← Chapters

ချုးယွီဟွာပျောက်ကွယ်သွားခြင်း

Vol. 18 Ch. 261

ချုးယွီဟွာပျောက်ကွယ်သွားခြင်း

Vol. 18 Ch. 261

“မကြာခင် သက်ရောက်ခံရသူတွေရဲ့ စိတ်ဝိညာဉ်ပြန်ရလာလိမ့်မယ်..”

ဟွမ်းသည် အမှောင်စွမ်းအင်တိုင်လုံးများ ဖြုတ်ယူခဲ့သည်မို့ ထပ်မံ၍ အမှောင်စွမ်းအင်များထွက်ပေါ်လာတော့မည်မဟုတ်ပေ။ ထို့အပြင် ထိန်းချုပ်ခံထားရသည့် အန့်လျန်လည်း ထပ်မံ အသုံးပြုနိုင်မည် မဟုတ်တော့ချေ။

“ယွီဟွာ..ကရော..”

ဟွမ်းသည် အချိန်တံခါးအတွင်း ဝင်ရောက်သွားသည့်သူအားလုံးတွင် ယခုအထိ ချုးယွီဟွာကို မတွေ့ရှိသေးပေ။ ပုံမှန်ဆိုလျှင် ချုးယွီဟွာသည် သူ့ထံ အလျှင်အမြန်လာရောက်တက်သူ ဖြစ်သည်။

သို့သော် ထူးဆန်းစွာနှင့် ယခုအထိ မတွေ့ရှိရသေးပေ။

“အရှင်..”

ဝမ်မုန့်ယွင်သည် ပြောပြရန် အခက်တွေ့သွား၏။ သူမသည် မည်သို့ စတင်ပြောဆိုရမည်မှန်းမသိရှိချေ။

“အရှင်..လင်းရှန်နယ်မြေကို အရင်သွားကြည့်သင့်တယ်..”

ဟွမ်းသည် ဝမ်မုန့်ယွင်၏ ထူးဆန်းသည့်အပြုအမူကြောင့် အနည်းငယ်အံ့အားသင့်သည့် အမူအယာပေါ်ထွက်လာသည်။ ထို့နောက် ဝမ်မုန့်ယွင်နှင့် အတူ လင်းရှန်နယ်မြေအတွင်းဝင်ရောက်သွားကြ၏။

“ဒါက ဘယ်လိုဖြစ်တာလဲ..”

ဟွမ်းသည် ကြက်သေသေသွား၏။ အကြောင်းမှာ လင်းရှန်နယ်မြေတွင် တည်နေရာချထားသည့် အချိန်တံခါးသည် ကွယ်ပျောက်သွားသောကြောင့်ပင်။

“ကျွန်မလဲ အတိအကျ မသိဘူး..အရှင်..၊ ရွှယ်အာနဲ့ ကျွန်မ ထွက်လာပြီးတာနဲ့ အချိန်တံခါးက ဒီနေရာကနေ ပျောက်ကွယ်သွားတော့တာ..”

ဝမ်မုန့်ယွင်သည် ခက်ခဲသည့်လေသံနှင့် ပြောဆိုလိုက်၏။ ထိုစဉ်က အမှောင်စွမ်းအင်များကြောင့် အသေအချာ စစ်ဆေးနိုင်ခြင်းမရှိခဲ့ချေ။

“ဘယ်လို..”

ဟွမ်းသည် စွံ့အနေတော့၏။

မည်သည့်အကြောင်းအရာများ ဖြစ်ပျက်သွားရသနည်း..။

သူ၏ စိတ်အတွင်းအတွေးအချို့ ဝင်ရောက်လာ၏။

ထျန်းယွမ်ကုန်းမြေတွင် ရှိစဉ်ကတည်းက ချုးယွီဟွာသည် အချိန်တံခါးနှင့် ဆက်နွယ်မှု ရှိမှန်း သိခဲ့ပြီးဖြစ်သည်။။ ထို့အပြင် သူမသည် အချိန်တံခါးကိုပင် ထိန်းချုပ်နိုင်ခဲ့၏။ ထို့နောက်ပိုင်းတွင် သူမသည် ပို၍ပင် ထူးဆန်းလာသည်။

‘ဘာကြောင့် ပျောက်ကွယ်သွားတာလဲ..’

ဟွမ်းသည် တွေးရကြပ်သွားသည်။ အတွေးများစွာ ဝင်ရောက်နေသော်လည်း မည်သည့် ဖြစ်နိုင်ချေမျိုးမျှ မစဉ်းစားနိုင်ချေ။

‘သူမ တစ်ခုခုရှာတွေ့သွားတာလား..’

ဟွမ်းသည် သူမ၏ နောက်ခံသည် ထူးခြားနေသည်ကို သူမ၏ ပြောစကားများအရ သိရှိခဲ့ရသည်။

“အရှင်..၊ သူမကို ပြန်ရှာတွေ့ပါမလား..”

ဝမ်မုန့်ယွင်သည် ဝမ်းနည်းကာဆိုလိုက်၏။ သူမတို့နှစ်ဦးသည် စတင်တွေ့ဆုံချိန်က အဖုအထစ်များ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် သူမတို့သည် မိတ်ဆွေအရင်းအချာများပင် ဖြစ်လာကြသည်။ ထို့ကြောင့် ချုးယွီဟွာ၏ ပျောက်ကွယ်သွားမှုသည် သူမအတွက် ဝမ်းနည်းစေ၏။

“ပြန်တွေ့မှာပါ..”

ဟွမ်းသည် သေချာသည့် လေသံနှင့် အခိုင်အမာ ပြောဆိုလိုက်၏။ သူသည် ဤကမ္ဘာငယ်တစ်ခုလုံး နေရာလပ်မကျန် ရှာဖွေသွားမည်ဖြစ်သည်။ ဤကမ္ဘာငယ်တွင် သူ ရှာဖွေနိုင်ခြင်းသည့် နေရာမရှိသေးချေ။

ထို့နောက်တွင် ဟွမ်းသည် သူ၏ မပြီးဆုံးစေသည့် ကိစ္စများကို ဆောင်ရွက်လိုက်၏။

“ခွေးကောင်..မင်းကြောင့်ကွ..”

ဒေါသတကြီးရေရွတ်သံတစ်ခုပေါ်ထွက်လာ၏။

“ခင်ဗျားသာ အသုံးကျရင်..ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး..”

တိုးလျသည့် လေသံသည် ခွန်းတုန့်ပြန်လိုက်၏။

“ခင်ဗျားတို့ တိတ်တိတ်နေလို့မရဘူးလား..”

ထိုနှစ်ဦးဘေးမှ မောက်မာဟန် ရှိသည့် အသံထွက်ပေါ်လာသည်။

“ဘုန်း..”

“ဘယ်က အမှိုက်ကောင်တုန်း..”

ထိုသူသည် ဒေါသတကြီး အော်ဟစ်ကာ ရိုက်နှက်လိုက်၏။

“အား..တိရိစ္ဆာန်ကောင်..၊ ငါ့တို့အမှောင်မျိုးနွယ်ကို စော်ကားရင် အသေဆိုးနဲ့ သေရလိမ့်မယ်ကွ..”

ရိုက်နှက်ခံလိုက်ရသူသည် အန့်လျန်ပင်။ သူသည် ဝိညာဉ်ဖြစ်နေချိန်ပင် အနိုင်ကျင့်ခြင်း ခံနေရ၏။

“ဘယ်လိုအမှိုက်မျိုးနွယ်နဲ့ ဒီအရှင့်ကို လာပြီး ချိန်းခြောက်ရဲတာလဲ..၊ အမှောင်မျိုးနွယ်လား တစ်ခါမှ တောင်မကြားဖူးဘူး..”

ဒေါသလေသံနှင့် ပြောဆိုနေသူသည် မြွေသဏ္ဌာန်ဝိညာဉ်အသွင်နှင့် ကျို့ယင်ပင်။

“ခင်ဗျား...”

အန့်လျန်သည် အလွန်ပင် ဒေါသထွက်သွား၏။ သူအနေနှင့် ဟွမ်း၏ လက်တွင် ကျရောက်သွားခဲ့ပြီးနောက် အမည်မသိနေရာသို့ ရောက်ရှိခဲ့ရသည်။ ဤနေရာတွင် သူ၏ ဝိညာဉ်သည် ဖိနှိပ်ခံထားရပြီး မည်သို့မျှ ရုန်းမထွက်နိုင်ပေ။

ပိုဆိုးသည်က ကင်းလိပ်ချော အသွင်နှင့် သတ္တဝါသည် နိုင်ထက်စီးနင်းပြုမှုနေ၏။ သူ၏ စိတ်များ ပြိုလဲလုနီးပါးပင်။ အခြားဝိညာဉ်တစ်ကောင်သည် ကြွေလွင့်တော့မည့် အသွင်ပင်ဖြစ်နေသည်။

ထိုသူသည် သွေးဘိုးဘေးပင်။ သူ၏ ဝိညာဉ်သည် ထွင်းဖောက်လုမတက်ကြည်လင်နေပြီဖြစ်သည်။

“ကင်းလိပ်ချောကောင် သေလိုက်စမ်း..”

အန့်လျန်သည် ဒေါသတကြီး တုန့်ပြန်ကာ ပြန်လည်ရိုက်နှက်‌လိုက်၏။

“ဘာပြောတယ်..”

ကျို့ယင်၏ ဒေါသများ အလိပ်လိပ် ထွက်ပေါ်လာလေပြီ။ သူ့အား ထိုသို့ မခန့်လေးစားလုပ်ရဲသူမရှိဖူးချေ။

“ဘုန်း..”

“ဘုန်း..”

ဝိညာဉ်အသွင်လူတစ်ဦးနှင့် မြွေအသွင်ဝိညာဉ်တစ်ကောင်တို့သည် လုံးထွေးသတ်ပုတ်နေကြ၏။

“ဒီအရှင့်ကို ပျက်ရယ်ပြုတဲ့အတွက် မင်းတစ်ဘဝလုံး မအေးချမ်းစေရဘူး..”

ကျို့ယင်သည် အန့်လျန်ကို သူ၏ အမြီးနှင့် ဒေါသတကြီး ရိုက်ချလိုက်သည်။

“ဘုန်း..”

“ငါက အမှောင်မျိုးနွယ်ကကွ..၊ မင်းလိုကင်းလိပ်ချောမျိုးနွယ်ကို ဒီလောကကနေ ပျောက်ကွယ်သွားအောင် လုပ်ပစ်လို့ရတယ်ကွ..”

အန့်လျန်သည် သူရိုက်နှက်ခံရသည်ကို အခဲမကြေနိုင်ပေ။ ကျို့ယင်ကို ပြန်လည်ထိုးနှက်ကာ စကား စစ်ခင်းနေ၏။

“မင်း အရမ်းလွန်သွားပြီ..၊ မင်းတို့ အမှောင်မျိုးနွယ်ကို သုတ်သင်ပစ်မယ်..”

ကျို့ယင်သည် မည်သို့မျှ သည်းခံနိုင်စွမ်းမရှိတော့ပေ။ ထိုအကောင်သည် နှုတ်သီးကောင်း လျှာပါး၏။

သူသည် အန့်လျန်၏ ဝိညာဉ်ကို ကိုက်လိုက်သည်။

“အား..၊ ကင်းလိပ်ချောကောင်လွှတ်စမ်း..”

အန့်လျန်သည် သူ၏ ခြေနှစ်ဖက်နှင့် ကျို့ယင်ကို တင်းကြပ်နေအောင် ပြန်လည်ညှစ်လိုက်၏။

မြေတစ်ကောင်နှင့် လူတစ်ယောက် လုံးထွေးနေခြင်းသည် အတော်ကြည့်ရဆိုးသည့် မြင်ကွင်းပင်။

သွေးဘိုးဘေးသည်တော့ အားနည်းနေသည်မို့ ထိုတိုက်ပွဲအား မစွက်ဖက်ပေ။ ထို့အပြင် သူ့တွင်စွက်ဖက်စရာအကြောင်းလည်း မရှိချေ။

“ကြည့်ရတာ အရမ်း သက်တောင့် သက်သာ ရှိနေကြပုံပဲ..”

ထိုအသံကြားလိုက်သည်နှင့် ကျို့ယင်နှင့် သွေးဘိုးဘေးသည် တုန်ယင်သွားတော့၏။

“အား..”

ကျို့ယင်သည် ရုတ်ချည်းဆိုသလို အန့်လျန်၏ လက်မှ ရုန်းထွက်လိုက်ပြီး နာနာကျင်ကျင် အော်ဟစ်လိုက်၏။ သူ၏ ဝိညာဉ်သည် လှုးလိမ့်နေပြီး အသည်းသန်အော်ဟစ်နေသည်။

သူ့အနေနှင့် နာကျင်နေကြောင်း ပြသချင်သည့် အလားပင်။ သို့သော် သရုပ်ဆောင်ညံ့လှ၏။

“ကျုပ်ကို သတ်ပေးပါး..၊ နောက်ထပ် ဆိုးယုတ်တဲ့ အရာတွေ မလုပ်တော့ပါဘူး..”

သွေးဘိုးဘေးသည် တိုးလျသည့် အသံနှင့် တောင်းဆိုလိုက်သည်။ သူသည် သေဆုံးချင်သော်လည်း သေခွင့် မရသေးချေ။

သို့သော် ဟွမ်းသည် အေးစက်စက်ပြောလိုက်၏။

“မင်းမှာ ‘နောက်’ ဆိုတဲ့ အရာမရှိတော့ဘူး..”

“ဟေးယန်..”

ချက်ချင်းဆိုသလို အနက်ရောင်မီးတောက်များ ပေါ်ထွက်လာကာ သွေးဘိုးဘေး၏ ဝိညာဉ်ကို လောင်ကျွမ်းသွားစေလိုက်သည်။

“ဒါက..”

ကျို့ယင်သည် ခန္ဓာကိုယ်မရှိသော်လည်း အာခေါင်များ ခြောက်ကပ်သွားသည်ဟု ခံစားမိသည်။ သူသည် ထိုမီးတောက်နှင့် ရင်းနှီးပြီးသားဖြစ်သောကြောင့် သူ၏ ဝိညာဉ်အပေါ် ကျဆင်းလာမည်ကို ကြောက်ရွံ့နေ၏။

“ကျုပ် မသေချင်သေးဘူးနော်..၊ ဒီထဲမှာ နေလို့ကောင်းတယ်..”

ဟွမ်း၏ အကြည့်သည့် သူထံကျရောက်လာသောကြောင့် အလျင်အမြန်ပြောဆိုလိုက်ရသည်။

ကျို့ယင်၏ အမူအယာ ရိုကျိုးနေဟန်။

သွေးဘိုးဘေး ဝိညာဉ်သည် အနက်ရောင်မီးတောက်များကြောင့် အပြီးတိုင်ပျောက်ကွယ်သွားရပြီး ဖြစ်၏။ ထိုဦးနှောက်မရှိသည့် အကောင်နောက်သို့ လိုက်သွားလိုခြင်း မရှိသေးချေ။

ထိုအကောင်၏ နှိုးစော်မှုကြောင့်မဟုတ်လျှင် သူဤနေရာသို့ ရောက်ရှိနေရမည်မဟုတ်ပေ။ ကြိတ်၍ပင် ကျိန်ဆဲလိုက်၏။

အန့်လျန်သည် တုန်လှုပ်နေ၏။ ထိုအပြုအမူသည် သူ့အား ဦးတည်နေခြင်းဟု တွေးမိသွားသည်။

သွေးဘိုးဘေး၏ ဝိညာဉ်ကို ဟွမ်း အဆုံးသတ်စေ၏။ သို့သော် သွေးဘိုးဘေးသည် ပြန်လည်မွေးဖွားနိုင်ခြင်း ရှိတော့မည် မဟုတ်ပေ။

“မင်းကိုသာ အမှောင်မျိုးနွယ်က ရှာတွေ့သွားရင် ခွင့်လွှတ်ပေးမယ်ထင်နေလား..”

အန့်လျန်သည် အလျင်စလို တုန့်ပြန်ကာ ဟွမ်း၏ အမူအယာကို အကဲခတ်နေသည်။

“ကြီးမြတ်သူအရှင်..၊ အမှောင်မျိုးနွယ်ဆိုတာ ကျုပ်တစ်ခါမှ မကြားဖူးဘူး..၊ လမ်းဘေးက အမှိုက်မျိုးနွယ်ဖြစ်နိုင်တယ်..”

ကျို့ယင်သည် သွေးထိုးစကားဆိုလိုက်၏။ သို့သော် သူ၏ အမူအယာ လေးနက်ဟန်ရှိသည်။

“သောက်ကင်းလိပ်ချောကောင်..”

အန့်လျန်သည် လုံးဝပင် စိတ်မထိန်းနိုင်တော့ချေ။

“ဝုန်း..”

သို့သော် ဟွမ်းသည် အန့်လျန်ကို ဖိအားပြင်းပြင်းနှင့် ထိန်းချုပ်လိုက်၏။ သူသည် ထိုနှစ်ကောင်၏ သတ်ပုတ်မှုကို စိတ်မဝင်စားချေ။

“အား..”

အန့်လျန်၏ ဝိညာဉ်နာကျင်စွာ ညည်းငြူလိုက်ရသည်။

လွန်စွာမှ ပြင်းထန်လွန်းသည့်ဖိအားပင်။ သူ၏ ဝိညာဉ်ပင် နာကျင်မှုကြောင့် တွန့်လိမ်နေ၏။

ကျို့ယင်သည်တော့ မြွေခေါင်းလေးတညိတ်ညိတ်နှင့် ကြည့်ရှုနေသည်။

“မင်းက ခရမ်းလမျိုးနွယ်ကို သတ်ဖြတ်ခဲ့တာနဲ့တင် သေဖို့ထိုက်တန်နေပြီ..၊ ငါပေမဲ့ ငါက မရက်စက်တက်တာမို့ မင်းကို သေအောင်မသတ်ဘူး..”

All Chapters