မပြည့်စုံသည့် တိုက်ခိုက်မှု
Vol. 18 Ch. 258
‘ဒါ ဘယ်လိုနည်းစနစ်မျိုးပါလိမ့်..’
ဟွမ်းသည် မှောင်မိုက်နေသည့် နေရာတစ်ခုသို့ ရောက်ရှိနေပြီး ထူးဆန်းနေသည့် အတွေးဝင်ရောက်လာ၏။
“ဒါက ငါတို့အမှောင်မျိုးနွယ်ရဲ့ ပိုင်နက် တစ်ခုပဲ..၊ ခရမ်းလမျိုးနွယ်တစ်ခုလုံးကို ဒီပိုင်နက်ထဲမှာသတ်ခဲ့တာပဲ..”
အန့်လျန်သည် ဟွမ်း၏ အတွေးကို သိနေသည့်အလား လှောင်ပြောင်ကာ ပြောဆိုလိုက်၏။ သူ၏ စွမ်းအားသည် မူလနတ်အင်ပါယာအဆင့်သို့ မရောက်သေးချေ။ ထို့ကြောင့် ယွဲ့လင်းရှန်နှင့် ယွဲ့ဖုန်းချန်တို့နှစ်ဦးကို အနိုင်ယူနိုင်ရန်မလွယ်ကူချေ။
ထို့ကြောင့်ပင် သူ၏ ပိုင်နက်ကို အတင်းအကြပ်ထုတ်သုံးကာ အားလုံးကို သတ်ဖြတ်ခဲ့ခြင်းပင်။ ထိုအရာက သူ့အား မူလနတ်အင်ပါယာအဆင့်သို့ ခေတ္တရောက်ရှိသွားစေသည်။
သို့သော် ပိုင်နက်များနှင့် ရင်းနှီးမှုရှိနေသည့် ကျစ်ယွီတျယ်သည် ယွဲ့လင်းရှန်နှင့်အတူ ယွဲ့ဝူယောင်ကို အန့်လျန်၏ ပိုင်နက်အတွင်းမှ ထွက်ခွာနိုင်အောင် ပြုလုပ်ပေးခဲ့သည်။
ထို့နောက် ဟွမ်း၏ အမူအယာကို အကဲခတ်နေသည်။
သို့သော် မထင်မှတ်ထားလောက်အောင်ပင် ဟွမ်းသည် တည်ငြိမ်နေ၏။
ဟွမ်းသည် ဤပိုင်နက်အတွင်းတွင် သူ၏ စွမ်းအင်သွေးကြောများ ပိတ်ဆို့သွားသည်ကို ခံစားလိုက်ရသည်။
အန့်လျန်၏ စကားလုံးများနှင့် နိုးဆွနေမှုကို စိတ်ထဲမထားချေ။ ထိုကောင်သည် မည်သို့ပင် နေနေ သေရမည်ဖြစ်၏။ သို့သော် သူသည် လင်းထျန်းဘုံ၏ စွမ်းအင်များ မည်သို့ တည်ရှိသည်ကို သိချင်နေ၏။
ထို့နောက် အန့်လျန်၏ ပိုက်နက်ကို စစ်ဆေးနေသည်။
“ဒီပိုင်နက်မှာ ငါက သခင်ပဲ..၊ ပိုင်နက်အတွင်း ကျရောက်သွားသူတိုင်း ငါ့ရဲ့ထိန်းချုပ်မှုအောက်သွားလိမ့်မယ်..”
အန့်လျန်သည် ဆက်ပြောလိုက်ပြီးနောက် သူ၏ လက်နှင့် အမှောင်စွမ်းအင်ပုံရိပ်များကို ဖန်တီးလိုက်၏။
ထို့နောက် ချက်ချင်းဆိုသလို ဟွမ်းထံ စေလွှတ်ကာ တိုက်ခိုက်စေလိုက်သည်။
ပုံရိပ်များသည် များပြားလှပြီး တစ်ဦးချင်းစီတိုင်းတွင်လည်း အဓိပတိ နတ်အင်ပါယာထက် လျော့ကျခြင်းမရှိသည့် ခွန်အားများနှင့်ပင်။
“ဝုန်း..”
“ဝုန်း..”
ဆက်တိုက်ဆိုသလို ဟွမ်းထံ အဆက်မပြတ်ဝင်ရောက်နေ၏။
ဟွမ်းသည် သူ၏ ပေတံနှင့် ပုံရိပ်များကို ဖျတ်ဆီးလိုက်သော်လည်း ပြန်လည်ဖြစ်တည်လာမြဲပင်။
“ပျင်းစရာကောင်းတယ်..၊ အမှောင်သားရဲတွေ ထွက်ပေါ်စမ်း..”
အန့်လျန်သည် ဟွမ်းကို ကစားနေသည့်အတိုင်းပြုမှုနေကာ ကြီးမားသည့် အမှောင်သားရဲများကို ထပ်မံ ထုတ်ဖော်လိုက်ပြန်သည်။
“ဝုန်း..”
ဟွမ်းသည် ဆက်တိုက်ဆိုသလို ဖျတ်ဆီးရန်ကြိုးစားနေသော်လည်း ထိုပုံရိပ်များသည် ပေါ့ပေါ့တန်တန်မဟုတ်ချေ။
သက်တောင့်သက်သာ ကြည့်ရှုနေသည့် အန်လျန်သည် မျက်မှောင်ကြုတ်သွားတော့၏။
ဤမျှများပြားသည့် အင်အားများနှင့် ရင်ဆိုင်နေရသော်လည်း ဟွမ်းတွင် ဒဏ်ရာမရရှိသေးချေ။ ဆိုရလျှင် ထိခိုက်အောင် လုပ်နိုင်ခြင်းပင် မရှိချေ။
‘ငါ့ပိုင်နက်ရဲ့ စွမ်းအားကို အပြည့်အဝမထုတ်ဖော်နိုင်ဘူး..၊ သူသာ ဆက်ပြီး ရပ်တည်နေနိုင်သေးရင်..၊ အဆုံးသတ်မှာ သေမဲ့ သူက ငါဖြစ်သွားနိုင်တယ်..’
အန့်လျန်သည် ထိုသို့အတွေးဝင်ရောက်ပြီးနောက် အလျင်အမြန် အဆုံးသတ်ရန်ပြင်ဆင်လိုက်သည်။
“အမှောင်စွမ်းအင်တွေ စုစည်းစမ်း..”
သူ၏ လက်နှစ်ဖက်ကို ထိစပ်ကာ ရေရွတ်လိုက်၏။
‘ဘာဖြစ်တာလဲ..’
အန့်လျန်သည် ကြောင်အသွား၏။ မည်သည့် အမှောင်စွမ်းအင်မျှ သူထံ စုစည်း မလာသောကြောင့်ပင်။
“စုစည်းစမ်း..”
“စုစည်းစမ်း..”
အကြိမ်များစွာ ကြိုးစားလိုက်သော်လည်း ထူးခြားမလာချေ။
ထိုအချိန်တွင် ဟွမ်း၏ အသံဝင်ရောက်လာ၏။
“လုံလောက်ပြီ..”
“ဝုန်း..”
ဟွမ်းသည် သူ၏ ပေတံတွင် ဝိညာဉ်စွမ်းအင်များ ထည်သွင်းပြီး ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်သည်။
ပုံရိပ်များအားလုံးသည် ချက်ချင်းဆိုသလို ကွယ်ပျောက်ကုန်တော့၏။
“မင်း သုံးချင်တဲ့ စွမ်းအင်တွေက ဒီကနေဖြစ်ပေါ်လာတာလား..”
ဟွမ်းသည် ဒါဇင်နီးပါးရှိသည့် အနက်ရောင်စွမ်းအင် တိုင်လုံးများကို ထုတ်ပြလိုက်၏။
“မဖြစ်နိုင်တာ..”
အန့်လျန်သည် ကြောင်အစွာ ရေရွတ်မိသွား၏။
ထိုစွမ်းအင်တိုင်လုံးများသည် သူနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုများဖြစ်သည်။ ထိုအရာများ ရရှိရန် သူသည် စွမ်းအင်များကို အပြင်း အထန်စုစည်းခဲ့ရ၏။
ထိုမှတဆင့် အမှောင်စွမ်းအင်များ ပြန်လည်ထွက်ပေါ်စေကာ ကျင့်ကြံသူများကို ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။
သူသည် ထိုအရာများကို အဆင့်သုံးကုန်မြေအနှံ့တွင် သိုဝှက်ထားခဲ့ခြင်းဖြစ်သည်။
သို့သော် မည်သို့ ဟွမ်း၏ လက်အတွင်းရောက်ရှိနေရသနည်း။ ထိုအရာများကို သူကိုယ်တိုင်မှ လွဲ၍ သိရှိသူမရှိချေ။
ထို့အပြင် ထူးဆန်းသည်က ပိုင်နက်အတွင်း ကျရောက်သူများ၏ ဝိညာဉ်စွမ်းအင်များကို ပိတ်လှောင်နိုင်စွမ်းရှိသည်။
‘ဖြစ်နိုင်တာက..၊ သူက မူလနတ်အင်ပါယာအဆင့်ကို ကျော်လွန်နေတာလား..၊ ဒါဆို ဘာကြောင့် ဒီကမ္ဘာငယ်မှာ ဆက်ရှိနေသေးတာလဲ..’
အန့်လျန်သည် ထိုအတွေးဝင်ရောက်လာကာ တုန်ယင်သွား၏။ ပိုင်နက်အသုံးပြုသူ၏ စွမ်းအားထက် သာလွန်မှသာ ပိုင်နက်အသုံးပြုသူကို ရင်ဆိုင်နိုင်မည်ဖြစ်သည်။
သို့သော် မူလနတ်အင်ပါယာထက်ကျော်လွန်သူများကို ကမ္ဘာငယ်များက လက်မခံချေ။ ဖိနှိပ်မှုများ ခံရမည်ဖြစ်သည်။ သို့သော် ဟွမ်းသည် မည်သို့မျှဖိနှိပ်ခြင်း မခံထားရသည့်အလားပင်။
ထို့အပြင် သူသည် စွမ်းအင်တိုင်လုံးများမှ အမှောင်စွမ်းအင်များ အထောက်အပံ့ မရရှိတော့ပေ။ သူသည် အံ့ကြိတ်ကာ ပြန်လည်တုန့်ပြန်ရန်ကြိုးစားလိုက်သော်လည်း ဟွမ်း၏ ကြမ်းတမ်းသည့် အပြုအမူကို တွေ့ရှိလိုက်ရသည်။
“ဖျတ်စီးစမ်း..”
ဟွမ်းသည် ကြမ်းကြမ်းတမ်းတမ်းမြေလွှာကို ဆောင့်နင်းလိုက်၏။
“ခလွမ်း..”
မှန်တစ်ချပ်ကျကွဲသံ နှင့်အတူ အန့်လျန်၏ ပိုင်နက်သည် ပိတ်ကားချလိုက်သည့်အလား ပြိုကွဲသွားကာ နေအလင်းရောင်ဝင်ရောက်လာသည်။
အန့်လျန်သည် သတိဝင်လာချိန်တွင် ဟွမ်းသည် နေ၏ အလင်းရှေ့မှ ပိတ်ရပ်နေကာ သူ၏ပေတံကို လှုပ်ရှားမှုပြုနေ၏။
ဟွမ်းသည် သူ၏ ပေတံကို မျက်နှာရှေ့တွင်ထောင်မတ်ထားပြီး နာရီလက်တံလည်သည့်အတိုင်း စက်ဝိုင်းသဏ္ဌာန်ဝှေ့ယမ်းလိုက်သည်။
ထိုသို့ ပြုလုပ်ပြီးသည်နှင့် တပြိုင်နက် သူ၏ နောက်ကျောတွင် စက်ဝန်းတစ်ခုပေါ်ထွက်လာသည်။ ထိုအချိန်တွင် ဟေးယန်သည် ထွက်ပေါ်လာပြီး ဟွမ်း၏နောက်ရှိစက်ဝန်းအတွင်း အနက်ရောင်မီးတောက်များအဖြစ်ပြောင်းလဲကာ ဝင်ရောက်သွားသည်။
အနက်ရောင်မီးတောက်များသည် ငါးကြင်းတစ်ကောင် ရစ်ခွေသည့်အသွင်နှင့် စက်ဝန်းအတွင်း နေရာယူထား၏။
သို့သော် အနက်ရောင်မီးတောက်သည် စက်ဝန်း၏ တစ်ဝက်ကိုသာ နေရာယူထားနိုင်သည်။ ကျန်ရှိသည့် တစ်ခြမ်းသည်တော့ လှစ်လပ်နေ၏။
ထို့နောက်တွင် အနက်ရောင်မီးတောက်များနှင့် တစ်ခြမ်းသာ နေရာယူထားနိုင်သည့် စက်ဝန်းသည် ညင်သာစွာလည်ပတ်လာပြီး ဟွမ်း၏ ပေတံအတွင်းစီးဝင်သွားသည်။
ဟွမ်းသည် သူ၏ပေတံကိုကိုင်မြှောက်ကာ အန့်လျန်ကို ဦးတည်၍ အထက်မှအောက်သို့ လွဲယမ်းလိုက်၏။
ထိုလွှဲယမ်းမှုမှ ထွက်ပေါ်လာသည် မီးတောက်များနှင့် စက်ဝန်းသည် ကြမ်းကြမ်းတမ်းတမ်းလှည့်ပတ်ကာ အန့်လျန်ထံဦးတည်သွားတော့သည်။
“ဘယ်လိုနည်းစနစ်မျိုးလဲ..”
အန့်လျန်သည် ကြက်သေသေနေ၏။ တုန့်ပြန်ရန်ပင် မေ့လျော့သွားတော့သည်။ ထိုနည်းစနစ်သည် ပြည့်စုံခြင်း မရှိသည်ကို ခံစားမိနေ၏။ သို့သော် လင်းထျန်းဘုံမှာပင် ထိုသို့ ထူးဆန်းသည့် နည်းစနစ်မျိုး မတွေ့ခဲ့ဖူးချေ။
သူ၏ စိတ်အတွင်း စိုးထိတ်မှုများ ဝင်ရောက်လာသည်။
“ကာကွယ်ခြင်း..”
အစောတလျင်ခုခံလိုက်ရသည်။
သို့သော် ထိုစက်ဝန်းသည် အလျှင်အမြန် ရောက်ရှိလာပြီး သူ့၏ ခန္ဓာကိုယ်ကိုဖြတ်သန်းသွားကာ ပျောက်ကွယ်သွားတော့၏။
အကာအကွယ်အလွှာသည်လည်း မည်သည့် ပျက်စီးမှုမျှ မရှိခဲ့ချေ။
အန့်လျန်သည် မှင်သက်နေ၏။ သို့သော် သူ၏ မှင်သက်မှုသည် ကြာရှည်မခံခဲ့ချေ။
“ဝုန်း..”
ပြင်းထန်သည့် ပေါက်ကွဲမှုနှင့်အတူ အနက်ရောင် မီးတောက်များသည် ရုတ်ချည်းထွက်ပေါ်လာပြီး ကုန်းမြေတစ်ခုလုံး စတင်တုန်လှုပ်လာသည်။
ချက်ချင်းဆိုသလိုပင် အန့်လျန်၏ ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားကာ ၎င်းကုန်းမြေတစ်ခုလုံး အစိတ်စိတ်အမွှာမွှာကြေမွပျက်စီးသွားတော့၏။
သို့သော် ထိုမျှနှင့် မပြီးသေး..၊ စွမ်းအင်စီးကြောင်းသည် သူ၏ သွားရာလမ်းကြောင်းတစ်လျှောက် ထိုးခွဲသွားသည်။ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီး အဆင့်သုံးကုန်းမြေကြီးတစ်ခုလုံးအား ပိုင်းဖြတ်လိုက်သည့်အလားပင်။
လောဟာနယ်သည်လည်း ပျက်ယွင်းကွာ ကြီးမားသည့် အက်ကွဲကြောင်းကြီးပေါ်ထွက်လာ၏။
“ဘယ်လို..”
အန့်လျန်၏ ဝိညာဉ်သာ ကျန်ရှိနေခဲ့တော့သည်။ သူ၏ ခန္ဓာကိုယ်ကို အစအနပင် ရှာမရတော့ချေ။
“ယုတ္တိမရှိလိုက်တာ..”
အန့်လျန်သည် တုန်လှုပ်ခြောက်ခြားမှုများနှင့် ပြည့်နှက်နေပြီး ထိုသို့ အရာမျိုး ယုံကြည်ရန်ပင် ခက်ခဲနေသည်။ ထိုသို့ တိုက်ခိုက်မှု နည်းစနစ်ကို မည်သို့မျှပင် တွေးတောနိုင်စွမ်းမရှိချေ။