← Chapters

ကျွန်မရဲ့လူဖြစ်လာပေး

Vol. 18 Ch. 259

ကျွန်မရဲ့လူဖြစ်လာပေး

Vol. 18 Ch. 259

‘ငါပြေးရမယ်..’

အန့်လျန်သည် သူ၏ ခန္ဓာကိုယ်ပျက်စီးသွားပြီမို့ ဟွမ်းနှင့် ဆက်လက်ရင်ဆိုင်ရန် မစွမ်းသာတော့ပေ။ သူ၏ ဝိညာဉ်သည် အလျှင်အမြန်ပြေးထွက်သွားတော့၏။ ဆက်နေပါက သူသည် ထိုသူ့လက်မှ လွတ်မြောက်နိုင်မည်မဟုတ်တော့ပေ။

“လျှပ်စီး အကျဉ်းထောင်..”

အန့်လျန် ထွက်ပြေးသွားချိန်တွင် ရုတ်ချည်းဆိုသလို အန့်လျန်၏ ဝိညာဉ်ပတ်ပတ်လည်တွင် လျှပ်စီးတန်းများ ပေါ်ထွက်လာကာ အန့်လျန်၏ ဝိညာဉ်ကို ပိတ်လှောင်သွားသည်။

“မင်း..”

အန့်လျန်သည် သူအား ချုပ်နှောင်လိုက်သည့်သူကို တွေ့မြင်လိုက်ရ၏။ အန့်လျန်သည် ထွက်ပြေးရန် အလျင်လိုနေသည့်အတွက် ဒေါသတကြီး ပြောဆိုလိုက်သည်။

“မင်း..၊ အခုလွှတ်စမ်း..၊ မင်းတို့ လျှပ်စီးမျိုးနွယ် ဖျတ်စီးခံရမှာ မကြောက်ဘူးလား..”

“ရှင်သာ ထွက်မသွားနိုင်ရင် ကျွန်မတို့ လျှပ်စီးမျိုးနွယ်လည်း အန္တရာယ်ကင်းလိမ့်မယ်..”

အန့်လျန်အား ချုပ်နှောင်ထားသည့် သူသည် ရွှမ်းလင်ပင်။ သူမသည် အန့်လျန်ထွက်ပြေးသည့် အချိန်တွင် အချိန်ကိုက်ရောက်ရှိလာကာ ဖမ်းဆီးခြင်းဖြစ်၏။

“မင်း..၊ အခုချက်ချင်း လွှတ်စမ်း..၊ အား..၊ မင်းတို့ လျှပ်စီးမျိုးနွယ်တစ်ခုလုံးကို လင်းထျန်းဘုံက ဖယ်ရှားပစ်မယ်ကွ..”

အန့်လျန်သည် ရူးသွပ်စွာ အော်ဟစ်လိုက်၏။ သို့သော် ရွှမ်းလင်သည် လျှက်စီး အကျဉ်းထောင်ကို တင်းကြပ်သည်အထိ ကျုံဝင်စေလိုက်သည်။

အန့်လျန်သည် ထိုအတွင်းတွင် ရုန်းကန်နေရ၏။ သူသည် စွမ်းအင်များအားလုံးကုန်ခမ်းနေသည့်အပြင် ခန္ဓာကိုယ်ပင် မရှိတော့သောကြောင့် ရွှမ်းလင်၏ လက်မှ မလွတ်မြောက်နိုင်တော့ချေ။

“ရှင်..အစကတည်းက မကောင်းတဲ့အရာတွေကို မကျုးလွန်သင့်ခဲ့ဘူး..”

ရွှမ်းလင်သည် ခေါင်းတရမ်းရမ်းနှင့် ဖြောင့်မှန်သည့်လေသံဖြင့် ဆိုလိုက်သည်။

“ကောင်းပြီ..၊ မင်းလင်းထျန်းဘုံပြန်ရောက်ရင် ငါ့အတွက်အကြောင်းကြားပေး..၊ အနာဂတ်မှာ မင်းတို့လျှပ်စီးမျိုးနွယ် ဘယ်သူကမှ မစော်ကားရဲအောင် ပြုလုပ်ပေးမယ်..”

အန့်လျန်သည် စိတ်အေးအေးထားကာ ညှိနှိုင်းရန် ကြိုးစားလိုက်သည်။ အမှောင်မျိုးနွယ်သာ သူဤနေရာတွင် တည်ရှိနေမှန်းသိပါက လာရောက်ကယ်ပေးကြမည်ဖြစ်၏။

ထို့အပြင် ရွှမ်းလင်သည် မူလခန္ဓာကိုယ်နှင့် မဟုတ်မှန်း သိရှိပြီးဖြစ်သည်။ ထို့ကြောင့်ပင် သူမသည် လင်းထျန်းဘုံသို့ ပြန်ရန် မခက်ခဲပေ။

“ရှင်လည်း သူ့ရဲ့ စွမ်းအားကို ကိုယ်တိုင်ကြုံပြီးပြီမလား..၊ အနာဂတ်မှာ လျှပ်စီးမျိုးနွယ်က ကြောက်စရာကောင်းတဲ့ ရန်သူတစ်ဦးကို မလိုလားဘူး..”

ရွှမ်းလင်သည် ခေါင်းခါယမ်းကာ ဆိုလိုက်၏။ သူမသည် အန့်လျန်ကို ဟွမ်းထံအပ်နှံလိုက်ပါက အမှောင်မျိုးနွယ်ငည် ဤအကြောင်းအရာကို ရှာတွေ့နိုင်မည်ဟုတ်တော့ပေ။

သို့သော်အန့်လျန်ကို ကူညီလိုက်ပါက အမှောင်မျိုးနွယ်မှ ဟွမ်းကို သတ်ဖြတ်နိုင်မည်မှာ မသေချာပေ။ သို့သော်လည်း တစ်နေ့နေ့တွင် ဟွမ်းသည် လင်းထျန်းဘုံရောက်ရှိလာပါက ထိုအကြောင်းအရာ အတွက် လျှပ်စီးမျိုးနွယ်သည် ကြီးမားသည့် ကပ်ဘေးနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။

ထို့အပြင် သူမ၏ အဘိုးဖြစ်သူသည် မော့ရွှယ်အာ၏ ကပ်ဘေးတွင် ဟွမ်းနှင့်တိုက်ခိုက်ခဲ့သည့် သူမကို တားဆီးဖူးခဲ့၏။ သို့သော် မည်သို့ကြောင့်ဟု ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

ထို့နောက် ရွှမ်းလင်သည် ဟွမ်းရှိရာသို့ အလျှင်အမြန် ချည်းကပ်သွားလိုက်၏။

“ကျွန်မ..ရှင့်အတွက် ကူဖမ်းပေးတယ်နော်..”

ရွှမ်းလင်သည် ဟွမ်းကို ချိုသာစွာပြောဆိုပြီး လျှပ်စီးစက်လုံးလေးကို ဟွမ်းထံ ပေးအပ်လိုက်၏။ သူမသည် ရွေးချယ်မှု မှန်ကန်သွားသောကြောင့် သက်ပြင်းချလိုက်မိသည်။

လင်းထျန်းဘုံတွင် လျှပ်စီးမျိုးနွယ်သည် အမှောင်မျိုးနွယ်ကဲ့သို့ မျိုးနွယ်ကြီးများနှင့် တန်းတူ ရပ်တည်နိုင်သည့် အခြေအနေမဟုတ်ပေ။

အမှောင်မျိုးနွယ်မှ ထိပ်သီးတစ်ဦးနှင့်ပင် သူတို့၏ မျိုးနွယ် ပျက်သုန်းသွားနိုင်ပေသည်။

သူမသည် အန့်လျန်၏ ခြိမ်းခြောက်မှုကို ကြောက်လန့်ပြီး ဟွမ်းကို ဆန့်ကျင်ရန် ကြိုးစားပါက ဆုံးရှုံးမှုများစွာ ရရှိနိုင်မည်ဟု မသိစိတ်က ထင်မိခဲ့သည်။

သူမ၏ အထင် မှန်ကန်ခဲ့လေသည်။ ထိုသူသည် သူမပင် ကြားသိဖူးခြင်းမရှိသည့် နည်းစနစ်နှင့် ကမ္ဘာငယ်တစ်ခုလုံး ချေမွလုနီးပါးပင် ဖြစ်ခဲ့၏။

ထိုအရာက သူမကို ပို၍ တုန်လှုပ်မိစေသည်။ လင်းထျန်းဘုံမှ ကျင့်ကြံသူများသည် ကမ္ဘာငယ်တစ်ခုကို ချေမွရန် မခက်ခဲသော်လည်း ထိုသို့နည်းစနစ်မျိုးနှင့် တစ်ချက်တည်း အသုံးပြုနိုင်သူ မတည်ရှိချေ။

ဟွမ်းသည် ရွှမ်းလင်ထံမှ လျှပ်စီးစက်လုံးလေးကို ယူကာ လျှပ်စီးစွမ်းအင်များကို ဖယ်ရှားလိုက်ကာ သူ၏ စွမ်းအင်များနှင့် ချုပ်နှောင်လိုက်၏။

“ဟွမ်း..၊ ငါ့ကို လွှတ်ပေးစမ်း..၊ အမှောင်မျိုးနွယ်က မင်းကို အန္တရာယ်မပေးစေရဘူးလို့ ကတိပေးတယ်..”

အန့်လျန်သည် ဒေါသတကြီး ဟစ်အော်လိုက်၏။

သူသည် ကျစ်ယွီတျယ်ကြောင့်ပင် လင်းထျန်းဘုံပြန်ရန်မဆိုထားနှင့် ကမ္ဘာငယ်လေးမှ နိမ့်ကျသည့်ကျင့်ကြံသူ၏ ဖမ်းဆီးမှုကို ခံထားရသည်။

“ငါ..မင်းရဲ့ဝိညာဉ်ကိုချန်လှပ်ထားခဲ့တာဘာကြောင့်လို့ထင်လဲ..”

ဟွမ်းသည် အေးစက်သည့် လေသံနှင့် ဆိုလိုက်၏။ သူ၏ ပေတံနှင့် ခုတ်ပိုင်းချက်တွင် အန့်လျန်၏ ဝိညာဉ်ကို မပြယ်လွင့်စေရန် သူ၏ အင်အားကို ထိန်းထားခဲ့သည်။

၎င်းသည် နည်းစနစ်နှင့် တူသော်လည်း မပြည့်မစုံဖြစ်နေသည်။ သူလေ့လာဖူးခဲ့သည့်နည်းစနစ်များတွင် ထိုနည်းစနစ်မပါဖူးချေ။

သို့သော် အဘယ်ကြောင့် ဤသို့ ပြုလုပ်နိုင်သည်မှန်းကို သူကိုယ်တိုင် ‌ဇဝေဇဝါဖြစ်နေသည်။ သူ၏ စိတ်အတွင်း အလိုလိုပေါ်ထွက်လာသောကြောင့် ထုတ်ဖော်လိုက်သည့် တိုက်ခိုက်မှုသာ ဖြစ်၏။

သို့သော် ဤမျှကြမ်းတမ်းနေမည်ဟု မထင်ထားခဲ့ချေ။ ထိုနည်းစနစ်သာ ပြည့်စုံပါက မည်သို့ပင် ဖြစ်သွားမည်ကို သူမတွေးနိုင်တော့ပေ။

အန့်လျန်သည် မည်သို့လွှတ်မြောက်နိုင်မည်ကို အလျှင်အမြန်တွေးတောနေသည်။ ဟွမ်း၏ လက်အတွင်းကျရောက်သွားသည်က အနာဂတ်တွင် သူ့အတွက် ကောင်းသည့် အရာများရှိတော့မည်မဟုတ်မှန်း တွေးထားမိသည်။

သို့သော် ဟွမ်း၏ ဝှေ့ယမ်းလိုက်မှုကြောင့်သူသည် ဤနေရာမှ ပျောက်ကွယ်သွားရတော့၏။

ဟွမ်းသည် အန့်လျန်ကို နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်အတွင်းသို့ ထည့်သွင်းလိုက်ခြင်းပင်။

“မင်းရည်ရွယ်ချက်ကဘာလဲ...”

ဟွမ်းသည် ရွှမ်းလင်ကို ကြည့်ကာ မေးလိုက်၏။ သူ၏ မျက်နှာထားသည် တည်ငြိမ်နေသည်။

ထိုအမျိုးသမီးသည် အကြောင်းအရင်းမရှိပဲ သူ့အားကူညီနေစရာအကြောင်းမရှိပေ။ ထို့အပြင် သူမထံမှ ယုံကြည်၍ ရသည်ဟုသည့် ခံစားချက်မျိုး မခံစားမိပေ။

နှိုင်းယှဉ်ကြည့်လျှင် ထိုက်ဟုန်ကျွင်း၏ လေးစားမှု၊ ဝမ်မုန့်ယွင်၏ အညံ့ခံမှု..၊ သွမ့်မုယီ၏ လက်အောက်ခံလိုမှုနှင့် စုန့်ချင်း၏ ပူးပေါင်းမှုတို့သည် သူတို့ထံမှ ယုံကြည်နိုင်သည့် ခံစားချက်များကို ခံစားမိခဲ့သောကြောင့်ပင်။ သို့သော် ရွှမ်းလင်သည် ကွဲပြားနေ၏။

“ကျွန်မ..ရှင့်ကို သဘောကျလို့..၊ အကူအညီပေးတာလေ..”

ရွှမ်းလင်သည် တောက်ပသည့် အပြုံးလေးနှင့် ပြောဆိုလိုက်၏။ သူမ၏ မျက်ဝန်းများပင် အရောင်လက်နေသည်။ သူမ၏ မျက်ဝန်းများကို မြင်သူတကာ ငေးမောသွားမည်မှာကျိန်းသေပင်။

ထို့အပြင် သူမသည် ချုးယွီဟွာနှင့် ယှဉ်နိုင်သည့် အလှမျိုးပိုင်ဆိုင်ထား၏။ သူမ၏ အဖြူရောင် ဝတ်ရုံရှည်သည် သူမ၏ အလှကို လွန်ကြူးစေရန်ထောက်ပံ့နေသည့်အလားပင်။

သူမ၏ နှက်သက်မှုကို ရရှိရန် စောင့်ဆိုင်းနေကြသည့် အမျိုးသားကျင့်ကြံသူများ မည်မျှရှိနေမှန်းပင် မသိရှိရပေ။ လျော့နည်းသည့် အရေအတွက် မဟုတ်သည်မှာ ကျိန်းသေပင်။

သို့သော် ဟွမ်းသည် အေးစက်စက်လေသံနှင့်သာ ဆိုလိုက်၏။

“လိုရင်းကိုပြော..”

“အိုက်ရား..၊ ရှင်ကလဲ..၊ မျက်ခုံးကြောကို အမြဲတင်းမထားပါနဲ့..၊ ရှင်နဲ့ မလိုက်ပါဘူး..၊ ပြီးတော့.. လေသံကလည်း အေးစက်လွန်းတယ်..၊ နွေးနွေးထွေးထွေးလေးပြုံးပြရင် အရမ်းလိုက်ဖက်မှာကို..”

ရွှမ်းလင်သည် ညှင်သာသည့် လေသံလေးနှင့် ဟွမ်းကို စေ့စေ့စပ်စပ်ကြည့်ကာ မှတ်ချက်ပေးနေ၏။

“ငါ့ရဲ့ စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်..”

ဟွမ်းသည် အချိန်ဆွဲနေသည့် အမျိုးသမီးကို စိတ်မရှည်တော့ပေ။

ထိုအချိန်တွင် ရွှမ်းလင်၏ မျက်နှာသည် လေးနက်သွားပြီး ဆိုလိုက်၏။

“ရှင့်ကို ကျွန်မရဲ့ လူဖြစ်စေချင်တယ်..”

ဟွမ်းသည် ရွှမ်းလင်၏ စကားများကြောင့် မျက်ခုံးများသည် ပို၍ကွေးညွှတ်လာသည်။ ထိုအမျိုးသမီးသည် ယုတ္တိတန်မဲ့ စကားများသာ ပြောဆိုနေ၏။

သူတို့၏ တွေ့ဆုံမှုသည် တစ်ခါမျှပင် ပြေလည်ခြင်း မရှိခဲ့ချေ။ ထို့အပြင် သူတို့ တွေ့ဆုံသည့်အချိန်နှင့် ထိုစကားများသည် မည်သို့မျှ ဆက်စပ်၍ မရချေ။

ထိုလေးနက်နေသည့် ရွှမ်းလင်၏ မျက်နှာကို ဂရုမစိုက်တော့ပဲ ဆိုလိုက်၏။

“ငါ့အချိန်တွေလာဖြုန်းနေတာလား..”

“ကျွန်မရဲ့ စကားကို နားထောင်ပေး..၊ ပြီးရင် ရှင်ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်..”

ရွှမ်းလင်၏ မျက်နှာသည် ရုတ်ချည်း ငြိုးငယ်သွား၏။ သူမ၏ မျက်ဝန်းများသည် ဟန်ဆောင်နေခြင်းဟုတ်မဟုတ် ခွဲခြားမရသော်လည်း ဟွမ်းသည် သူမထံမှ ဝမ်းနည်းသည့် ခံစားချက်ကို ခံစားမိလိုက်သည်။

All Chapters