အဖြစ်ဆိုး (၁)
Vol. 19 Ch. 283
ကောယုလျန်က ဒီတိုက်ခိုက်မှု၏ စွမ်းအားကို အပြည့်အဝ သိလိုက်သည်။ ‘အရေခွံ တစ်ခြမ်း’ လိုမျိုး ထူးဆန်းမှုတွေနဲ့ ယှဉ်ရင်တောင် လူ့ခန္ဓာကိုယ်ကို ခုခံဖို့ အသုံးမပြုခဲ့ပေဆိုရင် တစ်ချက်တည်းနဲ့ တိုက်ခိုက်ပြီး ခုတ်ချလိုက်နိုင်လိမ့်မယ်။
ဒါပေမယ့် အခု သူ့မျက်စိရှေ့မှာ ‘ရှေးဟောင်းအလောင်းကောင် မိုတား’က သံချေးတက်နေတဲ့ ဓားတစ်ချောင်းနဲ့ သံလိုက်အလင်းရောင်ကိုဖျက်ဆီးပစ်နိုင်လုနီးပါးဖြစ်ခဲ့သည်။
“ဒီဓားက?”
ကောယုလျန်က အံ့အားသင့်သွားပြီး အပေါ်ကို မော့ကြည့်လိုက်သည်။ သူ့အကြည့်က အပင်ကြီးကို ဖောက်ထွင်းပြီး၊ သူ့ရဲ့အပေါ်နားမှာ နေရာမကျဘဲ ထူးဆန်းနေသလိုမျိုး လေးလံတဲ့ အရိပ်တစ်ခုကို ဝိုးတဝါး အာရုံခံမိလိုက်သည်။
သို့သော်လည်း အဲဒီအချိန်မှာ မိုတားက ဓားကို တစ်ဖက်တည်းနဲ့ ကိုင်ပြီး ရှေ့အနည်းငယ် လှမ်းလာကာ ကောယုလျန် ခေါင်းကို ခုတ်ဖို့ ဓားကို မြှောက်လိုက်သည်။
ဓားက ထူထဲပြီး ခုတ်တာရော၊ ထိုးတာရော လုပ်လို့ရပြီး ရှေးဟောင်းဓားတစ်လက် ဖြစ်ပုံရသည်။ ယန်လုံက ဘယ်ကနေ ရထားလဲဆိုတာ မရှင်းလင်းပေမယ့် အခု မိုတား ကိုင်လိုက်တဲ့အခါ သူ့နဲ့လိုက်ဖက်နေပုံရသည်။
ကောယုလျန်က အပင်အိုကြီးပေါ်မှာ ဘာရှိလဲဆိုတာ မသိခင်မှာပဲ မိုတားရဲ့ တိုက်ခိုက်မှုကြောင့် အနောက်ကို ဆုတ်ရပြီး သူ့၏ သံလိုက်ဓားကိုသုံးပြီး ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုကို ချက်ချင်း ဆင်နွှဲရသည်။
သူ နတ်ဆိုးနှိမ်နင်းရေး သင်တန်းကနေ သံလိုက်ဓားနဲ့ တိုက်ခိုက်တဲ့စွမ်းရည်တွေနဲ့ အခြေခံ လက်နက်မဲ့ တိုက်ခိုက်ရေးနည်းတွေကို ကောင်းကောင်း နားလည်ထားပြီး အဲဒီတိုက်ပွဲနည်းဗျူဟာတွေမှာ တော်တော် ကျွမ်းကျင်လာခဲ့သည်။
အမျိုးမျိုးသော ကိုယ်ခံပညာ လှုပ်ရှားမှုတွေကို ကျွမ်းကျင်ဖို့ လိုအပ်တဲ့ ရှေးခေတ်လူတွေနဲ့ မတူဘဲ၊ နတ်ဆိုးနှိမ်နင်းရေးသမား တိုက်ခိုက်ရေးနည်းတွေကတော့ ထူးဆန်းတဲ့အရာတွေကို တစ်ချက်တည်းနဲ့ သတ်နိုင်တဲ့ အရိုးရှင်းဆုံးနဲ့ အတိုက်ရိုက်ဆုံး လှုပ်ရှားမှုတွေပဲ ပါရှိသည်။
သို့သော်လည်း မိုတားကတော့ တကယ့်စစ်မြေပြင်မှာ လူသတ်တဲ့ အတတ်ပညာတွေကို ကျွမ်းကျင်ထားပြီး၊ လှုပ်ရှားမှုတိုင်းက အလောင်းပုံကြီးတွေနဲ့ သွေးပင်လယ်တွေကြားကနေ ထွက်လာတဲ့အတွက် ရက်စက်ပြီး အကြင်နာမဲ့နေသည်။ တိုက်ခိုက်မှုတိုင်းဟာ အပြည့်အဝ မတုံ့ပြန်နိုင်ခဲ့ရင်တောင် ကောယုလျန်ကို ဒဏ်ရာရစေနိုင်တာ၊ ဒါမှမဟုတ် သေစေနိုင်တာမျိုး ဖြစ်စေနိုင်သည်။
နှစ်ချက်လောက် ခုခံပြီးနောက် ကောယုလျန်က တစ်ခုခု မှားနေသည်ဆိုတာကို အာရုံခံမိလိုက်သည်။ ရန်သူရဲ့ အင်အားက အလွန်အင်မတန် အားကောင်းလွန်းနေသည်။ ထိမိလိုက်တဲ့အခါတိုင်း သံလိုက်ဓားက တုန်ခါနေပြီး ဒီအတိုင်း တိုက်ပွဲ ဆက်သွားမယ်ဆိုရင် ကျိုးသွားနိုင်လေသည်။
သူက ချက်ချင်းပဲ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးသံလိုက်အလင်းရောင်ပစ်လွှတ်
လိုက်သည်။
ဤသို့ဖြင့် အခြေအနေက စတင် ပြောင်းလဲလာခဲ့သည်။ မမြင်ရတဲ့ သံလိုက်အလင်းရောင်ဟာ မိုတား၏ ရှေးဟောင်းဓားကို ထိတွေ့နေပေမယ့် မိုတား၏ခန္ဓာကိုယ်ကို ဒဏ်ရာရစေနိုင်တာကို တွေ့ရသည်။
တစ်မိနစ်မပြည့်ခင်မှာ မိုတား၏ရင်ဘတ်မှာ ခုတ်ရာခုနစ်ချက် ဒါမှမဟုတ် ရှစ်ချက်လောက် ရှိနေခဲ့သည်။
ယန်လုံက ဒီမြင်ကွင်းကို မြင်ပြီး စိတ်မကောင်းဖြစ်သွားမိသည်။ ဒီရှေးဟောင်းအလောင်းကောင်က ပြီးပြည့်စုံနေပြီး ပျက်စီးလို့ မရပေ။
ခဏတာ တုံ့ဆိုင်းပြီးနောက် သူက သစ်ကိုင်းတွေအတိုင်း ဖြည်းဖြည်းချင်း လျှောဆင်းလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကောယုလျန်၏ အာရုံက တခြားနေရာကို ရောက်နေတာကြောင့် သူ့ မသိမသာ ဆင်းသက်နိုင်ခဲ့လို့ဖြစ်ပေသည်။
သူက ခါးကိုင်းပြီး အပေါက် အစွန်းပတ်ပတ်လည်ကို ပတ်ကာ ပြင်းထန်တဲ့ တိုက်ပွဲဧရိယာကို ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့သည်။
မိုတားဟာ ပုံမှန်လူတစ်ယောက် ပုံရပေမယ့် သူ့၏ လှုပ်ရှားမှုတွေက နှေးကွေးနေဆဲပဲ။ ဒါက ယန်လုံ၏ ခန့်မှန်းချက်တွေနဲ့ ကိုက်ညီနေသည်။ ဒီသတ္တဝါဟာ ယင်စွမ်းအင်နဲ့ အမြဲတမ်း ထိတွေ့ခံထားရပြီး အလောင်းကောင်က မပျက်စီးနိုင်ပေ၊ ဒါပေမယ့် ပေါ်ထွက်လာတာနဲ့ ချက်ချင်း ပျံသန်းနိုင်တာ၊ ဒါမှမဟုတ် ဓားနဲ့မထိနိုင်တာမျိုး မဟုတ်ပေ။
ဘယ်လိုပဲဖြစ်ဖြစ်၊ ဒါက စိတ်ကူးယဉ် ရုပ်ရှင်မဟုတ်ပေ။
ဝုန်း!
သံလိုက်ဓားရဲ့ သံလိုက်အလင်းရောင်က မိုတားဝမ်းဗိုက်ညာဘက်ကို ထိုးဖောက်လိုက်ပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။ ဒါပေမယ့် မိုတား ဝမ်းဗိုက်မှာအပေါက်ကြီး ဖြစ်သွားပြီး သွေး ဒါမှမဟုတ် လူသားလို ဒဏ်ရာမျိုး မရှိတော့ပေ။
မိုတားအတွက်တော့ ဒီဒဏ်ရာက သူ့လှုပ်ရှားမှုတွေအတွက် ဘာအကျိုးသက်ရောက်မှုမှ မရှိပေ။
ဒါပေမယ့် ဒီမြင်ကွင်းကို မြင်တော့ ယန်လုံ နှလုံးသားက နောက်တစ်ကြိမ် လှုပ်ရှားသွားပြီး၊ အခု သူ့ဘေးဘက်ကို မျက်နှာမူထားတဲ့ ကောယုလျန်ဆီကို အမြန်သွားလိုက်သည်။
ယန်လုံက သူ့လက်ထဲမှာ ဓားမြှောင်တစ်ချောင်းကို ကိုင်ထားပြီး လျှပ်စီးလို လျင်မြန်စွာနဲ့ ကောယုလျန်ရဲ့ ဘယ်ဘက်ရင်ဘတ်က နှလုံးသားနားတစ်ဝိုက်ကို ထိုးသွင်းဖို့ ရည်ရွယ်လိုက်သည်။
ဒီထိုးသွင်းမှုက နှလုံးသားကို တည့်တည့်ချိန်ရွယ်ထားတာကြောင့် သေစေနိုင်တဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်လိမ့်မယ်လို့ ယန်လုံ သေချာစဉ်းစားထားသည်။
ဓားမြှောင်က ထိတော့မယ့်အချိန်မှာ ကောယုလျန်က နမိတ်မကောင်းတာကို အာရုံခံမိလိုက်သည်။ သူ့ခေါင်းက ဝီခနဲ မြည်သွားပြီး သူ့စိတ်ကူးတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားသလို သူ့အာရုံကြောတွေလည်း ချက်ချင်း တင်းမာသွားသည်။
သံလိုက်စွမ်းအင်က သူ့ခန္ဓာကိုယ်ထဲကနေ အလိုအလျောက် ထွက်လာပြီး ဒီအချိန်အတွင်းမှာ ကောယုလျန်က သံလိုက်ခုခံမှု စွမ်းအားကို ပိုပြင်းထန်အောင် လုပ်လိုက်သည်။
မမြင်ရတဲ့ သံလိုက်အားကြောင့် သူ့ကို ထိတော့မယ့် ဓားမြှောင်က လေထဲမှာ ခဏရပ်သွားသည်။ ယန်လုံက အတွင်းထဲမှာ ဖိအား အများကြီး ခံစားလိုက်ရသည်။
တကယ်တော့ အနီးအနားက သံလိုက်စက်ကွင်းက ပျက်စီးသွားပြီး လူတစ်ယောက်ရဲ့ ပုံမှန် ခန္ဓာကိုယ်လုပ်ဆောင်မှုတွေကို ထိခိုက်စေတဲ့အပြင် ယန်လုံကိုလည်း ပျို့အန်ချင်သလို ခေါင်းမူးစေတဲ့ ခံစားချက် ဖြစ်စေခဲ့သည်။
ကောယုလျန်ရဲ့ရှေ့မှာ တိုက်ခိုက်နေတဲ့ မိုတားကလည်း သံလိုက်စက်ကွင်း ပျက်စီးမှုကြောင့် ထိခိုက်ခံရပြီး သူ့ဓားကိုလှည့်ပြီး ယန်လုံဆီကို ထိုးသွင်းလိုက်သည်။ ဓားသွားက လွန်စွာ ချွန်ထက်ပြီး သူ့ရဲ့လည်ပင်းဆီကို လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။
ယန်လုံလန့်သွားသည်။ သူက သံလိုက်အင်အား ဖြည့်တင်းတာမျိုးကို နတ်ဆိုးနှိမ်နင်းရေးသမား အဆင့်အထိ မလုပ်နိုင်ပေ။ ဒါက သူ့ကို မဟုတ်ဘဲ တခြား ထူးဆန်းမှုတွေရဲ့ အပြုအမူတွေကိုလည်း တိုက်ရိုက် အနှောင့်အယှက်ပေးလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။
မိုတားရဲ့ ထိုးချက်က လျင်မြန်စွာ ရောက်လာခဲ့သည်။ ရှောင်တိမ်းလို့ မရတဲ့အတွက် ယန်လုံက စိတ်ပျက်အားငယ်စွာနဲ့ သူ့ရဲ့ ‘ ဝိညာဉ် တစ်ပိုင်းခန္ဓာကိုယ်’ကို အတင်းအကျပ် ထုတ်လိုက်သည်။ သူ့နောက်မှာ အမည်းရောင် ပုံရိပ်တစ်ခု ပေါ်လာပြီး မျက်နှာက ပြာနှမ်းနေပြီး အစွယ်များရှိလာသည်။ သူ့ခေါင်းပေါ်မှာ ချိုနှစ်ချောင်းရှိပြီး တံတောင်ဆစ်အဆစ်တွေကနေ ချွန်ထက်တဲ့ အရိုးဆူးတွေ ထွက်လာသည်။ သူက ဝင်လာတဲ့ ဓားထိပ်ကို ဖမ်းဖို့ သူ့လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
ဖြန်းကနဲ။
ရှေးဟောင်းဓားက နောက်ပြန်ပစ်ခံရပြီး ‘နတ်ဆိုးဝိညာဉ်’က သူ့လက်ကို ပြန်ရုပ်လိုက်ကာ ယန်လုံအတွက် သေစေနိုင်တဲ့ တိုက်ခိုက်မှုကို ပိတ်ဆို့ပေးလိုက်သည်။
ပြီးတော့ ယန်လုံက သူ့ပခုံးတွေလှုပ်လိုက်တော့ ‘နတ်ဆိုးဝိညာဉ်’က သူ့နဲ့ ထပ်နေသလိုမျိုး ပုံရိပ်နှစ်ခု ဖြစ်သွားသည်။ သူက အနီးအနားက ကောယုလျန်ဆီကို သူ့ရဲ့ လက်သည်းတွေကို ဆန့်ထုတ်ပြီး သူ့ ဦးခေါင်းထိပ်ကို ချိန်ရွယ်လိုက်သည်။
အဲဒီအချိန်မှာပဲ သံလိုက်စက်ကွင်း ပျက်စီးမှုကနေ ပြန်ကောင်းလာတဲ့ မိုတားကလည်း သူ့ရဲ့ပစ်မှတ်ကို ကောယုလျန်ဆီ ပြောင်းလိုက်ပြီး သူ့ရဲ့ ညာဘက်ပခုံးကို ဓားနဲ့ ခုတ်လိုက်သည်။
ရန်သူ နှစ်ဖက်စလုံးကနေ တိုက်ခိုက်လာတာကြောင့် ကောယုလျန်က နောက်ကို ဆုတ်ရသည်၊ ဒါပေမယ့် သူ့ရဲ့အမြန်နှုန်းက အံ့ဩစရာကောင်းသည်။ နောက်ဆုတ်တဲ့အချိန်လေးမှာပဲ ‘စွမ်းအင်မြင့် ပြိုလဲဆွဲသီး’ နှစ်လုံးကို ပစ်ထုတ်လိုက်သည်။
ဘန်း! ဘန်း!
ယန်လုံနဲ့ မိုတားကြားထဲမှာ အဖြူရောင် မီးခိုးတွေ ထွက်လာပြီး အနီးကပ်အားကြောင့် သူတို့နှစ်ယောက်လုံး မြေပေါ်ကို လဲကျသွားပြီး နှစ်မီတာလောက် နောက်ကို ရောက်သွားခဲ့သည်။
အဲဒီနောက် ချက်ချင်းပဲ ကောယုလျန်က ‘အေးခဲလျှို့ဝှက်ဆွဲသီး’ သုံးလုံးကို ပစ်ထုတ်လိုက်တော့ ရေခဲအစိုင်အခဲတွေ ဖြစ်ပေါ်လာပြီး မြေပြင်ပေါ်ကို လျင်မြန်စွာ အေးခဲသွားစေသည်။ ယန်လုံက သူ့နောက်မှာရှိတဲ့ ‘နတ်ဆိုးဝိညာဉ်’ အပါအဝင် မိုတားလည်း ရေခဲအလွှာတစ်ခုနဲ့ ဖုံးလွှမ်းသွား ခဲ့လေသည်။