၀ ရွှမ်းလင်၏ဇာတ်လမ်း
Vol. 18 Ch. 260
“စိတ်မဝင်စားဘူး...”
ဟွမ်းသည် ပြတ်ပြတ်သားသား ငြင်းဆိုလိုက်၏။ သူနှင့် မသက်ဆိုင်သည့် ကိစ္စများကို နားထောင်ပေးရန် စိတ်မဝင်စားချေ။ ထို့နောက် ထွက်ခွာသွားရန် ပြင်လိုက်သည်။
“ကျွန်မ..”
ရွှမ်းလင်သည် ဟွမ်းကို တားဆီးရန် စကားများ ရှာဖွေနေသော်လည်း စဉ်းစားမရချေ။ ထို့နောက် မတက်နိုင်သည့် အဆုံး ထုတ်ပြောလိုက်၏။
“ဒီကမ္ဘာငယ်လေးက လူတွေရဲ့ လွတ်လပ်ခွင့်နဲ့ လဲလှယ်ပေးမယ်ဆိုရင်ရော..”
“ငါ့ကို ခြိမ်းခြောက်ဖို့ကြိုးစားနေတာလား..”
ဟွမ်းသည် သူ၏ ခြေလှမ်းများ ရပ်တန့်သွားကာ အေးစက်နေသည့် အကြည့်နှင့် ရွှမ်းလင်ကို ကြည့်လိုက်၏။ ထိုအမျိုးသမီးသည် ထျန်းဟုန်၏ လွပ်လပ်ခွင့်နှင့် သူ့အား ချုပ်ကိုင်ရန် ကြိုးစားနေခြင်းပင်။
“မဟုတ်ပါဘူး..၊ ကျွန်မ ညှိနှိုင်းချင်တာပါ..”
ရွှမ်းလင်သည် ပြာပြာသလဲ ဖြေလိုက်၏။
“လိုရင်းကိုပြော..”
ဟွမ်းသည် အန့်လျန်၏ အမှောင်စွမ်းအင်တိုင်လုံးများကို ရှာဖွေပေးခဲ့သည့် အကြောင်းအရာကို မျက်နှာသာပေးကာ ဆိုလိုက်၏။
သို့မှသာ ရွှမ်းလင်၏ ညိုးငယ်နေသည့် မျက်နှာလေးသည် အနည်းငယ် ရွှင်လန်းလာသည်။ သူမသည် အကြောင်းအရင်းကို စတင်ကာ ပြောဆိုလိုက်၏။
“ကျွန်မက လင်းထျန်းဘုံရဲ့ လျှပ်စီးမျိုးနွယ်ကပါ..”
လျှပ်စီးမျိုးနွယ်သည် လင်းထျန်းဘုံ၏ သေးငယ်သည့် မျိုးနွယ်လေးသာ ဖြစ်၏။ အကြောင်းအရင်းမှာ သူမတို့ မျိုးနွယ်တွင် နယ်မြေဘုရင်များ မရှိသောကြောင့်ပင်။
လင်းထျန်းဘုံတွင် နယ်မြေဘုရင်ရှိသည့် မျိုးနွယ်ကြီးများသည် အုပ်စိုးထား၏။
“ကျွန်မတို့ လျှပ်စီးမျိုးနွယ်က ကောင်းကင်ကျားမျိုးနွယ်ရဲ့ နယ်မြေမှာ တည်ရှိနေတာ..”
ကောင်းကင်ကျားမျိုးနွယ်သည် လင်းထျန်းဘုံတွင် နယ်မြေဘုရင်ရှိသည့် မျိုးနွယ်ကြီးဖြစ်၏။
ရွှမ်းလင်၏ အဓိကပြသနာမှာ ကောင်းကင်ကျားမျိုးနွယ်၏ နယ်မြေဘုရင်သည် သူမအား ကိုယ်လုပ်တော်အဖြစ် ကောက်ယူရန် အသိပေးခဲ့ခြင်းပင်။
သူမအနေနှင့် ထိုသို့ အရာမျိုး လုံးဝပင် မလိုလားခဲ့ချေ။ သို့သော် ငြင်းဆန်ပါက ကောင်းကင်ကျားမျိုးနွယ်၏ အမျက်ရှပေလိမ့်မည်။ သူတို့၏ စကားတစ်ခွန်းနှင့်ပင် လျှပ်စီးမျိုးနွယ်ပျက်သုန်းသွားနိုင်ပေသည်။
ထိုအမျက်ကို နယ်မြေဘုရင်မရှိသည့် လျှပ်စီးမျိုးနွယ်သည် ရင်ဆိုင်နိုင်မည်မဟုတ်ပေ။ လောကကြီးသည် အင်အားကြီးမားသူက အနိုင်ရစမြဲပင်။
ထိုအချိန်တွင် တိုက်ဆိုင်စွာနှင့် ထျန်းဟုန်တို့သည် လျှပ်စီးမျိုးနွယ်၏ နယ်မြေကျွန်အဖြစ်ရောက်ရှိလာသည်။
ထို့ကြောင့်ပင် သူမ၏ အဘိုးဖြစ်သူသည် ထိုအကြောင်းအရာကို အကြောင်းပြကာ သူမအား ဤကမ္ဘာငယ်လေးသို့ စေလွှတ်ခဲ့ခြင်းပင်။
ထိုကိစ္စကို မျိုးနွယ်၏ အကြီးအကဲများသည် သဘောတူချင်ဟန် မရပေ။ သူတို့သည် ကောင်းကင်ကျားမျိုးနွယ်နှင့် ဆက်ဆံရေးကောင်း ရရှိချင်သောကြောင့် ရွှမ်းလင်ကို အပ်နှံ့ရန် ဆန္ဒရှိနေကြ၏။
သို့သော် သူမ၏ အဘိုးသည် မျိုးနွယ်ခေါင်းဆောင်ဆိုသည့် ဂုဏ်ပုဒ်နှင့် ဖိနှိပ်ကာ ရွှမ်းလင်ကို ကူညီပေးခဲ့သည်။ ထို့အပြင် ရွှမ်းလင်အတွက် လေ့ကျင့်ရန်အချိန်လိုအပ်သေးကြောင်း တောင်းဆိုခဲ့၏။
ကောင်းကင်ကျားမျိုးနွယ်၏ နယ်မြေဘုရင်သည် ထိုကိစ္စကို သဘောတူညီကာ နှစ်တစ်ရာ အချိန်ပေးခဲ့လေသည်။
သို့မှသာ ရွှမ်းလင်အတွက် အသက်ရှုချောင်သွားခဲ့၏။
သူမသည် ဤနေရာသို့ ရောက်ရှိလာသည့် အဓိကရည်ရွယ်ချက်သည် ထိုအရာမှ ရှောင်တိမ်းနိုင်ရန်ဖြစ်၏။ သို့သော် ဤအရာသည် ရေရှည်ဖြေရှင်းနိုင်မည့်နည်းလမ်းမဟုတ်ချေ။
နှစ်တစ်ရာဆိုသည်က အဆင့်မြင့်ကျင့်ကြံသူများအတွက် တိုတောင်းသည့် ကာလအပိုင်းအခြားသာဖြစ်၏။
“ငါက နယ်မြေဘုရင်ဆိုတဲ့သူကို ဆန့်ကျင်ပြီး မင်းကို ကူညီပေးရမယ်ပေါ့..၊ ငါ့မှာ အဲ့ဒီလို စွမ်းရည်ရှိတယ်ထင်နေလား..”
ဟွမ်းသည် ထိုအကြောင်းအရာအတွက် သူ့အား အကူအညီတောင်းခြင်းသည် ရယ်စရာကောင်းသည်ဟု တွေးမိသွားသည်။ သူသည် ကမ္ဘာငယ်လေးမှ ထွက်ခွာနိုင်ခြင်းမရှိသည့် သာမန်ကျင့်ကြံသူတစ်ဦးသာဖြစ်၏။
ထို့အပြင် နယ်မြေဘုရင်ဆိုသူနှင့် ဆန့်ကျင်ရလောက်အောင် ရွှမ်းလင်နှင့် မည်သည့် ပတ်သတ်မှုမျိုးမှ ရှိမနေချေ။
ထို့အပြင် နယ်မြေဘုရင်များသည် လင်းထျန်းဘုံ၏ ထိပ်သီးများဆိုလျှင် အဘယ့်ကြောင့် သူမငြင်းဆိုနေရသနည်း။
‘ငါ့ကို ဘယ်လိုတောင် လှည့်စားဖို့ကြိုးစားနေတာလဲ..’
ဟွမ်း၏ စိတ်တွင်းကြိတ်ကာပြုံးလိုက်မိ၏။ ထို့အပြင် လင်းထျန်းဘုံမှ မျိုးနွယ်များသည် စေ့စပ်ခြင်းနှင့် ပတ်သတ်၍ ရူးသွပ်နေကြသူများ ဖြစ်နေမလားဟုပင် တွေးမိသွား၏။
ကျစ်ယွီတျယ်သည် စေ့စပ်ပွဲကြောင့် ထွက်ပြေးလာခဲ့ပြီး..၊ ရွှမ်းလင်သည်လည်း ကိုယ်လုပ်တော်အဖြစ်မလိုလားသောကြောင့် တိမ်းရှောင်လာသူဖြစ်သည်။
သို့သော် ကောင်းကင်ကျားမျိုးနွယ်ဟူသည့်စကားကြောင့် သူ၏ စိတ်ထဲ အတွေးအချို့ဝင်လာခဲ့၏။
‘ချီဟူနဲ့များ ပတ်သတ်လေမလား..’
ချီဟူသည် သူ့ကိုယ်သူပင် ကောင်းကင်ကျားမျိုးနွယ်မှဟု ပြောဆိုဖူးခဲ့သည်။ သို့သော် ချီဟူကို စတွေ့စဉ်ကတည်းက ခွန်အားနိမ့်ကျနေသောကြောင့် ဖြစ်နိုင်ခြေနည်းသည်ဟု တွေးမိသွား၏။
“ကျွန်မ အဘိုးက ရှင့်ကို ဒီကမ္ဘာငယ်လေးမှာ တွေ့ခဲ့ရင် အကူအညီပေးဖို့ တောင်းဆိုခဲ့လို့ မှာလိုက်တယ်..”
ရွှမ်းလင်သည် မဝံ့မရဲပြောဆိုလိုက်၏။
“မင်းအဘိုးက ဘာကြောင့် အဲ့ဒီလိုပြောတာလဲ..”
ရွှမ်းလင်၏ စကားသည် ဟွမ်းအတွက် ထူးဆန်းသည်ဟု ခံစားမိသွား၏။ သူ့အနေနှင့် ဤကမ္ဘာငယ်မှ မထွက်ခွာဖူးချေ။ သို့သော် အဘယ့်တွက်ကြောင့် သူ့ကို သိရှိနေရသနည်း..။
“သူ့ရဲ့ထင်မြင်ချက်လို့ပဲပြောဖူးပြီး တစ်ခြားဘာကိုမှ ကျွန်မကို မပြောဖူးဘူး..၊ မိုးကြိုးကပ်ဘေးတုန်းက ကျွန်မနဲ့ တိုက်ခိုက်ခဲ့တဲ့သူက ရှင်မှန်း သိသွားတော့ ကျွန်မရဲ့တိုက်ခိုက်မှုတွေကို ရပ်တန့်စေခဲ့တာ..”
ရွှမ်းလင်သည် တွေဝေစွာဆိုလိုက်၏။ သူမ၏ အဘိုးသည် အဘယ့်ကြောင့် ကမ္ဘာငယ်က ကျင့်ကြံသူအား အကူအညီတောင်းခံခိုင်းသည်ကို နားမလည်နိုင်ဖြစ်ခဲ့သည်။
သို့သော်ယနေ့တွင် ဟွမ်း၏စွမ်းအားကို တွေ့မြင်ပြီးနောက် သူမသည် အံ့ဩမိရ၏။ သို့သော် နယ်မြေဘုရင်များနှင့် ရင်ဆိုင်နိုင်စွမ်းရှိမရှိကိုတော့ မသိရသေးချေ။
“ထျန်းဟုန်ကို ပြန်ခေါ်နိုင်ဖို့ ငါကိုယ်တိုင်ကြိုးစားမယ်..၊ မင်းရဲ့ ပြသနာကို ငါ့မှာ ဖြေရှင်းနိုင်စွမ်းမရှိဘူး..”
ဟွမ်းသည် ထိုသို့ပြောကာ ရွှမ်းလင်၏ တုန့်ပြန်မှုကို မစောင့်တော့ပဲ ထွက်ခွာသွား၏။ ဟွမ်းသည် ထိုအမျိုးသမီး၏ အသုံးချခံ မဖြစ်လိုပေ။ ထို့ကြောင့် ပါဝင်ပတ်သတ်လိုခြင်း မရှိချေ။
ရွှမ်းလင်သည် ဟွမ်းထွက်သွားချိန်တွင် မည်သည့်စကားမျှ မဆိုတော့ပေ။ သူမသည် သက်ပြင်းချကာ ဟွမ်းထွက်သွားသည့် ဦးတည်ရာသို့ ကြည့်ကာ ရေရွတ်နေမိ၏။
‘အချိန်အနည်းငယ်ရပါသေးတယ်..၊ ဆက်ပြီးကြိုးစားကြည့်ရမယ်..’
ဟွမ်းသည် ကျီယွမ်ကုန်းမြေသို့ ပြန်လာခဲ့သည်။
“ဆရာ..”
လုရှင်းယန်နှင့် ပိုင်ကျန့်ယွီတို့သည် နှုတ်ဆက်လိုက်၏။
“မင်ယွမ် မနိုးထသေးဘူးလား..”
ဟွမ်းသည် လျှိုမင်ယွမ်၏ အခြေအနေကို ကြည့်ကာ မေးမြန်းလိုက်၏။
“ဆရာ..၊ မင်ယွမ် ခန္ဓာကိုယ်ကနေ အမှောင်စွမ်းအင်တွေ တစွန်းတစထွက်ထွက်လာတယ်...၊ ဒါပေမဲ့ သူအဆင်ပြေနေတယ်လို့ ခံစားရတယ်..”
လုရှင်းယန်သည် အခြေအနေရှင်းပြလိုက်၏။ လျှိုမင်ယွမ်အတွက် အရေးကြီးသည့် ကာလအပိုင်းအခြားသို့ ရောက်ရှိနေသည်ဟု တွေးမိခဲ့သည်။
ထို့ကြောင့် သူ၏ စိတ်ဝိညာဉ်နှင့်ပင် စူးစမ်းမှု မလုပ်ရဲခဲ့ချေ။ လျှိုမင်ယွမ်၏ စိတ်အာရုံအနှောက်အယှက် ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။
ဟွမ်းသည် လျှိုမင်ယွမ်၏ အခြေအနေကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။ လျှိုမင်ယွမ်သည် အမှောင်စွမ်းအင်များ သန့်စင်နေဟန်ရှိသည်။
“လအနည်းငယ်အတွင်း အမှောင်စွမ်းအင်တွေ ပျက်ပြယ်သွားလိမ့်မယ်..၊ မပျက်စီးသေးတဲ့ ကုန်းမြေတွေရှိလားစစ်ဆေးကြည့်..”
ထို့နောက် လီဝူချင်းကို ကြည့်ကာ ပြောဆိုလိုက်၏။ အမှောင်စွမ်းအင်ကြောင့် ကုန်းမြေအတော်များများ ပျက်စီးခဲ့ရပြီဖြစ်သည်။ သို့သော် မပျက်စီးသေးသည့် ကုန်းမြေများလည်း ရှိနေနိုင်၏။
“ဟုတ်ကဲ့ပါ..အရှင်..”
လီဝူချင်းသည် အရိုအသေပြုကာ နာခံလိုက်၏။
“အရှင်..”
စစ်ရှီးယဲ့သည် မနည်းအားတင်းရင် ဟွမ်းကို ပြောဆိုရန်ပြင်လိုက်သည်။ သို့သော်ဟွမ်းသည် တားမြစ်လိုက်၏။
“ဒဏ်ရာတွေအရင် သက်သာအောင် လုပ်ဦး..”
သို့မှသာ စစ်ရှီးယဲ့သည် ငြိမ်သက်သွားတော့၏။ ထို့နောက် ဟွမ်းသည် တပည့်များနှင့် မော့ရွှယ်အာကို ကြည့်ကာ ပြောလိုက်သည်။
“နန်းတော်ကို ပြန်ကြမယ်..”
ဟွမ်းသည် ယွဲ့ဝူယောင်ကိုသယ်ဆောင်သွားပြီး လျှိုမင်ယွမ်ကို အနှောက်အယှက်မဖြစ်စေရန် ဝိညာဉ်စွမ်းအင်များနှင့် ရစ်ပတ်ကာကွယ်ကာ ဟွမ်းရှန့်နန်းတော်သို့ ဦးတည်သွား၏။
“အရှင်..၊ နယ်မြေအတွင်းက အမှောင်စွမ်းအင်သက်ရောက်ခံရသူတွေကို ရှင်းလင်းခဲ့ပြီ..”
ခန်းမအတွင်းတွင် ဝမ်မုန့်ယွင်သည် နှုတ်ဆက်လိုက်၏။ သူမသည် ကျီယွမ်ကုန်းမြေ၏ အခြားဘက်မှ ဝင်ရောက်လာသည့် ကျုးကျော်သူများကို လိုက်လံရှင်းလင်းခဲ့သည်။