အဖြစ်ဆိုး (၃)
Vol. 19 Ch. 285
ဓားရိုးမှာ မြှုပ်ထားတဲ့ လျှို့ဝှက်ဆွဲသီးက အခုချိန်မှာ နီရဲနေလေသည်။ သံလိုက်ဓား ဖျက်ဆီးခံရပြီးနောက် မြေပြင်ပေါ်ကို ပြုတ်ကျသွားပြီး ကောယုလျန်ရဲ့ ညာဘက်ရင်ဘတ်ပေါ်ကို ကျသွားသည်။
သူ့အဝတ်အစားတွေထဲကနေ အဖြူရောင်အခိုးအငွေ့တွေ ထွက်လာပြီး အပေါက်တစ်ပေါက် ဖြစ်သွားပြီးနောက် လျှို့ဝှက်ဆွဲသီး က ကောယုလျန်၏ အရေပြားပေါ်ကို ကပ်သွားကာ ရှဲခနဲအသံ ထွက်လာသည်။
ကောယုလျန်က ကျစ်ကျစ်ပါအောင် အံကြိတ်ထားပြီး လျစ်လျူရှုလိုက်သည်။ သံလိုက်ဓား ကျိုးသွားတဲ့အချိန်မှာ သူက သူ့လက်ထဲက အပိုင်းအစတွေကို ချက်ချင်းပစ်ချလိုက်ပြီး မိုတား ကိုင်ထားတဲ့ ရှေးဟောင်းဓားကို ဆွဲကိုင်လိုက်သည်။
ဓားသွားက သူ့လက်ဖဝါးကို ထိုးဖောက်သွားပြီး သွေးတွေ ချက်ချင်းပန်းထွက်လာသည်။
သေခြင်းရှင်ခြင်း အချိန်!
ကောယုလျန်က သူ့ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေတဲ့ နောက်ဆုံးသံလိုက်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
မိုတားဓားကိုင်ထားတဲ့ စွမ်းအားက ရုတ်တရက် ကျဆင်းသွားပြီး သူက ထိုနေရာမှာ ရပ်နေသည်။
ချွေးတွေရွှဲနေတဲ့ ကောယုလျန်က သက်ပြင်းချလိုက်ပြီး သူ့ခြေထောက်တွေကို တွန်းလိုက်သည်။ ဒီအခွင့်အရေးကို အသုံးချပြီး အန္တရာယ်ရှိတဲ့ အခြေအနေကနေ လွတ်မြောက်ရန် ပြင်ဆင်လိုက်ပေမဲ့ နတ်ဝိညာဉ်ခန္ဓာကိုယ် ရှိတဲ့ ယန်လုံက ထပ်ပြီး ကပ်လာသည်။ ဒီအချိန်မှာ သူ့နောက်က နတ်ဆိုးဝိညာဉ်က ပိုကြီးလာပုံရပြီး ကောယုလျန် ပခုံးနဲ့ ခေါင်းကို ဆွဲကိုင်ကာ မြေပြင်ပေါ်မှာဖိထားပြီး လူးလှိမ့်ထွက်သွားလို့ မရအောင် တားဆီးထားသည်။
နတ်ဆိုးဝိညာဉ်က အားစိုက်ထုတ်ပြီးနောက် ယန်လုံက သူ့လက်ကို လွှတ်လိုက်ပြီး ဓားမြှောင်ကို ထုတ်ကာ ကောယုလျန်၏ ဝမ်းဗိုက်ကို ထိုးလိုက်သည်။ ပြီးနောက် ဆွဲထုတ်ပြီး ဒုတိယအကြိမ် ထပ်ထိုးလိုက်သည်။
ဒီဒုတိယအကြိမ် ထိုးချက်ကို ကောယုလျန်က ဓားမြှောင်ရဲ့ဓားရိုးကို ဆွဲကိုင်ပြီး ဖမ်းလိုက်သည်။ ယန်လုံးက သူ့လောက် မသန်မာတာကြောင့် တတိယအကြိမ် ထိုးကိုင်ု့အတွက် ပြန်ဆွဲထုတ်လို့ မရခဲ့ပေ။
နှစ်ယောက်သား အကြိတ်အနယ် တိုက်ခိုက်နေကြသည်။
ဒီအချိန်မှာ မိုတားက ထပ်ပြီး လှုပ်ရှားလာကာ သူ့လက်ထဲက ရှေးဟောင်းဓားနဲ့ ထပ်ပြီး ဖိချလိုက်သည်။
ဓားကို လက်တစ်ဖက်တည်းနဲ့ ကိုင်ထားပြီး ကောယုလျန်က အသည်းအသန် ခုခံနေပေမဲ့ ရှေးဟောင်းအလောင်းကောင်ရဲ့ ကြီးမားတဲ့ ခွန်အားကို မခံနိုင်ပေ။
ဓားသွားက ကောယုလျန်ရဲ့ နဖူးအလယ်ဗဟိုကို ချဉ်းကပ်လာပြီး အရေပြားကို ထိုးဖောက်သွားကာ သွေးတွေ စီးကျလာသည်။
ကောယုလျန် မျက်လုံးတွေ ပြူးကျယ်လာပြီး သူ့ခွန်အားတွေ အကုန်လုံးကို အသုံးပြုကာ သူ့ ကျစ်ကျစ်ပါအောင် အံကြိတ်ထားသည်။ သူ့ခန္ဓာကိုယ်ကလည်း တုန်ယင်နေပြီး ဓားကို ကိုင်ထားတဲ့ လက်ဆစ်တွေအားလုံးကလည်း ဖြူဖွေးနေသည်။
မျက်စိနဲ့မြင်နိုင်တဲ့အတိုင်း ရှေးဟောင်းဓားက သူ့ခေါင်းထဲကို ဖြည်းဖြည်းချင်း ဝင်ရောက်နေပြီး သူ့ဦးခေါင်းခွံထဲကို ပျောက်လုနီးပါး ဖြစ်နေပြီ။
ဒီအချိန်မှာ ကောယုလျန်က သတိမေ့လုနီးပါးဖြစ်နေတုန်းမှာ ရုတ်တရက် လွှတ်ချလိုက်ပြီး သူ့လက်ထဲကနေ အနက်ရောင် လျှို့ဝှက်ဆွဲသီးတစ်ခု ထွက်လာသည်။
နောက်တစ်စက္ကန့်မှာပဲ ပေါက်ကွဲသံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
သူ့ကို ဗဟိုပြုပြီး အားကောင်းတဲ့ ပေါက်ကွဲမှုလှိုင်းက အရပ်လေးမျက်နှာဆီကို လွှမ်းခြုံသွားပြီး အထူအထပ်အခိုးအငွေ့တွေက လူသုံးယောက်ကို လွှမ်းသွားသည်။
ယန်လုံအော်သံတွေ ထွက်လာပြီး မိုတား လက်တစ်ဖက်ကပြတ်ထွက်ကာ လေထဲမှာ လွင့်သွားပြီးနောက် ဖုန်မှုန့်တွေ အများကြီး ပျံ့နှံ့သွားသည်။
ဒါက စူပါစွမ်းအင်ပေါက်ကွဲမှု၏ စွမ်းအားဖြစ်ပေသည်။!
ပြင်းထန်တဲ့ ပေါက်ကွဲမှုအပြီးမှာ အလွန်ပြင်းထန်ခဲ့တဲ့ တိုက်ပွဲကွင်းပြင်က ရုတ်တရက် တိတ်ဆိတ်သွားပြီး ဖုန်မှုန့်တွေပဲ အရပ်လေးမျက်နှာဆီ လွင့်နေတော့သည်။
လေးငါးမိနစ်လောက်ကြာတော့ ဖုန်မှုန့်တွေက နောက်ဆုံးမှာ ငြိမ်သက်သွားပြီး လဲကျနေတဲ့ လူသုံးယောက်ကို မြင်လာရသည်။
ကောယုလျန်ခေါင်းက သွေးတွေအပြည့်နဲ့ ပက်လက်လှန်လဲကျနေပြီး မိုတား၏ ရှေးဟောင်းဓားက သူ့နဖူးပေါ်မှာ ရှိနေတုန်းပဲ။ ဒါပေမယ့် မိုတားကတော့ ဘေးတစ်ဖက်ကို လဲကျနေပြီး လုံးဝလှုပ်ရှားမှုမရှိပေ။
ယန်လုံကတော့ ခန္ဓာကိုယ်သေးတာကြောင့် ပိုဝေးတဲ့နေရာကို လွင့်သွားပြီး သူ့နောက်က နတ်ဆိုးဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီး သူလည်း သတိလစ်နေခဲ့သည်။
အချိန်တွေ ကုန်လွန်သွားပြီး ဘယ်လောက်ကြာသွားလဲ မသိတော့ပေ။
ကောယုလျန် ညင်သာစွာ လှုပ်ရှားလာသည်။
စူပါစွမ်းအင်ပေါက်ကွဲမှု လျှို့ဝှက်ဆွဲသီးကို ဖောက်ခွဲ့တဲ့အခါဖောက်ခွဲသူကလွဲပြီး တခြားနေရာတွေအားလုံးကို အလိုအလျောက် ပစ်မှတ်ထားပါလိမ့်မယ်။ ဖောက်ခွဲသကိုလည်း ထိခိုက်မှုရှိပေမဲ့ ထိခိုက်မှုက သိပ်မကြီးပါချေ။
ဒါကြောင့် ကောယုလျန်က စူပါစွမ်းအင်ပေါက်ကွဲမှု၏ နောက်ဆက်တွဲအကျိုးဆက်တွေကို အနည်းဆုံး ခံစားရတဲ့သူ ဖြစ်လာခဲ့သည်။
သို့သော်လည်း သူ့ဒဏ်ရာတွေက အတော်လေး ပြင်းထန်သည်။ သူ့စိတ်က ကြည်လင်နေတုန်း ပဲဖြစ်သည်။သတိမလစ်သေးပဲနဲ့ သူ့ခြေထောက်တွေကို အနည်းငယ် အားစိုက်လိုက်ပြီး ဖြည်းဖြည်းချင်း လှုပ်ရှားလာကာ ရှေ့ကို တွားသွားရန် ကြိုးစားလိုက်သည်။
ရှေးဟောင်းဓားက သူ့ခေါင်းမှာ ရှိနေတုန်းဖြစ်သည်။ ငါးမိနစ်လောက် အကြာကြီး ရုန်းကန်ပြီးနောက် နောက်ဆုံးမှာ သူလှုပ်ရှားမှု ရပ်တန့်သွားသည်။
မကြာခင်မှာပဲ နောက်ထပ် ကောယုလျန်တစ်ယောက်၊ အရိပ်တစ်ခုက သူ့ခန္ဓာကိုယ်ထဲကနေ ထရပ်လိုက်ပြီး ပြီးပြည့်စုံတဲ့ သံလိုက်ဓား အတုကို ကိုင်ထားသည်။ သူ့နဖူးမှာ ဓားဒဏ်ရာမရှိသလို သူ့ဝမ်းဗိုက်မှာလည်း ဓားဒဏ်ရာ မရှိပေ။
ဒီအရိပ်က ခဏတာ မတ်တပ်ရပ်နေပြီးနောက် လှည့်လိုက်ပြီး သူရောက်လာခဲ့တဲ့ နေရာဆီသို့ တောင့်တင်းစွာ လျှောက်သွားလေတော့သည်။