← Chapters

အခန်း (၅၈၃-၅၈၅)

Vol. 39 Ch. 583-585

အခန်း (၅၈၃-၅၈၅)

Vol. 39 Ch. 583-585

အခန်း(၅၈၃) မျိုူးနွယ်စုဝင်တို့ အမိန့်ကို လိုက်နာပါ မြို့တံခါးများကို ဖွင့်ပြီး တိုက်ပွဲဝင်ပါ။

လျို့ခယ့်ခယ်သည် လျန်ယွင်ထင်းနှင့် လျန်ယွင်လော်တို့နှင့် အေးအေးဆေးဆေး စကားပြောနေခဲ့ရာ လျို့ယွင်လော်က စက်ရုပ်ရုပ်သေးကို အလွန်အမင်းစိတ်ဝင်စားလျက်ရှိသည်။

“မမခယ့်ခယ် ဒီအရုပ်လေးက စကားပြောတတ်လား”

“မပြောတတ်ဘူး”

“ဒါဆို မမဘာလုပ်ချင်လဲဆိုတာ သူဘယ်လိုနားလည်လဲ”

“မမလည်း မသေချာဘူး။ ဒါပေမယ့် မမ သူ့ကို တစ်ခုခုလုပ်ဖို့ပြောတိုင်း သူလုပ်လေ့ရှိတယ်”

“အာ… ဒါဆို သူ့ကို ကခိုင်းလို့ရောရလား”

“ကတာလား”

“အင်းလေ ဒီလိုမျိုး” လျန်ယွင်လော်က ခုန်ပေါက်သွားကာ စတင်ကပြတော့သည်။

လျို့ခယ့်ခယ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"ဒါက ဘယ်လိုအကလဲ”

“ဒိအကကို ‘မှိုခူးနေတဲ့ မိန်းကလေး’လို့ခေါ်တယ် မမခယ့်ခယ် မသိဘူးလား”

“အာ… ရိုးရိုးသားသားပြောရရင် မမ တကယ်မလုပ်နိုင်ဘူး"

“မမက အရမ်း တုံးတာပဲ။ သမီးကိုကြည့်။ စစချင်းမှာ ချုံပုတ်တွေကို ကန်ထုတ်ပြီး မှိုလိုက်ရှာမယ်”

လျန်ယွင်လော်၏ရှင်းပြချက်ကိုကြားသောအခါ လျို့ခယ့်ခယ်သည် ၎င်းအတွက် အဓိပ္ပါယ်တစ်စုံတစ်ရာရှိနေသည်ဟု ခံစားမိသည်။

"ဘာတွေဆက်ဖြစ်မလဲ”

“နောက်ပြီး မှိုတွေ ရှာတွေ့ပြီ”

“ဒါပေမယ့် အဲ့ လှည့်နေတာက ဘာကိုဆိုလိုတာလဲ”

“အဲ့တာက မှိုကို ရှာတွေ့ပြီးတော့ သမီးစားကြည့်ရမယ်လေ။ ဒါပေမယ့် မှိုတွေက အဆိပ်ပြင်းတယ်။ အဆိပ်မိသွားပြီ”

“...”

“နောက်ပြီး မြေကြီးပေါ်မှာ ထိုင်ချလိုက်တာက ဘာကိုဆိုလိုတာလဲ”

“အာ… အဲ့တာ အဆိပ်က သမီးကို မှိုဖြစ်အောင်ပြောင်းလိုက်တော့ သမီးလည်း ချစ်စရာမှိုလေးဖြစ်သွားတာလေ”

လျို့ခယ့်ခယ်က ခေါင်းညိတ်လိုက်သည်။

“ညီမလေးက တကယ့်ကို ဉာဏ်ကြီးရှင်ပဲ”

လျန်ယွင်လော်၏ မျက်လုံးများက တောက်ပလာသည်။

"လူတော်တော်များများက သမီးအကြောင်း အဲ့လိုပြောကြပါတယ် ဟီးဟီး မမခယ့်ခယ် ဒီကောင်ကြီးကို သမီးနဲ့တူတူကအောင်ခိုင်းလို့ရလား”

လျို့ခယ့်ခယ်က မတုံ့ပြန်မီတွင် စက်ရုပ်ရုပ်သေးက ၎င်း၏ခေါင်းကို ပြတ်ပြတ်သားသား ခါနေပြီဖြစ်သည်။

"ကြည့်၊ သူသဘောမတူဘူး"

သူတို့စကားပြောနေစဉ်တွင် အလင်းရောင်တစ်ခု မှိန်ဖျော့သွားကာ ရွှယ်အန်းသည် တံခါးဝမှ ပြန်ထွက်လာသည်။ သူထွက်လာသည်နှင့် သူ့နောက်မှ တံခါးက လှုပ်ယမ်းပျောက်ကွယ်သွားသည်။

လျို့ခယ့်ခယ်က အလျင်အမြန်ထရပ်လိုက်သည်။

“စီနီယာ”

ရွှယ်အန်းက ခေါင်းညိတ်ပြကာ လျန်ယွင်ထင်းနှင့် လျန်ယွင်လော်ကို အနည်းငယ် ပြုံးပြသည်။

"သွားကြရအောင်"

"ဘယ်ကိုလဲ” လျန်ယွင်လော်က မေးသည်။

"ချန်နျောင်မြို့"

ရွှယ်အန်းက လူတိုင်းကို ချန်နျောင်မြို့သို့ ဦးဆောင်သွားစဥ် ပါ့ဖန်တောင်ပေါ်တွင်ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်များက ဟာရီကိန်းကဲ့သို့ ပြန့်နှံ့သွားခဲ့သည်။ လူသားမျိုးနွယ်စုမှ အမျိုးသားတစ်ဦးက ထိပ်တန်းကျွမ်းကျင်သူများစွာကို တစ်ဦးတည်းရင်ဆိုင်ခဲ့ကာ အင်မော်တယ်နှစ်ပါးကိုသတ်၍ ငရဲနတ်ဆိုးသခင်ကို သုတ်သင်ကာ ရာစုနှစ်တစ်ခုကြာ ထိပ်တန်းတပည့်ဖြစ်လာခဲ့သော ပုခုန်းချန်၏ နှလုံးသားကို ဖြိုခွဲခဲ့သည်။

အဓိကအချက်မှာ လူသားမျိုးနွယ်စုမှ ဤလူကကျင့်ကြံရေးအဆင့်မရှိခြင်းဖြစ်သည်။

ထိုကဲ့သို့ မယုံနိုင်လောက်သည့် အဖြစ်အပျက်များ ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော လူများကို အံ့အားသင့်စေခဲ့သည်။

ကောလဟာလများ မှန်ကန်သည်ဟု သံသယရှိဖွယ်ရှိသော်လည်း၊

သို့တိုင် လူအများက မယုံကြပေ။

နောက်ဆုံးတွင်မူ ဤအရာသည် စိတ်ကူးယဥ်ဆန်သော ပုံပြင်တစ်ပုဒ်ကဲ့သို့သာဖြစ်သည်။ ဤအကြောင်းကို များများတွေးလေလေ မဖြစ်နိုင်ဟုထင်လာကြလေလေဖြစ်သည်။ ဥပမာအားဖြင့် ချန်နျောင်မြို့ကို ဝိုင်းထားသည့် စစ်ဗိုလ်ချုပ် ကျန်းယောင်းစီသည် ထိုကဲ့သို့ ခံစားခဲ့ရသည်။ သတင်းယူလာပေးသော စစ်သားကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချကာ အစီရင်ခံစာကို လူသိရှင်ကြားဖျက်ဆီးပစ်လိုက်သည်။

“နားထောင်ကြ။ ငါတို့ ဘုရင်နဲ့ နိုင်ငံတော်အကြီးအကဲတို့က ကျင့်ကြံရေးအဆင့်မရှိတဲ့ လူသားတစ်ယောက်ဆီမှာ အသတ်ခံရတယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတစ်ခု ပျံ့နှံ့နေပါတယ်။ အဲ့တာ တမင် ရည်ရွယ်ချက်ရှိရှိ သတင်းမှားတွေ ဖြန့်ချင်နေတာပဲ။ မင်းတို့အားလုံး ကိုယ့်ခေါင်းကိုယ်သုံးပြီး မေ့ထားကြပါ။ မင်းတို့ ခြေဖဝါးနဲ့သုံးပြီးတွေးကြရင်တောင် ဒါက မဖြစ်နိုင်ဘူး”

“အခုချိန်ကစပြီး ဒီကိစ္စကို ဘယ်သူက ထပ်ပြီး ဆွေးနွေးနေတယ်ဆိုတာ ကြားရင် သက်ညှာမှုမရှိဘဲ သေဒဏ်ပေးပစ်မယ်”

“ဟုတ်” အရာရှိများက တညီတညွတ်တည်းတုံ့ပြန်ကြသည်။

ကျန်းယောင်းစီက အဝေးမှ ချန်နျောင်မြို့ကိုကြည့်ကာ လှောင်ရယ်လိုက်သည်။

"လူသားမျိုးနွယ်စုရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ချန်နျောင်မြို့ကျပြီးတာနဲ့ မင်းတို့ကို သုံးရက်လောက် နေခွင့်ပေးမယ်။ တခြားမျိုးနွယ်စုတွေကို မထိခိုက်သရွေ့ မင်းတို့ ကျေနပ်သလို လုပ်ပါ။ ဘယ်လိုလဲ။"

ဤစကားများသည် အနည်းငယ် စိတ်ရှုပ်စရာ ဖြစ်စေသည်။ ဤစစ်တပ်အရာရှိများအားလုံးက လောဘကြီးသော အကြည့်ဖြင့် အော်လိုက်ကြသည်။

“ဗိုလ်ချုပ် ကျန်း… အထွန့်ရှည်ပါစေ”

"လုံလောက်ပြီ၊ သွားကြ ဝိုင်းထိန်းထား မြေကွက်သာသာရှိတဲ့ ချန်နျောင်မြို့လေးက တကယ်ပဲ သုံးရက်လောက်ပိတ်ထားခဲ့တယ်။ အမှိုက်တွေ အများကြီးပဲ”

ကျန်းယောင်းစီက ထပ်မံကြိမ်းမောင်းကာ ကျေနပ်စွာ သူ့တဲကြီးဆီသို့ ပြန်သွားခဲ့သည်။

စစ်ဦးစီးချုပ်အနေဖြင့် ရှေ့တန်းတွင်ရှိနေရန် မလိုအပ်ဘဲ သဘာဝအတိုင်းပင်၊ ကွပ်ကဲမှုတာဝန်ကို သူ၏ဝန်ထမ်းများက ကိုင်တွယ်လျက်ရှိသည်။ သူလုပ်ရန်ရှိသည်မှာ တဲကြီးထဲတွင် ပျော်ရွှင်စွာနေထိုင်လျက် ရောက်လာမည့် သတင်းကောင်းကို စောင့်နေရန်သာဖြစ်သည်။

တကယ်တမ်းတွင် လူများစွာက ဤမစ်ရှင်ကို လွယ်ကူသော ချီးကျူးမှုများရယူရန် အခွင့်အရေးတစ်ခုဟု ရှု့မြင်ကြသည်။ ပျော့ညံ့သော လူသားမျိုးနွယ်စုက ကာကွယ်ပေးထားသော မြို့တစ်မြို့တွင် မည်သို့သော အခက်အခဲများ ရှိနိုင်လိမ့်မည်နည်း။

ကျန်းယောင်စီကသာ ချန်နျောင်ဟောက်ယန်၏ တူမဟုတ်ပါက ထိုကဲ့သို့အလုပ်မျိုးက သူ့ဆီသို့ရောက်လာမည်မဟုတ်ပေ။ သူ့တဲထဲတွင် ဝိုင်သောက်ရင်း ပျော်ရွှင်နေချိန်၌ ရှေ့တန်းတွင် ပြင်းထန်သော တိုက်ပွဲတစ်ပွဲထပ်မံဖြစ်ပွားခဲ့သည်။

ရှောင်ရွှေ့သည် မြို့တံတိုင်းများပေါ်တွင် ရပ်နေကာ ထင်ရှားသော အမူအရာဖြင့်ကြည့်နေသည်။ မြို့ကို တိုက်ခိုက်နေကြသော မော့ကြားစစ်သားများသည် ချန်နျောင်မြို့၏ ယခင်က မြို့စောင့်တပ်များထက် များစွာ ပိုမိုအားကောင်း၏။ ဤစစ်သားများ ဝတ်ထားသည့် သံချပ်ကာက ထင်ရှားသည်။

၎င်းတို့က ပိုမိုလက်ရာမြောက်ရုံသာမက အဖြူရောင် မှိန်ဖျော့ဖျော့အလင်းကိုလည်း ထုတ်လွှတ်လျက်ရှိသည်။ ၎င်းတို့တွင် ရေထိုးထားသော အကာအကွယ်သင်္ကေတများသည် ကျွမ်းကျင်သာ မှော်ဆရာများ၏ လက်ရာများဖြစ်ကြောင်း ဖော်ပြနေသည်။

“ရှောင်ရွှေ၊ ကျေးဇူးပြုပြီး ခဏလောက်သွားအနားယူပါ။ မအိပ်တာ သုံးရက်ရှိပြီမလား” တစ်စုံတစ်ယောက်က တိုက်တွန်းသည်။

ရှောင်ရွှေ့က နီမြန်းနေသော မျက်လုံးများဖြင့် ခေါင်းခါလိုက်သည်။

“မအိပ်နိုင်ဘူး သူတို့ရဲ့ ရက်စက်မှုက ပိုပိုပြင်းလာပြီ။ ကျုပ်အိပ်လို့မရဘူး”

“ဒါပေမယ့် သူတို့ အင်မော်တယ်သခင်ရဲ့ အတားအဆီးကို မဖျက်နိုင်ကြသေးဘူးလေ”

ယခုအချိန်တွင် ဤလူများက ရွှယ်အန်းကို အင်မော်တယ်သခင်ဟု စတင်ခေါ်ဝေါ်လာကြပြီဖြစ်သည်။

ရှောင်ရွှေ့က ခေါင်းခါလိုက်သည်။

“အစ်ကိုအန်းရဲ့ အတားအဆီးကိုပဲ ကျုပ်တို့ မှီခိုနေရင် ကျုပ်တို့ ရှိနေရတာ ဘာအသုံးကျတော့မှာလဲ။ နောက်ပြီး အစ်ကိုအန်းက ကျုပ်တို့နဲ့ အမြဲရှိပါတယ်။ ကျုပ်တို့ တိုက်ခိုက်ရေးအင်အားကို မြန်မြန်တည်ဆောက်ရမယ်။”

သူမစကားပြောနေစဉ်တွင် မော့ကြားစစ်သားများ၏နောက်ဘက်၌ ကြီးမားသောတူကြီးကို လွှဲရမ်းနေသည့် အားကြီးသောစစ်သည်တစ်ဦးပေါ်လာသည်။ သူသည် ကျယ်လောင်စွာ အော်ဟစ်လျက် ချီတက်ကာ အားကုန်သုံး၍ ရိုက်ချလိုက်သည်။

ဘမ်း

ရွှေရောင်အလင်းတန်းများ၏ အလယ်၌

ရွှယ်အန်း၏ အကာအကွယ်သည် သုံးညနှင့် တစ်ညတိတိ ခုခံခဲ့ပြီးနောက် နောက်ဆုံးတွင် မြို့ကို ရုတ်ချည်း ဖြိုခွဲခဲ့သည်။ မော့ကြားစစ်သားများ အားလုံး အလွန် ဝမ်းမြောက်ပျော်ရွှင်နေ၏။

၎င်းတို့အားလုံး ဤသုံးရက်အတွင်း အလွန်အမင်း တင်းမာမှုများကို ခံစားခဲ့ရသည်။ ဤအတားအဆီးက ပိတ်ပင်ထားသဖြင့် ရှေ့သို့မတိုးနိုင်ဘဲ အကြိမ်ပေါင်းများစွာ နောက်ဆုတ်ခဲ့ရသည်။ ယခု အတားအဆီးက နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ပြိုလဲသွားပြီဖြစ်၍ ၎င်းတို့က သဘာဝအလျောက်ပင် ပျော်ရွှင်နေကြ၏။

စည်းစိမ်ဥစ္စာနှင့် လှပသော အမျိုးသမီးများသည် ၎င်းတို့ကို လက်ယပ်ခေါ်နေသကဲ့သို့ပင်ဖြစ်သည်။

ထိုအချိန်တွင် ရှောင်ရွှေ့ကအော်လိုက်၏။

“အမိန့်နာခံကြ။ လှုပ်ရှားကြတော့”

“ဟုတ်”

လွန်ခဲ့သည့်ရက်များအတွင်း လူသာမျိုးနွယ်စုဝင်များသည် အရူးများကဲ့သို့ ၎င်းတို့၏ ဖွဲ့စည်းပုံများကို မောပန်းတကြီး ကြိုးစားခဲ့ကြသည်။ ပင်ပန်းလျှင် အနားယူ အိပ်ကြသည်။ ဗိုက်ဆာလျက် အစာများပို့ကြသည်။ ဒဏ်ရာရလျှင် ချန်နျောင်ကျန့်ထားခဲ့သော လျို့ဝှက်ဆေးဝါးများကို သုံးကြမည်။

၎င်းတို့ အပြင်းအထန်ကြိုးစားနေကြရသည့်အကြောင်းအရင်းမှာ လူသားမျိုးနွယ်စုဝင်များက ကမ္ဘာကြီး၏ အရက်စက်ဆုံးအပိုင်းကို မြင်ခဲ့ကြရသောကြောင့်ပင်ဖြစ်သည်။ လူသားမျိုးနွယ်စုက နှိမ့်ချစွာ ဦးညွတ်လျက် ထာဝစဥ်နေထိုင်ခဲ့ကြရာ ယခုအချိန်တွင် ၎င်းတို့အားလုံး မတ်တပ်ရပ်၍ တစ်ဖန်ပြန်လည် လူသားဖြစ်ခွင့်ရပြီဖြစ်သဖြင့် ရူးသွပ်သွားတော့မည်အထိ မျှော်လင့်ချက်ထားလျက်ရှိကြသည်။ ရှောင်ရွေ့က အမိန့်ပေးလိုက်သောအခါ ရက်အနည်းငယ်အတွင်း အရည်အချင်းပြည့်မီသော စစ်သည်များအဖြစ်သို့ ပြောင်းလဲသွားသောသူများသည် မဆိုင်းမတွ ပြေးကြသည်။

“ မြို့တံခါးတွေဖွင့်လိုက်”

လူသားမျိုးနွယ်စုစစ်သည်များအားလုံးက ဂုဏ်ယူစွာဖြင့်အော်လိုက်ကြသည်။

“ငါတို့ မကြောက်ဘူး”

“ကောင်းပြီ အခု ငါတို့ စစ်တိုက်ဖို့ မြို့ပြင်ကို ထွက်ပြီး အဲ့လူယုတ်မာတွေကို အသေသတ်ကြ”

"နားလည်ပါပြီ"

လူသားမျိုးနွယ်စုစစ်သည်များအားလုံး သိသိသာသာ စိတ်လှုပ်ရှားလာသည်။ မော့ကြားစစ်သားများ၏ နှစ်ရှည်လများ ဖိနှိပ်မှုသည် မီးမောင်းထိုးပြစရာ ဖြစ်လာသည်။ ထို့ကြောင့် ၎င်းတို့၏ရန်သူများကို လက်စားချေရန် စိတ်အားထက်သန်နေကြခြင်းလည်းဖြစ်သည်။

ရွှယ်အန်းက လွှဲပြောင်းပေးခဲ့သော တိုက်ပွဲပုံစံကို ကျွမ်းကျင်စွာဖန်တီးထားသောကြောင့် လူတိုင်း၏ မျက်လုံးထဲတွင် သွေးဆာလျက်ရှိကြသည်။ ရှောင်ရွှေ့က ရှေ့တန်းသို့ တက်ကာ အေးစက်သောအသံဖြင့်ပြောလိုက်သည်။

“မြို့တံခါးကို ဖွင့်ကြ”

အခန်း(၅၈၄) လူသားမျိုးနွယ် ချီတက်ကြ

ရဲတိုက်တံခါးက ဖြည်းညှင်းစွာပွင့်လာသည်။ ရှောင်ရွှေ့က ရှေ့မှ မြင်းစီးလျက် လူသားမျိုးနွယ်စု စစ်သည်များကို ဦးဆောင်လာသည်။ အပြင်ဘက်ရှိ မော့ကြားစစ်သားများက မြို့တံခါးကို မည်ကဲ့သို့ ဖြတ်သန်းဝင်ရောက်ရမည်ကိုတွေးနေကြချိန်တွင် ထိုစကားက သူ့အလိုလိုပွင့်လာကာ လူသားမျိုးနွယ်စုက ချီတက်လာသည်ကိုမြင်လိုက်ကြရ၏။

မော့ကြားစစ်သားများအားလုံး အလွန်ဝမ်းမြောက်အားရကုန်ကြသည်။

“ဟား ဒီအရူးလူသားတွေက တကယ်ပဲ ငါတို့လက်ထဲဝင်လာကြတာပဲ”

“ညီအစ်ကိုတို့ ဒီလူသားတွေကို သုတ်သင်ပြီး မြို့ကိုသိမ်းကြစမ်း။ ငါတို့ အမည်ကောင်းယူကြမယ်”

မော့ကြားစစ်သားများကကျယ်လောင်စွာအော်၍ ပြုံးကာ ရှေ့သို့ အရှိန်ဖြင့် ချီတက်လာကြသည်။ ၎င်းတို့၏ မျက်လုံးများထဲတွင် လူသာမျိုးနွယ်စုအုပ်စုတောင့်သော်လည်း မကျင့်ကြံနိုင်ကြသောကြောင့် ရုပ်ခန္ဓာများက နူးညံ့နေကာ ၎င်းတို့ကဲ့သို့ လက်နက်အပြည့်ရှိသော စစ်သားများကို တိုက်ခိုက်ရန် အခွင့်အရေးမရှိပေ။

သို့သော် ဤတစ်ကြိမ်တွင်မူ ၎င်းတို့ မှားယွင်းသွားကြပေပြီ။ ရှောင်ရွှေ့က မော့ကြားစစ်သားများအားလုံးက ဆာလောင်မွတ်သိတ်နေသော ကျားအုပ်တစ်အုပ်ကဲ့သို့ ချီတက်လာသည်ကို မြင်လိုက်ရသောအခါ လေးနက်သော အသံဖြင့် အော်လိုက်သည်။

“အသင့်ပြင်ကြ”

သူ့အမိန့်အရ လူသားမျိုးနွယ်၏စစ်သားများက မော့ကြားတပ်များချီတက်လာမှုကို ရင်ဆိုင်ရန် ခံစစ်အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်ကြသည်။ အကယ်၍ အမြင့်မှ လူတစ်ယောက်ကသာ ကြည့်နေပါက ၎င်းတို့အားလုံး အလွန် ခမ်းနားသော မြင်ကွင်းကိုမြင်ကြရပေလိမ့်မည်ဖြစ်သည်။ လူသားမျိုးနွယ်ဘက်သည် အဝါရောင်ကွင်းပြင်ကြီးတစ်ခုကဲ့သို့ ဖြစ်နေချိန်တွင် မော့ကြားစစ်တပ်ဘက်မှ ချီတက်မှုက အနက်ရောင်ဒီရေလှိုင်းများကဲ့သို့ ဖြစ်သည်။

နှစ်ဖက် စတင်ထိတွေ့လိုက်ကြသည်နှင့်တစ်ပြိုင်နက် လှိုင်းကြီးနေသော ဒီရေကို တောင့်ခံထားသည့် အဝါရောင်ကျောက်ဆောင်ကြီးနှင့် ပိုပိုဆင်တူလာသည်။ ဒီရေက ပြင်းထန်လှသော်လည်း ဤမြေကြီးအဝါရောင်ကျောက်တုံးသည် အမြစ်တွယ်နေကာ အလျှော့မပေးပေ။ မော့ကြားစစ်သားများအားလုံး ပို၍ပင် အံ့သြသွားကြသည်။ ၎င်းတို့၏ စိတ်ထဲတွင်မူ လူသားမျိုးနွယ်စုသည် ၎င်းတို့၏ ချီတက်မှုကို ဘယ်သောအခါကမှ ခံနိုင်ရည်မရှိခဲ့ဖူးပေ။ သို့သော် ဤတစ်ကြိမ်တွင် ၎င်းတို့က အေးစက်ပြတ်သားသော လူသားမျိုးနွယ်စု စစ်သားများကို မတုန်လှုပ်စေနိုင်ခဲ့ပေ။

မော့ကြားစစ်သားများ အံ့သြခြင်းအတိပြီးနေသောအခိုက်အတန့်တွင် ရှောင်ရွှေ့က ကျယ်လောင်စွာ အော်လိုက်သည်။

“အင်အားစုအားလုံး တိုက်ခိုက်ကြ”

သူ့အမိန့်အရ လူသားမျိုးနွယ်စု စစ်သားများ၏ မျက်လုံးများထဲတွင် သွေးဆာနေသော အလင်းရောင်များ တောက်ပလာကာ ၎င်းတို့၏ ဖွဲ့စည်းမှုက ခံစစ်မှ တိုက်စစ်သို့ပြောင်းလဲသွားသည်။ ၎င်းတို့က ကြီးမားသော လှံကြီးတစ်ခု၏ ပုံသဏ္ဍာန်ဖြစ်လာကာ မော့ကြားစစ်သားများအတွင်းသို့ တည့်တည့်ထိုးဖောက်ဝင်ရောက်သွားသည်။

လူသားမျိုးနွယ်စု စစ်သည်တစ်ဦးက ဓားကို ခုတ်ပိုင်းကာ မော့ကြားစစ်သည်တစ်ဦးကို ခြေလှမ်းတစ်ဝက်ခန့် နောက်သို့ဆုတ်သွားစေနိုင်ခဲ့သော်လည်း မော့ကြားစစ်သားက မတုံ့ပြန်နိုင်မီတွင် နောက်မှ အနီးကပ်လိုက်လာသည့် အခြားစစ်သည်တစ်ဦးက အခြားတစ်နေရာမှ ထိုးနှက်လုပ်ကြံခဲ့သည်။

ဗုံးဟူသော အသံနှင့်အတူ မော့ကြားစစ်သား၏ ဦးခေါင်းက မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။ သူ့ဦးခေါင်းက မြေပြင်ပေါ်သို့ ထိသွားသည့်တိုင်အောင် မျက်လုံးများက ရှုပ်ထွေးမှု၊ ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နေဆဲဖြစ်သည်။

လူသားမျိုးနွယ်မှ လူများက အဘယ်ကြောင့် ရုတ်တရက် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းလာသည်ကို သူ နားမလည်နိုင်ဖြစ်နေခဲ့သည်။

လူသားမျိုးနွယ်စုစစ်သည်တော်များသည် အလွန်စည်းလုံးသော စည်းချက်ကျကျဖြင့် ချီတက်ကြကာ လမ်းကြောင်းတစ်လျှောက် သွေးစီးကြောင်းများနှင့် ခေါင်းများကို ချန်ထားခဲ့ကြသည်။ ၎င်းတို့၏ ချီတက်မှုကို မည်သူကမှ မတားနိုင်ကြတော့ပေ။

များမကြာခင်၌ပင် မော့ကြားရှေ့တန်းတပ်များ ပြိုလဲကုန်ကြသည်။ မာနထောင်လွှားလေ့ရှိသော ဤ မော့ကြားစစ်သားများသည် နောက်ဆုံးတွင် ကြောက်ရွံ့မှုကို ခံစားခဲ့ရသည်။ မော့ကြားစစ်သားများအားလုံး အမြီးလှည့်၍ ပြေးသည်ကို ကြည့်ရင်း ကျန်ခဲ့သည့် လူသားမျိုးနွယ်စုဝင်များ၏ မျက်လုံးများတွင် မျက်ရည်စများ စို့တက်လာသည်။

ရာစုနှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရပြီးနောက်၊ သူတို့သည် နောက်ဆုံးတွင် မတ်မတ်ရပ်ကာ အသက်ဝဝရှုနိုင်ခဲ့ကြပြီဖြစ်သည်။ ဝမ်းသာပီတိဖြစ်မိသော်လည်း ဤလူသားမျိုးနွယ်စစ်သည်များက ရှေ့သို့ ချီတက်နေကြဆဲဖြစ်သည်။ ယခုအချိန်တွင် ရှုံးနိမ့်ခဲ့ကြသော မော့ကြားစစ်သားများက နောက်တန်းသို့ရောက်နေကြပြီဖြစ်သည်။

“သေစမ်း မင်းတို့ ပြန်ပြေးဖို့ ဘယ်သူပြောလဲ” ကြီးကြပ်တပ်သားများ၏ တပ်ခွဲခေါင်းဆောင်သည် ပြန်ပြေးလာသော မော့ကြားစစ်သားအနည်းငယ်ကို သတ်ပြီးနောက် လက်လျှော့လိုက်သည်။

ဤမော့ကြားစစ်သားများက သေခြင်းတရားနှင့်ရင်ဆိုင်ရသကဲ့သို့ နောက်ပြန်မလှည့်ဝံ့ဘဲ အလွန်ကြောက်မက်ဖွယ်ကောင်းသည့်အရာတစ်ခုကို ကြုံတွေ့ခဲ့ရသည့်အလား ဖြစ်နေသည်။

"အမှိုက်တွေပဲ ဒီ လူသားမျိုးနွယ်စုနည်းနည်းလေးကိုတောင် မထိန်းနိုင်ကြဘူးလား။ နဂါးနက်အဖွဲ့ ငါ့အမိန့်ကို နာခံပြီး ဒီ လူသားတွေကို ချေမှုန်းကြစမ်း” နောက်တန်းမှ မော့ကြားတပ်များကို ကွပ်ကဲနေသူမှာ ကျန်းယောင်းစီ၏ ညာလက်ရုံးဖြစ်သည်။

သူ့အမိန့်အရ နဂါးနက်တပ်စုက နောက်တန်းမှ ရှေ့သို့ တဖြည်းဖြည်းတိုးလာသည်။ ဤလူများသည် မြို့ထဲတွင် တိုက်နေသည့် မော့ကြားစစ်သားများနှင့် မတူပေ။ ၎င်းတို့အားလုံးက အနက်ရောင်လေးလံသော ချပ်ဝတ်တန်ဆာများကို ဝတ်ထားကြသည့်အပြင် မျက်နှာများက ဥပေက္ခာနှင့် ပြည့်နှက်နေသည်။

၎င်းတို့ အတူတကွရပ်နေကြလျှင် ငရဲမှထွက်လာသော စစ်တပ်တစ်ခုနှင့်တူသည်။ ဤသည်မှာ အမှန်ပင် ချန်နျောင်ဘုရင့်နိုင်ငံတော်၏ စစ်မှန်သော လက်ရွေးစင်များဖြစ်သည့် နဂါးနက်တပ်စုဖြစ်သည်။

တပ်စုခေါင်းဆောင်က အခြေအနေအရ လူသာမျိုးနွယ်ကို သုတ်သင်ရန်နဂါးနက်အဖွဲ့ကို အသုံးပြုခြင်းကပင် အနည်းငယ်လွန်နေပြီစု ခံစားမိနေသေးသည်။

“ငါ့ကောင်တို့ ဒီရွံဖို့ကောင်းတဲ့ လူသားတွေကို တကယ့်လက်ရွေးစင်တွေက ဘယ်လိုလဲဆိုတာ မြင်ကြပါစေ”

ထိုစကားကိုကြားသောအခါ နဂါးနက်တပ်စုက တညီတညွတ်တည်း ရှေ့သို့ တိုးသွားသည်။ ၎င်းတို့၏ ခြေလှမ်းများက တစ်ပြိုင်နက်တည်းရွေ့လျားသွား၏။ ဤစွမ်းအားပြသမှုက လူသားမျိုးနွယ်စုမှ ကြည့်ရှု့သူများ၏ မျက်နှာအမူအရာများကို တစ်ပြိုင်နက်တည်း ပြောင်းလဲသွားစေသည်။

ရှောင်ရွှေ့သည် ကြောက်ရွံ့မှုမရှိဘဲ အော်လိုက်သည်။

“ညီအစ်ကိုတို့၊ ချန်နျောင်ဘုရင့်နိုင်ငံရဲ့ ထိပ်တန်းစစ်သားတွေက ကျုပ်တိုကျုပ်တို့ရှေ့မှာ ရှိနေကြပြီ။ အခု သူတို့ကို အနိုင်ယူလိုက်မှ လူသားမျိုးနွယ်စုရဲ့ နှစ်ရာချီနေတဲ့ အရှက်တရားကို ဖယ်ရှားနိုင်လိမ့်မယ်။ အခုက စပြီး ကျုပ်တို့ နှိမ်ချခံရတော့မှာမဟုတ်ဘူး။ ထပ်ပြီး စကားမပြောတော့ဘူး… လူသားမျိုးနွယ်ရဲ့ဂုဏ်သိက္ခာအတွက်… တိုက်ကြ”

ရှောင်ရွှေ့၏စကားများသည် လူသားမျိုးနွယ်စုစစ်သားများကို လေးနက်သွားစေကာ ၎င်းတို့၏ မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်များ တဖြည်းဖြည်း တိုးဝင်လာသည်။ မည်သူက စခဲ့သည်ကို မသိကြသော်လည်း တစ်ယောက်က ခပ်တိုးတိုး ပြောလိုက်သည်။

“ငါတို့ အဝတ်မပါဘူးလို့ ဘယ်လိုပြောနိုင်မှာလဲ။ ငါတို့က တူညီတဲ့ ချပ်ဝတ်တန်ဆာကိုဝတ်ထားတယ်။ ဘုရင်က စစ်တပ်ကို ထူထောင်တဲ့အခါ ငါတို့ရဲ့ လှံတွေ ဒိုင်းတွေကို အရောင်တင်တယ်။ ငါတို့မှာ တူညီတဲ့ ရန်သူတွေရှိတယ်”

အစပိုင်းတွင် အော်ဟစ်သံက နည်းသော်လည်း မကြာမီ၌ပင် လူသားစစ်သားများအားလုံးက ကျယ်လောင်စွာ

ကြုံးဝါးလိုက်ကြသည်။

“ငါတို့မှာ အဝတ်မရှိဘူးလို့ ဘယ်ပြောနိုင်မလဲ။ ငါတို့ကအတူတူပဲကွ။ ဘုရင်က စစ်တပ်ကို မြှင့်တင်ရင် ငါတို့ရဲ့ လှံတွေ သံချပ်ကာတွေကို ဝတ်မယ်။ ငါတို့ အတူတူ ချီတက်ကြမယ်”

အဆုံးတွင် ၎င်းတို့၏ အသံများသည် ကောင်းကင်ကို တုန်လှုပ်စေခဲ့သည်။ လူသားမျိုးနွယ်စုဝင်အားလုံးက ထိုအသံကိုကြားသောအခါ မျက်ရည်ကျခဲ့ရသည်။ အကြောင်းမှာ ယင်းက လူသားမျိုးနွယ်စု၏ ဘိုးဘေးများထံမှ ဆင်းသက်လာသော ရှေးဟောင်းစစ်ချီတေးဖြစ်သောကြောင့်ပင်ဖြစ်သည်။ ယင်းစတင်သည်နှင့် ၎င်းသည် လူသားစစ်သားများက သေသည်အထိ တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဟု ဆိုလိုခြင်းဖြစ်သည်။

ဤအခိုက်အတန့်တွင် လူသားစစ်သားများက နောက်ဆုံးတွင် နဂါးနက်စစ်သားအုပ်စုနှင့် ထိပ်တိုက်တွေ့ကြပြီဖြစ်ရာ မည်သည့် အော်သံမျှ၊ ငိုသံမျှ မရှိခဲ့ပေ။ ဓားနှင့် ဓားများ၏ လှုပ်ယမ်းသံများ၊ သံချပ်ကာနှင့် အသားများကွဲအက်ကုန်သည့်အသံများ၊ သွေးများ ဖြာထွက်လာသည့်အသံများ၊ အလောင်းများ မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည့်အသံများသာ ထွက်ပေါ်လာသည်။

ဤအသံများအားလုံးက အလွန်ရက်စက်သော သေခြင်းတရား၏သံစဥ်တစ်ခုကဲ့သို့ ပေါင်းစပ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လူသားစစ်သည်များနှင့် နဂါးနက်တပ်သား သုံးပုံတစ်ပုံ လဲကျသွားသည်။ ဤမြင်ကွင်းက အနောက်မှကြည့်နေသည့် မော့ကြားတပ်ဖွဲ့ဝင်များစွာကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီလူသားတွေက ဘယ်လိုလုပ် ရုတ်တရက် အရမ်းစွမ်းအားကြီးလာကြတာလဲ” နဂါးနက်တပ်စု၏ တပ်ခွဲခေါင်းဆောင်က မယုံကြည်နိုင်စွာဖြင့်‌အော်လိုက်သည်။ ထိုအချိန်တွင် လူသားစစ်သည်များက ၎င်းတို့၏ ဆွေမျိုးများ၏ အလောင်းများနှင့် သွေးများကို ကျော်ကာ

ကျားကုတ်ကျားခဲ ချီတက်နေကြဆဲဖြစ်သည်။

သို့သော် လက်ရွေးစင်များဟူသည့် နာမည်ကောင်းရထိုက်သော ဤနဂါးနက်စစ်သားများသည် အသေအပျောက်များသော်လည်း မဆုတ်ခွာသေးဘဲ လူသားစစ်သားများနှင့် တိုက်ပွဲတွင် လုံးထွေးနေခဲ့သည်။

သို့သော် ထိုအချိန်တွင် လူသားစစ်သားများအားလုံးက ကြိုတင်သဘောတူထားသည့်အတိုင်း တစ်ညီတစ်ညွတ်တည်း ရှေ့သို့ချီတက်ကာ ရက်စက်ကြမ်းကြုတ်စွာ သတ်ပစ်ကာ အသက်နှင့်အသက်ကို အလဲအထပ်ပြုကြသည်။

ရှောင်ရွှေ့သည် ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်မျှသာရှိသော လူငယ်တစ်ဦးက နဂါးနက်စစ်သားတစ်ဦးဆီ အပြေးအလွှားသွားကာ ရန်သူကို လှံဖြင့် ထိုးထွင်းလျက် အခြားနဂါးနက်စစ်သားနှစ်ယောက်၏ ဓားရှည်များက သူ့ရင်ဘက်ထဲသို့စိုက်ဝင်သွားသည်ကို ကြည့်နေသည်။

သို့သော် လူငယ်လေး၏ မျက်နှာတွင် ကြောက်ရွံ့ခြင်းမရှိ၊ ကျေနပ်သော အပြုံးဖြင့် နှုတ်ခမ်းများပင် ကွေးကောက်ကာ ဓားနှစ်ချောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လျက် နောက်ဆုံး ခွန်အားကို အသုံးပြု၍ အော်ဟစ်လိုက်သည်။

“လူသားမျိုးနွယ်စု ချီတက်ကြ”

ဤရက်စက်ကြမ်းကြုတ်သောမြင်ကွင်းသည် စောင့်ကြည့်နေသော မော့ကြားတပ်သားအားလုံးကို အံ့အားသင့်သွားစေခဲ့ကာ အကြောက်တရားကို တစ်ခါမှ မသိခဲ့ကြသည့် နဂါးနက်စစ်သားများ၏ မျက်လုံးများတွင် ကြောက်လန့်မှုအငွေ့အသက်များပေါ်လာသည်။

လူသားမျိုးနွယ်စုဝင်များအားလု့း မျက်ရည်များကျနေကြပြီဖြစ်သည်။ ကောင်းကင်ကပင် ဤမြင်ကွင်းကို ဆက်လက်မကြည့်နိုင်တော့သကဲ့သို့ တိမ်များက ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ရှောင်ရွှေ့က မျက်ရည်များကိုသုတ်လိုက်ပြီးနောက် ဓားကို မြင့်မြင့်ကိုင်ကာ ကြုံးဝါးလိုက်သည်။

“လူသားမျိုးနွယ်စုရဲ့ လက်စားချေမှု ဒီတိုက်ပွဲက စတင်တယ်။ အားလုံးပဲ ချီတက်ကြ… သေတဲ့အထိ တိုက်ကြမယ်”

အခန်း(၅၈၅) ဘယ်သူမှ မကျန်

နဂါးနက်တပ်စုသည် နောက်ဆုံးတွင် ဆုတ်ခွာသွားခဲ့သည်။ ၎င်းတို့က ယခင်က သေခြင်းတရားကို ကြောက်ရွံ့ခဲ့ဖူးခြင်းမရှိကြ… သို့မဟုတ် သေခြင်းတရားဖြင့် ခြိမ်းခြောက်ခံရဖူးခြင်းမရှိကြပေ။ သို့သော် ဤကဲ့သို့ လုံးလုံးလျားလျား ရူးသွပ်သွားသည့် သူရဲကောင်းအုပ်စုနှင့် ရင်ဆိုင်ရသောအခါတွင်မူ အတွင်းထဲမှ ကြောက်စိတ်က ၎င်းတို့ကို တဖြည်းဖြည်းခြင်း နောက်ဆုတ်သွားစေခဲ့သည်။

အနောက်ဘက်ရှိ အရာရှိအများအပြားလည်း တုန်လှုပ်သွားကြသည်။ ထိုအချိန်တွင် တဲကြီးအတွင်း၌ အပျော်အပါးပျော်မွေ့နေသော ကျန်းယောင်းစီသည်လည်း သတင်းကို လက်ခံရရှိခဲ့သည်။ အလျင်အမြန်သွားသောအခါ သူလည်း ထိတ်လန့်သွားသည်။

"ဘာ... ငါတို့ ဘာလုပ်ရမှာလဲ"

"အရှင်၊ ဒီ လူသားမျိုးနွယ်စုစစ်သည်တွေကို ဖြန့်ခွဲဖို့ အရည်အချင်းရှိတဲ့ ဆရာတွေကို စေလွှတ်ဖို့ လိုမယ်ထင်တယ်။ ကျွန်တော့်အမြင်အရတော့ ဒီ လူသားမျိုးနွယ်စုစစ်သည်တွေ အရမ်းကြောက်ဖို့ကောင်းတာက သူတို့အသုံးပြုနေတဲ့ တိုက်ပွဲပုံစံတွေကြောင့်ပဲ" ဗျူဟာမှူးက လေးစားစွာဖြင့် ပြောသည်။

"ဒါဆို မင်းဘာကိုစောင့်နေတာလဲ၊ အခုပဲ တစ်ယောက်ယောက်ကို လွှတ်လိုက်လေ”

"အရှင့်အမိန့်မရှိရင် ဆရာတွေက ကျုပ်တို့ စကားကိုနားမထောင်ဘူး”

“အာ..” ကျန်းယောင်စီက သူသည် စစ်ဦးစီးချုပ်ဖြစ်ကြောင်း သတိရကာ စစ်တံဆိပ်ကို အမြန်ဆွဲထုတ်လိုက်သည်။

“တပ်တွေ အမြန်လွှတ်”

“ဟုတ်ကဲ့”

ခဏအကြာတွင် စခန်းထဲတွင် တပ်စွဲထားသော သခင်များ ပေါ်လာသည်။ ဤပုဂ္ဂိုလ်များသည် တပ်မတော်၏ ထိပ်တန်း တိုက်ခိုက်ရေး တပ်ဖွဲ့များဖြစ်သည်။ ၎င်းတို့၏ ကျင့်ကြံ‌ရေးအဆင့်များသည် ရှောင်ယောင်းအဆင့်အထွတ်အထိပ်သို့မဟုတ် ကောင်းကင်လူသားအဆင့်တွင် အများစုဖြစ်သည်။ ၎င်းတို့၏ တာဝန်မှာ ဤလူသားမျိုးနွယ်စုစစ်သားများ၏ တိုက်ခိုက်မှုပုံစံကို ဖြိုခွဲရန် ဖြစ်ကြောင်း သိရှိလာသောအခါတွင် အနည်းငယ် သဘောထားကွဲလွဲခဲ့ကြသည်။

"ဒါက ရိုးရှင်းလွန်းတယ်။ လူသားမျိုးနွယ်စုတစ်စုပဲ၊ ဒါကိုတောင် ကိုင်တွယ်လို့ မရဘူးလား" ၏

ဤပုဂ္ဂိုလ်များက မကျေမနပ်ဖြစ်နေကြသော်လည်း စစ်တပ်၏ အမိန့်ကို မလွန်ဆန်နိုင်ကြသဖြင့် ညွှန်ကြားသည့်အတိုင်းဆက်လုပ်ကြသည်။ ၎င်းတို့အားလုံး ချီတက်လိုက်ကြသည့်အခိုက်တန့်တွင် အပြင်းအထန်ခုခံနေသည့် နဂါးနက် တပ်စုက သက်ပြင်းတစ်ချက်ချကာ အမြန်အဆန် ဆုတ်ခွာသွားကြသည်။

“ဆရာတို့ သတိထားပါ ဒီလူသားမျိုးနွယ်စုက နည်းနည်းတော့ ထူးဆန်းတယ်”

ကျင့်ကြံသူများက ဤစကားကိုကြားသောအခါ လှောင်ရယ်လိုက်သည်။

“ဘယ်လောက်ပဲထူးဆန်းထူးဆန်း ဒါ မကျင့်ကြံနိုင်တဲ့ လူသားတွေပဲ။ ငါတို့ကိုကြည့်ထားကြ”

ပြောပြီးသည်နှင့် ၎င်းတို့အားလုံးက ရှေ့သို့ တိုးသွားကြသည်။ ဤပုဂ္ဂိုလ်များသည် ကျင့်ကြံရေးအဆင့်များပိုင်ဆိုင်ထားသောကြောင့် စတင်တိုက်ခိုက်သည်နှင့် လူသားမျိုးနွယ်ဘက်တွင် အသေအပျောက်များ ချက်ချင်းရှိလာသည်။

ရွှယ်အန်းချန်ထားခဲ့သော တိုက်ပွဲပုံစံသည် အမှန်တကယ်ပင် အဆမတန် ထက်မြက်ကာ ကြောက်မက်ဖွယ်ကောင်းသော်လည်း စွမ်းအားကွာဟချက်က အလွန်အမင်း ကြီးမားလွန်းနေသည်။

ရှောင်ရွှေ့သည် လူသားမျိုးနွယ်စုသူရဲကောင်းတစ်ဦးက ကျင့်ကြံသူ၏လက်သီးဖြင့် ရင်ဘက်အဖောက်ခံလိုက်ရသည်ကို မြင်မြင်တွေ့လိုက်ရသည်။ သို့ထိတိုင် လူသားမျိုးနွယ်စုသူရဲကောင်းက လက်လျှော့ရန် ငြင်းဆန်နေဆဲဖြစ်ကာ ကျင့်ကြံသူကို အလွတ်မပေးပေ။

အဆုံးသတ်တွင် ကျင့်ကြသူက လူသား၏ လက်ကို ရက်စက်စွာ လိမ်ချိုးလိုက်သည်။ ဤရက်စက်ကြမ်းကြုတ်သောမြင်ကွင်းသည် ရှောင်ရွှေ့၏မျက်လုံးများကို သွေးနီရောင်ပြောင်းသွားစေသည်။

ထိုအချိန်တွင် ကောင်းကင်မှ မိုးက ပိုသည်းလာသည်။လူသားမျိုးနွယ်စုစစ်သည်တော်များအားလုံး ဒဏ်ရာရသွားသော်လည်း မည်သူမျှ နောက်ဆုတ်သွားခြင်းမရှိပေ။

ရှောင်ရွှေ့က ဝမ်းနည်းကာ ဒေါသအပြည့်ဖြင့် အော်လိုက်သည်။

“ခံစစ်ပုံစံပြောင်းကြ”

စစ်သည်တော်များ အားလုံးစုဝေး၍ ခံစစ်ကိုဖွဲ့စည်းကြသည်။ ထိုအချိန်တွင် ၎င်းတို့၏ အသေအပျောက်က ထက်ဝက်ကျော်သွားခဲ့ပြီဖြစ်သော်လည်း ရန်သူကို သတ်ပစ်ရန် ရည်ရွယ်ချက်ဖြင့် ကြည့်နေကြဆဲဖြစ်သည်။

ကျင့်ကြံသူများကလည်း အလျင်လိုခြင်းမရှိကြဘဲ လူသားမျိုးနွယ်၏ ခွန်အားကို ကြည့်၍ ကစားလျက်ရှိကြသည်။

အခြေအနေက ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်သွားသည်။

တစ်ချိန်တည်းမှာပင် ကျင့်ကြံသူများက လှောင်ရယ်ကာ အော်လိုက်ကြသည်။

“လူသားမျိုးနွယ်ကနေ မွေးဖွားလာတာကိုက မင်းတို့ အမှားပဲကွ။ ကြိုးစားမနေနဲ့ အသုံးမဝင်ဘူး။ မင်းတို့က တစ်သက်လုံး အစေခံတွေ ကျွန်တွေပဲဖြစ်နိုင်တယ်။ ကျင့်ကြံဖို့လည်းမလုပ်နိုင်တာကြောင့် ခုခံဖို့ကြိုးစားနေတာလည်း သေဖို့ပဲဦးတည်သွားလိမ့်မယ်။ မင်းတို့ရဲ့ မိသားစုဝင်တစ်ယောက်စီတိုင်းကို မင်းတို့ရှေ့မှာတင်သတ်ပစ်မယ်ကွ”

ကျင့်ကြံသူများအားလုံးက လှောင်ရယ်လိုက်ကြသည်။

အမှန်ပင် ယခုအချိန်၌ ရှောင်ရွှေ့နှင့် အခြားသူများက ကျင့်ကြံသူများနှင့် လုံးထွေးနေကြချိန်ကို အခွင့်ကောင်းယူကာ မော့ကြားစစ်သားများက ရှေ့သို့ ချီတက်လာ၍ မြို့ကို စတင်တိုက်ခိုက်ကြတော့သည်။

မြို့ရိုးပေါ်ရှိ လူသားမျိုးနွယ်စုတွင် အကြီးအကဲများ၊ အင်အားနည်းသူများ၊ အမျိုးသမီးများနှင့် ကလေးငယ်များ ပါ၀င်သော်လည်း ထိုအချိန်တွင် ထိုလူများပင် ခွန်အားအပြည့်သုံးကာ ခုခံတိုက်ပွဲဝင်ကြသည်။

သို့သော် လူသားမျိုးနွယ်စု၏ သာမန်လူများရှေ့တွင် မော့ကြားစစ်သားများသည် ငရဲနတ်ဆိုးနတ်ဘုရားများကဲ့သို့ပင် အနည်းငယ်မျှ တုန်လှုပ်ခြင်းမရှိကြပေ။ ရှောင်ရွှေ့၏ မျက်လုံးများက ဒေါသနှင့်ပြည့်နေ၍ သူမ၏ နောက်ရှိ လူသားမျိုးနွယ်မှ စစ်သားများသည်လည်း ‌ဒေါသနှင့်ထိတ်လန့်မှုတို့ဖြင့် ပြည့်နေသည်။ ကျင့်ကြံသူများနှင့် တပ်မှူးများအားလုံးက ပြုံးလိုက်ကြသည်။

"ဟေး ဟေး၊ မြို့ကျပြီးတာနဲ့ လူသားမျိုးနွယ်ဝင်တွေအားလုံး အသက်ရှင်လျက် မြေမြုပ်သွားလိမ့်မယ်။ တစ်ကောင်မှ လွတ်မှာမဟုတ်ဘူး" ကျန်းယောင်းစီက ဒေါသတကြီးပြုံးကာ ပြောလိုက်သည်။

ထို့နောက် မိုးကောင်းကင်ထက်မှ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာခဲ့ရာ သူ့အသံက မှိန်ဖျော့သွားသည်။

ထို့နောက်တွင် ကျယ်လောင်သော မိုးခြိမ်းသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

ဤအသံသည် ကောင်းကင်နှင့်မြေကြီးကို ထိတ်လန့်သွားစေကာ ဖရိုဖရဲစစ်မြေပြင်ကို တစ်ခဏမျှ ငြိမ်သက်သွားစေသည်။ တစ်ချိန်တည်းမှာပင် လူသတ်ရန် ရည်ရွယ်ချက်ဖြင့် ပြည့်နေသည့် အသံသည် မိုးကုတ်စက်ဝိုင်းမှ ထွက်ပေါ်လာသည်။

"ငါ့လူသားမျိုးနွယ်ကို ဘယ်သူက အနိုင်ကျင့်ရဲတာလဲ။"

ဤအသံကိုကြားလိုက်ရသည်နှင့် ရှောင်ရွေ့တို့အဖွဲ့ အံ့သြထိတ်လန့်သွားကာ ၎င်းတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုများဖြင့်တောက်ပလာခဲ့သည်။ တစ်ဖက်တွင်မူ မော့ကြားစစ်သားများအားလုံး

အနည်းငယ် ထိတ်လန့်သွားကြသည်။

ဘာတွေဖြစ်နေတာလဲ။

ဘယ်သူစကားပြောနေတာလဲ။

လူတိုင်းက မော့ကြည့်လိုက်ကြရာ မိုးကုပ်စက်ဝိုင်းမှ လွင့်ပျံလာသော အလင်းတန်းတစ်ခုက မျက်စိတစ်မှိတ်အတွင်း ခေါင်းပေါ်သို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။ ထိုမှသာလျှင် အလင်းတန်းသည် အမှန်တကယ်ကြီးမားသော ရုပ်သေးရုပ်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။

ရုပ်သေးပုခုံးပေါ်၌ ယောက်ျားလေးတစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့ မတ်တပ်ရပ်နေကြသည်။ အမျိုးသမီးများသုံးဦးလုံးက ခါးထိရှည်သော ဆံနွယ်များ လေထုထဲလွင့်မျောနေလျက်ရှိကာ အလွန်ရင်သက်ရှု့မောဖွယ်ကောင်းလှသည်။

သို့သော် ယခုအချိန်တွင် မည်သူကမှ ဂရုမစိုက်ကြပေ။

ရုပ်သေးရုပ်ခေါင်းပေါ်တွင် ရပ်နေသောသူဆီသို့သာ အာရုံရောက်သွားကြသည်။ ဤလူသည် အဖြူရောင်ကို ၀တ်ဆင်ထားလျက် ဂုဏ်ယူဝံ့ကြွားစွာ မတ်တပ်ရပ်နေကာ သူ၏မျက်နှာသည် တည်ငြိမ်နေလျက် မျက်လုံးများက သမုဒ္ဒရာကဲ့သို့နက်ရှိုင်း လေးနက်၍ ကြောက်စရာကောင်းလှသည်။

သူ့ကိုမြင်လိုက်သောအခါ ရှောင်ရွှေ့၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။

"အစ်ကိုအန်း။ အစ်ကိုအန်း ပြန်လာပြီ"

အခြားလူသားမျိုးနွယ်စုဝင်များအားလုံးက အလွန်စိတ်လှုပ်ရှားကာ ငိုကြသည်။

ရွှယ်အန်းသည် ရုပ်သေးရုပ်ပေါ်၌ ရပ်နေကာ အောက်ရှိ စစ်မြေပြင်ကို အပေါ်စီးမှ ကြည့်၍ မျက်နှာထက်တွင် အေးစက်သော သတ်ဖြတ်ရောင်ဝါများပေါ်လွင်လာသည်။

"ကောင်းပြီ၊ မင်းတို့က ငါ့ရဲ့ လူသားမျိုးနွယ်ဝင်တွေကို သတ်ရဲတဲ့အတွက် တစ်ယောက်မှ မချန်ခဲ့တော့ဘူး”

ကျင့်ကြံသူများနှင့်တကွ ကျန်းယောင်းစီနှင့် အခြားသူများအားလုံး အာရုံစူးစိုက်ကြည့်ကာ ရွှယ်အန်း၏စကားကိုကြားသောအခါ မထိန်းနိုင်ဘဲ လှောင်ပြောင်ကြသည်။

"ဘယ်​လို​မောက်​မာ​နေ​တာ​လဲ၊ တစ်​ယောက်​မှ မချန်ခဲ့ဘူးဟုတ်လား ငါ​က ဘယ်သူ​လဲ မင်း​သိ​လား" ကျန်းယောင်းစီက အေးစက်စွာ ရယ်မောလိုက်သည်။

"အိုး၊ ကျွန်မ မေးလို့ရမလား၊ ရှင်က ဘယ်သူလဲ" လျို့ခယ့်ခယ်က ရွှင်မြူးစွာ မေးလိုက်သည်။

ကျန်းယောင်းစီက သူ့အား အလှဆုံးပြုံးပြနေသော မိန်းကလေးကြောင့် စိတ်လှုပ်ရှားစွာ တုံ့ပြန်ခဲ့သည်။

"ကျုပ်က ချန်နျောင်နိုင်ငံရဲ့ မဟာဗိုလ်ချုပ်ကြီးပါ၊ ကျုပ်ဦးလေးက အချုပ်အချာအာဏာပိုင်ပဲ။ လူသားမျိုးနွယ်က ဒီလူက ဘယ်သူလဲ၊ ငါ့ကို ဒီလိုပြောတဲ့ မင်းက ဘယ်သူလဲ၊ အလှလေးသာ ငါနဲ့ လိုက်ခဲ့မယ်ဆိုရင် သူ့ကို သက်ညှာပေးဖို့ စဥ်းစားပေးမယ်”

လျို့ခယ့်ခယ်ကို လောဘကြီးစွာ စိုက်ကြည့်နေစဉ် ကျန်းယောင်းစီ၏ မျက်လုံးများသည် တပ်မက်မှုများ တောက်ပနေခဲ့သည်။

ချန်နျောင်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်။

လျို့ခယ့်ခယ်အနည်းငယ် ထိတ်လန့်သွားကာ ရွှယ်အန်းကို လှည့်ကြည့်လိုက်သည်။

“စီနီယာ ချန်နျောင်ဘုရင်နိုင်ငံရဲ့ ကံမကောင်းတဲ့ အချုပ်အခြာအာဏာပိုင်ကို ရှင် ဓားနဲ့ခုတ်သတ်လိုက်တာမဟုတ်ဘူးလား”

ဤသည်ကိုကြားသောအခါ ကျန်းယောင်းစီက ရယ်လိုက်သည်။

“အလှလေး အပြင်က ကောလဟာလတွေကို ယုံနေတာလား။ ငါ…”

သူ့စကားမဆုံးခင်တွင် ရွှယ်အန်းက လက်ကို ဆန့်ထုတ်လိုက်ရာ ကျန်းယောင်းစီက ချက်ချင်းပင် ရွှယ်အန်း၏လက်ထဲသို့ ပျံသန်းသွားသည်။

"ဘာ... ဘာလုပ်နေတာလဲ ကယ်ပါဦး" ကျန်းယောင်းစီက လေထဲတွင် ရုန်းကန်လျက် ကျယ်လောင်စွာအော်လိုက်၏။

All Chapters