အခန်း (၅၆၂-၅၆၄)
Vol. 38 Ch. 562-564
အခန်း(၅၆၂) ကံကြမ္မာကစားပွဲ
ထိုအချိန်တွင် ကောင်းကင်၏အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်းမှ အလင်းတန်းနှစ်စင်း ပျံသန်းလာသည်။
ဆင်းသက်သောအခါတွင်၊ ဖေးထျန်နှင့် လန်ကျွင်းရှဲ့မှတပါး အခြားမဟုတ်ကြပေ။
ထိုအချိန်တွင် ကောင်းကင်၌ လူ၊ နတ်ဆိုး၊ သားရဲနှင့် ရှူရာ မျိုးနွယ်ဝင်တစ်ဦး ရပ်နေ၏။
ခဏတာ မျက်လုံးချင်းဆုံပြီးနောက်
ရွှယ်အန်း၏ ပါးစပ်သည် အနည်းငယ် အေးစက်သော အပြုံးဖြင့် ကွေးသွားသည်။
"တကယ်ကို အသက်ဝင်ပါတယ် ရှုရာ မျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်တွေက အထီးကျန်ရတာကို မနေနိုင်ဖြစ်နေကြတာလား" သူကပြောသည်။
ဖေးထျန်က သွယ်လျစွာ ရယ်မောလိုက်သည်။
"အဓိပ္ပါယ်မရှိတာတွေမပြောနဲ့ ဒီလျှို့ဝှက်နယ်မြေက ငါ့ရဲ့ ရှူရာမျိုးနွယ်အပိုင်ပဲ ထွက်သွားစမ်း"
ထို့ကြောင့် သူလက်ကိုမြှောက်လိုက်သည်တွင် လှံကြီးတစ်ခုပေါ်လာကာ ရွှယ်အန်းကိုပစ်ခတ်လိုက်သည်။
ရွှယ်အန်းသည် မလှုပ်မယှက်ဘဲ ဂုဏ်ယူစွာ မတ်တပ်ရပ်မြဲရပ်နေသည်။
ပြင်းထန်သော ရှရောင်ဝါကို သယ်ဆောင်လာသည့် လှံသည် လေထုကို ထိုးဖောက်လိုက်ပြီးနောက် သူ့အနီးသို့ကပ်လာသည်နှင့် အရှိန်က နှေးကွေးသွားသည်။
ထို့နောက် ဝန်ကို မခံနိုင်တော့သကဲ့သို့ လှံသည် အစိတ်စိတ်အမွှာမွှာအဖြစ် ပေါက်ကွဲသွားသည်။
သို့သော် ၎င်းတို့နှစ်ယောက် ထိပ်တိုက်တွေ့နေချိန်တွင် လန်ကျွင်းရှဲ့က အခွင့်အရေးကို ဆုပ်ကိုင်ထားကာ ကံကြမ္မာတံခါးဆီသို့ တန်းတန်းမတ်မတ် ပြေးနေသည်။
သူ့အမြင်အရ ကံကြမ္မာကို သိမ်းပိုက်ခြင်းသည် အခြားအရာများထက် ပိုအရေးကြီးသည်။ တိုက်ပွဲက နောက်ပိုင်းအထိ ကြာသွားနိုင်သည်။
သို့သော်လည်း ကံကြမ္မာတံခါးသည် အလှမ်းဝေးနေချိန်တွင် လန်ကျွင်းရှဲ့၏လမ်းကြောင်းကို ပိတ်ဆို့နေသည့်အရာတစ်ခု ရုတ်တရက်ပေါ်လာသည်။
"တောင်းပန်ပါတယ် ဒီလမ်းက ပိတ်ထားတယ်" ဟူယွဲ့က ပေါ့ပေါ့ပါးပါး ပြောသည်။
“သေချင်နေတာပဲ" လန်ကျွင်းရှဲ့က ဒေါသတကြီးအော်လိုက်ပြီးနောက် သူ့လက်ကို လွှဲရမ်း၍ နတ်ဆိုးမျိုးနွယ် လက်ဝါးရိုက်ချက်ကို ပြုလုပ်လိုက်သည်။
ဟူယွဲ့သည် တိုက်ခိုက်မှုကို ရှောင်တိမ်းရန် အနည်းငယ် နောက်ဆုတ်လိုက်ပြီးနောက် တန်ပြန်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။
သို့သော် ၎င်းတို့ပတ်ဝန်းကျင်မှ အလင်းတန်းများ လွင့်နေသည်ကို တွေ့လိုက်ရသည်။
ရွှယ်အန်းက အေးစက်စွာပြောလိုက်၏။
"လျှို့ဝှက်နယ်မြေကို အရင်ဝင်ရအောင်၊ မဟုတ်ရင် အဲ့ဘုန်းကြီး ငါတို့ရှေ့ရောက်သွားတာ မကောင်းဘူး"
ဟူယွဲ့က အနည်းငယ် လန့်သွားကာ သဘောတူတော့မည့်အခိုက်တွင်
လန်ကျွင်းရှဲ့က ယခုတင် ပစ်လွှတ်လိုက်သည့် လက်ဖဝါးရိုက်ချက်က ကံကြမ္မာတံခါးကို ထိသွားခဲ့ပြီဖြစ်သည်။
မည်သည့်အသံမျှ မကြားရ၊ အနည်းငယ်မျှ တုန်လှုပ်ခြင်းလည်း မရှိပေ။
နတ်ဆိုးမျိုးနွယ်၏ လက်ဖဝါးရိုက်ချက်သည် ရေခဲနှင့် နှင်းများကဲ့သို့ အရည်ပျော်သွားပြီးနောက် ကံကြမ္မာတံခါးသည် စူးရှသောအလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။
ကံကြမ္မာ၏ ပြင်းထန်သော စွမ်းအားသည် ကောင်းကင်သို့ ဖြာထွက်လာသည်။
လန်ကျွင်းရှဲ့သည် တုံ့ပြန်ရန်အချိန်မရှိဘဲ ရွှေရောင်အလင်းတန်းတစ်ခုက သူ့ကို ဂိတ်ပေါက်ထဲသို့ ဆွဲငင်ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
ဘုန်းကြီး ကုချန် ပျောက်ဆုံးသွားသည်နှင့် အတူတူပင်ဖြစ်သည်။
"ဟင်၊ ဘာဖြစ်နေတာလဲ" ရွှယ်အန်းက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
ဟူယွဲ့၏ မျက်နှာက ဖြူဖျော့သွားသည်။
သူမက နောက်ဆုံးတွင် တစ်စုံတစ်ခုကို သတိရသွား၏။
"ဒါက ကံကြမ္မာစစ်တုရင်ခုံပဲ ငါတို့အားလုံးမှားသွားပြီ၊ ဒါက သာမန်ကံကြမ္မာလျှို့ဝှက်နယ်မြေတစ်ခုမဟုတ်ဘူး။ ကံကြမ္မာစစ်တုရင်ခုံ"
ကံကြမ္မာစစ်တုရင်ခုံ
ရွှယ်အန်း၏နှလုံးသားထဲတွင် သံသယမျိုးစေ့တစ်ခု ပေါက်ဖွားလာသည်။
ထို့နောက် ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်ကာ၊ ဟူယွဲ့ နှင့် အခြားလူများကို ရစ်ပတ်၍ ကံကြမ္မာတံခါးဆီသို့ ဆွဲခေါ်သွားကြသည်။
နောက်ပိုင်းရောက်လာသည့် တခြား စွမ်းအားကြီးပုဂ္ဂိုလ်များအနက် ကံကြမ္မာ တံခါးပေါက်ထဲသို့ ဆွဲသွင်းခံရတဲ့သူများရှိသောကြောင့် အော်ဟစ်မှုသံများနှင့် ဆူညံကာ ဒေါသများ ပေါက်ကွဲထွက်ကုန်ကြသည်
သို့သော် သူတို့၏ ကျင့်ကြံရေးအဆင့်က မည်မျှပင်မြင့်မားစေကာမူ ဤရွှေရောင်အလင်းတန်း၏ စွမ်းအားကို မခုခံနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် ပြင်းအား သို့မဟုတ် ကျင့်ကြံရေးအဆင့်နှငိ့ မသက်ဆိုင်သောကြောင့်ဖြစ်သည်။ ဤရွှေရောင်အလင်းတန်းသည် ဘက်ပေါင်းစုံ၏ နိယာမများ၏ စွမ်းအား၏အရိပ်အမြွက်နှင့် ရောယှက်နေသည်။
အစွမ်းထက်သော ပုဂ္ဂိုလ်များက ကောင်းကင်နှင့် မြေကြီးကို ပြောင်းလဲနိုင်သော်လည်း လောက၏စွမ်းအင်အစစ်အမှန်ကို မခုခံနိုင်ပေ။ ရွှယ်အန်းကဲ့သို့သော လူအနည်းငယ်ကသာ အပြီးအပြတ် ခွဲထွက်ခြင်းအဆင့်သို့ မရောက်သေးသော်လည်း ယင်းကို ထိခိုက်စေနိုင်သေးသည်။
ရွှယ်အန်းသည် ဤရွှေရောင်အလင်းတန်းမှ လွတ်မြောက်နိုင်ခဲ့သော်လည်း ဟူယွဲ့ပို့လိုက်သော နတ်အာရုံ မြင်သောအခါ ခုခံမှုကို စွန့်လွှတ်၍ ပြုံးလျက် ရွှေရောင်အလင်းတန်းများက သူ့ကို ကံကြမ္မာတံခါးဝသို့ ဆွဲခေါ်သွားစေသည်။
အဘယ်ကြောင့်ဆိုသော် ဟူယွဲ့၏ နတ်အာရုံက ရှင်းလင်းပြတ်သားသောကြောင့်ဖြစ်သည်။ဘေးဒုက္ခတိုင်းနှင့် လူမျိုးအားလုံး၏ ကံကြမ္မာက ပြောင်းလဲသွားမည်ဖြစ်ကာ လျှို့ဝှက်နယ်မြေ ပွင့်လာမည်ဖြစ်သည်။
သို့သော် အလွန်ထူးခြားသောအချိန်များတွင် ကံကြမ္မာ၏ ဤစွမ်းအားသည် အကြောင်းအမျိုးမျိုးကြောင့် အလွန်ပြင်းထန်လာမည်ဖြစ်၍ ထို့နောက်ပွင့်လာမည့်အရာက ကံကြမ္မာလျို့ဝှက်နယ်မြေ မဟုတ်တော့ဘဲ ကံကြမ္မာ စစ်တုရင်ကစားပွဲဖြစ်သည်။
စစ်တုရင်အပိုင်းအစများ... သည် များပြားလှသော မျိုးနွယ်စုဝင်များဖြစ်ကြသည်။
အကယ်၍ လူတစ်ဦးသည် ဤကံကြမ္မာစစ်တုရင်ခုံတွင် အနိုင်ရပါက များပြားလှသော မျိုးနွယ်စုများကြား၌ ထင်ရှားပေါ်လွင်လာမည်ဖြစ်ကာ တစ်ဦးချင်းစီသည် ကောင်းကင်နှင့်မြေကြီး၏ မျက်နှာသာပေးသော အုပ်စိုးရှင်များပင် ဖြစ်လာနိုင်သည်။
ထို့ကြောင့် ယခုပင် ဘုန်းကြီးနှင့် လန်ကျွင်းရှဲ့တို့သည် ကံကြမ္မာ၏ တံခါးပေါက်သို့ ဆွဲငင်ခံခဲ့ရသည်။
၎င်းတို့တစ်ဦးစီသည် အမျိုးမျိုးသော မျိုးနွယ်စုတစ်ခုစီကို ကိုယ်စားပြုသည်။
လူအလုံအလောက် ဝင်ခွင့်ရပြီးနောက် ကံကြမ္မာတံခါးက အကြိမ်အနည်းငယ် တုန်ခါသွားကာ ခြေရာလက်ရာပင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။ကျန်ရှိသော အသက်ရှင်ကျန်ရစ်သူများသည် အကြည့်ချင်းဖလှယ်ကြ၍ ထိတ်လန့်တကြားဖြစ်နေကြသည်။
ထိုအချိန်၌
ကံကြမ္မာစစ်တုရင်ခုံတွင်
ရွှယ်အန်းက မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
ခြေဖဝါးအောက်တွင် အလွန်အမင်းမခံမရပ်နိုင်လောက်သော ရွှံ့မြေကြီးဖြစ်ကာ ခေါင်းပေါ်ရှိ နေရောင်သည် တောက်လောင်နေ၏။
လေထုထဲတွင် ထူးထူးခြားခြား အနံ့ဆိုးများဖြင့် ပြည့်နေသည်။
သွေးရနံ့ ပြင်းပြင်းနှင့် ရောနှောကာ နေရောင်အောက်တွင် အငွေ့ပျံသွားသော မိုးရေကြောင့် စိုစွတ်သည့် အနံ့တစ်မျိုးကို ကျန်ရစ်ခဲ့စေသည်။
ရွှယ်အန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
တစ်စုံတစ်ခုက သူ၏ ကျင့်ကြံရေးစွမ်းအင်များကို အနှောက်အယှက်ပေးနေခြင်းဖြစ်ကြောင်း သူသဘောပေါက်ခဲ့သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များနှင့် သူ၏ နတ်အာရုံ နှစ်ခုစလုံး ရှိနေသေးသည်။
ရွှယ်အန်းတွေးတောနေစဉ်တွင် အနောက်မှ စူးစူးရှရှ ကျယ်လောင်သော ကျိန်ဆဲသံကို ရုတ်တရက် ကြားလိုက်ရသည်။
“သေစမ်း မင်းကို အနားယူဖို့ ဘယ်သူက ပြောလိုက်တာလဲ။ အလုပ်ပြန်လုပ်"
ရွှယ်အန်းက ခြေလှမ်းအနည်းငယ်ဖြင့် တိုက်ခိုက်မှုကို ရှောင်တိမ်းကာ လှည့်ကြည့်လိုက်သောအခါ ရှည်လျားနက်မှောင်သော ကြာပွတ်ကို ကိုင်လျက် စစ်သားတစ်ဦးက ဒေါသတကြီး စိုက်ကြည့်နေသည်ကိုသာ တွေ့ရတော့သည်။
တစ်ချိန်တည်း၌ပင် သူ့ကြာပွတ်ကို ရှောင်လွှဲနိုင်ခဲ့သည်ကို မယုံနိုင်လောက်အောင် အံ့အားသင့်သွားပုံရသည်။
"အာဟ ဒီကလေးက ငါ့ကြာပွတ်ကို ရှောင်နိုင်တာဆိုတော့ နားနေတာ အံ့သြစရာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်ကတော့ ကျွန်ဖြစ်နေတုန်းပဲ၊ ဒီနေ့တော့ မင်းကို သင်ခန်းစာတစ်ခု သင်ပေးမှာပါ" စစ်သား၏ မျက်နှာတွင် လူသတ်ရန် ရည်ရွယ်ချက်ကို ပြသနေသည်။
သူ၏အမြင်တွင်၊သူ၏ကြာပွတ်ကို တိမ်းရှောင်ရဲသော ကျွန်တစ်ဦးသည် သူ၏အာဏာစက်အတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်၍ ကောင်းစွာမကိုင်တွယ်ပါက၊ သူသည် ဤစစ်သုံ့ပန်းများကို စီမံခန့်ခွဲနိုင်တော့မည်မဟုတ်ပေ။
ရွှယ်အန်း တိတ်တဆိတ်ကြည့်နေသည်။
သူ၏ လေ့ကျင့်မှုအဆင့်ကို ခေတ္တအသုံးမပြုနိုင်သော်လည်း၊ ပြိုင်ဘက်ကင်းသော ခန္ဓာကိုယ်စွမ်းအား တစ်ခုတည်းဖြင့် ဤလူကို လက်ညှိုးတစ်ချက်ကွေးကာ ချေမှုန်းနိုင်မည်ဖြစ်သည်။
သို့သော် ယခု ရွှယ်အန်း၏ စိတ်အနှောက်အယှက်ဖြစ်ဆုံးအရာမှာ ဤနေရာ၏ ပုံစံဖြစ်သည်။
မနီးမဝေးတွင် ခံစားချက်ကင်းမဲ့နေသော အမူအရာများဖြင့် ကျွန်အုပ်စုတစ်စုက အပေါ်အဝတ်များမပါဘဲ စုဝေးနေကြသည်။
ဤထူးဆန်းသောနေရာသည် ရွှယ်အန်းကို ပိုမိုစိတ်ဝင်စားလာစေသည်။
ရွှယ်အန်း တိတ်ဆိတ်နေသည်ကိုမြင်သောအခါ မိမိကို ကြောက်လန့်နေသည်ဟု ထင်၍ စစ်သားက ကြာပွတ်ကို မြင့်မြင့်တင်လိုက်ကာ နောက်တစ်ကြိမ် ရိုက်ချရန် ပြင်ဆင်နေသည်။
ထိုအချိန်တွင် စုတ်ပြတ်နေသောအဝတ်အစားနှင့် အရပ်ပုပု လူငယ်လေးက ပြေးလာသည်။
"ကျေးဇူးပြုပြီး ဒေါသကို ထိန်းတော်မူပါ။ ကျွန်တော့် အစ်ကိုက ဦးခေါင်းမှာ ဒဏ်ရာ ရလို့ ဦးနှောက်မကောင်းရှာပါဘူး။ စိတ်ထဲမထားဖို့ မေတ္တာရပ်ခံပါတယ်"
"ထွက်သွားစမ်း ငါ့ဆီအသနားခံရအောင် မင်းက ဘယ်သူလဲ"
ထို့နောက်စစ်သား၏ ကြာပွတ်က လူငယ်၏ ကျောပေါ်သို့ ကျရောက်ကာ စုတ်ပြဲနေသော အဝတ်အစားများ ရုတ်ခြည်း စုတ်ပြဲလျက် ရွံ့များရေ ထွေးနေသည့် အရေပြားပေါ်တွင် သွေးစွန်းနေသော အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သည်။
လူငယ်သည် နာကျင်မှုကြောင့် တုန်လှုပ်ခြောက်ခြားသွားသော်လည်း သူ့မျက်နှာတွင် ပို၍ပင် ကြီးမားသော အပြုံးတစ်ခု ပေါ်လာသည်။
"ကျေးဇူးပြုပြီး ဒေါသကိုထိန်းပါ”
“ကောင်းပြီ၊ မင်း သူ့ကို ကယ်တင်ချင်တာကြောင့် မင်းကို ကြိုးနဲ့တုတ်ပြီး သေအောင် လုပ်မယ်”
ထိုစကားဖြင့် သူက လက်ကို မြှောက်လိုက်သည်နှင့် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ ရှည်လျားသော ကြာပွတ်က လူငယ်ဆီသို့ တည့်တည့် ဦးတည်သွားသည်။
ကြာပွတ်နှင့် ထိလိုက်လျှင် လူငယ်က အနည်းဆုံး မျက်လုံးတစ်ဖက် ကွယ်သွားရပေလိမ့်မည်ဖြစ်သည်။
သို့သော် စစ်သားက ရက်စက်စွာ ပြုံးလိုက်သည့်အခိုက်၌ သွယ်လျ ပြေပြစ်သော လက်တစ်စုံက ပြင်းထန်စွာ သက်ဆင်းလာသည့် ကြာပွတ်ကို အသာအယာ ဆုပ်ကိုင်လိုက်သည်။
အခန်း(၅၆၃) ရာမ၏ တိုက်ကြီး
“မင်း…”
စစ်သားသည် အစတွင် လန့်ဖျပ်သွားကာ တစ်ခုခုကို ပြောလိုက်ချင်သည်။
သို့သော် ရွှယ်အန်းက လေကုန်မခံချင်တော့သဖြင့် လက်ညှိုးတစ်ချက်ဝှေ့ယမ်းလိုက်သည်။
စူးရှသောအသံတစ်ခုပြီးနောက် စစ်သား၏ခေါင်းသည် ဖရဲသီးပုပ်ကဲ့သို့ ပေါက်ကွဲထွက်သွားကာ အလောင်းက မြေပြင်ပေါ်သို့ လဲကျသွားသည်။
ဧရိယာတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ခဏအကြာတွင် ကြောက်လန့်တကြား အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"ဘုရားရေ သူ မော့ကြားစစ်သားကိုသတ်လိုက်ပြီ ငါတို့အားလုံးကို သူနဲ့အတူမြေမြှုပ်ခံရတော့မှာပဲ" တစ်စုံတစ်ယောက်က စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်သည်။
တခြားသူများက ကျယ်လောင်စွာ အော်ဟစ်နေတော့သည်။
လူငယ်ကလည်း လန့်ဖျပ်သွားသည့်တိုင် စိတ်တည်ငြိမ်မှုကို အမြန်ပြန်ထိန်းလိုက်သည်။
"အစ်ကို၊ မင်းပြေးရမှာပေါ့၊ မြန်မြန်ပြေး"
ရွှယ်အန်းသည် ကောင်လေးကိုကြည့်လျက် နတ်အာရုံထဲသို့ မှတ်ဉာဏ်တစ်ခု တိုးလာသည်။
ဤသည်က အလွန်ဆန်းကြယ်သည့် ခံစားမှုတစ်ခုပင်ဖြစ်သည်။
သူ့ရှေ့တွင် ပုံရိပ်များ ပေါ်လာသကဲ့သို့ပင်ဖြစ်ရာခဏအတွင်း ရွှယ်အန်းသည် ဤနေရာ၏အတိတ်အကြောင်း သိလာသည်။
ဤသည်မှာ ရန်ဖုတီဟုခေါ်သော ကျယ်ပြန့်လှသော လျှို့ဝှက်နယ်မြေဖြစ်သည်။ ဤယန်ဖုတီကမ္ဘာကြီး၏ ကျယ်ပြောလှသော ကျယ်ပြောမှုသည် ရွှယ်အန်းကိုပင် အနည်းငယ်တုန်လှုပ်သွားစေသည်။
ဤမြေပေါ်တွင် နေထိုင်သည့် မျိုးနွယ်စုများက မရေတွက်နိုင်အောင်များပြားသည်။ လက်ရှိ ရွှယ်အန်းရပ်တည်နေသည့်နေရာသည် ချန်နျောင်မြို့တော်လက်အောက်ရှိ ယန်ဖုတီ၏ ဝေးလံခေါင်သီသောနေရာဖြစ်သည်။
ဤသည်မှာ ယခင်က တိုက်ပွဲတွင်ရှုံးနိမ့်ပြီးနောက်ဖမ်းဆီးရမိသော ဟွာမျိုးနွယ်စု၏ကျွန်ဖြစ်သည်။
သူ့ရှေ့က ကောင်လေးသည်ကား ရှောင်ရွှေ့ဟု အမည်တွင်ခဲ့သူဖြစ်ရာ ယခင်က ရွှယ်အန်းက သူ့ကို ကောင်းစွာ ဂရုစိုက်သောကြောင့် ရှောင်ရွှေ့က သူ့ကို အလွန်အားကိုးသည်။
"အချိန်တွေ ဖြတ်သန်းခဲ့ရသလို ခံစားရတယ်" ရွှယ်အန်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သို့သော် ဤသည်က အချိန်ခရီးသွားသည့် ကိစ္စမျိုးမဟုတ်ကြောင်း သေချာလှသည်။
အကြောင်းမူကား ဤခန္ဓာသည် သူ့ခန္ဓာကိုယ်ဖြစ်ကြောင်း သေချာသည်။ သူ၏ ကျင့်ကြံရေး အဆင့်ကို ခေတ္တ ဖိနှိပ်ထားသော်လည်း ရုပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် နတိအာရုံတို့က ရှိနေသေးသည်။
ဤကံကြမ္မာကစားပွဲသည် ကောင်းကင်တာအို နိယာမများ၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို အသုံးချနိုင်လျှင်ပင်၊ မည်သူမျှ သတိမပြုမိဘဲ ရွှယ်အန်းကဲ့သို့ လူပြန်ဝင်စားနိုင်မည်မဟုတ်ပေ။
ဤကံကြမ္မာကစားပွဲက ၎င်းကို မအောင်မြင်နိုင်ရုံသာမပ အနန္တစကြဝဌာရှိ မည်သူမျှလည်း ဆောင်ရွက်နိုင်မည်မဟုတ်ပေ။
ဤသည်ကိုတွေး၍ ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်သည်။
"ပြေးရမယ်ဟုတ်လား ငါပြေးရင် မင်းဘာဖြစ်သွားမှာလဲ။ ချန်နျောင်မြို့က လူတွေဆီမှာ မင်း အရှင်လတ်လတ်င်္သဂြိုဟ်ခံမှာလား"
သူစကားပြောနေစဉ်တွင် ရွှယ်အန်း၏ အသံက အေးစက်နေသည်။
အကြောင်းမူကား သူဝင်ရောက်ကြည့်ရှုခဲ့သော အချက်အလက်များတွင် ဟွာမျိုးနွယ်၏ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခြင်း ခံရသည့်ပုံများစွာကို တွေ့မြင်ခဲ့ရသောကြောင့်ဖြစ်သည်။
တစ်ချိန်တည်း၌ပက် ဤယန်ဖုတီအတွင်း၌ မျိုးနွယ်စုများ များပြားကာ မရေမတွက်နိုင်သော ကျွမ်းကျင်သူများ ရှိနေသည်ကို သူသိသည်။
သို့သော် လူသားမျိုးနွယ်၏ အဆင့်အတန်းသည်မူ အမြဲ အနိမ့်တကာ့ အနိမ့်ဆုံးတွင်ရှိရာ အမြဲအနိုင်ကျင့် ခံရလေ့ရှိသည်။
ယင်းက ရွှယ်အန်း၏နှလုံးသားအတွင်းတွင် တိုးပွားလာသော လူသတ်မီးရောင်ကို လောင်ကျွမ်းစေခဲ့သည်။ သူသည် ရှောင်ရွှေ့၏ အကြံဉာဏ်ကို သဘာဝအတိုင်း မလိုက်နာခဲ့ပေ။
ဤသည်ကိုကြားသောအခါ ရှောင်ရွှေ့အံ့ဩသွားရသည်။
သူသည် သူ့အစ်ကိုကို အမြဲယုံကြည်ခဲ့သည်။ ဆုံတွေ့ချိန်မှစကာ တိတ်တဆိတ် ကူညီပေးခဲ့သည်။ သို့သော် သူမှတ်မိသော ယခင်က အစ်ကိုအန်းသည် ရိုးသားကာ ရိုးရှင်းသည်။
ထို့ကြောင့် ရွှယ်အန်းပြောသည်ကို ကြားသောအခါ အလွန်အမင်းအံ့ဩသွားရ၏။ အထူးသဖြင့် ရွှယ်အန်း၏မျက်လုံးထဲမှ အကြည့်ကိုမြင်လိုက်ရသောအခါ အတော်အတန်ကြာအောင် ကြောင်အနေမိ၏။
အကြောင်းမူကား ထိုအကြည့်သည် ပင်လယ်ကဲ့သို့ နက်ရှိုင်းနေကာ လူတစ်ယောက်ကို လိုလိုလားလား နစ်မြုပ်သွားစေနိုင်သည်။
"ဒါပေမယ့်..."
ရှောင်ရွှေ့ရုတ်တရက် တုန်လှုပ်သွားကာ ရွှယ်အန်း၏ အကြည့်မှ သတိပြန်ဝင်လာလျက် ချီတုံချတုံ ပြောလိုက်သည်။
ရွှယ်အန်းက သူ့လက်ကို ပြတ်ပြတ်သားသား ဝှေ့ယမ်းလိုက်ပြီးနောက် ခပ်လှမ်းလှမ်းဆီသို့ ခေါင်းလှည့်လိုက်၏။
"ထပ်ပြောနေစရာ မလိုပါဘူး၊ သူတို့ ရောက်နေပြီ"
ထိုအချိန်တွင် မော့ကြားစစ်သားသေဆုံးမှုသည် အနီးနားရှိ အစောင့်များ၏ အာရုံကို ဆွဲဆောင်ကာ အနားသို့ အပြေးအလွှားရောက်ရှိလာကြပြီဖြစ်သည်။
ယင်းကြောင့် လူသားမျိုးနွယ်စုဝင်အားလုံးက မငြိမ်မသက်ဖြစ်ကာ စိုးရိမ်စိတ်များ တိုးပွါးလာ၍ စိတ်ပျက်အားငယ်နေသည့် မျက်နှာများဖြင့် ထွက်ပေါ်လာကြသည်။
ချန်နျောင်မြို့၊ မဟုတ်၊ ယန်ဖုတီရှိ မျိုးနွယ်စုအားလုံးက ကျွန်များအပေါ် အလွန်ရက်စက်သည်ဟု ဆိုရပေမည်။
စုပေါင်းပြစ်ဒဏ်အဖြစ် လူများကို အရှင်လတ်လတ် မြှုပ်နှံရန် အလွယ်တကူ အပန်းဖြေနိုင်ကြသည်။
ပိုဆိုးသည်မှာ ဤအားလုံးထဲတွင် အနိုင်ကျင့်မှု အခံရဆုံးမှာ ဟွာရှားမျိုးနွယ်စု ဖြစ်သည်။ မကြာခင်၌ သံချပ်ကာတပ်သားတစ်စုက သေသပ်သော ခြေလှမ်းများနှင့် ချီတက်လာကြသည်။ တပ်ဖွဲ့လေးတစ်ခုသာဖြစ်သော်လည်း ၎င်းတို့၏ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကို လျှော့တွက်၍မရနိုင်ပေ။
"ငါ့လူတွေကိုသတ်တာ ဘယ်သူလဲ"
တပ်၏ခေါင်းဆောင်က မေးလိုက်ရာ သူ့အမေးကိုကြားသောအခါ လူသားမျိုးနွယ်စုအားလုံး ကြောက်ရွံ့တုန်လှုပ်သွားကာ အသည်းနုသောလူတချို့က မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
"နောက်တစ်ခါမေးမယ် ငါ့လူတွေကို ဘယ်သူသတ်တာလဲ၊ သတင်းပေးသူကို သတ်မှာမဟုတ်ဘူး" ထိုလူက အေးစက်စွာပြောသည်။
လူသားမျိုးနွယ်စုဝင်များက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ၎င်းတို့၏ မျက်နှာများပေါ်တွင် ဆုံးဖြတ်ချက်များ တဖြည်းဖြည်း ပေါ်လာသော်လည်း မည်သူမှ အသံမထွက်သေးပေ။
"ကောင်းပြီ၊ ဘယ်သူကမှ ဝန်ခံမှာ မဟုတ်ဘူးဆိုတော့ မင်းတို့ထဲက တစ်ယောက်မှ အသက်ရှင်မှာ မဟုတ်ဘူး။ စစ်သားတွေ စုပေါင်းဒဏ်ခတ်ပြီး ခါးကနေ ဖြတ်ပစ်လိုက်"
ခါးဖြတ်ခြင်း။
အရှင်လတ်လတ် သင်္ဂြိုဟ်ခံရခြင်းထက် ပြစ်ဒဏ်က ပိုရက်စက်သည်။
လူသားမျိုးနွယ်စုများအားလုံး ရင်တထိတ်ထိတ်ဖြစ်ကာ စိတ်ပျက်လက်ပျက် ခေါင်းငိုက်စိုက်ချလျက် မျှော်လင့်ချက်များ ကုန်ဆုံးသွားကြသည်။ ရှောင်ရွှေ့၏ တောက်ပသော မျက်လုံးများက ဒေါသနှင့် လူသတ်လိုသော အရိပ်အယောင်များဖြင့်သာ တောက်လောင်နေသည်။
သို့သော် အရာရှိသည် အထူးသတိရှိနေသဖြင့် ရှောင်ရွှေ့၏သတ်ဖြတ်ရောင်ဝါ ထွက်ပေါ်လာသည်နှင့် ချက်ချင်းဆိုသကဲ့သို့ ခံစားလိုက်ရ၍ သူမ၏ ဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်သည်။
ရှောင်ရွှေ့သည် သူမအကြည့်ကို ဖုံးကွယ်ရန် ခေါင်းကို အမြန်ငုံ့လိုက်သည်။ အရာရှိက ဖြည်းညှင်းစွာ လျှောက်လာပြီးနောက် သူ့ဓားပေါ်သို့ လက် တင်ထားလိုက်သည်။
"မင်း ခေါင်းကို မော့"
ရှောင်ရွှေ့တစ်ကိုယ်လုံး တုန်လှုပ်သွားသော်လည်း ခေါင်းမထောင်လာခဲ့ပေ။
သူ့ဓားကို ဖြည်းညှင်းစွာဆွဲယူရင်းဖြင့် ထိုခေါင်းဆောင်၏ နှုတ်ခမ်းပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ထွက်ပေါ်လာကာ ရှောင်ရွှေ့၏လည်ပင်းကို စိုက်ကြည့်နေသည်။
သွယ်လျသော ဤလူငယ်၏လည်ပင်းသို့ ဓားဖြင့် လှီးဖြတ်လိုက်သောအခါတွင် လှပသောသွေးများ စီးကျလာမည်မှာ သေချာသည်။
ဤမြင်ကွင်းကို တွေးလိုက်ရုံဖြင့် ခေါင်းဆောင်က စိတ်လှုပ်ရှားသွားသည်။
သို့သော် ထိုအချိန်တွင် လက်တစ်ဖက်က သူဆွဲတော့မည့် ဓားကို အသာအယာ တွန်းထုတ်လိုက်သည်။
"မင်းက... ချန်နျောင်မျိုးနွယ်ကလား" ရွှယ်အန်းက တည်ငြိမ်စွာ မေးလိုက်သည်။
အစမှ အဆုံးထိ ရွှယ်အန်းက သူ့ဘေးနားသို့ ပေါ်လာသည်ကို သတိမထားမိသောကြောင့် ခေါင်းဆောင်၏ ကြွက်သားများက ချက်ချင်းပင် တင်းမာလာသည်။
“စိတ်မဆိုးပါနဲ့ ငါ့မေးခွန်းကို ဖြေပါ"
ရွှယ်အန်း၏နောက်ကွယ်မှ လက်အောက်ငယ်သားများအား အချက်ပြနေစဉ် အရာရှိ၏မျက်နှာသည် ပြင်းထန်သောရန်လိုမှုပြနေသည်။
ထိုလက်အောက်ငယ်သားများသည် ယခုအချိန်က ထိုမော့ကြား စစ်သားများထက်ပင် လေ့ကျင့်သင်ကြားမှု ပိုကောင်းကာ ၎င်းတို့၏ ခေါင်းဆောင်၏ အမိန့်ပေးချက်အရ ရွှယ်အန်းကို တင်းတင်းကျပ်ကျပ် ဝိုင်းရံလိုက်ကြသည်။
လူသားမျိုးနွယ်စုများအားလုံး ထိတ်လန့်တကြား ဆုတ်ခွာသွားကြသည်။
ရှောင်ရွှေ့က အံ့အားသင့်စွာ ကြည့်လိုက်သည်။
ဤအခိုက်အတံ့လေး၌ပင် တစ်ချိန်က သူ၏ ရိုးဖြောင့်သောအစ်ကိုကသူ့ကို အလွန် အံ့ဩစေခဲ့သည်။
"ဟုတ်တယ်၊ ငါက ချန်နျောင်မျိုးနွယ်ရဲ့ မြင့်မြတ်သူတစ်ယောက်ပါ။ ငါ့လူကို ခုဏကသတ်လိုက်တာ မင်းမဟုတ်လား" အရာရှိက အေးစက်စွာပြောသည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ မင်းမှာ သူရဲကောင်းတစ်ယောက်ရဲ့ ရဲစွမ်းသတ္တိရှိနေပြီဆိုတော့ ငါမင်းကို ခေါင်းဖြတ်ပေးမယ်”
ဤစကားများကို ကြားသောအခါ ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"မင်း တစ်ခုခုမှားနေပြီထင်တယ်"
"ဟမ်"
ခေါင်းဆောင်က ရွှယ်အန်း၏စကားနောက်ကွယ်ရှိ အဓိပ္ပါယ်ကို နားမလည်သဖြင့် အံ့အားသင့်သွားသည်။
"ဒီအမှားက… တကယ်သေမယ့်လူတွေက မင်းတို့ပဲ"
ရွှယ်အန်းက ခေါင်းဆောင်၏ ပခုံးပေါ်သို့ လက်တစ်ဖက်ဖြင့်ဖိထားကာ ကျန်လက်တစ်ဖက်ကို ဆုပ်လျက် လက်သီးဖြင့်ထိုးလိုက်သည်။
ကောင်းကင်လူသားအဆင့်နှင့် ယှဉ်ပြိုင်ရန် လုံလောက်သော ကိုယ်လုံးကိုယ်ပေါက် သန်မာသော ခေါင်းဆောင်သည် အဆိုပါ လက်သီးတစ်ချက်ဖြင့် ဦးခေါင်းတစ်ခုလုံး အပိုင်းပိုင်း ကွဲသွားခဲ့သည်။
ရွှယ်အန်း၏လက်တစ်ဖက်က ခေါင်းဆောင်၏ကိုယ်ပိုင်ဓားကို ဆွဲထုတ်ကာ ချီတက်လာသော မော့ကြားစစ်သားများကို အလျားလိုက် ပိုင်းဖြတ်ပစ်လိုက်သည်။
စစ်သားများ၏ ခန္ဓာကိုယ်အပေါ်ပိုင်းများက လေပေါ်သို့လွင့်ကာ
အောက်ပိုင်းတစ်ခြမ်းသည် မြေပြင်ပေါ်တွင် မတ်တပ်ရပ်နေကြဆဲဖြစ်သည်။
ဝေဒနာနှင့် သေခြင်းတရားကို ကြောက်ရွံ့ခြင်းတို့သည် ဤ ချန်နျောင်စစ်သားများကို လွယ်လွယ်ကူကူ ဖုံးလွှမ်းကာ ရွှံ့နွံထဲတွင် အော်ဟစ်ကာ ရုန်းကန်ခဲ့ရပြီးမှ
တဖြည်းဖြည်း သေဆုံးသွားကြသည်။
အခန်း(၅၆၄) ဤရုပ်ခန္ဓာဖြင့် ဤကမ္ဘာတွင် တွန်းလှန်နိုင်ဆဲ
လူသားမျိုးနွယ်စုဝင်များအားလုံးက မြင်ကွင်းကို စိုက်ကြည့်နေကြသည်။
ဤသို့သော ရလဒ်မျိုးကို မည်သူမျှ မမျှော်လင့်ထားကြပေ။ မော့ကြားစစ်သားအနည်းငယ်ကို သတ်ဖြတ်ခြင်းသည် လူသားမျိုးနွယ်တစ်ခုလုံးကို မျိုးသုဥ်းသွားစေနိုင်သည်။ ထို့ကြောင့် လူအများက ယခုအချိန်တွင် ရွှယ်အန်းကို ကြောက်ရွံ့မှုအပြည့်ဖြင့်ကြည့်နေကြသည်။ ရှောင်ရွှေ့ကသာ ရှေ့သို့လှမ်း၍ ရွှယ်အန်းအနားတွင် ရပ်လိုက်သည်။
“အစ်ကို အခု ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”
မော့ကြားစစ်သားများစွာ သေဆုံးသွားသဖြင့် ချန်နျောင်မြို့က ဤကိစ္စကို အလွတ်ပေးမည်မဟုတ်ပေ။
ဤသည်က ငြင်း၍ မရသောအချက်ပင်ဖြစ်သည်။ ထို့ကြောင့် ရှောင်ရွေ့၏ စိတ်ထဲ၌ အတွေးများစွာ ရောထွေးနေကာ ပြန်လည်တိုက်ခိုက်နိုင်မည့် နည်းများကိုတွေးတောလျက်ရှိသည်။
တောင်တွင်းသို့ ထွက်ပြေးပြီးနောက် အခြေနေများ ငြိမ်သက်သွားသည်အထိ စောင့်ဆိုင်းသင့်သလော။
သို့သော် တောင်တန်းများသည် ရက်စက်ကြမ်းကြုတ်သော သားရဲများဖြင့် ပြည့်နှက်နေသည်ဖြစ်ရာ ထိုသို့ ဝင်သွားပါက ၎င်းတို့သည် ကျားတွင်းထဲသို့ ပြေးဝင်သွားသော သိုးများနှယ်ဖြစ်နေပေလိမ့်မည်။
‘ငါတို့ ဘာလုပ်သင့်လဲ’
ရှောင်ရွှေ့က သူ့ဦးနှောက်သူ အလုပ်ပေးလျက်ရှိသည်။
ရွှယ်အန်းက လျစ်လျူရှု့လိုက်သည်။
“ဘာလုပ်ကြမလဲ”
"ဟင်"
ရှောင်ရွှေ့က အံ့အားသင့်သွားကာ မြေပြင်ပေါ်ရှိ အလောင်းများကို လက်ညှိုးထိုးပြလိုက်၏။
"မော့ကြားစစ်သားတွေအများကြီး အသတ်ခံရတာကြောင့် ချန်နျောင်မြို့က လူတွေက ကျွန်တော်တို့နောက်လိုက်လာမှာ အသေအချာပဲ။ ကျွန်တော်တို့ကို လူတွေ အာရုံမစိုက်လာအောင်နေရမယ်မလား”
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
“မလိုပါဘူး”
“ဒါဆို အစ်ကို့ အစီအစဉ်က ဘာလဲ အစ်ကိုအန်း…” ရှောင်ရွှေ့က မေးသည်။
ရွှယ်အန်းက အသက်ရှူ၍ အရှေ့ဘက်ကို လှမ်းကြည့်လိုက်သည်။
ယင်းသည်ကား ချန်နျောင်မြို့တော်သို့ဦးတည်ရာလမ်းဖြစ်သည်။
“လမ်းမှာတွေ့သမျှ အကုန်သတ်ပြီး အဲ့ကိုသွားမယ်။ ချန်နျောင်မြို့ကို သိမ်းပိုက်မယ်”
ရွှယ်အန်း၏ဗျူဟာကို စောင့်မျှော်နေသော ရှောင်ရွှေ့သည် ထိုစကားကိုကြားသောအခါ ငိုလုနီးပါးဖြစ်သွားသည်။
"အစ်ကိုအန်း၊ အစ်ကို နောက်နေတာမဟုတ်လား”
ရွှယ်အန်းက အလေးအနက်ပြောနေခြင်းဖြစ်ကြောင်း သတိပြုမိလိုက်သောအခါ ရှောင်ရွှေ့၏အသံက ပြတ်တောက်သွားသည်။ သူတင်သာမက အခြားလူသားမျိုးနွယ်စုဝင်များလည်း အံ့သြသွားကြသည်။ အဆုံးတွင် ရှောင်ရွှေ့က ခါးသက်စွာပြုံးလိုက်သည်။
“အစ်ကိုအန်း မေ့ကြားစစ်သားတပ်ငယ်လေးကို သတ်နိုင်တဲ့အထိ ဘယ်လိုလုပ် စွမ်းအားကြီးလာလဲဆိုတာ ကျွန်တည် မသိပါဘူး။ ဒါပေမယ့် ချန်နျောင်မြို့ဟာ ချန်နျောင်ဘုရင်ရဲ့ အချစ်ဆုံးသမီးတော်အပိုင်ပဲ။ ပြီးတော့ မြို့မှာ မော့ကြားစစ်တပ် နှစ်ခု အပြည့်ရှိတယ်”
ရှောင်ရွှေ့က စကားကို အဆုံးမသတ်သေးသော်လည်း အဓိပ္ပါယ်ကို ရှင်းလင်းစွာသိနိုင်သည်။
‘မင်းက ကြောက်ဖို့ကောင်းရင်တောင် မော့ကြားစစ်တပ်နှစ်တပ်ကို တကယ် နိုင်နိုင်မှာလား’
သို့သော် ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးကာ စုတ်ပြတ်နေသောအဝတ်အစားများဝတ်ထားသည့် လူသားမျိုးနွယ်စုအားလုံးကို ပတ်ကြည့်နေသည်။ ခေါင်းဆောင်က အသတ်ခံရမှုအတွက် မည်သူ့တွင် တာဝန်ရှိကြောင်းမေးသောအခါက ရွှယ်အန်းနှုတ်ဆိတ်နေခဲ့သည်။
အကြောင်းမှာ လူသားမျိုးနွယ်စုဝင်များက မည်သို့တုံ့ပြန်မည်ကို သိချင်သောကြောင့် ဖြစ်သည်။
ရလဒ်သည်လည်း သူ့ကို စိတ်မပျက်စေခဲ့ပေ။ ၎င်းတို့က အရှက်ခွဲမှုများကို ခံနိုင်ရည်ရှိသော်လည်း လူသားမျိုးနွယ်စုသည် ၎င်းတို့၏ ကျောရိုးကို မချိုးခဲ့ကြပေ။ ဤခံယူချက်က လူသားမျိုးနွယ်စုတစ်ခုလုံးတွင်
နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေခဲ့ခြင်းဖြစ်နိုင်သည်။
အခြားနိုင်ငံများက ရေကြီးခြင်းမှ ကယ်တင်ပေးရန် ကောင်းကင်သို့ ဆုတောင်းသောအခါ လူသားမျိုးနွယ်စုသည် ရေကို စီမံခန့်ခွဲရန် မြောင်းကို တူးကြသည်။
ကောင်းကင်ကြီးပြိုကျလာလျှင် ယင်းကို ခုခံရန် ကျောက်မိုင်းများတူးကြသည်။
ပလိပ်ရောဂါများပြန့်လာလျှင် အံ့ဖွယ်ဆုတောင်းမှုများကို ပြုလုပ်ခြင်းမပြုကြဘဲ ဆေးဝါးများကို စမ်းသပ်ကာ မိမိတို့ကိုယ်မိမိတို့ ကုသကြသည်။ အကယ်၍ အရှေ့ပင်လယ် နစ်မြုပ်သွားလျှင် ၎င်းတို့က ယင်းကို ဖြည့်၍ ၎င်းတို့၏လမ်းကို တောင်ဖြင့်ပိတ်ထားပါက လမ်းကို စတူးကြလိမ့်မည်ဖြစ်သည်။
ထို့ကြောင့် ရွှယ်အန်းသည် ဤ နှိပ်စက်ခံထားရ၍ စုတ်ပြတ်ပေတေ ဒဏ်ရာဗလပွဖြစ်နေသော လူသာမျိုးနွယ်စုကို ကြည့်ကာ အနည်းငယ် ခံစားလိုက်ရသည်။
"မင်းတို့...အိမ်ပြန်ချင်လား" ရွှယ်အန်းက ခပ်တိုးတိုးပြောသည်။
စကားတစ်ခွန်းဖြင့် လူတိုင်း တိတ်ဆိတ်သွားကြသည်။
ရွှယ်အန်းက အဖွဲ့ကို ကြည့်လိုက်ပြန်သည်။
“ပြန်ချင်လား”
ထိုမေးခွန်းကြောင့် လူများစွာသည် မျက်လုံးများနီရဲလာကာ အချို့က မျက်ရည်များကို ထိန်းထားကြပုံဖြင့် အသက်ပြင်းပြင်းရှူလိုက်ကြသည်။
"မင်းတို့အားလုံး အိမ်ပြန်ချင်နေတာ ငါသိပါတယ်၊ အခု မင်းတို့ကို အိမ်ပြန်လိုက်ပို့မယ်”
ရွှယ်အန်း၏ စကားကြောင့် လူသားမျိုးနွယ်စုဝင်များအားလုံး အံ့အားသင့်သွားကြသည်။
ရှောင်ရွှေ့နှင့်အတူ လူတိုင်းသည် ရွှယ်အန်းကို တည့်တည့်ကြည့်နေကြသည်။
ရွှယ်အန်းက သူ့နောက်ကျောတွင် လက်နှစ်ဖက်ယှက်၍ ရပ်ကာ အဝေးရှိ ချန်နျောင်မြို့ကို လှမ်းကြည့်လိုက်သည်။
“အစကတော့ မင်းတို့ကို ဖမ်းပြီး ဒီကို ခေါ်လာတာ။ အခု သူတို့ကို ပြန်သတ်ပြီး လမ်းဖောက်သို့ဦးဆောင်ပေးမယ်။ ချန်နျောင်မြို့ဖြ်စဖြစ် ဝမ်ငှက်မြို့ဖြစ်ဖြစ် ငါတို့ကိုတားမယ့်သူ ဘယ်သူမဆို ငါတို့ကို နှောက်ယှက်ရဲတဲ့သူ ဘယ်သူမှ မရှိစေရဘူး။ ဒါပေမယ့် အခု ငါ့မှာ မင်းတို့ကို မေးစရာတစ်ခုရှိတယ်။ … မင်းတို့ လုပ်ရဲလား”
ရွှယ်အန်း၏ စကားလုံးများတွင် လူသတ်ရန် ရည်ရွယ်ချက်သည် ပြည့်လျှံနေပုံရသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လူသားမျိုးနွယ်စုက ချက်ချင်း ဦးညွတ်ကာ အော်လိုက်ကြသည်။
“ကျုပ်တို့ အိမ်ပြန်နိုင်မယ်ဆိုရင် သေတဲ့အထိ တိုက်ပွဲဝင်ဖို့ ဆန္ဒရှိပါတယ်”
“အရမ်းကောင်းတယ်” ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် ရှောင်ရွှေ့သည် ရွှယ်အန်း၏ နောက်ကျောကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။
ဤသည်မှာ ယခင်က သစ်သားတုံးကဲ့သို့သော ညီအစ်ကိုဖြစ်ပါသေးသလော။
သူဘာလို့ ရုတ်တရက်ကြီး ပြောင်းလဲသွားတာလဲ။
ဤကံကြမ္မာကစားပွဲ၏ စည်းမျဉ်းများကို သူ အနည်းငယ် နားလည်ထားပြီးဖြစ်သည်။
ဤသေမျိုးကမ္ဘာတွင် နောက်ဆုံးအချိန်ထိ အသက်ရှင်နေနိုင်သူမှာ အောင်နိုင်သူဖြစ်လိမ့်မည်။
သူ၏ ဖိနှိပ်ခံထားရသော ကျင့်ကြံရေးအဆင့်နှင့် ပေါင်းစပ်ကြည့်လျှင် ဤလျှို့ဝှက်နယ်မြေသို့ အခြားဝင်ရောက်လာသူများသည်လည်း အတူတူပင်ဖြစ်စပေလိမ့်မည်။
ယခု အမှန်ကန်ဆုံး ချဉ်းကပ်နည်းမှာ ဤလူသားမျိုးနွယ်စု စစ်သုံ့ပန်းအုပ်စုကို ဦးဆောင်ရန်၊ ၏တပ်ဖွဲ့များကို ဖြည်းဖြည်းချင်း မြှင့်တင်ရန်နှင့် ကံကြမ္မာကို သိမ်းပိုက်ရန်အတွက် ကမ္ဘာပေါ်တွင် အကြီးဆုံးနေရာအတွက် နောက်ဆုံးတွင် ယှဉ်ပြိုင်ရန် ဖြစ်သင့်သည်။
ဤသည်မှာ မှန်ကန်သောလမ်းကြောင်းဖြစ်နိုင်သည်။ သို့သော် ကံကြမ္မာကစားပွဲက လွဲမှားစွာ
တွက်ချက်ထားသည့်အရာတစ်ခုရှိသည်။
၎င်းမှာ ရွှယ်အန်းက ဤကစားပွဲ၌ ပါဝင်ခြင်းနှင့်ပတ်သက်၍ မည်သည့်ခံစားချက်ထူးထူးခြားခြားမျှ မဖြစ်နေခြင်းသာဖြစ်သည်။
ရွှယ်အန်းက ဤကစားပွဲတွင်ပါဝင်၍ ပြဿနာကိုဖြေရှင်းကာ နောက်ဆုံးတွင် အောင်မြင်မည်ဟူသော အရာမျိုးကို မစဥ်းစားထားပေ။
သူသည် ဤကစားပွဲ၌ ကစားသမားတစ်ဦးပင် ဖြစ်လိမ့်မည်မဟုတ်ပေ။
ရွှယ်အန်းက ရည်ရွယ်ထားသည်မှာ စစ်တုရင်ခုံကို တိုက်ရိုက် ကောက်ကိုင်ကာ ပြိုင်ဘက်၏ မျက်နှာတည့်တည့်သို့ ရိုက်ချရန် ဖြစ်သည်။ သူ၏ကျင့်ကြံရေးအဆင့်ကို ဖိနှိပ်ထားသော်လည်း ရွှယ်အန်းက သူ့ခန္ဓာကိုယ်တစ်ခုတည်းဖြင့် ဤကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းဖြစ်နိုင်သည်။
ထို့ကြောင့်… သူ ပြန်လမ်းတစ်လျှောက် အကုန်သတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။
ရှေ့က လမ်းတွင် အတားအဆီးက မည်သူမည်ဝါပင်ဖြစ်စေကာမူ
နတ်တက တားဆီးပါက နတ်ကို သတ်မည်။
ဗုဒ္ဓက ပိတ်ပင်ပါက ဗုဒ္ဓကို သုတ်သင်မည်။
မကြာခင်၌ပင် ဤလူသားမျိုးနွယ်စု စစ်သုံ့ပန်းများက လူစုလိုက်ကြသ်ည။
ညှဉ်းပန်းနှိပ်စက်ခံရသော်လည်း ၎င်းတို့အားလုံးသည် စစ်မှုထမ်းများဖြစ်ကြသောကြောင့် ရာထူးများကို ကျိုးကြောင်းဆီလျော်စွာ အမိန့်ပေးခဲ့ကြသည်။ သို့သော် သူတို့အားလုံးသည် ဖြူဖျော့ ပိန်ပါးကာ သိသိသာသာ အားနည်းနေကြသည်။ ရွှယ်အန်းက အစောင့်များ သိမ်းဆည်းထားသည့် အစားအစာများနှင့် ဝိုင်များကို ထုတ်ယူ၍ ချက်ပြုတ်ကာ အားလုံးကို ကျွေးလိုက်သည်။
လူသားမျိုးနွယ်စုမှ လူများကို အမြန်ချောပို့စခန်းတစ်ခု တည်ဆောက်ရန် စေလွှတ်ထားခြင်းဖြစ်သောကြောင့် ၎င်းတို့က ချန်နျောင်မြို့တော်နှင့် မိုင်အနည်းငယ်ခန့်သာ ဝေးကွာသည်။ သို့သော် လူသားမျိုးနွယ်စုဝင်များအားလုံးဒဏ်ရာရနေပြီဖြစ်သောကြောင့် ၎င်းတို့က ဖြည်းညှင်းစွာ လှုပ်ရှားကြသည်။
ချန်နျောင်မြို့တော် တောင်ခြေသို့ရောက်ချိန်တွင် ညနေစောင်းနေပြီဖြစ်သည်။ ရွှယ်အန်းက ပြုံးပြပြီးနောက် အနက်ရောင် သဲကျောက်ဖြင့် တည်ဆောက်ထားသော မြို့ကို မော့ကြည့်ကာ အေးစက်စွာပြုံး၍ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။
“အဲ့တာ ဘယ်သူလဲ”
တံတိုင်းကို စောင့်ကြပ်နေသည့် အစောင့်များက လက်ရွေးစင်များဖြစ်၍ ပုံမှန်မဟုတ်သော ဆူညံသံကိုကြားသောအခါ ၎င်းတို့၏ တုံ့ပြန်မှုက အလွန် မြန်ဆန်လှသည်။
“ဟား ငါက ဘယ်သူပါလိမ့်လို့တွေးနေတာ လူသားမျိုးနွယ်ကကျွန်တွေပဲ။ မင်းတို့ ဒီမှာ ဘာလုပ်နေကြေတာလဲ ဒီလောက်နောက်ကျနေပြီကို” ခေါင်းဆောင်စစ်သားက အေးစက်စွာရယ်၍ မေးလိုက်သည်။
“ငါတို့က မင်းတို့ အသက်ကို ယူဖို့ လာခဲ့ကြတာ။ မင်းတို့အားလုံး မြို့တံခါးကိုဖွင့်ပြီး လက်နက်ချမလား”
စစ်သားက ပထမဦးစွာ ထိတ်လန့်သွားပြီးနောက် ရယ်မောလိုက်သည်။
“ဒီ တောကောင်ကဘယ်ကလာတာလဲ။ ဟာသတွေလာပြောနေတာပဲ။ ဟားဟား မြှားတွေပစ်ကြစမ်း ဒီလူတွေကို အကုန်သတ်ပစ်” စစ်သားများကး လေးများကို ဆွဲ၍ ရွှယ်အန်းနှင့် အခြားသူများကို ချိန်ရွယ်လိုက်ကြသည်။
ဤသည်က ၎င်းတို့အတွက် ကစားစရာဂိမ်းတစ်ခုကဲ့သို့ပင်ဖြစ်သည်။ ထို့အပြင် ရှောင်ရွှေ့က ၎င်းတို့ကို ရန်စရန်ပင် သတ္တိရှိနေသည်။
သို့သော် ရွှယ်အန်းက ရယ်မောလိုက်သည်။
ထို့နောက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တံတိုင်းနားသို့ရောက်သည်နှင့် လက်သီးကို မြှောက်လျက် ထိုးချလိုက်သည်။
“ဒီကောင်က ဒီကို လာနောက်နေတာလား။ ဒါက အမာဆုံးသဲကျောက်ကို လျို့ဝှက်နည်းပညာနဲ့ သန့်စင်ပြီး လုပ်ထားတာ။ ကျောက်တုံးတစ်တုံးတောင် အဲ့တာကို ဖြိုနိုင်မှာမဟုတ်တာကို သူ့လက်သီးကို သုံးနေတယ်တဲ့…”
စကားမဆုံးခင်တွင် ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။
ရွှယ်အန်း၏ လက်ချက်အောက်တွင်၊ မာကျောသော နံရံသည် စက္ကူကဲ့သို့ ပြိုကျကာ တစ်ဝက်တစ်ပျက် ချက်ချင်းပြိုကျသွားသည်။