← Chapters

အခန်း (၅၈၉-၅၉၁)

Vol. 40 Ch. 589-591

အခန်း (၅၈၉-၅၉၁)

Vol. 40 Ch. 589-591

အခန်း(၅၈၉) ငါ အအေးမိတာ ပြန်ကောင်းလာတဲ့ထိ စောင့်

မည်သူမျှ စကားမပြောကြဘဲ လူတိုင်းသည် ကောင်းကင်မှ ဆင်းသက်လာသော မိတ်ဆွေကို လုံးလုံးလျားလျား စိုက်ကြည့်နေကြသည်။

မကြာခင်၌ပင် ကုန်းဟူ၏ လက်အောက်ခံ တစ်ယောက်က ကျယ်လောင်စွာ အော်ငေါက်ပါတော့သည်။

"မဖြစ်ဘူး သခင်ကြီး သေသွားပြီ”

"ဒီကောင်ကိုသတ်၊ သခင်ကြီးအတွက် လက်စားချေကြ”

"အရင်ဆုံး သခင်ကြီးကိုကယ်ကြစမ်းပါ”

"ဘာကို ကယ်ရမှာလဲ သခင်ကြီးက ပန်ကိတ်ဖြစ်နေပြီ မမြင်ဘူးလား"

"ဘူး ဟိုး ဟိုး သခင်ကြီးက တကယ် ဝိုင်းစက်နေအောင် အပြားခံလိုက်ရတာပဲ”

ရှုပ်ထွေးနေသော အာမေဋိတ်များကြားတွင် ကုန်းဟူ၏ လက်အောက်ခံအဖွဲ့အားလုံးသည် ၎င်းတို့၏ဓားများကို ဆွဲထုတ်ကာ အရေးယူရန် ပြင်ဆင်နေကြသည်။

ကောင်းကင်မှဆင်းသက်လာသော ဤလူကြီးလူကောင်းသည် အမှန်ပင် ထို သနားဖွယ် ဟူယွဲ့ဖြစ်သည်။ သူသည် ရွှယ်အန်းနှင့်အတူ ဤကံကြမ္မာကစားပွဲတွင် နစ်မြုပ်နေခဲ့သည်။

သို့သော်လည်း အာကာသနှင့် အချိန်များ ရှုပ်ထွေးစီးဆင်းမှုကြောင့် ရွှယ်အန်းထက် တစ်လခွဲနောက်ကျပြီးမှ ပေါ်လာခဲ့သည်။ သူနောက်ဆုံးပေါ်လာသောအခါ ဟူယွဲ့သည် ပေထောင်ပေါင်းများစွာမြင့်သော လေထဲတွင် သူ့ကိုယ်သူ တွေ့ရှိခဲ့သည်။

ထို့အပြင် သူ၏ ကျင့်ကြံရေးအဆင့်ကိုလည်း ကန့်သတ်ထားသည်။ ထို့နောက် သူက အမြင့်မှ ပြုတ်ကျလာသည်။

နောက်တစ်ကြိမ် သေရမည်ကိုကြောက်သော ဟူယွဲ့က သူ့ကိုယ်နေဟန်ထားကို ချိန်ညှိရန် အတတ်နိုင်ဆုံး ကြိုးစားကာ သူ့ကို ဖမ်းထားနိုင်မည့် တစ်ခုခုကို ရှာကြည့်လိုက်သည်။ ကံမကောင်းစွာဖြင့် ထိုအချိန်တွင် ကုန်းဟူသည် သူ၏ပုံစံအမှန်ကို ထုတ်ဖော်ပြသခဲ့သည်။

ဟူယွဲ့၏ မျက်လုံးများ တောက်ပလာကာ သူ့ဆီသို့ ဦးတည်သွားသည်။ ယခု ကုန်းဟူသည် အမှန်တကယ် ဖိချေခံခဲ့ရပြီဖြစ်၍သူ၏ဂိုဏ်းသည် ဟူယွဲ့ကို လက်စားချေရန် သတ်ပစ်ရန် အော်ဟစ်နေခြင်းဖြစ်သည်။

ဟူယွဲ့က စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ့တွင် ကျင့်ကြံရေးအဆင့် မရှိတော့ပေ။

သူသာ ဤကောင်များလက်ထဲတွင် သေရမယ်ဆိုပါက ကျားသခင်ထက် ကောင်းကောင်းမွန်မွန်သေရမည်မဟုတ်ပေ။

မသေချာမရေရာသကဲ့သို့ ခံစားနေရချိန်တွင်

မုချင်းဝမ်သည် သူမ၏ ကနဦး တုန်လှုပ်ချောက်ချားမှုမှ ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။ ကုန်းဟူ အမှန်တကယ်သေဆုံးသွားသည်ကိုမြင်လိုက်ရကာ ဤသည်မှာ တစ်သက်တွင်တစ်ကြိမ်အခွင့်အရေးဖြစ်သည်ကိုသိသဖြင့် သူမသည် သူမ၏ဓားကို ပြတ်ပြတ်သားသားဆွဲထုတ်ကာ အေးစက်သောလေသံဖြင့်အော်လိုက်သည်။

"သတ်ပစ်ကြ"

ကုန်းဟူမရှိပါက ဤလက်အောက်ငယ်သားများက မုချင်းဝမ်နှင့် တခြားသူများကို မည်ကဲ့သို့ ယှဉ်နိုင်မည်နည်း။ ထိုတိုက်ခိုက်မှုအနည်းငယ်အတွင်း လက်အောက်ငယ်သားများသည် ၎င်းတို့၏မိဘများကိုတခဲ့ကြကာ အလောင်း တစ်ဒါဇင်ကျော် ကျန်ရစ်ခဲ့၍ ကျန်သူများသည် ထိတ်လန့်ကာ ထွက်ပြေးခဲ့ကြသည်။

ဟူယွဲ့၏ မျက်လုံးများ တဖြည်းဖြည်း တောက်ပလာသည်။

အဘယ်ကြောင့်ဆိုသော် ဤ မုချင်းဝမ်က အမှန်ပင် အလွန်လှပကြောင်း သူ ယခုတင် သတိထားမိလိုက်သောကြောင့်ဖြစ်၏။

အထူးသဖြင့် ယခုဖြစ်သည်။

ဓားတစ်လက်ကိုကိုင်လျက် တိုက်ခိုက်နေသော မုချင်းဝမ်သည် စွဲမက်ဖွယ်ကောင်းလှသည်။

ဟူယွဲ့၏အကြည့်ကို အာရုံခံမိ၍ မုချင်းဝမ်သည် သူ့ကို စကားစပြောရန် လှည့်ကြည့်လိုက်သည်။

သို့သော် ဟူယွဲ့က မစောင့်နိုင်တော့ဘဲ တွင်းထဲမှ ခုန်တက်လာကာ ပြုံး၍ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

"ဒီမိန်းမလှလေး၊ မင်းနာမည်၊ မင်းရဲ့အသက်ကို မေးလို့ရမလား၊ မင်းလက်ထပ်ပြီးပြီလား၊ ဒါဆိုရင် မင်း နောက်ထပ်တစ်ယောက်ရှိဖို့ စိတ်ကူးရှိလား"

မုချင်းဝမ်သည် ဤမေးခွန်းကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။

“အိုး….”

အားပေါင်က ရှေ့ကို လှမ်း၍ တင်ပါးပေါ် လက်နှစ်ဖက်ထောက်ထားကာ ရှုတ်ချသော မျက်နှာဖြင့် ပြောသည်

"ဟေး၊ သူ့ကို မပိုးပမ်းပါနဲ့ မမချင်းဝမ်ရဲ့ နာမည်ကို ရှင်သိထိုက်တယ်လို့ ထင်နေသလား"

“ချင်းဝမ်…” ဟူယွဲ့၏ မျက်လုံးများက တောက်ပလာသည်။

“နာမည်ကောင်းပဲ၊ တကယ်ကို စွဲမက်စရာကောင်းတဲ့ နာမည်တစ်ခုပဲ”

အားပေါင်၏ ဖောင်းကားနေသော ပေါင်မုန့်ပုံသဏ္ဍာန် မျက်နှာသည် ခဏတာ စိတ်ရှုပ်ထွေးမှုများ ပေါ်လွင်လာပြီးမှ နားလည်သွားကာ ဒေါသတကြီးအော်လိုက်သည်။

“ရှင် ပရောပရည်လုပ်နေတာလား မမချင်းဝမ်၊ ဒီကောင် ကောင်းကင်က ပြုတ်ကျပြီး သူ့နောက်ကြောင်းကို သမီးတို့မသိဘူး သူ့ကိုဖမ်းပြီး သေချာစစ်ဆေးသင့်တယ်”

မုချင်းဝမ်က အားပေါင်ကို စကားမပြောရန် အချက်ပြလိုက်သည်။

"ရှင်က လူလား နတ်ဆိုးလား။ ဘာလို့ ကောင်းကင်က ပြုတ်ကျလာတာလဲ”

"အဟွတ် အဟွတ် ကို့ကိုယ်ကိုယ်မိတ်ဆက်ဖို့ မေ့သွားတယ်။ ကိုက မြေခွေးမျိုးနွယ်စု အင်မော်တယ်ပါ မင်း ကို့ကို အင်မော်တယ်ဟူယွဲ့လို့ခေါ်လို့ရတယ် ကို ဘာလို့ ကောင်းကင်က ပြုတ်ကျတာလဲကတော့..."

ဟူယွဲ့သည် ကောင်းကင်တွင် တောက်ပနေသော လကို မော့ကြည့်ကာ စွဲမက်ဖွယ်ကောင်းသော အမူအရာတစ်ခုဖြစ်ပေါ်လာသည်။

"ဒီနေ့ ကို ကောင်းကင်နန်းတော်မှာ တရားထိုင်နေတုန်း ရုတ်တရက် အမြင်တစ်ခုရလိုက်တာ ဒီညမှာ ဒုက္ခကြုံရမယ့် အရမ်းချောတဲ့ မိန်းကလေးနဲ့ ဆုံတွေ့ရမယ်၊ ကိုထွက်လာပြီး ဖြေရှင်းဖို့ လိုအပ်နေပြီလို့ မြင်ခဲ့တယ်…"

"ဒါဆို ရှင်က ကောင်းကင်ကနေ ပြုတ်ကျပြီး ကုန်းဟူကို အပြားကြီးဖြစ်​အောင်လုပ်လိုက်တာပေါ့ ဟမ် လူကြီးမင်းဟူယွဲ့” အားပေါင်က ရွဲ့စောင်းပြောသည်။

“ဟမ်၊ နီးစပ်တယ် ဒါပေမယ့်… မဟုတ်သေး…”

"ရှင့်ဖင်ကြီးကိုမဟုတ်” အားပေါင်က ရှေ့သို့ တိုးလာကာ လက်သီးဖြင့် ခေါင်းကိုထိုးလိုက်သည်။

ငယ်ရွယ်သော်လည်း သူမတွင် ခွန်အားအနည်းငယ်ရှိသဖြင့် သူမ၏ ထိုးနှက်မှုကြောင့် ဟူယွဲ့က ကိုယ့်ခေါင်းကို ကိုင်ကာ အော်ဟစ်လိုက်ရသည်။

"ဟဲ့ မင်းဘာလို့ လူတွေကိုရိုက်နေတာလဲ"

"လူတွေကို ရိုက်တာ ဘာဖြစ်တာလဲ၊ ဘယ်သူက ရှင့်လို မိုက်မဲတဲ့ နှာဘူးကို မမချင်းဝမ်ကို အခွင့်ကောင်းယူခိုင်းလို့လဲ"

"ငါက သူ့ကို ဘယ်လို အခွင့်ကောင်းယူလို့လဲ"

"ရှင်ပြန်ပြောရဲတယ်ပေါ့"

ဘမ်း

နောက်တစ်ချက်။

"ဟေး မင်းငါ့ အဲ့လို လာရိုက်မနေနဲ့ကွ”

“ရိုက်တော့ဘာဖြစ်လဲ”

“အခုတလော ငါ သခင်ဟူယွဲ့ အအေးမိထားလို့ အအေးမိတာ သက်သာလာမယ့်အချိန်ကို မင်းစောင့်နေလိုက်”

“အအေးမိတာ ပြန်ကောင်းတော့ ရှင်ဘာလုပ်နိုင်မှာလဲ” အားပေါင်က လက်ကို ထပ်မံဆန့်ထုတ်၍ နောက်တစ်ချက် ရိုက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

“ပေါင်အာ ပြဿနမရှာနဲ့တော့” မုချင်းဝမ်က လေးနက်စွာပြောသည်။

ထိုမှသာ အားပေါင်က ရပ်တန့်သွားကာ ဟူယွဲ့ကို နှာခေါင်းရှုံ့ပြလျက် မုချင်းဝမ်ဘက်သို့လှည့်လိုက်သည်။

“မမချင်းဝမ် ဒီကောင်က…”

မုချင်းဝမ်သည် သူမကို တင်းမာသောအကြည့်ဖြင့် ကြည့်လိုက်သောအခါမှသာ အားပေါင်က နောက်ထပ်အသံမထွက်ရဲတော့ဘဲ လျှာသာ ထုတ်ပြလိုက်သည်။

ထို့နောက် မုချင်းဝမ်သည် ရှေ့သို့ တိုးလာ၍ မသိမသာ ဦးညွတ်လိုက်၏။

“လူကြီးမင်းဟူယွဲ့ ကျွန်မ အိမ်အကူက နည်းနည်းလေး ကြမ်းလို့ပါ သူ ရှင့်ကို စိတ်ရှုပ်အောင်လုပ်ရင် ကျွန်မ တောင်းပန်ပါတယ်”

ဟူယွဲ့က သွားများကြိတ်လျက် မျက်နှာပျက်ကာ ခေါင်းကို ပွတ်သပ်လျက် အားခဲကာ ပြုံးလိုက်သည်။

“ကြမ်းတာတော့မသိပါဘူး ဒါပေမယ့် သူက တကယ် သန်မာတဲ့ လက်သီးရှိတယ်”

မုချင်းဝမ်က ဤသည်ကိုကြားသောအခါ ပြုံးလိုက်မိသည်။ သူမ၏ အပြုံးသည် ဟူယွဲ့ကို ခဏတာ အံ့အားသင့်စေခဲ့သည်။ ချစ်စဖွယ်ကောင်း၍ ဆွဲဆောင်မှုအပြည့်ရှိသည့်အပြုံးတစ်ခုပင်ဖြစ်၏။

ဟူယွဲ့၏အကြည့်ကို သတိထားမိသောအခါ မူချင်းဝမ်၏ပါးပြင်များ နီမြန်းသွားကာ သူမ၏မျက်လုံးများ၌ မကျေနပ်မှုအချို့ လင်းလက်သွားသော်လည်း ထိန်းထားလိုက်သည်။

“ကျွန်မသိသလောက်ဆိုရင် မြေခွေးမျိုးနွယ်စုက နတ်ဆိုးမျိုးနွယ်စုတောင်တန်းရဲ့ မြောက်ဘက်စွန်းမှာရှိပြီး လရောင်မြို့တော်က အရှေ့ဘက်မှာရှိတာဆိုတော့ လူကြီးမင်းဟူယွဲ့ရဲ့ ခရီးစဥ်အရှည်ကြီးရဲ့ ရည်ရွယ်ချက်ကို သိချင်မိတယ်” မုချင်းဝမ်က အေးဆေးစွာပြောသည်။

မုချင်းဝမ်သည် ဟူယွဲ့၏မူလအစနှင့်ပတ်သက်၍ အနည်းငယ်သံသယရှိသော်လည်းကောင်းကင်မှ ရုတ်တရက်ဆင်းသက်လာခြင်းကြောင့် ကုန်းဟူကိုသတ်ပစ်ခဲ့သည်။ တစ်နည်းအားဖြင့် သူသည် သူမအား ကူညီပေးခဲ့သောကြောင့် သူမသည် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုခဲ့သည်။

ဟူယွဲ့က သက်ပြင်းရှည်ကြီးချလိုက်သည်။

“ကိုပြောတာကို မင်းမယုံဘူးလား။ ကိုက ကောင်းကင်နန်းတော်မှာ တရားထိုင်ပြီးလေ့ကျင့်နေတာ…”

မုချင်းဝမ်က ကျားနတ်ဆိုး၏ ခေါင်းနှင့်ပတ်သက်၍ တစ်စုံတစ်ခုလွဲမှားနေသလားဟုတွေးကာ မျက်မှောင်ကြုတ်လိုက်သည်။ သို့မဟုတ် သူ ပြုတ်ကျလာချိန်တွင် တစ်စုံတစ်ခု ချို့ယွင်းသွားခြင်းဖြစ်နိုင်သည်။

သူပြောနေသမျှက အဓိပ္ပါယ်မရှိပေ။

“လူကြီးမင်းဟူယွဲ့ ရှင်ဘယ်သူ့ကို သတ်လိုက်တာလဲသိလား”

“ဘယ်သူလဲ”

“အဲ့လူက မြို့မြောက်ဘက်က ကျားခေါင်းဂိုဏ်းရဲ့ နန်းဆောင်သခင်၊ နှစ်ပေါင်းတစ်ရာကျော် ကျင့်ကြံထားတဲ့ ကျားနတ်ဆိုး၊ ရှင် အခုသူ့ကို သတ်လိုက်တာ ကျားခေါင်းဂိုဏ်းဝင်တွေက လွယ်လွယ်နဲ့ အလွတ်ပေးမှာမဟုတ်ဘူး” မုချင်းဝမ်က ခေတ္တ စကားကို ရပ်လိုက်သည်။

“ဒါဆို ရှင် ကျွန်မကို ရိုးရိုးသားသားဖြေဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် ကျွန်မတောင် ရှင့်ကို မကယ်နိုင်ဘူး”

“ဟ ကျားခေါင်းဂိုဏ်းတစ်ခုပဲ စကားထဲ ထည့်ပြောနေသေးတာလား။ နောက်ဆုံးတော့ ငါဟူယွဲ့က ဘာမှမဟုတ်….” ဟူယွဲ့က မိမိကိုယ်မိမိ ကျေနပ်အားရစွာဆက်ပြောသည်။ သူ့စကားမဆုံးခင် မုချင်းဝမ်က သူ့လူများကို ဦးဆောင်ကာ လှည့်ထွက်သွားသည်။

ဟူယွဲ့က အခြေအနေကို စောင့်ကြည့်လျက် အထူးသဖြင့် သူ၏ ကျင့်ကြံရေးအဆင့်က ယခုမရှိတော့သဖြင့် ၎င်းတို့နောက်သို့ အမြန်လိုက်သွားခဲ့သည်။

“ခဏ… ကို့ကို ခဏစောင့် မိန်းကလေးချင်းဝမ်… ကို ဒီတိုင်း စနေတာပါ”

အခန်း(၅၉၀) ဟူယွဲ့ ကစားပွဲတွင် ပါဝင်သည်

အလုပ်သမားလမ်း။

အတန်ငယ် ပျက်စီးနေသော ခြံဝင်းကြီးထဲတွင်။

ဝက်သားခေါက်ဆွဲ ရှစ်ပန်းကန်စားပြီး ကိုးပန်းကန်မြောက်ကို စားနေပြီဖြစ်သော ဟူယွဲ့ကို လူတိုင်းနီးပါး ငေးစိုက်ကြည့်နေကြကာ ထိတ်လန့်သွားကြသည်။ ခဏအကြာ၌ ဆံပင်ဖြူများဖြင့် အဘိုးကြီးတစ်ယောက်က နူးညံ့စွာပြောလိုက်သည်။

“ချင်းဝမ် မင်းခေါ်လာတဲ့ ဒီသခင်လေးက အစာမစားရတာ ဘယ်လောက်ကြာပြီလဲ”

မုချင်းဝမ်က အနည်းငယ် တုံ့ဆိုင်းသွားသည်.

“ဖြစ်နိုင်တာ… မြေခွေးမျိုးနွယ်စုက စားရတာကြိုက်တယ်ထင်တယ်”

ဟူယွဲ့က ဝက်သားခေါက်ဆွဲ ဆယ်ပန်းကန်စားပြီးမှသာ အသက်ကိုပြင်းပြင်းရှုထုတ်လိုက်သည်။ သူအသက်ရှုလိုက်သောအခါမှသာ အခြားသူများစွာကလည်း သက်ပြင်းချနိုင်တော့သည်။

“ဗိုက်ဝပြီလား” အားပေါင်က စူပုတ်ကာမေးသည်။

“ဟင့်အင်း ငါစားရတာ ပျင်းလာလို့ ခဏလောက်နားမလို့”

လူအုပ်ကြီး : “…”

မုချင်းဝမ်က ခေါင်းခါပြီး သက်ကြီးရွယ်အိုအချို့ကို ခေါ်သွားခဲ့သည်။ သူမထွက်သွားပြီးနောက် မကြာမီ၌ပင်

စုတ်ပြတ်သတ်နေသော ကလေးတစ်ဒါဇင်ခန့်သည် ရှေ့သို့ ခုန်တက်လာကာ ဟူယွဲ့ကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည်။

ထိုအချိန်တွင် အားပေါင်က နောက်ထပ် ခေါက်ဆွဲတစ်ပန်းကန်ကို ယူလာပေးသဖြင့် ဟူယွဲ့က စားတော့မည့်အခိုက်တွင် ကလေးများစွာက စားချင်နေသော မျက်လုံးများဖြင့် လာရောက်စိုက်ကြည့်နေသည်ကိုမြင်လိုက်ရသောကြောင့် ရပ်တန့်သွားသည်။

အားပေါင်က သက်ပြင်းချကာ ကလေးများကို ဆွဲထုတ်သွားတော့မည့်အခိုက်၌ ဟူယွဲ့က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“ဒါက ဘာလဲ…” ဟူယွဲ့က စိတ်ရှုပ်ထွေးစွာပြောလိုက်သည်။

အားပေါင်က ထူးမခြားနားသည့်ဟန်ဖြင့်ပြန်ဖြေ၏။

“ရှင်စားနေတာက ဒီကလူတွေအများကြီးရဲ့ တစ်နေ့တာ စားနပ်ရိက္ခာပဲ။ ဒီကလေးတွေ အခု ဗိုက်ဆာနေရတော့မယ်”

ထို့နောက် ခေါင်းငုံ့ကာ ညင်သာစွာ ပြုံးလိုက်သည်။

“မမအားပေါင်က အရသာရှိတာတစ်ခုခုသွားဝယ်ပေးမယ်နော်”

သို့သော် ကလေးများက တညီတညွတ်တည်း ခေါင်းယမ်းလိုက်ကြသည်။

“မမအားပေါင် သမီးတို့ ဗိုက်မဆာဘူး”

အသက်ကြီးသော မိန်းကလေးများထဲမှ တစ်ယောက်က အားပေါင်၏ လက်ကို ဆုပ်ကိုင်ထားသည်။ "မမအားပေါင် မေမေက မမ သမီးတို့ အတွက် ပိုက်ဆံထပ်မဖြုန်းသင့်တော့ဘူးလို့ ပြောတယ်။ မမ မင်္ဂလာဆောင်ခန်းဝင်ပစ္စည်းအတွက် စုထားသင့်တယ်”

“ဟုတ်တယ်” ကလေးအားလုံးက ခေါင်းညိတ်ကာ အော်လိုက်ကြသည်။

အားပေါင်က ရှက်ရွံ့စွာဖြင့် ဒေါသထွက်ဟန်ဆောင်၏။

“အရူးမလေး ဘာအဓိပ္ပါယ်မရှိတာတွေလျှောက်ပြောနေတာလဲ”

ကလေးမလေး၏ ပါးကို ဆွဲစိတ်မည့်အမူအရာလုပ်ပြလိုက်သော်လည်း ကောင်မလေးက တခစ်ခစ်ရယ်ကာ ရှောင်ထွက်သွားသည်။ ဤမြင်ကွင်းကိုကြည့်ပြီးနောက် ဟူယွဲ့က ဝက်သားခေါင်းဆွဲပန်းကန်ကိုကြည့်ကာ စားရန်ခက်ခဲသွားသည်။

“အဟွတ် အဟွတ် ရုတ်တရက်ကြီး ငါ ဗိုက်ဝလာသလိုပဲ။ အားပေါင် ဒီကလေးတွေကို ကျွေးလိုက်ပါ”

အားပေါင်က အနည်းငယ် စိတ်ဆိုးသွားပြီး‌နောက် ခါးထောက်လိုက်သည်။

“ရှင် ဘယ်သူ့ကို အားပေါင်လို့ခေါ်နေတာလဲ။ အားပေါင်က ရှင်ခေါ်လို့ရတဲ့ နာမည်လား”

“ဒါဆို ငါ ဘယ်လိုခေါ်ရမလဲ”

“ရှင် ကျွန်မကို မမအားပေါင်လို့ခေါ်လေ”

ဟူယွဲ့က ခေါင်းခါလိုက်သည်။

“သူတို့က မင်းကို ခန်းဝင်ပစ္စည်းဖိုး ချန်ထားခိုင်းတာ အံ့သြစရာတော့မဟုတ်ဘူး မဟုတ်ရင် မင်း ဒီလောက်ဖြစ်တာ ဘယ်လို လက်ထပ်နိုင်မှာလဲ”

အားပေါင်၏ မျက်နှာက ဒေါသကြောင့် စိမ်းလာသည်။ သို့သော် ဟူယွဲ့က ရယ်မော၍ ကလေးများကိုပြောလိုက်သည်။

“ပူတုန်းစားကြလေ အေးသွားရင် စားလို့မကောင်းတော့ဘူး”

ကလေးများအားလုံးက အားပေါင်ကိုကြည့်ကြသည်။ အားပေါင်က ဒေါသထွက်နေသော်လည်း သူမသည် ကလေးများကို အလွန် ကြင်နာတတ်သူဖြစ်၍ ခေါင်းညိတ်လိုက်သည်။

“သွားစားကြ မလောက်ရင် မမ ထပ်ချက်ပေးမယ်”

ကလေးများက ကြွေးကြော်ကာ အမြန်သွား၍ စတင် စားသောက်ကြသည်။

ဟူယွဲ့က ပြုံးပြုံးရွှင်ရွှင်ကြည့်လျက် တစ်ဖက်တွင် ရပ်လိုက်သည်။

“ဒီကလေးတွေအားလုံးက ဘယ်သူတွေလဲ”

အားပေါင်၏အမူအရာက မှုန်ဝါးလာသည်။

“အများစုက မိဘတွေ ဆုံးရှုံးထားရတဲ့ မိဘမဲ့တွေပဲ”

ဟူယွဲ့ အံ့အားသင့်သွားသည်။

“ဒီနေရာကို ဘာလို့ အလုပ်သမားလမ်းလို့ခေါ်လဲသိလား။ ဘာလို့လဲဆိုတော့

မိုးလင်းကနေ ညနေအထိ အလုပ်ကြမ်းလုပ်နေကြတဲ့ မိုင်းလုပ်သားတွေ နေထိုင်တဲ့ နေရာမို့လို့"

"ဒီအလုပ်သမားတွေဟာ မိုင်းတွင်းမှာ မနက်ကနေ ညအထိ ပင်ပန်းပေမယ့် ဝင်ငွေနည်းနည်းပဲရပြီး ကြီးမားတဲ့ အန္တရာယ်တွေတောင် ကြုံကြရတယ်။ ဒီကလေးတွေရဲ့ မိဘတွေလိုပဲ အများစုက မိုင်းတွင်းမှာ မတော်တဆမှုမှာ သေဆုံးသွားကြတယ်။ သေတဲ့အထိ မပင်ပန်းကြရင်တောင် နောက်ဆုံးမှာ လှောင်ပြောင်ခံရပြီး အနိုင်ကျင့်ခံရလို့သေကြတယ်”

“ကျားခေါင်းဂိုဏ်းကို ဆန့်ကျင်ပြီး အလုပ်သမားလမ်းကို ဘာလို့ မမချင်းဝမ်က မလွှဲပေးတာလဲသိလား။ ဘာလို့လဲဆိုတော့ ဒီလမ်းကို လွှဲပေးလိုက်တာနဲ့ ကျားခေါင်းဂိုဏ်းရဲ့ ဖိနှိပ်မှုအောက်မှာ ဒီအလုပ်သမားတွေရဲ့ ဘဝတွေဟာ ငရဲပြည်ရောက်သလို ကြေမွသွားကြလိမ့်မယ်”

အားပေါင်က ဤစကားများကို မယုံနိုင်လောက်အောင် တည်ငြိမ်အေးဆေးသောအသံဖြင့်ပြောလိုက်သည်။ ဤသည်ကိုကြားသောအခါ ဟူယွဲ့က မတတ်နိုင်ဘဲ ငြိမ်သက်သွားသည်။

“ဒါပေမယ့် ကုန်းဟူက ရှင်သတ်တာခံလိုက်ရတော့ ကျားခေါင်းဂိုဏ်းက ဒါကို လုံးဝ လက်လွှတ်တော့မှာမဟုတ်ဘူး။ မမချင်းဝမ်က မပြောပေမယ့် သူ ဒါကို စိတ်ပူနေမယ်ဆိုတာ ကျွန်မသိတယ်” အားပေါင်က သက်ပြင်းချလိုက်သည်။

ဟူယွဲ့က အနည်းငယ်ပြုံးလိုက်၏။

“စိတ်မပူပါနဲ့ ငါ ဒီမှာရှိနေသရွေ့ မင်းတို့ကို ဘယ်သူမှ ဘာမှလုပ်ရဲမှာမဟုတ်ဘူး”

ဤသည်ကိုကြားသောအခါ အားပေါင်က ဟူယွဲ့ကို သံသယစိတ်ဖြင့်ကြည့်ကာ ပြုံးလိုက်သည်။

“ကျင့်ကြံရေးအဆင့်‌တောင်မရှိဘဲ ရှင်က ဘာလုပ်နိုင်မှာလဲ။ သူတို့လာရင် သူတို့အတွက် ခေါက်ဆွဲစားပြပြီး ဖျော်ဖြေမလို့လား”

“...”

“ဟေး မင်းစကားပြောတာ ငါသိတဲ့ စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတဲ့လူတစ်ယောက်နဲ့တူတယ်” ဟူယွဲ့ကပြောသည်။

“ဟီးဟီး ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်”

နှစ်ယောက်သား စကားအနည်းငယ်ဖလှယ်ပြီးနောက် ကလေးများက ခေါက်ဆွဲတစ်အိုးလုံးကို အကုန်စားလိုက်ကြပြီဖြစ်သည်။

အားပေါင်က ပန်းကန်များကို သန့်ရှင်းရေးလုပ်ရန် သွားကာ ဟူယွဲ့က ကလေးမလေး၏ ခပ်သေးသေး ခပ်သေးသေးကလေးဆန်သောရုပ်သွင်ကို ကြည့်နေစဉ်တွင် သူ့မျက်လုံးများတွင် အလင်းရောင်ဖျော့ဖျော့လင်းလာသည်။

“ဒါက ကစားပွဲထဲဝင်ဖို့ ဆိုလိုတာလား”

လရောင်မြို့တော်၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသော အလွန်လှပသော အိမ်ကြီးတစ်ခုတွင်။

ကျားခေါင်းဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ထုန်ပေါင်သည် ခန်းမကြမ်းပြင်ပေါ်တွင် ချထားသော ဒါဇင်ထက်ပိုသော ထမ်းစင်များကို စိုက်ကြည့်နေလျက် ခန်းမဆောင်၏ ကုလားထိုင်တွင် ထိုင်နေသည်။

သွေးညှီနံ့က လေထဲတွင် ဝဲပျံနေသဖြင့် လူများကို ဒေါသထွက်စေသည်။

ပွန်းပဲ့စုတ်ပြတ်နေသော လက်အောက်ငယ်သားအများအပြားသည် ဆောင်းရာသီ ပုစဉ်းရင်ကွဲများကဲ့သို့ ထမ်းစင်နောက်တွင် ငြိမ်သက်စွာ ဒူးထောက်ထိုင်ကြသည်။ ထုန်ပေါင်၏ လက်ထဲတွင်ကစားနေသော သံဘောလုံးနှစ်လုံး၏အသံမှလွဲ၍ ခန်းမတစ်ခုလုံးတွင် မည်သည့်အသံမျှ မကြားရပေ။

ရုတ်တရက်။

ထုန်ပေါင်သည် အနီးနားရှိ လက်ဖက်ရည်စားပွဲကို ရိုက်ချိုးလိုက်ပြီးနောက် ဒေါသတကြီး အော်လိုက်သည်။

"ဒီ မုချင်းဝမ်က အရမ်းလွန်သွားပြီ”

လူတိုင်းသည် တပြိုင်နက် တုန်လှုပ်သွားကာ အသံမဖော်ဝံ့ဘဲ ခေါင်းငုံ့ထားကြသည်။

ထုန်ပေါင်က ဒူးထောက်နေသော လက်အောက်ငယ်သားများကို ကြည့်ကာမေးသည်။

"ပြောစမ်း ကုန်းဟူက ဘယ်လိုသေတာလဲ"

"ဂိုဏ်းခေါင်းဆောင်ကို လျှောက်တင်ပါတယ်။ ကုန်းဟူက ကောင်းကင်ကနေဆင်းလာတဲ့ လူတစ်ယောက် သတ်တာခံခဲ့ရတာပါ”

“ကောင်းကင်ကနေဆင်းလာပြီး သတ်တယ်ဟုတ်လား” ထုတ်ပေါင်က ဒေါသတကြီး ထပ်ခါတလဲလဲ ပြောသည်။

"မင်းတို့ ါ့ကို သုံးနှစ်သားကလေးထင်နေတာလား”

လက်အောက်ငယ်သားများသည် ဖွဲကဲ့သို့ တုန်တုန်ယင်ယင်ဖြင့်ပြန်ဖြေကြ၏။

“ကျွန်တော်တို့ မူသားတစ်ခွန်းမှ မပြောရဲဘူး။ ကုန်းဟူက တကယ်ပဲ ကောင်းကင်က ဆင်းလာတဲ့လူဆီ အချေမှုန်းခံလိုက်ရတာပါ။ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး မုချင်းဝမ်က ကျွန်တော်တို့ကို ပြန်တိုက်ခဲ့တာ”

ထုန်ပေါင်က ပေါက်ကွဲခါနီးတွင် ပါးစပ်ချွန်ချွန်နှင့် မျောက်မျက်နှာရှိသော ပညာရှင်တစ်ယောက်ကဲ့သို့ဝတ်ဆင်ထားသည့်လူတစ်ယောက် မတ်တပ်ထရပ်လာသည်။

“ဂိုဏ်းခေါင်းဆောင် ဒေါသကို ထိန်းပါ။ ဒီလူတွေက ခင်ဗျားကို လှည့်စားရဲမှာမဟုတ်ဘူးလို့ ကျုပ်ယုံကြပါတယ်”

“ဟုတ်.. ဟုတ် ဟုတ် ဗျူဟာမှူးပြောတာမှန်ပါတယ်။ ဂိုဏ်းခေါင်းဆောင်ကို ကျွန်တော်တို့ ဘယ်လို လှည့်စားရဲမှာလဲ” လက်အောက်ငယ်သားများက အလျင်စလို သဘောတူကြသည်။

ထုန်ပေါင်၏ မျက်နှာကပိုမိုဆိုးရွားလာသည်။

“အားလုံးထွက်သွားကြ ငါတို့ ဒီကိစ္စကို နောက်မှရှင်းကြမယ်”

လွတ်ငြိမ်းချမ်းသာခွင့် ပေးခံရသူများကဲ့သို့ လက်အောက်ငယ်သားများသည် ကရုဏာသက်ညှာပေးသည့်အတွက် ဆောလျင်စွာ ကျေးဇူးတင်ကြောင်းပြောကာ ထွက်ခွာသွားကြသည်။ ထုန်ပေါင်နှင့် မျောက်ကဲ့သို့သော ဗျူဟာမှူးသာ ခန်းမထဲတွင် ရှိနေသောအခါ ထုန်ပေါင်က တုံ့ဆိုင်းစွာပြောလိုက်သည်။

"ဗျူဟာမှူး၊ တကယ်က ကောင်းကင်က ဆင်းသက်လာတဲ့ လူတစ်ယောက်ဆိုရင်၊ သူက နတ်ဆိုးမျိုးနွယ်ရဲ့ သခင်ဖြစ်နိုင်မလား"

ထုန်ပေါင်ကိုယ်တိုင်ကပင် ကျားသစ်မှ အသွင်ပြောင်းထားခြင်းဖြစ်သော်လည်း သူက အလွန်သတိထားသည်။ ကောင်းကင်မှ ဆင်းလာသော လူတစ်ယောက်ဟူသည်က သူ့ကို အလွန် စိုးရိမ်ကြောင့်ကျစေသည်။

"ဂိုဏ်းခေါင်းဆောင်၊ သေချာပြောဖို့ခက်တယ်။ ဒါပေမယ့် ဒီအချိန်မှာ ဒီလူပေါ်လာတာ သံသယဝင်ဖို့ကောင်းတယ်”

ထုန်ပေါင်၏ မျက်နှာက ဖြူဖျော့သွားသည်။

"ဒါဆို... ငါတို့ အခု မုချင်းဝမ်ကို ပစ်မှတ်မထားသင့်ဘူးလား"

မျောက်တူလူက ခေါင်းခါလိုက်သည်။

"ဂိုဏ်းခေါင်းဆောင်၊ ဒီကိစ္စကို နှောင့်နှေးလို့ မရပါဘူး၊ ဒါပေမယ့် ကျုပ်တို့ ကိုယ်တိုင်လည်း လုပ်စရာတော့မလိုပါဘူး”

"အိုး”

“ဥပမာ… မုချင်းဝမ်ကို ဖယ်ရှားဖို့ ယုံကြည်ရတဲ့ လုပ်ကြံသတ်ဖြတ်သူကို ငှားလို့ရတယ်။”

"ပြီး​တော့ ယုံကြည်​ရတဲ့ လူသတ်​သမားကို ဘယ်​မှာရှာရမလဲ"

“ခင်ဗျားဆီက ဖုံးကွယ်မထားတော့ပါဘူး။ အခု လူတစ်ယောက်ရှိတယ်။ သူကသာယာမှု ရိပ်မြုံမှာနေနေတယ်”

အခန်း(၅၉၁) ငါက ခံစားချက်မဲ့တဲ့ လူသတ်သမားပဲ

သာယာမှုရိပ်မြုံဟူသော အမည်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်း ရွှင်မြူးမှုနှင့် အပန်းဖြေရန်အတွက် တည်ရှိနေခြင်းဖြစ်သည်။

လရောင်မြို့တော်တွင် သတ္တုရိုင်းများ ပေါများစွာထွက်ရှိမှုကြောင့် ဤနေရာတွင် ချမ်းသာသော ကုန်သည်များနှင့် စီးပွားရေးသမားများကို တိုးပွါးစေသည်။

ပိုက်ဆံရှိသောအခါ သုံးရန်နေရာ လိုအပ်သည်။

၎င်းသည် လူသားများနှင့် နတ်ဆိုးများ နှစ်ဘက်စလုံးအတွက် သက်ဆိုင်သည့် ရှုထောင့်တစ်ခုဖြစ်သည်။

ထို့ကြောင့် သာယာမှုရိပ်မြုံသည် ၎င်း၏ အလွန်ကောင်းမွန်သော လုပ်ငန်းကို ကြွားနိုင်သည်။

မှန်သည် ဤနေရာရှိမိန်းကလေးများသည် လူသားများ၊ နတ်ဆိုးများနှင့် စုန်းမအချို့တို့အပါအဝင် အမျိုးမျိုးရှိကြသောကြောင့်ဖြစ်သည်။

သင်က လူဖြစ်စေ နတ်ဆိုးဖြစ်စေ သင့်အတွက် သင့်တော်သော မိန်းကလေးကို ဤနေရာတွင် ရှာတွေ့နိုင်သည်။ ထုန်ပေါင်သည် ဤနေရာရှိ ပုံမှန်ဖောက်သည်တစ်ဦးလည်းဖြစ်သည်။ ထို့ကြောင့် သူရောက်လာသောအခါ ရင်းနှီးသော မိန်းကလေးတချို့က ချက်ချင်း သူ့အနားကို ရောက်လာကြသည်။

"ယို့ ဂိုဏ်းခေါင်းဆောင် ထုန်ပေါက် ဒီနေ့ ရှင် ဘာလို့ရောက်လာတာလဲ ကျွန်မတို့ နောက်ဆုံးလမ်းခွဲပြီးကတည်းက ဒီကောင်မလေးက ရှင့်ကို အရမ်းလွမ်းနေတာ”

ပြောနေသူမှာ ပရောပရည်လုပ်နေသော မိန်းမတစ်ယောက်ဖြစ်ကာ သူ့အမြီးက ကြောင်တစ်ကောင်၏ သဘာဝကို ပြနေသည်။

ထုန်ပေါင်၏နှလုံးသားများ ယိမ်းယိုင်သွားကာ အရေးမကြီးသောကိစ္စများသာမရှိနေပါက ဤညင်သာမှုပင်လယ်ထဲသို့ ခုန်ဆင်းကာ အချိန်အတန်ကြာ မှေးစက်နေမိပေလိမ့်မည်။

"အဟမ်း ငါဒီနေ့ အရေးတကြီးကိစ္စရှိလို့ နောက်တခေါက်ဖို ချန်ထားရအောင်"

"ဂိုဏ်းခေါင်းဆောင် ထုန်ပေါင် ရှင်က ဟာသပဲ။ ဒီကိုရောက်လာတဲ့ လူကြီးမင်းတွေ အားလုံးထဲမှာ အရေးမကြီးတဲ့ ကိစ္စမရှိတဲ့သူရှိလား" ကြောင်အမျိုးသမီးက တခစ်ခစ်ရယ်ရင်း ပြောသည် ။

သူမ၏ စကားများက ရည်ရွယ်ချက်ရှိရှိ ပုတ်ခတ်ခဲ့ခြင်းကြောင့် ထုန်ပေါင်က မည်သို့ပြန်ဖြေရမည်ကို မသိနိုင်ပေ။

ထိုအချိန်တွင် ဗူဟာမှူးကရယ်မောလိုက်သည်။

“ကြောင်မိန်းကလေး ငါတို့က အခု အရေးကြီးကိစ္စတစ်ခုလုပ် တကယ် လုပ်စရာရှိနေတယ်။ ငါတို့ မိန်းကလေး ဟူယဲ့နဲ့ တွေ့ဖို့လိုတယ်”

ဤသည်ကိုကြားသည်နှင့် ကြောင်အမျိုးသမီး၏ အမူအရာက ချက်ချင်းအေးစက်သွားကာ အပေါ်ထပ်ကို လက်ညှိုးထိုးပြလိုက်သည်။

“ သူ အပေါ်မှာ ကိုယ့်ဘာသာ သွားရှာ”

ထို့နောက် သူမသည် ပျင်းရိစွာဖြင့် ဆော့ကစားလိုက်သည်။

ထုန်ပေါင်သည် ချစ်စကားအနည်းငယ်ပြောချင်သေးသော်လည်း ဗျူဟာအကြံပေးက အပေါ်ထပ်သို့ ဆွဲခေါ်သွားခဲ့သည်။

ကြောင်အမျိုးသမီးသည် ဒေါသစိတ်ဖြင့် ပါးစပ်ကို လှုပ်ယမ်းကာ အောက်မှ လှမ်းကြည့်နေ၏။

“သေစမ်း အဲ့မြေခွေးမပဲ။ အဲ့ ငံပြာရည်မြေခွေးက ဘာကောင်းလို့လဲ၊ ကမ္ဘာကို မမြင်ဖူးသေးတဲ့ နတ်ဆိုးကောင်တွေ”

ကြောင်မိန်းကလေးက ငြီးတွားလိုက်သည်။

ထိုအချိန်တွင် ထုန်ပေါင်နှင့် ဗျူဟာအကြံပေးသည် ဒုတိယထပ် သီးသန့်ခန်းရှေ့သို့ ရောက်လာ၍ တံခါးကို ညင်သာစွာ ခေါက်လိုက်ကြသည်။ မကြာခင်၌ အထဲတမှ ပျင်းရိသူတစ်ဦး၏ အသံကို ကြားလိုက်ကြရသည်။

"လာ၊ တံခါးကို သော့ခတ်မထားဘူး”

ထုန်ပေါင်က တံခါးကို တွန်းဖွင့်လိုက်သည်။အခန်းသည် လန်းဆန်းနေကာ လေထုထဲတွင် မွှေးရနံ့သင်းသင်းများဖြင့် ပြည့်နေသည်။ ထိုအချိန်တွင် ကုတင်ပေါ်ရှိ မြင်ကွင်းကို ပြသရန် ကန့်လန့်ကာကို ရုတ်သိမ်းလိုက်သည်။

အမျိုးသားတစ်ယောက်က ကုတင်ပေါ်တွင်လှဲလျောင်းနေရာ ဆွဲဆောင်မှုရှိသေ အမျိုးသမီးတစ်ဦးက သူ့နောက်ကျောပေါ်တွင် ခွထိုင်ထားသည်။

“အာ့… အဲ့နေရာပဲ အဲ့နေရာလေး…” လူက အံကိုကြိတ်ကာ အမိန့်ပေးသည်။

ဗျူဟာအကြံပေးက ထုန်ပေါင်ကို တစ်ချက်ကြည့်ကာ ဤလူက ၎င်းတို့ရှာနေသည့် လူသတ်သမား ဖြစ်ကြောင်း အချက်ပြလိုက်သည်။

ထုန်ပေါင်တုံ့ဆိုင်းသွားသည်။

ဤလူက ပိန်ပိန်ပါးပါးပင်ဖြစ်ရာ ဗျူဟာအကြံပေးပြောခဲ့သည့် ထိပ်တန်းလုပ်ကြံသတ်ဖြတ်သူ မည်သို့ဖြစ်နိုင်မည်နည်း။

ထိုတုံ့ဆိုင်းနေသည့်အခိုက်အတန့်တွင် ထိုလူက တုံပေါင်ကို ပျင်းရိစွာ လှည့်ကြည့်လိုက်သည်။

ထိုလူသည် အလွန်ကြည့်ကောင်းကာ မျက်တောင်မခတ်နိုင်လောက်အောင် ပျင်းရိနေပုံရသည်။

"ဘာလို့လဲ မင်းငါ့ဆီက ဘာလိုချင်လို့လဲ"

ဗျူဟာအကြံပေးက ရယ်မောကာ ရှေ့ကို အမြန်လျှောက်လာသည်။

"သခင် ရွှယ်ရှ ဒီလူက ကျားခေါင်းဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ပါ ဒီကိစ္စကို ကိုင်တွယ်ဖို့ ခင်ဗျားကို လာမေးတာပါ!"

"ဘယ်သူ့ကိုသတ်ရမလဲ"

“အဲ…” ဗျူဟာအကြံပေးက မြေခွေးကို တစ်ချက်ကြည့်လိုက်သည်။

"ပြော လျှို့ဝှက်ချက်တစ်ခုမှမပေါက်ကြားစေရဘူး" ရွှယ်ရှက ဘာသိဘာသာ ပြောသည်။ မြေ​ခွေးမိန်းမပျိုက

ရွှယ်ရှ၏ပြောဆိုချက်ကို အတည်ပြုပုံဖြင့် ဗျူဟာအကြံပေးကို ပြုံးကာ မော့ကြည့်လိုက်သည်။

ထုန်ပေါင်က ရှေ့ကို လှမ်းလာသည်။

“မုချင်းဝမ်ပဲ”

ရွှယ်ရှက သူ့မျက်လုံးများကို မော့လိုက်သည်။

"လရောင်မြို့တော်ရဲ့ ဘုရားလောင်းလား”

မုချင်းဝမ်သည် ဆင်းရဲသူများကြားတွင် အလွန်ကျော်ကြားသော ဂုဏ်သတင်းကြောင့် ဘုရားလောင်းအဖြစ် ခေါ်ဆိုခြင်းခံရသည်။

ထုန်ပေါင်က ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ လကျောက်တုံး တစ်ရာ” ရွှယ်ရှက ဘာသိဘာသာ ပြောလိုက်သည်။

"ဒါက နည်းနည်းစျေးမကြီးလွန်းဘူးလား" ထုန်ပေါင်ြ ဈေးဆစ်ရန် ကြံရွယ်ပြီးနောက် အံ့အားသင့်သွားသည်။

“ဒါဆိုမတွေ့တော့ဘူးနော်" ရွှယ်ရှက မဆိုင်းမတွ ပြောလိုက်သည်။

“အိုး….”

ထုန်ပေါင်က ရွှယ်ရှသည် စကားကို ဤမျှ ပြတ်သားစွာပြောလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ဗျူဟာအကြံပေးက ခပ်ပြုံးပြုံး အော်ဟစ်လိုက်သည်။

“ဒါဆို တစ်ရာပေါ့!”

"ကောင်းပြီ၊ အရင်ပေးချေ"

"သတ်ဖြန်သူတွေကိုက အလုပ်ပြီးမှ ပေးရမှာမဟုတ်ဘူးလား” ထုန်ပေါက်က ဒေါသတကြီးပြောသည်။

"ဒါက တခြားသူတွေ အတွက်ပါ။ ငါက မတူဘူး၊ အကြွေးတွေကို လိုက်တောင်းဖို့ စိတ်မ၀င်စားဘူး။ ငါက ခံစားချက်မရှိတဲ့ လုပ်ကြံသတ်ဖြတ်သူဆိုတာ မင်းသိပါတယ်" ရွှယ်ရှက ဘာသိဘာသာ ပြောသည်။

"ဟုတ်​တယ်​ ဟုတ်​တယ်​" ဗျူဟာမှုးက ခေါင်းညိတ်ကာ အကြိမ်ကြိမ် သဘောတူလိုက်သည်။

နောက်ဆုံးတွင် ထုန်ပေါင်သည် ငွေကို ပေးချေဆဲဖြစ်သည်။

လရောင်ကျောက်တစ်ရာသည် ကျားခေါင်းဂိုဏ်းအတွက် အရေးပါသောပမာဏတစ်ခုလည်းဖြစ်သည်။ သို့သော် မုချင်းဝမ်ကို ချေမှုန်းရန် ထိုက်တန်သည်ဟု ယူဆရသည်။

"ကောင်းပြီ၊ မနက်ဖြန်မနက် မုချင်းဝမ်ရဲ့ခေါင်းကို လာယူပါ။" ရွှယ်ရှက ဘာသိဘာသာ ပြောလိုက်သည်။

အကြံပေးက ထုန်ပေါင်ကို ဆွဲခေါ်သွားသည်။

"ဒီကောင်က ပိုက်ဆံယူပြီး အလုပ်မလုပ်ရင် ဘယ်လိုလုပ်မလဲ ဒါမှမဟုတ် ထွက်ပြေးရင် ဘယ်လိုလုပ်မလဲ"

အကြံပေးက ခေါင်းယမ်းလိုက်သည်။

"ဂိုဏ်းခေါင်းဆောင် စိတ်ချနိုင်ပါတယ်၊ ဒီလူက သာမန်လူသတ်သမားတွေထက် အဆပေါင်းများစွာ တော်ပြီး နတ်ဆိုးမြို့တော်က ဆရာတစ်ဆူပဲ။ သူ့ရဲ့ဂုဏ်အသရေက အရမ်းကောင်းတယ်။ သူဘယ်တော့မှမရှုံးဘူး”

ထုန်ပေါင်က အကြံပေးစကားကိုကြားသောအခါ ခေါင်းတညိတ်ညိတ် ငြိမ်နေလိုက်သည်။

ထိုအချိန်တွင် ရွှယ်ရှသည် ငွေလက်ခံရရှိပြီးနောက် ကောင်းကင်တွင် လမြင့်သည့်တိုင်အောင် အိပ်ရာပေါ်တွင် လှဲနေလိုက်ပြီးမှ အေးဆေးစွာထသွားသည်။

မြေခွေးအမျိုးသမီးက သူ့ကို အစာရေစာကျွေးကာ ပြီးသည်အထိ စောင့်ပေးသည်။

ထို့နောက် ရွှယ်ရှက အိပ်ငိုက်နေသော မျက်လုံးများကို ပွတ်သပ်ကာ မြေခွေးအမျိုးသမီး၏ ခေါင်းကို ပုတ်လိုက်သည်။

"ငါ ပြန်လာတာ စောင့်ပါ”

"ဟမ်”

“သေစမ်း ငါအရမ်းအိပ်ချင်နေတယ်" ရွှယ်ရှသည် ပြတင်းပေါက်မှ ခုန်ဆင်းကာ ရေရွတ်လိုက်သည်။

ဗွမ်း

ခဏအကြာတွင် ရွှယ်ရှ၏ ကျိန်ဆဲသောအသံထွက်ပေါ်လာသည်။

"အေးပါကွာ၊ ပြတင်းပေါက်အောက်မှာ ရေပုံးကြီးလာချထားတာ ဘယ်သူလဲ"

မည်သို့ပင်ဆိုစေကာမူ ဖရိုဖရဲအဖြစ်အပျက်များ ဆက်တိုက်ဖြစ်ပွါးပြီးနောက် ရွှယ်ရှသည် အလုပ်သမားလမ်းသို့ ရောက်ရှိလာခဲ့သည်။

ထိုအချိန်က ညနက်နေပြီဖြစ်သည်။

အလုပ်သမားလမ်းကြားက တိတ်ဆိတ်ငြိမ်သက်နေကာ အားလုံး အိပ်ပျော်နေကြပြီဖြစ်သည်။

ရွှယ်ရှက မျက်လုံးများကိုမှိတ်ထားလိုက်ရာ မမြင်နိုင်၊ မထိတွေ့နိုင်သော နတ်အာရုံတစ်ခု ပျံ့နှံ့သွားသည်။

သိပ်မကြာခင်၌ ရှောင်ရှ၏ပါးစပ်ထောင့်တွင် အပြုံးတစ်ခုပေါ်လာသည်။

သူ၏ နတ်အာရုံအောက်တွင် မုချင်းဝမ်၏ အပြင်းထန်ဆုံး ကျင့်ကြံရေးအဆင့်က မီးရှူးတိုင်တစ်ခုကဲ့သို့ တောက်ပနေကာ အလွန်ထင်ရှားသည်။

ထို့နောက် သူသည် ပစ်မှတ်ဆီသို့ တိတ်တဆိတ် လျှောက်သွားခဲ့သည်။

ထိုအခိုက်အတန့်လေးတွင်၊ ဟူယွဲ့သည် မိမိ၏ ကျင့်ကြံရေးအဆင့်ကို ပြန်လည်ထိန်းသိမ်းရန် တွက်ချက်မှုများနှင့်အတူ ပေါ့ပါးစွာချောင်းဟန့်ပြီးနောက် အေးစက်သောအပြုံးက သူ့မျက်နှာအနှံ့ တဖြည်းဖြည်းပျံ့နှံ့သွားခဲ့သည်။

" မြေခွေးသခင်ရဲ့နှာခေါင်းအောက်မှာ လူတစ်ယောက်ကို သတ်ဖို့ သတ္တိရှိတယ်ပေါ့၊ အသက်ရှင်နေရတာ ပင်ပန်းနေပြီလား"

ထို့နောက် ဟူယွဲ့လည်း တိတ်တဆိတ် လိုက်သွားခဲ့သည်။

ထိုအချိန်တွင် မုချင်းဝမ်သည် သူမ၏အိမ်တွင် စာရင်းများကို စီစဉ်လျက်ရှိသည်။

အလုပ်သမားလမ်းကြားနှင့် အနီးနားရှိ အိမ်ခြေများကို တာဝန်ခံထားသဖြင့် သူမသည် အမှန်တကယ်တွင် ဘဏ္ဍာရေးလိုငွေများစွာရှိနေသည်။

အဘယ်ကြောင့်ဆိုသော် လူများစွာသည် အလုပ်သမား၏လမ်းကြားကို အမြတ်အစွန်းများသောနေရာတစ်ခုအဖြစ် မြင်ကြသော်လည်း မုချင်းဝမ်သည် ထိုနေရာမှ တစ်ပြားတစ်ချပ်မှ မယူခဲ့ပေ။ သူမသည် မိဘမဲ့ကလေးများကို ကူညီရန် ငွေကြေးများစွာ သုံးစွဲခဲ့သည်။

"မမချင်းဝမ် အိပ်တော့ အရမ်းနောက်ကျနေပြီ”

"အို! မင်းအိပ်နှင့်”

အားပေါင်က စိုးရိမ်စိတ်ဖြင့် မုချင်းဝမ်ကိုကြည့်ကာ ပြောသည်။

"မမချင်းဝမ် ပိုက်ဆံတွေ ထပ်လိုနေပြန်ပြီလား"

မုချင်းဝမ်က ခါးသက်စွာ ပြုံးလိုက်သည်။

"ကောင်းပါတယ်၊ မင်း ဒီအရာတွေအတွက် စိတ်ပူနေဖို့ မလိုဘူး"

“မမလိုချင်ရင် သမီးမှာ စုငွေလေးတွေရှိသေးတယ်…”

မုချင်းဝမ်က ခေါင်းခါလိုက်သည်။

"မင်းရဲ့ ခန်းဝင်ပစ္စည်းအတွက် ပိုက်ဆံကို သိမ်းထားလိုက်တာ ပိုကောင်းတယ်”

အားပေါင်၏မျက်နှာက နီမြန်းနေကာ ရှက်ရွံ့စိတ်များ ရောနှောကာနေ၏။

“မမချင်းဝမ်…”

သို့သော် သူမ စကားမဆုံးခင်တွင် နှင်းများကျနေသော ကောင်းကင်ယံထက်မှ ပြတ်သားသော ဓားအလင်းတစ်ခု ထွက်ပေါ်လာကာ ပြတင်းပေါက်များနှင့် တံခါးများကို ဖြိုခွဲ၍ မုချင်းဝမ်ဆီသို့ သေခြင်းတရား ရည်ရွယ်ချက်ဖြင့် တည့်တည့်ဦးတည်လာသည်။

All Chapters