နားလည်ပြီ
Vol. 18 Ch. 264
ပိုင်ကျန့်ယွီသည် ရှု့ယင်ယင်ကို အသေအချာကြည့်လိုက်၏။ ထိုမိန်းကလေးသည် အသက်နှစ်ဆယ်ကျော် အရွယ်ဟုသာ ထင်ရသော်လည်း ထို့ထက်ကြီးရင့်မည်ဟု ခန့်မှန်းမိ၏။ အကြောင်းမှ သူမ၏ ခန္ဓာကိုယ်မှ အစွမ်းထက် အရှိန် အဝါများ ပေါ်ထွက်နေသောကြောင့်ပင်။
သို့သော် သူသည် ခပ်ပြတ်ပြတ်လေသံနှင့် မေးလိုက်၏။
“ဘာကိစ္စလဲ..”
“ကျွန်မ..၊ ရှင်တို့နယ်မြေရဲ့ အကြီးအကဲနဲ့ တွေ့ချင်တယ်..”
ရှု့ယင်ယင်သည် လာရင်း အကြောင်းအရင်းကို ပိုင်ကျန့်ယွီနှင့် မပြောလိုပေ။
“ကျုပ်ဆရာက မင်းတို့ တွေ့ချင်တိုင်း တွေ့လို့ရတဲ့သူလို့ ထင်နေလား..”
ပိုင်ကျန့်ယွီသည် လေသံမာမာနှင့် ဆိုလိုက်၏။
“မင်း..”
နောက်လိုက်သည် ‘သူတို့ သခင်မလေးကို ဒီလို ပြောရမလား’ ဆိုသည့် အတွေးနှင့် ဒေါသထွက်သွားပြီး တိုက်ခိုက်ရန်ပြန်လိုက်သည်။
သို့သော် ပိုင်ကျန့်ယွီသည် သူ၏ လက်ကို ညင်သာစွာလှုပ်ရှားလိုက်၏။
“ရွှစ်..”
“ဝုန်း..”
နောက်လိုက်သည် အကွာအဝေးတစ်ခုသို့ပင် လွင့်စင်သွားပြီး သူ၏ ခန္ဓာကိုယ်တွင် ပြတ်ရှရာများ ပေါ်ထွက်လာသည်။
“ဒါက..ဓားဆန္ဓတွေ..”
နောက်လိုက်သည် တုန်တုန်ယီယီနှင့် ရေရွတ်ကာ မေ့မြောသွားတော့၏။
ရှု့ယင်ယင်လည်း ရင်ထိတ်သွား၏။ ထိုလူငယ်သည် ဓားပင် မထုတ်ခဲ့ချေ။ သို့သော် သူမ၏ အဆင့်ခြောက်နောက်လိုက်သည် အပြင်းအထန် ဒဏ်ရာရရှိသွားသည်။
“ကျီယွမ်နယ်မြေပေါ်လာပြီး မောက်မာချင်တိုင်း မောက်မာခွင့်မရှိဘူး..၊ မိန်းကလေးရှု့ရဲ့ နောက်လိုက်တွေကို သင်ကြားပေးထားသင့်တယ်..”
ပိုင်ကျန့်ယွီ၏ စကားသည် ရှု့ယင်ယင်နှင့် နောက်လိုက်များ၏ နားတွင် စူးနစ်စွာ ဝင်ရောက်သွား၏။
“ရှင်လွန်တယ်မထင်ဘူးလား..၊ ရှင်တို့ နယ်မြေက ဧည့်သည်အပေါ် ဒီလိုပဲ ဆက်ဆံတာလား..”
ရှု့ယင်ယင်သည် ဒေါသထွက်စွာ ပြောလိုက်သည်။ ဒေါသကြောင့် သူမ၏ ခန္ဓာကိုယ်လေးပင်တုန်ယင်နေ၏။
ပိုင်ကျန့်ယွီသည် အမူအယာမပျက် ပြန်လည်တုန့်ပြလိုက်၏။
“ပုံမှန်ဆိုရင်တော့ ကျုပ်တို့က မရိုင်းစိုင်းပါဘူး..၊ ဒါပေမဲ့ အဲ့ဒီလူရဲ့ မျက်နှာကိုမကြိုက်လို့..”
ရှု့ယင်ယင် “...”
‘ဘယ်လိုယုတ္တိမရှိတဲ့ ကောင်လဲ..’
ရှု့ယင်ယင်သည် ပိုင်ကျန့်ယွီကို ဒေါသတကြီးကြည့်လိုက်သည်။ ထိုသူသည် ရုပ်ရည်ချောမောခြင်း မရှိသော်လည်း စိတ်ထားလေးသည်တော့ ဆိုးယုတ်လှ၏။
သူမ၏ ပိုင်ကျန်ယွီကို ကြည့်သည့်အကြည့်တွင် အထင်သေးသည့် အကြည့်များ ရောယှက်လာသည်။
ပိုင်ကျန့်ယွီသည် ထိုအကြည့်ကို ဂရုမစိုက်ပေ။
ထိုလူကြီးသည် သူ့အား စော်ကားသည့်စကားဆိုထား၏။ ထိုအချိန်ကတည်းက ရိုက်နှက်ချင်နေသည်။ ထိုသူ ဒေါသထွက်လာချိန်တွင် လက်စားချေရန်အခွင့်ကောင်းပင်။
သို့သော် အနည်းငယ်တော့အားနာသွား၏။ သူသည် သာမန် ဓားဆန္ဓလေးသာထုတ်လွှတ်လိုက်သော်လည်း ထိုသူသည် ဒဏ်ရာ အပြင်းအထန်ရရှိသွားမည်ဟုမထင်ထားပေ။
‘ဒီလောက်တောင် အားနည်းရလား..’
သို့သော် သူ၏ အမူအယာသည် တည်ငြိမ်နေဆဲပင်။
“ရှင်တို့ နယ်မြေကို ကျွန်မတို့ ယိချင်းဂိုဏ်းရဲ့ နယ်မြေအဖြစ်သတ်မှတ်ဖို့ပဲ..”
ရှု့ယင်ယင်သည် တည်ငြိမ်မှုကို ထိန်းကာ ဆိုလိုက်၏။
“မင်းဘာပြောတယ်..”
ပိုင်ကျန့်ယွီသည် သူ၏ အကြားအာရုံမှားယွင်းသွားသလား ဟုတွေးမိကာ ထပ်မေးလိုက်၏။
မည်သို့ဟာသဖြစ်သနည်း။
“အဲ့ဒီလို သတ်မှတ်ပြီးရင် ကျွန်မတို့ဂိုဏ်းက ရှင်တို့နယ်မြေကို အကာကွယ်ပေးလိမ့်မယ်..”
ရှု့ယင်ယင်သည် ဆက်လက်ပြောဆိုလိုက်၏။
“ငါတို့ နယ်မြေက မင်းတို့အကာအကွယ် လိုအပ်နေတယ်လို့ ထင်လား..”
ပိုင်ကျန့်ယွီသည် စူးရှသည့် လေသံနှင့် ဆိုလိုက်၏။ ထိုကမ္ဘာငယ်မှ ဂိုဏ်းသည် ကျီယွမ်နယ်မြေအား ခြယ်လှယ်ချင်နေသည့်ပုံပင်။
ရှု့ယင်ယင်သည် ဆက်လက်ကာ ရှင်းပြလိုက်၏။
“ကျိုးကမ္ဘာမှာ ထိပ်သီးအင်အားစုတွေ အများကြီးရှိတယ်..၊ သူတို့က အနီးနားမှာ နယ်မြေငယ်လေးတွေ ရုတ်တရက်ပေါ်ပေါက်လာမှုကြောင့် အဲ့ဒီနယ်မြေတွေကို အပိုင်စီးဖို့ကြံနေတယ်..”
“ရှင့်ရဲ့ ခွန်အားက အထင်ကြီးစရာကောင်းပေမဲ့ သူတို့မှာက အစွမ်းထက်ကျင့်ကြံသူတွေ မနည်းမနောပဲ..”
“မင်းတို့ဂိုဏ်းလဲ အတူတူပဲလေ..၊ အခု ကျီယွမ်နယ်မြေကို သိမ်းပိုက်ချင်နေတာမလား..”
ပိုင်ကျန့်ယွီသည် ဒေါသထွက်လာ သော်လည်း အကြောင်းစုံသိချင်နေသေး၏။
“မတူဘူး..၊ ကျွန်မတို့ ယိချင်းဂိုဏ်းက သူတို့လိုအကြမ်းဖက်မှာ မဟုတ်ဘူး..”
“ပြီးတော့ ယိချင်းဂိုဏ်းက ကျိုးကမ္ဘာမှာ ထိပ်သီးဂိုဏ်းတစ်ခုပဲ..၊ ဒီနယ်မြေကို ကျွန်မတို့ နယ်မြေလို့ ကြေညာလိုက်တာနဲ့ အခြားဘယ်အင်အားစုကမှ နောက်ယှက်ရဲမှာ မဟုတ်တော့ဘူး..”
ရှု့ယင်ယင်သည် ရှင်းပြပြောဆိုလိုက်၏။ သူမတို့ ကမ္ဘာငယ်၏ အနီးတွင် နယ်မြေငယ်များ ပေါ်ပေါက်လာမှုသည် ကျိုးကမ္ဘာ၏ အင်အားစုများကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။
သူတို့သည် စူးစမ်းမှုများ လုပ်ပြီးသည့်နောက်တွင် ထိုနယ်မြေငယ်များ၏ အင်အားသည် သူတို့ထက်အနည်းငယ် လျော့ကျနေသည်ကို တွေ့ခဲ့ရ၏။
ထို့ကြောင့်ပင် ကျုးကျော်ကာ နယ်မြေများကို သိမ်းပိုက်ရန်စတင်ခဲ့သည်။ အသေအချာ စမ်းစစ်ပြီးနောက် ကျီယွမ်နယ်မြေသည် အခြားနယ်မြေများထက် ခွန်အား သာလွန်နေသည်ကို တွေ့ရှိခဲ့၏။
သို့သော် ကျိုးကမ္ဘာ၏ အဖွဲ့အစည်းကြီးများရှိနေသောကြောင့် သူတို့သည် ကျီယွမ်နယ်မြေကို မထိပါးခဲ့ချေ။
ထိုအချင်းအရာများကို သိရှိသွားပြီးနောက် ပိုင်ကျန့်ယွီ နားလည်သွားသည့်အလား ခေါင်းညိတ်လိုက်သည်။
ထိုအရာကို တွေ့မြင်လိုက်သောကြောင့်ရှု့ယင်ယင်သည် ပြုံးမိသွား၏။ သို့သော် ပိုင်ကျန့်ယွီ ပြောဆိုလိုက်သည့် စကားကြောင့် သူမ၏ အပြုံးသည်အေးခဲသွားသည်။
“နားလည်ပြီ..၊ ထွက်သွားတော့..”
“ရှင်..”
ရှု့ယင်ယင် စိတ်တိုသွား၏။ သူမသည် အာပေါက်မတက်ရှင်းပြထားသော်လည်း ထိုအကောင်သည် တစ်စက်မျှ နားလည်ဟန်မရချေ။ သူမကိုပင် မောင်းထုတ်နေ၏။
သို့သော် သူမ၏ စိတ်ကို အတက်နိုင်ဆုံးထိန်းလိုက်ပြီးနောက် အလေးအနက်ပြောဆိုလိုက်သည်။
“ကျွန်မတို့သာ ဒီနယ်မြေအရေးကို မစွက်ဖက်တော့ရင်..၊ အခြားအင်အားစုတွေက တိုက်ခိုက်ကျုးကျော်မှုတွေ စလိမ့်မယ်..၊ ရှင်တို့စွမ်းအားနဲ့ ခုခံနိုင်မယ်ထင်နေလား..”
“သေမှာ မကြောက်ရင် စမ်းကြည့်လို့ရတယ်..”
ပိုင်ကျန့်ယွီသည် ပြင်းထန်သည့် လေသံနှင့် ပြောဆိုလိုက်၏။ ထိုအရာအတွက် သူ၏ ဆရာ နှင့် စီနီယာများကို တိုင်ပင်ရန်မလိုအပ်ချေ။ အားလုံး၏ သဘောသည် တထပ်တည်း ဖြစ်နေမည်မှာ ကျိန်းသေပင်။
“ရှင်..”
“ဟားဟား..၊ ယင်ယင်.. ကိုယ်မင်းကိုပြောသားပဲ..၊ ဒီလို တောသားတွေကို ရိုးရှင်းတဲ့ နည်းလမ်းနဲ့ သိမ်းသွင်းလို့ မရဘူးလို့..”
လူငယ်တစ်ဦးသည် နောက်လိုက်နှစ်ဦးနှင့် ရောက်ရှိလာ၏။ ထိုလူငယ်သည် မဟာနတ် အင်ပါယာအဆင့်တွင် ရှိနေပြီး နောက်လိုက်နှစ်ဦးသည်လည်း မဟာ နတ်အင်ပါယာ အဆင့်ပင်။
“ကျန်းယွမ်ဟိုင်..”
ရှု့ယင်ယင်သည် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။ ထိုလူငယ်သည် ခြင်္သေ့နဂါးဂိုဏ်း၏ သခင်လေးတစ်ဦးဖြစ်ပြီး သူမကဲ့သို့ပင် ကျီယွမ်နယ်မြေကို သိမ်းသွင်းရန် စေလွှတ်ခံရသူဖြစ်သည်။
သူမသည် ကျန်းယွမ်ဟိုင်ကိုကြည့်ကာ အေးစက်သည့်လေသံနှင့် မေးခွန်းထုတ်လိုက်၏။
“ဒီနယ်မြေကို သိမ်းသွင်းဖို့ ယိချင်းဂိုဏ်းက ကြေညာပြီးပြီလေ..၊ ရှင်တို့ ခြင်္သေ့နဂါးဂိုဏ်းက ယိချင်းဂိုဏ်းနဲ့ ရင်ဆိုင်ချင်တာလား..”
“ယင်ယင်..၊ ကိုယ်က ဒီနယ်မြေကို သိမ်းသွင်းဖို့ မဟုတ်ပါဘူး..၊ ယင်ယင်အတွက် အချိန်ကုန်သက်သာအောင် လာကူညီတာပါ..”
ကျန်းယွမ်ဟိုင်သည် ရှု့ယင်ယင်၏ လေသံနှင့် ဆန့်ကျင်ဘက် ညင်သာနေသည်။ ခြင်္သေ့နဂါးဂိုဏ်းသည် ယိချင်းဂိုဏ်းနှင့် ယှဉ်ပြိုင်ရပ်တည်နိုင်သည့် ဂိုဏ်းတစ်ခုဖြစ်၏။
ရှု့ယင်ယင်သည် ပြန်လည်တုန့်ပြန်လိုက်၏။
“ရှင့် အကူအညီ မလိုဘူး..၊ ပြီးတော့ ယယင်ယင်လို့ ခေါ်ရလောက်တဲ့အထိ ရှင်နဲ့ ကျွန်မက ရင်းနှီးမှုမရှိဘူး..၊ နာမည်အပြည့်အစုံကိုခေါ်ပါ..၊ သခင်လေးကျန်း..”
“ယင်ယင်..”
“စကားဖြတ်ပြောရတာ အားနာပါတယ်..၊ သမီးရည်းစားချင်း ရန်ဖြစ်ချင်တယ်ဆိုရင် ကျီယွမ်ကုန်းမြေရဲ့ အပြင်မှာ သွားဖြစ်ကြ..၊ မဟုတ်ရင် ကန်ထုတ်ရလိမ့်မယ်..”
ကျန်းယွမ်ဟိုင် ထပ်မံပြောမည် အပြုတွင် ပိုင်ကျန့်ယွီသည် ဝင်ရောက်ပြောဆိုလိုက်၏။ သူ၏ စိတ်ရှည်မှုသည် အကန့်အသတ်ရောက်ရှိလာပြီဖြစ်သည်။
‘ဘယ့်နှယ် သမီးရည်းစားရန်ဖြစ်တာ သူများနယ်မြေမှာ လာဖြစ်ရတယ်လို့’
“ကျွန်မနဲ့သူက ဘာမှမဆိုင်ဘူး..”
ရှု့ယင်ယင်သည် စကား ဝင်ထောက်လိုက်၏။ ကျန်းယွမ်ဟိုင်သည် ရုပ်ဆိုး အကျည်းတန်သွားပြီး ပိုင်ကျန့်ယွီကို အော်ငေါက်လိုက်သည်။
“တိတ်စမ်း..၊ မင်းအဆင့်နဲ့ နှောက်ယှက်ခွင့်ရှိတယ်ထင်နေလား..”
“ရွှစ်..”
ရှု့ယင်ယင် ထိန်လန့်သွား၏။ သူမသည် ပိုင်ကျန့်ယွီထံမှ မြန်ဆန်သည့် ဓားအလင်းတစ်ချက်ကို တွေ့မြင်လိုက်ရ၏။ သို့သော် မြန်ဆန်လွန်းသောကြောင့် မှုံဝါးဝါးသာ တွေ့မြင်လိုက်ရသည်။
ကျန်းယွမ်ဟိုင်လည်း ကြောင်အနေ၏။ သို့သော် သူ၏ လက်တစ်ဖက်ကို မခံစားမိတော့သောကြောင့် စစ်ဆေးလိုက်သည်။
သူ၏ နောက်လိုက်များလည်း မှင်သက်နေ၏။
“ဘုတ်..”
သူစစ်ဆေးလိုက်ချိန်တွင် သူ၏ လက်တစ်ဖက်သည် မြေပြင်ပေါ်သို့ ကျဆင်းသွားတော့၏။
“အား...”
ကျန်းယွမ်ဟိုင်သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ဒေါသများထွက်ပေါ်လာသည်။
“မင်း..ခွေးကောင်..”