ရန်စခြင်း
Vol. 18 Ch. 265
ရှု့ယင်ယင်သည် အသက်ရှုရန်ပင် မေ့လျော့နေ၏။ ထိုသူသည် သူမနှင့် ရွယ်တူ အဆင့်တူသာရှိသော်လည်း ကျန်းယွမ်ဟိုင်၏ လက်ကို အကာကွယ်မဲ့ ဖြတ်တောက်နိုင်ခဲ့သည်။
‘ဒီလူ ထင်တာထက် ပိုအစွမ်းထက်တာပဲ..’
သူမပင် ပိုင်ကျန့်ယွီ၏ ဓားနှင့် လှုပ်ရှားမှုကို မမြင်လိုက်ရချေ။
ထို့အပြင် ကျန်းယွင်ဟိုင် မည်သို့ပင် သတိလက်လွတ်နေပါစေ သူ၏ အဆင့်အရ တုန့်ပြန်မှုသည် ကျိန်းသေမြန်ဆန်ပေမည်။
သို့သော် ပိုင်းဖြတ်ခံပြီးမှသာ သိရှိခဲ့ရ၏။ သူ၏ လက်တစ်ဖက် စူးကနဲ့ ဖြစ်သွားသည်ကိုသာ သိလိုက်ရသည်။ ထိုသို့မြန်ဆန်သူကို မမြင်ဖူးချေ။
“အဲ့ဒီကောင်ကို သတ်စမ်း..”
ကျန်းယွမ်ဟိုင်သည် သူ၏ နောက်လိုက်နှစ်ဦးကို စေခိုင်းလိုက်သည်။
သူသည် အလွန်ပင် ဒေါသထွက်နေသည်။ ထိုလူငယ်သည် သူ၏ အလစ်ငိုက်ဖမ်းကာ တိုက်ခိုက်ခဲ့၏။ ထို့အပြင် သူ၏ လက်ကိုပါ ဖြတ်တောက်ခဲ့သေးသည်။
သူ၏ နောက်လိုက်နှစ်ဦးသည် အလင်းလှိုင်းများနှင့် ပြင်းပြင်းထန်ထန် ပစ်လွှတ်လိုက်၏။
“နားလည်ရကောင်းမှန်းမသိဘူးပဲ..”
ပိုင်ကျန့်ယွီသည် ကျန်းယွမ်ဟိုင်၏ လက်ကို တမင်ဖြတ်တောက်လိုက်ခြင်းပင်။ သူသည် ထိုနှစ်ဦး ရန်ဖြစ်နေခြင်းကြောင့် မဟုတ်ပေ။
ရှု့ယင်ယင်၏ စကားအရ ကျုးကျော်သူများ ရောက်ရှိလာမည်မှာ ကျိန်းသေပင်။ ထို့ကြောင့် ကျိုးကမ္ဘာမှ ကျုးကျော်သူများအတွက် နမူနာပေးရန် ရည်ရွယ်လိုက်ခြင်း ဖြစ်သည်။
ထို့နောက် သူ့ထံ ဝင်ရောက်လာသည့် အလင်း လှိုင်းများကို အသာယာရှောင်တိမ်းလိုက်၏။
ထို့နောက်သူ၏ ခြေထောက်ကို အသယာလှုပ်ရှားကာ ကောင်းကင်ပေါ်သို့ ခုန်တက်သွား၏။
“ရွှစ်..”
ထို့နောက်တွင် ချက်ချင်းဆိုသလို သူ၏ ခန္ဓာကိုယ်သည် နောက်လိုက်နှစ်ဦး၏ အနားမှ ဖြတ်ပြေးသွားသည်။ သူ၏ မြန်ဆန်မှုကြောင့် နောက်လိုက်နှစ်ဦးပင် မှင်သက်သွား၏။
“ဘုန်း..”
“ဘုန်း..”
ကောင်းကင်ထက်မှ ခန္ဓာကိုယ်နှစ်ခုသည် ရုတ်ချည်းပြုတ်ကျသွားတော့သည်။ သူတို့၏ လည်တိုင်တွင်တော့ သွေးများစို့နေ၏။
“ဒါက..”
ရှု့ယင်ယင်သည် ပိုင်ကျန့်ယွီ၏ စွမ်းအားကို မခန့်မှန်းနိုင်တော့ချေ။
သေဆုံးသွားသူနှစ်ဦးသည် အဆင့်နိမ့် ကျင့်ကြံသူများ မဟုတ်ပေ။ မဟာ နတ်အင်ပါယာများဖြစ်၏။ သို့သော် ထိုသို့ သူများကိုပင် ကြက်ကလေးငှက်ကလေး သတ်သလိုပင် သတ်ဖြတ်ခဲ့သည်။
ထိုနှစ်ဦးသည် မည်သို့ သေဆုံးသွားရသည်ကိုပင် မသိသွားခဲ့ချေ။
“မင်း..”
“ခြင်္သေ့နဂါးဂိုဏ်းကို စိန်ခေါ်နေတာလား..”
ကျန်းယွမ်ဟိုင်သည် အလွန်ပင် တုန်လှုပ်သွား၏။ သူ၏လက် ဖြတ်တောက်ခံရမှုသည် သူ၏ ပေါ့ဆမှုကြောင့်ဟုထင်ခဲ့သော်လည်း သူ၏ နောက်လိုက်နှစ်ဦးကိုပင် အသာယာ သတ်ဖြတ်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်တွင် ချွေးစေးများပြန်လာတော့၏။ ထို့နောက် ချက်ချင်းဆိုသလို ထွက်ပြေးရန်ကြံစည်လိုက်သည်။ ရှု့ယင်ယင်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။
“မင်းတို့ နယ်မြေကို ဖျတ်စီးပစ်မယ်ကွ..”
ကျီယွမ်နယ်မြေနှင့် တော်တော်ဝေးဝေးသို့ ရောက်ချိန်မှ ထိုအသံသည် ထွက်ပေါ်လာ၏။
“အမှိုက်ပဲ..”
ပိုင်ကျန့်ယွီသည် ခေါင်းကို အသာခါယမ်းလိုက်၏။ ထိုသူများသည် ထင်ထားသည်ထက်ပင် အားနည်းနေသည်။ သူသည် ကျန်းယွမ်ဟိုင်ကို သတ်ဖြတ်ရန် လွယ်ကူသော်လည်း တမင်တကာ လွှတ်ပေးခဲ့သည်။
“ရှင်..ရန်မစသင့်တဲ့သူကို ရန်စလိုက်တာပဲ..”
ရှု့ယင်ယင်သည် အဖြစ်အပျက်များ မြန်ဆန်လွန်းသောကြောင့် မနည်းပင် မှီအောင် လိုက်နေရ၏။ ထိုအရာသည် တမင်စိန်ခေါ်ခြင်းပင်။ မည်သည့်ယုံကြည်ချက်ကြောင့် ထိုသို့ပြုလုပ်လိုက်သည်ကို နားမလည်ပေ။
သို့သော် ပိုင်ကျန့်ယွီသည် ဂရုမစိုက်သည့်အလား မေးခွန်းထုတ်လိုက်၏။
“သူတို့ဂိုဏ်းမှာ မူလ နတ်အင်ပါယာ ဘယ်နှစ်ဦး ရှိလဲ..”
ရှု့ယင်ယင် “...”
‘အဲ့လိုမေးရအောင် မူလနတ်အင်ပါယာတွေက ကန်းစွန်းရွက်ပေါသလိုပေါနေတယ်ထင်လား..’
ရှု့ယင်ယင်သည် ပိုင်ကျန့်ယွီ၏ ပါးကို ပိတ်ရိုက်ချင်သွား၏။ ထိုအကောင်၏ ဦးနှောက်လည်ပတ်ပုံကိုပင် မေးခွန်းထုတ်မိသွားသည်။
မူလနတ်အင်ပါယာအဆင့်သည် ရောက်ရှိရန် မလွယ်ကူပေ။ ထိုသို့ အထွတ်ထိပ် တည်ရှိမှုများကို မထူးဆန်းသလိုပြုမှုပြောဆိုနေ၏။
ပိုင်ကျန့်ယွီသည် ရှု့ယင်ယင်၏ မျက်နှာအမူအယာကို တွေ့မြင်ပြီးနောက် မူလနတ်အင်ပါယာအဆင့်မရှိဟု ကောက်ချက်ချလိုက်သည်။
ထို့နောက် သူမကို မချိပြုံးပြုံးပြကာ မေးလိုက်၏။
“မင်း..၊ ကျီယွမ်နယ်မြေမှာ ဆက်နေချင်သေးလား..”
“ရှင့်ကို စေတနာနဲ့ သတိပေးတာပဲ..၊ နောက်ဆက်တွဲတွေကို ခံနိုင်ရည်ရှိဖို့ မျှော်လင့်တယ်..၊ သူတို့ရဲ့ အုတ်မြစ်က ထင်သလောက်မရိုးရှင်းဘူး..”
သူမသည် နှာမှုတ်ကာ သတိပေးလိုက်၏။ ပြီးနောက် သူမ၏ နောက်လိုက်များနှင့် အတူ ထွက်ခွာသွားတော့သည်။ ထိုအကောင့်၏ အသွင်သည် သူမ ဆက်လက်၍ညှိနှိုင်းရတော့မည် မဟုတ်ပေ။
ထို့ကြောင့် ဆက်လက်ဖိအားမပေးတော့ချေ။ သူမသည် ကျန်းယွမ်ဟိုင်၏ အဖြစ်မျိုး မဖြစ်လိုပေ။
ထိုနယ်မြေငယ်မှ ကျင့်ကြံသူသည် ရဲတင်းလှ၏။ ခြင်္သေ့နဂါးဂိုဏ်းသားများကို သတ်ဖြတ်ခဲ့သည့်အပြင် ဂိုဏ်းသခင်လေး၏ လက်ကိုပင် ဖြတ်တောက်ခဲ့သည်။
ထိုအရာကို ခြင်္သေ့နဂါးဂိုဏ်းမှ အလွယ်တကူ လျစ်လျှုရှုမည်မဟုတ်ပေ။ ဤအရာသည် ခြင်္သေနဂါးဂိုဏ်း၏ ဒေါသကို နိုးဆွလိုက်ခြင်းဖြစ်၏။
သူမတို့အနေနှင့် ဒေါသထွက်နေသည့် ဂိုဏ်းကြီးတစ်ခုကို နယ်မြေငယ်တစ်ခုအတွက် အထိခိုက်ခံတားဆီးပေးမည်မဟုတ်ပေ။
ထို့ကြောင့် သူမ၏ အချိန်များကို ဆက်လက် မဖြုန်းတီးတော့ပဲ ထွက်ခွာသွား၏။
“ခြင်္သေ့နဂါးဂိုဏ်း..”
ပိုင်ကျန့်ယွီသည် ရှု့ယင်ယင် ထွက်ခွာသွားပြီးနောက်တွင် ရေရွတ်လိုက်၏။
သူ၏ စိတ်တွင်း ရဲတင်းသည့် ဆန္ဒတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်သူသည် အစောင့်ကို မှာကြားလိုက်၏။
“ကျုပ် နန်းတော်ကို ပြန်လိုက်ဦးမယ်..၊ ခင်ဗျားတို့ သေချာစောင့်ကြပ်ထားဦး..”
“စိတ်ချပါ သခင်လေးပိုင်..”
အစောင့်၏ စကားကို ဆုံးအောင်နားမထောင်ချေ။ ပိုင်ကျန်ယွီသည် ကျီယွမ်ခံတပ်မှ ပျောက်ကွယ်သွား၏။
“ဒုတိယအစ်ကို..ကျုပ်ပြောတာ ဘယ်လိုသဘောရလဲ..”
ဟွမ်းရှန့်နန်းတော်တွင် ပိုင်ကျန့်ယွီသည် သူ၏ အတွေးကို ထုတ်ပြောလိုက်၏။
“ကောင်းတယ်..၊ မဟုတ်လဲ ရင်ဆိုင်ရမဲ့ အတူတူ ငါတို့က လက်ဦးမှု ရအောင်ယူကြမယ်..”
လုရှင်းယန်သည် ပိုင်ကျန့်ယွီ၏ အတွေးကို ထောက်ခံ၏။
“အစ်မကြီးကိုရော ခေါ်သင့်လား..”
လျှိုမင်ယွမ်သည် တွေးဆကာ ပြောလိုက်၏။
“ဘာကိစ္စလဲ..”
ထိုအချိန်တွင် ယွဲ့ဝူယောင်သည် ခန်းမအတွင်း ရောက်ရှိလာကာ မေးမြန်းလိုက်၏။
ပိုင်ကျန့်ယွီသည် သူကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ပြောဆိုလိုက်သည်။
ခြင်္သေ့နဂါးဂိုဏ်း၏ လာရောက်တိုက်ခိုက်မည်က သေချာသလောက်ပင်။ ထို့ကြောင့် သူတို့၏ တိုက်ခိုက်မှုကို မစောင့်တော့ပဲ လက်ဦးမှု ရယူကာ ဦးစွာတိုက်ခိုက်မည်ဖြစ်၏။
သို့မှသာ ကျိုးကမ္ဘာငယ်တစ်ခုလုံး၏ အဖွဲ့အစည်းများသည် ကျီယွမ်နယ်မြေကို ကျုးကျော်ရန် နှစ်ခါပြန်စဉ်းစားရမည်ဖြစ်သည်။
ထို့အပြင် ကျိုးကမ္ဘာငယ်၏ ဖွဲ့စည်းတည်ဆောက်ပုံကို လေ့လာနိုင်မည်ဖြစ်၏။
“ကောင်းပြီ အခုသွားကြတာပေါ့..”
ယွဲ့ဝူယောင်သည် ချက်ချင်းဆိုသလို သွားရောက်ရန် မစောင့်ဆိုင်းနိုင်တော့ချေ။ ပိုင်ကျန့်ယွီ၏ အတွေးများကို အပြည့်အဝ ထောက်ခံလိုက်၏။ သူမတို့၏ နယ်မြေသည် ကျုးကျော်ချင်တိုင်း ကျုးကျော်၍ ရသည့် နယ်မြေမဟုတ်ကြောင်းပြသရပေမည်။
ထို့နောက် ပုံရိပ်လေးခုသည် ခန်းမအတွင်းမှ အလျင်အမြန်နှုန်းထွက်ခွာကာ ကျီယွမ်ကုန်းမြေ၏ ပြင်ပသို့ တခဏအတွင်း ရောက်ရှိသွားသည်။
“လူငယ်တွေက စိတ်လိုက်မာန်ပါရှိတာပဲ..”
ထိုအဖြစ်အပျက်ကို တိတ်တဆိတ်ကြည့်ရှု့နေသည့် ဝမ်မုန့်ယွင်သည် သက်ပြင်းချကာ ရေရွတ်လိုက်၏။
“အစ်ကိုလေးကလည်း ပြင်ပကို ထွက်သွားပြန်ပြီ..၊ ကျွန်မ သူတို့နောက်ကို တိတဆိတ်လိုက်သွားလိုက်မယ်..၊ အစ်မဝမ်နဲ့ ရွှယ်အာက နန်းတော်ကို စောင့်ရှောက်ထားလိုက်ဦး..”
စုန့်ချင်းသည် သူတို့အား ဤအတိုင်းမလွှတ်လိုက်နိုင်ချေ။
“ကောင်းပြီ..”
မော့ရွှယ်အာသည် လက်ခံလိုက်၏။ စုန့်ချင်း၏ ခွန်အားသည် ဆန်းကြယ်လှသည်။ သူမ၏ ခွန်အားကို ယခုအထိ မှန်းဆနိုင်ခြင်း မရှိသေးချေ။ ယခင်က စစ်ရှီးယဲ့နှင့် တူညီသည်ဟု ထင်ခဲ့သော်လည်း ထို့ထက်ပင် ပိုသည်ဟု ခံစားနေကြမိ၏။
“ယွီဟွာကို ပြန်မတွေ့မချင်း နန်းတော်သခင်ဆိုတဲ့လူကို နန်းတော်ထဲ တွေ့ရမယ်မထင်ဘူး..”
မော့ရွှယ်အာသည် သက်ပြင်းချကာဆိုလိုက်၏။
“ယွီဟွာရှိရင်တောင် နန်းတော်ထဲ ကပ်တာမဟုတ်ဘူး..”
ဝမ်မုန့်ယွင်လည်း ခေါင်းခါယမ်းကာဆိုလိုက်သည်။ ထိုသူသည် ကျီယွမ်ကုန်းမြေနှင့် ဓာတ်မတည့်ဟုပင် ထင်ရ၏။
ခဏအကြာတွင် ချုံးမင်သည် အလျင်စလို ဝင်ရောက်လာပြီး သတင်းပို့လိုက်သည်။
“အကြီးအကဲဝမ်..၊ မီးတောက်ချိုင့်ဝှမ်း၊ ကြယ်ဖြူမဟာမိတ်နဲ့ ဓားတောင်တန်းဂိုဏ်းတို့က နယ်မြေအကျုးကျော်ခံရပြီး အတင်းအကြပ် ဖိအားပေးခံနေရတယ်ဆိုပြီး အကူအညီတောင်းထားတယ်..”
“တစ်ခါတည်းငြင်းလိုက်..၊ ပြီးတော့ သူတို့ရဲ့ ဆက်သွယ်ရေး အဆောင်တွေကို ဖျတ်ဆီးလိုက်..”
ဝမ်မုန့်ယွင်သည် သွေးအေးအေးနှင့် ပြောလိုက်၏။