အခန်း (၅၇၇-၅၇၉)
Vol. 39 Ch. 577-579
အခန်း(၅၇၇) မတွန်းလှန်နိုင်သော အရာကား အဘယ်နည်း။
ထိုအချိန်တွင်၊ ပါ့ဖန်တောင်ပေါ်ရှိ ထူးဆန်းသော ဖြစ်စဉ်များသည် တစ်မြို့လုံးကို ထိတ်လန့်စေသည်။ မရေမတွက်နိုင်သော အလင်းတန်းများသည် ကောင်းကင်သို့ ပျံတက်သွား၍ ပါ့ဖန်တောင်ဆီသို့ ဦးတည်သွားခဲ့သည်။
လေကိုဖြတ်၍ မပျံသန်းနိုင်သော ကျင့်ကြံသူအများစုက ပြိုင်မြင်းများ နှင့် ကျားကျားသစ်ကဲ့သို့ ဆန်းကြယ်သားရဲများကို စီးနင်းကာ မြေပြင်ပေါ်တွင် အရူးအမူးပြေးလွှားနေကြသည်။ အဆုံးတွင်၊ ပါ့ဖန်မြို့မှ ကျင့်ကြံသူများက ၎င်းတို့၏ အသိုက်များကို ရွှေ့ပြောင်းခြင်းတွင် သုတ်သင်ခဲ့သည်ဟု ဆိုနိုင်သည်။
မှန်သည်။ ရှေ့မှလူများတွင် ပုခုန်းချန်နှင့်ချန်နျောင်ဟောက်ယန်တို့ကဲ့သို့သော အာဏာကြီးသူများ ပါဝင်သည်။
ထိုအချိန်တွင် ၎င်းတို့သည် ပါ့ဖန်တောင်ပေါ်သို့ ပြေးတက်သွားကြသည်။
လူတိုင်း၏မျက်လုံးများရှေ့တွင် ကြီးမားသော ကောင်းကင်တံခါးကြီးတစ်ခု ပေါ်လာကာ ယင်းကာ အမြင့် တစ်ရာကျန်းကျော် ရှိသည်။ ဤတံခါးသည် ခမ်းနားထည်ဝါ၍ ၎င်းအပေါ်တွင် မှုန်မှိုင်းသော အဆင်းအသွေး မြောက်မြားစွာနှင့် ရှုပ်ထွေးသော မန္တန်များဖြင့် အနုစိတ်ထွင်းထုထားသည်။ တောက်ပသောအလင်းရောင်များကြားတွင် ကောင်းကင်နှင့်မြေကြီး၏ အံ့သြဖွယ်မြင်ကွင်းများ ထွက်ပေါ်လာသည်။
ပုခုန်းချန်နှင့် အခြားလူများ အားလုံးသည် လမ်းကြောင်းတွင် ရပ်တန့်သွားကာ မျက်နှာများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။
“ဒါက စစ်မှန်တဲ့ အင်မော်တယ် အမွေအနှစ်တွေလား” ပုခုန်းချန်က အော်လိုက်သည်။
သူ့ဘေးမှ ဝူချီရှက ပြင်းပြင်းထန်ထန် ကဲ့ရဲ့၏။
"အရင်ရောက်တဲ့သူ အရင်ယူကြေးပဲ။ ဒါက ငါ့ရဲ့ ဝိဉာဉ်ရိုင်းဂိုဏ်း"
ထိုသို့ဖြင့် သူက ကြိုတင်ကာ ချီတက်သွားသည်။
သို့သော် လမ်းတစ်ဝက်သို့ ဖြတ်ပြီးသည်နှင့် တားဆီးခံလိုက်ရ၏။
“သေစမ်းပါ"
မိုးခြိမ်းသံမြည်ပြီးနောက် ဝူချီရှသည် ဟန်ချက်ထိန်းနိုင်ရန် ခြေလှမ်းအနည်းငယ်နောက်ဆုတ်သွားပြီးနောက် ရှေ့ဘက်သို့ အလွန်တင်းမာသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
"ဘယ်သူလဲ"
ထိုအချိန်တွင် လျန်ယွင်ကျီနှင့် လျို့ခယ့်ခယ်တို့လည်း ရောက်လာကြသည်။
အားလုံးက ဝိုင်းကြည့်ကြသည်။
ကောင်းကင်တံခါးတွင် နောက်ကျောသို့ လက်နှစ်ဖက်ယှက်ကာ ရပ်နေသော လူတစ်ယောက်ကို မြင်လိုက်ကြရ၏။
အဝေးမှ မျက်နှာကို မြင်ရန် ခက်ခဲသော်လည်း သူ၏ နက်နဲ တည်ငြိမ်သော ဖြစ်တည်မှုကိုကြည့်ရုံဖြင့် သူသည် သာမန်လူမဟုတ်ဟု ပြောနိုင်သည်။
ဝူချီရှ၏ မျက်လုံးများ မှေးမှိန်သွားကာ သူနောက်တစ်ကြိမ် လှောင်ပြောင်လိုက်သည်။
"ငါ့ရဲ့ ဝိဉာဉ်ရိုင်းဂိုဏ်းကို ဘယ်သူက တားဆီးရဲတာလဲ”
သို့သော် လျန်ယွင်သည် သူ့မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ဖုံးလွှမ်းနေကာ မျက်နှာပေါ်တွင် တင်းမာသော အမူအရာ ရှိသည်။
ရွှယ်အန်းသည် အလွန်လျင်မြန်စွာ ရောက်ရှိလာကာ တစ်ချက်တည်းဖြင့် သတ္တမမြောက် သားတော်ကို ချေမှုန်းပစ်ခဲ့သည်။
လျို့ခယ့်ခယ်က စကားတစ်ခွန်းမျှ မပြောဘဲ ရိုးရှင်းစွာ ပြုံးကာ ရုပ်သေးအပေါ်မှ တိတ်တဆိတ် စောင့်ကြည့်နေသည်။
ရွှယ်အန်းက သူ့အကြည့်ကို ရုတ်သိမ်းကာ ခေါင်းယမ်းလိုက်သည်။
"မင်းမှာ အံ့ဩစရာကောင်းတဲ့ အရည်အချင်းတွေ ရှိတယ်။ ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမတွေက မင်းကို ကန့်သတ်ထားတာ သနားစရာပဲ၊ မင်းတစ်သက်လုံး စစ်မှန်တဲ့ အင်မော်တယ် နယ်ပယ်ထဲကို ဘယ်တော့မှ မလှမ်းမကမ်းနိုင်အောင် တားဆီးလိုက်ထားတယ်"
သူ့စကားကြောင့် လူအုပ်ကြီး အံ့သြသွားရသည်။
ဝူကွီရှာက အေးစက်စွာ ဟစ်အော်လိုက်၏။
"စိတ်ကိုလှည့်စားဖို့ ကြိုးစားနေတာ သေသွားစမ်း”
သူက သူ့လက်ကို မြှောက်ကာ ပြင်းထန်၍ ဒေါသကြီးသော ဝိညာဉ်များစွာဖြင့် ရွှယ်အန်းဆီသို့ တိုက်ရိုက် ချီတက်လာသည်။
ဝိဉာဉ်ရိုင်းဂိုဏ်းမှ တပည့်များအသုံးပြုသည့် ဤလှုပ်ရှားမှုသည် ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သော်လည်း ဝူချီရှမှ ကိုင်တွယ်လိုက်သောအခါ ၎င်း၏စွမ်းအားသည် အဆတစ်ရာပို၍ကြီးမားလာသည်။
အေးစက်သောလေသည် လှိုင်းလုံးကြီးတစ်ခုအဖြစ် ထွက်ပေါ်လာကာ ကျယ်ပြောလှသော မုန်းတီးဖွယ်ပင်လယ်ပြင်ကြီးအဖြစ် ရွှယ်အန်းထံ ပြေးသွားခဲ့သည်။
ရွှယ်အန်းသည် တစ်စုံတစ်ခုကို လေ့လာနေသကဲ့သို့ ငုံ့ကြည့်နေဆဲဖြစ်သည်။ ဤသည်ကိုမြင်သောအခါ
ဝူချီရှ၏ မျက်နှာတွင် အပြုံးတစ်ခုပေါ်လာ၏။
တစ်စုံတစ်ယောက်သည် သူ၏ ပြင်းထန်သော ဝိညာဉ်များ၏ ဝိုင်းရံခြင်းကို ခံခဲ့ရသည်နှင့် တစ်ပြိုင်နက် ရွှေအင်မော်တယ်ထက်ဝက် အဆင့်ဆိုလျှင်ပင် သေရပေလိမ့်မည်ဖြစ်သည်။
သို့သော် နောက်တစက္ကန့်တွင် သူ့မျက်နှာပေါ်မှ အပြုံးက အေးစက်သွားသည်။
ရွှယ်အန်းက ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ရာ သူ့မျက်လုံးများအတွင်းမှ တောက်ပသော အလင်းရောင်တစ်ခု လင်းလက်လာသည်။
“သေစမ်း"
ထို အလင်းရောင်နှင့်အတူ
အလွန်ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို ကြုံတွေ့ရသကဲ့သို့ ပြင်းထန်သော ဝိညာဉ်များသည် အော်ဟစ်ကာ ထွက်ပြေးကြသည်။
ဝူချီရှက သူ့မျက်လုံးများကိုပင် မယုံနိုင်လောက်အောင်ဖြစ်နေသည်။
လုံ့လဝီရိယနှင့် သန့်စင်ထားသည့် ဝိဉာဉ်ရိုင်းများကကြောက်လန့်ကုန်ကြသလော။
စစ်မြေပြင်ကို စွန့်ပယ်ကာ သူ၏ ထိန်းချုပ်မှုမှ လွတ်မြောက်ရန်ပင် ရုန်းထွက်ခဲ့ကြသေးသလား။
ဝူချီရှသည် ဝိညာဉ်များကို ပြန်ခေါ်ရန် ကြိုးပမ်းလျက် အမိန့်ကို အကြိမ်ကြိမ် ပေးခဲ့သည်။
သို့သော် စိတ်ဝိညာဉ်ပျက်စီးသည့်အထိ နှိပ်စက်ညှဉ်းပန်းခံရသည့်တိုင် လှည့်ပြန်၍ ရွှယ်အန်းကို ရင်ဆိုင်ရန် မည်သူမျှ သတ္တိမရှိကြပေ။ တခဏချင်း၌ပင် ပြင်းထန်သည့် ဝိဉာဉ် အများစု သုတ်သင်ခံခဲ့ရကာ အားလုံးက အဝေးတွင် ပုန်းအောင်း၍ တုန်တုန်ယင်ယင်နှင့် ခေါင်းမမော့ရဲကြတော့ပေ။
အခင်းဖြစ်ပွားရာနေရာ၌ လုံးဝတိတ်ဆိတ်သွားသည်။ ပုခုန်းချန်ပင်လျှင် အံ့အားသင့်စွာဖြင့် အော်လိုက်မိသည်။ ဝူချီရှသည် အလွန်သည်းခံတတ်ကာ ရက်စက်သော်လည်း သူ၏ ခွန်အားက အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်။
မထင်မှတ်ပဲ သူသည် ဤလူသားမျိုးနွယ်၏ လက်ထဲသို့ ဆက်တိုက်ကျသွားသည်။ သူ၏ဂုဏ်သတင်းကို တည်ဆောက်ခဲ့သည့် ဝိဉာဉ်ရိုင်းများကပင် ထိရောက်မှု မရှိခဲ့ပေ။ ဝူချီရှ၏ မျက်နှာသည် ပြာယာခတ်နေကာ သူစကားပြောခါနီးတွင်၊ ရွှယ်အန်းက မြေပြင်ပေါ်တွင် နောက်ကျောသို့ လက်နှစ်ဖက်ယှက်၍ ရပ်ကာ လက်ရှိ ကျင့်ကြံသူအားလုံးကို မော့ကြည့်လိုက်သည်။
သူ့အကြည့်များ ဝေ့ဝိုက်သွားသည့်အခါတိုင်း ကျင့်ကြံသူအားလုံးက ၎င်းတို့၏ နှလုံးသားထဲတွင် အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဒါတွေက ဘယ်လိုမျက်လုံးမျိုးလဲ။
သေခြင်းတရားကို ကိုင်စွဲထားသည့် ကောင်းကင်ကိုးပါးမှ ဧကရာဇ်မင်းတစ်ပါးသည် စက်ဆုပ်ဖွယ်ကောင်းသော ရာဇ၀တ်ကောင်များကို ကြည့်နေသကဲ့သို့ ၎င်းတို့သည် အေးစက်ကာ လေးနက်သော်လည်း အလွန်တရာ သြဇာကြီးမားသည်။ လူများက ဒူးထောက်ကာ အရှုံးပေးချင်လာကြသည်။
အထူးသဖြင့် လျန်ယွင်ကျီသည် ထိုအကြည့်ဖြင့် ကြည့်ခံရပြီးနောက် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားကာ ချွေးရည်များ ရွှဲရွှဲစိုလျက် သူမ၏ အဝတ်အစားများ ချက်ခြင်း ရွှဲနစ်လာသည်။
ထိုအချိန်တွင် ရွှယ်အန်း၏ ပါးစပ်ထောင့်တွင် အပြုံးအနည်းငယ် ပေါ်လာသည်။
"အခုချိန်ကစပြီး ဒီနေရာက ငါပိုင်တယ်။ မင်းတို့အားလုံး နောက်ပြန်ဆုတ်ကြ"
ထိုစကားများပြောလာသောအခါ တက်ရောက်သူအားလုံး၏ မျက်နှာများ ပြောင်းလဲသွားသည်။ ပုခုန်းချန်ပင်လျှင် ဒေါသတကြီး နှာခေါင်းရှုတ်လိုက်သည်။ ချန်နျောင်ဘုရင်နိုင်ငံ၏ နိုင်ငံတော်အကြီးအကဲ ကွမ်ခိုင်မင်က ကျယ်လောင်စွာပြောလိုက်၏။
"ဒါက ရဲရဲတင်းတင်းပြောနေတာပဲ။ စစ်မှန်တဲ့ အင်မော်တယ် အမွေအနှစ်တွေကို မင်းတစ်ယောက်တည်း လက်ဝါးကြီးအုပ်ထားနိုင်မယ်ထင်လား။ သတိထားပါ၊ မဟုတ်ရင် မင်းစားနိုင်တာထက်ပိုစားရင် စားပိုးနင့်ပြီးသေရလိမ့်မယ်”
ရွှယ်အန်းက ထိုလူကို ကြည့်လိုက်သည်။
"မင်းကဘယ်သူလဲ”
"ကျုပ်က ချန်နျောင်ဘုရင့်နိုင်ငံတော်ရဲ့ အကြီးအကဲ ငါ့နာမည်က ကွမ်…"
သူ့စကားအဆုံးမသတ်ခင်တွင် ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"လုံလောက်ပြီ၊ ထပ်ပြောစရာ မလိုတော့ဘူး"
ကွမ်ခိုင်မင်က ဤသည်က မည်သည်ကိုဆိုလိုကြောင်းမသိသေးသဖြင့် တုံ့ဆိုင်းသွားသည်။
ရွှယ်အန်းသည် ရှေ့သို့ တိုးလာကာ အမြောက်ကျည်ကဲ့သို့ အရှိန်ဖြင့် လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
သွားများ ကျိန်းစေသည့် အရိုးကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက်၊ ကွမ်ခိုင်မင်၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို ရွှယ်အန်းက လုံးဝခွဲခြေပစ်လိုက်သည်ကို မြင်လိုက်ကြရကာ အောက်ပိုင်းတစ်ခြမ်းသည်မူ မထိရသေးပေ။
သွေးများ မိုးရွာသကဲ့သို့ ရွာချလာသည်။
လူတိုင်းက မျက်စိရှေ့တွင် မှုန်ဝါးနေသကဲ့သို့ ခံစားလိုက်ရပြီးနောက်… ပြန်မြင်ရသောအခါ ကွမ်ခိုင်မင် သေနေပြီဖြစ်သည်။
ရွှယ်အန်းသည် အမည်မသိနည်းဖြင့် သူ့မူလနေရာသို့ ပြန်သွား၏။
"မင်းသေခါနီးအချိန်မှာ မင်းနာမည်ကို ဘယ်သူက ဂရုစိုက်မှာလဲ။"
ဝူချီရှနှင့် ရွှယ်အန်းရဲ့တိုက်ပွဲက လူတိုင်းကို ထိတ်လန့်ကာ ပဟေဠိဖြစ်စေခဲ့လျှင် ဤလှုပ်ရှားမှုသည် တစ်ကယ့်ကို မြေကြီးပြိုကျစေကာ ကျောရိုးကို အေးစိမ့်သွားစေလောက်အောင်ပင်ဖြစ်သည်။
ချန်နျောင်ဘုရင် ချန်နျောင်ဟောက်ယန်၏ မျက်နှာက ပြာမှုန်သွားသည်။
“အရူး…”
ရွှယ်အန်းသည် အေးအေးဆေးဆေး အနည်းငယ် ပြုံးလိုက်၏။ "ခင်ဗျား အခြား အသစ်အဆန်းစကားလုံးလေးများ သုံးလို့ ရမလား၊ ခင်ဗျားက ချန်နျောင်နိုင်ငံရဲ့ ဘုရင်လား”
“တကယ်ပဲ ငါက…”
ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ငါပြောသလိုပဲ နာမည်တွေနဲ့ အချိန်ဖြုန်းနေစရာ မလိုဘူး။ ငါ အဲ့တာတွေကို မမှတ်မိဘူး။ မင်းကို မေးချင်တာက ချန်နျောင်ကျန့်က မင်းသမီးလား"
ချန်နျောင်ဟောက်ယန်က တခဏမျှ ထိတ်လန့်သွားသည်။
"ဟုတ်တယ်… မဟုတ်မှ ကျန့်အာကို မင်းကိုသတ်လိုက်တာလား"
ချန်နျောင်ဟောက်ယန်က ချက်ချင်းပင် နားလည်သွားကာ ကျယ်လောင်စွာ မေးလိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ငါ သူ့ကိုသတ်ခဲ့တာပဲ။ အဲ့တုန်းက သူက ဝူဝမ်ဂိုဏ်းထဲက တစ်ယောက်ယောက်နဲ့ အတူရှိနေခဲ့တာ ငါ သူတို့အားလုံးကိုဂရုစိုက်ပေးခဲ့တယ်"
ပုခုန်းချန်သည် ထိုစကားကိုကြားလိုက်သည်နှင့် သူမ၏အမူအရာ တင်းမာလာကာ မျက်လုံးများက တောက်ပသော ဓားအလင်းဖြင့် လင်းလက်သွားသည်။
“ဒါဆိုနင် ငါ့ညီနောင်ထျန်ယွမ်ကိုသတ်ခဲ့တာပဲ"
ရွှယ်အန်းက ခေါင်းညိတ်လိုက်ပြီးနောက် သူ့အပြုံးက ပိုအေးစက်လာသည်။
"သူတို့ကို ဘာလို့သတ်လိုက်တာလဲ သိလား"
"ဘာလို့လဲ" မေးသူမှာ လျို့ခယ့်ခယ်ဖြစ်ကာ သူမ၏မျက်နှာတွင် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။
"မင်းတို့က လူသားမျိုးနွယ်စုကို ညှဉ်းဆဲပြီး ဒါဟာ သဘာဝပဲလို့တောင် ထင်ခဲ့မိလို့ပဲ၊ ဒီနေ့ လူသားမျိုးနွယ်စုက အသေးအဖွဲမဟုတ်ဘူးဆိုတာကို မင်းကို အသိပေးဖို့ ငါရောက်လာတယ်၊ ပြီးတော့ လုပ်တဲ့သူတွေကို သနားပေးစရာအကြောင်းမရှိဘူး"
ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ထိုအချိန်တွင် ကျင့်ကြံရေးအဆင့်နိမ့်သော ကျင့်ကြံသူများလည်း ရောက်ရှိလာကြကာ အားလုံးက အဝေးသို့ ကြည့်ရှုနေကြသည်။
ရွှယ်အန်းက စွမ်းအားကြီးသူများစွာကို တစ်ယောက်တည်း ရင်ဆိုင်ရသည်ကို မြင်သောအခါ ၎င်းတို့အားလုံး၏ မျက်နှာများတွင် ထိတ်လန့်သော အမူအရာများ ပေါ်လာသည်။
အထူးသဖြင့် ရွှယ်အန်းက ထိုစကားများပြောပြီးနောက်တွင် ပြင်းထန်သော ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။
၎င်းတို့ကြားတွင်၊ အချို့က ၎င်းတို့ကြားသည့်အရာကို အထင်အမြင်သေးစွာဖြင့် “လူသားမျိုးနွယ်စု…” ဟု ကဲ့ရဲ့လှောင်ပြောင်ကြသည်။
စကားမဆုံးခင်၊ ရွှယ်အန်း၏ ပင်လယ်နှင့်တူသော နတ်အာရုံများ ပျံ့နှံ့သွား၍ တခဏချင်းတွင် စကားပြောသူ၏ ဝိညာဉ်က ပျက်သုဉ်းသွားသည်။
သူ့အလောင်း ပြင်ပဒဏ်ရာမရှိဘဲ မြေပြင်ပေါ်သို့ တိတ်တဆိတ် လဲကျသွားသည်။ ဤ ထိတ်လန့်တုန်လှုပ်ချောက်ချားဖွယ်ရာ မြင်ကွင်းသည် မရေမတွက်နိုင်သော လူများကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။
တစ်ချိန်တည်း၌ပင် ရွှယ်အန်းက ရှေ့တစ်လှမ်းတိုးခဲ့သည်။
ဤခြေလှမ်းဖြင့် ပုခုန်းချန်နှင့် အခြားသူများ မသိစိတ်က နောက်ပြန်ဆုတ်သွားခဲ့သည်။ ၎င်းတို့အားလုံးက ရွှယ်အန်းကို ထိတ်လန့်စွာကြည့်ကြသည်။
မတွန်းလှန်နိုင်သော အရာကား အဘယ်နည်း။
သူရှေ့တစ်လှမ်းတိုးလိုက်ရုံဖြင့် တစ်ကမ္ဘာလုံး နောက်ပြန်ဆုတ်သွားသည်။
ဤသည်ကား…. စစ်မှန်သော ပြိုင်ဘက်ကင်းမှုပေတည်း။
အခန်း(၅၇၈) လူသားမျိုးနွယ်စုရဲ့ ကံကြမ္မာကို ဘယ်သူမှ ဆုံးဖြတ်လို့မရဘူး
ပုခုန်းချန်သည် နောက်ဆုံးတွင် သူမကိုယ်သူမ မထိန်းနိုင်ဘဲ အေးစက်စက်အော်လိုက်သည်။
"ငါ့မောင်ကို သတ်တဲ့ကောင် ငါ့ဓားကို ခံပေတော့”
ဤသို့ပြောနေစဥ် သေးငယ် သိမ်မွေ့သော ဓားတစ်ချောင်းသည် ပုခုန်းချန်၏ မျက်ခုံးများကြားတွင် ရုတ်တရက် ပေါ်လာကာ ယင်းသည် ဟယ့်ထျန်ယွမ်ထက်ပင် ပိုမို ထက်မြက်သည်။ သူ၏ လက်ကို လှုပ်ယမ်းလိုက်ရုံဖြင့် သေးငယ်သိမ်မွေ့သော ဓားက ထက်ခြမ်းကွဲသွားကာ လေးခုဖြစ်၍ မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သောဓားငယ်များပေါ်လာလျက် ရွှယ်အန်းဆီသို့ တိုက်ရိုက်ချီတက်ကာ ဓားချီနဂါးအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုကဲ့သို့ စွမ်းပကားကြောင့် ဝူချီရှနှင့် လျန်ယွင်ကျီကဲ့သို့သော အခြားသူများ အားလုံး သတိထားမိသွားကြသည်။
တကယ်ပင် ဝူဝမ်ဂိုဏ်း၏ နံပါတ်တစ် တပည့်ဖြစ်ရန် ထိုက်တန်ပေသည်။ ဤလှုပ်ရှားမှုတစ်ခုတည်းဖြင့်ပင်
အလယ်ပိုင်းပြည်နယ်၌ ချီးကျူးခံရပေလိမ့်မည်။ မရေမတွက်နိုင်အောင်များပြားလှသော ဓားငယ်များဖြင့် ဖွဲ့စည်းထားသည့် ဧရာမနဂါးကြီးသည် ရွှယ်အန်းဆီသို့ ဦးတည်ကာ ထိုက်တောင်၏ ပြင်းထန်သော စွမ်းအားဖြင့် ခုန်ဆင်းသွားသည်။ ပုခုန်းချန်၏ မျက်နှာက အေးစက်နေ၍ ဘာသိဘာသာ မျက်နှာထားမျိုးဖြင့် လေထဲတွင်ငြိမ်သက်စွာရပ်နေသည်။
ဤတိုက်ခိုက်မှုအောက်တွင် ဤလူသားမျိုးနွယ်ဝင်က မုချအသက်ရှင်နိုင်လိမ့်မည်မဟုတ်ဟု တွေးလျက် ဝူချီရှ၏ နှုတ်ခမ်းတွင် အေးစက်သောအပြုံးတစ်ခုပေါ်လာသည်။ သို့သော် ထို အချိန်တွင်
နဂါးခေါင်းအနီးသို့ ရောက်ရှိလာသောအခါ၊ ရွှယ်အန်းသည် ထူးမခြားနားသောအမူအရာဖြင့် မျှော်ကြည့်ကာ လက်ကိုမြှောက်လျက် နဂါးခေါင်းပေါ်သို့ တိုက်ရိုက်ဖိလိုက်သည်။
ဤသည် အလွန် ပေါ့ပါးလွန်းလှသည်။
ဓားများဖြင့် အသွင်ပြောင်းထားသော ဧရာမနဂါးကြီးသည် သားရဲကြီးတစ်ကောင်ထံ၌ အရေးကြီးသော နေရာသို့ တိုက်ခိုက်ခြင်းခံလိုက်ရသကဲ့သို့ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းလိမ်ကာ ပြင်းထန်စွာ ရုန်းကန်ခဲ့နေတော့သည်။
တစ်ချိန်တည်းမှာပင်၊ ပုခုန်းချန်သည် လေထဲတွင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ သူ့မျက်နှာက ရုတ်တရက် ဖြူဖျော့သွားကာ သူ့ပါးစပ်ထောင့်မှ သွေးများ တဖြည်းဖြည်း စိမ့်ထွက်လာသည်။
ဒီတိုက်ခိုက်မှုကြောင့် သူလည်း ဒဏ်ရာအပြင်းအထန်ရသည်မှာထင်ရှားလှသည်။
သို့သော်လည်း ပုခုန်းချန်၏ ဓားနှလုံးသားသည် သံကဲ့သို့ မာကျောသဖြင့် ဒဏ်ရာဒဏ်ချက် ခံရသော်လည်း သူမ၏အမူအရာမှာ အနည်းငယ်မျှ မပြောင်းလဲဘဲ အေးစက်စွာ အော်လိုက်သည့်အတိုင်း မျက်လုံးများ တောက်ပလာခဲ့သည်။
"ဓားက ဝူဝမ်အဖြစ်ပြောင်းလဲခြင်း"
ဘမ်း
ဧရာမနမဂါးကြီးက ချက်ခြင်းပြိုကွဲသွားပြီးနောက် တိုင်းတာနိုင်သော အကန့်အသတ်မရှိသော သေးငယ်သောဓားရှည်များသည် ရွှယ်အန်းတစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။
ချက်ခြင်းပင် နေရာတစ်ခုလုံး တိတ်ဆိတ်သွားကာ လေထုအလယ်သို့ ဓားတိုးသံများမှတပါး အခြားအသံများကို မကြားရတော့ပေ။
"သူသေပြီလား" တစ်ယောက်ယောက်က မသေမချာစွာဖြင့် မေးလိုက်သည်။
“သူ သေကိုသေရမယ်။ ဒီလောက် ဓားချက်နဲ့ ထိသွားတာ။ ရွေအင်မော်တယ်အဆင့်မှာ ရှိရင်တောင် သေရလိမ့်မယ်” အခြားသူတစ်ဦးက သဘောတူစွာပြောသည်။
“ဝူဝမ်ဂိုဏ်းက အခုထိလွှမ်းမိုးနိုင်သေးတဲ့ပုံပဲ။ ဒီပုချန်းခုန်းက အနောက်မြောက်ဒေသက လူငယ်မျိုးဆက်တွေထဲမှာ ရှေ့ဆုံးလို့ ပြောလို့ရတယ်။" တစ်စုံတစ်ယောက်က သက်ပြင်းချမိသည်။
ဤဆွေးနွေးမှုများကြားတွင် ဝူချီရှက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"လှည့်ကွက်တွေကစားနေတာကြာပြီ၊ ဒါတောင် နောက်ဆုံးမှာ ဓားအောက်မှာ ဝိညာဥ် ဖြစ်သွားရသေးတာပဲမလား”
လျန်ယွင်ကျကျီလည်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ဤလူသေပြီဖြစ်၍ အရာအားလုံးကို ကိုင်တွယ်ရသည်က ပိုမိုလွယ်ကူသွားပေလိမ့်မည်။ လျို့ခယ့်ခယ်ကသာ နဂါးမြွေတစ်ကောင်ကဲ့သို့ လှုပ်လှုပ်ရွရွဖြစ်နေသော ဓားပင်လယ်ကို စူးစိုက်ကြည့်နေသည်။
ဤလျှို့ဝှက်ဆန်းကြယ်သောလူသည် ဤမျှလောက်လွယ်ကူစွာသေနိုင်ပါမည်လော။ ချန်နျောင်ဟောက်ယန် ကလည်း ဤအခိုက်အတန့်တွင် ပြောလိုက်သည်။
“လူသားမျိုးနွယ်စု ကို ကောင်းကင်ဘုံက အပြစ်ပေးထားတာကြောင့် သူတို့က ကျင့်ကြံနိုင်တဲ့ အစွမ်းအစမရှိဘူး။ ဒါက သူတို့ ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် ပြစ်ဒဏ်ပဲ။ လူသားမျိုးနွယ်စုက ကောင်းကင်ကို ဖီဆန်ရဲသလား”
သူ့အသံထွက်ပေါ်လာပြီး မကြာမီ၌ပင် အဆုံးမဲ့ သေးငယ်သော ဓားများကြားမှ တည်ငြိမ်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။
“လူသားမျိုးနွယ်စုရဲ့ ကံကြမ္မာကို အခြားဘယ်သူတွေကမှ ဘယ်တုန်းကမှ မဆုံးဖြတ်ဖူးဘူးကွ။ ကောင်းကင်ကို အံတုတော့ရော… ဘာဖြစ်သလဲ”
ဒါက ဘယ်လိုဖြစ်နိုင်မလဲ။
ဤအသံကိုကြားသောအခါ ရှိနေသောသူအားလုံး အံ့သြသွားကြသည်။ အထူးသဖြင့် ပုခုန်းချန်က ထိတ်လန့် တကြားဖြစ်နေ၏။
ထို့နောက် အဆုံးမဲ့ဓားပင်လယ်ထဲမှ လူတစ်ယောက် လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။
သူဖြတ်သွားသည့်နေရာ၌ ထိုမငြိမ်မသက်သောဓားငယ်များသည် သူတို့၏ ထိန်းချုပ်သူကို မြင်လိုက်ရသကဲ့သို့ ဦးညွှတ်ကာ ၎င်းတို့၏ဓားများကို လက်အောက်ခံအဖြစ် နှိမ့်ချလိုက်သည်။
ရွှယ်အန်းက ဓားပင်လယ်ထဲမှ ရုန်းထွက်၍ ကွင်းအလယ်တွင် ရပ်နေခဲ့သည်။
သေးငယ်သိမ်မွေ့သော ဓားများက ပြိုကွဲကွဲအက်သွားကာ ဓားအမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲလာသည်။
ပြိုကွဲပျက်စီးမှု တစ်ခုစီနှင့်အတူ ပုခုန်းချန်၏ မျက်နှာ အရောင်က ဖြူဖျော့လာသည်။
ဓားငယ်လေးများက ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားသောအခါ ပုခုန်းချန်က သွေးတစ်ပွက် အန်ထုတ်၍ တစ်ကိုယ်လုံး ပြိုလဲလုနီးပါး ယိမ်းယိုင်သွားကာ ဒဏ်ရာကြီးကြီးမားမား ခံစားခဲ့ရကြောင်း ထင်ရှားလာသည်။
ရွှယ်အန်းသည် ချန်နျောင်ဟောက်ယန်ကိုကြည့်ကာ အေးစက်စွာပြုံးလိုက်သည်။
“ခုဏကတင် စကားပြောလိုက်တာ မင်းလား”
ချန်နျောင်ဟောက်ယန်က ဒေါသတကြီး တုံ့ပြန်လိုသော်လည်း
အကြောင်းတစ်ခုခုကြောင့် ရွှယ်အန်း၏ အကြည့်ကို တွေ့လိုက်သောအခါ သူ့တစ်ကိုယ်လုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရ၍ သူပြောချင်နေသည့် စကားများသည် လည်ချောင်းတွင် နစ်နေကာ ထွက်မလာနိုင်တော့ပေ။
ချန်နျောင်ဟောက်ယန်က မည်သည်ကို ဆိုလိုနေခြင်းဖြစ်ကြောင်း မသိသေးပေ။
ထို့နောက် ရွှယ်အန်းက သူ့လက်ကိုဆန့်ထုတ်ကာ အေးစက်စွာပြောလိုက်သည်။
“ဓား.. လာ”
ဓားငယ်များမှ ထွက်ပေါ်လာသော တောက်ပသည့်ဓားအလင်းများ တဟုန်းဟုန်းတောက်လောင်လာကာ ချက်ချင်းပင် ဓားရှည်တစ်လက်အဖြစ်သို့ပြောင်းလဲ၍ ရွှယ်အန်း၏လက်ထဲသို့ တိုက်ရိုက် ပျံသန်းသွားသည်။
ထို့နောက်တွင်၊ ရွှယ်အန်းက အေးစက်စွာပြောလိုက်သည်။
“လူသားမျိုးနွယ်စုကို အရိုအသေမဲ့တာက မင်းကစတာပဲ”
ထိုသို့ပြောပြီးသည်နှင့် ဓားကို လှုပ်ရှားလိုက်ရာ…
ဧရာမသတ္တဝါကြီးက ကောင်းကင်နှင့်မြေကြီးကို ပိုင်းခြားထားသကဲ့သို့ ကြယ်များကဲ့သို့ တဖျပ်ဖျပ်လတ်တောက်ပနေသည့် ဓားအလင်းရောင်နှင့် နေမင်းကြီးသည် သူ့ကို တိုက်ခိုက် ခုတ်လှဲလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ချန်နျောင်ဟောက်ယန်သည် ရှောင်တိမ်းရန် ကြံရွယ်ကာ ကျယ်လောင်စွာ အော်လိုက်သော်လည်း ဓား၏ အရှိန်သည် အလွန်မြန်သဖြင့် လူ၏ နားလည်နိုင်စွမ်း အကန့်အသတ်ကိုပင် ကျော်သွားခဲ့သည်။
ထိုဓားဖြင့် ထိုးနှက်ချက်ကြောင့် သူသည်အင်မော်တယ်အဆင့်၏ ချန်နျောင်ဟောက်ယန် ကို နှစ်ပိုင်းခွဲခဲ့သည်။
သွေးများ ဖြန်းခနဲ့ ပြန့်ကြဲသွားပြီးနောက် ခန္ဓာကိုယ်အကြွင်းအကျန်များက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ပုခုန်းချန် ဓားသွားကိုစူးစိုက်ကြည့်ကာ ပြာယာခတ်လျက် တစ်ကိုယ်လုံး တုန်လှုပ်နေသည်။
ထိုဓားချက်၏ရှေ့တွင် သူ၏ ယခင်က ဓားကျင့်ကြံမှုက ပြီးပြည့်စုံသော ဟာသတစ်ခု ဖြစ်လာခဲ့သည်။
ပုခုန်းချန်၏ ဓားနှလုံးသား ကွဲကြေသွားသောအခါ စူးရှသော အသံတစ်ခုကို ကြားလိုက်ရသည်။
လွန်ခဲ့သည့်ရာစုနှစ်၏ ထိပ်တန်းလူငယ်ကျင့်ကြံသူအဖြစ် အသိအမှတ်ပြုခံရသော ဝူဝမ်ဂိုဏ်း၏ ပထမဦးစားပေး အမွေဆက်ခံသူ ပုခုန်းချန်၏ဓားနှလုံးသားသည် အပိုင်းပိုင်းပြတ်တောက်နေကာ ကျင့်ကြံရေးအဆင့်က လုံးဝပျက်ဆီးသွားခဲ့သည်။ တစ်ချိန်တည်း၌ပင် ချန်နျောင်ဟောက်ယန်
အကြွင်းအကျန်များထက်၌ မီးခိုးရောင်အငွေ့များထွက်ပေါ်လာကာ ထွက်ပြေးသွားသည်။
သို့သော် ရွှယ်အန်းက နတ်အာရုံကို ဖြန့်ကျက်ကာ ချန်နျောင်ဟောက်ယန်၏ အကြွင်းအကျန်ဝိဉာဥ်ကို ချက်ချင်းသုတ်သင်ပစ်လိုက်သည်။ ဤနည်းဖြင့် ချန်နျောင်ဘုရင်နိုင်ငံတော်၏ ဘုရင်နှင့် ဝိဉာဥ်တို့က ထာဝရ အသက်ကင်းမဲ့သွား၏။
ထိုနေရာသည် သုဿာန်တစ်စပြင်ကဲ့သို့ တိတ်ဆိတ်သွားသည်။
ရွှယ်အန်းက ဘေးတွင်ရပ်နေသော ဝူချီရှကို လှည့်ကြည့်လိုက်သည်။
ဝူချီရှသည် တစ်ကိုယ်လုံး တုန်ခါကာ ချက်ချင်းပင် တောင်းပန်၏။
“သနားကြင်နာတတ်တဲ့ တာအိုကျင့်ကြံသူမိတ်ဆွ… ကျုပ်အသက်ကို သက်ညှာပေးပါ။ စစ်မှန်တဲ့အင်မော်တယ်အမွေအနှစ်တွေကို ကျုပ်မလိုချင်တော့ပါဘူး။ တောင်းပန်ပါတယ်”
ဝူချီရှက ရွှယ်အန်းသည် ကျင့်ကြံရေးအဆင့်မရှိသော်လည်း သူ၏ရုပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုနှင့် နတ်အာရုံက သာမာန်လူများ၏ နားမလည်နိုင်မှုထက်ကျော်လွန်နေသည်ကိုလည်း ကောင်းစွာနားလည်သည်။ ထို့အပြင် ဤဓားတိုက်ခိုက်မှုကြောင့် ဝူချီရှက မြင်လိုက်ရသည့်အရာများကို ကြောက်လန့်ကာ သူ၏ ပြိုင်ဆိုင်မှု စိတ်ဓာတ်ကို ချေဖျက်၍ သူ့အသက်ကို သက်ညှာပေးရန် စိတ်အားထက်သန်စွာတောင်းဆိုခဲ့သည်။
ထို့နောက် သူက လှည့်သွားတော့မည့်အခိုက်တွင်…
ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။
“မင်းအခုထွက်သွားဖို့ အရမ်းနောက်ကျနေပြီလို့ မထင်ဘူးလား”
ဖြည်းညှင်းစွာ လှည့်လိုက်သောအခါ ဝူကွီရှ၏ ခန္ဓာကိုယ် တောင့်တင်းလာကာ သူ့မျက်နှာပေါ်တွင် ရက်စက်သည့် အကြည့်များ ပေါ်လာသည်။
“တာအိုကျင့်ကြံသူမိတ်ဆွေ… မင်းတကယ်ပဲ မညှာမတာလုပ်ချင်တာလား”
ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်သည်။
"ဂုဏ်ယူပါတယ် မင်းထင်တာမှန်တယ်"
ဝူချီရှ၏ မျက်နှာတွင် ပြတ်သားမှုအငွေ့အသက်များပေါ်လာသည်။
"မင်းကို ငါ တကယ်ကြောက်တယ်လို့ မင်းထင်နေတာလား။ ကမ္ဘာကြီးကို ဖျက်ဆီးပစ်မယ့် နတ်ဆိုးသခင်"
နောက်ဆုံးတွင် ဝူချီရှသည် သူ၏ အပြင်းထန်ဆုံးသော ဝှက်ဖဲကို အသုံးပြုခဲ့သည်။
ဝူချီရှ၏နောက်တွင် ကြီးမားသော ပုံရိပ်ကြီးတစ်ခု ဖြည်းညှင်းစွာထွက်ပေါ်လာသည်။
ဤသည်မှာ လေးဘက်လေးတံသို့ မျက်နှာမူထားသော မျက်နှာလေးခုပါသော ငရဲနတ်ဆိုးသခင်ဖြစ်ရာ စိမ်းပုတ်ရောင်ခန္ဓာကိုယ်ရှိ၍ ကြီးမားသော ကြာပန်းကြီးပေါ်တွင် ထိုင်နေသည်။
အခြားသူများကိုမျက်နှာမူထားသည့် မျက်နှာက မျက်လုံးများကို မှိတ်ထားသည်။
နတ်ပုံရိပ်ပေါ်လာသည်နှင့် ဝူချီရှက သွေးစိမ်းများစွာကို အကြိမ်များစွာအန်ထုတ်လိုက်ရာ ဤလှုပ်ရှားမှုက သူ့ကို များစွာထိခိုက်စေသည်မှန်းသိသာသည်။
သို့ထိတိုင် ဝူချီရှ၏ မျက်နှာက အလွန် ကျေနပ်နေကာ ရက်စက်သည့်အပြုံးကို ပြုံးနေသည်။
“သားလေး ငါ့ကို ဒီအကွက်သုံးရအောင် အတင်းအကြပ်လုပ်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေလိုက်ပါ။ နတ်ဆိုးသခင်က ကမ္ဘာကြီးပေါ်ဆင်းသက်လာပြီကွ… မင်းတို့အားလုံးက ပုရွက်ဆိတ်တွေပဲ။ ကိုယ့် သင်္ချိုင်းကိုယ်သွားပေတော့”
အခန်း(၅၇၉) နတ်ဆိုးသခင်က ဘယ်လောက်ဆိုးဆိုး သူတို့အားလုံးကို ဖျက်ဆီးပစ်
ဝူချီရှ၏ စကားများအဆုံး၌ ငရဲနတ်ဆိုးသခင်က မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည် ။
ထိုမျက်လုံးများသည် အဆတစ်ရာကျော် မှောင်မိုက်နေကာ အဆုံးမဲ့ရက်စက်ကြမ်းကြုတ် ဆိုးသွမ်းမှုများ ပြည့်နေသည်။ ဤလောက၌ ငရဲသည် သူ့ကိုယ်သူကိုယ်ထင်ပြသကဲ့သို့ ငရဲနတ်ဆိုးသခင်၏အကြည့်ကြောင့် လေထုက ပိုမိုအေးစက်လာကာ ပို၍ ဆိုးဝါးလာသည်။
အနက်ရောင်ရောင်ဝါ၏ အရှိန်ပြင်းပြင်းဖြင့် ထိမိသော ကျင့်ကြံသူအနည်းငယ်ပင်လျှင် ၎င်းတို့၏ ကျင့်ကြံရေးအဆင့်များ လျင်မြန်စွာ ကျဆင်းသွားသည်ကို တွေ့လိုက်ရသည်။ ထိတ်လန့်တကြားအော်လိုက်ပြီးနောက်တွင် ၎င်းတို့သည် သွေးများအဖြစ်သို့ ပြောင်းလဲကာ သေဆုံးသွားကြသည်။
ဤ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းသည် ကျင့်ကြံသူအားလုံးကို ထိတ်လန့်တကြားနောက်ပြန်ဆုတ်သွားကြစေသည်။
အင်မော်တယ်အဆင့်မှ လျန်ယွင်ကျီ ကြိုက်နှစ်သက်သူများပင်လျှင် လေးနက်သောအမူအရာများဖြင့်
အဝေးသို့ ဆုတ်ခွာသွားကြသည်။
ရွှယ်အန်းကသာ ငြိမ်သက်စွာ ရပ်နေမလျက် ငရဲနတ်ဆိုးသခင်ကို တိတ်တဆိတ်စောင့်ကြည့်နေကာ အပြုံးမဟုတ်သောအပြုံးကိုပြုံးလျက် အတွေးထဲ နစ်မျောနေသည်။
“ကြီးမြတ်တဲ့ နတ်ဆိုးသခင်ခင်ဗျာ… ဒီလူက ကျုပ်တို့ ဂိုဏ်းကို ဖျက်ဆီးခဲ့ပါတယ်။ ကျေးဇူးပြုပြီး ချေမှုန်းပေးတော်မူပါ” ဝူချီရှက လေးလေးစားစားပြောသည်။ စကားပြောပြီးနောက် သူက သွေးစမ်းသုံးလုတ်ခန့် အန်ထုတ်လျက် သူ၏ ရောင်ဝါသည်လည်းပို၍ပင် ညှိုးနွမ်းလာသည်။
ယဇ်ပူဇော်ရန်အတွက် သူ၏ အနှစ်သာရသွေးကို အသုံးပြုခဲ့ခြင်းပင်ဖြစ်သည်။
ငရဲနတ်ဆိုးသခင်က ပို၍ပင် လွှမ်းမိုးလာကာ ထိုရက်စက်ကြမ်းကြုတ်သောမျက်နှာပေါ်တွင် သက်ဝင်သောအရောင်အဆင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝူချီရှသည် ဝမ်းသာအားရဖြင့် အနည်းငယ် တုန်လှုပ်သွားသည်။
“ကျုပ်တို့အလယ်ကို နတ်ဆိုးသခင်ရဲ့ စစ်မှန်တဲ့ ရောက်ရှိမှုကို လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်”
ဤငရဲနတ်ဆိုးသခင်သည် နတ်ဆိုးဂိုဏ်းမှ ကိုးကွယ်သည့် အဓိကနတ်ဘုရားဖြစ်သည်။ ဝူချီရှက ယခင်က ဆင့်ခေါ်ခဲ့ဖူးသော်လည်း ပုံရိပ်ယောင်များသာ ကြွလာခဲ့သည်ဖြစ်ရာ ယခုတစ်ခကြိမ်တွင် ငရဲနတ်ဆိုးသခင်က ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့သည်။
ဝူချီရှသည် သဘာဝအတိုင်း ပီတိနှင့် စိတ်လှုပ်ရှားနေကာ ရွှယ်အန်းကို မာန်တက်စွာကြည့်နေသည်။ သူ့မျက်လုံးထဲတွင် ရွှယ်အန်းက လူသေတစ်ကောင်သာဖြစ်သည်။
ထိုအချိန်တွင် ငရဲနတ်ဆိုးသခင်၏ အင်္ဂါရပ်များကပို၍ သက်ဝင်လာကာ ၎င်း၏ ဖြစ်တည်မှုသည် ပိုမို ပြင်းထန်လာလျက် ထို့နောက်တွင် တဖြည်းဖြည်း စကားပြောလာခဲ့သည်။
"ငါ့နောက်လိုက်တွေကို ဘယ်သူက ဖျက်ဆီးရဲတာလဲ။"
ထိုမေးခွန်းထုတ်သံနှင့်အတူ ပြင်းထန်သော အနက်ရောင်ရောင်ဝါကြီးတစ်ခု ကောင်းကင်ယံသို့ ပျံတက်သွား၍ ကြီးမားသော လေဆင်နှာမောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ဖြည်းညှင်းစွာ လှည့်ပတ်လာသည်နှင့်အမျှ ကောင်းကင်နှင့်မြေကြီးကို လှုပ်ခတ်သွားစေသည့် စွမ်းအားရှိသကဲ့သို့ လေနှင့် တိမ်များ အရောင်ပြောင်းသွားသည်။
ထိုသို့သော အစွမ်းသတ္တိသည် လူသား၏ နားလည်နိုင်စွမ်းကို ကျော်လွန်၍ နတ်နယ်မြေကို ဝင်ရောက်ခဲ့သည်။
သို့သော် ထိုကဲ့သို့ နတ်စွမ်းအင်ကိုပြသည့်အခိုက်၌ပင် ရွှယ်အန်းက ယခင်ကကဲ့သို့ ငြိမ်သက်နေကာ သူ့နှုတ်ခမ်းဖျားများမှ လှောင်ပြုံးက ပျောက်ကွယ်မသွားခဲ့ပေ။
ဤအပြုအမူက နတ်ဆိုးသခင်ကို ရှင်းရှင်းလင်းလင်း အမျက်ထွက်စေသော်လည်း အနီးကပ်ကြည့်သောအခါတွင် အံ့သြတကြီးပြောလိုက်မိသည်။
“သေမျိုး၊ မင်းမှာ ဒီလောက်သန်မာတဲ့ အသက်သွေးကြောရှိတာလား။ ဟာဟားဟား၊ ကောင်းလိုက်တာ မင်းက ငါ့ရဲ့ နတ်ဘုရားပုံစံပေါင်းစည်းမှုအတွက် အထောက်အကူဖြစ်စေပြီး ဒီနေရာကို တကယ်ဆင်းသက်နိုင်ဖို့ ငါ့အတွက် အကောင်းဆုံး သွေးအစာဖြစ်လိမ့်မယ်”
စကားဆုံးသွားသည်နှင့် အနက်ရောင်ရောင်ဝါ လေဆင်နှာမောင်းသည် သူ့ဆီသို့ တိုက်ရိုက်ဝင်ရောက်လာကာ ရွှယ်အန်းကို ချက်ခြင်းမျိုချလိုက်သည်။
မြေပြင်ပေါ်ရှိ ကျောက်တုံးများသည် အမှုန့်အဖြစ်သို့ ကွဲသွားကြသည်။
ထိုသို့သော တွန်းအားအောက်တွင် မည်သူမျှ အကြောက်အလန့်ကင်းစွာ မလွတ်မြောက်နိုင်ပေ။
သေပြီ… သူသေသလား။
လူအုပ်ကြီးသည် လေဆင်နှာမောင်းကို အံ့သြထိတ်လန့်စွာ သံသယနှင့် ရောထွေးကြည့်ရှုခဲ့ကြသည်။ တကယ်တမ်းတွင် ဤလူသားမျိုးနွယ်စုကလူက အံ့ဖွယ်အမြောက်အမြားကို လုပ်ပြခဲ့သည်။ ဤတစ်ကြိမ်တွင် အခြားသော အံ့ဖွယ်အမှုမျိုးဖြစ်မလာနိုင်ဟု မည်သူကမျှ အာမခံနိုင်မည်မဟုတ်ပေ။ သို့သော် ဝူချီရှက ထိုသို့မတွေးခဲ့ပေ။ သူကိုးကွယ်သည့် နတ်ဘုရားကို အကြွင်းမဲ့ယုံကြည်လျက်ရှိသည်။
နတ်ဆိုးသခင်၏ အမျက်ဒေါသကို မည်သူမျှ မကျော်လွှားနိုင်ပေ။
သို့သော် ထိုညစ်ညမ်းသောအပြုံးက သူ့မျက်နှာပေါ်တွင် စတင်ပေါ်လာသောအခိုက်၌ အနက်ရောင်လေဆင်နှာမောင်းအတွင်းတွင် ခပ်မှိန်မှိန်အလင်းရာင်လေးပေါ်လာသည်။
“အာ… အဲ့တာဘာလဲ” ရွှယ်အန်း ပျောက်ဆုံးသွားခြင်းကြောင့် နှလုံးသားထဲတင်းကျပ်နေသည့် လျို့ခယ့်ခယ်က အဆိုပါ ပြောင်းလဲမှုကို ပထမဆုံးတွေ့ရှိသူဖြစ်ကာ မအော်ဘဲ မနေနိုင်တော့ပေ။
ဝူချီရှက ငုံ့ကြည့်လိုက်သည်။
သို့သော် ထိုအခိုက်အတန့်တွင်
မီးအလင်းရောင်က ရုတ်တရက်ပြင်းထန်လာကာ တစ်ခဏချင်း၌ပင် လေဆင်နှာမောင်း၏ ကိုယ်ထည်တစ်ခုလုံးကို လောင်ကျွမ်းစေခဲ့သည်။ အဆုံးမဲ့သော အနက်ရောင်ရောင်ဝါများက အဖြူရောင်မီးတောက်များကို တွန်းလှန်ရန် စွမ်းအားမရှိသည့်အပြင် ဗလာနတ္ထိအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားသည်။
အောင်ပွဲခံရမည်ဟု စိတ်ချယုံကြည်ခဲ့သော ဝူချီရှက ကြောက်လန့်တကြားအော်လိုက်သည်။
နတ်ဆိုးသခင်သည်မူ ပိုမိုမျက်နှာပျက်လျက်ရှိသည်။ ၎င်း၏မျက်နှာလေးခုပေါင်းစပ်သွားကာ ကြောက်ရွံ့ထိတ်လန့်နေသည့် အမူအရာတစ်ခုကို ပြသလိုက်သည်။
“ဘယ်လို…ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ နတ်မီးလျှံက ဘယ်လိုပေါ်လာတာလဲ”
ထိုအချိန်၌ပင် ကောင်းကင်ယံ၌ ပြည့်လျှံနေသော အဆုံးမရှိသော မီးပင်လယ်တွင်းမှ လူတစ်ဦးသည် သူတို့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။
မီးပင်လယ်ကို ဖြတ်ကျော်ပြီးသည်နှင့် မီးတောက်များအားလုံးသည် ချက်ချင်းပင် အစက်အပြောက်ကင်းသော ကြာဖြူအဖြစ်သို့ ကူးပြောင်းသွားကာ သူ၏မျက်ခုံးကြားတွင် လွင့်မျောလျက် သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
ဤသည်က ရွှယ်အန်းဖြစ်သည်။
ရွှယ်အန်းက ခေါင်းကို ဖြည်းညှင်းစာမြှောက်လျက် တုန်လှုပ်ခြောက်ခြားမှုပြည့်နေသော နတ်ဆိုးမျက်နှာကိုကြည့်၍ ပြောလိုက်သည်။
“မင်းလုပ်နိုင်တာ ဒါအကုန်ပဲလား”
နတ်ဆိုးနတ်ဘုရား၏မျက်နှာတွင် သံသယများနှင့် မသေချာမှုများပြည့်နေသည်။
သို့တိုင် နတ်ဆိုးသခင်၏ မွေးရာပါ မောက်မာမှုက ရွှယ်အန်းကို မထီမဲ့မြင်ပြုနေဆဲဖြစ်သည်။
“မင်းလိုမျိုး သေမျိုးတစ်ကောင်က ဘယ်လိုလုပ် ဒီလောက်စွမ်းအားကြီးတဲ့ နတ်မီးလျှံကို ပိုင်ဆိုင်ထားလဲဆိုတာ နည်းနည်းတော့ စိတ်ဝင်စားပေမယ့် အခု ဘာကမှ အရေးမကြီးတော့ဘူး။ ငါမင်းကို သတ်မယ်။ ပြီးရင် မင်းရဲ့ဝိဉာဥ်ကို ဆုတစ်ခုအဖြစ်သိမ်းထားမယ်”
“မင်းပြီးပြီလား”
“ဟမ်”
ရွှယ်အန်းက သူ၏ ပုလဲဖြူသွားများကို ဖြဲပြ၍ ပြုံးလိုက်သည်။
“မင်းပြီးရင် ငါ့အလှည့်ပဲ”
မကြာမီတွင် ရွှယ်အန်းက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ နတ်ဆိုးသခင်ဆီသို့ တည့်တည့်သွားလိုက်သည်။ သူ၏ မျက်လုံးများက တောက်ပလျက် လက်သီးကို မြှောက်ကာ တစ်ချက်တည်းထိုးချပစ်လိုက်သည်။
“ကောင်းကင်နဲ့ မြေကြီးကို ရွှေ့စေ”
ရွှယ်အန်း၏ ခပ်တိုးတိုးအော်သံနှင့်အတူ သူ၏ လက်သီးက နတ်ဆိုးသခင်၏ ခေါင်းသို့ တိုက်ရိုက်ထိမှန်သွားသည်။
စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် ရွှယ်အန်း၏ လက်သီးဖြင့် ပေရာနှင့်ချီသော နတ်ဆိုးသခင်ကို ဖြိုခွင်းလိုက်ရာ၊ သူ၏နတ်ဘုရားပုံရိပ်ပေါ်တွင် ရှည်လျားသောအက်ကွဲကြောင်းတစ်ခု ပေါ်လာသည်ကို မြင်နိုင်သည်။
နတ်ဆိုးသခင်၏ တုံ့ပြန်မှုကို မစောင့်ဘဲ ရွှယ်အန်း၏ မြေပြင်ပေါ်သို့ ခြေတစ်ချက်ဆောင့်ကာ
သူ၏တစ်ကိုယ်လုံးကို နတ်ဆိုးသခင်၏ ဦးခေါင်းထက်သို့
အမြောက်ကျည်ဆန်တစ်ခုကဲ့သို့ ပြေးသွားသည်။
“ရင်နဲ့ယန်ကို ပိုင်းခြားစေ”
အထက်မှ ပစ်လွှတ်လိုက်သော ဤလက်သီးသည် နတ်ဆိုးသခင်ကို တိုက်ရိုက်လွင့်ထွက်သွားစေခဲ့ရာ နှစ်ချက်ဆက်တိုက်ထိုးပြီးနောက် ယခင်က မပျက်စီးနိုင်သော နတ်ဆိုး၏ကိုယ်ခန္ဓာသည် ယခုအခါ အက်ကွဲအက်ကြောင်းများဖြင့် ဖုံးလွှမ်းနေကာ မည်သည့်အချိန်တွင်မဆို ကွဲကြေရန် အသင့်ဖြစ်နေပုံရသည်။
သို့သော် ယင်းက အဓိကပြဿနာမဟုတ်ပေ။
နတ်ဆိုးသခင်က တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ရွှယ်အန်းကို စိုက်ကြည့်နေကာ ကြောက်စိတ်က တဖြည်းဖြည်း လွှမ်းမိုးလာသည်။
“မင်း…မင်း…”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ ငါပါ"
အတည်ပြုချက်ဖြင့်၊ နတ်ဆိုးသခင်က “သက်ညှာပေးပါ…ငါ့အသက်ကို သက်ညှာပေးပါ” ဟု ပြင်းထန်စွာ အော်ဟစ်ခဲ့သည်။
နတ်ဆိုးသခင်၏ မျက်လုံးမှ မီးလုံးကြီးထွက်လာပြီးနောက် သူ့အား လုံးလုံးဖုံးလွှမ်းသွားသောကြောင့် စကားသံသည် ရုတ်ခြည်းပြတ်တောက်သွားသည်။
ဤတစ်ကြိမ်တွင်၊ နတ်ဆိုးသခင်သည် နောက်ဆုံးတွင် သေခြင်းတရားကို ကြောက်ရွံ့ခြင်း၏ အရသာကို ခံစားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးတစ်ပါးအနေဖြင့် အပိုင်းပိုင်းခွဲလိုက်လျှင်ပင် ငရဲမှ ပြန်လည်မွေးဖွားနိုင်ဆဲဖြစ်သည်။
စင်စစ်သော်ကား နတ်မီးလျှံဖြင့် မီးရှို့လျှင် အလုံးစုံ ပျက်သုဉ်းခြင်းဟု ဆိုလိုပေလိမ့်မည်။
"အရှင်… ကျုပ်အသက်ကို သက်ညှာပေးပါ။ ကျုပ်တကယ် အရှင်မှန်းမသိခဲ့ပါဘူး…”
နတ်ဆိုးသခင်က သက်ညှာပေးရန် နောက်ဆုံးသောခွန်အားဖြင့် စုဆောင်းကာ တောင်းဆိုခဲ့သော်လည်း ရွှယ်အန်းက ခံစားချက်မဲ့စွာ စိုက်ကြည့်နေသည်။
နတ်ဆိုးသခင်သည် လုံးဝစိတ်ပျက်အားငယ်နေသည့်တိုင် ရွှယ်အန်းအပေါ် အနည်းငယ်မျှ မလေးမစားပြုမူခြင်းမရှိပေ။
ထိုသို့ဖြင့် သူ၏ ဒေါသများအားလုံးကို ဤနေရာသို့ ဆင့်ခေါ်ခဲ့သော ဝူချီရှပေါ်သို့ ဦးတည်ခဲ့သည်။
"မင်းငါ့ကိုသေစေခဲ့တယ်၊ ငါသေရင် မင်း ငါ့ကို အဖော်လိုက်လုပ်ပေးရမယ်။" ထို့သို့ဖြင့် နတ်ဆိုးသခင်၏ မီးတောက်လောင်နေသော ခန္ဓာကိုယ်သည် ကြောက်ရွံ့ထိတ်လန့်နေသော ဝူချီရှဆီသို့ တည့်တည့်တိုးဝင်ကာ ချုပ်နှောင်ထားလိုက်သည်။
“ကျုပ်မှားပါတယ်။ ကျုပ်မလုပ်ရဲတော့ပါဘူး….တောင်း”
ဝူချီရှသည် ထိတ်လန့်စွာ မရပ်မနား အော်ဟစ်လိုက်သော်လည်း၊ နတ်ဆိုးသခင်က သူ့ကို သက်ညှာပေးရန် ရည်ရွယ်ချက်မရှိသည်မှာ ရှင်းလင်းသိသာသည်။
“ငါ့အရှင်ကို မင်းဘယ်လို စော်ကားရဲတာလဲ။ အခု မင်း ငါနဲ့အတူတူ သေရမယ်” နတ်ဆိုးသခင်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ခဏကြာသောအခါ
နတ်ဆိုးသခင်နှင့် ဝူချီရှနှစ်ဦးစလုံးသည် မီးတောက်ကြောင့် လောင်ကျွမ်းသွားခဲ့သည်။