ပုံသဏ္ဌာန်ပြောင်းခြင်း (၂)
Vol. 19 Ch. 281
သူမက ဓာတ်မီးဖွင့်ပြီး သတိလစ်နေပုံရတဲ့ နတ်ဆိုးနှိမ်နှင်သူကို ထိုးကြည့်လိုက်ရာ ရှင်းလင်းစွာမြင်ရပြီးနောက်မှာ “ဖန်… ဖန် ကျွင်း!” လို့ ထအော်လိုက်လေသည်။
“ယွမ်ဒင်ကျိုးကရော” လို့ ကျန်းရှောင်မိုက ဓာတ်မီးကို အနီးအနားကို အမြန်ထိုးကြည့်လိုက်လေသည်။
“ခေါင်းတလားထဲမှာ ဖန်ကျွင်းကိုပဲ တွေ့ခဲ့တယ်။ တခြား ဘယ်သူ့ကိုမှ မတွေ့ခဲ့ဘူး” လို့ ယန်ကျွင်းဇဲ ခေါင်းခါလိုက်လေသည်။
“ဒါဆို သူနိုးလာဖို့ စောင့်ကြတာပေါ့” လို့ ကျန်းရှောင်မိုက မျက်နှာဖြူဖျော့စွာနဲ့ ပြောလိုက်ပြီး မြေပြင်ပေါ်က သူမရဲ့ ကျောပိုးအိတ်ကို လက်ညှိုးထိုးပြလိုက်လေသည် “အဲဒီထဲမှာ အရေးပေါ် ကူရှင်တစ်ခု ရှိတယါ အဲဒါကို ဖွင့်ပြီး ဖန်ကျွင်းကို အဲဒီပေါ် ရွှေ့ပေးပါဦး။”
ယန်ကျွင်းဇဲ ခေါင်းညိတ်လိုက်ပြီး သူ့ အပြင်အင်္ကျီကို ချွတ်လိုက်ကာ အရေးပေါ်ကူရှင်တစ်ခုဖြစ်အောင် ခေါက်လိုက်လေသည် ကျန်းရှောင်မိုကို လက်တစ်ဖက်နဲ့ ကာကွယ်ပေးလိုက်ပြီး နံရံကိုမှီကာ ပြန်ရွှေ့လိုက်ကာ ထို့နောက် ထရပ်ပြီး သူမရဲ့ ကျောပိုးအိတ်ကို ဖွင့်လိုက်လေသည်။
ကျန်းရှောင်မို ပြောထားတဲ့အတိုင်း သူဟာ ကျောပိုးအိတ်ထဲကနေ အနက်ရောင် လေလုံပလတ်စတစ်အိတ်ကို ထုတ်လိုက်လေသည်။
ဒီပိတ်ထားတဲ့ အိတ်ကိုဖွင့်လိုက်ပြီး ခေါက်ထားတဲ့ အနက်ရောင်အရာဝတ္ထုကို ထုတ်လိုက်ရာ ခေါက်ထားတဲ့ တစ်ဖက်စွန်းမှာ ထွက်နေတဲ့ ချိတ်တစ်ခုကို လက်နဲ့ ဆွဲလိုက်လေသည်။
ဒိုင်း ဆိုတဲ့အသံနဲ့အတူ အနက်ရောင်အရာဝတ္ထုဟာ သူ့ဖာသာသူ လေစဝင်လာပြီး ဖောင်းကြွလာကာ လူတစ်ယောက်၏ အရွယ်အစားလောက်အထိ အမြန်ကြီးမားလာပြီး လူတစ်ယောက်ထက် အနည်းငယ် ပိုကျယ်လာကာ အလွယ်တကူ ဆွဲယူနိုင်ဖို့အတွက် တစ်ဖက်မှာ လက်နှစ်ချောင်းစာ အကျယ်ရှိတဲ့ ကြိုးတစ်ချောင်း ပါဝင်နေလေသည်။
ဒီကြိုးဟာ ပခုံးပေါ်မှာလည်း တင်ထားနိုင်သလို ခါးမှာလည်း ချည်ထားနိုင်တာကြောင့် အဆင်ပြေစေလေသည်။
ယန်ကျွင်းဇဲက အရေးပေါ်ကူရှင်ကို ဆွဲယူလာပြီး ဖန်ကျွင်းကို အပေါ်ကို ရွှေ့လိုက်ကာ နှစ်ဖက်စလုံးက ခါးပတ် တွေနဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကို သေချာ ချည်နှောင်လိုက်လေသည် ထို့နောက် အဲဒီ အရေးပေါ်ကူရှင်ကို တံခါးဝဆီ ဆွဲယူလာပြီး အရင်က ဖွင့်လို့မရနိုင်ခဲ့တဲ့ တံခါးကို အလွယ်တကူ ဖွင့်လိုက်လေသည်။
လရောင်ဟာ အထဲသို့ စိမ့်ဝင်လာပြီး သူ့ကို တစ်ဖန် ပြန်လည်လင်းလက်စေလေသည်။
ထို့နောက် ယန်ကျွင်းဇဲဟာ ကျန်းရှောင်မို၏ ဘေးကို ပြန်လာပြီး ဒူးထောက်ထိုင်ကာ “အခု လှုပ်ရှားနိုင်ပြီလား။ မင်းကို ငါ ထမ်းသွားပေးရမလား” လို့ မေးလိုက်လေသည်။
ကျန်းရှောင်မိုက သူ့ကို တစ်ချက်ကြည့်ပြီး တစ်ခုခုကို စဉ်းစားနေပုံရကာ ခေါင်းခါလိုက်လေသည် “ငါ ဖြည်းဖြည်းချင်း လမ်းလျှောက်နိုင်တယ် ရတယ်”။
“ဒါဆို ငါ မင်းကို တွဲပေးမယ်လေ”
ဘာစကားမှ ထပ်မပြောတော့ဘဲ ယန်ကျွင်းဇဲဟာ ကျန်းရှောင်မိုကို ဂရုတစိုက် ထရပ်စေလေသည်။
သူတို့ တံခါးဝကို ရောက်တဲ့အခါ ယန်ကျွင်းဇဲဟာ ဖန်ကျွင်းကို တင်ထားတဲ့ အရေးပေါ်ကူရှင်၏ ကြိုးကို သူ့ ပခုံးပေါ်အရင်တင်လိုက်ပြီးမှ ကျန်းရှောင်မိုကို တွဲလိုက်လေသည်။ သူတို့နှစ်ယောက်ဟာ အခန်းထဲကနေ ထွက်လာပြီးနောက် ဖန်ကျွင်းကိုပါ ဆွဲထုတ်လာလေသည်။
လမ်းတစ်လျှောက်လုံး မည်သည့်နှေင့်ယှက်မှုကိုမဆို သူတို့ မစိုးရိမ်ခဲ့ကြပါချေ။ ဖန်ကျွင်းက သတိမေ့နေပြီးသားဖြစ်လို့ လမ်းလျှောက်မှုကြောင့် သူ့ကို နိုးသွားစေမှာ မဟုတ်ပါချေ။
အိမ်အပြင်ဘက်မှာတော့ သူတို့ ပထမဆုံး ဝင်လာခဲ့တဲ့ အချိန်ကအတိုင်း အရာရာဟာ ရှိနေပုံရပြီး ဘာပြောင်းလဲမှုမှ မရှိပါချေ။ လရောင်ဟာ ရေလိုမျိုး တိတ်ဆိတ်နေတဲ့ လမ်းများပေါ်ကို စီးဆင်းကျရောက်နေပြီး ဘယ်လိုအသံမျိုးကိုမှ မကြားရပါချေ။
ယန်ကျွင်းဇဲနဲ့ ကျန်းရှောင်မိုတို့ရဲ့ ခြေသံ ပြီးတော့ အရေးပေါ်ကူရှင်ကို မြေပြင်ပေါ်မှာ ဆွဲသွားတဲ့ အသံတွေမှအပပေါ့။
“ခုနက… ငါ… အသက်ရှူ ရပ်သွားခဲ့တာလား” လို့ ကျန်းရှောင်မို ရုတ်တရက် မေးလိုက်လေသည်။
ယန်ကျွင်းဇဲက သူမကို ကြည့်လိုက်ပြီး သူမရဲ့ အကြည့်တွေဟာ တမင်တကာ သူ့ကို ရှောင်ရှားနေသလိုမျိုး လှုပ်ရှားနေတာကို သတိထားမိလိုက်လေသည်။ သူမ ဘာပြောချင်လဲဆိုတာကို ရုတ်တရက် နားလည်သွားပြီး သူ ခေါင်းခါလိုက်လေသည် “ခုနက ငါ မင်းကို ပါးစပ်နဲ့ အသက်ရှူမပေးခဲ့ပါဘူး”။
“အော်” လို့ ကျန်းရှောင်မိုက အလွန်မာကျောစွာ ပြန်ဖြေလိုက်လေသည်။
“ဒါပေမဲ့ ငါ မင်းရဲ့ ရင်ဘတ်ကို ဖိပေးခဲ့သည် ၂၇ ကြိမ်” လို့ ယန်ကျွင်းဇဲက ထပ်ဖြည့်ပြောလိုက်လေသည်။
“အာ!”
ကျန်းရှောင်မိုက သူမရဲ့ ရင်ဘတ်ကို ညာလက်နဲ့ အလိုအလျောက် အုပ်လိုက်မိလေသည်။
ယန်ကျွင်းဇဲက မျက်နှာကို တည်ကြည်စွာထားပြီး ဘာမှ ထပ်မပြောတော့ပါချေ။
လမ်းတစ်လျှောက်လုံးမှာ သူတို့ဟာ သာမန် လေလွင့် ဝိညာဉ်အနည်းငယ်နဲ့ တွေ့ခဲ့ပေမယ့် ဒီဝိညာဉ် တစ်ကောင်မှ သူတို့ဆီကို ချဉ်းကပ်မလာခဲ့ကြပါချေ။ သူတို့ဟာ ယန်ကျွင်းဇဲနဲ့ ကျန်းရှောင်မိုတို့ကို မြင်တာနဲ့ တမင်တကာ ရှောင်ရှားနေကြသလိုပါပဲ။
“ခုနက ငါကို ကယ်ပေးတာ ကျေးဇူးတင်ပါတယ်” လို့ ကျန်းရှောင်မိုက ပြောလိုက်လေသည်။ “ငါ သိချင်တာက နင်က ခေါင်းတလားထဲမှာ ရှိနေတုန်းက ငါ့ကို ဘယ်လိုများ နောက်ကို လှည့်ကြည့်ဖို့ သတိပေးခဲ့တာလဲ ဒါကြောင့်ပဲ အဲဒီ ဆံပင်အထုံးက ငါ့ကို တစ်ဆင့်စောပြီး အလစ် တိုက်ခိုက်တာကို သတိထားမိသွားခဲ့တာ” လို့ မေးလိုက်လေသည်။
ယန်ကျွင်းဇဲဟာ တိတ်ဆိတ်နေလေသည်။ ဆယ်စက္ကန့်လောက်ကြာမှ သူ နောက်ဆုံးတော့ ပြန်ဖြေလိုက်လေသည်။ “လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ ရှိတယ်။ ငါလည်း ချွင်းချက် မဟုတ်ပါဘူး။”
ဘယ်လိုအကြောင်းကြောင့်မှန်းမသိပေမယ့် သူဟာ ဘယ်လိုဆင်ခြေမျိုးမှ ပေးပြီး ရှောင်ဖယ်ချင်စိတ်မရှိခဲ့ပါချေ ပြီးတော့ ဒီစကားကို ပြောလိုက်ရင် ကျန်းရှောင်မိုက ဆက်ပြီး မမေးတော့ဘူးဆိုတာကို သူ စိတ်ထဲမှာ အလွန်ရှင်းလင်းစွာ သိနေလေသည်။
သဘောထားပြည့်ဝတဲ့ မိန်းမတစ်ဦးဟာ ဘယ်အချိန်မှာ ရပ်ရမလဲဆိုတာကို သိ ပေသည်။ ယန်ကျွင်းဇဲဟာ အနီရောင်ခေါင်းတလားရှိတဲ့ အခန်းထဲကို ဝင်တော့မယ်လို့ လုပ်တဲ့အခါတုန်းကလိုပဲ ကျန်းရှောင်မိုဟာ ဘာမှ မမေးခဲ့သလို သူ့ကိုလည်း မတားမြစ်ခဲ့ဘဲ “ဂရုစိုက်ပါ” လို့ပဲ တည်ငြိမ်စွာ ပြောခဲ့လေသည်။
ပြီးတော့ ယန်ကျွင်းဇဲ အခန်းထဲ ဝင်သွားပြီး မကြာခင်မှာပဲ သူမဟာ စွမ်းအားအလွန်အကျွံပေါက်ကွဲမှု ကို ဖြစ်စေနိုင်တဲ့ အန္တရာယ်ကိုတောင် ရင်ဆိုင်ပြီး ပေါ်လာကာ အကူအညီပေးဖို့ ရွေးချယ်ခဲ့လေသည်။
ဒီအချိန်တစ်လျှောက်လုံးမှာ မလိုအပ်တဲ့ စကားတစ်ခွန်းမှ မပြောခဲ့ပါချေ။
ဒါက ရုတ်တရက်ဆိုသလို ယန်ကျွင်းဇဲကို စိတ်ထဲမှာ အလွန်တည်ငြိမ်စေလေသည်။
သူ ဒီစကားကို ပြောပြီးတဲ့နောက်မှာတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ ကျန်းရှောင်မိုက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလိုက်ကာ ဘာမှ ထပ်မပြောတော့ပါချေ။
နှစ်ယောက်သား စာရိတ္တကောင်း စာကြည့်တိုက် နဲ့ အနီးဆုံးလမ်းဆုံကို ရောက်လာပြီး ပတ်ပတ်လည်ကို ကြည့်လိုက်ပေမယ့် တခြား ဘယ်သူ့ကိုမှ မတွေ့ရပါချေ။
ကျန်းရှောင်မိုက “ဒါဆို ကျန်းယောင်ဖေးက လူတိုင်းကို ဇီးသီးတော ကို ဖြတ်ပြီး ထွက်သွားခဲ့ပြီ ထင်တယ် ကျန်းဒီပါ အပါအဝင်ပေါ့” လို့ ပြောလိုက်လေသည်။
“ဟုတ်တယ်။ ငါတို့ အနီရောင်ခေါင်းတလားကို အကြာကြီး ပိတ်လှောင်ထားခဲ့တာ သူတို့ လွန်ခဲ့တဲ့ ခုဏလောက်က ရွာရဲ့ အရှေ့ဘက်ခြမ်းကို သွားခဲ့သင့်ပြီ” လို့ ယန်ကျွင်းဇဲက ဇီးသီးတောရှိရာကို လက်ညှိုးထိုးပြလိုက်လေသည် “မင်း ခဏလောက်နားပြီးမှ ငါတို့လည်း ဇီးသီးတော ကို ဖြတ်ပြီး ရွာရဲ့ အရှေ့ဘက်ခြမ်းကို ပြန်သွားကြမယ်။”
ရွာရဲ့ အပေါ်ဘက်မှာ ပေါလောပေါ်နေတဲ့ ဝိညာဉ်တံတား ဟာ အခုဆို အားနည်းနေပေမယ့် အသစ်နဲ့ ပိုပြီး ကြောက်စရာကောင်းတဲ့ ထူးဆန်းမှုတွေ ပေါ်လာနိုင်တယ်ဆိုတာကိုတော့ ချန်လှပ်ထားလို့ မရပါချေ။ ဒါကြောင့် ယန်ကျွင်းဇဲက မို မိသားစု ရွာ ရဲ့ အရှေ့ဘက်ခြမ်းကို ပြန်သွားတာ ပိုလုံခြုံတယ်လို့ ယူဆလိုက်လေသည်။
ဘာပဲဖြစ်ဖြစ် အဲဒီနေရာကနေ ရွာကို ထွက်သွားပြီးရင် အဝေးပြေးလမ်းမကြီးနဲ့ အနီးဆုံးဖြစ်လို့ တကယ်လို့ ထူးဆန်းမှုတစ်မျိုးမျိုးက ကြီးမားတဲ့ ပမာဏနဲ့ ထပ်ဖြစ်ပွားလာခဲ့ရင် သူတို့ဟာ မို မိသားစု ရွာ ကနေ အမြန်ဆုံးနှုန်းနဲ့ ထွက်ခွာနိုင်မှာပါ။
ကျန်းရှောင်မိုက လက်ဝှေ့ယမ်းလိုက်ပြီး “ငါ နားစရာမလိုဘူး။ သွားကြစို့” လို့ ပြောလိုက်လေသည်။
သူမဟာ နာကျင်မှု ခံစားနေရဆဲ ရင်ဘတ်ကို ညင်သာစွာ ကိုင်လိုက်လေသည်။ ယန်ကျွင်းဇဲက သူမကို တွဲပြီး ဖန်ကျွင်းကို ဇီးသီးတောဘက်သို့ ဆွဲသွားပါတော့သည်။
ကျန်းရှောင်မို၏ နောက်ကွယ်မှာ သူမ လမ်းလျှောက်နေတဲ့အတွက် သူမရဲ့ ဝတ်စုံအောက်နားစဟာ လှုပ်ရှားနေပြီး ဆံပင်ရှည်အနက်တစ်ချောင်းဟာ လေထဲမှာ လွင့်မျောနေလေသည်။
ဒါပေမဲ့ နောက်တစ်စက္ကန့်မှာပဲ ဆံပင်နက်ဟာ ညင်သာစွာ ကျုံ့သွားပြီး မြေတီကောင်တစ်ကောင်လို ဝတ်စုံအောက်နားစတစ်လျှောက် တွန့်လိမ်တက်သွားကာ အမြန်ဆုံးနှုန်းနဲ့ ကျန်းရှောင်မိုရဲ့ ဝတ်စုံကော်လံကို ရောက်သွားပြီး မရပ်တန့်ဘဲ သူမ၏ ဆံပင်တွေထဲကို အမြန် ပေါင်းစည်းသွားပြီး အစအနမကျန် ပျောက်ကွယ်သွားပါတော့သည်။
သူတို့ဟာ ဖြည်းဖြည်းချင်း လမ်းလျှောက်နေတာကြောင့် ဇီးသိးတော ထဲကို ရောက်ဖို့ နာရီဝက်နီးပါး အချိန်ယူခဲ့ပြီး တောအုပ်ကို ဖြတ်ပြီး ရွာရဲ့ အရှေ့ဘက်ခြမ်းကို ရောက်ဖို့ နောက်ထပ် နာရီဝက်လောက် ထပ်ယူခဲ့လေသည်။
ဖန်ကျွင်းကို ရွာ၏အရှေ့ဘက်ခြမ်းကို ပြန်ခေါ်လာပြီးနောက် ယန်ကျွင်းဇဲနဲ့ ကျန်းရှောင်မိုတို့ဟာ လေပွေဇိုင်းလေး နဲ့နီးတဲ့ ခြံဝင်းတစ်ခုကို ရောက်လာခဲ့ပြီး တံခါးကိုတွန်းဖွင့်ပြီး ကြည့်လိုက်ပေမယ့် ဒီနေရာမှာ စုဝေးခဲ့ကြတဲ့ တခြားလူတွေ တစ်ယောက်မှ မရှိတော့ပါချေ။
အဲဒီခြံဝင်းကို ထားခဲ့ပြီး သူတို့ဟာ အသံတိုးတိုးနဲ့ အနည်းငယ် ခေါ်လိုက်ပေမယ့် လေတိုးသံ မှုန်ပျပျမှအပ တခြား ဘယ်အသံမှ မကြားရပါချေ။
“မင်း ဒီမှာ ခဏထိုင်နေပါ” လို့ ယန်ကျွင်းဇဲက ခြံဝင်းအပြင်ဘက်က လှေကားထစ်တွေကို လက်ညှိုးထိုးပြပြီး ကျန်းရှောင်မိုကို နေရာချပေးလိုက်လေသည် ပြီးတော့ သူ့ခန္ဓာကိုယ်ကို ပတ်ထားတဲ့ ကြိုးကို ချွတ်လိုက်ပြီး ဖန်ကျွင်းကို လှေကားထစ်အောက်က မြေပြင်ပေါ်ကို တင်လိုက်လေသည်။
အဲဒီနောက် သူဟာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး လမ်းရဲ့ နှစ်ဖက်စလုံးကို ပတ်ပြီး လမ်းလျှောက်လိုက်ကာ မူရင်းနေရာကို ပြန်လာခဲ့လေသည်။
တစ်ယောက်မှ မတွေ့ရပါချေ။
“သူတို့ ရွာထဲကနေ ထွက်သွားခဲ့ကြပြီလား” လို့ ယန်ကျွင်းဇဲ သူ့ဖာသာသူ တွေးလိုက်လေသည်။
ကျန်းယောင်ဖေးနဲ့ ကျန်းဒီက တခြားသူတွေကို ဒီကလူတွေနဲ့ အရင်လာတွေ့ဖို့ ခေါ်လာခဲ့တာ သေချာပေသည်။ သူတို့ အခု ရွာထဲကနေ ထွက်သွားခဲ့ပြီး ဒဏ်ရာရသူတွေကို အစည်းအဝေးလုပ်ပြီးတာနဲ့ အရင်ဆုံး ရွှေ့ပြောင်းပေးခဲ့ကြတာလား။
ဖြစ်နိုင်ခြေ ရှိပေသည်။
ဒဏ်ရာရနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ထမ်းထားရတာဟာ သူတို့ရဲ့ ကုသမှုကို နှောင့်နှေးစေရုံသာမကဘဲ တခြားသူတွေရဲ့ ထူးဆန်းမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာလည်း အာရုံစိုက်ဖို့ အနှောင့်အယှက် ဖြစ်စေလေသည်။
ကျန်းရှောင်မို ဘေးကို ပြန်လာတော့ ယန်ကျွင်းဇဲကလည်း လှေကားထစ်ပေါ်မှာ ထိုင်လိုက်ပြီး ခေါင်းခါလိုက်ပြီး “သူတို့ ထွက်သွားခဲ့ကြပြီ ဖြစ်မယ် ငါတို့ကို မစောင့်တော့ဘဲ အနီရောင်ခေါင်းတလားကို ရင်ဆိုင်ရတာ ကံဆိုးတာထက် ပိုဆိုးမယ်လို့ ထင်ခဲ့ကြလို့ ဖြစ်နိုင်တယ်”။
“ငါလည်း နားစရာမလိုတော့ဘဲ အခုပဲ ထွက်သွားလို့ရပြီ” လို့ ကျန်းရှောင်မိုက ပတ်ဝန်းကျင်ကို ကြည့်လိုက်လေသည် ဒီနေရာက လေတိုးသံ အဆက်မပြတ်က သူမကို မသက်မသာ ခံစားချက်ကို အမြဲတမ်း ပေးနေလေသည်။
“ကောင်းပြီ”
ယန်ကျွင်းဇဲက သူမကို ထူပေးဖို့ ပြင်လိုက်တဲ့အခါ ကျန်းရှောင်မိုရဲ့ ခန္ဓာကိုယ်ဟာ အနည်းငယ် တုန်ယင်သွားတာကို ရုတ်တရက် သတိထားမိလိုက်ပြီး သူမက “ဟိုဘက်ထောင့်နားမှာ တစ်ယောက်ယောက် ရှိနေပုံရတယ်” လို့ ပြောလိုက်လေသည်။
ယန်ကျွင်းဇဲက ချက်ချင်း လှည့်ကြည့်လိုက်ပြီး အဲဒီထောင့်မှာ အရိပ်တစ်ခု လျှပ်ခနဲ လှုပ်ရှားသွားပြီးမှ အကြည့်ကနေ ပျောက်ကွယ်သွားတာကို တွေ့လိုက်ရလေသည်။
“ဒီမှာ ခဏစောင့်နေပါ ငါ သွားကြည့်လိုက်မယ်” လို့ ယန်ကျွင်းဇဲက လှည့်ပြီး အရိပ်ပေါ်လာတဲ့နေရာဆီကို အမြန်လျှောက်သွားလိုက်လေသည်။
သူ ထောင့်ကို ရောက်တဲ့အခါ တကယ်ပဲ လူတစ်ယောက် မတ်တပ်ရပ်နေတာကို တွေ့လိုက်ရပြီး သူ့ရဲ့ နောက်ကျောက သူ့ဘက်ကို လှည့်နေကာ သံလိုက်ဓားတစ်လက်ကို ကိုင်ထားပြီး လှုပ်ရှားမှုမရှိပါချေ။
ယန်ကျွင်းဇဲဟာ အံ့ဩသွားပြီး ကျန်းရှောင်မိုရှိရာဘက်ကို ကြည့်လိုက်တော့ သူမဟာ စိုးရိမ်တကြီးနဲ့ သူ့ကို ကြည့်နေတာကို တွေ့လိုက်ရလေသည်။ ဒါကြောင့် သူဟာ ထောင့်က သူ့ရဲ့ အနေအထားကို လက်ညှိုးထိုးပြပြီး ခေါင်းညိတ်လိုက်ကာ တကယ်ပဲ တစ်ယောက်ယောက် ရှိနေကြောင်း ကျန်းရှောင်မိုကို အချက်ပြလိုက်လေသည်။
ကျန်းရှောင်မိုလည်း ခေါင်းညိတ်လိုက်ပြီး သူမရဲ့ လက်ထဲမှာ သံလိုက်ဓား ကိုင်လိုက်ကာ သူမဘက်မှာ ဘာမှ သံသယဖြစ်စရာမရှိဘူးဆိုတာ သေချာစေဖို့ ပတ်ပတ်လည်ကို ကြည့်လိုက်လေသည်။
အခုဆိုရင် ယန်ကျွင်းဇဲက ပြန်လှည့်လာပြီး သူ့ကို ကျောပေးထားတဲ့လူဆီကို ချဉ်းကပ်သွားနေပါပြီ။
အဲဒီတစ်ဖက်လူက သံလိုက်ဓားတစ်လက်ကို ကိုင်ထားပြီး သူ့ရဲ့ ဝတ်စားဆင်ယင်ပုံကို ကြည့်ပြီးတော့ သူဟာ နတ်ဆိုးနှိမ်နှင်သူ တစ်ဦးဖြစ်ကြောင်း သေချာပေသည်။ ယန်ကျွင်းဇဲက အဲဒီလူကို အနည်းငယ် ရင်းနှီးနေတယ်လို့ ခံစားရပေမယ့် ဘယ်သူလဲဆိုတာကိုတော့ တိတိကျကျ မပြောနိုင်ခဲ့ပါချေ။
ပိုနီးလာတဲ့အခါမှာတော့ သူ အဲဒီလူရဲ့ ပခုံးကို ပုတ်လိုက်လေသည်။
အဲဒီလူ ဖြည်းဖြည်းချင်း လှည့်လာပြီး သူ့ကို မျက်နှာချင်းဆိုင်လိုက်တဲ့အခါ သူ့ရဲ့ နဖူးအလယ်မှာ နက်ရှိုင်းတဲ့ အရိုးကိုတောင် မြင်ရတဲ့ ဒဏ်ရာတစ်ခု ရုတ်တရက် ပွင့်အာသွားပြီး သွေးစီးကြောင်းတစ်ခု ပန်းထွက်လာကာ ဖြည်းဖြည်းချင်း သူ့ရဲ့ ပါးတစ်လျှောက် စီးကျလာလေသည်။
အဲဒီလူရဲ့ ခန္ဓာကိုယ်က နုံးချိသွားပြီး ယန်ကျွင်းဇဲရဲ့ မျက်စိရှေ့တင် မြေပြင်ပေါ်ကို ပြိုလဲကျသွားပါတော့သည်။
ယန်ကျွင်းဇဲက သူ့ကို ဖမ်းဆွဲလိုက်ပြီး ထူပေးလိုက်ကာ ရုတ်တရက် အသက်ရှူမှားသွားပြီး “ဟာ ကော်ယုလျန်!” လို့ အော်လိုက်မိတော့သည်။