အန္တရာယ်နှင့်အတူ
Vol. 145 Ch. 2059
ထို့အပြင် ရီဖူရှင်း သတ်ပစ်ခဲ့သည့် တန်ခိုးရှင်များက သာမန်လူများမဟုတ်ပေ။ နယ်မြေသခင်နင်အပြင် ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်သည်လည်း သူ့အား အလွတ်ပေးလိမ့်မည် မဟုတ်ပေ။
လူတိုင်းသည် ရီဖူရှင်းက အဆင့်မြင့်တန်ခိုးရှင်များကို ဆန့်ကျင်တိုက်ခိုက်ရင်း သတ်ဖြတ်ပစ်ခဲ့သည်ကို မြင်သောအခါ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။ သူ ထွက်သွားပြီးနောက် ထိုသူများက သူ့အသက်အား မည်သို့ ချမ်းသာပေးနိုင်ပါမည်နည်း။
ဤနေရာမှ ရန်ဟောင်အများစုသည် တုန်းဟွာအခမ်းအနား၌ ရီဖူရှင်း၏ တိုက်ရည်ခိုက်ရည်ကို မျက်မြင်တွေ့ဖူးခဲ့ကြသည်။ သူ၏ ထူးခြားသော ပါရမီ ထက်မြက်သော စွမ်းရည်တို့နှင့် မည်သည့် တိုက်ပွဲတွင်မှ ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိပေ။ ပါရမီရှင် ကျင့်ကြံသူများပင် သူ့ကို အနိုင်ယူနိုင်ခြင်း မရှိပါချေ။ သေချာပေါက် သူ၏ အနာဂတ်က အကန့်အသတ်မဲ့ပြီး ကောင်းကင်ဒေသတစ်ခွင်လုံးတွင် အတော်ဆုံးပုဂ္ဂိုလ် ဖြစ်လာနိုင်ပေသည်။
သူက လျှို့ဝှက်နယ်မြေအတွင်း စောင့်ထိန်းခြင်းမရှိဘဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သူ့ကံကြမ္မာက မည်သို့ ပြောင်းလဲသွားလိမ့်မည်နည်း။
လူအများစုက အကြောင်းပြချက်ကို ရှာမတွေ့နိုင်ကြပေ။ ထိုသို့သော အခြေအနေအောက်တွင် သူသည် နယ်မြေသခင် သူ့အား အပြစ်ပေးခြင်းမှ ရှောင်လွှဲနိုင်မည့် မည်သည့်အခွင့်အရေးမှ ရှိမနေပေ။ သူ၏ ထူးချွန်လှသော အရည်အချင်းကို ချင့်တွက်လျှင် နယ်မြေသခင်အိမ်တော်သို့ ဝင်ရောက်ပါက နယ်မြေသခင်က သက်ညှာပေးလိမ့်မည်လား။
မကြာခင်၌ လူအုပ်ကြီးက အဖြေကို တွေ့ရှိသွားခဲ့ကြသည်။
နယ်မြေသခင်အိမ်တော်မှ ဒုနယ်မြေသခင် နင်ဟွာအပါအဝင် လူတစ်စုက အနီးသို့ ရောက်ရှိလာပေသည်။ သူတို့နောက်တွင် ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်မှ လူများ လိုက်ပါလာကြသည်။
နင်ဟွာ၏ စူးရှသော အကြည့်များက ရီဖူရှင်းထံသို့ ထိုးဖောက်မတတ် ဖြစ်နေသည်။ သူတို့က တစ်ဖက်နှင့်တစ်ဖက် ဝေးကွာသော နေရာတွင် ရှိနေသော်လည်း ကြည့်ရှုနေသူများသည် မဟာလမ်းစဥ်စွမ်းအားများကို ခံစားမိနေပြီ ဖြစ်သည်။
နင်ဟွာက ဒေါသထွက်နေပုံရကာ သူ့မျက်လုံးများက အေးစက်နေ၏။
ရီဖူရှင်းသည်လည်း ယခုလို အကျပ်အတည်းကာလ၌ ရောက်လာသော နင်ဟွာကို သတိပြုမိပေသည်။ ရီဖူရှင်းက ပြန်လှည့်ကာ ရှေ့သို့ ဆက်လျှောက်သွားပေသည်။ သူက ထိုအခိုက်တွင် ကြောက်မက်ဖွယ် ဖိအားအောက်၌ ကျရောက်နေခဲ့ပြီ ဖြစ်သည်။ သို့သော် သူသာ ရှေ့ဆက်မတိုးလျှင် နင်ဟွာက သူ့အား ဖမ်းမည့် ကံကြမ္မာမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
မြူနှင်းဝေနတ်နန်းတော်မှ နတ်မိမယ်များ၏ လှပသော မျက်နှာများထက်တွင် ဇဝေဇဝါအကြည့်များ ရှိနေခဲ့၏။ ရီဖူရှင်းက မည်သည့်အတွက်ကြောင့် ဤနေရာသို့ လာရောက်ပြီး ကြိုးကွင်းစွပ်ရန် လည်စင်းပေးကြောင်း နားမလည်ကြပေ။
ထို့အပြင် သူက ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်မှ အစွမ်းထက် ရန်ဟောင်များကို သတ်ဖြတ်ခဲ့သည်။
ထိုအင်အားစုနှစ်ခုသည် လျှို့ဝှက်နယ်မြေသို့ ခရီးတွင် ကြီးစွာသော ဆုံးရှုံးမှုများ ခံစားခဲ့ကြရပေသည်။
နင်ဟွာက ရှေ့သို့ လှမ်းလာသည်။ လူတိုင်း၏ အာရုံက သူ့ထံသို့ ရောက်သွားကြသည်။ သူက မည်သို့ လုပ်ရန် စီစဥ်နေသနည်း။
ဘုန်း...
နင်ဟွာသည် လျှပ်စီးကဲ့သို့ လျှို့ဝှက်နယ်မြေအတွင်း လူသတ်မှု ကျူးလွန်ပြီး သူ့အား ဒေါသထွက်စေခဲ့သည့် ရီဖူရှင်းထံ တိုးဝင်သွားလေသည်။ ရီဖူရှင်းသည် သူ့မျက်စိအောက်မှာပင် ရန်ဟောင်များစွာကို သတ်ဖြတ်ခဲ့သည်။
"သူက အရမ်း မြန်တာပဲ...." နင်ဟွာ၏ အရှိန်က လူအုပ်ကြီးကို တုန်ယင်စေသည်။ သူသည် မိစ္ဆာနတ်ဘုရားမျှော်စင်၏ ဖိအား သက်ရောက်မှုကို မခံရသကဲ့သို့ တရှိန်ထိုး ပြေးဝင်သွားလေသည်။
ထိုသည်က မဖြစ်နိုင်ပေ။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ နင်ဟွာသည် သူ၏ ကြီးမားသော ခွန်အားနှင့် ဖိအားကို ဆန့်ကျင်နိုင်ခြင်းသာ ဖြစ်ပေလိမ့်မည်။
နင်ဟွာ၏ ခန္ဓာကိုယ်ကို တောက်ပသည့် မဟာလမ်းစဥ် နတ်အလင်းများက ဝန်းရံထားသည်။ သူသည် လေဟာနယ််အား ချိပ်ပိတ်ကာ သူ့ထံမှ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး အရှေ့မှ ရီဖူရှင်းထံ တိုးဝင်သွားသည်။ မကြာခင်၌ ၎င်းသည် ရီဖူရှင်း၏ ခန္ဓာကိုယ်ဆီသို့ ရောက်ရှိသွားတော့သည်။
"နင်ဟွာက ရီဖူရှင်းကို တိုက်ခိုက်တာလား။" ဖြစ်ပျက်လာသည့် ကိစ္စရပ်များကြောင့် လူအများက ထိတ်လန့်အံ့အားသင့်သွားကြသည်။ သူ၏ သရုပ်နှင့် အဆင့်အတန်းက နယ်မြေသခင်အိမ်တော်ကို ကိုယ်စားပြုသည်။ သူက ယခု ရီဖူရှင်းအား တိုက်ခိုက်ရန် ရည်ရွယ်လျှင် ရီဖူရှင်းက လျှို့ဝှက်နယ်မြေမှ အသက်ရှင်လျက် ထွက်သွားနိုင်လျှင်ပင် မည်သို့ ရှင်သန်နိုင်ပါမည်နည်း။
လောကကြီးက မည်သည်တို့ ဖြစ်နေကြသနည်း။ တုန်းဟွာအခမ်းအနားအတွင်း အထူးချွန်ဆုံး အရည်အချင်းတို့်အား ထုတ်ဖော်ပြသခဲ့သော အစွမ်းထက် တန်ခိုးရှင်နှင့် ရင်ဆိုင်သည့်အခါ တုန်းဟွာနယ်မြေ၏ အတော်ဆုံး တန်ခိုးရှင်က မည်သည့်အတွက်ကြောင့် ရန်လိုနေခဲ့သနည်း။
ရီဖူရှင်းက နင်ဟွာ၏ တိုက်ခိုက်မှုကို ခံရသည့်အခါ အသက်ရှင်ရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။
ကျန်းယွဲ့လီနှင့် ချင်းချင်းက အကြည့်ချင်းဖလှယ်လိုက်ပြီး သူတို့က ရီဖူရှင်းအတွက် စိတ်မကောင်းဖြစ်နေကြသည်။ သူတို့က အချင်းချင်း ရန်သူများဖြစ်နေပြီးဖြစ်ရာ ဤတစ်ကြိမ်၌ နင်ဟွာက ရီဖူရှင်းအား အမှန်တကယ် သတ်ဖြတ်လိမ့်မည် ဖြစ်သည်။ သူတို့သည် ရီဖူရှင်းက မည်သည့်အတွက် ဤနေရာသို့ လာခြင်းဖြစ်ကြောင်း နားမလည်ပေ။ သူက လျှို့ဝှက်နယ်မြေမှ ထွက်သွားသည်ထိ စောင့်ဆိုင်းနေခဲ့လျှင် နယ်မြေသခင်အား လင်းရှောင်နန်းတော်နှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များက သူ့အား အရင်တိုက်ခိုက်သည့် အဖြစ်အပျက်ကို ရှင်းပြခဲ့လျှင် အခွင့်အရေး ရှိနိုင်သေးသည်။
ရှင်းလင်းစွာပင် သူတို့က ရီဖူရှင်း၏ လက်ရှိအခြေအနေကို ဂရုစိုက်ခြင်း မရှိပေ။
ရီဖူရှင်းက နင်ဟွာ၏ လှုပ်ရှားမှုကို မြင်သည့်အခါ ရှေ့သို့ ဆက်တိုးလာခဲ့သည်။ နင်ဟွာက သူ့နောက်သို့ လိုက်လာခဲ့၏။ သူက တဖြေးဖြေး နှေးကွေးသွားသော်လည်း သူ့ခန္ဓာကိုယ်အနီးမှ နတ်အလင်းက ပို၍ လင်းလက်တောက်ပလာသည်။ သူက ရီဖူရှင်း၏ မျက်လုံးများမှ သူ့စွမ်းအားများ ပေါင်းစပ်ထားသည့် နတ်အလင်းနှစ်ခု ထိုးထွက်လာသည်အား မြင်လိုက်ရသည်။ နင်ဟွာ၏ မဟာလမ်းစဥ်သည် ဤနေရာရှိ ထိန်းချုပ်မှုမှ ချိုးဖောက်နိုင်သွားသလို ထင်မှတ်ရပေသည်။
ဘန်း...
ရီဖူရှင်းသည် သူ့ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ် အသက်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ကမ္ဘာ့သစ်ပင်၏ အကိုင်းအခက်နှင့် အရွက်များက သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းရောက်ရှိကာ သူ့အား ယိုယွင်းပျက်စီးခြင်းမှ တားဆီးပေးနိုင်သည့် အသက်စွမ်းအားများနှင့် ပြည့်နှက်နေသော နတ်သစ်ပင်ကြီးတစ်ပင်အဖြစ်သို့ ပြောင်းလဲသွားသည်။
လူတိုင်းက အံ့အားသင့်သွားစဥ် ရီဖူရှင်းသည် လျင်မြန်သော အရှိန်နှင့် ရှေ့သို့ ဆက်လက်တိုးဝင်သွားသည်။ သူက မိစ္ဆာနတ်ဘုရားမျှော်စင်နှင့် အနီးရှိနေသည့် ‘ပျက်စကို လိုက်မီလာသည်။
"သူ ရူးနေပြီပဲ။"
လူတိုင်းက အံ့အားသင့်ထိတ်လန့်သွားကြသည်။ နင်ဟွာက ရီဖူရှင်းထံ လိုက်လာသည့်အတွက် ရီဖူရှင်းက ဤသို့သော မျှော်လင့်ချက်မဲ့ အခြေအနေမျိုးမှ လွတ်မြောက်ထွက်ပြေးရန် နည်းလမ်းရှာဖွေခြင်း ဖြစ်နိုင်သည်။ သူက ရွေးချယ်စရာမရှိ ရှေ့ဆက်လျှောက်ရန်သာ တတ်နိုင်ပေသည်။
နင်ဟွာက တွေဝေခြင်းမရှိဘဲ ရီဖူရှင်းနောက်မှ လိုက်ပါသွားခဲ့သည်။ ပြင်းထန်သော ဖိအားအောက်တွင် သူသည် မြဲမြံခိုင်မာသော ခြေလှမ်းများနှင့် လျှောက်လှမ်းနေပြီး မဟာလမ်းစဥ် နတ်အလင်းတို့ ထုတ်လွှတ်နေသည်။ ရီဖူရှင်းပင် လုပ်နိုင်သည့်အရာကို သူက မည်သို့ကျရှုံးရန် ဖြစ်နိုင်ပါမည်နည်း။
မဟာလမ်းစဥ် ချိပ်ပိတ်ခြင်းနတ်အလင်းက သူ့အနီးတွင် တောက်ပနေကာ မရေတွက်နိုင်သော ရှေးဟောင်းသင်္ကေတအက္ခရာများအဖြစ်ပြောင်းလဲသွားသည်။ မရေတွက်နိုင်သော ချိပ်စည်းသင်္ကေတများက လေထဲတွင် လှည့်ပတ်နေပြီး ထိုနေရာကို ချိပ်ပိတ်လိုက်ကာ သူ၏ မဟာလမ်းစဥ် နယ်မြေအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ နတ်မျှော်စင်၏ မဟာလမ်းစဥ် စွမ်းအားသည်ပင် ချိပ်စည်းသင်္ကေတစွမ်းအားကို တောင့်မခံနိုင်ပေ။ နင်ဟွာက လက်ကို မြှောက်လိုက်ပြီး ရှေ့သို့ တွန်းလွှတ်ကာ ကြောက်မက်ဖွယ် ဆိုင်ကလုန်းတစ်ခု ဖြစ်ပေါ်လာစေသည်။ ပြင်းထန်သော လှိုင်းများက သဏ္ဌာန်ဖြစ်တည်လာပြီး လေဟာနယ်အတွင်း တိုးဝင်သွားလေသည်။ ရီဖူရှင်းက ချက်ချင်းပင် ကြီးမားသော ဖိအားကို ခံစားမိလိုက်ပေသည်။
ရီဖူရှင်းက ပြန်လှည့်လိုက်ကာ ရောက်လာသည့် တိုက်ခိုက်မှုကို ခုခံရန် ရည်ရွယ်လိုက်သည်။ သူ့ပုံရိပ်က တောက်ပသော နတ်ဓားအဖြစ် ပြောင်းလဲသွားခဲ့သည်။ ကျယ်လောင်သော အသံနှင့်အတူ အင်အားစုနှစ်ခုက ထိပ်တိုက်တွေ့ဆုံသွားကြသည်။ ပြင်းထန်သော လှိုင်းများက ရှေ့သို့ ဆက်လက်တိုးဝင်သွားပေသည်။ ၎င်းသည် လေဟာနယ်ကို အက်ကွဲသွားစေကာ ရီဖူရှင်း ရှိနေသော နေရာအား တုန်ခါသွားစေခဲ့သည်။
ဘန်း...
ရီဖူရှင်းက ကျယ်လောင်သော အသံနှင့်အတူ အဝေးသို့ လွင့်စင်သွားခဲ့သည်။ သူသည် အလွန် များပြားလှသော ဖိအားအောက် ရောက်ရှိနေပြီး ဖြစ်ကာ နင်ဟွာ၏ တိုက်ခိုက်မှုကိုလည်း ခံရပေသည်။ တင်းနေသော ကြိုးတစ်ချောင်းကဲ့သို့ သူက စက္ကန့်ပိုင်းအတွင်း ဖျက်ဆီးခံရတော့မလိုပင်။
ရီဖူရှင်းက ခပ်တိုးတိုး ညည်းညူလိုက်ပြီး ပါးစပ်အပြည့် သွေးတစ်လုတ် အန်လိုက်ရသည်။ သူသည် သူ့နှလုံးမှ ပြင်းထန်စွာ ခုန်ပေါက်နေသံကို ကြားနိုင်ပြီး သူ့သွေးများက ကြမ်းတမ်းစွာ စီးဆင်းနေသည်အား ခံစားမိပေသည်။ သူ့သွေးစွမ်းအားက အထိန်းအကွပ်မဲ့ လှုပ်ခတ်နေခဲ့၏။
"ပြီးဆုံးသွားပြီ။"
ရီဖူရှင်း ဖြစ်ပျက်သွားသည်ကို မြင်သောအခါ လူအများ၏ စိတ်ထဲတွင် ကြောက်မက်ဖွယ် အတွေးတစ်ခု ထွက်ပေါ်လာသည်။ ဤပါရမီရှင်ကျင့်ကြံသူက အဆုံးသတ်သွားရပေတော့မည်။ နင်ဟွာ၏ တိုက်ခိုက်မှုက မိစ္ဆာနတ်ဘုရားမျှော်စင် ပုံရိပ်ယောင်ရှေ့၌ပင် ရီဖူရှင်းထံ တိုက်ရိုက်ရောက်ရှိသွားပေသည်။
ရီဖူရှင်းက ဒဏ်ရာများစွာ ရရှိထားသည်ဖြစ်ရာ သူက ချက်ချင်းပေါက်ကွဲသွားရလိမ့်မည် ဖြစ်သည်။
လူအုပ်ကြီးသည် ကြွက်သားတစ်မျှင်ပင် လှုပ်ရှားခြင်းမရှိသည့် ငွေရောင်ဆံပင်နှင့် လူငယ်အား စိုက်ကြည့်နေသည်။ သူတို့က စိတ်လှုပ်ရှားမှုကို ခံစားနေကြရပေသည်။ အချင်းချင်း နီးကပ်စွာ ရပ်နေသော တန်ခိုးရှင်များသည် တစ်ယောက်၏ နှလုံးခုန်သံကို နောက်တစ်ယောက်က ကြားနေရပေသည်။ မြူနှင်းဝေနတ်နန်းတော်မှ နတ်မိမယ်များသည်လည်း ရီဖူရှင်းကို စိုက်ကြည့်နေကြသည်။ သူတို့ထဲမှ အချို့သည် ရီဖူရှင်း ဤနေရာ၌ သေဆုံးသွားမည်ကို မမြင်လိုကြပေ။ သူတို့သည် နင်ဟွာက ရီဖူရှင်းအား သတ်လိမ့်မည်ဟု မမျှော်လင့်ထားကြချေ။
အလွန်ထူးချွန်သည့် လူငယ်လေးက ထိုကဲ့သို့ မြူမှုန်များအဖြစ် ပျောက်ကွယ်သွားရမည်မှာ အလွန် နှမြောစရာပင် ဖြစ်သည်။
ရီဖူရှင်းက တုန်းဟွာနယ်မြေအတွင်း အကြာကြီး ကျော်ကြားခဲ့ခြင်း မဟုတ်သော်လည်း သူ၏ မှတ်သားလောက်ဖွယ် စွမ်းရည်များကြောင့် မည်သူကမှ သူ့တည်ရှိမှုကို လျစ်လျူမရှုနိုင်ကြပေ။ တုန်းဟွာနယ်မြေအတွင်းရှိ ထိပ်သီး အင်အားစုများမှ တန်ခိုးရှင်တိုင်း ရီလျှို့နျန်အကြောင်း သိရှိကြပေသည်။
ရီလျှို့နျန်က အထူးချွန်ဆုံး လေးယောက်နှင့် တူညီသော အဆင့်အတန်းတွင် ရှိနေပြီး ဖြစ်သည်။
လူအများ၏ မျက်လုံးတို့က ရီဖူရှင်းပေါ်တွင် ကပ်ငြိနေကာ တိတ်ဆိတ်စွာ ရှိနေခဲ့ကြသည်။ လှုပ်ရှားမှုမရှိစွာနှင့် ရီဖူရှင်း၏ ခန္ဓာကိုယ်က လူအများ ထင်မှတ်ထားသလို ပေါက်ကွဲသွားခြင်း မရှိခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူ့ခန္ဓာကိုယ်မှ မဟာလမ်းစဥ် နတ်အလင်းတစ်ခုက မျက်စိကျိန်းလောက်အောင် ထွက်ပေါ်လာခဲ့သည်။
တောက်ပနေသော နတ်အလင်းတို့က ရီဖူရှင်းအား ရစ်ပတ်ထားသည်။ မရေတွက်နိုင်သော အကိုင်းအခက်နှင့် အရွက်တို့က ဖြန့်ကျက်လာခဲ့၏။ သူက မည်သည့်အခါမှ ကုန်ဆုံးသွားမည်မဟုတ်သော ခမ်းနားထည်ဝါသည့် စွမ်းအားတို့နှင့် ပြည့်နှက်နေသော နတ်သစ်ပင်တစ်ပင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အချို့လူများက ရီဖူရှင်း၏ ပြောင်းလဲလာမှုအား ဝိုးတဝါး ခံစားမိကြသော်လည်း မည်သို့ အမည်တပ်ရမည်ကို အတိအကျ မသိကြပေ။ သူက နတ်အလင်းဖြင့် ကာကွယ်ပေးထားခြင်း ခံရပြီး ချီးမြှောက်ခံထားရသော နတ်ဘုရား၏ သားတော်ကဲ့သို့ ထင်မှတ်ရပေသည်။
ရီဖူရှင်း၏ မျက်လုံးများက ရွှေရောင်အဖြစ် ပြောင်းလဲသွားသည်။ သူက ခေါင်းကို မော့ကာ နင်ဟွာက အေးစက်သော အကြည့်တို့ဖြင့် ကြည့်လိုက်သည်။
တောက်ပသော နတ်အလင်းတို့ဖြင့် လွှမ်းခြုံခံထားရသော ရီဖူရှင်းက ပြန်လှည့်ကာ မိစ္ဆာနတ်ဘုရားမျှော်စင်သို့ လမ်းလျှောက်သွားလေသည်။ မရေတွက်နိုင်သော မျက်လုံးများက သူ့အပေါ်တွင် ကပ်ငြိနေကြ၏။ သူက မည်သို့ အသက်ရှင်နိုင်ခဲ့သနည်း။
ပို၍ အရေးကြီးသည်မှာ သူက မည်သည်ကို လုပ်ဆောင်ချင်နေ သနည်း။
သူသည် နတ်မျှော်စင်သို့ တည့်တည့် လျှောက်သွားနေပြီး မျှော်စင်မှ လာနေသော ဖိအားက သူ့ကို မသတ်နိုင်ပေ။
နင်ဟွာက မျက်မှောင်ကြုတ်လိုက်သည်။ သူသည်လည်း ရီဖူရှင်း၏ ပြောင်းလဲမှုကို အာရုံခံနိုင်ခဲ့ပေသည်။ ထိုသည်မှာ ရီဖူရှင်းက အထူးစွမ်းအားတစ်ခုခုကို နှိုးဆွလိုက်သလို ခံစားမိသော်လည်း နင်ဟွာသည် ၎င်းက မည်သည့်စွမ်းအား ဖြစ်သည်ကို တိတိကျကျ မဖော်ထုတ်နိုင်ပေ။ သို့ဆိုလျှင်ပင် သူသည် ထိုစွမ်းအားက ရီဖူရှင်းအား မျှော်စင်၏ ဖိအားဒဏ်ကို ခံနိုင်ကာ နတ်မျှော်စင်သို့ ချဥ်းကပ်သွားနိုင်သော အကြောင်းရင်း ဖြစ်ကြောင်း သိရှိပေသည်။
၎င်းက မည်သို့သော စွမ်းအားဖြစ်သနည်း။
***