← Chapters

အခန်း (၅၅၉-၅၆၁)

Vol. 38 Ch. 559-561

အခန်း (၅၅၉-၅၆၁)

Vol. 38 Ch. 559-561

အခန်း(၅၅၉) အနန္တဗုဒ္ဓပြည် ကောင်းကင်နတ်ဆိုး ဆင်းသက်ခြင်း

တစ်ချိန်တည်း၌ပင် ကမ္ဘာတစ်ဝှမ်း၌ နတ်ဆိုးဝိဉာဥ်များအဖြစ်ပြောင်းလဲသွားသည့် အပင်များကဲ့သို့သော အဖြစ်အပျက်များက အချိန်တိုင်းလိုလိုဖြစ်ပျက်နေသည်ဖြစ်ရာ လွန်ခဲ့သော နှစ်များစွာကြာကတည်းက မျိုးတုန်းပျောက်သွားခဲ့သည့် ဆန်းကြယ်သားရဲများ ပေါ်ပေါက်လာခဲ့သည်။

ဒဏ္ဍာရီများနှင့် ဒဏ္ဍာရီများတွင်သာ ရှိသင့်သော သတ္တဝါများစွာက စတင်၍ ထွက်ပေါ်လာသည်။

သိုင်းပညာရှင်များ သို့မဟုတ် ကျင့်ကြံပျိုးထောင်သူများဖြစ်စေကာမူ ကြီးမားသော ကိစ္စတစ်ခုက ကောင်းကင်နှင့်မြေကြီးအကြားဖြစ်ပျက်နေသည်ကို အသိပညာရှိသူတိုင်း သတိပြုမိကြသည်။

အနောက်မြောက်ဒေသ၊

ကျယ်ပြောလှသော မြက်ခင်းပြင်များပေါ်တွင်

မင့်မာကျို့မာက ဘုရားကျောင်း၏ လွင်ပြင်များတွင် ကျက်စားနေသည့် သိုးအုပ်များကို ထိန်းကျောင်းလျက်ရှိသည်။

သိုးထိန်းတစ်ယောက်အနေဖြင့် သူမ၏တာဝန်မှာ ကြီးမြတ်ခြင်းချန်ဘုရားကျောင်းအတွက် သိုးများကို ပြုစုစောင့်ရှောက်ရန်ဖြစ်သည်။ မြက်ခင်းပြင်အထက် ကောင်းကင်ကြီးသည် ကြီးမားသော ကျောက်မျက်ရတနာတစ်ခုကဲ့သို့ ကြည်ပြာရောင်တောက်နေသည်။

လေပြေက မြက်ခင်းပြင်များကို လှိုင်းလုံးများနှယ်လှုပ်ခတ်သွားစေသည်။

ဤသို့သော မြင်ကွင်းမျိုးက စိတ်နှလုံးကို အလွန်အမင်းသက်သာရာရစေ၏။ မင့်မာကျို့မာက အသံကျယ်ကျယ်ဖြင့် သီချင်းစတင် သီဆိုလိုက်သည်။

မလေ့ကျင့်ရသေးသော သူမ၏အသံသည် ရိုးရှင်းသော်လည်း ပဲ့တင်ထပ်နေကာ စားကျက်တည်နေသော သိုးများကလည်း ပတ်ဝန်းကျင်ကိုကြည့်ရန် အခါအားလျော်စွာ ခေါင်းမော့နေတတ်ကြသည်။

ထိုအချိန် ခပ်လှမ်းလှမ်းရှိ ကြီးမြတ်သော ချန်ဘုရားကျောင်းက နှစ်ပေါင်းတစ်ထောင်ကျော်ကြာအောင် တောက်ပခဲ့သည့် ‌ရွှေရောင်အလင်းနှင့်တောက်ပနေသည်။

ဤအခိုက်အတန့်တွင် မင့်မာကျို့မာက အဝေးမှ ချဥ်းကပ်လာသည့် လူနှစ်ယောက်ကိုမြင်လိုက်ရသည်။ အစပိုင်းတွင် နှစ်ဦးသားလုံး အလွန်ဝေးကွာသောနေရာမှ လာနေကြသည်ဟု ခံစားရသော်လည်း မျက်စိတစ်မှိတ်အတွင်း၌ပင် ၎င်းတို့အနီးအနားသို့ရောက်လာကြပြီဖြစ်သည်။

မင့်မာကျို့မာက အံ့အားသင့်စွာကြည့်နေမိသည်။

‘ဒါ ဘုန်းကြီးနှစ်ပါးပဲ’

ဦးဆောင်လာသူက အလွန်ပိန်ပါး၍ မျက်နှာသည် ဗုဒ္ဓရုပ်ပွားတော်နှင့်ဆင်ကူကာ ကြင်နာတတ်သော အပြုံးမျိုးကို ဆင်မြန်းထားသည်။ နောက်တွင် ရောင်ဝါများဖြာထွက်နေသည့်ခပ်ဝဝ ဘုန်းကြီးရှိသည်။

နှစ်ယောက်သား ဖြည်းညှင်းစွာ လျှောက်သွားကြသည်။ ၎င်းတို့၏ အရှိန်က အလွန်နှေးကွေးနေပုံရသော်လည်း တခဏအတွင်း သူတို့ရောက်လာသည်။

ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းသော သိုးထိန်းတစ်ဦးအနေဖြင့် မင့်မာကျို့မမာသည် ဤဘုန်းကြီးနှစ်ပါးကို မြင်မြင်ချင်း အရိုအသေပြုရန် အလျင်အမြန် ဒူးထောက်လိုက်သည်။

“အရှင်ဘုရားတို့ ဘယ်ကလာတာပါပဲ” မင့်မာကျို့မာက လေးစားစွာမေးသည်။

ခပ်ပိန်ပိန်ဘုန်းကြီးက လမ်းမလျှောက်တော့ဘဲ မင့်မာကျို့မာကို ငုံ့ကြည့်၍ ပြုံးလိုက်သည်။

“ကိုယ်တော်တို့က လောကီသားတို့ကို ဉာဏ်အလင်းပေးဖို့အတွက် ဗုဒ္ဓနိုင်ငံတော်ကနေ လာခဲ့တာပါ”

မင့်မာကျို့မာက အံ့အားသင့်သွား ပြီးနောက် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်လာသည်။ ခပ်ပိန်ပိန်ဘုန်းကြီးက မြေပြင်ပေါ်တွင် ရပ်နေသည်မှန်သော်လည်း ခြေဖဝါးနှင့်မြေကြီးအကြားတွင် လက်မဝက်ခန့်ကွာနေသည်ကိုမြင်လိုက်ရ၏။ =

ဗုဒ္ဓကျမ်းဂန်းများတွင် ရဟန္တာဖြစ်သွားသောပဂ္ဂိုလ်သည် ပုရွက်ဆိတ်များနှင့် အင်းဆက်ပိုးမွှားများကို မနင်းမိစေရန် မြေကိုမထိဘဲ လမ်းလျှောက်မည်ဟုဖော်ပြထားသည်။

မင့်မာကျို့မာက ဤဒဏ္ဍာရီကို သဘာဝအတိုင်းသိခဲ့သော်လည်း ဤကဲ့သို့ နတ်ဘုရားမြင်ကွင်းမျိးကို သူမ၏ မျက်လုံးများဖြင့် မြင်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရဟန်းတော်အပေါ် ကြည်ညိုလေးစားမှုများ အဆက်မပြတ် ထွက်ပေါ်လာပြီးနောက် မျက်နှာမှ မျက်ရည်များ စီးကျ တစ်ဆို့လာသည်။

“တပည့်တော်က ဒီမြင့်မြတ်တဲ့သီလတရားကို ရိုသေပါသည် အရှင်ဘုရား”

ပိန်ပါးသော ဘုန်းကြီးက ကြင်နာစွာ ပြုံးပြကာ ပိန်ကြုံးနေသော လက်ကို ဆန့်ထုတ်၍ မင့်မာကျို့မာ၏ ဦးခေါင်းထိပ်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

"ရူးမိုက်တဲ့ကလေး”

မင့်မာကျို့မာသည် တစ်ကိုယ်လုံး တုန်ခါနေပြီး သူမ၏မျက်နှာမှာ ရွှင်မြူးနေသည့်အလား ပေါ်လွင်နေသည်။ သူမ၏ မျိုးနွယ်စု၏ ရိုးရာပုံပြင်များတွင် မြင့်မြတ်သောဘုန်းကြီးတစ်ပါးက ဦးခေါင်းကို ထိခြင်းခံရခြင်းသည် မရေမတွက်နိုင်သော အတားအဆီးများကို ဖျောက်ဖျက်ပစ်သည်ဟု ဆိုကြသည်။

ခဏအကြာတွင် ပိန်လှီသောဘုန်းကြီးက ခေါင်းကို လွှတ်ပေး၍ ပြုံးပြကာ ကြီးမြတ်သော ချန်ဘုရားကျောင်းဆီသို့ လေထဲမှ လမ်းလျှောက်သွားတော့သည်။ မင့်မာကျို့မာ၏ အမူအရာက ဗလာကျင်းလျက် ရှေ့သို့ ခြေလှမ်းအနည်းငယ်တွားသွားကာ ဘုန်းကြီးလျှောက်လှမ်းခဲ့သော မြက်ခင်းပြင်တွင် မျက်နှာကို နှစ်မြုပ်လျက် ကျန်ရစ်ခဲ့သော ခြေရာများကို နမ်းရှုံ့လိုက်သည်။

ဤသည်မှာ မြင့်မြတ်သော သီလနှင့် စပ်လျဥ်းသည့် အမြင့်မြတ်ဆုံးသော ကျင့်ဝတ်ဖြစ်သည်။ သို့သော် မင့်မာကျို့မာက ခေါင်းကို ပြန်မော့လိုက်သောအခါတါင် သူမ၏ မျက်လုံးထဲမှ ရှင်းလင်းမှုနှင့် ရှင်သန်မှုအငွေ့အသက်များပျောက်ကွယ်ကာ ဗလာကျင်းသွားသည်။

ကြီးမြတ်သော ချန်ဘုရားကျောင်းသည် မြက်ခင်းမြေ ဗုဒ္ဓဘာသာ၏ မြင့်မြတ်နယ်မြေဖြစ်ကာ ထောင်နှင့်ချီသော သမိုင်းကြောင်းရှိသည်။ အရှင်ကုချန်က တံခါးနားသို့ရောက်သောအခါ များစွာသော တံခါးစောင့် ဘုန်းကြီးအများအပြားက ရှေ့သို့ တိုးလာ၍ လမ်းပိတ်လိုက်ကြသည်။

‘မိတ်ဆွေ ကျေးဇူးပြုပြီးလှည့်ပြန်ပါ။ ဒီနေရာက မြက်ခင်းမြေ ဗုဒ္ဓဘာသာအတွက် မြင့်မြတ်နယ်မြေပါ”

ကုချန်၏ ဝတ်စားဆင်ယင်ပုံက မြက်ခင်းမြေ ဗုဒ္ဓဘာသာဝင်များနှင့်မတူသောကြောင့် တံခါးစောင့်ဘုန်းကြီးများက သူ့ကို လှည့်ပြန်ခိုင်းကြသည်။

ကုချန်၏ အမူအရာက ပြောင်းလဲခြင်းမရှိဘဲ ထာဝရအပြုံးကိုဆင်မြန်းလျက် ဘုရားကျောင်းထဲသို့ဝင်လာသည်။

ဤဘုန်းကြီးများက သူ့ကို တားတော့မည့်အချိန်၌ သူ့နောက်ဘက်ရှိ ဝတုတ်တုတ် ဘုန်းကြီးက ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ ထိုဘုန်းကြီးအားလုံးကို တားဆီးလိုက်သည်။

ထိုအချိန်၌ အရှင်ကုချန်က ဝင်းအလယ်သို့လျှောက်သွား၍ ပင်မခန်းမတွင်းမှ ဗုဒ္ဓရုပ်ပွားတော်ကို မျှော်ကြည့်ကာ လျစ်လျူရှု့၍ပြောလိုက်သည်။

“ဒီနေရာက… အခု ငါထိုင်ရမယ့်အလှည့်ပဲ”

အသံထွက်ပေါ်လာပြီးသည်နှင့် မတ်တပ်ရုပ်ပွားတော်ကြီးဆီမှ ကမ္ဘာကြီးကို သနားနေသည့်အလား ဝမ်းနည်းကြေကွဲသောအငွေ့အသက်ဖြင့် အက်ကွဲသွားသည်။ ရွှေရောင်ရုပ်ပွားတော်၏ ကိုယ်ပေါ်၌

ပင့်ကူအိမ်နှင့်တူသော အစင်းကြောင်းများပေါ်လာကာ အက်ကွဲသွားသည်။

ဤကြီးမားသော ရုန်းရင်းဆန်ခတ်ဖြစ်မှုက ကြီးမြတ်သော ချန်ဘုရားကျောင်းရှိ ဘုန်းတော်ကြီးများကို အလိုအလျောက် ထိတ်လန့်သွားစေသည်။ ဤနေရာကို အနှစ်လေးဆယ်ကျော် စောင့်ကြပ်ပြီးနောက် မန်ဂျူရှရီ ဘုရားလောင်းဟု လူသိများသော မြင့်မြတ်သောချန်ဘုရားကျောင်း၏ ဦးစီးဆရာ‌တော်ဖြစ်သူမှာ အရှင်တိုရီရင်ပိုချာဖြစ်သည်။

သူက တိတ်ဆိတ်နေသည့် အခန်းထဲ၌ တရားထိုင်နေသည်။

ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီးနောက် လေးနက်သောအမူအရာနှင့်အတူ တိတ်တဆိတ်မတ်တပ်ထရပ်ကာ သူ မြင့်မြတ်သော ချန်ဘုရားကျောင်းသို့ ပထမဆုံးဝင်ရောက်စဥ်က ဝတ်ခဲ့သော ကိုရင်လေးများဝတ်သည့် သင်္ကန်းကိုပြောင်းဝတ်လိုက်သည်။

သူက မန်ဂျူရှရီဘုရားလောင်းပုံတော် ပန်းချီကားရှေ့တွင် ခဏရပ်ပြီးနောက် အနည်းငယ်ပြုံးပြလိုက်သည်။

“ကပ်ဘေးက တကယ်ရောက်လာပြီ။ ငါသွားရတော့မယ်”

ထိုသို့ဖြင့် ကျော့ရှင်းနုပျိုသော မျက်လုံးများက ဗုဒ္ဓရောင်ဝါတောက်ပကာ ဆုတောင်းပုတီးစေ့များကိုကိုင်လျက် တံခါးကို ဖြည်းညှင်းစွာတွန်းဖွင့်ထွက်သွားလေသည်။

သူထွက်သွားပြီးနောက် နံရံပန်းချီမှ မျက်ရည်တစ်စက်ဖြည်းညှင်းစွာကျလာသည်။

ထိုနေ့၌

ကိုယ့်ကိုယ်ကိုယ် အရှင်ကုချန်ဟုခေါ်သောဘုန်းကြီးတစ်ပါးက ရုတ်တရက်ပေါ်လာကာ နှစ်ထောင်ပေါင်းများစွာသက်တမ်းရှိသည့် ဗုဒ္ဓရုပ်ပွားတော်က ကွဲအက်သွားသည်။ ကြီးမြတ်သော ချန်ဘုရားကျောင်း၏ ဦးစီးဆရာတော် တိုရီရင်ပိုချာ၏ ကျင့်ကြံရေးအဆင့်က မောဟိုက်ကုန်ဆုံးလျက် နေရာ၌ပင် သေဆုံးသွားခဲ့သည်။

ထိုသို့ဖြင့် ကြီးမြတ်သော ချန်ဘုရားကျောင်း၏ ထောင်ပေါင်းများစွာကြာသော အခြေခံအုတ်မြစ်က လုံးဝပျက်ဆီးသွားခဲ့သည်။

အမေရိကနိုင်ငံ၏ အနောက်ဘက်အစွန်ဆုံး နယ်နိမိတ်တွင်။

လူဆိတ်ညံသော ချိုင့်ဝှမ်းတစ်ခုတွင်၊ နေရာတိုင်းတွင် ဆိုးသွမ်းသောသွေးစိမ်းများဖြင့် ခြယ်သထားသည့် ဆိုင်းဘုတ်များ ရှိသည်။ မရေမတွက်နိုင်သော လူများသည် အနက်ရောင် ၀တ်စုံများဝတ်ကာ သွေးအိုင်ထဲတွင်လဲကျလျက်ရှိသည်။

ထိုအတောအတွင်း၌ လူပေါင်းများစွာသေဆုံးကာ ၎င်းတို့၏ သွေးများက ရေကန်ထဲသို့ စီးကျလာသည်။

နောက်ဆုံးတွင်မူ ရေကန်ထဲရှိ သွေးများက တဖြည်းဖြည်းဆူပွက်လာကာ သွေးများနှင့် မြူခိုးများ ရောထွေးလျက် ထူးဆန်းသော ပုံစံများစွာဖြစ်ပေါ်လာသည်။

နောက်ဆုံးတွင် ရုပ်တုသည် ကြောက်မက်ဖွယ်ကောင်းသော ဆိုးရွားလှသည့် ဧရာမသားရဲကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ အော်ဟစ်သံများကြား၌ ဧရာမသားရဲကြီးက ဝါးစားလျက် ရယ်မောလိုက်သည်။

ထို့နောက် အဆုံးမဲ့လတ်ဆက်သောသွေးများက အမှုန်အမွှားများအဖြစ်သို့ပြောင်းလဲသွားကာ သားရဲကြီး၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ နောက်ဆုံးတွင် ညဥ့်ထက်မှောင်သော အလင်းတန်းတစ်ခုက ကမ္ဘာပေါ်မှာ အဆုံးမဲ့ပြင်းထန်သောစွမ်းအားများဖြင့်ပေါ်ထွက်လာသည်။ ထိုအချိန်တွင် မိုးခြိမ်းသံက ကောင်းကင်ကို ဖြတ်ကျော်သွားကာ တစ္ဆေများနှင့် ဝိဉာဥ်များက ကွင်းပြင်အနှံ့ငိုကြွေးလိုက်ကြသည်။

ကျယ်လောင်သော အက်ကွဲသံနှင့်အတူ လျှပ်စီးကြောင်းတစ်ခု ပြိုကျလာကာ ထို သွေးဖြင့်‌ရေးဆွဲထားသည့် သင်္ကေတများက ၎င်း၏ စွမ်းအားအများစုကို တွန်းလှန်ခဲ့သည်။

အနက်ရောင်အလင်းက အနည်းငယ်သာ ဒဏ်ရာရသွားကာ အနည်းငယ် တုန်ခါပြီးနောက် ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိ၍ နောက်ဆုံးတွင် တဖြည်းဖြည်းပေါင်းစပ်ကာ လူသားအသွင်ပြောင်းလဲသွားသည်။ ခဏအကြာ၌ အလွန် ရက်စက်ကြမ်းကြုတ်သော မျက်နှာထားရှိသော အမျိုးသားတစ်ဦး၏ အသွင်အပြင်ကို မြင်တွေ့ရသည်။

ထိုလူက မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်နှင့်၊

ကောင်းကင်မှ တိမ်များ လွင့်ပျံ့သွားသည်။ မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးသော နတ်ဆိုးရောင်ဝါက ကောင်းကင်သို့ပျံတက်လျက် ကြယ်ရောင်လရောင်များကို ဖုံးလွှမ်းပစ်လိုက်သည်။

နတ်ဆိုးအလင်း၏ဖုံးလွှမ်းမှုအောက်တွင်၊ တစ်ရာလီတာအတွင်း၌ အပင်များနှင့် အင်းဆက်ပိုးမွှားများ အားလုံးသေဆုံးသွားကာ ကြီးမားသောအသက်စွမ်းအားသည် မြစ်ရှည်ကြီးတစ်ခုကဲ့သို့ စီးဆင်းသွားသည်။

ကျန်ရှိသော ကိုးကွယ်သူများက မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားကြလျက် ရှိခိုးဦးညွှတ်ကြသည်။

"ကျွန်​​တော်​တို့ အကြီးမြတ်​ဆုံး နတ်​ဆိုးသခင်​ကို ကြိုဆိုပါတယ်​။"

ထိုလူသည် ဆိုးညစ်သော အပြုံးကို တဖြည်းဖြည်း ထုတ်ဖော်ပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်၏။

"နောက်ဆုံးတော့ ငါဒီနေရာကိုရောက်လာပြီ”

အခန်း(၅၆၀) အစ်ကို ညမြေခွေး စိတ်မဆိုးပါနဲ့

ချင်းမန်တောင်ပေါ်ရှိ နှင်းများက နှစ်သစ်ကူးအကြိုအထိ ကျဆင်းလျက်ရှိရာ တဖြည်းဖြည်းမှ နှင်းတိတ်သွားသည်။ နှင်းများရပ်တန့်သွားသောအခါ ချင်းမန်မြို့တစ်ခုလုံးက ငွေဖြူရောင်အလင်းများဖြင့် လွှမ်းခြုံလျက် ညကောင်းကင်ယံကို တောက်ပစွာလင်းလက်လာစေသစည်။ နှစ်သစ်ကူးခေါင်းလောင်းသံများထွက်ပေါ်လာချိန်၌ ရှန်းရှန်းနှင့် နျန်နျန်တို့က အသစ်စက်စက်အနီရောင်အင်္ကျီများနှင့် စကတ်များကို ဝတ်ဆင်ထား၍ ပန်းချီကားတစ်ချပ် သဖွယ် လှပစွာဖြင့် ပြုံးရယ်နေကြသည်။

"ဖေဖေ၊ မေမေ၊ နှစ်သစ်မှာ ပျော်ရွှင်ပါစေ"

ရွှယ်အန်းက အနီရောင် စာအိတ်ကြီးနှစ်အိတ်ကိုထုတ်လိုက်သည်။

“သမီးအလိမ္မာလေးတို့ ဒီမှာ သမီးတို့အတွက် တစ်ယောက်တစ်လုံး ဒါ ဖေဖေ့ဆီက သမီးတို့အတွက် နှစ်သစ်ကူးမုန့်ဖိုးပဲ”

“ဒါက မေမေ့ဆီက” စာအိတ်အနီနှစ်လုံးကို ထုတ်ယူရင်း အန်းယန်လည်း ရယ်မောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဖေဖေနဲ့မေမေ" ကောင်မလေးနှစ်ယောက်က စာအိတ်အနီကို လက်ခံလိုက်ကာ နားရွက်သို့ ပါးစပ်တက်ချိတ်လုမတက် ပြုံးလျက် ပြောလိုက်သည်။

ထို့နောက် ၎င်းတို့ ဘေးနားရှိ ဟူယွဲ့ဘက်သို့ ခေါင်းလှည့်လိုက်၏။

“လေလေးမြေခွေးလည်း နှစ်သစ်မှာ ပျော်ရွှင်ပါစေ"

"ဟမ် ပျော်ပါစေ" ဟူယွဲ့က တုံ့ပြန်ကာပြုံးလိုက်သော်လည်း မည်သည့်လှုပ်ရှားမှုမျှမလုပ်ပေ။

ကောင်မလေးနှစ်ယောက်က မျက်လုံးကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်၍ လက်သေးသေးလေးများကို ဆန့်ထုတ်လိုက်သည်။

“ဦးလေးမြေခွေး ဟုန်ပေါင်းမရှိဘူးလား”

ဟူယွဲ့၏ အပြုံးက အေးခဲသွားသည်။

“အဟမ်း…အဲ…အာ…”

ဟူယွဲ့က တစ်ကိုယ်လုံးယားယံနေသည့်အလား တွန့်လိမ်၍ ဟိုကုပ်ဒီကုပ်လုပ်နေသည်။ သူသည် စာအိတ်အနီများကို အမှန်တကယ် မပြင်ဆင်ခဲ့ပေ။

‘ဘယ်သူမှ ငါ့ကိုမပြောကြတာ’

ချင်ချိုး၏ မြေခွေးနယ်မြေတွင် ထိုသို့ ထုံးစံမရှိပေ။ ထို့ကြောင့် ယခု ကလေးနှစ်ယောက်၏ တောက်ပ တောက်ပြောင်သော မျက်လုံးကြီးများဖြင့် ကြည့်ခံနေရသောအခါ ဟူယွဲ့က ရှက်ကိုးရှက်ကန်း ဖြစ်နေပြီဖြစ်သည်။

ကလေးနှစ်ယောက်က သူ့ကို တွန့်တိုနေသည်ဟုထင်သွားလျှင် မည်သို့လုပ်ရမည်နည်း။

ဟူယွဲ့က အကြီးအကျယ် ကမောက်ကမဖြစ်နေစဥ် ရှီရွှယ်ချင်းက ရှောင်ထွက်သွားသည်။

“မမလေးတို့ကို အင်မော်တယ်ဘုရင်က ဟိုးအရင်တည်းက ဟုန်ပေါင်းတွေပြင်ဆင်ထားပြီးပါပြီ။ ကြည့်ဦး ဒီမှာလေ"

ထိုသို့ပြော၍ သူမက စာအိတ်အနီနှစ်လုံးထုတ်ကာ ပေးလိုက်သည်။

“ကျေးဇူးပါ ဦးလေးမြေခွေး” ကလေးနှစ်ယောက်က ပြိုင်တူအော်လိုက်ကြ၏။

ဟူယွဲ့က နောက်ဆုံးတွင် သက်ပြင်းချကာ ရှီရွှယ်ချင်းကို ကျေးဇူးတင်သောအကြည့်ဖြင့်ကြည့်လိုက်သည်။ သူ့တပည့်ဖြတ်လာသောကြောင့်သာ မဟုတ်လျှင် သူ ယနေ့ အမှန်ပင် ဤနေရာ၌ ပိတ်မိနေလိမ့်မည်။ ဟူယွဲ့က တိတ်တဆိတ်ရွှင်မြူးနေသည်။

ကလေးနှစ်ယောက်က ရွှယ်အန်းနားသို့ချဥ်းကပ်ကာ ပြောလိုက်ကြသည်။

“ဖေဖေ ဖေဖေပြောတဲ့အတိုင်း လေးလေးမြေခွေးဆီက ဟုန်ပေါင်း တစတ်အိတ်စီပေးလိုက်တယ်။ ဖေဖေပြာသလို ကပ်စီးမနဲပါဘူး”

ရွှယ်အန်းက ပြုံးလိုက်၏။

"ဟုတ်လား ကောင်းတယ်၊ ဒါဆို သွားကစား"

“ဟုတ် အန်တီရွှမ်အာပြန်လာတာ စောင့်ပြီး တူတူကစားကြမယ်” ကလေးမလေးနှစ်ယောက်က ခုန်ပေါက်လျက် ထွက်သွားကြသည်။

ဟူယွဲ့က ရွှယ်အန်းကို မကျေမနပ် စိုက်ကြည့်နေသည်။

“မင်း ငါ့ကို ထောင်ချောက်ဆင်ထားတာပဲ”

ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်သည်။

“လာပါ အစ်ကိုယွဲ့ဟူ သိပ်လည်းစိတ်မဆိုးနေပါနဲ့ နောက်တာပါ”

ဟူယွဲ့က အမှန်တကယ်‌ဒေါသထွက်ရန် ပြင်နေချိန်တွင် အနည်းငယ် အေးခဲသွားသည်။

“မင်…မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တယ်”

“အစ်ကို ယွဲ့ဟူလေ ဘာဖြစ်လို့လဲ”

ဟူယွဲ့၏ မျက်နှာက ချက်ချင်းပင် အလွန်အမင်း ဆိုးရွားလာသည်။

“ငါက ကြီးမြတ်တဲ့ဟူယွဲ့ကွ မင်းငါ့ကို ယွဲ့ဟူ (ညအိုး) လို့ခေါ်နေတယ်ပေါ့”

“အေးလေ မင်း လောင်းထားတာရှုံးသွားပြီလေ” ရွှယ်အန်းက ပေါ့ပေါ့ပါးပါး တခစ်ခစ်ရယ်လိုက်သည်။

“အဲ့နေ့က နှင်းတွေထဲမှာ ခြေဗလာနဲ့ဘယ်သူက အော်ငိုပြီး နှင်းတွေမချိုဘူးလို့အော်နေတာလဲကွ”

ဤအဖြစ်အပျက်ကို ထည့်ပြောလာသောအခါ မူလက ဒေါသထွက်နေသည့် ဟူယွဲ့က အရိုက်ခံရ၍ လေပေါက်သွားသော ဘောလုံးတစ်လုံးနှယ်ဖြစ်သွားသည်။

“အာ… ကျွန်မ အပြင်သွားပြီး ကျင်းကျင်းနဲ့ ရှောင်ရှက ရွှမ်အာကိုကြိုလာလား ကြည့်သင့်တယ်ထင်တယ်” အန်းယန်က အလျင်အမြန် ဆင်ခြေပေးကာ ထွက်လာခဲ့သည်။

မဟုတ်လျှင် ဟူယွဲ့က အရှက်နှင့်သေဆုံးသွားမည်စိုးရသည်။ အခြေအနေက အနည်းငယ်ဆိုးလာသောကြောင့် ရှီရွှယ်ချင်းက ထွက်သွားခဲ့သည်မှာကြာပြီဖြစ်သည်။

အခန်းထဲတွင် ဟူယွဲ့နှင့် ရွှယ်အန်းသာ ကျန်ခဲ့တော့သည်။

ဟူယွဲ့က အသက်ပြင်းပြင်းရှု၍ မျက်နှာချိုသွေးသောအပြုံးဖြင့်ပြုံးလိုက်သည်။

“အစ်ကိုအန်း မင်းဘာတွေပြောနေတာလဲ။ အဲ့နေ့က ငါအရမ်းအရက်သောက်ဖို့ စိတ်အားထက်သန်နေလို့ … ပြီးတော့ နည်းနည်းသတိလွတ်သွားတာလေ။ ငါ့ကို နည်းနည်းလျှော့ပေးမယ်မလား”

“ကောင်းပါပြီ အစ်ကို ယွဲ့ဟူ”

“…”

“ဟေး ငါက ချင်ချိုးမြေခွေးနယ်မြေရဲ့ အနှစ်တစ်သန်းမှာ တစ်ခါပဲပေါ်တဲ့ ပါရမီရှင်ကွ။ ငါ အင်မော်တယ်သခင်ဖြစ်ဖို့ အနှစ်တစ်သိန်းလောက်ပဲ အချိန်ယူခဲ့ရတာ။ ငါ့ကို နည်းနည်းတော့ လျှော့ပေးလေကွာ ဟုတ်ပြီလား”

“မင်း လောင်းတာ ရှုံးသွားတာလေ”

“ငါက မြင့်မြတ်ပြီး ဖော်မပြနိုင်တဲ့ မျိုးဆက်ရှိတဲ့ အမြှီးကိုးချောင်း ကောင်းကင်မြေခွေးကွ”

ရွှယ်အန်းက ထပ်ပြောသည်။

“မင်း လောင်းတာ ရှုံးသွားတယ်”

“ငါ့ကို အဘက်ဘက်က နတ်ဆိုးအသိုင်းအဝန်းက ပြိုင်ဘက်ကင်းနတ်ဆိုးဘုရင်အဖြစ် ချီးကျူးထားတာကွ”

“မင်း လောင်းတာရှုံးသွားပြီ”

“ငါတို့ လောင်းတဲ့အကြောင်း မပြောလို့မမရဘူးလား”

“မင်း ငါ့ကို မနိုင်ပါဘူး”

“...”

“မင်း ငါ့ကို အကြိမ်ပေါင်း တစ်သောင်းသုံးထောင်လေးရာနှစ်ဆယ့်တစ်ကြိမ် ရှုံးခဲ့တယ်"

“….”

"လောင်းတဲ့အကြောင်းပဲပြန်ပြောရအောင်ပါ"

“မင်း အရက်သောက်တာလည်းရှုံးတယ်”

“အစ်ကိုကြီး ငါမှားပါပြီ”

“ကောင်းပြီ ညီလေးယွဲ့ဟူ”

…………………………

ပေကျန်းမြို့။

ထန်ရွှမ်အာက ဆေးရုံတွင် ဘာ့ကြောင့် အလုပ်လုပ်နေသေးသည်ကို လူအများက နားမလည်ကြပေ။

တကယ်တမ်းတွင် သူမက စကားတစ်ခွန်းပြောလိုက်သည်နှင့် ချင်းမိသားစုက သူမအတွက် အလုပ်ကေကာင်းကောင်းတစ်ခုကို ချက်ချင်းစီစဥ်ပေးလိမ့်မည်ဖြစ်သည်။ ချင်းယွီက ထန်ရွှမ်အာ ဒါရိုက်တာဖြစ်လာစေရန်အတွက် ထန်ရွှမ်အာ အလုပ်လုပ်သော ဆေးရုံကို ဝယ်ပေးမည်ဟု

တစ်ကြိမ်ထက်မကပြောခဲ့ဖူးသည်။

သို့သော် ထန်ရွှမ်အာက ငြင်းဆိုခဲ့သည်။

သူမသည် အပြင်ဘက်တွင် နူးညံ့သည်ဟု ထင်ရသော်လည်း အမြဲတစေ နှလုံးသားကို စည်းကမ်းတင်းကြပ်ထားတတ်သည်။ အန်းယန်ပြန်လာသောအခါ သူမက ခပ်လှမ်းလှမ်းတွင်သာနေ၍ ရွှယ်အန်းနှင့် လိုအပ်သည်ထက်ပိုမိုပတ်သက်ခဲ့ခြင်းမရှိတော့ပေ။ တကယ်တမ်းတွင် ရွှယ်အန်းနှင့် အန်းယန်တို့ နှစ်ယောက်လုံး မရှိခဲ့စဥ်၌ လေးနှစ်အတွင်း ထန်ရွှမ်အာက ကလေးနှစ်ယောက်ကို တိတ်တဆိတ်ပြုစုစောင့်‌ရှောက်ခဲ့သည်။

ဤတစ်ခုတည်းကပင် သူမ၏ ထောက်ပံ့ကူညီပေးခဲ့မှုက အလွန်ကြီးမားလှသည်ကို သိသာစေသည်။ သို့သော် နောက်ပိုင်းတွင် သူမက တလိုတလား အဝေးတွင်နေခဲ့ကာ ထိုအကြောင်းများကိုလည်း များများစားစားပြောချင်စိတ်မရှိပေ။ ဆေးရုံတွင် ဆက်လက်လုပ်ကိုင်ခြင်းက သူမ၏ အမှီအခိုကင်းမှုကို အတတ်နိုင်ဆုံးထိန်းသိမ်းရန် နည်းလမ်းတစ်ခုလည်းဖြစ်သည်။

သို့သော် ယခုအခါတွင် ထန်ရွှမ်အာ၏ ကျောထောက်နောက်ခံက နားမလည်နိုင်လောက်အောင် နက်နဲကြောင်း သူမ၏ လုပ်ဖော်ကိုင်ဖက်များအားလုံး သိကြကာ မည်သူကမျှ သူမကို စော်ကားဝံ့ခြင်းမရှိပေ။

သို့ထိတိုင် ထန်ရွှမ်အာက လိုအပ်လျှင် အချိန်ပိုလုပ်၍ သူလုပ်ရမည့်တာဝန်များကို ယူသည်။

ဤတစ်ကြိမ်တွင် သူမသည် အလုပ်မဆင်းမီ ညဥ့်နက်သည်အထိ ကိုယ်ဝန်ဆောင်သည် လုပ်ဖော်ကိုင်ဖက်တစ်ဦးအတွက် နေ့ဆိုင်းနှင့် ညတစ်ဝက် အလုပ်ဆင်းခဲ့သည်။ အပြင်သို့ လှမ်းကြည့်လိုက်သောအခါ မြူနှင်းများကျနေပြီဖြစ်ကြောင်း သိလိုက်ရ၏။

အဝေးမှ ကောင်းကင်ယံထက်တွင် မီးရှူးမီးပန်းများ လင်းထိန်နေသည်။

“အခု နှစ်သစ်ကူးပဲ” ထန်ရွှမ်အာက သူမကိုယ်သူမ ခပ်တိုးတိုးပြော၍ အအေးမိရာမှ ထုံကျဥ်နေသော ခြေဖဝါးများကို ဖိနင်းကာ အိမ်ပြန်ရန် ပြင်ဆင်လိုက်သည်။ ထိုအချိန်တွင် ဆေးရုံမှ လုပ်ဖော်ကိုင်ဖက်အမျိုးသားတစ်ဦးက သူ့ကားသူ ဖြည်းညှင်းစွာမောင်းနှင်လာခဲ့သည်။

“ရွှမ်အာ မင်းကို အိမ်ပြန်လိုက်ပို့ခွင့်ပေးပါ” လူငယ်ဆရာဝန်က ထန်ရွှမ်အာကိုပြုံးပြလိုက်သည်။

ထန်ရွှမ်အာက ခေါင်းခါလိုက်၏။

“ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မလိုပါဘူး”

သို့သော် အမျိုးသားဆရာဝန်က လက်လျှော့ရန် လိုလားခြင်းမရှိပုံပေါ်သည်။

ထန်ရွှမ်အာက ယခုအခါတွင် ဆေးရုံ၏ အလှပဂေးလေးအဖြစ် အသိအမှတ်ပြုခံရကာ မရေမတွက်နိုင်အောင် များပြားလှသည့် အရည်အချင်းရှိသော လူငယ်များက နီးစပ်ချင်သော်လည်း မရနိုင်ခဲ့ကြပေ။

အမျိုးသားဆရာဝန်ကလည်း ၎င်းထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

မှနသည်။ ဤအမျိုးသားဆရာဝန်က ထန်ရွှမ်အာ၏ လေးနက်သော နောက်ခံအကြောင်းလည်းသိထားသောကြော့် နူးညံ့သိမ်မွေ့သော အမူအရာတစ်ခုခုဖြင့် နွေးထွေးမှုပေးကာ သူမနှင့် အမြဲနီးကပ်ခွင့်ရရန်ကြိုးစားခဲ့သည်။ ဤအချိန်သည်လည်း ကွားခြားခြင်းအလျင်းမရှိပေ။ သူက အပြင်ဘက်တွင် တစ်နာရီကျော်ခန့်စောင့်နေခဲ့ကာ ဆေးရုံဝင်ပေါက်၌ ကားစီးရန် စောင့်နေသည့် ထန်ရွှမ်အာကိုမြင်သောအခါတွင်မှသာ အမြန်မောင်းသွားလျက် ရုတ်တရက် တွေ့လိုက်ရသည့်ပုံစံမျိုး ဖန်တီးလိုက်သည်။

“အပြင်မှာ အေးနေတာ ဘာလို့ ကားထဲဝင်မစောင့်တာလဲ”

ထန်ရွှမ်အာက ပြုံးလိုက်သည်။

“မလိုပါဘူး။ ကျွန်မ ဒီမှာပဲစောင့်လည်းအဆင်ပြေပါတယ်”

ယောက်ျားလေးဆရာဝန်က အနည်းငယ် ထိတ်လန့်သွားသည်။ သို့ထိတိုင် ထန်ရွှမ်အာက ခပ်ခွာခွာနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ကို မင်းနဲ့အတူတူ စောင့်ပေးမယ်။ တကယ်လည်း အရမ်းမှောင်နေပြီး နှစ်သစ်ကူးရောက်နေပြီ။ မင်း လူဆိုးနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ” အမျိုးသားဆရာဝန်က နောက်ဆုံးအကြိမ် ကြိုးစားခဲ့သည်။

သို့သော် ထန်ရွှမ်အာက ခေါင်းခါနေဆဲပင်ဖြစ်သည်။ နောက်ဆုံးတွင်မူ အမျိုးသားဆရာဝန်က စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွား၏။ ထန်ရွှမ်အာက နှစ်သစ်ကူးအကြိုနေ့တွင် လမ်းဘေးတွင် ရပ်နေလျက် လမ်းမီးရောင်အောက်တွင် သူမ၏ ပါးစပ်မှ လေအေးများကို မှုတ်ထုတ်လိုက်သည်။

“နျန်နျန်နဲ့ ရှန်းရှန်း အခု ဘာလုပ်နေလဲမသိဘူး။ နောက်ပြီး အဲ့ကောင်ရှောင်ရှရော”

ထိုအချိန်တွင်ပင် ကောင်းကင်ယံ၌ မိုးခြိမ်းသံများ တဖျပ်ဖျပ်မြည်လာသည်။

‘ထူးဆန်းတယ် ဘာလို့ ဒီအချိန်ကြီး မိုးခြိမ်းနေတာလဲ’

ထန်ရွှမ်အာက ကောင်းကင်သို့မော့ကြည့်လိုက်သောအခါ ရှောင်ရှ၏ ပြုံးနေသော မျက်နှာကို လေထဲတွင်တွေ့လိုက်ရသည်။

“ညီမ ရွှမ်အာ သခင်နဲ့ သူ့မိန်းမက နင်အလုပ်ထွက်လုပ်တာသိလို့ နှစ်သစ်ကူးအတွက် လာကြိုဖို့ လွှတ်လိုက်တာ”

ထန်ရွှမ်အာက အံ့အားသင့်သွားကာ ဆံပင်များကို နားရွက်ဘေးသို့ သပ်လျက် နွေးထွေးစွာပြုံးပြလိုက်သည်။

"ကောင်းပြီ၊ နှစ်သစ်အတွက် အိမ်ပြန်ကြရအောင်”

အခန်း(၅၆၁) ချင်းမန်တောင်ရှိ လျို့ဝှက်နယ်မြေ

ထန်ရွှမ်အာက ရှောင်ရှာ၏ နောက်ကျောမှ ဆင်းလာသောအခါ အလွန် စိတ်အားထက်သန်လျက်ရှိသော နျန်နျန်နှင့် ရှန်းရှန်းတို့က လေအေးထဲတွင် အချိန်အတန်ကြာစောင့်မျှော်လျက် အော်ဟစ်ကာ ပြေးလာကြသည်။

“အန်တီရွှမ်အာ”

ထန်ရွှမ်အာက ပြုံး၍ ခါးကိုကိုင်းကာ ကလေးမလေးနှစ်ယောက်ကို ဖက်ထားလိုက်ကြသည်။

“အန်တီရွှမ်အာ သမီးတို့ ဝတ်ထားတဲ့အဝတ်တွေ မလှဘူးလား”

“အရမ်းလှတယ်။ နျန်နျန်နဲ့ ရှန်းရှန်းက ဘာဝတ်ဝတ်လှတယ်လေ၊။ ဒီမှာ သမီးတို့အတွက် နှစ်သစ်ကူးမုန့်ဖိုး” ထျန်ရွှမ်အာက ဟုန်ပေါင်းလေးနှစ်ခုကို ဆွဲထုတ်ကာပေးလိုက်သည်။

“ကျေးဇူးပါ အန်တီရွှမ်အာ”

ကလေးမလေးနှစ်ယောက်က ဟုန်ပေါင်းနှစ်ခုကိုယူကာ ထန်ရွှမ်အာ၏ လက်တစ်ဖက်စီကိုကိုင်လျက် အတွင်းထဲသို့ဝင်သွားကြသည်။

အန်းယန်က လှေကားထစ်များအောက်တွင် ရပ်ကာ စောင့်နေသည်။ ထန်ရွှမ်အာချဥ်းကပ်လာသောအခါ သူမက ပြုံး၍ အော်လိုက်၏။

“အရူးမလေးရွှမ်အာ ငါနင့်ကို အားလပ်ရက်ယူလိုက်ပါဆိုနေ နင်က မယူတော့ အခု ငါတို့ ဒီအချိန်ထိ စောင့်နေရပြီ”

ထန်ရွှမ်အာက အနည်းငယ် ရှက်ရွံ့သွားကာ နားရွက်မှ ဆံပင်များကို နားနောက်သို့ သိမ်းလျက် ပြောလိုက်သည်။

“လုပ်ဖော်ကိုင်ဖက် တစ်ယောက်အတွက် သူ့တာဝန်ချိန်လေးယူထားပေးလိုက်တာ အခုချိန်ထိကြာသွားတာ”

“ကောင်းပြီ မြန်မြန် ဝင်လာခဲ့။ နှစ်သစ်ကူးညစာက မကြာခင် အေးသွားတော့မယ်”

“ကောင်းပြီ”

ထန်ရွှမ်အာက လှမ်းကြည့်လိုက်ပြီးနောက် တံခါးဝနားတွင် ရပ်နေသော ရွှယ်အန်းက သူ့ကိုပြုံးပြနေသည်ကိုမြင်လိုက်ရသောကြောင့် မျက်နှာ အနည်းငယ်နီရဲသွားသည်။ ကံကောင်းထောက်မစွာဖြင့် အအေးဒဏ်ကြောင့် တိုက်ခတ်လာသောလေသည် ထန်ရွှမ်အာ၏ ပါးပြင်များကို နီမြန်းသွားစေသောကြောင့် သတိမထားမိနိုင်ပေ။

"ရွှယ်အန်း"

“အင်း ဝင်​လာခဲ့" ရွှယ်အန်းက ရှေ့သို့ ထွက်သွားပြီးနောက် တံခါးကို တွန်းဖွင့်ပေးလိုက်သည်။

ထန်ရွှမ်အာနှင့် အန်းယန်တို့ အိမ်ထဲသို့ဝင်ပြီးနောက် ရွှယ်လန်က လူတစ်ယောက်ကို မီးရှူးမီးပန်းများ ပြင်ဆင်ခိုင်းထားသည်။

မီးပန်းများက တစ်ခုပြီးတစ်ခု ကောင်းကင်ယံထက်၌ တောက်ပစွာ ပေါက်ကွဲကာ နှစ်သစ်ကူးလေထုကို အထွတ်အထိပ်သို့ရောက်သွားစေသည်။ ထိုအချိန်၌ ရွှယ်အန်း၏ ဖုန်းကမြည်လာသည်။ သူထုတ်လိုက်သည်နှင့် အန်းချင်ထံမှ စာတစ်စောင်ကို မြင်လိုက်ရ၏။

“ခဲအို ရှင်နဲ့ မမတို့ အတွက် ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် နိုင်ငံခြားမှာ မစ်ရှင်ရှိလို့ မပြန်နိုင်တော့ဘူးနော်။ ဒါက ကောင်မလေး နှစ်ယောက်အတွက် နှစ်သစ်ကူး မုန့်ဖိုးပါ။ သူတို့ အန်တီက သူတို့ကိုသတိရနေတယ်လို့ပြောပေးပါဦး"

ထို့နောက်ပြုံးနေသော မျက်နှာကြီးနှင့် အတူ ငွေနှစ်သောင်းရောက်လာသည်။

ရွှယ်အန်းက အနည်းငယ် ပြုံးကာ ပြန်ဖြေတော့မည့်အခိုက်တွင်

သူ့ဖုန်းက တုန်ခါသွားပြန်သည်၊

ယင်းမှ ဝီချက်မှ အနက်ရောက်ပရိုဖိုင်ပုံအကောင့်မှ စကားလုံးအချို့ပါသော ငွေလွှဲမှုတစ်ခုပင်ဖြစ်သည်။

နျန်နျန်နဲ့ ရှန်းရှန်းတို့အတွက် နှစ်သစ်ကူးမုန့်ဖိုး။

ထို့အပြင် အခြား မည်သည့်စကားမျှ မပြောခဲ့ပေ။

ရွှယ်အန်းက ခေတ္တခဏရပ်၍ ခေါင်းခါကာ စာပြန်ပို့လိုက်သည်။

‘အရူးမလေး နှစ်သစ်မှာပျော်ရွှင်ပါစေ’

ယခုအချိန်တွင် ဥရောပရှိ မြို့ငယ်လေးတစ်မြို့၌

ရံဖန်ရံခါ တရုတ်မိသားစုမှ နွေဦးပွဲတော်များမှလွဲ၍ အခြား နှစ်သစ်ကူးအငွေ့အသက်မျိုးမရှိပေ။ ဖန်းမင်ရွှယ်က စိတ်ပျက်လက်ပျက်ဖြင့် ဟိုတယ်ကုတင်ပေါ်တွင် လှဲနေသည်။ အန်နာစတေးရှားက ဤမြင်ကွင်းကိုကြည့်၍ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

"အခု မင်းကို အိမ်ပြန်ဖို့ လေယာဉ် စီစဉ်ပေးရမလား"

ဖန်းမင်ရွှယ်က ခေါင်းခါပြလိုက်သည်။

"မလိုပါဘူး"

သူမစကားပြောနေစဉ်တွင် ဖန်းမင်ရွှယ်၏ဖုန်းက အနည်းငယ်တုန်ခါသွားပြီးနောက် ဖန်သားပြင်မီးလင်းလာသည်။

ဖန်းမင်ရွှယ်က အံ့အားသင့်သွားကာ အမြန်ကြည့်လိုက်သည်။

ရွှယ်အန်းထံမှ သတင်းစကားကို သူမမြင်လိုက်သောအခါတွင် သူမ၏မျက်နှာပေါ်ရှိ ဝမ်းနည်းမှုတို့သည် တဖြည်းဖြည်း မှိန်ဖျော့သွားကာ နှုတ်ခမ်းများက ကြီးမားသော အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

“ဆရာ…”

"ဟမ်"

"ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ" ဖန်းမင်ရွှယ်က ရွှင်မြူးစွာ အော်လိုက်ကာ ကုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။

သူမသည် ကလေးဘဝကဲ့သို့ပင် ပျော်ရွှင်နေခဲ့သည်။ မြင်ကွင်းက ချင်းမန်မြို့သို့ ပြန်ရောက်သွားသည်။

ရွှယ်အန်းနှင့် လူတိုင်းက ပူပူနွေးနွေး နှစ်သစ်ကူးညစာစားပွဲကို အတူတကွ ပျော်ရွှင်စွာ စုရုံးနေကြစဉ်

ချင်းမန်တောင်မှ ကျယ်လောင်သော ပေါက်ကွဲသံက ရုတ်တရက် ပဲ့တင်ထပ်သွားသည်။

ရွှယ်အန်းနှင့် ဟူယွဲ့ ၏ အမူအရာများ တစ်ပြိုင်နက် ပြောင်းလဲသွားကာ ပြတင်းပေါက်မှ လှမ်းကြည့်ရန် ခေါင်းကို လှည့်လိုက်ကြ၏။

"ဒါကို မင်းခံစားမိလား" ဟူယွဲ့က လေးနက်စွာ မေးလိုက်သည်။

"ဟုတ်တယ် ကံကြမ္မာက နိုးထနေပြီ" ရွှယ်အန်းက တည်ငြိမ်စွာပြောသည်။

၎င်းတို့ နှစ်ယောက်တည်း မဟုတ်ပေ။

အန်းယန်အပါအဝင်၊ တက်ရောက်သူအားလုံးသည် ကောင်းကင်နှင့်မြေကြီး၏ ပြင်းထန်စွာပြောင်းလဲနေသော အသွင်အပြင်ကို ခံစားခဲ့ရသည်။

ရွှယ်အန်းနှင့် ဟူယွဲ့သည် တံခါးအပြင်ဘက်သို့ လှမ်း၍ အဝေးမှ ချင်းမန်တောင်ကို ကြည့်လိုက်သည်။

ထိုအချိန်တွင် ရွှေရောင်အလင်းတန်း တိမ်တိုက်များက တောင်ထိပ်တဝိုက်တွင် ဝေ့ဝဲနေသည်။ ကံကြမ္မာ၏ အင်အားကောင်းသော စွမ်းအားသည် ချင်းမန်တောင်ကို သက်ရှိသတ္တဝါအဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်ပုံရသည်။

"ကံကြမ္မာ လျှို့ဝှက်နယ်မြေ ဖွင့်တော့မယ် ထင်တယ်" ဟူယွဲ့ကပြောသည်။

ထိုအချိန်တွင် ချင်းမန်တောင်ရှိ ပြောင်းလဲမှုများက ကမ္ဘာတစ်ခုလုံးကို နှောင့်ယှက်ခဲ့သည်။

ကြီးမြတ်သော ဘုရားကျောင်းအတွင်း ကြာပန်းစင်မြင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ဘုန်းတော်ကြီး ကုချန်က ရုတ်တရက် မျက်လုံးပွင့်လာသည်။ မျက်လုံးတော်မှထွက်လာသည့် စူးရှတောက်ပသော ဗုဒ္ဓအလင်းရောင်က သူ့ရှေ့ရှိ တပည့်တစ်ဦးကို ချက်ခြင်း မီးလောင်သွားစေသည်။

"လျှို့ဝှက်နယ်မြေပွင့်နေပြီ၊ အကာအကွယ်ပေးသူတွေက ဒီနေရာကို စောင့်ရလိမ့်မယ်၊ ငါ အခုသွားလိုက်မယ်"

စကားပြောပြီးနောက် ဘုန်းတော်ကြီးကုချန်၏ တစ်ကိုယ်လုံးသည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားသည်။

ထွားကျိုင်းသောရဟန်းက လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

“တပည့်တော် အမိန့်ကို လိုက်နာပါတယ်”

ထို့နောက် ရှူရာကျွန်းပေါ်တွင်

ဖေးထျန်သည် အရသာရှိသော အစားအသောက်များ စားသုံးရင်းဖြင့် ရုတ်တရက် ခေါင်းကို မော့လိုက်သည်။ အစွမ်းထက်သော ရောင်ဝါက သူ့ရှေ့တွင် အမှုထမ်းနေသော အိမ်အကူကို တိုက်ရိုက် ဖောက်ခွဲပစ်လိုက်သည်။

သို့သော် ဖေးထျန်က သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးများကို စိတ်မ၀င်စားဘဲပြောလိုက်သည်။

“လျှို့ဝှက်နယ်မြေက နောက်ဆုံးတော့ ပွင့်လာပြီ”

ထိုစကားကိုဆုံးသည်နှင့် ကောင်းကင်သို့ ခုန်ဆင်း၍ တဟုန်းဟုန်းတောက်သော မီးလုံးကြီးအဖြစ်သို့ ပြောင်းလဲကာ အရှေ့အရပ်သို့ တည့်တည့်သွား၏။

အမေရိကနိုင်ငံ

နတ်ဆိုးမျိုးနွယ်စု၏ အသစ်မွေးဖွားလာသော လန်ကျွင်းရှဲ့သည် ကြီးစွာသော တိုက်ပွဲအပြီးတွင် ငြိမ်းချမ်းမှုကို ခံစားနေသည်။

စွဲမက်ဖွယ်ကောင်းသည့် လှပသော အမျိုးသမီးအချို့က သူ့ကို ညင်သာစွာ နှိပ်နယ်ပေးနေကြသည်။ နတ်ဆိုးသခင် လန်ကျွင်းရှဲ့၏ နတ်ဆိုးကျက်သရေသည် ထိုအမျိုးသမီးများအပေါ် ဆိုးရွားသော ဆွဲဆောင်မှုတစ်ခု ဖြစ်စေခဲ့သည်။

ထို့ကြောင့် ဤအမျိုးသမီးများသည် လန်ကျွင်းရှဲ့အတွက် အရာအားလုံးပေးဆပ်လျက်ရှိကြသည်။ သို့သော် ဤအခိုက်အတန့်တွင် ပျော်ရွှင်စွာ မျက်လုံးမှိတ်ထားသည့် လန်ကျွင်းရှဲ့က ရုတ်တရက် မျက်လုံးပွင့်လာသည်။

နတ်ဆိုး အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သူ့ရှေ့ရှိ အမျိုးသမီးများကို သွေးအိုင်များအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားစေခဲ့သည်။

လန်ကျွင်းရှဲ့က ဤကိစ္စကို လုံးလုံးလျားလျား ဂရုမစိုက်သကဲ့သို့ သူ့မျက်နှာထက်တွင် လောဘကြီးသည့် အမူအရာ ပေါ်လာသည်။

"ကံကြမ္မာရဲ့ စွမ်းအားပဲ ငါသာ ဒီကံကြမ္မာကို ဝါးမျိုနိုင်ရင်၊ နတ်ဆိုးမျိုးနွယ်စုက အနာဂတ်မှာ အုပ်စိုးသူ ဖြစ်လာလိမ့်မယ်"

ဤအတွေးဖြင့် လန်ကျွင်းရှဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ထူထပ်သော နတ်ဆိုးရောင်ဝါအဖြစ် ပြောင်းလဲသွားကာ သွေးစွန်းနေသော အိပ်ရာထက်မှ ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရွှယ်အန်းက အန်းယန်ကိုပြောလိုက်၏။

"မိန်းမ သမီးနှစ်ယောက်ကို ခေါ်ပြီး ကို့ကို စောင့်နေ၊ ​​ကိုနဲ့ ဟူယွဲ့ လျှို့ဝှက်နယ်မြေကို သွားလိုက်မယ်"

အန်းယန်က ခေါင်းညိတ်လိုက်သည်။

"အများကြီး သတိထား"

ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့"

ထို့နောက် သူက ကြိုးစားလိုစိတ်ပြင်းပြနေသော ရှောင်ရှကို တစ်ချက်ကြည့်လိုက်၏။

"မင်းလည်း နေခဲ့။ ရှန်းရှန်းနဲ့ နျန်နျန်ကို ကောင်းကောင်းကာကွယ်ဖို့ မမေ့နဲ့"

“အိုး”

သူမလိုက်ရကြောင်း ကြားသောအခါ ရှောင်ရှက စိတ်ပျက်လက်ပျက်ဖြစ်သွားသော်လည်း ပြတ်ပြတ်သားသား ခေါင်းညိတ်နေဆဲဖြစ်သည်။

"စိတ်မပူပါနဲ့ သခင် ဒီမှာ ကျွန်မရှိရင် မမလေးတို့ကို ဘယ်သူမှ အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး"

ဟူယွဲ့က ရှီရွှယ်ချင်းကို အတိုချုံး ညွှန်ကြားခဲ့ပြီးနောက် လူနှင့် သားရဲတစ်ကောင်သည် ကောင်းကင်သို့ အတူတကွ တက်သွားသည်။

အန်းယန်နှင့် ထန်ရွှယ်အာသည် အောက်မှကြည့်ကာ တက်ကြွလန်းဆန်းသော နှစ်သစ်ကူးညစာစားပွဲသည် ဆွဲဆောင်မှုမရှိတော့ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

ရွှယ်အန်းနှင့် ဟူယွဲ့တို့ ချင်းမန်တောင်ထိပ်သို့ ရောက်ရှိလာသောအခါတွင် တဟုန်ထိုး ရွှေရောင်အလင်းတန်းများကြားတွင် ကြီးမားသောတံခါးကြီးက တဖြည်းဖြည်း ပုံသဏ္ဍာန်ဖြစ်ပေါ်လာသည်။

"ဒါက ကံကြမ္မာ တံခါးပဲ ဒီတံခါးကို ဖြတ်တာနဲ့ ကံကြမ္မာ လျှို့ဝှက်နယ်မြေထဲကို ရောက်သွားမယ်" ဟူယွဲ့က ပြောသည်။

ရွှယ်အန်းက ခေါင်းညိတ်ကာ အဝေးကို လှည့်ကြည့်လိုက်သည်။

"တချို့တွေ သေရမှာ မကြောက်ကြပုံပဲ"

မြတ်စွာဘုရား၏ ရောင်ခြည်တော်င ရှေ့သို့ လျင်မြန်စွာ ဆင်းသက်လာပြီးနောက် ဘုန်းကြီးကုချန်ရောက်လာသည်။

ကုချန်က တစ်ယောက်ယောက် အရင်ရောက်လာမည်ဟု မမျှော်လင့်ထားသဖြင့် အံ့အားသင့်စွာ အာမေဋိတ်တစ်ခု ထုတ်ကာ လက်အုပ်ချီလျက် ဆုတောင်းနေလေသည်။

“မိတ်ဆွေတို့ ဒီလျှို့ဝှက်နယ်မြေက မြတ်စွာဘုရားရဲ့ ပိုင်နက်ဖြစ်တာကြောင့် ကျေးဇူးပြုပြီး ပြန်ပါ”

ရွှယ်အန်းနှင့် ဟူယွဲ့သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီးနောက် ပြိုင်တူ ပြောလိုက်သည်။

"သူ့ကိုရိုက်လိုက်"

ရွှယ်အန်းသည် ရှေ့သို့ တိုးကာ စကားတစ်ခွန်းမှမပြောဘဲ ဘုန်းကြီးကုချန်ကို လက်သီးဖြင့် တစ်ချက်ထိုးလိုက်သည်။

အက်ကွဲသံနှင့်အတူ ဘုန်းကြီးကုချန်၏ ဦးခေါင်းနောက်ကွယ်မှ ရောင်ဝါက ရွှယ်အန်း၏လက်သီးအောက်တွင် ကွဲအက်သွားသည်။

ထိုအခါ ဘုန်းကြီးက ဝမ်းနည်းစွာပြောလိုက်သည်။

“မိတ်ဆွေက ဒီလောက် စွမ်းအားကြီးတာပဲ”

ထိုစကားနှင့်အတူ သူ့တစ်ကိုယ်လုံး အပိုင်းပိုင်းကွဲသွားသော်လည်း အဆက်မပြတ်ရှိနေသော ဗုဒ္ဓအလင်းရောင်က ကံကြမ္မာတံခါးကြီးထဲသို့ တိုက်ရိုက်ဝင်ရောက်သွားလေသည်။

ရွှယ်အန်းက ရပ်လျက် အနည်းငယ် ထိတ်လန့်သွား၏။

"ဘာတွေဖြစ်နေတာလဲ"

All Chapters