့အတွက် ငါ ဘော့စ် ကဲယ်နဲ့ ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့တုန်းက ကြောက်ရွံ့မှု ခံစားချက်ထဲကို တမင်တကာ နစ်မြုပ်လိုက်ပြီး အဲဒီကြောက်ရွံ့မှုကို အဆက်မပြတ် သတိရပြီး ရှာဖွေခဲ့တယ်။

အဲဒီကြောက်ရွံ့မှုကို တွေ့တာနဲ့ အနီရောင်ခေါင်းတလားက ခံစားမိပြီး ဘော့စ် ကဲယ်ရဲ့ ပေါ်ပေါက်လာမှုကို ဖြစ်ပေါ်စေတာ သေချာပြီလို့ ငါ သဘောပေါက်ခဲ့တယ်။”

အခုဆိုရင် အနီရောင်ခေါင်းတလားဟာ လူသားတွေ ဒါမှမဟုတ် ထူးဆန်းမှုတွေရဲ့ ကြောက်ရွံ့မှုကို လှုံ့ဆော်တဲ့အခါတိုင်း ခေါင်းတလားအတွင်းပိုင်းမှာ ပေါ်လာတဲ့အရာဟာ တကယ်ကို ရှိနေပုံရလေသည် ခုဏလောက်က ပြည့်နှက်နေတဲ့ ရေလိုမျိုးပေါ့။

ဒီအခန်းရဲ့ နံရံတွေ မျက်နှာကျက်တွေအပါအဝင် အားလုံးဟာ ရေတွေ စိုစွတ်နေတာက ရေတွေ တကယ်ရှိနေတယ်ဆိုတာကို သက်သေပြနေလေသည်။

ပြီးတော့ ကျန်းရှောင်မိုရဲ့ ပခုံးကို ပုတ်ခဲ့တဲ့ ထူးဆန်းမှုကလည်း တကယ်ပဲ သူမရဲ့ ဦးလေးပုံစံကို ယူထားခဲ့တာ ဖြစ်နိုင်လေသည်။ တကယ်လို့ ကျန်းရှောင်မိုသာ လှည့်ကြည့်ခဲ့ရင် သူမဟာ သူမရဲ့ ဘဝတစ်လျှောက်လုံးအတွက် နောက်ထပ် ဦးလေးတစ်ယောက် ပိုင်ဆိုင်ခဲ့ရမှာပါ။

ရေထဲက ဆံပင်နက်အစုအဝေးအတွက်ကတော့ အနီရောင်ခေါင်းတလားက ပုံဖော်ပေးပြီးတဲ့နောက်မှာ တကယ်ကို ရှိနေခဲ့ပြီး [တီးတိုးသံများ] တာဝန်ထဲက ထူးဆန်းမှုက စုပ်ယူသွားခဲ့တာကြောင့် ယန်ကျွင်းဇဲနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ဝိုင်းရံခံရခြင်းကနေ လွတ်မြောက်သွားခဲ့လေသည်။

ဒါကြောင့် ပြောရရင် ယန်ကျွင်းဇဲရဲ့ ကြောက်ရွံ့မှု စတင်ပြီးနောက် ဘော့စ် ကဲယ်ရဲ့ ပေါ်ပေါက်လာမှုဟာ ရှောင်လွှဲလို့မရတော့ပါချေ ပြီးတော့ လူသားတွေရဲ့ မသိစိတ်ကို ကြောက်ရွံ့မှုရဲ့ ထိပ်တန်းကိုယ်စားလှယ်တစ်ဦးအနေနဲ့ ဘော့စ် ကဲယ်ရဲ့ ပေါ်ပေါက်လာမှုက ခေါင်းတလားကို မခံနိုင်အောင် ဖြစ်စေမှာ သေချာပြီး အပြည့်အ၀ ပုံဖော်မလာသေးတဲ့ အစွမ်းထက် ကြောက်ရွံ့မှုကြောင့် ပေါက်ကွဲသွားမှာပါ။

ဟုတ်ပေသည်။ ဒါကလည်း ယန်ကျွင်းဇဲ သေချာစဉ်းစားမှုရဲ့ ရလဒ်ပါပဲ။

ဘာပဲဖြစ်ဖြစ် [အနီရောင်ခေါင်းတလား] ရဲ့ တာဝန်အဆင့်က “ထိတ်လန့်ဖွယ် (နိမ့်)” သာ ဖြစ်ပြီး “ထိတ်လန့်ဖွယ် (နိမ့်)” ရဲ့ တာဝန်အခက်အခဲအတွက် သူဟာ သူ့ရဲ့ ပထမဆုံး မစ်ရှင်ဖြစ်တဲ့ တောင်ကုန်းပန်းခြံ က [‌ ထူးဆန်းသော ပိုးချည်] မှာ လေ့လာပြီးသား ဖြစ်‌ပေသည်။

ဟုတ်‌ပေသည် [ထူးဆန်းသော ပိုးချည်] ထဲက ဘော့စ်ကတော့ အလွန်ထူးဆန်းတဲ့ စွမ်းရည်တစ်ခု ပိုင်ဆိုင်ထားလေသည်။ အမှောင် အဆိပ် ရဲ့ ကူးစက်မှုဟာ အချိန်-ဟင်းလင်းပြင်၏ သက်ရောက်မှုတောင်မှ ဆန့်ကျင်နိုင်ခဲ့ပြီး အဲဒါက ဘော့စ် အဲဒီလောက် အစွမ်းထက်လို့ မဟုတ်ဘဲ ဘယ်လိုအကြောင်းရင်းတစ်ခုခုကြောင့်မှန်းမသိ အမှောင် အဆိပ် ရဲ့ စွမ်းအားဟာ ဘော့စ်ရဲ့ စွမ်းအားကို ကျော်လွန်သွားတာကြောင့်လို့ ယန်ကျွင်းဇဲက အခု သံသယဝင်နေလေသည်။

အဲဒါဟာ မမျှော်လင့်တဲ့ အောင်မြင်မှုတစ်ခုလိုပါပဲ။

ကျန်းရှောင်မို ဘာမှ မပြောတော့ဘဲ မြေပြင်ပေါ်မှာ ပက်လက်လဲလျောင်းပြီး နားနေရင်းနဲ့ ယန်ကျွင်းဇဲရဲ့ ရှင်းပြချက်ကို နားထောင်နေလေသည်။

အနေအထားကြောင့် သူမဟာ ခေါင်းကို တစောင်းစောင်း ငဲ့ထားပြီး ယန်ကျွင်းဇဲကို စိုက်ကြည့်နေလေသည် သူမ မသိလိုက်ခင်မှာပဲ သူမရဲ့ ခေါင်းက သူ့၏ ပေါင်ပေါ်မှာ တင်နေပါပြီ။

အနေအထားက သက်သောင့်သက်သာရှိတာကြောင့် ကျန်းရှောင်မိုက ရွေ့ဖို့ စိတ်ကူးမရှိတော့ဘဲ ယန်ကျွင်းဇဲကလည်း သတိထားမိတော့ အနည်းငယ် ရှက်နေပေမယ့် ကျန်းရှောင်မိုဟာ ခုနကပဲ အသက်ရှူကျပ်မလို ဖြစ်ခဲ့တာကို တွေးပြီး ဘာမှ မပြောဘဲ သူမကို ခဏလောက် ပိုပြီး နားခွင့်ပေးလိုက်လေသည်။

ယန်ကျွင်းဇဲရဲ့ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျန်းရှောင်မိုဟာ မျက်လုံးတွေကို မှိတ်တုတ်မှိတ်တုတ်လုပ်ပြီး သူ့ကိုပဲ စိုက်ကြည့်နေတုန်းပါပဲ။

ယန်ကျွင်းဇဲ ပြုံးပြီး ပြောလိုက်လေသည်။ “ငါ ရှင်းပြပေးရမယ့်အရာ ရှိသေးရင် မေးလို့ရတယ်” လို့ ပြောလိုက်လေသည်။

ကျန်းရှောင်မို ခဏလောက် စဉ်းစားပြီး “ဘော့စ် ကဲယ်က ဘယ်သူလဲ” လို့ မေးလိုက်လေသည်။

ယန်ကျွင်းဇဲ စဉ်းစားလိုက်လေသည် ဒီကမ္ဘာမှာ အဲဒီဒဏ္ဍာရီ ရှိချင်မှ ရှိမှာပါ အခုထိလည်း သူ တစ်ခါမှ မမြင်ဖူးပါဘူး သူ စဉ်းစားပြီး “ပင်လယ်ဓားပြကြီး ကို မင်း ကြည့်ဖူးသလား” လို့ မေးလိုက်လေသည်။

“အင်း” လို့ ကျန်းရှောင်မို ခေါင်းညိတ်လိုက်လေသည်။

ပင်လယ်ဓားပြကြီး ရုပ်ရှင်က ဒီကမ္ဘာမှာ တကယ်ပဲ ရှိနေခဲ့လေသည်။

“အဲဒီထဲက ကပ္ပတိန် ဒေဗစ် ဂျုံးစ် ပုံမှန်အားဖြင့် ရေဘဝဲလူသား လို့ လူသိများတဲ့သူ အင်း ဘော့စ် ကဲယ်က အဲလိုမျိုး တစ်ခုခုပါပဲ” လို့ ယန်ကျွင်းဇဲ ပြောလိုက်လေသည်။

ကျန်းရှောင်မို အံ့အားသင့်သွားပြီးမှ သဘောပေါက်သွားလေသည် “မင်း ပြောတာက မျက်နှာတစ်ခုလုံးကို ရေဘဝဲ လက်တံတွေနဲ့ ဖုံးထားပြီး သူ စကားပြောတဲ့အခါ လက်တံတွေအားလုံး လှုပ်ခါနေတာကြောင့် လူတွေကို အန်ချင်စိတ်ပေါက်လောက်အောင် ရွံစရာကောင်းတဲ့ ကပ္ပတိန်လား” လို့ မေးလိုက်လေသည်။

“ဟုတ်တယ် အဲလိုမျိုး တစ်ခုခုပါပဲ” လို့ ယန်ကျွင်းဇဲ ခေါင်းညိတ်လိုက်လေသည်။

ကျန်းရှောင်မို သူမရဲ့ ရင်ဘတ်ကို ပုတ်ပြီး “ကံကောင်းတာပေါ့ အဲဒီအရာက ခေါင်းတလားထဲကနေ တွားမထွက်လာတာ” လို့ ပြောလိုက်လေသည်။

“ဟုတ်တယ်” လို့ ယန်ကျွင်းဇဲ ရယ်လိုက်လေသည် “အဲဒါသာ ထွက်မလာတာ ကောင်းတာ မဟုတ်ရင် ထျန်မုန့် တစ်မြို့လုံး ဒုက္ခရောက်ကုန်မှာ။”

ဒါပေမဲ့ တခြားတစ်ဖက်မှာလည်း အနီရောင်ခေါင်းတလားရဲ့ စွမ်းရည်တွေနဲ့တောင်မှ ဒီလို အကြီးမားဆုံး ကြောက်ရွံ့မှုကြီးကို အပြည့်အ၀ ပုံဖော်မပေးနိုင်ခဲ့ပါချေ။

“ခဏလောက် ထပ်နားလိုက်ပါဦး ပြီးမှ ငါတို့ အဲဒီလူကို အတူတူ ခေါ်သွားကြတာပေါ့” လို့ ယန်ကျွင်းဇဲက အခန်းရဲ့ ထောင့်မှာ လဲလျောင်းနေတဲ့ ဒဏ်ရာရနေတဲ့ နတ်ဆိုးနှိမ်နှင်သူဘက်ကို ခေါင်းညိတ်ပြပြီး ပြောလိုက်လေသည်။

ကျန်းရှောင်မို အံ့အားသင့်သွားပြီး ကြည့်လိုက်မှ အဲဒီမှာ တစ်ယောက်ယောက် လဲလျောင်းနေတာကို သတိထားမိလိုက်လေသည်။

“နတ်ဆိုးနှိမ်နှင်သူလား” လို့ သူမ မေးလိုက်လေသည်။

“ဟုတ်တယ် လုပ်ဖော်ကိုင်ဖက်တစ်ယောက်။”

ကျန်းရှောင်မို နောက်ထပ် နှစ်ကြိမ်လောက် ချောင်းဆိုးလိုက်ပြီး လက် ထောက်ပြီး ထိုင်လိုက်ကာ သူမရဲ့ ရင်ဘတ်ကို ဖုံးထားပြီး အနည်းငယ် အသက်ရှူလိုက်လေသည်။

ပြင်းထန်စွာ ချောင်းဆိုးနေတာကြောင့် သူမ ရင်ဘတ်မှာ နာကျင်မှုကို ခံစားရပြီး သူမရဲ့ ခန္ဓာကိုယ်ကို ဆုတ်ဖြဲလိုက်သလိုမျိုး ရင်ဘတ်ကနေ နောက်ကျောအထိ ဆွဲဆန့်သွားပါတော့သည်။

All Chapters