← Chapters

အခန်း (၅၆၈-၅၇၀)

Vol. 38 Ch. 568-570

အခန်း (၅၆၈-၅၇၀)

Vol. 38 Ch. 568-570

အခန်း(၅၆၈) သခင် ကျွန်တော်တို့ စပြီးသတ်လို့ရပြီလား

အနောက်မြောက် အလယ်ပိုင်းဒေသတွင် တိမ်များကို ထိုးထွင်းဖောက်ထွင်းမြင်နိုင်သော မြင့်မားသော တောင်တန်းကြီးတစ်ခုရှိသည်။

ဝူဝမ်ဂိုဏ်းကို ဤတောင်ပေါ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ကာ ယင်းကို ဝူဝမ်တောင်ဟု လူသိများသည်။

ယခုအချိန်တွင် တောင်ထိပ်တွင်ရှိသော အင်မော်တယ် နန်းတော်အတွင်း၌ တရားထိုင်နေသော ပုခုန်းချန်ဆီသို့ ရွှေဓားတစ်လတ်ပျံသန်းလာသည်။ သူမက မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် ရွှေဓားကို ကြည့်ကာ မျက်ခုံးအနည်းငယ်ပင့်လိုက်သည်။

“ဒါဆရာတူမောင်လေး ဟယ့်ထျန်ယွမ်ရဲ့ဓားမဟုတ်ဘူးလား။ သူ ဘေးဥပဒ်တစ်ခုခုများတွေ့နေပြီလား။ ငါ့ ဝူဝမ်ဂိုဏ်းတပည့်အရင်းကြီးကို ဘယ်သူက သတ်ရဲမှာလဲ”

ဤသို့ပြော၍ သူမက လက်ကို ဆန့်ထုတ်လိုက်ရာ ‌ရွှေဓားက သူမလက်ထဲသို့ရောက်လာသည်။ သို့သော် သူမ၏ လက်ဝါးနှင့်ထိလိုက်သည်နှင့် ထိုဓားသေး‌သေးလေးက စိတ်ဝိဉာဥ်ကို ဆုံးရှုံးသွားကာ သံအပိုင်းအစတစ်ခုသာသာဖြစ်သွားသည်။ ပုခုန်းချန်က ပ‌ဟေဠိဖြစ်နေဆဲဖြစ်နေချိန်တွင် အပြင်ဘက်က ခပ်တိုးတိုးအသံတစ်ခု ထွက်ပေါ်လာသည်။

“ဆရာတူအစ်မ သခင်က အစ်မကို ခေါ်နေပါတယ်”

ပုခုန်းချန်သည် ခေါင်းညိတ်ကာထ၍ သူမ၏နေအိမ်မှ ထွက်ခွာသွားခဲ့သည်။ ခုန်ချလိုက်သည်နှင့် ချက်ချင်း သူမ၏ခြေရင်းအောက်တွင် ဓားပျံတစ်စင်းပေါ်လာကာ ကောင်းကင်ပြင်ကြီးရှိ ခန်းမကြီးဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။ ခန်းမကြီးထဲသို့ ဝင်လိုက်သည်နှင့် ဝူဝမ်ဂိုဏ်း၏ ဆရာ ချန်ဝေ့ရှင်းက ပြတင်းပေါက်ရှေ့တွင် မတ်တပ်ရပ်၍ အပြင်ဘက်မှ မြူခိုးများကိုကြည့်နေသည်။

"ဆရာ" ပုခုန်းချန်က ဦးညွှတ်နှုတ်ဆက်သည်။

ချန်ဝမ်ရှင်းက သူ့တပည့်ကို လှည့်ကြည့်လိုက်ပြီး‌နောက် နူးနူးညံ့ညံ့ ပြုံးလိုက်သည်။

“မင်းရဲ့ကျင့်ကြံရေးအဆင့်က ပြန်တိုးတက်လာပြီပဲ။ မဆိုးဘူး”

ထို့နောက်သက်ပြင်းချလိုက်သည်။

“ဟယ့်ထျန်ယွမ် သေပြီ။ မင်းသိလား”

ပုခုန်းချန်က ခေါင်းညိတ်ပြလိုက်ကာ ရွှေရောင်ဓားကို ပေးလိုက်သည်။

“ဆရာ ဆရာတူမောင်လေးရဲ့ ရွှေဓားက ပျံလာပြီး ကျွန်မလက်ထဲရောက်လာတာနဲ့ ဝိဉာက်တွေ အကုန်ပျောက်သွားတယ်”

“အမှန်ပဲ။ ငါ ဝိဉာဥ်ရှာဖွေရေးနည်းပညာကိုသုံးပြီး ထျန်ယွမ်ကိုရှာဖို့ကြိုးစားပေမယ့်မတွေ့ဘူး။ သူ့ကို သတ်လိုက်တဲ့လူက ဝိဉာဥ်ကိုပါ ဖျက်ဆီးလိုက်တဲ့ပုံပဲ” ချန်ဝမ်ရှင်းက ပြောသည်။

ပုခုန်းချန်၏အမူအရာမှာ အေးစက်လာသည်။

“ဆရာ ဒီလူက အရမ်းရက်စက်ပါတယ်။ ဆရာတူမောင်လေးထျန်ယွမ်အတွက် လက်စားချေပေးဖို့

တောင်ပေါ်က ဆင်းချင်ပါတယ်"

ချန်ဝမ်ရှင်းက ခေါင်းခါလိုက်သည်။

“အဲ့ကိစ္စအတွက် အလျင်မလိုပါဘူး။ အခြားကိစ္စအတွက် မင်းကို ခေါ်လိုက်တာ”

“ပါးဖန်တောင်ရဲ့ စစ်မှန်တဲ့ အင်မော်တယ် အမွေအနှစ်တွေက သိပ်မကြာခင် ကမ္ဘာပေါ်မှာ ပေါ်လာတော့မယ်။ ဒီအရာတွေရောက်လာဖို့ဆိုတာ နှစ်သုံးရာအတွင်း တစ်ခုတည်းသော အခွင့်အရေးပဲ။ ငါသွားဖို့ အဆင်မပြေလို့ မင်းငါ့အစား သွားပေးပါ”

“ဟုတ်” ပုခုန်းချန်က ကန့်ကွက်သူမရှိ သဘောတူခဲ့သည်။

“မှတ်ထားပါ။ သတင်းက ပျံ့နေပြီ၊ ချန်နျောင်ဘုရင့်နိုင်ငံရဲ့ အုပ်စိုးရှင်နဲ့ အနီးနားက သိုင်းဂိုဏ်းပေါင်းစုံက လူတွေက ဝင်ပါကြလိမ့်မယ်၊ မင်းရဲ့ လုပ်ရပ်ကို မင်းသတိထားရမယ်။"

“ဟုတ်” ပုခုန်းချန်သည် ခေါင်းငုံ့ကာ ဓားနှစ်ချောင်းကဲ့သို့ စူးရှလှသည့် သူမ၏ မျက်လုံးများက သတ်ဖြတ်ရောင်ဝါများနှင့်ပြည့်နေသည်။

"ဆရာ၊ လိုအပ်ရင် သတ်လို့ရမလား"

ချန်ဝမ်ရှင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“အဲ့မှာ အခြေအနေတွေဘယ်လိုဖြစ်မလဲဆိုတာ မသိဘူး။ ဒါပေမယ့် ဝှက်ထားတဲ့ရတနာတွေပြောလာရင် မင်း သင့်တော်သလိုလုပ်လို့ရတယ်”

"တပည့်နားလည်ပါတယ်"

ချန်ဝမ်ရှင်းသည် ထွက်ခွာသွားသော ပုခုန်းချန်၏ နောက်ကျောကိုကြည့်ကာ ပြုံးလိုက်သည်။ သူ၏တပည့်သည် အပြင်းထန်ဆုံးသတ်ဖြတ်ရောင်ဝါနှင့် ကန့်သတ္တုဓားရှည်နည်းပညာကို လေ့ကျင့်ခဲ့သည်။ သေစေနိုင်စွမ်းနှင့်ပတ်သက်ပါက သူမက သူနှင့် မကွာလှပေ။ သူမကို တောင်အောက်သို့ ဆင်းခိုင်းခြင်းက ဤကိစ္စကို ကောင်းစွာ ကိုင်တွယ်နိုင်မည်ဟု သူ အာမခံနိုင်သည်။

တစ်ချိန်တည်း၌ပင် အခြားသော ဂိုဏ်းပေါင်းစုံတွင်လည်း အလားတူမြင်ကွင်းများဖြစ်ပေါ်လာခဲ့သည်။ လမ်းမကြီးထက်၌ ရွှယ်အန်းသည် ငှားရမ်းထားသော ရထားလုံးပေါ်တွင်ထိုင်ကာ ပါးဖန်တောင်ဆီသို့ အလျင်စလို ခရီးနှင်နေသည်။ ကောင်းကင်ကို ဖြတ်၍ နောက်ထပ်အလင်းတန်းတစ်ခု ပျံသန်းသွားသောအခါ လူတစ်ယောက်က ပါးဖန်တောင်သို့ ဦးတည်နေပြီဖြစ်ကြောင်းသိလိုက်သည်။

ဤအခိုက်တွင် ရထားမောင်းသူသည် စိုးရိမ်တကြီးလှည့်ကြည့်ကာပြော၏။

“မောင်ရင် လွန်ခဲ့တဲ့နှစ်ရက်လောက်က လမ်းမှာ ကျင့်ကြံသူတွေပိုများလာတယ်။ သေချာတာတော့ ကိစ္စကြီးကြီးမားမားတစ်ခု ရှေ့မှဖြစ်နေပြီပဲ။ ငါမင်းကို အကြံပေးလိုက်မယ်။ တကယ်လို့ မလိုအပ်ရင် ရှေ့ဆက်မတိုးတာအကောင်းဆုံးဖြစ်လိမ့်မယ်”

၎င်းတို့ကဲ့သို့သာမန်လူများအတွက် ကောင်းကင်ဘုံမှ အလင်းတန်းများသည် အင်မော်တယ်များပင်ဖြစ်ကြသည်။

ရွှယ်အန်းက ရိုးရှင်းစွာပြုံးလိုက်သည်။

“ပြဿနာမရှိပါဘူး ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ရထားလုံးဆက်မောင်းနေပါ”

သူ့သတိပေးချက်က မည်သည့်အကျိုးမျှမရှိကြောင်းသိလိုက်ရသောအခါ ရထားမောင်းသူက စိတ်ပူသည့်နှလုံးသားဖြင့် လမ်းကို ဆက်လျှောက်ရန်မှတပါး အခြားရွေးချယ်စရာမရှိတော့ပေ။

၎င်းတို့သွားလေလေ လမ်းက ပိုရှုပ်လာလေလေဖြစ်ရာ ရံဖန်ရံခါတွင် ကျင့်ကြံသူများက မြင်းများသို့မဟုတ် ကျားသစ်သားရဲများကိုစီးနှင်းကာ ဖြတ်သွားသည်ကိုမြင်နိုင်သည်။ ဤသို့ဖြစ်သည့်အခါတိုင်းတွင် ရထားထိန်းက ရထားလုံးကို လမ်းဘေးသို့ ဂရုတစိုက် ရှောင်တိမ်းလိုက်သည်။

ထို့နောက် ကျင့်ကြံသူများက ရထာလုံးကို အေးစက်သောအကြည့်များဖြင့် စူးစမ်းကြည့်ကြသည်။ သို့ရာတွင် ကျင့်ကြံရေးစွမ်းအင်များမရှိသည့်အပြင် လူသားမျိုးနွယ်မှလည်းဖြစ်သည့် ရွှယ်အန်းကိုတွေ့သောအခါ၊ ၎င်းတိုတ့အားလုံး မထီမဲ့မြင်ပြုကာ နှာခေါင်းရှုံ့၍ ထွက်သွားကြသည်။

ရွှယ်အန်းက စိတ်ဆိုးခြင်းအလျင်းမရှိဘဲ ထွက်သွားသော ကျင့်ကြံသူများ၏ နောက်ကျောများကိုကြည့်၍ ခပ်ပါးပါးပြုံးကာ ရထားလုံးထဲတွင် ပျင်းရိစွာလှဲလိုက်ကြသည်။ သို့သော် သူ၏ လျစ်လျူရှု့ခြင်းနှင့်မတူဘဲ ရထားထိန်းက ခပ်ဝေးဝေးသို့သွားလေလေပိုမိုကြောက်ရွံ့လာလေလေဖြစ်နေသည်။ လမ်းပေါ်တွင် ကျင့်ကြံသူဦးရေက များစွာတိုးလာခြင်းက ကောင်းသောလက္ခဏာမဟုတ်ကြောင်း ထင်ရှားသည်။

၎င်းတို့ကဲ့သို့ သာမန်လူများအတွက် ဤကျင့်ကြံသူများသည် သေခြင်းနှင့်ရှင်ခြင်းကို လက်ထဲတွင်ဆုပ်ကိုင်ထားကာ ၎င်းတို့ကို ပိုးကောင်များကဲ့သို့ သတ်ဖြတ်နိုင်သည့် အင်မော်တယ်များဖြစ်ကြသည်။ သို့သော် ရွှယ်အန်းပေးခဲ့သည့် လှည်းခက သူငြင်းဆို၍ မရနိုင်သော ပမာဏဖြစ်သောကြောင့် အခြားရွေးချယ်စရာပင်မရှိဘဲ ရှေ့သို့ ရဲရင့်စွာ ဆက်သွားခဲ့သည်။

၎င်းတို့ တောင်သို့တက်ခဲ့ကြရာ ယခုအခိုက်တွင် ပါးဖန်တောင်နှင့် သိပ်မဝေးလှတော့ဘဲ အဝေးမှ ကြီးကျယ်ခမ်းနားသော တောင်ထိပ်များနှင့် တောင်ခြေရင်းရှိ ပါးဖန်မြို့၏ အသွင်အပြင်ကို မှုန်ဝါးဝါးမြင်နေရပြီဖြစ်သည်။

ရွှယ်အန်းက ရုတ်တရက် သူ့ကို အော်လိုက်သည်။

“ရပ်တော့”

ရထားထိန်းက မြင်းကို လမ်းဘေးတွင်ရပ်ခိုင်းလိုက်သည်။

"လူငယ်၊ ဘာကိစ္စရှိလို့လဲ"

"ငါ့ကို ဒီမှာ ခဏစောင့်"

ထိုသို့ဖြင့် ရွှယ်အန်းက ရထားလုံးပေါ်မှ ဆင်းကာ အနည်းငယ်ခုန်၍ မြင်ကွင်းမှပျောက်ကွယ်သွားသည်။

ရထားလုံးထိန်းက ထိုနေရာတွင်ရပ်လျက် ငေးကြည့်နေသည်။

ဤသို့ လေးစားဖွယ်လူငယ်လေးက ဤမျှ သွက်လက်နေလိမ့်မည်၏ သူဘယ်သောအခါကမျှ မမျှော်လင့်ထားခဲ့ပေ။ ရွှယ်အန်းက လမ်းဘေး တောအုပ်ထဲတွင် တိုက်ပွဲဝင်နေသူများ ရှိနေကြောင်းကို သူ၏ နတ်အာရုံမှ ခံစားသိရှိခဲ့ကာ စူးစမ်းလိုစိတ်ဖြင့် လှည့်ကြည့်လိုက်သည်။

အခင်းဖြစ်ပွားရာနေရာအနီးသို့ သူရောက်ရှိလာသောအခါ အမှန်ပင် တောအုပ်အတွင်း၌ တိုက်ခိုက်အချင်းများနေသော လူအုပ်စုနှစ်ခုကို မြင်လိုက်ရသည်။

အဖွဲ့တစ်ဖွဲ့တွင် ဝိုင်းရံခံထားရသော လူငယ် အမျိုးသား အမျိုးသမီး အများအပြား ပါဝင်ကာ ဒဏ်ရာများ ရရှိနေပြီဖြစ်သည်။

၎င်းတို့ ပတ်ဝန်းကျင်တွင်ကာ အနက်ရောင်ဝတ်စုံဝတ်ထားသည့် လူတစ်စုရှိသည်။

အနက်ရောင်ဝတ် အမျိုးသားခေါင်းဆောင်က လှောင်ရယ်လိုက်သည်။

“ဒါက ဖေးယန်ခံတပ်ရဲ့ အမွေခံတွေရဲ့ အစွမ်းသတ္တိလား။ စစ်မှန်တဲ့ အင်မော်တယ် အမွေအနှစ်တွေကို စူးစမ်းဖို့ ရည်ရွယ်နေကြတုန်းလား။ သေခြင်းတရားရဲ့အဓိပ္ပါယ်ကို မင်းတကယ်မသိဘူးပဲ”

အဝိုင်းခံထားရသော အမျိုးသမီးတစ်ဦးမှ ဒေါသတကြီးအော်လိုက်သည်။

“နတ်ဆိုးဂိုဏ်း စက်ဆုပ်ရွံရှာဖို့ကောင်းလိုက်တာ။ ငါတို့ကို ဘယ်လိုလုပ် ချောင်းမြောင်းတိုက်ခိုက်ရဲတာလဲ။

ဖေဖေ သိသွားရင် နင်တို့ဂိုဏ်းကို ချေမှုန်းပစ်မှာ မကြောက်ဘူးလား”

“ဟားဟား မင်းရဲ့ ဖေးယန်ခံတပ်က ငါ့ဂိုဏ်းကို ချေမှုန်းနိုင်မယ်ထင်လို့လား။ မင်းတို့ကို ငါဒီနေ့ ဖမ်းမိထားပြီဆိုတော့ ငါပြောလိုက်မယ် အသက်ရှင်ဖို့ စိတ်ကူးတောင်မယဉ်နဲ့။ မင်းတို့ရဲ့ကိုယ်ခန္ဓာကို ရုပ်သေးရုပ်အဖြစ် ပြောင်းလဲပစ်မယ်၊ မင်းတို့ရဲ့စိတ်ဝိညာဉ်တွေကို နတ်ဆိုးတွေအဖြစ် ပြောင်းလဲပစ်လိုက်မယ်။ ဟားဟားဟား။"

ထို့နောက် ထိုနေရာသို့ ရွှယ်အန်းဝင်လာသည်ကို သတိထားမိလိုက်ကြသောအခါ အားလုံးရပ်တံ့သွားကြသည်။

“ဒါဘယ်သူလဲ” ဆိုးယုတ်ခြင်းဝိညာဉ်ဂိုဏ်း၏ခေါင်းဆောင်သည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း ရွှယ်အန်းကိုမြင်သောအခါ ပို၍ပင် လှောင်ပြောင်ခဲ့သည်။

"လူသားမျိုးနွယ်ဝင်တစ်ယောက် တခြားသူတွေရဲ့ကိစ္စတွေမှာ ဝင်စွက်ဖက်ချင်နေတာလား။ မဟုတ်ရင်…"

"မဟုတ်ရင် ဘာဖြစ်လဲ" ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးကာ မေးလိုက်သည်။

“မဟုတ်ရင် မင်းရဲ့နိမ့်ပါးတဲ့ လူသားမျိုးနွယ်စုကို ငါ…” ခေါင်းဆောင်က သူ၏ ခြိမ်းခြောက်သောစကားကို ဆက်လက် အဆုံးသတ်ချင်ခဲ့သည်။ သို့သော် ‘နိမ့်ပါးသော’ဟူသော စကားကိုကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ရွှယ်အန်း၏ မျက်ခုံးများ အနည်းငယ် ပင့်တက်လာကာ သူက တိုက်ရိုက်ပင် လက်သီးဖြင့် ထိုးလိုက်သည်။

ခေါင်းဆောင်က အလေးအနက်မထားဘဲ ပေါ့ပါးစွာဖြင့် တားရန် တွေးလိုက်သည်။ သို့သော် ရွှယ်အန်း၏ လက်သီးက သူ့လက်ကို ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားစေပြီးနောက် ခေါင်းသို့ထိမှန်သွားသည်။

ဘမ်း

ခေါင်းဆောင်၏ ဦးခေါင်းက လက်သီးများဖြင့် ကွဲကြေသွားကာ သူ၏အလောင်းသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။

ရွှယ်အန်းက ရိုးရှင်းစွာဖြင့် ဘာသိဘာသာပြေလိုက်၏။

“နားညီးတယ်”

အခန်း(၅၆၉) ကျေးဇူးပြုပြီးစောင့်ပါ စီနီယာ

အခင်းဖြစ်ပွားရာနေရာ၌ ယောက်ျားမိန်းမအားလုံး အံကြိတ်နေကြသည်။

ရွှယ်အန်းသ ပထမဆုံးပေါ်လာသောအခါတွင် ၎င်းတို့အားလုံးသည် ကယ်တင်ခြင်းခံရပြီဟု ယုံကြည်ကာ ဝမ်းမြောက်ကြသည်။

သို့သော် သူသည် ကျင့်ကြံရေးအဆင့်မရှိသော လူသားမျိုးနွယ်ဝင်ဖြစ်သည်ကိုမြင်လိုက်ရသောအခါ တစ်ဖန် စိတ်ပျက်အားလျော့သွားကြပြန်သည်။

သို့ထိတိုင် ဤလူသားမျိုးနွယ်မှ အမျိုးသားက ဆိုးယုတ်ခြင်းဝိဉာဥ်ဂိုဏ်းချုပ်၏ဘဝကို လက်သီးတစ်ချက်တည်းဖြင့် အဆုံးသတ်ပစ်လိုက်သဖင့် အားလုံး အံ့သြသွားကြပြန်သည်။

ဤအခိုက်အတန့်တွင် ရက်စက်ကြမ်းကြုတ်သော ဝိညာဉ်ဂိုဏ်း၏ ကျန်တပည့်များသည် အလွန်အမင်းကြောက်ရွံ့သော အရိပ်အယောင်များပြ၍ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

“ငါတို့ ဂိုဏ်းချုပ် အသတ်ခံလိုက်ရပြီ။ ငါတို့ ဒီကောင့်ကို မသတ်နိုင်ရင် ငါတို့အားလုံးသေကြရတော့မယ်”

“အားလုံး တိုက်ကြ”

ဆိုးယုတ်ခြင်းဝိဉာဥ်ဂိုဏ်း၏ တပည့်များက ကျင့်ကြံရေးအတွင် အတန်ငယ်အားနည်းသော်လည်း ၎င်းတို့၏ဂိုဏ်းချုပ် အသတ်ခံရခြင်းသည် သူ့အတွက် လက်စားချေပေးခြင်း သို့မဟုတ် ၎င်းတို့ ပြန်သွားလျှင် သေသည်အထိ ညှင်းဆဲခံရခြင်းကိုဆိုလိုသ်ည။ ထို့ကြောင့် ယခုအခါတွင် ၎င်းတို့သည် ၎င်းတို့၏ မှော်ဆန်သော ရတနာများကိုထုတ်၍ အစွမ်းကုန် စတင်တိုက်ခိုက်ကြတော့သည်။

ဆိုးယုတ်ခြင်းဝိဉာဥ်ဂိုဏ်း

ဤအမည်အတိုင်းပင် ၎င်းသည် ရက်စက်ကြမ်းကြုတ်သောဝိညာဉ်များနှင့် နတ်ဆိုးတစ္ဆေများကို အသုံးချသည့်ဂိုဏ်းတစ်ခုဖြစ်သည်။ ဤဂိုဏ်းသားများ လှုပ်ရှားလိုက်သောအခါတွင် ပြင်းထန်၍ ကြမ်းတမ်းသော နတ်ဆိုးများ ရုပ်လုံးပေါ်လာပြီး ရွှယ်အန်းဆီသို့ ပြေးသွားကြသည်။

ဤနတ်ဆိုးများ၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များလွှမ်းနေသောကြောင့် အခြားဂိုဏ်းမှ ယောက်ျားများနှင့် မိန်းမများကလည်း ထိတ်လန့်တုန်လှုပ်လျက် ခြေလှမ်းများ နောက်ပြန်ဆုတ်လိုက်ကြသည်။

သို့သော်လည်း ထိုကဲ့သို့ ထိုးနှက်မှုမျိုးနှင့် ရင်ဆိုင်နေရသော ရွှယ်အန်းသည် တည်ငြိမ်မြဲတည်ငြိမ်စွာဖြင့် ပေါ့ပါးစွာ လက်ချောင်းများကိုမြှော်ကလိုက်သည်။

လျှပ်တစ်ပျက်အတွင်း၌

တစ်ချိန်က ဒေါသကြီးနေ‌သော နတ်ဆိုးများသည် သနားစရာကောင်းစွာအော်ဟစ်ကာ အစအနပင်မကျန်ဘဲ ကွဲအက်ပျောက်ကွယ်သွားကြသည်။

ဟမ်

အားလုံး မယုံကြည်နိုင်စွာဖြင့် ရွှယ်အန်းကိုကြည့်နေကြသည်။

ဒါက ဘယ်လိုဖြစ်နိုင်မလဲ။

သူ့လက်ချောင်းလေးတစ်ချက်တည်းနဲ့ နတ်ဆိုးအားလုံးကို သတ်ပစ်လိုက်တာလား။

ကျန်ရှိသော ဆိုးယုတ်ခြင်းဝိဉာဥ်ဂိုဏ်းသားများက ပို၍ပင် အံ့ဩသွားကြသည်။

အကြောင်းမူကား၊ ၎င်းတို့သည် ဤနတ်ဆိုးများနှင့် ချည်နှောင်ထားသောကြောင့် ထိုသို့ ဖျက်ဆီးခံရခြင်းက ၎င်းတို့ကို အလွန်အမင်း ထိခိုက်စေသည်။ ထိုအချိန်၌ ရွှယ်အန်းက စိတ်မရှည်စွာဖြင့် လက်ကို ရုတ်သိမ်းလိုက်သည်။

“မင်းရဲ့ ဓားလေး ခဏလောက်ငှား”

ထိုစကားများနှင့်အတူ တစ်ဖက်ဂိုဏ်းမှ အမျိုးသမီး၏ ဓားက ရုတ်တရက် လွင့်ထွက်သွားကာ

ရွှယ်အန်း၏လက်ထဲသို့ ကျရောက်သွားသည်။

ရွှယ်အန်းက ဓားဖျားကို လှန်လိုက်သည်။

ဆောင်းဦးရေကဲ့သို့ ကြည်လင်သော ဓားသည် စူးရှသောအသံကို ထုတ်လွှတ်လိုက်၏။

ရွှယ်အန်းက ခေါင်းညိတ်ထောက်ခံလိုက်၏။

"ဓားကောင်းတစ်လတ်ပဲ”

ထိုသို့ပြောပြီးနောက် သူက ဓားကို ရုတ်သိမ်းကာ အလျားလိုက် ခုတ်ပိုင်းလိုက်သည်။ စူးရှသော ဓားအလင်းတန်းက ကောင်းကင်သို့ ပျံ့လွင့်သွားသည်။ ဓားအလင်းဖြတ်ကျော်သွားပြီးနောက်

ဆိုးယုတ်ခြင်း ဝိညာဉ်ဂိုဏ်း၏ အဖွဲ့ဝင်များအားလုံး၏ လည်ချောင်းအထက်၌ ခပ်ပါးပါး သွေးစီးကြောင်းတစ်ခုစီပေါ်လာသည်။ အစပိုင်းတွင် ထိုစီးကြောင်းက မှိန်ဖျော့သော်လည်း မျက်စိတ်စမှိတ်အတွင်း၌ပင် အနီရောင်တောက်တောက်ဖြစ်လာ၍ သွေးများစီးကျလာသည်။

ထိုအခါတွင် ထိုသူများ၏ ဦးခေါင်းများ လေထဲသို့ ပျံတက်သွားကာ ခေါင်းနှင့်ကိုယ် အိုးစားကွဲ၍ လဲကျသေဆုံးသွားကြသည်။ ဓားအလင်း၏အရှိန်က ထိုနေရာတွင် ရပ်တန့်ခြင်းမရှိခဲ့ပေ။ သစ်ပင်များစွာ ခုတ်တပိုင်းခံလိုက်ရပြီးနောက်မှ မှေးမှိန်သွားခဲ့သည်။

သစ်ပင်ကြီးများ၏ ကျိုးကျသံများ ဆက်တိုက် ထွက်ပေါ်လာသည်နှင့်အမျှ ထိုသစ်ပင်ကြီးများသည် မြေပြင်ပေါ်သို့ တဖြည်းဖြည်း ပြိုကျလာသည်။

အမျိုးသမီးကလုံးလုံးလျားလျား အံ့အားသင့်သွားရ၏။

ဓားကျင့်ကြံသူတစ်ဦးအနေဖြင့် ရွှယ်အန်း၏ သာမန်ကျသော ဓားချက်တစ်ချက်က မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်သည်။

သူ၏ ကျွမ်းကျင်ပိုင်နိုင်မှုက အစွန်းစွန်ဆုံးအဆင့်သို့ရောက်သွားသည်ဟုပင် ဆို၍ ရနိုင်သည်။

ထိုကဲ့သို့ ဓားတာအိုကျင့်ကြံရေးမျိုးဖြင့် ဤလူသည် သာမန်လူမဟုတ်နိုင်ပေ။

ထိုအချိန်တွင် ရွှယ်အန်းက ပေါ့ပါးစွာပြောလိုက်သည်။

“ဓားက မဆိုးဘူး။ ရော့ ငါမင်းကိုပြန်ပေးမယ်”

သူစကားပြောနေစဉ်တွင် သူသည် ဓားကို နောက်သို့ ပေါ့ပေါ့ဆဆ ပစ်ချလိုက်ရာ ဓားအလင်းတန်းက အမျိုးသမီးဆီသို့ တိုက်ရိုက်ဦးတည်သွားသည်။

အမျိုးသမီး၏ နောက်ကွယ်မှ လူများထံမှ အချက်ပေး အော်ဟစ်သံ ထွက်ပေါ်လာသည်။

သို့သော် အမျိုးသမီးက ဓားဆီမှာ သတ်ဖြတ်ရောင်ဝါကိုသိသောကြောင့် ယင်းကို ရှောင်တိမ်းခြင်းမပြုခဲ့ပေ။

မှန်သည်။

ဓားအလင်းက နီးကပ်လာသည်နှင့်အမျှ ၎င်းက ဓားအိမ်ထဲသို့တည့်တည့်ပြန်ဝင်သွားသည်။

ထိုမှပင် ဤလူများ သက်ပြင်းချနိုင်ခဲ့သည်။

ထိုသို့ ဓားပြန်ပေးပြီးနောက် ရွှယ်အန်းက ခြေလှမ်းနောက်တစ်လှမ်းလှမ်းလိုက်ရာ အမျိုးသမီးက ကနဦးတုန်လှုပ်ခြင်းမှ ပြန်လည်သက်သာလာကာ လက်အုပ်ချီလျက် ဦးညွတ်ရန် ရှေ့သို့ တိုးလာသည်။

“စီနီယာ၊ ကျေးဇူးပြုပြီးစောင့်ပေးပါဦး”

ရွှယ်အန်းက ဘာသိဘာသာပြောလိုက်၏။

“အခြားကိစ္စရှိသေးလား”

“ကယ်တင်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မက ဖေးယန်ခံတပ်သခင်ရဲ့သမီး လျန်ယွင်ထင်းပါ”

လျန်ယွင်ထင်းက သူ့ကိုယ်သူ ပထမဦးစွာ မိတ်ဆက်လိုက်သည်။

ထိုစကားကြောင့် ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်ကာပြော၏။

“ပြီးတော့ရော”

"ဟင်" လျန်ယွင်ထင်းအနည်းငယ် ထိတ်လန့်သွားသည်။

သူမ၏ အမြင်တွင် သူမ၏ ဖေးယန်ခံတပ်က အင်အားကြီး ဝူဝမ်ဂိုဏ်းနှင့် မနှိုင်းယှဥ်နိုင်သော်လည်း ၎င်းကို ဒေသခံဂိုဏ်းတစ်ခုအဖြစ်သတ်မှတ်၍ ရသည်။ သို့သော် ဤ လူသားမျိုးနွယ်မှ ဤလူများ၏ အမူအရာမှာ ၎င်းတို့၏ အကြောင်းကို တစ်ခါမျှ မကြားဖူးသည့်အလားပြုမူနေ၏။

“အခြားကျန်တဲ့ကိစ္စမရှိရင် ငါသွားတော့မယ်” ရွှယ်အန်းက ပြော၍ လှည့်ထွက်တော့မည့်အခိုက်တွင် လျန်ယွင်ထင်းက ခဏမျှ တုံ့ဆိုင်းသွားကာ အလျင်အမြန်မေးလိုက်သည်။

“စီနီယာ ဘယ်ကိုသွားမလို့လဲ”

“ပါးဖန်တောင်” ရွှယ်အန်းက ခေါင်းလှည့်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။

“စီနီယာက စစ်မှန်တဲ့အင်မော်တယ် အမွေအနှစ်အတွက် လာခဲ့တာလား” လျန်ယွင်ထင်းက မေးသည်။

ရွှယ်အန်းက ရှေ့သို့ဆက်လျှောက်၍ နောက်လှည့်လိုက်သည်။

“စစ်မှန်တဲ့ အင်မော်တယ် အမွေအနှစ်အကြောင်း မင်းလည်းသိတယ်လား”

လျန်ယွင်ထင် ခါးသက်စွာပြုံးလိုက်သည်။

“အခု စစ်မှန်တဲ့ အင်မော်တယ် အမွေအနှစ်တွေ ပေါ်လာမှာကို မသိတဲ့သူ ဘယ်သူရှိလဲ။ အနောက်မြောက်ဒေသက ကျင့်ကြံသူတွေအားလုံးနီးပါး ဒီကို ဆင်းလာကြပြီ”

"အဲ့တော့ဘာဖြစ်လဲ” ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။

လျန်ယွင်ထင်းက အလျင်အမြန် ဆက်ပြောသည်။

“စီနီယာ ကျွန်မ မလေးမစားပြောတာတော့မဟုတ်ပါဘူး။ ပါးဖန်မြို့မှာ ကျွန်မ မိသားစုရဲ့ ဖေးယန်တပ်ခံတပ်က အာဏာနည်းနည်းပဲရှိပါတယ်။ စီနီယာက စိတ်ထဲမထည့်ရင် ဖေးယန်ခံတပ်ကို ကျွန်မနဲ့အတူ လိုက်စောင့်လို့ရပါတယ်။ ကျွန်မ အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးပြန်ဆပ်နိုင်မယ်လို့ ထင်ပါတယ်။ စီနီယာဘယ်လိုထင်ပါသလဲရှင့်”

ရွှယ်အန်းက ခေတ္တခဏ စဥ်းစားလိုက်သည်။ လျန်ယွင်ထင်း၏ နောက်ကွယ်မှ ယောက်ျားမိန်းမ အများအပြားက အချင်းချင်းတီးတိုးပြောလာကြ၏။

“ဒုတိယမမလေးက ဘာဖြစ်တာလဲ”

“အမှန်ပဲ လူသားမျိုးနွယ်စုက ဒီလူက ကျင့်ကြံရေးအဆင့်မရှိဘူး။ သူ ငါတို့ ခံတပ်ကိုလာတော့ရော ဘာအကျိုးရှိမှာလဲ”

လျန်ယွင်ထင်းက ခေါင်းကိုလှည့်၍ လူအုပ်ကို စူးရဲရဲစိုက်ကြည့်လိုက်သည်။

အားလုံးက ချက်ချင်းပင် ပါးစပ်ပိတ်လျက် စကားမပြောရဲကြတော့ပေ။

ထိုအချိန်တွင် ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ”

“ကျေးဇူးတင်ပါတယ် စီနီယာ” လျန်ယွင်ထင်းက အလွန်ဝမ်းသာသွားသည်။

၎င်းတို့ လမ်းမကြီးသို့ရောက်သောအခါတွင်

ရထားလုံးမောင်းသမားက ရွှယ်အန်းကို စောင့်နေဆဲပင်ဖြစ်သည်။

ရွှယ်အန်းက ဘေးကင်စွာပြန်ရောက်လာသည်ကိုမြင်လိုက်ရသောအခါမှသာ ရထားထိန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။

“လူငယ် နောက်ဆုံးတော့ မင်းပြန်လာပြီပေါ့”

ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်သည်။

ရထားထိန်းက အနည်းငယ်ရှက်တတ်သော်လည်း အတန်ငယ် ပေါင်းသင်းဆက်ဆံရကောင်းသူဟု ပြော၍ရသည်။

“ဒါ…”

ရထားထိန်းက အနီးနားသို့ရောက်လာသော လျန်ယွင်ထင်းကို သတိပြုမိသောအခါ လူတိုင်းက ပြောင်ပြောင်ဝင်းဝင်းဝတ်စားဆင်ယင်ထားကာ ပြင်းထန်သောရောင်ဝါများလည်း ဖြာထွက်နေသောကြောင့် ကြောက်လန့်တကြားနောက်ဆုတ်လိုက်ကြသည်။

“စိတ်မပူပါနဲ့။ လူတချို့နဲ့တွေ့ခဲ့ရလို့ပါ။ … အမ်… အဲ့တာက ဘာလို့ခေါ်လဲ။ ဖေးယန်ခံတပ်က လူတွေလေ”

ဖေးယန်ခံတပ်။

ဤအမည်ကိုကြားသောအခါ နည်းပြက ထိတ်လန့်တကြားဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားသည်။

“ခင်ဗျားဘာသာပြန်လိုက်တော့။ ထပ်ပြီး ရှေ့ဆက်လိုက်ပို့စရာမလိုပါဘူး” ရွှယ်အန်းက မြင်းနှင့်ရထားလုံးအတွက် အခကြေးငွေကို ပေးဆောင်လျက် ရထားထိန်းကိုပြောလိုက်သည်။

မှန်သည်။ ရထားထိန်းက အလွန်အမင်းကျေးဇူးတင်နေ၏။ သူသည် ဤ’အင်မော်တယ်’ များထံတွင် အချိန်အတော်ကြာနေချင်စိတ်မရှိသဖြင့် ငွေလက်ခံရရှိပြီးနောက် အမြန်ထွက်ခွာသွားခဲ့သည်။

လျန်ယွင်ထင်းက ဤမြင်ကွင်းကို အံ့သြစွာဖြင့် ကြည့်လိုက်သည်။

ရွှယ်အန်းက ရှုံးလင်ဂိုဏ်း၏ တပည့်တစ်ဒါဇင်ကျော်ကို ဓားချက်တစ်ချက်တည်းဖြင့် သတ်၍ ဂိုဏ်းချုပ်၏ ခေါင်းကို လက်သီးဖြင့် ထိုးခြေခဲ့သည်ကို သူမမြင်ခဲ့ပါက ဤရထားမောင်းသူနှင့်ကောင်းမွန်စွာပြောဆိုဆက်ဆံနေသောသူက လူသတ်သမားဖြစ်နိုင်သည်ဟု ယုံရန် ခက်ခဲပေလိမ့်မည်။

မည်သည့် အရာက သူ့ကို အမှန်တကယ်ကိုယ်စားပြုသနည်း။

လျန်ယွင်ထင်းအနည်းငယ် အံ့ဩသွားသည့်အလား ခံစားလိုက်ရသည်။

၏ထိုအချိန်တွင် လျန်ယွင်ထင်း၏ လက်အောက်ငယ်သားက ဆက်သွယ်ရေးငှက်ကို ထုတ်လွှတ်ခဲ့ပြီးဖြစ်သည်။

ခဏအကြာတွင် မြင်းခွာသံကို အဝေးမှ ကြားလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မြင်းတပ်ကြီးတစ်တပ်က အုပ်လိုက်စီးနင်းလာကြသည်။ အနီးသို့ရောက်သောအခါ ဦးဆောင်သူက လေးစားစွာပြောလိုက်၏။

“ဒုတိယမမလေး”

လျန်ယွင်ထင်းက အေးစက်စွာ နှာခေါင်းရှုံ့၍ သူ့ကို လျစ်လျူရှုကာ ရွှယ်အန်းဘက်သို့ လှည့်၍ပြောလိုက်သည်။

“စီနီယာ ကျေးဇူးပြုပြီး ကျွန်မနောက်လိုက်ခဲ့ပါ”

လျန်ယွင်ထင်းနှင့် ရွှယ်အန်းတို့က မြင်းကိုကြည်ံ့၍ လမ်းကို ဦးဆောင်နေစဥ် အနောက်တွင်ရှိနေသော လူငယ်က ရွှယ်အန်း၏ နောက်ကျောကိုကြည့်လျက် အတွေးထဲ နစ်မြောသွားသည်။

အခန်း(၅၇၀) ထူးဆန်းသော ဟာသဉာဏ်ရွှင်သည့် ကလေးမ

ပါးဖန်မြို့သည် မြင့်မားသော မြို့ရိုးများနှင့် စည်ကားသော ဈေးဆိုင်များ ရှိသည့် ပါးဖန်တောင်သို့သွားသော မရှိမဖြစ် လမ်းကြောင်းပေါ်တွင် တည်ရှိကာ ထင်ရှားစွာ ထွန်းကားသော နေရာတစ်ခု ဖြစ်သည်။ ပါးဖန်မြို့၏

အရှေ့မြောက်ထောင့်တွင် ဖေးယန်ခံတပ်၏နယ်မြေရှိသည်။ ရွှယ်အန်းက လျန်ယွင်ထင်းနှင့်အတူ ခံတပ်တံခါးရှေ့သို့လိုက်သွားပြီးနောက်တွင် ၎င်းတို့ကို စောင့်ဆိုင်းနေသူ တစ်ယောက် ရှိနေပြီဖြစ်သည်။

“ဒုတိယမမလေး သခင်က မမလေးနဲ့ ဆိုးယုတ်ခြင်းဝိဉာဥ်ဂိုဏ်း တိုက်ခိုက်တာကို သိပြီးသားပါ။ သူက ဧည့်သည် တွေနဲ့တွေ့နေပြီး မမလေးကို ဒီမှာစောင့်နေဖို့ ညွှန်ကြားထားပါတယ်” ဖေးယန်ခံတပ်၏ ဘဏ္ဍာစိုး အကြီးအကဲက လေးလေးစားစား လေသံဖြင့် ပြောသည်။

လျန်ယွင်ထင်းက ခေါင်းညိတ်လိုက်သည်။

“ဒါက ကျွန်မကို ကယ်တင်ခဲ့တဲ့ စီနီယာပါ။ ပေါ့ဆမနေဘဲ ကောင်းကောင်းမွန်မွန်ဆက်ဆံပေးပါ”

“ဟုတ်ကဲ့”

လျန်ယွင်ထင်းက ရွှယ်အန်းကိုပြုံးပြလိုက်သည်။

“စီနီယာ ကျွန်မ သွားပြီးတော့ အဝတ်အစားလဲလိုက်ပါဦးမယ်။ စီနီယာက ဧည့်ခန်းမမှာအရင် အနားယူနှင့်ပါ”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

လျန်ယွင်ထင်းထွက်ခွာသွား၏.

ဘဏ္ဍာစိုးက ရှေ့ကို လှမ်းကာပြောလိုက်သည်။

“စီနီယာ ကျေးဇူးပြုပြီး ကျုပ်နောက်လိုက်ခဲ့ပါ”

ရွှယ်အန်းက ဘဏ္ဍာစိုးနောက်သို့လိုက်ကာ ဖေးယန်ခံတပ်အတွင်းသို့ဝင်သွားသည်။ ရာစုနှစ်တစ်ခုကြာတည်မြဲနေခဲ့သည့် ဖေးယန်ဂိုဏ်း၏ ဘုန်းအာနုဘော်သည် အမှန်တကယ် ထူးထူးခြားခြားဖြစ်ကာ အနုစိတ် ထွင်းထုထားသော ထုပ်တန်းများနှင့် ပန်းချီဆွဲထားသော ဆိုင်းဘုတ်များသာမက ဗိသုကာဆိုင်ရာ အပြင်အဆင်မှာလည်း တိုက်ပွဲပုံစံများဖော်၍ အလွန် ခမ်းနားလှသည်။

ရွှယ်အန်းက လမ်းလျှောက်လာရင်းဖြင့် ပတ်ဝန်းကျင်ကို လေ့လာကြည့်ပြီးနေစဥ် ဘဏ္ဍာစိုး၏ မျက်နှာထက်၌ အံ့သြမှုတစ်ခု ဖြတ်ပြေးသွားသည်။ ရွှယ်အန်းက ကျယ်ဝန်းသော ဧည့်ခန်းမထဲတွင် တစ်ယောက်တည်း ကျန်နေခဲ့သည်။

လက်ဖက်ရည်သောက်ရင်းဖြင့် ရွှယ်အန်းက ဧည့်ခန်းမအတွင်းရှိ ပရိဘောဂများကို လှည့်ပတ်ကြည့်ရှုခဲ့သည်။

ခဏအကြာတွင် သူက ဘာသိဘာသာပြောလိုက်၏။

"ရှင် လုံလုံ့လောက်လောက်လျှောက်ကြည့်ပြီးပြီလား"

သူ့အသံထွက်ပေါ်လာသည်နှင့် ကောင်မလေး၏ တိုးညှင်းသော လေသံလေးထွက်ပေါ်လာကာ သူမက ထွက်ခွာသွားသည်။

ဤသည်မှာ ဆယ့်တစ်နှစ် သို့မဟုတ် ဆယ့်နှစ်နှစ်ထက်မပိုသောကလေးမလေးဖြစ်ကာ ရွှယ်အန်းကို သူမ၏ ကြီးမား တောက်ပသော မျက်လုံးများဖြင့်စူစူးစိုက်စိုက်ကြည့်နေသည်မှာ အလွန်ချစ်ခင်ဖွယ်ကောင်းလှသည်။

“ရှင်က ကျွန်မ မမကို ကယ်ခဲ့တဲ့ စီနီယာဆိုတာလား” ကောင်မလေးကို ချိုချိုသာသာ မေးသည်။

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ဝိုး၊ မင်းအရမ်းအံ့သြဖို့ကောင်းတာပဲ၊ ဒါပေမယ့် လူသားမျိုးနွယ်ကလူတွေက ကျင့်ကြံလို့မရဘူုးမလား” သူမက ခေါင်းငုံ့ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ကျင့်ကြံသူတွေကပဲ စီနီယာတွေဖြစ်ရမယ်လို့ ဘယ်သူပြောလဲ” ရွှယ်အန်းက ပေါ့ပေါ့ပါးပါး တုံ့ပြန်သည်။

ကလေးမလေးက ခေါင်းညိတ်လိုက်သည်။

“ဒါက အဓိပ္ပါယ်ရှိတယ်နော်။ နောက်တစ်ခေါက် ဖေဖေက ကျင့်ကြံဖို့ ဖိအားပေးရင် အဲ့လိုပြောရမယ်”

ရွှယ်အန်းက ခါးသက်စွာပြုံးလိုက်ရသည်။ ကလေးမလေးသည် လောကလမ်းစဉ်များတွင် အတွေ့အကြုံမရှိသည်မှာ ထင်ရှားသည်။

“ကျွန်မနာမည်က လျန်ယွင်လော်ပါ စီနီယာ့နာမည် ဘယ်လိုခေါ်လဲ” ကောင်မလေးက မေးလိုက်သည်။

"ရွှယ်အန်း"

“စီနီယာရွှယ် ဒီနေ့ အသက်ဘယ်လောက်ရှိပြီလဲ"

“စီနီယာ့မှာ မိသားစုရှိလား”

“…”

မေးခွန်းပေါင်းများစွာက ရွှယ်အန်းကို ရယ်ရခက်ငိုရခက်ဖြစ်သွားစေသည်။

“ဒီမှာ သန်းခေါင်စာရင်းလာကောက်နေတာလား”

"သန်းခေါင်စာရင်းဆိုတာ ဘာလဲ"

“အာ…"

အခြားမည်သည့်အရာမျှ လုပ်စရာမရှိသောကြောင့် ရွှယ်အန်းက ကလေးမလေးနှင့်စတင်၍ စကားပြောနေလိုက်တော့သည်။ သို့သော် မကြာခဏဆိုသကဲ့သို့ ရွှယ်အန်းက စကားများများမပြောရသေးခင်တွင် လျန်ယွင်လော်က မတ်မတ်ပင်မရပ်နိုင်တော့သည်အထိ စတင်၍ ရယ်မောနေသဖြင့် ရွှယ်အန်း အနည်းငယ် ပဟေဋ္ဌိဖြစ်ခဲ့သည်။

ထိုအချိန်တွင် တံခါးအပြင်ဘက်မှ လူတစ်ဦး၏ ခပ်တိုးတိုးအသံထွက်ပေါ်လာသည်။

“တတိယမမလေး သခင်ကြီးကရှာနေပါတယ်”

လျန်ယွင်လော်က စိတ်ရှုပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ ကျွန်မသိတယ်။ ထပ်ပြီး ကျင့်ကြံသူဖြစ်အောင်လုပ်ခိုင်းမလို့ပဲထင်တယ်။ ဘယ်လောက် ပင်ပန်းစရာကောင်းလဲ။"

ထို့နောက် သူမက ရွှယ်အန်းကို မျက်တောင်တစ်ချက်မှိတ်ပြလိုက်သည်။

“စီနီယာ ရှင်က တကယ်ရယ်ရတာပဲ”

“ကျေးဇူးပါ” ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံး၍ ခေါင်းညိတ်ပြလိုက်သော်လည်း နောက်ထပ်တစ်စက္ကန့်တွင် လျန်ယွင်လော်၏ စကားကြောင့် သူ၏ တည်ငြိမ်မှုပျက်သွားရသည်။

“ကျွန်မ ခဲအိုဖြစ်လာရင်သိပ်ကောင်းမှာပဲ။ ဟီးဟီးဟီး ဒါမှမဟုတ် ကျွန်မရှင့်ကို လက်ထပ်လိုက်မယ်လေ” လျန်ယွင်လော်က ဤသို့ပြောကာ တခစ်ခစ်ရယ်မောလျက် ထွက်ပြေးသွားသည်။

ရွှယ်အန်းက ရယ်ရခက်ငိုရခက်ဖြစ်လျက် ခေါင်းခါယမ်းလိုက်၏။

ဤကလေးမလေးသည် အိမ်ထောင်ရေး၏အဓိပ္ပါယ်ကို နားမလည်နိုင်သေးပေ။

ဤအခိုက်အတန့်တွင် လူငယ်တစ်ယောက်ဝင်လာကာ ရွှယ်အန်းကို လျစ်လျူရှု့သောအမူအရာဖြင့်ကြည့်နေသည်။ ရွှယ်အန်းကို ပြင်းထန်သော ရောင်ဝါက ဖုံးလွှမ်းသွားသဖြင့် အခန်းတွင်းရှိ လေထုက ရုတ်တရက် တင်းမာလာသည်။

ရွှယ်အန်းက သတိထားမိသည့်တိုင် ခွက်ကို ဖြည်းညှင်းစွာ မော့ကာ လက်ဖက်ရည်သောက်လျက် မျက်ခုံးအနည်းငယ်ပင့်လိုက်သည်။

"မင်း ပြောချင်စရာရှိလား"

လူငယ်က အေးစက်စွာပြောဩ။

“ငါမင်းကိုပြောချင်တာက… မင်း ဒုတိယမမလေးရဲ့ အသက်ကိုကယ်လိုက်ရုံနဲ့ မင်းလုပ်ချင်တာလုပ်လို့ရတယ် မထင်နဲ့”

ရွှယ်အန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားကာ လက်ဖက်ရည်ခွက်ကို ချ၍ ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာ ပြန်အိပ်ကာ လက်ပိုက်ကြည့်နေသည်။

“မင်း ငါ့ကို ခြိမ်းခြောက်နေတာလား”

ခဏတာတိတ်ဆိတ်သွားပြီးနောက် လူငယ်က ပြောလိုက်သည်။

“ငါမင်းကို သတိပေးနေတယ်နော်။ မင်း ဒုတိယမမလေးတို့နဲ့ ဝေးဝေးနေ။ မဟုတ်ရင်…”

"မဟုတ်ရင် ဘာဖြစ်လဲ"

"မဟုတ်ရင် ငါမင်းကို ‘ခက်ခဲတယ်’ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်ကို သင်ပေးမယ်"

ထိုလူငယ်က ပြောပြီး မကြာမီ၌ပင် သူ့ပခုံးပေါ်မှ လေးလံမှုတစ်ခုကိုခံစားခဲ့ရကာ ရွှယ်အန်းက နေရာပေါ်တွင်မရှိတော့ကြောင်း သတိထားမိလိုက်သည်။ ထို့နောက် သူ့နောက်ကျောမှ အသံတစ်ခုကို ကြားလိုက်ရ၏။

“မင်းကို သတ်ချင်ရင် မင်းအခုပဲ လည်ပင်းပြတ်သွားပြီဆိုတာ ယုံလား”

လူငယ်၏ ကြွက်သားများ တောင့်တင်းလာကာ မျက်လုံးများက ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

‘ဒီလူက ငါ့နောက်ကို ဘယ်လိုရောက်လာတာလဲ’

‘ဘာလို့ ဒီလောက်တောင် သရဲလိုမြန်နေတာလဲ’

‘သူ့မှာကျင့်ကြံရေးအဆင့်ရှိလို့လား’

သူက မယုံကြည်နိုင်ဖြစ်နေချိန်တွင် ရွှယ်အန်းက သူ့ပခုံးကို ပုတ်လိုက်သည်။

"မင်း သူ့ကို သဘောကျရင် သူ့ကိုလိုက်လေ။ ငါ့ကို ခြမ်းခြောက်နေတာက မိန်းကလေးတစ်ယောက်ဆီကနေ မျက်နှာသာမရနိုင်ဘူး။ သူတို့က သန်မာတဲ့လူတွေကို သဘောကျတာကွ။ နားလည်လား”

လူငယ်သည် ဇဝေဇဝါဖြစ်နေကာ ရွှယ်အန်းက အဘယ်ကြောင့် ဤသို့ပြောသည်ကို နားမလည်ပုံပေါ်သည်။

"စီနီယာ ခံတပ်သခင်က ပွဲစီစဉ်ပြီး လာတက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ အာ.. လျန်ဖုရှန် မင်းဒီမှာဘာလာလုပ်နေတာလဲ” ဘဏ္ဍာစိုး၏ အမူအရာမှာ မှောင်မိုက်သွားသည် ။

လျန်ဖုရှန်က ဘဏ္ဍာစိုးကို အလွန်ကြောက်လန့်လျက် ဖြူဖျော့သွားကာ စကားလုံးများပျောက်ဆုံးသွားရသည်။

ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ ကိစ္စတစ်ချို့ကို ဆွေးနွေးနေတာပါ”

ဘဏ္ဍာစိုးအကြီးအကဲက လျန်ဖုရှန်ကို သံသယအကြည့်ဖြင့်ကြည့်သော်လည်း ထိုကိစ္စကို ဆက်လက်၍ မပြောနေတော့ဘဲ ရွှယ်အန်းကိုပြောလိုက်သည်။

“ကျေးဇူးပြုပြီး ကျုပ်နောက်ကိုလိုက်ခဲ့ပါ”

ရွှယ်အန်းသည် ရွှင်မြူးစွာ ခေါင်းညိတ်လိုက်ပြီးနောက် ဧည့်ခံခန်းမမှ ထွက်ကာ ဧည့်ကြိုခန်းသို့ ဘဏ္ဍာစိုးနှင့် လိုက်သွားခဲ့သည်။

ဖေးယန်ခံတပ်၏ ခံတပ်သခင်ဖြစ်သည့် လျန်ယွမ်ဟွာဟုခေါ်သော အသက်လေးဆယ်ကျော် အမျိုးသားတစ်ဦးသည် မုတ်ဆိတ်မွေးများကို ပွတ်သပ်လျက် ရံဖန်ရံခါတွင် မျက်လုံးမှ စူးရှသော အလင်းများ တဖျပ်ဖျပ်လတ်သွားတတ်သည်. အသက်အရွယ်အမျိုးမျိုးနှင့် အသွင်အပြင်အမျိုးမျိုးရှိသော

အမျိုးသားနှင့် အမျိုးသမီး တစ်ဒါဇင်ခန့်လည်း ရှိသည်။

လျန်ယွင်ထင်းလည်း ရှိနေကာ သူမ၏ မျက်နှာက အငြင်းအခုန်တစ်ခုခုဖြစ်နေသည့်အလား တင်းမာနေသည်။

ရွှယ်အန်းဝင်လာသည်ကို သူမမြင်သည်နှင့် လျန်ယွင်ထင်းရုတ်တရက် ထရပ်လိုက်သည်။

“စီနီယာ”

ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် လျန်ယွမ်ဟွာသည် သူ့ထိုင်ခုံမှ ဖြည်းညှင်းစွာထကာ မသိမသာဦးညွတ်လိုက်၏။

"ငါ့သမီးကို ကယ်တင်ပေးလို့ ကျေးဇူးပဲ၊ ကျေးဇူးပြုပြီး ထိုင်ပါ"

ရွှယ်အန်း၏ အပြုံးက ပြောင်းလဲသွားခြင်းမရှိဘဲ အခန်းပတ်ပတ်လည်ကို ပေါ့ပေါ့ပါးပါး ကြည့်နေပြီးနောက် ကုလားထိုင်တွင် သဘာဝကျကျ ထိုင်လိုက်သည်။

“ဒါက အသေးအဖွဲပါပဲ။ ဒီလို ယဉ်ကျေးနေစရာ မလိုပါဘူး"

လျန်ယွမ်ဟွာက အနည်းငယ်တော့ သံသယစိတ်ဝင်မိသည်။

ယနေ့ အစောပိုင်းက သူ့သမီးကို ဆိုးယုတ်ခြင်းဝိဉာဥ်ဂိုဏ်းမှ ခြုံခိုတိုက်ခိုက်ခဲ့ရာ တစ်စုံတစ်ဦးမှ ကယ်တင်ခဲ့ကြောင်း ကြားသိရသည့်အတွက် အလွန်ကျေးဇူးတင်မိသည်။ သို့သော် သူ့သမီးကို ကယ်တင်ခဲ့သူမှာ လူသားမျိုးနွယ်ဝင်တစ်ဦးဖြစ်ကြောင်းသိလိုက်ရသည်။ ထို့အပြင် ထိုလူသားမျိုးနွယ်ဝင်တွင် မည်သည့်ကျင့်ကြံရေးအဆင့်မျှ ရှိမနေပေ။

ယင်းကြောင့် လျန်ယွမ်ဟွာသည် အနည်းငယ်စိတ်တိုင်းမကျဖြစ်လျက် သူ့ကို အဝေးသို့ပြန်ပို့ရန် စီစဥ်နေခြင်းဖြစ်ရာ လျန်ယွင်ထင်းသည် ဖခင်ဖြစ်သူနှင့် စကားများပြီးမှ အဆုံးသတ်တွင် ဤလူအတွက် စားပွဲတစ်ခု စီစဥ်ပေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော် လူသားမျိုးနွယ်စုဝင်က သူ့ပတ်ဝန်းကျင်ရှိ လူများစွာ၏ ရောင်ဝါကိုမြင်လျက်နှင့် ဤမျှ တည်တည်ငြိမ်ငြိမ်ဖြစ်နေလိမ့်မည်ဟု၏ သူမထင်ထားခဲ့ပေ။

ဤသည်က လျန်ယွမ်ဟွာကို အလွန်အမင်းအံ့အားသင့်စေသည်။

ယွင်ထင်းပြောခဲ့သည့်အတိုင်းပင် ဤလူသည် ကျင့်ကြံမှုအဆင့်မရှိသော်လည်း၊ သူ၏ ခွန်အားက အလွန်ကြောက်မက်ဖွယ်ကောင်းနေခြင်းဖြစ်နိုင်သလော။

လျန်ယွင်ထင်းသည် ရွှယ်အန်းအတွက် ဝိုင်တစ်ခွက်ကို ကိုယ်တိုင်ဖြည့်၍ ကမ်းပေးလိုက်သ်ည။

"စီနီယာ ဒီခွက်က ရှင့်ကို ဂုဏ်ပြုဖို့ပါ”

ရွှယ်အန်းက အနည်းငယ် ပြုံး၍ ခွက်ကို ကိုင်ကာ သောက်တော့မည့်အခိုက်၌ ဆိုးဝါးသော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

“ဟားဟား လူသားမျိုးနွယ်ရဲ့ အဆင့်နိမ့်တစ်ယောက်က ဒီပွဲမှာ ဘာလို့ ထိုင်ခွင့်ရတာလဲ”

All Chapters