အခန်း (၅၆၅-၅၆၇)
Vol. 38 Ch. 565-567
အခန်း(၅၆၅) ဝူဝမ်ဓား
မြို့တော်သခင်အိမ်တော်တွင် ချန်နျောင်ကျန့်က များစွာသော အထင်ကရ လူငယ် အများအပြားအတွက် ညီလာခံပွဲတစ်ခု ကျင်းပနေစဥ် ချန်နျောင်ဘုရင့်နိုင်ငံက ကျယ်ပြော၍ ချန်နျောင်ကျန့်ကိုယ်တိုင်က မင်းသမီးဖြစ်သော်လည်း ထိုလူငယ်များနှင့် အမျိုးသမီးများရှေ့တွင် နှိမ့်ချသော အပြုအမူကို ထိန်းသိမ်းရသေးသည်။
အကြောင်းမှာ ၎င်းတို့အားလုံးက ဝူဝမ်ဂိုဏ်း၏ တပည့်စစ်များဖြစ်သောကြောင့်ပင်ဖြစ်၏။
ဝူဝမ်ဂိုဏ်းသည် ချန်နျောင်ဘုရင့်နိုင်ငံထက် အဆများစွာ ကြီးမားသော နယ်မြေများကို ထိန်းချုပ်ထားသည်။
ဝူဝမ်ဂိုဏ်း၏ တပည့်စစ်များအနေနှင့်၊ ဤလူငယ်နှင့် အမျိုးသမီးများ၏ အဆင့်အတန်းသည် သဘာဝအားဖြင့် ထူးထူးခြားခြား ဂုဏ်သတင်းကြီးသည်။
"လေးစားထိုက်သော အကြီးအကဲတွေရောက်ရှိလာတာ ကျွန်မတို့ရဲ့ ချန်နျောင်မြို့ကို တောက်ပစေပါတယ်။ လာပါ။ ဒီခွက်က လူကြီးမင်းတို့အားလုံးကို ဂုဏ်ပြုဖို့ပါပဲ” ချန်နျောင်ကျန့်က သူမ၏ ခွက်ကို မြှောက်ကာ ပြုံး၍ ပြောလိုက်သည်။
ဝူဝမ်ဂိုဏ်းဝင်များသည် အလယ်ဗဟိုတွင် ထိုင်နေသည့် လူကို လှည့်ကြည့်ကြသည်။
ဤသည်ကား ဝူဝမ်ဂိုဏ်း၏ အတွင်းစည်း တပည့်အစစ် ဟယ့်ထျန်ယွမ်ပင်ဖြစ်သည်။
မျိုးဆက်သစ်လူငယ်များကြားတွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၎င်းတို့အနက် အကြီးဆုံးသော စီနီယာ အစ်ကိုလည်းဖြစ်သည်။ ခ
ချန်နျောင်ကျန့်က သူမ၏ ခွက်ကို မြှောက်၍ ဂုဏ်ပြုသည်ကိုမြင်လိုက်ရသည်နှင့် ဟယ့်ထျန်ယွမ်က အနည်းငယ်ပြုံးကာ ခွက်ကို မြှောက်လိုက်သည်။
"ကျေးဇူးအများကြီး တင်ပါတယ်"
သူက ခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်၏။
“ဒါပေမယ့် ကျွန်မတို့ရဲ့ နိမ့်ကျတဲ့ ချန်နျောင်မြို့ကို ရုတ်တရက် ဘယ်လိုလုပ် စီနီယာအစ်ကိုဟယ့်တို့ရောက်လာတာလဲ ကျွန်မသိချင်မိသား”
ဟယ့်ထျန်ယွမ်က ဘာသိဘာသာပြောလိုက်သည်။
“လမ်းကြုံလို့ ဝင်လာရုံပါပဲ။ ဘာမှ အရေးကြီးကိစ္စမရှိပါဘူး”
ချန်နျောင်ကျန့်သည် ရင်တွင်း၌ မကျေနပ်မှုများ တိုးလာသကဲ့သို့ ခံစားလိုက်ရသည်။
ဤသို့သော စကားမျိုးကို မည်သူက ယုံကြည်နိုင် လိမ့်မည်နည်း။
သို့သော် ဟယ့်ထျန်ယွမ်၏ ရှေ့တွင်မူ သူမက ခေါင်းကိုသာ ငုံ့ထားနိုင်ခဲ့သည်။ သူမ စကားပြောခါနီးတွင် အပြင်ဘက်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ချန်နျောင်ကျန့်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးခါနီး၌ မော့ကြားစစ်သားတစ်ဦးဝင်လာသည်။
"အရှင်မင်းသမီး၊ တစ်ယောက်ယောက်က မြို့တံတားကိုဖြတ်ပြီးဝင်လာတယ်”
"စစ်သားဘယ်နှစ်ယောက်ရောက်လာတာလဲ၊ တစ်ဖက်နိုင်ငံက ပို့လိုက်တာလား" ချန်နျောင်ကျန့်၏ မျက်နှာက ပြောင်းလဲသွားပြီးနောက် အေးစက်သော လေသံဖြင့်မေးလိုက်သည်။
ကမ္ဘာကြီးသည် အနှစ်တစ်ထောင်ကျော် ပရမ်းပတာဖြစ်နေပြီး တိုက်ပွဲများနှင့် ဝိုင်းရံမှုများမှာ သာမာန်ဖြစ်နေသောကြောင့် ချန်နျောင်ကျန့်သည် တုန်လှုပ်ခြင်းမရှိပေ။ မော့ကြားစစ်သားက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက်မှ ပြောလိုက်သည်။
“မင်းသမီးကို လျှောက်တင်ပါတယ်။ မြို့ကို ဖျက်ဝင်လာတဲ့သူက…တစ်ယောက်တည်းပါ”
“ဘာ” ချန်နျောင်ကျန့်က အော်ပြောပြီးနောက် ဆတ်ခနဲ မတ်တပ်ထရပ်လိုက်သည်။
သူမ အံ့ဩသွားရုံသာမက ဟယ့်ထျန်ယွမ်နှင့် အခြားသူများ၏ အမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားသည်။
မြို့ရိုးကို .. တစ်ယောက်တည်းကဖောက်လိုက်တာလား။
"သေချာသလား။ စစ်ထောက်လှမ်းရေးကို သတင်းမှားပို့တာကသေဒဏ်ပဲနော်” ချန်နျောင်ကျန့်က ပြောသည်။
အစီရင်ခံ တင်ပြသော မော့ကြားစစ်သားက တုန်လှုပ်သွားသည်။
“အရှင်မ လက်အောက်ငယ်သားက လိမ်ညာပြီး အစီရင်မခံဝံ့ပါဘူး။ တကယ်ပဲ မြို့ကို ဖျက်ဝင်လာတာ တစ်ယောက်တည်းပါ။ နောက်ပြီး…”
“နောက်ပြီးဘာလဲ”
“နောက်ပြီး အဲ့လူက လူသားမျိုးနွယ်စုကပါ။ သူက လူသားမျိုးနွယ်စုစစ်သုံ့ပန်း ရာပေါင်းများစွာကို ဦးဆောင်လာပါတယ်”
ဤစကားသည် အပြာရောင်မိုးကြိုးတစ်စင်းကဲ့သို့ ထွက်ပေါ်လာသည်။
ချန်နျောင်ကျန့်၏ မျက်နှာထက်၌ ထိတ်လန့်မှုအရိပ်အမြွက်များပေါ်လာရုံမျှမက ဝူဝမ်ဂိုဏ်းသားများအားလုံးလည်း ထိတ်လန့်အံ့သြကုန်ကြသည်။
ထို့နောက် ဟယ့်ထျန်ယွမ်က ခေါင်းယမ်းလိုက်သည်။
“အဟက် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ လူသားမျိုးနွယ်က အရေအတွက်များရင်သာများလိမ့်မယ်။ အားလုံးက အညစ်အကြေးတွေကြီးပဲ။ ကျင့်ကြံနိုင်စွမ်းမရှိကြဘူး။ သူတို့ထဲမှာ အံ့သြဖို့ကောင်းလောက်အောင် အရည်အချင်းရှိတဲ့လူရှိရင်တောင် သူက ရှောင်ယောင်းအဆင့်မှာပဲရှိလိမ့်မယ်။ အဲ့အဆင့်နဲ့ မြို့ထဲကို ဘယ်လို ဖျက်ဝင်နိုင်မှာတဲ့လဲ”
ဟယ့်ထျန်ယွမ်၏ သံသယစိတ်က ချန်နျောင်ကျန့်၏ ကိုယ်ပိုင်အတွေးများကို ထင်ဟပ်နေသဖြင့် သူမက ပြုံးလိုက်သည်။
"တကယ်ကို အသုံးမဝင်တဲ့အမှိုက်တစ်အုပ်ပါ"
ထို့နောက် သူမက တောက်ပစွာပြုံး၍ ဟယ့်ထျန်ယွမ်ဘက်သို့လှည့်ကြည့်လိုက်သည်။
“စီနီယာအစ်ကိုကြီး ရောက်လာတယ်ဆိုမှတော့ ဒီက ညီမလေးဆီ ဘာတွေဖြစ်နေလဲဆိုတာ လိုက်မကြည့်ချင်ဘူးလား”
ဟယ့်ထျန်ယွမ်က ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ ဒီ လူသားမျိုးနွယ်စုက ဘယ်လောက်တောင် မြင့်မြတ်တဲ့ နတ်စွမ်းရည်တွေရှိနေလဲဆိုတာ ငါကြည့်ချင်သေးတယ်”
သူ့စကားလုံးများက သူ၏ ဂျူနီယာများကြား၌ ရယ်သံများ ပျံ့နှံ့သွားစေသည်။
မည်သူကမျှ ဤကိစ္စကို အလေးအနက် မထားကြပေ။ သို့သော် ၎င်းတို့က မြို့တော်သခင် အိမ်တော်မှ ထွက်လာ၍ အဝေးရှိ မြို့ရိုးအပျက်အစီးများကိုမြင်လိုက်ရသောအခါတွင် ၎င်းတို့၏ အမူအရာများ သိသိသာသာပြောင်းလဲသွားသည်။
အဝေးမှ တိုက်ပွဲငိုကြွေးသံများ လွှမ်းနေဆဲဖြစ်ရာ ချန်နျောင်ကျန့်၏ မျက်နှာက မည်းမှောင်သွားပြီးနောက် နံရံဆီသို့ ခုန်ဆင်းသွားသည်။
ထိုအချိန်တွင် မြို့ရိုးအပျက်အစီးများအောက်၌ မော့ကြားစစ်သားအုပ်စုတစ်စုက အဝေးမှ ရွှယ်အန်း၏ ပုံရိပ်ကို ဖြူဖျော့စွာဖြင့်ကြည့်နေကြသည်။ မြေပြင်သည် မော့ကြားစစ်သားများ၏ အလောင်းများနှင့် ဖုံးလွှမ်းနေကာ သွေးအနံ့က ပြင်းထန်စွာဖြင့် ဖုံးလွှမ်းနေသည်။ တိုက်ပွဲပေါင်း တစ်ရာကျော် စစ်ပြန်များအဖြစ် အသိအမှန်ပြုခံထားရသည့် ဤမော့ကြားစစ်သားများသည် မည်သည်ကိုမျှ မကြောက်တတ်ဟု ယုံကြည်မှုအပြည့်ရှိခဲ့ကြသော်လည်း ယနေ့တွင် ပထမဆုံးအကြိမ်အဖြစ်
အကြောက်တရားကို ခံစားခဲ့ကြရသည်။
ဤလူသားမျိုးနွယ်စုဝင်သည် ရိုးရှင်းစွာပင် အလွန်စွမ်းအားကြီးလှလွန်းသည်။
မည်သူကမှ သူ့၏ တိုက်ကွက်တစ်ကွက်ကိုပင် မကျော်လွှားနိုင်ကြသည်ဖြစ်ရာ ယခုပင် သူ၏ လက်သီးတစ်ချက်အောက်၌ ဗိုလ်မှူးကြီး၏ ခေါင်း ကြေမွသွားသည်။
သို့တိုင်၊ သူတို့၏တိုက်ခိုက်မှုများက သူ့အဝတ်စကိုပင် မထိနိုင်ပေ။
ဤတစ်ဖက်သတ် သတ်ဖြတ်မှုတွင် မိမိတို့ကိုယ်မိမိတို့ဆာမူရိုင်းအဖြစ် ဂုဏ်ယူနေကြသည့် မော့ကြားစစ်သားများက တုန်လှုပ်ခြောက်ခြားကာ ရှေ့သို့ တက်လှမ်းရန် ကြောက်ရွံ့ကုန်ကြသည်။
ဤအခိုက်အတန့်၌ ချန်နျောင်ကျန့်နှင့် အခြားသူများရောက်လာသည်။ မြေပြင်ပေါ်ရှိ အလောင်းများကိုတွေ့လိုက်ရသောအခါ ချန်နျောင်ကျန့်၏ အမူအရာက အေးစက်သွားသည်။
"ရှင် ကျွန်မ စစ်သားတွေကို သတ်ခဲ့တာလား”
ရွှယ်အန်း မော့ကြည့်လိုက်သောအခါ နှင်းများထက်ပိုဖြူသော အားအရည်ရှိသည့် အမျိုးသမီးတစ်ဦးက လေထုအလယ်တွင် မတ်တပ်ရပ်လျက် သူ့ကို မေးခွန်းထုတ်နေသည်ကိုမြင်လိုက်ရသည်။
ဤသည်မှာ ချန်နျောင်ဘုရင်၏ ရှားပါးရတနာတစ်ခုကဲ့သို့ အဖိုးတန်သော မင်းသမီးလေးဖြစ်သည့် ချန်နျောင်မြို့တော်၏ မြို့တော်သခင်ဖြစ်မည်ဟု ရွှယ်အန်းက သိထားသည်။
သူက ပြုံးလိုက်သည်။
“ဟုတ်တယ်၊ မှန်တယ်”
ရွှယ်အန်း၏ အပြုံးကိုမြင်လိုက်ရသောအခါ ချန်နျောင်ကျန့်က နှလုံးသားထဲ၌ အေးခဲသွားသကဲ့သို့ မသိစိတ်အလျောက် နောက်သို့ ခြေတစ်လှမ်းပြန်ဆုတ်သွားသည်။
သူ၏ အပြုံးသည် အကန့်အသတ်မဲ့သော သတ်ဖြတ်ရောင်ဝါကို ဖုံးကွယ်ထားသည်ဟုထင်ရသည်။ အထူးသဖြင့် သူ၏ မျက်လုံးများဖြစ်ကာ ကြည့်လိုက်လျှင် ဧရာမနဂါးကြီးတစ်ကောင် စိုက်ကြည့်နေသည့်အလား ခံစားရသည်။
သို့သော် နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီးနောက် ချန်နျောင်ကျန့်သည် သူမသည် ဤလူကို ကြောက်ရွံ့နေသည်ကို ခံစားမိ၍ ဒေါသသည် သူမ၏ နှလုံးသားထဲတွင် ပို၍ပင် တိုးလာနေသည်။
သူမ ကိုယ်တိုင်က လူသားမျိုးနွယ်စုမှ လူတစ်ဦးကို အဘယ်ကြောင့် ကြောက်နေသနည်း။
အထူးသဖြင့် ဤလူသားမျိုးနွယ်မှလူသည် ကျင့်ကြံရေးအဆင့်မရှိဟု ရှင်းရှင်းလင်းလင်း သိနိုင်သည်ဖြစ်ရာ အများဆုံးအနေဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုသာရှိမည်ဖြစ်၍ သူ မည်သည့်အရာကို ကြောက်နေရန် လိုအပ်သနည်း။
ဤအတွေးဖြင့် ချန်နျောင်ကျန့်က အေးစက်စွာအော်လိုက်သည်။
“ရှင် ကျွန်မလူတွေကို သတ်၊ ကျွန်မမြို့ရိုးကို ဖျက်ပြီး ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ”
သို့သော် သူမ၏ စကားများအဆုံးမသတ်ခင်တွင် ရွှယ်အန်းက ရယ်မောလိုက်သည်။
“ငါ့လူတွေကို အကျဥ်းချ၊ ရိုးသားတဲ့သူတွေကို သတ်၊ အခု မင်းက ငါ့ကို ငါဘာလုပ်ချင်လဲမေးနေနိုင်သေးတာလား”
စကားပြောပြီးနောက် ရွှယ်အန်းက လေထဲရှိ ချန်နျောင်ကျန့်ကို လက်ညှိုးထိုးပြလိုက်သည်။
“ဒီနေ့ မင်းရဲ့ နိမ့်ကျတဲ့သူက မင်းတို့ ချန်နျောင်မြို့ကို သုတ်သင်ဖို့ လာပြီ”
"ဘယ်လောက်တောင် မာန်တက်နေတာလဲ"
ချန်နျောင်ကျန့်စကားမပြောမီတွင် လူအများအပြားက မိမိတို့ကိုယ်မိမိတို့ မထိန်းနိုင်ကြတော့ဘဲ စတင် ကျိန်ဆဲကာ ချီတက်လာကြသည်။
၎င်းတို့အားလုံးသည် ချန်နျောင်ကျန့်ဘက်မှ ကျွမ်းကျင်သူများဖြစ်သည်။
သို့သော် ရွှယ်အန်းက မျက်တောင်ပင် မခတ်ဘဲ လက်သီးများကို မြှောက်လျက်
ထိုလူများ နီးကပ်လာသောအခါတွင် ထိုးနှက်ချက်များစွာဖြင့် မြေကြီးထဲသို့ အရှင်လတ်လတ် မြှုပ်ပစ်လိုက်သည်။
အရိုးများကျိုးသည့် အသံများနှင့်အတူ အလောင်းများ ကွဲသွားကာ သွေးစိမ်းများကို အန်ထုတ်လျက် သေဆုံးသွားကြသည်။ ဤမြင်ကွင်းက ဤနေရာ၌ ရှိနေသူတိုင်းကို အံ့အားသင့်သွားစေသည်။
သို့သော် ရွှယ်အန်းက အေးစက်စွာ ပြုံးလိုက်ရာ သူ့အကြည့်တွင် အဆုံးမဲ့သော တိုက်ပွဲစိတ်ဓာတ်များ တောက်လောင်နေသည်။
“ဒါက အမြည်းပဲ အခု မင်းအလှည့်ရောက်ပြီ”
သူစကားပြောနေစဉ် ရွှယ်အန်းက ရုတ်တရက် မြေပြင်ပေါ်သို့ ခြေဆောင့်လိုက်ရာ မြေကြီးသည် ဟောက်ပြီး တွင်းကြီးတစ်ခုထဲသို့ စိမ့်ဝင်သွားပြီးနောက် ရွှယ်အန်းက ၎င်းတို့ထံသို့ အမြောက်ကျည်ကဲ့သို့အရှိန်ဖြင့် ချီတက်သွားသည်။
ချန်နျောင်ကျန့်က အော်လိုက်သည်။
“အစ်ကိုကြီးဟယ့် ကျွန်မကို ကူညီပါ”
ဟယ့်ထျန်ယွမ်က အေးစက်စွာရယ်မောလိုက်သည်။
“ငါ့နောက်မှာနေ ငါ သူ့ကို ကိုင်တွယ်လိုက်မယ်”
ချန်နျောင်ကျန့်က အလျင်အမြန်ပင် ဟယ့်ထျန်ယွမ်၏ နောက်၌ ပုန်းနေလိုက်သည်။
ထိုအချိန်တွင် ရွှယ်အန်းက ၎င်းတို့၏ အနီးနားသို့ အပြေးအလွှား သွားနေပြီဖြစ်သည်။
ထိုအချိန်ခဏတာလေးအတွင်း၌
ဟယ့်ထျန်ယွမ်က အေးစက်စွာအော်ဟစ်၍ ဓားကို ဓားအိမ်ထဲမှ ထုတ်လိုက်သည်။
“ဝူဝမ်ဓား”
ထက်မြက်သော ဓားအလင်းတစ်ခုက ရွှယ်အန်းဆီသို့ တည့်တည့် ဦးတည်သွားသည်။
ဓား၏အရှိန်သည်လည်း အလွန်မြန်သည်။ ထို့ကြောင့် ဟယ့်ထျန်ယွမ်က ရွှယ်အန်းရှောင်လွှဲ၍မရသည်မှာ သေချာသည်ဟု ယုံကြည်နေ၏။
သို့သော် မမျှော်လင့်ဘဲ ရွှယ်အန်းက "အချိန်ကိုက်ပဲ" ဟုပြောကာ ယင်းဓားချက်ကို မရှောင်တိမ်းဘဲ ရှေ့သို့တိုးသွားလိုက်သည်။
ဤမြင်ကွင်းကိုမြင်သောအခါ ဟယ့်ထျန်ယွမ်နှင့် သူ၏ ဂျူနီယာများက ပြုံးလိုက်ကြသည်။
ဓားတစ်ချောင်းကို လက်ဗလာနဲ့ ရင်ဆိုင်ဖို့ကြိုးစားနေတာတလား။
ဒီလူသားမျိုးနွယ်က ကောင်က သေချင်နေတာပဲ။
သို့သော် နောက်ဆက်တွဲဖြစ်ပျက်လာသည့်အရာများက ၎င်းတို့ကို အံ့သြသွားစေခဲ့သည်။ စူးရှသော ဓားရည်ရွယ်ချက်က ရွှယ်အန်း၏ခန္ဓာကိုယ်ကိုထိလိုက်သည်နှင့်တစ်ပြိုင်နက် ဆံချည်မျှင်တစ်စကိုပင် မထိခိုက်စေဘဲ အချည်းနှီးဖြစ်သွားသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ရွှယ်အန်းက ခပ်တင်းတင်းပြုံးပြလိုက်၏။
“ဒါနဲ့.. ဒါကို မင်းက ဓားလို့ခေါ်တာလား”
အခန်း(၅၆၆) မင်းကို သုတ်သင်မယ့်… လူသားမျိုးနွယ်စုက ရွှယ်အန်းပဲ
ထိုသို့ပြောပြီးနောက် ရွှယ်အန်းက လက်သီးတစ်ချက်ထိုးသွင်းလိုက်ရာ သတိလက်လွတ်ဖြစ်သွားသည့် ဟယ့်ထျန်ယွမ်က အချိန်မီ မရှောင်တိမ်းနိုင်ဘဲ
ကိုက်ဒါဇင်များစွာအကွာမှ ပျံသန်းလာသော လက်သီးကြောင့် လွင့်ထွက်သွား၍
နောက်ဆုံး သူ့ကိုယ်သူ ဟန်ချက်ထိန်းနိုင်သောအခါ၌ ပါးစပ်ထဲမှ သွေးများ အန်ထုတ်လိုက်သည်။
လူတိုင်း အထူးသဖြင့် ချန်နျောင်ကျန့်သည် မြင်ကွင်းကို စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။
သူမ၏မျက်လုံးများကိုပင် မယုံနိုင်လောက်အောင်ဖြစ်နေမိသည်။
ဝူဝမ်ဂိုဏ်း၏ အတွင်းစည်း တပည့်စစ်စစ် ဟယ့်ထျန်ယွမ်သည် ဤလူ၏ လက်ချက်ကြောင့် သွေးများ အန်ထွက်လာသည်။
ဤ လူတိုင်းတွေးနိုင်သော အတိုင်းအတာကို ကျော်လွန်သွားပြီဖြစ်သည်။
ထိုအချိန်တွင် ဟယ့်ထျန်ယွမ်သည် သူ့ပါးစပ်ထောင့်မှ သွေးများကို သုတ်ရင်း ရွှယ်အန်းကို ထိတ်လန့်တကြားနှင့် မသေချာမရေရာစွာ ကြည့်နေလေသည်။
ကျင့်ကြံရေးအဆင့်ကို ရှင်းရှင်းလင်းလင်းမပြနိုင်သော ဤ လူမျိုးနွယ်စုယောက်ျားသည် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကာယခွန်အားကို မည်သို့ပိုင်ဆိုင်နိုင်မည်နည်း။
"ဝူဝမ်ဂိုဏ်းရဲ့ အတွင်းစည်း တပည့်စစ်စစ် ဟယ့်ထျန်ယွမ်က မင်းဘယ်သူလဲလို့ မေးလို့ရမလား၊ မင်းက ဘာလို့ ချန်နျောင်မြို့ကို တိုက်ခိုက်တာလဲ" ဟယ့်ထျန်ယွမ်က အသံနက်ကြီးဖြင့် မေးလိုက်သည်။
'ဝူဝမ်ဂိုဏ်း' ဟူသော စကားလုံးများသည် ရှောင်ရွှေ့နှင့် ကျန်သော လူသားမျိုးနွယ်စုကြား တုန်လှုပ်သွားစေသည်။
"အို ဘုရားရေ အဲ့တာ ဝူဝမ်ဂိုဏ်းပဲ"
"ပြီးတော့ အတွင်းစည်း တပည့်အစစ်တဲ့"
ဤအာမေဋိတ်များ တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။
ဤလူများက ကမ္ဘာကို တစ်ခါမျှ မမြင်ဖူးခြင်း မဟုတ်ပေ။ ဝူဝမ်ဂိုဏ်းသည် မိုင်တစ်သောင်းအတွင်း အထင်ရှားဆုံး ဂိုဏ်းတစ်ခုဖြစ်၍ ၎င်း၏အတွင်းစည်းတွင် ကျွမ်းကျင်သူများစွာပါဝင်သည်ဖြစ်ရာ ၎င်း၏ဂိုဏ်းသခင်သည် ရွှေအင်မော်တယ်များကပင် မယှဉ်နိုင်သူအဖြစ် အသိအမှတ်ပြုခံရသည်။
"ဒီ ဝူဝမ်ဆိုတဲ့ဟာကို ငါ လုံးဝဂရုမစိုက်ပါဘူး၊ ဒီနေ့ ချန်နျောင်မြို့ကို အမြစ်ပြတ်ချေမှုန်းဖို့ ဆုံးဖြတ်လိုက်ပြီမို့ ဘယ်သူကမှ ကယ်တင်လို့ မရတော့ဘူး။ ငါ ပြောပြီးပြီ"
လွှမ်းမိုးကြီးစိုးနေသော အရိပ်အယောင်နှင့် ပြည့်နေသော ဤစကားသည် ဟယ့်ထျန်ယွမ်ကို ဒေါသစိတ်ကြောင့် နှာခေါင်းရှုတ်လိုက်စေသည်။
"ဒီလိုစကားကြီးကြီးတွေပြောနေပြီး မင်းငါ့ကို ဒဏ်ရာရအောင်လုပ်နိုင်ရုံနဲ့ မင်းကျေနပ်သလိုလုပ်လို့ရတယ်မထင်နဲ့၊ ဒီမြေပေါ်မှာ မင်းတို့ အဆင့်နိမ့် လူသားမျိုးနွယ်တွေ စကားပြောလို့မရဘူးဆိုတာ သိထားလိုက်စမ်းပါ"
ရွှယ်အန်း၏ မျက်နှာက တဖြည်းဖြည်း အေးစက်လာသည်။
"မင်း ဘာပြောလိုက်တာလဲ"
"မင်းဟာ ကြောက်စရာကောင်းတဲ့ ကိုယ်ခန္ဓာနဲ့ ဒီလောက်ကြောက်စရာကောင်းတဲ့ ခွန်အားကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ဆိုတာ ငါ ဝန်ခံပါတယ်၊ ဒါပေမယ့် ဒီကမ္ဘာကြီးဟာ ကျင့်ကြံရေးအဆင့်ကို တန်ဖိုးထားတယ်၊ မင်းဘယ်လောက်ပဲ အစွမ်းထက်နေပါစေ မင်းဟာ သိုင်းပညာရှင်တဟ်ယောက်ပဲ။ မင်းငါ့ရဲ့အကြံဉာဏ်ကို လိုက်နာပြီး အရှုံးပေးလိုက်ရင် မင်းရဲ့ လူသားမျိုးနွယ်စုကို သေဘေးကနေ ကယ်တင်နိုင်လိမ့်မယ်..”
ရွှယ်အန်းသည် သူ့နားကို တိတ်တဆိတ် သန့်စင်လိုက်ပြီးမှ ဆက်ပြောသည်။
"မဟုတ်ရင် ဘာဖြစ်လဲ"
"မဟုတ်ရင် ငါ့ ဝူဝမ်ဂိုဏ်းက မိုင်တစ်သောင်းအတွင်းက လူသားတွေအားလုံးကို သတ်ပစ်ဖို့ ဝန်လေးနေမှာမဟုတ်ဘူး" ဟယ့်ထျန်ယွမ်က မောက်မာစွာ ကြေငြာလိုက်သည်။
ချန်နျောင်ကျန့်ကလည်း မထိန်းနိုင်ဆော့ဘဲ သိမ်မွေ့စွာ ရယ်မောလိုက်သည်။
"စီနီယာအစ်ကို ပြောတာ မှန်ပါတယ်၊ ရှင့်ရဲ့ လူသားမျိုးနွယ်က ဒီမြေပေါ်မှာ ရိုင်းစိုင်းတဲ့ စကားကို ပြောရမယ့် အလှည့်မဟုတ်ဘူး၊ ရှင် ဒူးထောက်ပြီး သက်ညှာပေးဖို့ အခုပဲ တောင်းပန်မယ်ဆိုရင် ရှင့် ခန္ဓာကိုယ် ဘယ်လောက် သန်မာတယ် ဆိုတာကို ထည့်တွက်ပြီး ရှင့်ကို မော့ကြားတပ်စုတပ်စုရဲ့ ခေါင်းဆောင် ဖြစ်ခွင့်ပေးလိုက်မယ်"
ချန်နျောင်ကျန့်သည်လည်း ရွှယ်အန်းပိုင်ဆိုင်သော ပြင်းထန်သော ကြံ့ခိုင်မှုကို မျက်စိကျနေခဲ့ရာ သူ့ကို ဦးစွာစုဆောင်းလိုသော ဆန္ဒရှိခဲ့သည်။
သို့သော်လည်း ရွှယ်အန်းသည် လက်နှစ်ဖက်ကို ပိုက်ထားလျက် ၎င်းတို့နှစ်ဦးကို တိတ်တဆိတ်ကြည့်ကာ ရယ်မောလိုက်သည်။
ရယ်သံက အေးစက်သော သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည်။
"ဒီမြေက ငါတို့လူသားမျိုးနွယ်က စကားပြောလို့ရတဲ့နေရာမဟုတ်ဘူးဟုတ်လား။ ကောင်းပြီ၊ ဒီစကားကြောင့် မင်းနဲ့ မင်းအုပ်စု တည်ရှိနေစရာ အကြောင်းမရှိတော့ဘူး"
ဟယ့်ထျန်ယွမ်က အေးစက်စွာ အော်၍ စကားပြောတော့မည့်အခိုက်တွင် ရွှယ်အန်းက ပြတ်ပြတ်သားသားပြောလိုက်သည်။
"မင်း ငါ့ရဲ့ နောက်ထပ် လက်သီးတစ်ချက် ထပ်ခံကြည့်ပါလား။ ငါ့လက်သီးက ပိုစွမ်းလား မင်းရဲ့ ရတနာချပ်ဝတ်တန်ဆာက ပိုစွမ်းလားကြည့်ရအောင်”
ဟယ့်ထျန်ယွမ်က အံ့အားသင့်သွားသည်။
ရွှယ်အန်းပြောသည့်အတိုင်းပင် သူသည် အကာအကွယ်ရတနာချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။
ထို့ကြောင့် ယခုအချိန်တွင် ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်။
ရွှယ်အန်းက နောက်ထပ် တစ်ချက် ထိုးလိုက်ပြန်သည်။
"မင်း ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ”
ယခင်က ပေါ့ဆနေခဲ့မိသဖြင့် ရွှယ်အန်း၏ လက်သီးစာမိခဲ့သည်ဟု သူယုံကြည်သောကြောင့် ယခုတစ်ကြိမ်တွင် သူ အထူးသတိထားနေခဲ့သည်။
ရွှယ်အန်းချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်နှင့် သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိ ဓားရောင်ဝါများ ပေါက်ကွဲသွားကာ
ဓားကို လက်ထဲတွင် ကိုင်ထား၍ ရွှယ်အန်းနှင့် ပြတ်ပြတ်သားသား တိုက်ပွဲဝင်ရန် ပြင်ဆင်သည်။
သို့သော်လည်း ဤအရာအားလုံးသည် သူ၏ စိတ်ကူးယဉ်အတွေးမျှသာ ဖြစ်သည်။
ရွှယ်အန်း၏အရှိန်က မြန်လွန်းသောကြောင့် ရွှယ်အန်းက သူ့ကို လက်သီးဖြင့် မထိမီ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။
ဆူညံသံများ ထွက်ပေါ်လာသည်။
ဟယ့်ထျန်ယွမ်သည် ကြိုးပြတ်သွားသည့် စွန်တစ်ကောင်ကဲ့သို့ လွင့်ထွက်၍ မြေပြင်ပေါ်သို့ ပြုတ်ကျလျက် ပါးစပ်ထဲမှ သွေးများ အန်ထွက်လာသည်။
ထိုအချိန်တွင် ဟယ့်ထျန်ယွမ်၏အပြင်ဘက်ရှိအဝတ်များက စုတ်ပြဲနေကာ အတွင်းရှိ တောက်ပနေသော အကာအကွယ်ရတနာချပ်ဝတ်တန်ဆာ ပေါ်ထွက်လာသည်။
ယခုမှသာ အကာအကွယ်ရတနာချပ်ဝတ်တန်ဆာသည် အက်ကွဲလျက် အတန်ငယ်ဆိုးရွားသော အခြေအနေတွင် ရှိနေသည်။ ရွှယ်အန်း၏ ပထမဆုံးလက်ချက်က မြေပြိုလုသည်ဟု ဆိုရမည်ဆိုပါက ဤလက်ချက်သည် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေနိုင်သည်။
ဟယ့်ထျန်ယွမ်သည် ကြောက်ရွံ့ထိတ်လန့်မှုအပြည့်ဖြင့် ရွှယ်အန်းကို ကြည့်နေရာ သူ့နှလုံးသားထဲတွင် အံ့ဩခြင်းမုန်တိုင်းတစ်ခု ဝင်လာသည်။
ဘယ်လိုဖြစ်နိုင်မှာလဲ
ဤလူသည် သူ၏သခင်ကိုယ်တိုင် ထုလုပ်ထားသော အကာအကွယ်ရတနာ သံချပ်ကာကို မည်သို့ ရိုးရှင်းစွာ ဖြိုခွဲနိုင်မည်နည်း။
ထိုအချိန်တွင် ရွှယ်အန်းက လေထုအလယ်တွင်ရပ်နေ၍ ဟယ့်ထျန်ယွမ်ကို ငုံ့ကြည့်ကာပြောလိုက်သည်။
"မင်းကိုပြောဖို့မေ့နေတယ်၊ မင်းကိုသတ်မယ့်သူဟာ လူသားမျိုးနွယ်ပ... ရွှယ်အန်းပဲ"
"မဟုတ်ဘူး၊ မင်းငါ့ကိုမသတ်နိုင်ဘူး၊ ငါက ဝူဝမ်ဂိုဏ်းရဲ့ အတွင်းစည်း တပည့်စစ်တစ်ယောက်ပါ၊ မင်းငါ့ကိုသတ်ရင် ဝူဝမ်ဂိုဏ်းက အလွှတ်ပေးမှာ...."
ဟယ့်ထျန်ယွမ်က တကိုယ်လုံး တုန်ယင်စွာဖြင့် အော်လိုက်သည်။
ရွှယ်အန်း၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ရောင်ဝါကို ခံစားမိသောကြောင့်ဖြစ်သည်။
ထိုစဉ် ရွှယ်အန်းက လက်ဖျောက်တစ်ချက်တီး၍ ဟယ့်ထျန်ယွမ်၏ ဦးခေါင်းကို တိုက်ရိုက်ထိုးဖောက်လိုက်သဖြင့် ကျန်သော စကားလုံးများ ထွက်မလာနိုင်တော့ပေ။
ဟယ့်ထျန်ယွမ် သေဆုံးသွားပြီဖြစ်သည်။
ရွှယ်အန်းက သူ့ကို သတ်ရန် သတ္တိရှိကြောင်း မယုံနိုင်သောကြောင့် မျက်လုံးများပြူးကျယ်စွာဖြင့် သေဆုံးသွားသည်။
ထို့နောက် သူ၏ ဝိညာဉ်စီးကြောင်းသည် ဟယ့်ထျန်ယွမ်၏ ခန္ဓာကိုယ်မှ ထွက်ပြေးရန် ကြိုးပမ်းခဲ့သည်။
ရွှယ်အန်း၏ အဆုံးမရှိသော နတ် အာရုံများ ထွက်ပေါ်လာကာ ဟယ့်ထျန်ယွမ်၏ ဝိညာဉ်ကို ချက်ချင်း လွှမ်းခြုံသွားသည်။
ဤသည်မှာ ဤကမ္ဘာတွင် ဟယ့်ထျန်ယွမ်၏ နောက်ဆုံးခြေရာကို အမြစ်ပြတ်ချေမှုန်းခြင်း၏ အမှတ်အသားဖြစ်သည်။
ရွှယ်အန်းက ဦးရေပြားများတောင့်တင်းသည်အထိ ကြောက်ရွံ့နေပြီဖြစ်သော ချန်နျောင်ကျန့်ဆီသို့ လှည့်လိုက်ပြီးနောက် အေးစက်စွာပြုံးလိုက်သည်။
"ကဲ မင်းအလှည့်ရောက်ပြီ”
ချန်နျောင်ကျန့်တစ်ခုလုံး တုန်လှုပ်သွားသည်။
ဟယ့်ထျန်ယွမ်နောက်လိုက်လာသည့် ဝူဝမ်ဂိုဏ်း တပည့်များက ဒေါသတကြီး ဟိန်းဟောက်ကာ ဟယ့်ထျန်ယွမ်အတွက် လက်စားချေရန် ကြိုးပမ်းနေကြသည်။
ရွှယ်အန်းက လက်သီးတစ်ချက်တည်းဖြင့် ထိုလူအားလုံးကို လေထဲသို့ လွင့်ထွက်သွားစေခဲ့သည်။
ယခုအချိန်တွင်နူ ချန်နျောင်ကျန့်က အတန်ငယ် ခပ်ဝေးဝေးသို့ ပြေးနေပြီဖြစ်သည်။
ထို့အပြင် မော့ကြားတပ်ဖွဲ့များနှင့် အခြားသော ကျွမ်းကျင်သူများစွာတို့သည် ရွှယ်အန်းကို တားဆီးရန် ကြိုးပမ်းလျက် အနောက်မှ ချီတက်လာကြသည်။ သို့သော်
ရွှယ်အန်းက အေးစက်စက်ပြုံးလိုက်၏။
"ဒါက အစပဲရှိပါသေးတယ်။ လူသားမျိုးနွယ်အပေါ် မင်းလုပ်ခဲ့သမျှကို အတိုးရောအရင်းရော ပြန်သိမ်းမယ်"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် လူထူထပ်သောတပ်များဆီသို့ တိုက်ရိုက်ပြေးလာကာ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ဖက်မှ ထွက်ပြေးသွားသော ချန်နျောင်ကျန့်၏နောက်ကို လိုက်လာခဲ့သည်။
မော့ကြားတပ်များမှ မရေမတွက်နိုင်အောင်များလှသည့် လူသေအလောင်းများ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ဤအံ့အားသင့်ဖွယ်မြင်ကွင်းသည် ကြည့်ရှုသူအများအပြားကို နှလုံးရပ်လုနီးနီးဖြစ်စေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း ဤမျှလောက်သော မော့ကြား စစ်သားများကို သတ်ရန်အတွက် ရွှယ်အန်းက မည်သည့်နည်းလမ်းကိုသုံးခဲ့ကြောင်း မည်သူမျှ မသိခဲ့ပေ။
ထိုအချိန်တွင် ရွှယ်အန်းသည် ချန်နျောင်ကျန့်ကို အမှီလိုက်နိုင်နေပြီဖြစ်သည်။
"ပြေးဖို့စဉ်းစားနေသေးလား" ရွှယ်အန်းက အေးအေးဆေးဆေး နောက်မှလိုက်ကာ မေးသည်။
ချန်နျောင်ကျန့်သည် ကျယ်လောင်စွာအော်ဟစ်လျက် ရွှယ်အန်းကို တွန်းလှန်ရန် ရုတ်တရက် လှည့်ကြည့်လိုက်သည်။
သို့သော် ရွှယ်အန်းသည် သူ့လက်ကို ရိုးရှင်းစွာ ဆုပ်ကိုင်လိုက်ကာ ချန်နျောင်ကျန့်၏ ဆံပင်များကို ဆွဲကိုင်၍ လေထုအလယ်မှ မြေပြင်ပေါ်သို့ တိုက်ရိုက် ပစ်ချလိုက်သည်။
ချန်နျောင်ကျန့်က ပြန်ပြေးရန် ကြိုးစားသော်လည်း ရွှယ်အန်းက သူမ၏ နူးညံ့သော ပါးပြင်ကို လှမ်းကိုင်၍ ပြောလိုက်သည်။
"မလှုပ်နဲ့ လှုပ်ရက် မင်းခေါင်းက နောက်စက္ကန့်မှာ ပေါက်ကွဲလိမ့်မယ်"
အခန်း(၅၆၇) လူတွေကိုမသတ်ဘဲ နှစ်သစ်ကူးအတွက် သိမ်းထားရမှာလား
ချန်နျောင်ကျန့်သည် သူမ၏ဦးခေါင်းကို မြေကြီးထဲသို့ ဆောင့်ချသွားသည့်အလား ခံစားလိုက်ရသည်။ အရှက်ကွဲမှုက အလွန်ပြင်းထန်လွန်းသောကြောင့် ချက်ချင်းရူးသွပ်သွားတော့မည့်နှယ်ဖြစ်၏။
သို့သော် သူမက ရွှယ်အန်း၏စကားကို နားမထောင်ဘဲမနေဝံ့ပေ။ ရွှယ်အန်းထံမှ ထွက်လာသည့် ပြင်းထန်၍ မြင်သာထင်သာရှိသော သတ်ဖြတ်ရောင်ဝါကို သူမခံစားနိုင်သည်။ ဤအချိန်တွင် သူမ နားမထောင်ပါက ဤလူက တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းကို ခွဲခြေပစ်လိုက်မည်မှာသေချာ၏။ ယခုအချိန်တွင် သူမအသက်ကိုကယ်တင်ရန်မှတပါးအခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။
“အရှင် ကျွန်မအသက်ကို သက်ညှာပေးပါ။ ကျွန်မ စော်ကားဖို့ မရည်ရွယ်ခဲ့ပါဘူး အကုန်လုံးက ဝူဝမ်ဂိုဏ်းကလုပ်တာပါ။ အရှင်သာ ကျွန်မကို သက်ညှာပေးရင် ကျွန်မ ဖေဖေက အရှင့်အတွက် အဆုံးမဲ့စည်းစိမ်တွေပေးပါလိမ့်မယ်”
ချန်နျောင်ကျန့်က တုန်တုန်ယင်ယင်အသံဖြင့် သူမ၏ သွယ်လျသောခါးကို တမင်တကာ ထုတ်ဖော်လိုက်သည်။ သူမသည် ရွှယ်အန်းကျေနပ်စေရန် မျှော်လင့်ထားကာ သူမ၏ရုပ်သွင်အပေါ် ယုံကြည်မှုရှိခဲ့သည်။
သို့သော် ရွှယ်အန်းက သူမကို တစ်ချက်မျှပင် မကြည့်ဘဲ ပြောလိုက်၏။
“ဒီလူသားမျိုးနွယ်နဲ့ ဘယ်လိုပတ်သက်နေလဲ”
“အရှင် သူတို့ကို ဖေဖေပို့ပေးလိုက်တာပါ။ တစ်ဖက်နိုင်ငံကနေ သုံ့ပန်းအဖြစ်ဖမ်းလာတယ်လို့ပြောတယ်။ နောက်ပြီး ဒီစစ်သုံ့ပ်းတွေကို ညှင်းပန်းနှိပ်စက်တဲ့အကြောင်း ကျွန်မ တကယ်မသိပါဘူး။ ခွင့်လွှတ်တော်မူပါအရှင်” ချန်နျောင်ကျန့်က တောင်းပန်လိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်၏။
"မိန်းမတွေကို သတ်ရတာ မကြိုက်ဘူး"
ချန်နျောင်ကျန့်သည် ဤစကားကိုကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။
‘သေစမ်း ငါ ဒီကနေထွက်လို့ရတာနဲ့ ဒီနေ့အဖြစ်အပျက်တွေအတွက် လက်စားချေဖို့ နည်းလမ်းတစ်ခုရှာရမယ်’
ချန်နျောင်ကျန့်သည် သူမ၏မျက်နှာပေါ်တွင် သနားစရာကောင်းသောအမူအရာကို ထိန်းသိမ်းထားစဉ် စိတ်ထဲမှ ခါးသက်စွာ ကျိန်ဆဲနေသည်။ သ
"ဒါပေမယ့် အခုကျတော့ လူတချို့ကို သတ်လိုက်တာလည်းမဆိုဘူးလို့ ခံစားရတယ်။ ငါအရင်က ပြောခဲ့ဖူးသလို မင်းလူတွေ တည်ရှိနေစရာ အကြောင်းမရှိတော့ဘူး" ရွှယ်အန်းကခြေထောက်ကို ဖိချလိုက်ရာ ချန်နျောင်ကျန့်က သူမ၏ ခေါင်းပေါ်တွင် ကြီးမားသော တောင်ကြီးတစ်လုံးဖိထားသကဲ့သို့ ခံစားရ၍ လေးလံလာကာ မထိန်းနိုင်ဘဲ ကြောက်လန့်တကြားအော်လိုက်သည်။
“မဟုတ်ဘူး… ရှင် ကျွန်မကို မသတ်နိုင်ပါဘူး။ ရှင်ကျွန်မကို သတ်ရင် ကျွန်မ အဖေက ရှင့်ကို ဘယ်တော့မှာ ခွင့်လွှတ်မှာမဟုတ်ဘူး။ ဝူဝမ်ဂိုဏ်ကလည်း ရှင့်ကို အလွတ်ပေးမှာမဟုတ်ဘူး” ချန်နျောင်ကျန့်က သက်ညှာပေးရန် တောင်းဆိုနေခြင်းက အချည်းအနှီးဖြစ်နေပြီကိုမြင်သဖြင့် စတင် ခြိမ်းခြောက်ခဲ့သည်။
သူမ၏ စကားကို ကြားသောအခါ ရွှယ်အန်း၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားကာ အေးစက်သည့်အပြုံးထွက်ပေါ်လာသည်။
“မင်းအဖေအပါအဝင် ဒီထဲက ဘယ်သူမှ လွတ်မြောက်မှာမဟုတ်ဘူး။ မစိုးရိမ်နဲ့”
သူဤသို့ပြောနေစဉ် ရွှယ်အန်းက ခြေဖဝါးကို အားပြု၍ ဖိနင်းလိုက်ရာ
ချန်နျောင်ကျန့်၏ ဦးခေါင်း ကြေမွသွားသည်။
သွေးများရောနှောနေသော ဦးနှောက်အမှုန်အမွှားများ နေရာအနှံ့ ပျံ့နှံ့သွားကာ သူမ၏ ယခင်က လှပသော မျက်နှာသည် ယခုအခါ ဆိုးရွားစွာ ပုံပျက်ပန်းပျက် ဖြစ်နေသည်။
ထို့နောက် အလောင်းထဲမှ မီးခိုးရောင် အလင်းတစ်ခု ထွက်ပေါ်လာသည်။ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရုံဖြင့် ယင်းအလင်းက ရွှယ်အန်း၏လက်ဖဝါးထဲသို့ တိုးဝင်လာသည်။
အထဲတွင် အရွယ်အစားသေးသော ချန်နျောင်ကျန့်က ကြောက်လန့်တကြား ရွှယ်အန်းကို ဦးညွှတ်နေသည်။
ရွှယ်အန်းက လက်သီးကို ဆုပ်လျက် ခံစားချက်ပင်းမဲ့စွာဖြင့် ထို စိတ်ဝိညာဉ်ကို အပိုင်းပိုင်း ခြေမွပစ်လိုက်သည်။ ထိုအချိန်မှစ၍ ချန်နျောင်ကျန့်၏ ဝိညာဉ်သည် ပြန့်ကျဲသွားကာ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။
ရွှယ်အန်း ချန်နျောင်မြို့သို့ ပြန်ရောက်သောအခါ။
ရှောင်ရွှေ့က ရွှယ်အန်း ဘေးကင်းစွာ ပြန်လာသည်ကိုမြင်သောအခါ စိတ်သက်သာရာရစွာဖြင့် အော်လိုက်သည်။
“အစ်ကိုကြီး သူတို့ကိုမိခဲ့လား”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"သူတို့ဘယ်မှာလဲ" ရှောင်ရွှေ့၏ မျက်လုံးများ တောက်ပလာကာ လျင်မြန်စွာ မေးလိုက်သည်။
"ငါသူတို့ကိုသတ်လိုက်တာ" ရွှယ်အန်းက ဘာသိဘာသာ ပြန်ပြောသည်။
"သတ်လိုက်တာ... သတ်လိုက်တာလား။" ရှောင်ရွှေ့အံ့သြသွားသည်။
“ဒီလိုလူတွေကို မသတ်ဘဲ နှစ်သစ်ကူးမှာ ငါတို့ သိမ်းထားသင့်တာလား”
“ဒါပေမယ့်… ဒါပေမယ့်…” ရှောင်ရွှေ့အနည်းငယ် ထိတ်လန့်သွားသည်။
ရွှယ်အန်းသည် ချန်နျောင်ကျန့်ကို ဖမ်း၍ သူမကို ပြန်ခေါ်လာမည်ဟု သူထင်ခဲ့ကာ ထိုဓားစာခံကို အသုံးပြု၍ ချန်နျောင်နိုင်ငံဘုရင်နှင့် စေ့စပ်ညှိနှိုင်းရာတွင် အခွင့်ကောင်းများ ပေးစွမ်းနိုင်လိမ့်မည်ဟု သူထင်ခဲ့သည်။
သို့သော် ရွှယ်အန်းက ချန်နျောင်ကျန့်ကို ပြတ်ပြတ်သားသားသတ်ပစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထိုအချိန်တွင် ကျန်ရှိသော လူသားမျိုးနွယ်စုဝင်များက ချန်နျောင်မြို့တော်ရှိ လူသားမျိုးနွယ် ကျွန်များကို ကယ်တင်ခဲ့ပြီးဖြစ်သည်။
ဤလူများ၏ စုတ်ပျက်နေသော အမူအရာများအပြင် ၎င်းတို့ မည်မျှ ခံထားခဲ့ကြရသည်ကို မြင်လိုက်ရသောအခါ ရွှယ်အန်း၏ သတ်ပစ်ချင်စိတ်က ပို၍ အားကောင်းလာသည်။
မြို့သခင်အိမ်တော်သို့ ရောက်သည်နှင့် ရှောင်ရွှေ့က ချီတုံချတုံပြောလိုက်သည်။
"အစ်ကို ဘာဆက်လုပ်ဖို့စီစဉ်ထားလဲ"
"မင်းဘယ်လိုထင်လဲ" ရွှယ်အန်းက လူငယ်ကို ကြည့်လိုက်သည်။
"ဒီနေ့ အစ်ကို ဝူဝမ်ဂိုဏ်းက လူတွေကို သတ်ပြီး ချန်နျောင်ကျန့်ကိုလည်း သတ်ခဲ့တယ်၊ ဒါက နှစ်ဖက်စလုံးရဲ့ လက်တုံ့ပြန်မှုကို သေချာပေါက် နှိုးဆွလိမ့်မယ်၊ ကျွန်တော်တို့ အခုလုပ်ရမယ့် အကောင်းဆုံးအရာက စားနပ်ရိက္ခာနဲ့ ရွှေအလုံအလောက်ယူပြီး ဒီနေရာကို ထွက်သွားဖို့ပဲ"
ရွှယ်အန်းသည် ရှောင်ရွှေ့ကို တိတ်တဆိတ် ကြည့်နေပြီးနောက် ရှက်ရွံ့စွာခေါင်းငုံ့သွားသောအခါ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"မင်းမှန်တယ် ဒါပေမယ့် အခု၊ ချန်နျောင်ဘုရင့်နိုင်ငံနဲ့ ဝူဝမ်ဂိုဏ်းက လက်စားချေဖို့ အချိန်မရှိဘူး"
"ဟမ် ဘာလို့လဲ"
"ဘာလို့လဲဆိုတော့ သူတို့က တခြားအရာတွေကို ကြံစည်ပြီး ဒီမှာ အာရုံမစိုက်နိုင်လို့" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။
သူသည် ဟယ့်ထျန်ယွမ်၏ နတ်ဝိညာဉ်ကို ငြိမ်းသတ်ပြီးနောက်၊ သူ၏မှတ်ဉာဏ်များမှ အသုံးဝင်သော အချက်အလက်များစွာကို ရရှိခဲ့သည်။
ယင်းတွင် ချန်နျောင်မြို့တော်သို့ လာရသည့် ရည်ရွယ်ချက် ပါဝင်သည်။
“အင်မော်တယ် အမွေအစစ်လား ဟဲ… စိတ်ဝင်စားစရာကောင်းတယ် သူတို့ ဒီလောက် လောဘကြီးလာတာ အံ့ဩစရာတော့မဟုတ်ဘူးပဲ”
ရွှယ်အန်းက စိတ်ထဲမှ ညည်းညူလိုက်ကာ ရှောင်ရွှေ့ကိုပြောလိုက်သည်။
"ဒီရက်အနည်းငယ်မှာ မင်းလူတိုင်းကို ချန်နျောင်မြို့တော်မှာနေပြီး နေပြန်ကောင်းလာဖို့ လမ်းပြပေး"
"အစ်ကို ဘာလုပ်မှာလဲ"
"ဒီစိတ်လှုပ်ရှားဖို့ကောင်းတဲ့ကိစ္စမှာ ပါဝင်ရမှာပေါ့။ ဒီအနောက်မြောက်ဒေသမှာ တကယ်ရှိနေတဲ့ ထူးခြားတဲ့ပါရမီရှင်တွေကို ငါကိုယ်တိုင်သွားကြည့်မယ်”
နောက်ရက်များတွင် ရွှယ်အန်းသည် မြို့တွင်းရှိ အကြွင်းအကျန်များကို ချေမှုန်းပစ်ခဲ့သည်။ ထိုနေ့တွင် ရွှယ်အန်း၏ အံ့မခန်းလုပ်ရပ်ကြောင့် မြို့တွင်းရှိလူတိုင်းက နာခံလာကြကာ အနည်းငယ်မျှ မလှုပ်ရဲကြပေ။
တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် မြို့တော်ကို အနည်းငယ်ပြုပြင်၍ ရိုးရှင်းသော အကာအကွယ် အများအပြားကို တည်ဆောက်ခဲ့သည်။
ရိုးရှင်းသော်လည်း၊ ၎င်းတို့သည် မော့ကြား တပ်ဖွဲ့တစ်ခု သို့မဟုတ် နှစ်ခုကို ခုခံနိုင်စွမ်းရှိသည်။ ရွှယ်အန်းသည် ရှောင်ရွှေ့ကို ခုခံရေးမန္တန် အချို့ကို သင်ကြားပေးရန် ရည်ရွယ်ထားသည်။ သို့သော် ရှောင်ရွှေ့နှင့် လူသားမျိုးနွယ်စု၏ မရီးဒျန်များက ၎င်းတို့မရှိဟုပြောနိုင်သည့်အတိုင်းအတာအထိ အလွန်အားနည်းနေကြောင်း သူတွေ့ရှိခဲ့သည်။
မရီးဒျန်မပါပါက ကျင့်ကြံရေးအကြောင်းထည့်ပြောရန်ပင်မလိုပေ။
လူသားမျိုးနွယ်စုတစ်ခုလုံးတွင် ကျင့်ကြံရေးသမား မရှိသည်မှာ အံ့သြစရာမဟုတ်ပေ။
ဒါပေမယ့် ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။
ရွှယ်အန်း၏ စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးနေသည်။
သို့သော် ကျင့်ကြံရေးပညာများကို မကျင့်ကြံနိုင်သောကြောင့် ကာယစွမ်းရည်အချို့ကို ဦးစွာသင်ပေးရန် ဆုံးဖြတ်ခဲ့သည်။
ရွှယ်အန်းက သူ၏ နတ်အာရုံမှတဆင့် ရှောင်ရွှေ့ဆီသို့ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှု အစုံအလင်ကို တိုက်ရိုက် လွှဲပြောင်းပေးခဲ့ကာ တိုက်ပွဲဖွဲ့စည်းမှုပညာများများစွာကိုလည်း ပေးခဲ့သည်။ ဤအရာများသည် လူသားမျိုးနွယ်စုတစ်ခုလုံးကို တိုက်ခိုက်ရေးစွမ်းရည်ရှိသော စစ်တပ်တစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲပေးနိုင်သည်။
တစ်ချိန်က ဉာဏ်ပညာနှေးကွေးသော အစ်ကိုအန်းသည် အဘယ်ကြောင့် ရုတ်တရက် ဤမျှ အစွမ်းထက်လာသည်ကို ရှောင်ရွှေ့နားမလည်နိုင်ပေ။
သို့သော် ရွှယ်အန်းပေးခဲ့သည့် အရာများ၏ တန်ဖိုးကို သူရှင်းရှင်းလင်းလင်းသိသောကြောင့် ဤစိတ်လှုပ်ရှားဖွယ်အခြေအနေတွက် သူချက်ချင်းလေ့ကျင့်မှုစတင်ခဲ့သည်။
ရှောင်ရွှေ့က တပ်ဖွဲ့ဝင်များနှင့် ကိစ္စအဝဝကို ကိုင်တွယ်ရာတွင် ထူးချွန်သူ ဖြစ်သည်ဟု ဆိုရပေမည်။
ကျယ်ပြောလှသော ချန်နျောင်မြို့ကို သူ စနစ်တကျ စီမံခန့်ခွဲခဲ့သည်။
ဤအရာများပြီးနောက် ရွှယ်အန်းက တစ်ညနေတွင် တိတ်တဆိတ် ထွက်ခွါသွားခဲ့သည်။ သူ၏ ဦးတည်ရာမှာ
ချန်နျောင်မြို့တော်နှငိ့ မိုင်ထောင်ချီဝေးသော ပါးဖန်တောင်ပင်ဖြစ်သည်။
ထိုအချိန်၌ ချန်နျောင်ဘုရင့်နိုင်ငံ၏မြို့တော်တွင် ခမ်းနားထည်ဝါသော ဧကရာဇ်နန်းတော်အတွင်းတွင် ကမ္ပည်းအမျိုးမျိုးအတွက် အပ်နှံထားသော အခန်းတစ်ခုရှိသည်။
ဤနေရာသည် ချန်နျောင်ဘုရင့်နိုင်ငံတော်ဝင်မိသားစုအတွက် အရေးကြီးဆုံးနေရာဖြစ်သည်။
ဘိုးဘွားမြေ။
ချန်နျောင်ကျန့်၏ နတ်ဝိညာဉ် လုံးလုံး ငြိမ်းသွားသောအခါ၊ ချက်ချင်းဆိုသလိုပင် သူမကို ကိုယ်စားပြုသည့် ကမ္ဗည်းပြားက လောင်ကျွမ်းပြာကျသွားသည်။
ဘိုးဘွားမြေကို အုပ်စိုးသော ဘုန်းကြီးက မြင်မြင်ချင်း တုန်လှုပ်သွားသည်။
"မိဖုရားကြီး မင်းသမီးက ဒုက္ခရောက်ပြီး အခု သူ့နတ်ဝိညာဉ်ပါ ပြန်မလာနိုင်လို့ ရှင်ဘုရင်ဆီ ချက်ချင်း သတင်းပို့ပါ"
မကြာခင်တွင် ချန်နျောင်ဘုရင့်နိုင်ငံဘုရင် ချန်နျောင်ဟောက်ယန်က သတင်းကို လက်ခံရရှိခဲ့သည်။
သူ့ ဒေါသများ ပေါက်ကွဲထွက်လာသည်။
"ငါ့လူတွေကိုခေါ် တပ်တွေလွှတ်လိုက်၊ ငါ့သမီးကို သတ်တဲ့ကောင်ကို အပိုင်းပိုင်းဖြတ်ပစ်ချင်တယ်" ချန်နျောင်ဟောက်ယန်က ကြိမ်းဝါးလိုက်သည်။
“အမျက်တော်ကို ထိန်းပါ အရှင်မင်းကြီး၊ အခု ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ အချိန်ကောင်း မဟုတ်သေးပါဘူး၊ ပါးဖန်တောင်အကြောင်း မေ့သွားပြီလား…” နိုင်ငံတော် ဆရာတော်က အလျင်အမြန် ချဉ်းကပ်လာခဲ့သည်။
ဤသည်ကိုကြားသည်နှင့် ချန်နျောင်ဟောက်ယန်၏အမူအရာက တင်းမာသွားကာ နောက်ဆုံးတွင် ကူကယ်ရာမဲ့စွာ သက်ပြင်းတစ်ချက်ချ၍ အံကြိတ်လိုက်သည်။
"ဒီကိစ္စပြီးတာနဲ့ ငါကိုယ်တိုင် အရေးယူပြီး ငါ့သမီးကို သတ်ခဲ့တဲ့လူကို အပိုင်းပိုင်းဖြတ်ပစ်မယ်"