← Chapters

အခန်း (၅၉၂-၅၉၄)

Vol. 40 Ch. 592-594

အခန်း (၅၉၂-၅၉၄)

Vol. 40 Ch. 592-594

အခန်း(၅၉၂) ဟူရွှယ်ရှ ချင်ချိုးမြေခွေးနိုင်ငံ၏ ဒုတိယတန်းစား အစောင့်

ဓားဖြင့်တိုက်ခိုက်ခြင်းသည် လျင်မြန်လွန်းလှသည်။

မုချင်းဝမ်သည် တုံ့ပြန်ရန် အချိန်မရှိသည့်အပြင် ဓားအလင်းက သူမဆီသို့ ပြေးလာသဖြင့် ကူကယ်ရာမဲ့သာ စောင့်ကြည့်နေနိုင်ခဲ့သည်။

သို့သော် ထိုအချိန်တွင် တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်လိုက်၏။

“ဤမှော်ပစ္စည်းကို ခံကြည့်”

ထိုစကားနှင့်အတူ အနက်ရောင်အလင်းတန်းက တည့်တည့်ပျဲသန်းလာကာ ရွှယ်ရှ၏ပခုံးပေါ်ကို တိုက်ရိုက်ထိမှန်သွားသည်။ ရွှယ်ရှက ပခုံးတွင် တုန်လှုပ်သွားသည့်အလား ခံစားလိုက်ရကာ ဓားအလင်းက သုံးပုံတစ်ပုံခန့် နှေးသွားသည်။

မုချင်းဝမ်သည် နောက်ပြန်ဆုတ်ရန် အခွင့်အရေးကို ဆုပ်ကိုင်လျက် တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။

ရွှယ်ရှက ငုံ့ကြည့်လိုက်သောအခါ မှော်ပစ္စည်းဆိုသည်မှာ အုတ်ခဲမှတပါး အခြားမဟုတ်ကြောင်း သိလိုက်ရသည်။

ထို့ကြောင့် စိတ်အနှောက်အယှက်ဖြစ်စွာဖြင့် ကြုံးဝါးလိုက်၏။

"ငါ့ကိစ္စ ဘယ်သူက ဝင်စွက်ဖက်ရဲတာလဲကွ”

ဤသို့ပြောပြီး နောက်လှည့်၍ ဓားဖြင့် အဆုံးသန်ပေးရန် ပြင်ဆင်လိုက်သည်။

သို့သော် သူလှည့်လိုက်စဉ် ဟူယွဲ့သည် တစ်ချိန်ချိန်တွင် သူ့နောက်သို့ရောက်လာကာ သူ့လက်ထဲတွင်ရှိသော အုတ်ခဲကို မြှောက်၍ ရိုက်ချရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

နှစ်ယောက်သား မျက်လုံးချင်းဆုံကြသည်။

ရွှယ်ရှက တုန်လှုပ်သွား၏။

“ကြီးမြတ်တဲ့…”

ဟူယွဲ့၏မျက်နှာက ရေကဲ့သို့ တည်ငြိမ်နေသည်။

"မင်းအမေတဲ့မှ တကယ်ပဲ မင်းပဲ”

ဤသို့ပြောလျက် ရွှယ်ရှ၏ ခေါင်းပေါ်သို့ အုတ်ခဲဖြင့် ရိုက်ချလိုက်သည်။

ရွှယ်ရှသည် မလှုပ်ဝံ့ဘဲ သူ့နဖူးမှ သွေးများ စီးကျလာသည်။

ထိုသို့သောမြင်ကွင်းသည် မုချင်းဝမ်နှင့် အားပေါင်တို့နှစ်ဦးစလုံးကို သဘာဝအတိုင်း အံ့အားသင့်စေခဲ့သည်။

"ဒါ ဘာဖြစ်နေတာလဲ” မုချင်းဝမ်က အေးစက်စွာမေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ ဒါက ငါ့ရဲ့လက်အောက်ငယ်သားပဲ၊ မင်း ဒူးထောက်ပြီး တောင်းပန်မှာမဟုတ်ဘူးလား။" ဟူယွဲ့က ခြိမ်းခြောက်စွာ စိုက်ကြည့်သည်။

ရွှယ်ရှက ချက်ချင်း လေးလေးစားစား ဒူးထောက်လိုက်သည်။

"မိန်းကလေးဝမ် မင်းက ကြီးမြတ်တဲ့အရှင်ရဲ့ သူငယ်ချင်းမှန်း ကျုပ်မသိလိုက်ဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ”

မုချင်းဝမ်၏ အမူအရာသည် အနည်းငယ် အရုပ်ဆိုးသွားသည်။ သူမသည် ဤလူ၏လက်မှ လွတ်မြောက်သည်ဆိုရုံမျှသာ ရှိသေးရာ ယခုမူ ဟူယွဲ့၏လက်အောက်ခံဖြစ်ကြောင်း ပြောနေကြ၏။

ဘာတွေဖြစ်နေတာလဲ

သူမ၏ တုံ့ပြန်မှုကိုမြင်သောအခါ ဟူယွဲ့ကပြောသည်။

“မိန်းကလေးချင်းဝမ် ဒီကိစ္စက ရှင်းပြဖို့နည်းနည်းရှုပ်ထွေးပါတယ်၊ ဒါပေမယ့် မင်းအပေါ်မကောင်းကြံတဲ့ရည်ရွယ်ချက်မရှိဘူးလို့ ကိုအာမခံပါတယ် မင်းကိုတကယ်သတ်ချင်တယ်ဆိုရင် ကိုအခုတင် ဝင်စွက်ဖက်မှာမဟုတ်ဘူးလေ"

မုချင်းဝမ်သည် ယခင်က ဓားချက်ကို တွေးမိကာH ဟူယွဲ့၏စကားက မှန်ကန်ကြောင်း သိလိုက်သည်။

အချိန်မီ မလုပ်ဆောင်နိုင်ခဲ့လျှင် သူမ ဓားဖြင့် ခုတ်ပိုင်းခံလိုက်ရလိမ့်မည်။

မုချင်းဝမ်က အသက်ပြင်းပြင်းရှူကာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ ဒီတစ်ခါ ရှင့်ကို ကျွန်မယုံလိုက်မယ်”

ဟူယွဲ့က အနည်းငယ်ပြုံး၍ မြေပြင်ပေါ်တွင် ဒူထောက်နေသော ရွှယ်ရှကို အမိန့်ပေးလိုက်သည်။

"ငါ့နောက် လိုက်ခဲ့”

ဟူယွဲ့ နှင့် ရွှယ်ရှထွက်သွားပြီးနောက်

အားပေါင်က တုန်လှုပ်နေဆဲဖြစ်သည်။

“မမချင်းဝမ် အဆင်ပြေရဲ့လား”

မုချင်းဝမ်က ခေါင်းယမ်းလိုက်ပြီးနောက် ဓားအလင်းကြောင့် ပျက်စီးနေသော တံခါးများနှင့် ပြတင်းပေါက်များကို ကြည့်လိုက်သည်။

"အားပေါက် ဟူယွဲ့ပြောတာ အမှန်တွေလို့ ထင်လား"

အားပေါင်က ခဏတုံ့ဆိုင်းသွားပြီးမှဆက်ပြောသည်။

“မမချင်းဝမ် ဟူယွဲ့က ပျင်းရိပြီး အရည်အချင်းမရှိပေမယ့် လူဆိုးလို့တော့ သမီးမထင်ဘူး”

မုချင်းဝမ်က အားပေါင်ကိုကြည့်ကာ ရယ်မောလိုက်သည်။

"ငါတို့ မိန်းကလေးအားပေါင်က ဟူယွဲ့ကို သဘောကျသွားတာများလား"

“အာ မမချင်းဝမ် သမီးကို မနောက်ပါနဲ့ သူက မြေခွေး သမီးက လူသားပါ၊ အဲတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

"ဘာဖြစ်လို့လဲ၊ ဟဲဟဲ၊ တစ်ယောက်ယောက်က အချစ်တွေပေါက်နေပုံပဲ” မုချင်းဝမ်က အကြိမ်အနည်းငယ် ကျီစားလိုက်ရာ အားပေါင်၏ပါးပြင်များကို ရှက်ကိုးရှက်ကန်းဖြင့် နီရဲလာပြီးနောက် သူမအိပ်ရန် အမြန်ပြန်ပြေးသွားခဲ့သည်။

မုချင်းဝမ်တစ်ယောက် အထီးကျန်စွာဖြင့် အပြင်မှ ညကို တိတ်တဆိတ် ကြည့်နေလျက် အမူအရာက လေးနက်လာသည်။

"ရှင်က ဘယ်လိုလူ ဒါမှမဟုတ် နတ်ဆိုးဖြစ်နိုင်လဲ။ ထိပ်တန်းလူသတ်သမားက ရှင့်ကိုတွေ့တာ ဘာလို့ ဒီလောက်လေးစားလာရတာလဲ"

မုချင်းဝမ်က သံသယများနှင့် ပြည့်နေသည်။

ထိုအချိန်တွင် ဟူယွဲ့သည် ရွှယ်ရှကို သူ့အခန်းသို့ ပြန်ခေါ်သွားခဲ့ပြီးဖြစ်သည်။

အခန်းတံခါးကို ပိတ်လိုက်ပြီးနောက်

ဟူရွှယ်ရှသည် မြေပြင်ပေါ်တွင် ချက်ချင်း ဒူးထောက်လိုက်သည်။

“ချင်ချိုး မြေခွေးနိုင်ငံက ဒုတိယတန်းစား အစောင့် ဟူရွှယ်ရှက သခင်ဟူယွဲ့ကို ဦးညွတ်ပါတယ်"

ဟူယွဲ့၏ အမူအရာက ရေကဲ့သို့ ငြိမ်သက်နေနေရာ ဒူးထောက်နေသည့် ဟူရွှယ်ရှရှေ့တွင် ရပ်နေလေသည်။ အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် သူက ထူးမခြားနားပြောလိုက်သည်။

"မင်း ဒီလောကထဲ ဘယ်လိုရောက်လာတာလဲ၊ ဘယ်သူက မင်းကို လွှတ်လိုက်တာလဲ"

"အရှင့်မေးခွန်းကို ပြန်ဖြေပါတယ် မင်းသမီး ဟူယင်းနဲ့ အရှင့်ကိုရှာဖို့ အကြီးအကဲကြီးက လွှတ်လိုက်တာပါ”

“အကြီးအကဲကြီး’’’.” ဟူယွဲ့က ခပ်တိုးတိုးရေရွတ်လိုက်သည်။

"ဒါက ကျွန်တော်တင်မကပါဘူး အရှင်နဲ့ မင်းသမီးလေးရဲ့ တည်နေရာကို ရှာဖွေဖို့ အစောင့်တစ်ထောင်ကျော်ကို စေလွှတ်ထားပါတယ်။ ကျွန်တော် ဒီကမ္ဘာကို ဘာလိုရောက်လာတာလဲဆိုတော့…”

ဟူရွှယ်ရှက ခါးသက်စွာပြုံးလိုက်သည်။

"လွန်ခဲ့တဲ့တစ်နှစ်ကျော်က လျှို့ဝှက်နယ်မြေမှာ နတ်သူငယ်မိခင်သစ်ပင်ရဲ့ အမြစ်ကို မတော်တဆ ခုတ်မိပြီး ဒီကို ရောက်လာတာ။ ကျွန်တော် ထွက်သွားဖို့လုပ်တော့ ဒီကနေ ဘယ်လိုမှ ထွက်သွားလို့မရတော့ဘူး။ အကြီးအကဲကြီးပေးခဲ့တဲ့ အနန္တစကြဝဌာဖြတ်သန်းအမိန့်ကတောင် ဒီမှာ အသုံးမဝင်ဘူး”

ဤသည်ကိုကြားသောအခါ ဟူယွဲ့က အေးစက်စွာရယ်မောလိုက်သည်။

“ဒါပေါ့ မင်းဘယ်ထွက်သွားလို့ရမလဲ ဒါက အရမ်းထူးခြားတဲ့ လျို့ဝှက်နယ်မြေပဲ။ အနန္တစကြဝဌာဖြတ်သန်းအမိန့်က ဒီမှာ လုံးဝ အသုံးမဝင်ဘူး”

“အဲ့တာကြောင့်ကိုး” ဟူရွှယ်ရှက အသိအမှတ်ပြုကြောင်း ခေါင်းညိတ်သည်။

ထို့နောက် ဟူယွဲ့က အေးစက်သောလေသံဖြင့် မေး၏။

"မင်းကို အခုငါမေးမယ်၊ မင်းဘာလို့ လူသတ်သမားဖြစ်လာတာလဲ”

ဟူရွှယ်ရှက ရှက်ရွံ့သောအကြည့်ဖြင့်ပြော၏။

“သခင်ဟူယွဲ့မေးခွန်းကို ဖြေပါတယ်။ ဒီနေရာကို သိပ်မကြာခင်ကမှရောက်လာပြီး မြို့ရဲ့ သာယာမှုရိပ်မြုံမှာ မြေခွေးအမျိုးသမီးတစ်ယောက်နဲ့ ချစ်မိခဲ့ကြပေမယ်… ကျွန်တော် ပိုက်ဆံပြတ်နေပြီလေ”

“ဒါဆို မင်းက အခြားသူတွေကို သတ်ပြီး ပိုက်ဆံယူတယ်ပေါ့” ဟူယွဲ့၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်ဖြင့် တောက်နေသည်။

ဟူရွှယ်ရှတုန်လှုပ်စွာဖြင့် ခေါင်းကို မြေကြီးပေါ် အကြိမ်ကြိမ် ရိုက်လိုက်သည်။

“အရှင်... ရွှယ်ရှ ကိုယ့်အမှားကိုယ်သိပါပြီ”

“ ကျော်ကြားတဲ့ ချင်ချိုးမြေခွေးနိုင်ငံရဲ့ ဒုတိယတန်းစား အစောင့်တစ်ယောက်ဟာ အမြတ်အစွန်းလေးတစ်ခုရဖို့ လူသတ်နေတယ်တဲ့။ ငါပြန်တာနဲ့ မင်းနဲ့ ဒီကိစ္စကို စာရင်းရှင်းမယ်”

ဟူရွှယ်ရှသည် မခံဝံ့ဘဲ မြေပြင်ပေါ်တွင် ဒူးထောက်ကာ ချွေးသီးများထွက်လာသည်။

“နားလည်ပါပြီ”

"လုံလောက်ပြီ မတ်တပ်ရပ်" ဟူယွဲ့က ဘာသိဘာသာပြောသည်။

ဟူရွှယ်ရှက မတ်တပ်ထရပ်လိုက်၏။

“သခင်ဟူယွဲ့ကရော ဘာလို့ ဒီလျှို့ဝှက်နယ်မြေထဲ ရောက်နေတာလဲ။ အရှင့်ရဲ့ကျင့်ကြံရေးအဆင့်….”

ဟူယွဲ့က လက်နှစ်ဖက်ကို နောက်ကျောတွင်ယှက်ထားကာ မတ်တပ်ရပ်နေသည်။

“ငါ မြေခွေးနိုင်ငံတော်ရဲ့ ကံကြမ္မာကို အာမခံဖို့ ဒီကိုရောက်လာတာ။ ငါ့ကျင့်ကြံရေးအဆင့်ကတော့ … ဒီနေရာရဲ့ စည်းမျဥ်းတွေ ကန့်သတ်တာခံထားရတယ်။ အာ… မင်းကတော့ ကျင့်ကြံရေးအဆင့် နည်းနည်းကျန်သေးတဲ့ပုံပဲ”

ဟူရွှယ်ရှက စိတ်အားထက်သန်စွာခေါင်းညိတ်လိုက်သည်။

“ကိုးဆယ်ရာခိုင်နှုန်းလောက် အားနည်းသွားခဲ့ပြီး ဆယ်ရာခိုင်နှုန်းပဲ ကျန်တော့တယ်”

"ဆယ်ရာခိုင်နှုန်းရှိတာက မဆိုးပါဘူး၊ ဒီကမ္ဘာမှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လုံလောက်ပြီ” ဟူယွဲ့က ခေါင်းညိတ်သည်။

ထို့နောက် သူက အေးစက်စွာပြောလိုက်၏။

"မုချင်းဝမ်ကိုသတ်ဖို့ စေလွှတ်ခဲ့တဲ့သူနဲ့ပတ်သက်ပြီးတော့… အခုဘာလုပ်ရမယ်ဆိုတာ မင်းသိလား"

ဟူရွှယ်ရှကခေါင်းညိတ်သည်။

"နားလည်ပါတယ်"

"ကောင်းပြီ ဒါဆို သွားတော့"

“ဟုတ်”

ဟူရွှယ်ရှက ခုန်ထွက်သွားပြီးနောက် ညအမှောင်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

ဟူယွဲ့သည် ပြတင်းပေါက်ဘေးတွင် ရပ်ကာ ခပ်တိုးတိုးရေရွတ်လိုက်၏။

“အကြီးအကဲကြီး ယင်းအာကို ရှာတာက မထူးဆန်းပါဘူး။ ဒါပေမယ့် ဘာလို့ကျုပ်ကိုရှာနေတာလဲ။ ဘာဖြစ်နေတာလဲ။ မြေခွေးနိုင်ငံကို ပြန်ဖို့တွေးရုံနဲ့ ခေါင်းကိုက်တယ်”

ထိုအချိန်၌ ကျားခေါင်းဂိုဏ်းတွင်…

ထုန်ပေါင်နှင့် မျောက်တူလူတို့က သတင်းကောင်းများကို စောင့်ဆိုင်းနေကြသည်။ ထို့ကြောင့် ဟူရွှယ်ရှ ရုပ်တရက်ပေါ်လာသောအခိုက်တွင် ၎င်းတို့က လုံးလုံးလျားလျား ကြိုတင်ပြင်ဆင်ထားခြင်း မရှိပေ။

“မင်း….”

ဟူရွှယ်ရှသည် သူ၏ဓားဖြင့် မျောက်တူလူ၏ ခေါင်းကို ဖြတ်လိုက်ရာ စကားတစ်ခွန်းမျှ အဆုံးမသတ်နိုင်ခဲ့ပေ။

ထုန်ပေါင်က အလွန်ထိတ်လန့်သွား၏။

"ဘာဖြစ်နေတာလဲ၊ မင်း ငါတို့ကို ဘာလို့ လာသတ်တာလဲ”

ဟူရွှယ်ရှက အေးစက်စွာပြန်ဖြေသည်။

‘အရှင့်ရဲ့ မိတ်ဆွေကို အန္တရာယ်ပြုဖို့ အမိန့်ပေးလိုက်တာ… မင်း သေဖို့ကလွဲပြီး မထိုက်တန်ဘူး”

“အရှင် ဟုတ်လား”

ထုန်ပေါင်သည် ဟူရွှယ်ရှ၏ ဓားအောက်၌ ခေါင်းဖြတ်ခံလိုက်ရသည့်အခိုက်အတန့်အထိ ဤအရှင်ဟူသည် မည်သူနည်းကို တွေးတောနေသေးသည်။

သို့သော် ဟူရွှယ်ရှမသိသောအရာမှာ ဤနတ်ဆိုးနှစ်ကောင်၏ ဦးခေါင်းများကိုကိုင်လျက် သူထွက်ခွာသွားပြီးနောက် ထုန်ပေါင်၏ခန္ဓာကိုယ်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ မြောက်ဘက်သို့ ပျံသန်းသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၅၉၃) မနေ့ညက ဖြစ်ခဲ့တာတွေကို ကိုတာဝန်ယူပါ့မယ်

နောက်နေ့။

ထုန်ပေါင်နှင့် အဝါရောင် မျောက်တို့၏ ဦးခေါင်းမဲ့ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြရကာ

လရောင်မြို့တော်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရသည်။

ကျားခေါင်းဂိုဏ်းကို လရောင်မြို့တော်တွင် အကြီးဆုံးဂိုဏ်းအဖြစ် သတ်မှတ်ခံရသော်လည်း ညတွင်းချင်း ဂိုဏ်းခေါင်းဆောင်နှင့် စစ်အကြံပေးနှစ်ဦးစလုံး ခေါင်းဖြတ်ခံရမည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။

ယင်းကြောင့် လူများသည် မည်သူတွင် တာဝန်ရှိသည်ကို သိလိုစိတ်ပြင်းပြလာသောကြောင့် ထောင့်ပေါင်းစုံမှ သံသယများ မြင့်တက်လာခဲ့သည်။ တညီတညွတ်တည်းနီးပါး လူများစွာသည် လူများကြားတွင် ကျော်ကြားကာ 'ဘုရားလောင်း' ဟု အမည်ပြောင်ပေးထားကြသော မုချင်းဝမ်ဆီသို့ လှည့်ကြည့်ကြသည်။

ကျားခေါင်းဂိုဏ်းသည် မုချင်းဝမ်နှင့် သဘောထားကွဲလွဲမှုများ ကြုံတွေ့နေရကာ လွန်ခဲ့သော ရက်အနည်းငယ်က ကျားခေါင်းဂိုဏ်း၏ နန်းဆောင်သခင်ကုန်းဟူသည် မုချင်းဝမ်၏လက်၌ သေဆုံးသွားခဲ့သည်။

အဖွဲ့နှစ်ခုကြား တင်းမာမှုများ တိုးလာသောအခါ ထုန်ပေါင်က ခေါင်းဖြတ်ခံလိုက်ရသည်။

ဤအရာ လူအများက မုချင်းဝမ်ကို သံသယမ၀င်ရန် ခက်ခဲသည်။

ဤအခိုက်အတန့်တွင် ရှုပ်ပွနေသော အလုပ်သမားလမ်းကြားဝင်းအတွင်း၌ မုချင်းဝမ်လည်း ထိတ်လန့်သွားသည်။

"ဘာလဲ၊ ထုန်ပေါင်သေပြီလား”

"ဟုတ်တယ်၊ ကျုပ်တို့ သတင်းရထားတယ် သူ့ခေါင်းဖြတ်ခံလိုက်ရပြီး စစ်ဘက်အကြံပေး အဝါရောင်မျောက်လည်း သူနဲ့အတူ သေသွားတယ်”

မုချင်းဝမ်က လုံးလုံးလျားလျား ထိတ်လန့်သွားသည်။

သူမသည် လူမိုက်မဟုတ်ပေ။ ယမန်နေ့ညက သူမကို လုပ်ကြံရန် ကြိုးပမ်းခဲ့သူသည် ထုန်ပေါင်နှင့် အဆက်အသွယ်ရှိနိုင်သည်။ ထို့ကြောင့်

ထုန်ပေါင်ရုတ်တရတ်သေဆုံးသွားခြင်းက ဟူယွဲ့နှင့် ဆက်စပ်နေရမည်ဖြစ်သည်။

ဤသည်ကိုတွေး၍ သူမက ဟူယွဲ့ကိုသွားရှာတော့မည့်အခိုက်၌

မမျှော်လင့်ဘဲ ဟူယွဲ့သည် ဟူရွှယ်ရှနှင့် အတူ ရောက်လာသည်။

"မင်္ဂလာနံနက်ခင်းပါ အားလုံး မနက်စာစားပြီးပြီလား" ဟူယွဲ့က လူတိုင်းကို အပြုံးမပျက် နှုတ်ဆက်သည်။

လူများစွာက သူ့ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်ကြသည်။ နောက်ဆုံးတွင် သူသည် ယမန်နေ့ကသာ အလုပ်သမာလမ်းကြားသို့ ရောက်ခဲ့ခြင်းဖြစ်သော်လည်း လူအများက သူ့ကို မတွေ့ခဲ့ကြသောကြောင့် ယခုကဲ့သို့ စိတ်အားထက်သန်စွာ နှုတ်ဆက်ခြင်းမှာ လူများကို စိတ်မသက်မသာဖြစ်စေခဲ့သည်။

သို့သော် ဟူယွဲ့သည် အားပေါင် အပါအဝင် လူတိုင်းကို ရွှင်မြူးစွာ နှုတ်ဆက်နေ၍ ၎င်းတို့ကို လုံးဝ သတိမမူမိပေ။

"အားပေါင် တစ်ညပဲရှိသေးတာ မင်းဘာလို့ ပိုတောင်လှလာတယ်လို့ ငါခံစားရတာလဲ”

"ထွီးးး! မနက်အစောကြီးကတည်းက အဓိပ္ပါယ်မရှိတာတွေပြောနေတာပဲ” အားပေါင်က ပေါ့ပေါ့တန်တန် တံတွေးထွေးလိုက်သော်လည်း သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။

ဟူရွှယ်ရှဒူးထောက်နေသည့် ယမန်နေ့ညက မြင်ကွင်းက သူမကို အတော်အတန် စိတ်လှုပ်ရှားစေခဲ့ရာ အိပ်ပင်မအိပ်နိုင်ခဲ့ပေ။ ဤသို့ဖြင့် အားပေါင်နိုးလာသောအခါတွင် အနည်းငယ် ထိတ်လန့်ရင်တုန်နေခဲ့သည်။

ဤစိတ်အနှောင့်အယှက်ဖြစ်စေသော မြေခွေးနတ်ဆိုးအပေါ် သူမ အမှန်တကယ် ကျဆုံးခဲ့ခြင်းဖြစ်နိုင်သလော။

မဖြစ်နိုင်တာ၊ မနေ့ကဟာကြောင့် ကြောက်နေတာ ဖြစ်မှာပေါ့။ ဟုတ်တယ်၊ အဲ့လိုပဲဖြစ်ရမယ်။

သို့သော် ဟူယွဲ့၏ အပြုံးကို ပြန်မြင်သောအခါတွင် အားပေါင်က ရုတ်တရက် ပျော်ရွှင်သွားခဲ့သည်။ သူ့ကို ကြိမ်းမောင်းနေမိသော်လည်း နှလုံးသားက ချိုမြိန်နေသည်။

သူမ အမှန်ပင် ပိုလှလာခဲ့ခြင်း ဖြစ်နိုင်၏။ အားပေါင်က စိတ်ထဲမှ တွေးနေမိသည်။

တစ်ဖက်တွင်မူ ဟူယွဲ့သည် ဤအရာကို သတိမထားမိခဲ့ပေ။ သူသည် ချောမောလှပသော မိန်းကလေးတစ်ဦးနှင့် တွေ့တိုင်း ထိုစကားကို ရိုးရှင်းစွာ ပြောလေ့ရှိသည်၊ မဟုတ်ပါက သူ စိတ်မသက်မသာ ဖြစ်ရလိမ့်မည်။

ထိုအချိန်တွင် မုချင်းဝမ်သည် ဟူယွဲ့ကိုကြည့်ကာ လေးနက်စွာပြောလိုက်သည်။

“ဟူယွဲ့ မနေ့ညက…”

ဟူယွဲ့က ရယ်မောလိုက်သည်။

"စိတ်မပူပါနဲ့ မနေ့ညက ဖြစ်ခဲ့တာတွေကို ကိုတာဝန်ယူမယ်”

အိုး

ဤသည်ကိုကြားလိုက်ရသည်နှင့် လူတိုင်းက မုချင်းဝမ်ကို တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။

မုချင်းဝမ်၏နဖူးမှ သွေးကြောများ ထောင်တက်လာကာ သူမ၏မျက်လုံးများသည် သတ်ဖြတ်ချင်စိတ်များနှင့် ပြည့်နှက်နေသည်။

"ရှင် ဘာပြောလိုက်တာလဲ"

“အိုး… မနေ့ညက ပျက်သွားတဲ့ တံခါးတွေ ပြတင်းပေါက်တွေကို ပြင်ဖို့ ငါတာဝန်ယူမယ်လေ ပြဿနာရှိလား”

မုချင်းဝမ်က ဟူယွဲ့ကို မျက်စောင်းထိုးကာ ကြည့်နေလိုက်သည်။

“ကျွန်မ သိချင်တာက ထုံပေါင်သေရတဲ့အကြောင်း…..”

"အိုး၊ အဲ့တာလား အဲ့လိုပြောတာမဟုတ်ဘူး။ ကို မေ့လုနီးပါးဖြစ်နေပြီ" ဟူယွဲ့က သဘောပေါက်ကာ နှဖူးကိုတစ်ချက်ရိုက်၍ သူ့နောက်တွင်ရပ်နေသော ဟူရွှယ်ရှအား အဓိပ္ပါယ်ရှိသော အကြည့်တစ်ချက်ကြည့်လိုက်သည်။

ဟူရွှယ်ရှသည် ရှေ့သို့ တိုးလာကာ သူသယ်ဆောင်လာသော အထုပ်ကိုဖွင့်ချလိုက်သည်။

အထုပ်ထဲမှ ခေါင်းနှစ်လုံး ထွက်လာသည်။

ဤခေါင်းနှစ်လုံးကိုမြင်လိုက်ရသောအခါ အားလုံးက ထိတ်လန့်သွားသည်။

"ဒါက ကျားခေါင်းဂိုဏ်းရဲ့ ခေါင်းဆောင် ထုန်ပေါင်ရဲ့ ခေါင်းပဲ"

"ဒါက သူတို့ရဲ့ ဗျူဟာမှူး”

"ဘုရားရေ ဒီမြေခွေးနတ်ဆိုးက သူတို့ကို သတ်လိုက်တာပဲ"

မုချင်းဝမ်၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။

“ရှင်…ရှင် သူတို့ကိုသတ်လိုက်တာလား”

ဟူယွဲ့က ခေါင်းညိတ်လိုက်၏။

"မနေ့ညက မင်းကို သတ်ဖို့ လာတဲ့သူတွေက သူတို့ပဲ။ ဝဋ်ဆိုတာလည်တယ်ကွ သူတို့နဲ့ ထိုက်တန်တဲ့အရာကို သဘာဝအတိုင်း ရသွားကြပြီ”

သို့သော် မုချင်းဝမ်၏အမူအရာသည် တဖြည်းဖြည်း ပိုလေးနက်လာသည်။

ထို့နောက် သူ့ဘေးက အကြီးအကဲတစ်ယောက်ကပြောလိုက်၏။

"အခု ငါတို့ တကယ်ဒုက္ခရောက်ပြီ”

"ဒုက္ခလား ဘာဒုက္ခလဲ" ဟူယွဲ့က ဘာသိဘာသာ မေးလိုက်သည်။

"ကျားခေါင်းဂိုဏ်းက လရောင်မြို့တော်မှာ မာနကြီးတဲ့ အကြောင်းရင်းက ကျောထောက်နောက်ခံရှိလို့ပဲ။ သူတို့မှာ တပ်မှူးနဲ့ အဆက်အစပ် ရှိတယ်လို့ ပြောလို့ ရတယ်၊ အခု သေသွားပြီဆိုတော့ ဒီကိစ္စက ဖြေရှင်းဖို့ လွယ်မှာ မဟုတ်ဘူး” မုချင်းဝမ်က လေးနက်စွာပြောသည်။

"အဲ့လိုကိူး” ဟူယွဲ့က ခေါင်းညိတ်ပြလိုက်သည်။ "ဒါက ဖြေရှင်းရတာ လွယ်ပါတယ်”

"အိုး..ဘယ်လိုဖြေရှင်းမှာလဲ" အဘိုးကြီးက ချက်ချင်းမေးသည်။

"သူရောက်လာတဲ့အခါ ဒီတပ်မှူးလို့ခေါ်တဲ့ အရာရှိကို သတ်လိုက်ရင် ဖြေရှင်းပြီးပြီလေ”

သူ့စကားများကို နားထောင်ရင်းဖြင့် မှန်ကန်သော အဖြေတစ်ခုရရန် အသဲအသန်မျှော်လင့်နေကြသည့် လူများအနက် အဘိုးကြီးကအင်္ကျီလက်ကိုရိုးရှင်းစွာ ခါလိုက်သည်။

“အဓိပ္ပာယ်မရှိတာ ကြီးကျယ်ခမ်းနားတဲ့ ကောင်းကင်နဲ့မြေကြီးကို လုံးဝ နားမလည်ဘူးပဲ”

ထိုစကားကို ပြောပြီးနောက် သက်ပြင်းချကာ ညည်းတွား၍ ထွက်ခွာသွားခဲ့သည်။

မုချင်းဝမ်လည်း ကူကယ်ရာမဲ့ သက်ပြင်းတစ်ချက်ချမိသော်လည်း အဖြစ်အပျက်များ ဤအဆင့်သို့ရောက်လာသောကြောင့် နောက်ထပ်ပြောရန်မှာ အသုံးမဝင်တော့သဖြင့် လက်ခံရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

မကြာခင်၌ပင် မုချင်းဝမ်၏ လက်ထဲ၌ ထုန်ပေါင်သေဆုံးသည့် သတင်းက တောမီးကဲ့သို့ ပြန့်နှံ့သွားကာ လရောင်မြို့တော်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

မုချင်းဝမ်သည် သူမ၏ ပြတ်သားမှုကို ရိုးရှင်းစွာပြသခဲ့သည်။

ထုန်ပေါင်က သေသွားပြီဖြစ်ကာ ကျားခေါင်းဂိုဏ်းက ကျရှုံးသွားပြီဖြစ်၍ ၎င်းတို့၏ နယ်မြေများကို မဖြုန်းတီးသင့်ပေ။

ပုန်ကန်နှင့်ပြီးဖြစ်၍ အဆုံးထိ ပုန်ကန်လိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။

ထို့ကြောင့် မုချင်းဝမ်သည် သူမ၏နောက်လိုက်များနှင့်အတူ ကျားခေါင်းဂိုဏ်း၏နယ်မြေများကို အမြန်သိမ်းပိုက်ခဲ့သည်။

သို့သော် အပြီးအပိုင် သိမ်းယူပြီးနောက် ရက်အတော်ကြာ မည်သည့်အဖြစ်အပျက်မျှ မရှိဘဲ ငြိမ်သက်စွာ ဖြတ်သန်းခဲ့သည်။

ဤသည်က မုချင်းဝမ်၏ စိုးရိမ်နေသော လက်အောက်ငယ်သားများကို အဆုံးတွင် သက်ပြင်းချနိုင်စေခဲ့သည်။ အထက်အာဏာပိုင်များသည် ထုန်ပေါင်သေဆုံးသွားသည်ကိုမြင်သည်နှင့် ယင်းကိစ္စကို ဆက်လက်လုပ်ဆောင်ရန် စိတ်မ၀င်စားကြတော့ပေ။

လရောင်မြို့တော်က ပြန်လည်ငြိမ်သက်နေသကဲ့သို့

ရွှယ်အန်းသည် လျို့ခယ့်ခယ်နှင့် လျန်ယွင်ထင်းတို့နှင့်အတူ အလယ်ပိုင်းပြည်နယ်သို့ ခရီးထွက်လာခဲ့သည်။

ဤခရီးတွင် ရွှယ်အန်းသည် လျန်ယွင်ထင်း နှင့် လျန်ယွင်လော်အား သင်ကြားပေးနေစဉ် လျို့ခယ့်ခယ်ကို လမ်းညွှန်ပေးလျက်ရှိသည်။

"ရုပ်သေးနည်းပညာလို့ ခေါ်တဲ့ ရုပ်သေးရဲ့နှလုံးသားနဲ့ ချိတ်ဆက်ဖို့က ကိုယ့် နှလုံးသားကို အသုံးပြုဖို့က အဓိကပဲ။ မင်းရဲ့ရုပ်သေးက ရှေးခေတ်က ဆင်းသက်လာတဲ့ စက်ရုပ်ရုပ်သေးမို့ သူ့ရဲ့ စစ်မှန်တဲ့ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်ဖို့အတွက် သူရဲ့ စက်ပိုင်းဆိုင်ရာ နှလုံးသားနဲ့တစ်သားတည်းကျနေရမယ်" ရွှယ်အန်းက တည်ငြိမ်စွာပြောသည်။

"ဒါဆို စက်နှလုံးသားက ဘာလဲ" လျိုခယ့်ခယ်က အနည်းငယ် အံ့ဩသွားကာ မေးလိုက်သည်။

"ဒါက မင်းဘာသာရှာရမယ်။ မင်းရှာတွေ့ရင် မင်းရဲ့အမိန့်ကို နာခံရုံတင်မဟုတ်ဘဲ ရုပ်သေးက မင်းကို သူ့ရဲ့သခင်အဖြစ် တကယ်အသိအမှတ်ပြုလိမ့်မယ်"

လျို့ခယ့်ခယ်က ခေါင်းညိတ်ပြလိုက်သော်လည်း အပြည့်အဝ နားမလည်နိုင်သေးပေ။

ထိုနေ့တွင် ရွှယ်အန်းနှင့် လျို့ခယ့်ခယ်တို့သည် နောက်ဆုံးတွင် အလယ်ပိုင်းပြည်နယ်သို့ ခြေချခဲ့ကာ ရုပ်သေးအင်မော်တယ်ဂိုဏ်း၏ တံခါးဝသို့ ရောက်ရှိခဲ့သည်။

အခန်း(၅၉၄) တိုက်ဆိုင်လိုက်တာ ငါလည်း မင်းကို မုန်းတယ်

ဤသည်မှာ ကျန်းတစ်ထောင်အမြင့်ရှိသော တောင်ကြီးတစ်လုံးဖြစ်ကာ တောင်အောက်ခြေတွင်ရပ်နေပါက ကောင်းကင်ယံထက်သို့ ဓားသဖွယ်ထိုးဖောက်နေသော တောင်ကြီးကို မြင်ရမည်ဖြစ်သော်လည်း တောင်ထိပ်ကို လုံးလုံးလျားလျားမြင်နိုင်မည်မဟုတ်ပေ။

ထူထပ်သော တိမ်များနှင့် မြူခိုးများက တောင်ထိပ်သို့ရစ်ပတ်နေရာ ဦးထုပ်ဆောင်းထားသကဲ့သို့ထင်ရသည်။

အလယ်ပိုင်းပြည်နယ်တွင် ကျင့်ကြံသူ များပြားကာ ဂိုဏ်းများက နွားမွှေးများတမျှ များပြားသောကြောင့် ဂိုဏ်းဝင်ပေါက်ကို ဖုံးကွယ်ထားရန် မလိုအပ်ပေ။ ထို့ကြောင့် တောင်ခြေရင်းတွင် ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားသော ဝင်ပေါက်တစ်ခုကို တည်ဆောက်ထားသည်။

ရုပ်သေးအင်မော်တယ်ဂိုဏ်းဟူသော ဤစကားလုံးလေးလုံးကို ရှေးဟောင်းစာသားဖြင့် ရေးထိုးထားသည်။

"စီနီယာ ဒီက ကျွန်မဂိုဏ်းရှိတဲ့နေရာပဲ။ မျိုးနွယ်စုတစ်ထောင်ရဲ့ မဟာစုဝေးပွဲရောက်ဖို့ ဒီအချိန်မှာ ဒီမှာစောင့်ရအောင်" လျို့ခယ့်ခယ်က တလေးတစားပြောသည်။

ရွှယ်အန်းက ဘာသိဘာသာ ခေါင်းညိတ်လိုက်သည်။

ဂိုဏ်းဝင်ပေါက်ကိုဖြတ်ပြီးနောက် ရှုခင်းများ သိသိသာသာ ပြောင်းလဲသွားသည်။ နေရာတိုင်းတွင် ထူးခြားဆန်းပြားသော ပန်းများနှင့် ရှားပါးသစ်ဥသစ်ဖုများ ရှိနေကာ သစ်တောများတွင် အဖိုးတန်ငှက်များနှင့် သားရဲတိရစ္ဆာန် အမျိုးမျိုး လှည့်လည်သွားလာနေကြသည်။

ဝိညာဉ်စွမ်းအင်သည်လည်း ပိုပို၍ တိုးလာသည်။

လျန်ယွင်ထင်းက ကျယ်လောင်စွာအော်လိုက်သည်။

“ကောင်းကင်နဲ့ မြေကြီးရဲ့ ကောင်းချီးမြေပဲ”

သို့သော် ရွှယ်အန်းသည် တစ်ချိန်လုံး တိတ်ဆိတ်နေကာ အရာအားလုံးကို ပြုံး၍သာ ကြည့်နေသည်။

တောင်ပေါ်ကို တစ်ဝက်ခန့်လျှောက်ပြီးသောအခါ လမ်းက ပိုကျယ်လာကာ နှစ်ဖက်စလုံးတွင် လူနေအိမ်များကို မြင်လာရသည်။

ယင်းတို့သည် ရုပ်သေးအင်မော်တယ်ဂိုဏ်း၏ ပြင်ပဂိုဏ်းတပည့်များ၏ နေအိမ်များဖြစ်သည်။

ဝိဉာဉ်ရေးရာ ကျင့်ကြံနေကြသော သို့မဟုတ် အစိတ်အပိုင်းများကို ထုလုပ်နေကြသည့် ပြင်ပဂိုဏ်းသားများက လျို့ခယ့်ခယ်ကို တွေ့သောအခါ အားလုံး ဦးညွှတ် အလေးပြုကြသည်။

လျို့ခယ့်ခယ်က အနည်းငယ် ပြုံးကာ ခေါင်းညိတ်ပြပြီးနောက် အဖွဲ့ကို ဧရိယာအတွင်း အမြန်ပို့ဆောင်လိုက်သည်။ လျို့ခယ့်ခယ် ဖြတ်သွားသည်နှင့်အမျှ ဤပြင်ပဂိုဏ်းဝင် တပည့်များသည် စုဝေးကာ အချင်းချင်း တီးတိုးပြောကြသည်။

"ဆရာတူအစ်မလျို့က အတွင်းစည်းတပည့်တွေထဲမှာ ငါတို့ကို နှုတ်ဆက်တဲ့ တစ်ဦးတည်းသောတပည့်မလား"

"သူမဟုတ်ရင် ဘယ်သူရှိမလဲ။ တခြားအတွင်းစည်း တပည့်တွေက ငါတို့ကို တစ်ချက်မှတောင် မကြည့်ဘဲ အထင်သေးနေကြတာလေ”

"အင်း၊ ဒီလိုလူကောင်းတစ်ယောက်က ငါတို့ကို တတ်နိုင်သမျှ နည်းမျိုးစုံနဲ့ နှိပ်စက်ဖို့ သူ့တပည့် လုချိုက်လန်ကို ခိုင်းနေတဲ့ ဒုတိယအကြီးအကဲဆီမှာ မျက်နှာသာမရတာ နှမျောဖို့ကောင်းလိုက်တာ"

"ရှူးးး စကားကိုလျှော့ပြောတာ ပိုကောင်းလိမ့်မယ်။ ဒုအကြီးအကဲသာ ဒါကိုကြားရင်၊ သူ မင်းကို အသက်ရှင်လျက် အရေခွံစုတ်ပစ်လိုက်မလားဆိုတာ ဘယ်သူသိမှာလဲ"

"ဟမ်၊ ငါမကြောက်ဘူး ဒုတိယအကြီးအကဲရဲ့ လုပ်ရပ်တွေ မတရားဘူးဆိုတာ လူတိုင်းသိပါတယ်။ ဂိုဏ်းခေါင်းဆောင်ကသာ မသိချင်ယောင်ဆောင်နေတာ"

ထိုအကြောင်းကို ကြားသောအခါတွင် အခြားသော ပြင်ပဂိုဏ်းဝင် တပည့်များ၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားကာ စကားမပြောရဲကြဘဲ ကိုယ့်ကိစ္စကိုယ်လုပ်ရန် လှည့်ထွက်သွားကြသည်။

ပြောသူကလည်း သူ့စကား မှားသွားကြောင်း သဘောပေါက်သွားသည်။ ပြင်ပတပည့်တစ်ယောက်က ဂိုဏ်းခေါင်းဆောင်ကို ဝေဖန်ခြင်းသည် အလွန်သတ္တိရှိနေခြင်းပင်ဖြစ်သည်။ စကားများသာ ပြန့်သွားပါက သူ့ဘဝ အမှန်ပင် အဆုံးသတ်သွားပေမည်ဖြစ်သောကြောင့် အလျင်အမြန်ပုန်းနေလိုက်ရသည်။

လျို့ခယ့်ခယ်က ဤအရာများကို သတိမထားမိသော်လည်း တောင်ထိပ်သို့ နီးကပ်လာသည်နှင့်အမျှ သူမ၏အမူအရာမှာ ပို၍ ထုံထိုင်းလာသည်။

ထိုအချိန်တွင် ရုပ်သေးအင်မော်တယ်ဂိုဏ်း၏ အတွင်းပိုင်း ဂိုဏ်းတည်ရှိရာနေရာကို ရောက်နေပြီဖြစ်၍ လမ်းတစ်လျှောက် ရှုခင်းများက ပို၍ သပ်ရပ်လာသည်။

တိမ်တိုက်များနှင့် မြူခိုးအလွှာများကို ဖြတ်ကျော်ပြီးနောက် မြင်ကွင်းသည် ရုတ်တရက် ကျယ်ပြန့်လာကာ မြေပြန့်ကျယ်ကြီးကို မြင်လိုက်ကြရသည်။

ဤမြေပြန့်ပေါ်တွင် ကြီးကျယ်ခမ်းနားလှသော အဆောက်အဦအမျိုးမျိုးကို တည်ဆောက်ခဲ့ကြသည်။ လူများက လမ်းများပေါ်တွင် အပြန်ပြန်အလှန်လှန် သွားလာနေကြသည်။

၎င်းတို့သည် ရုပ်သေးအင်မော်တယ်ဂိုဏ်း၏ အတွင်းစည်း တပည့်များဖြစ်သည်။

လျို့ခယ့်ခယ်ကိုတွေ့သောအခါ ဤတပည့်များအားလုံးသည် ထူးထူးခြားခြား အမူအရာဖြင့် လမ်းဘေးသို့ လျှောက်သွားကာ ခေါင်းကို ရိုသေစွာ ဦးညွှတ်လိုက်ကြသော်လည်း မည်သူမျှ သူမကို မနှုတ်ဆက်ကြပေ။

လျို့ခယ့်ခယ်သည် ရေငြိမ်နေသော မျက်နှာဖြင့် ရှေ့သို့ လျှောက်သွားခဲ့သည်။

ရွှယ်အန်းနှင့် အခြားသူများလိုက်လာခြင်းက လူအများ၏ စူးစမ်းလိုသောအကြည့်များကို စွဲဆောင်သွားကြသည်။

ဤကဲ့သို့ အာရုံစူးစိုက်မှုမျိုးက လျန်ယွင်လော်ကို စိတ်မသက်မသာဖြစ်စေသောကြောင့် သူမက အသံကို လျှော့၍ ရွှယ်အန်းကိုပြောလိုက်သည်။

"ဆရာ ဒီလူတွေနဲ့ ဘာဆိုင်လို့လဲ၊ သူတို့က တပည့်တို့ကို ဘာလို့ ထူးထူးခြားခြား ကြည့်နေတာလဲ?"

ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်၏။ "ဘာမှမဖြစ်ပါဘူး၊ လိုက်ခဲ့”

နောက်ဆုံးတွင် လျို့ခယ့်ခယ်သည် ရွှယ်အန်းနှင့် အခြားလူများကို လူဆိတ်ညံနေသော အဆောက်အအုံတစ်ခုရှေ့သို့ ပို့ဆောင်ခဲ့သည်။

"စီနီယာ ဒီမှာ ကျွန်မနေတာပါ။ ကျေးဇူးပြုပြီး ကျွန်မနဲ့လိုက်ခဲ့ပါ"

ဤသို့ပြော၍ လျို့ခယ့်ခယ်က တံခါးကိုဖွင့်ကာ ဝင်လာခဲ့သည်။

ဤနေရာတွင် အလွန်ရှုပ်ပွလျက်ရှိကာ မည်သူမျှ အချိန်အတော်ကြာအောင် မနေထိုင်ခဲ့ကြောင်း ထင်ရှားသည်။

လျို့ခယ့်ခယ်က ကမန်းကတန်း သန့်ရှင်းရေးလုပ်လိုက်သည်။

လျန်ယွင်ထင်း နှင့် လျန်ယွင်လော်တို့က ကူညီရန် တက်လာကြသည်။

ရွှယ်အန်းသည် ခြံဝင်းထဲတွင် ရပ်နေကာ ပတ်ဝန်းကျင်ကို ဆန်းစစ်ကြည့်ပြီးနောက် အထူးသဖြင့် မြူခိုးများဖုံးလွှမ်းနေသည့် တောင်ထိပ်ကို မြင်လိုက်ရသောအခါတွင် သူ၏ နှုတ်ခမ်းထောင့်ရှိ အပြုံးက ပို၍ ထင်ရှားလာသည်။

ထိုအချိန်တွင် တံခါးအပြင်ဘက်တွင် ခြေသံများကြားရကာ မာနကြီးသော အမျိုးသမီး၏ အသံကို ကြားလိုက်ရသည်။

"အို၊ အပြင်ထွက်ပြီး နင်နဲ့အတူ ယောက်ျား တစ်ယောက်ကို ပြန်ခေါ်လာတာလား"

ထိုစကားနှင့်အတူ လူတစ်စု ခြံဝင်းထဲသို့ ဝင်လာကြသည်။ ဦးဆောင်နေသည့် အမျိုးသမီး၏မျက်နှာပေါ်တွင် အေးစက်သော လှောင်ပြောင်မှုတစ်ခုက ပေါ်လွင်နေသည်။

သူ့နောက်တွင် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော အတွင်းစည်း တပည့်များ တစ်စုတစ်ဝေးတည်း ရှိနေကြကာ အမျိုးသမီး၏ မှတ်ချက်ကို ကြားသောအခါ ရယ်မောကြသည်။

"အစ်မ ချိုက်လန် ပြောတာ အမှန်ပဲ။ လျို့ခယ့်ခယ်က ခရီးထွက်ဖို့ဆိုပြီး တောင်အောက် ဆင်းခဲ့တာ ဒါပေမယ့် တကယ်တော့ ယောက်ျားသွားရှာတာပဲ"

ရွှယ်အန်းသည် ဝင်းထဲတွင် ငြိမ်သက်စွာ ရပ်ကာ စကားမပြောဘဲ ကြည့်နေခဲ့သည်။

ဤအခိုက်တွင် အပြင်ဘက်မှ အသံကိုကြားသောအခါ အတွင်း၌ သန့်ရှင်းရေးလုပ်နေသော လျို့ခယ့််ခယ်က ချက်ချင်း ထွက်လာခဲ့သည်။ ဤအမျိုးသမီးကို မြင်လိုက်ရသည်နှင့် သူ့အမူအရာက အလွန်အရုပ်ဆိုးသွားသည်။

"လုချိုင်လန် ဒီလူက ငါအရမ်းလေးစားရတဲ့ စီနီယာတစ်ယောက်ပါ။ နင် ပိုပြီးတော့ လေးလေးစားစားပြောနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်”

"စီနီယာဟုတ်လား သူကလား" လုချိုက်လန်က ရွှယ်အန်းကို လက်ညှိုးထိုးကာ အံ့အားသင့်ဟန်ဖြင့်ပြောသည်။ "လူသားမျိုးနွယ်စုက ကျင့်ကြံရေးအဆင့် လုံးဝမရှိတဲ့လူကို နင်က စီနီယာလို့ ခေါ်တာလား။ လျို့ခယ့်ခယ် နင် ငါ့ကို လာနောက်နေတာလား"

သူမ၏ စကားများက သူ့နောက်မှ တပည့်များထံမှ ရယ်မောသံများ ထွက်ပေါ်လာစေသည်။

လျို့ခယ့်ခယ်၏ မျက်နှာသည် ပြာမှုန်သွားသည်။

"လုချိုင်လန် ငါ့မိတ်ဆွေတွေကိုဝေဖန်ဖို့ နေရာမဟုတ်ဘူး”

"ဒါက ငါဝေဖန်ရမယ့်နေရာမဟုတ်ပါဘူး ဒါပေမယ့် နင်က အပြင်လူတွေကို တောင်ပေါ်ခေါ်လာတယ်ဆိုရင် ငါဝင်စွက်ဖက်ရမယ်။ သူက တခြားဂိုဏ်းက သူလျှိုဖြစ်နေရင် ဘယ်လိုလုပ်မလဲ”

"ဒီကိစ္စကို ငါကိုယ်တိုင် ဂိုဏ်းကို လျှောက်တင်မယ်။ တခြား ရှိသေးလား မရှိရင် ကျေးဇူးပြုပြီး ငါ့နေရာကနေ ထွက်သွားပေး" လျို့ခယ့်ခယ်က သူမ၏ ဒေါသကိုထိန်းရန် ရုန်းကန်လျက်ရှိသည်။

သို့သော် လုချိုက်လန်က ထွက်ခွါသွားရန် ရည်ရွယ်ချက် မပြခဲ့ပေ။

"ညီမလျို့ အောင်မြင်မှုတစ်ခုရဖို့ မျှော်လင့်ချက်နဲ့ ခရီးသွားဖို့ တောင်ပေါ်က ဆင်းခဲ့တာလို့ ငါကြားတယ်။ ဒါပေမယ့် နင့်တိုးတက်မှုက ဘယ်လိုလဲ။ သြော်၊ ငါပြောဖို့မေ့သွားလို့ ပြီးခဲ့တဲ့လက ငါတို့ဆရာရဲ့ အကူအညီနဲ့ ငါရဲ့ ကျင်ကြံရေးအဆင့် နောက်တစ်ဆင့်တက်နိုင်ခဲ့တယ်”

လျို့ခယ့်ခယ်က တိတ်ဆိတ်နေကာ သူမ၏ မျက်လုံးများတွင် ဒေါသများ ပူလောင်နေသော်လည်း တစ်စုံတစ်ခုကို သတိရသွားကာ ခေါင်းငုံ့၍နေလိုက်သည်။

ဤသည်ကိုမြင်သောအခါ လုချိုက်လန်က ပိုပို၍စည်းကျော်လာသည်။

"ဟီးဟီး၊ လျို့ခယ့်ခယ် နင့်အတွက် သတင်းကောင်းတစ်ခုရှိတယ်၊ လာမယ့် မျိုးနွယ်စုတစ်ထောင်စုဝေးပွဲမှာ နင်ကျရှုံးခဲ့ရင်၊ သံနက်တောင်တန်းက တစ္ဆေမျိုးနွယ်စုရဲ့ သခင်လေးကို လက်ဆောင်အဖြစ် ပေးလိမ့်မယ်၊ အံ့ဩစရာပဲမလား"

လျို့ခယ့်ခယ်၏ မျက်နှာက ဖြူဖျော့သွားသည်။

"လုချိုက်လန် နင် ငါ့ရဲ့ ကံဆိုးမှုကိုအားရနေတာ မလုံလောက်သေးဘူးလား"

"မလုံလောက်ပါဘူး လျို့ခယ့်ခယ် ငါနင့်ကို ပြောလိုက်မယ် နင်အရမ်းလှနေလို့ အမြင့်မှာနေနိုင်မယ်မထင်နဲ့ ။ ငါအမုန်းဆုံးက နင်ပဲ" လုချိုက်လန်၏ မျက်လုံးများတွင် တုန်လှုပ်ချောက်ချားမှုနှင့် မနာလိုမှုများဖြင့် ပြည့်နှက်နေသည်။

လှေကားထစ်များပေါ်တွင် တိတ်တဆိတ်ရပ်နေသော ရွှယ်အန်းသည် ရုတ်တရက် လျို့ခယ့်ခယ်ဘေးသို့ ဆင်းလာကာ လက်ကို မြှောက်လိုက်သည်။

ဖြန်း

အပြင်းအထန် ပါးရိုက်လိုက်ပြီးနောက်၊ လုချိုက်လန်သည် လေထဲတွင် အကြိမ်များစွာ လှည့်ပတ်သွားပြီးမှ မြေပြင်ပေါ်သို့ ပြန်လည်ပြုတ်ကျလာသည်။

ထို့နောက် ရွှယ်အန်းသည် သူ့နောက်ကျောတွင် လက်နှစ်ဖက်ယှက်၍ ရပ်နေ၏။

"တိုက်ဆိုင်လိုက်တာ၊ ငါလည်း မင်းကို ရွံတယ်”

All Chapters