← Chapters

တိုက်ခိုက်ခြင်း

Vol. 18 Ch. 270

တိုက်ခိုက်ခြင်း

Vol. 18 Ch. 270

ခြင်္သေ့နဂါးဂိုဏ်း၏ အကြီးအကဲများသည် ပိုင်ကျန့်ယွီနှင့် လျှိုမင်ယွမ်ထံ ဦးတည်သွားကြသည်။ ထို့နောက် တိုက်ခိုက်မှုများ စတင်လိုက်ကြ၏။

“ဝုန်း..”

လုရှင်းယန်သည် သူ၏ လှံကို ထုတ်ဖော်ကာ တားဆီးလိုက်ပြီး တိုက်ပွဲ အတွင်း ဝင်ရောက်သွားခဲ့၏။

“သေစမ်း..”

ကျန်းယွမ်ချင်းသည် ယွဲ့ဝူယောင်ကို ကြမ်းတမ်းစွာ တိုက်ခိုက်လိုက်၏။ သူ၏ ဓားမော့နှင့် မရပ်မနား ဖိအားပေးတိုက်ခိုက်နေသည်။

ယွဲ့ဝူယောင်သည် ကျန်းယွမ်ချင်းနှင့် အဆင့်ကွာနေသော်လည်း များစွာ သက်ရောက်ဟန် မရှိပေ။ သူမသည် ကျန်းယွမ်ချင်း၏ တိုက်ခိုက်မှုများကို အသာယာပင်တုန့်ပြန်နေ၏။

ကျန်းယွမ်ချင်းသည် ပြင်းထန်သည့် ခွန်အားသည့် ယွဲ့ဝူယောင်ကို ခုတ်ပိုင်းလိုက်၏။ သူသည် အလွန်ပင်း ဒေါသထွက်နေခြင်းဖြစ်သည်။

ထိုလူငယ်များသည် သူ၏သား နှင့် အကြီးအကဲနှစ်ဦးကိုပါ သတ်ဖြတ်ရုံနှင့် အားမရပဲ ဂိုဏ်းအထိပင် ကျုးကျော်တိုက်ခိုက်နေ၏။

မည်သို့မျှ ခွင့်မလွှတ်နိုင်ချေ။

“ခြင်္သေ့နဲ့ နဂါးရဲ့ဒေါသ..”

ထိုဓားမော့မှာ အလင်းလှိုင်းနှစ်ခုသည် ထွက်ပေါ်လာပြီး ခြင်္သေ့နှင့် နဂါးအသွင်ပြောင်းလဲ သွားကာ ယွဲ့ဝူယောင်ထံ တရကြမ်းဝင်သွား၏။

“အေးခဲစမ်း..”

ယွဲ့ဝူယောင်သည် ခရမ်းလဓားနှင့် ထိုအသွင်ပြောင်းသားရဲနှစ်ကောင်ကို ခုတ်ဖြတ်လိုက်သည်။

“ဝုန်း..”

ထိုသားရဲနှစ်ကောင်းအား ခရမ်းလဓားနှင့် ထိခက်သွားသည်နှင့် တပြိုင်နက် ဓားမှ ထွက်ပေါ်နေသည့် လစွမ်းအင်များသည် ချက်ချင်းအေးခဲသွားစေခဲ့၏။

“ခွမ်း..”

ထို့နောက်တွင် တစစီကွဲကြေသွားတော့သည်။

ကျန်းယွမ်ချင်းသည် မျက်မှောင်ကြုတ်သွား၏။ သူထက် တစ်ဆင့်နိမ့်သည့် မိန်းကလေးကို ဖိနှိပ်နိုင်ခြင်းမရှိ ဖြစ်နေသည်။

သို့သော် သူ၏ ဓားမော့ကို အလျှင် အမြန် လွှဲယမ်းလိုက်ရ၏။

ယွဲ့ဝူယောင်သည် ကြီးမားသည့် အအေးလှိုင်းနှင့် ပစ်လွှတ်လိုက်သောကြောင့်ပင်။

“ငါ့ကို အေးခဲပစ်ဖို့ ကြံနေတာလား..၊ အဲ့ဒီလောက် မလွယ်ဘူးကွ..”

ကျန်းယွမ်ချင်းသည် မာန်ဟုန်သွင်းကာ ခုတ်ချလိုက်၏။

“ဝုန်း..”

ယွဲ့ဝူယောင်၏ အအေးလှိုင်းကို တားဆီးနိုင်ခဲ့သော်လည်း သူ၏ လက်များ ထုံကျဉ်နေသည်ကို ခံစားမိသွားသည်။

တစ်ဖက်ရှိ အကြီးအကဲ ခြောက်ဦးသည်လည်း လူငယ်သုံးဦးကို တိုက်ခိုက်နေသော်လည်း နည်းနည်းမျှပင် ဖိအားမပေးနိုင်ချေ။ ထို့အပြင် သူတို့ကိုယ်တိုင်ပင် ဖိအားများ ခံစားနေရ၏။

“ရွှစ်..”

ပိုင်ကျန့်ယွီ၏ ဓားချက်များသည် လျှင်မြန်လှသည်။ အကြီးအကဲနှစ်ဦးသည် ပိုင်ကျန့်ယွီ၏ ဓားချက်များအောက် အလူးအလဲ ရုန်းကန်နေရ၏။

“ဝုန်း..”

လုရှင်းယန်၏ လှံသည် အခြားအကြီးအကဲနှစ်ဦး၏ တိုက်ခိုက်မှုများကို ကြမ်းကြမ်းတမ်းတမ်း ဖြိုခွဲပစ်နေသည်။ ထို့အပြင် ပူပြင်းလှသည့် မီးလှံများကြောင့် သူတို့၏ လှုပ်ရှားမှုများ ကန့်သတ်ခံနေရ၏။

“သေစမ်း..”

အဆိုးဆုံးသည် အမှောင်စွမ်းအင်များနှင့် လျှိုမင်ယွမ်ပင်။ သူနှင့် တိုက်ခိုက်နေသည့် အကြီးအကဲ နှစ်ဦးသည် ဖိအားအပြင် စိတ်မသက်မသာ မှုများကိုပါ ခံစားနေရသည်။ ထို့အပြင် ထိုစွမ်းအင်များကို သူတို့ မကြုံတွေ့ဖူးသောကြောင့် အလွန်အမင်း ဖိအားသက်ရောက်စေ၏။

ယွဲ့ဝူယောင်သည်လည်း အဓိပတိနတ်အင်ပါယာ ကျန်းယွမ်ချင်းကို ဖိအားပေးကာ တိုက်ခိုက်နေပြန်သည်။ သို့သော် သူသည် အဆင့်ကွာခြားချက်ကြောင့် အကြီးအကဲများကဲ့သို့ အခြေအနေမဆိုးသေးပေ။

တိုက်ပွဲ၏ စွမ်းအင်လှိုင်းများသည် ကျိုးကမ္ဘာငယ်တစ်ခုလုံးကို သက်ရောက်စေ၏။

ကျင့်ကြံသူများသည် ခြင်္သေနဂါးဂိုဏ်းအနီးသို့ အလျှိုလျှိုရောက်ရှိလာပြီး အဖြစ်ပျက်များကို ထိန့်လန့်ဖွယ်မြင်တွေ့လိုက်ရတော့သည်။

ခြင်္သေ့နဂါးဂိုဏ်း၏ အကြီးအကဲများသည် အတုံးအရုံးလဲကျနေ၏။ သူတို့သည် အသက်ရှင်နေဆဲဖြစ်သော်လည်း ဒဏ်ရာများပြင်းထန်နေသည်။

ထို့အပြင် သူစိမ်းလူငယ်လေးဦးသည် ဂိုဏ်းချုပ်ဖြစ်သူကို ဝိုင်းဝန်းကာ တိုက်ခိုက်နေကြ၏။ ကျန်းယွမ်ချင်း၏ အခြေအနေသည် သူတို့လေးဦး၏ တိုက်ခိုက်မှုများကြောင့် အခြေအနေ ဆိုးဝါးနေတော့သည်။

“ဒါက..”

“အဲ့ဒါ သူပဲ..၊ ကျီယွမ်နယ်မြေငယ်လေးက ကျင့်ကြံသူ..”

ရှု့ယင်ယင်သည် ပိုင်ကျန့်ယွီကို တွေ့မြင်လိုက်ပြီးနောက် ထိတ်လန့်စွာ ရေရွတ်လိုက်မိ၏။

“နယ်မြေငယ်လေးက လူငယ်တွေ အဲ့ဒီလောက် အစွမ်းထက်နေတာလား..”

ရှု့ယင်ယင်၏ ဘေးမှ လူအိုကြီးတစ်ဦးသည် ထိုအဖြစ်အပျက်ကို ကြည့်ရှုရင်း မေးခွန်းထုတ်မိသွားသည်။ ထိုလူအိုကြီးသည် ယိချင်းဂိုဏ်းချုပ် ဟွေ့လုံချန်ဖြစ်ပြီး အဓိပတိနတ်အင်ပါယာ တစ်ဦးဖြစ်၏။

သူသည် သူ၏ တပည့်မလေးထံမှ ပိုင်ကျန့်ယွီအကြောင်း ကြားဖူးခဲ့၏။ သို့သော်လည်း လက်ရှိတွင် လူငယ်လေး လေးဦးနှင့် ခြင်္သေ့နဂါးဂိုဏ်းကဲ့သို့ ထိပ်သီးဂိုဏ်းကြီးကိုပင် ဝင်ရောက်တိုက်ခိုက်နေသည်ကို မယုံကြည်နိုင်ဖြစ်နေသည်။

ထို့အပြင် ဂိုဏ်း၏ အကြီးအကဲများလည်း ဒဏ်ရာအပြင်းအထန်ရရှိနေပြီး ဂိုဏ်းချုပ်ကိုပင် ဖိအားပေးတိုက်ခိုက်နေ၏။

သူတို့သည် မဟာနတ်အင်ပါယာများဖြစ်သော်လည်း သူတို့ရိုက်နှက်ထားသည့်သူများသည် သူငယ်နှပ်စားများ မဟုတ်ပေ။ နှစ်ပေါင်းများစွာ ရှင်သန်လာကြသည့် မြေခွေးအိုကြီးများပင်။

“ဂိုဏ်းချုပ်ဟွေ့ ခင်ဗျားရပ်ကြည့်နေတော့မှာလား..၊ ဒီလူငယ်တွေက ကျုပ်တို့ ကျိုးကမ္ဘာကို ကျုးကျော်လာသူတွေနော်..”

ကျန်းယွမ်ချင်းသည် တိုက်ပွဲနှင့် မအားလပ်သည့်ကြားမှ ဟွေ့လုံချန်၏ အငွေ့အသက်ကို ခံစားမိသောကြောင့် အကူအညီတောင်းလိုက်ရ၏။

“ဝုန်း..”

ပြင်းထန်သည့် ရိုက်ချက်လေးခုသည် သူ၏ ကိုယ်ပေါ်သို့ ရောက်ရှိလာသည်။

“ဘုန်း..”

ကျန်းယွမ်ချင်းသည် ယွဲ့ဝူယောင်တို့ လေးဦး၏ ဖိအားပေးတိုက်ခိုက်မှုများကို မထိန်းထားနိုင်တော့ပဲ လွင့်စင်သွားရတော့၏။

“ကျုပ်တို့ တိုက်ခိုက်ချင်တာ ခြင်္သေ့နဂါးဂိုဏ်းတစ်ခုထဲ..၊ ခင်ဗျားတို့ ဝင်ပါမယ်ဆိုရင်လဲ ကျုပ်တို့က အဖော်ပြုပေးမယ်..၊ နောက်ဆက်တွဲကိစ္စတွေအထိ တာဝန်ယူနိုင်တယ်ဆိုရင် တက်လာခဲ့လို့ရတယ်..”

လုရှင်းယန်သည် ကျိုးကမ္ဘာ၏ ကျင့်ကြံသူများကို ကြည့်ရင်း ကြီးစိုးစွာ ပြောလိုက်သည်။

သူတို့တွင် မဟာနတ်အင်ပါယာများ ပါရှိသော်လည်း မည်သူမှပင် စတင်၍ ရှေ့မတက်ရဲကြပေ။

တစ်ချို့သည်လည်း လုရှင်းယန်၏ စကားကြောင့် နောက်ဆုတ်သွားတော့သည်။ လုရှင်းယန်တို့သည် ခြင်္သေ့နဂါးဂိုဏ်းတစ်ခုထဲသာ တိုက်ခိုက်ခြင်းဖြစ်၏။ ထို့အတွက် သူတို့နှင့် သက်ဆိုင်ခြင်း မရှိပေ။ ထို့ကြောင့် ဝင်မပါရန် ဆုံးဖြတ်လိုက်သည်။

ကောင်းကင်ထက်ရှိကျင့်ကြံသူများအားလုံးသည် တိတ်ဆိတ်ငြိမ်သက်စွာပင် ရပ်နေကြ၏။ လုရှင်းယန်၏ အကြည့်သည် သူတို့နှင့် ဆုံတွေ့မည်ကို စိုးရွံ့ကုန်သည့်အလားပင်။

လုရှင်းယန်၏ အကြည့်သည် ဤနေရာတွင် ကျန်းယွမ်ချင်းနှင့် တူညီသည့် ခွန်အားရှိသူထံ ကျရောက်သွား၏။

“ဆရာ..”

ရှု့ယင်ယင်သည်လည်း ထိန့်လန့်နေသည်။ လှံနှင့် လူငယ်သည် သူမ၏ ဆရာဖြစ်သူကိုပင် တိုက်ခိုက်တော့မည့်အလား ကြည့်ရှု့နေ၏။

“ဒီကမ္ဘာက ငါနဲ့ သက်ဆိုင်မှု ရှိတဲ့ အတွက်ကြောင့် မျက်နှာလွှဲလို့မရဘူး..၊ ဒါကြောင့် ငါ့ရဲ့ တိုက်ခိုက်မှုကို သုံးကြိမ်တောင့် ခံနိုင်ရင် မစွက်ဖက်တော့ဘူး..”

ဟွေ့လုံချန်သည် သက်ပြင်းချကာ ဆိုလိုက်၏။ ဤနေရာတွင် မျက်နှာ လွှဲလိုက်လျှင် ကျိုးကမ္ဘာတွင် သူ၏ ဂုဏ်သိက္ခာသည် မြောင်းထဲ ရောက်သွားနိုင်သည်။

“မလိုဘူး..၊ ကျွန်မရဲ့ တိုက်ကွက် တစ်ကွက်ကို တောင့်ခံနိုင်ရင် ဒီကမ္ဘာက ထွက်သွားပေးမယ်..”

ယွဲ့ဝူယောင်သည် အေးစက်စက်လေသံနှင့် ပြောဆိုလိုက်၏။

ဟွေ့လုံချန် “...”

‘မင်းက ငါ့ထက် ကျင့်ကြံမှုအဆင့်မြင့်နေလို့ ဒီစကားပြောရင် လက်ခံလို့ရတယ်..’

ဟွေ့လုံချန်သည် သူမ၏ မှင်သက်သွား၏။ ထိုသို့ မောက်မာမှုမျိုး တွေ့ပင် မတွေ့ဖူးခဲ့ချေ။ ထို့နောက် သူသည် ခေါင်းညိတ်ကာ လက်ခံလိုက်၏။ မဟာ နတ်အင်ပါယာတစ်ဦး၏ တိုက်ကွက်တစ်ခုကို ကာကွယ်ရန် မခက်ခဲပေ။ သို့သော် ကျန်းယွမ်ချင်းပင် အတင်းကြပ် ဖိအားပေးခံထားရသောကြောင့် သူ၏ မျက်ဝန်းများ လေးနက်နေသည်။

“ကောင်းပြီလေ..”

ထိုနောက် ယွဲ့ဝူယောင်သည် ကောင်းကင်ပေါ်သို့ အသာယာ ပျံတက်လာ၏။ ချက်ချင်းဆိုသလို ပတ်ဝန်းကျင်၏ အပူချိန်သည် ကျဆင်းသွားသည်။

အနီးနားရှိ ကျင့်ကြံသူများသည် ဘေးလွှတ်ရာကို ရှောင်ရှားသွားကြ၏။

ယွဲ့ဝူယောင်သည် သူမ၏ ခရမ်းလဓားကို ကိုင်မြှောက်ရင်း စွမ်းအင်များ စုစည်းလိုက်သည်။

လစွမ်းအင်များ ခရမ်းလဓားတွင် သိပ်သည်းလာပြီးနောက် ဟွေ့လုံချန်ကို ဦးတည်ကာ လွှဲယမ်းလိုက်၏။

“လနှင့်အတူ ပျက်သုန်းခြင်း..”

ကျိုးကမ္ဘာ၏ လေဟာနယ်ပင် အေးခဲသွားသည့် လစွမ်းအင်နှင့်အတူ ခရမ်းရောင်စွမ်းအင်လှိုင်းသည် ထွက်ပေါ်လာသည်။

“ဒါက..”

ဟွေ့လုံချန်သည် တံတွေးပင် အသံမြည်အောင် မြိုချမိသွား၏။ ထိုသို့ အအေးဓာတ်မျိုး တစ်ခါမျှ မကြုံဖူးခဲ့ချေ။ သူကြုံတွေ့ဖူးသည့် အအေးစွမ်းအင်များသည် ဤမျှကြမ်းတမ်းခြင်း မရှိပေ။

အနီးနားရှိ ကျင့်ကြံသူများသည်လည်း ထိတ်လန့် တုန်လှုပ်နေကြသည်။

သူသည် လက်သင်္ကေတကို အလျှင်အမြန်ပြုလုပ်ကာ ထိုအလင်းလှိုင်းကို ရင်ဆိုင်ရန်ပြင်လိုက်ရ၏။

“ကာကွယ်ခြင်းအလင်းလွှာ..”

All Chapters