အခန်း (၅၉၅-၅၉၇)
Vol. 40 Ch. 595-597
အခန်း(၅၉၅) ငါမင်းကိုရိုက်တော့ရော မင်းဘာလုပ်နိုင်လဲ
၎င်းတို့ကို မသိကြသည့် အတွင်းစည်း တပည့် အများအပြားသည် စောင့်ကြည့်ရန် တံခါးဝတွင် စုရုံးနေပြီဖြစ်သည်။
၎င်းတို့ရှေ့က မြင်ကွင်းကို မြင်လိုက်ရသောအခါ အားလုံးက အသက်ရှုရပ်သွားကြသည်။
ရိုက်ချက်က... တကယ်ကို ရက်စက်တာပဲ။
လုချိုက်လန်သည် အချိန်အတော်ကြာ အေးခဲနေပြီးမှ အသိပြန်ဝင်လာသည်။ ထို့နောက် ဝက်ခေါင်းနှင့်တူသော ရောင်ရမ်းနေသော သူမ၏မျက်နှာကို ကိုင်လျက် အော်လိုက်၏။
“ရှင် ကျွန်မကို ရိုက်ရဲလား”
ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။
"မင်းက အရမ်းထူးဆန်းသလိုပြောနေတာပဲ ငါမင်းကိုရိုက်တော့ရော မင်းဘာလုပ်နိုင်လဲ”
လုချိုက်လန်သည် ဒေါသကြောင့် ရူးသွပ်သွားခဲ့ကာ စိတ်ထဲတွင် ရွှယ်အန်းကိုသတ်ပစ်ရန် အတွေးတစ်ခုသာရှိခဲ့သည်။
ထို့ကြောင့် ချက်ခြင်းပင် သူမ၏ ရောင်ဝါက လုံးလုံးလျားလျား ပေါက်ကွဲသွားကာ အင်မော်တယ်ထက်ဝက်အဆင့်ကို ထုတ်ဖော်ပြသလိုက်သည်။
ဤအရာက လျို့ခယ့်ခယ်ကို ထိတ်လန့်စေသည်။
အမှန်ပင် လုချိုက်လန်သည် မလိမ်လည်ခဲ့ဘဲ သူမ၏ ကျင့်ကြံရေးအဆင့်က တိုးတက်လာခဲ့ခြင်းဖြစ်သည်။
"ကျွန်မ ရှင့်ကိုသတ်မယ်"
ဒေါသစိတ်ဖြင့် မျက်လုံးများနီရဲလာသကာ လုချိုက်လန်က ရှေ့သို့ အော်လိုက်သည်။
အင်မော်တယ်ထက်ဝက်အဆင့် ဒေါသအရှိန်အဟုန်ဖြင့် ရောယှက်နေသော သူမ၏တိုက်ခိုက်မှုသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
သို့သော် ရွှယ်အန်းသည် သူမနှင့် မနီးကပ်မချင်းပင် မတုန်လှုပ်ဘဲ အခြားလက်တစ်ဖက်ကို မြှောက်ကာ လျှပ်စီးကြောင်းအရှိန်ဖြင့် သူမကို ထပ်မံ ပါးရိုက်လိုက်သည်။
ဖြန်း
ယခင်ကထက် ပိုမိုကျယ်လောင် ပြတ်သားသော ရိုက်ချက်အဆုံးတွင် လုချိုက်လန်က ဘေးတိုက်လွင့်ထွက်သွားရာ ပါးစပ်ထဲမှ သွေးများ ထွက်ကျလာသည်။
သူမ ပြန်လည်ဆင်းသက်နိုင်ချိန်တွက် လုချိုက်လန်၏ ပုံစံက သနားစဖွယ်ကောင်းနေပြီဖြစ်သည်။
ယခုတင် သူမ၏ မျက်နှာတစ်ဝက်ခန့်က ဝက်ခေါင်းကဲ့သို့ ရောင်ကိုင်းနေခဲ့သည်ဆိုပါက အခု သူမ၏ ခေါင်းတစ်ခုလုံး ယောင်နေပြီဖြစ်ရာ ပါးစပ်ထဲမှ သွေးများစီးကျလျက် ပါးစပ်ပိတ်လိုက်သောအခါ အဘွားကြီးတစ်ယောက်နှင့်တူသည်။
ရွှယ်အန်းက ကျေနပ်စွာ ပြုံးလိုက်သည်။
"အခုတော့ အချိုးညီသွားပြီပေါ့”
မည်သူမျှ စကားမပြောရဲကြတော့ပေ။
အချို့သူများကမူ တိတ်တိတ်ဆိတ်ဆိတ် ထွက်သွားရန် တွေးနေကြပြီဖြစ်သည်။
လုချိုက်လန်သည် သာမာန်အားဖြင့် အလွန်မောက်မာကာ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းပြင်းသောကြောင့် ယခု ထိုသို့သောအခြေအနေအထိ ရိုက်နှက်ခံခဲ့ရသောအခါ ဤအရာသည် သေရေးရှင်ရေးအခြေအနေဖြစ်ကြောင်း ထင်ရှားလှသည်။
မျှော်လင့်ထားသည့်အတိုင်း
လုချိုက်လန်သည် အဆိပ်ပြင်းသော မုန်းတီးမှုဖြင့် ရွှယ်အန်းကို စိုက်ကြည့်ကာ ကျယ်လောင်စွာအော်လိုက်သည်။
"ငါ နင့်ကို အပိုင်းပိုင်း ကိုက်ဖြတ်ပစ်မယ်"
သူမစကားပြောနေစဉ်တွင် ဧရာမရွှေရောင် ရုပ်သေးတစ်ခုက သူမ၏နောက်မှ ဖြည်းညှင်းစွာထလာသည်။
ကြည့်ရှုသူအားလုံး၏ မျက်နှာများ အရောင်ပြောင်းသွားကြသည်။
“ရွှေသံချပ်ရုပ်သေး အစ်မလုက တကယ်သတ်ဖို့ ကြံစည်နေတာပဲ။ တကယ်ပဲ ရွှေသံချပ်ရုပ်သေးကို သုံးနေတယ်ပေါ့"
"ဟုတ်တယ်၊ လူသားမျိုးနွယ်က ဒီလူ အဆုံးသတ်ရတော့မှာမျိုး ဖြစ်နိုင်တယ်"
"သူ့ကိုသတ်” လုချိုက်လန်က အမိန့်ပေးသည်။
"ဒီလိုမျိုးဟာကို... ရုပ်သေးလို့တောင် ခေါ်လို့ရလို့လား"
ထိုစကားနှင့်အတူ ရွှယ်အန်းသည် ရှေ့သို့ ပြေးသွားကာ ရုပ်သေးအနီးသို့ ရုတ်ချည်း ခုန်တက်လျက် ဘယ်ခြေထောက်ကို ရှေ့သို့ မြှောက်ကန်လိုက်ရာ ဆယ်ကျန်းမြင့်သော ရွှေသံချပ်ရုပ်သေး၏ ဦးခေါင်းပေါ်သို့ ထိမှန်သွားလေသည်။
ဘမ်း
ပတ်ဝန်းကျင်တစ်ခုလုံး လွန်စွာ ဆူညံသွားသည်။
ရွှေသံချပ်ရုပ်သေးမှ ရွှေရောင်အလင်းတန်းများ ထွန်းတောက်ကာ ဝမ်းနည်းပူဆွေးသော ငိုကြွေးသံများ ထွက်ပေါ်ပြီးနောက် ခန္ဓာကိုယ်အနှံ့ ကွဲအက်သံများနှင့်အတူ ကျိုးပဲ့သွားတော့သည်။ အက်ကွဲကြောင်းများက ၎င်း၏တစ်ကိုယ်လုံးကို ပျံ့နှံ့သွားကာ နောက်ဆုံးတွင် မိုးခြိမ်းသံနှင့်အတူ မြေပြင်ပေါ်သို့ ပြိုကျလျက် ဖုန်မှုန့်များ ထူထပ်လာသည်။
လူတိုင်း အံသြသွားကြသည်။
သေမျိုးခန္ဓာကိုယ်နဲ့ ရုပ်သေးကို အနိုင်ယူနိုင်တယ်လား။
“ဒါ… ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ” လုချိုက်လန်လည်း ထိတ်လန့်သွားသည်။
ရွှယ်အန်းသည် ရွှေသံချပ်ရုပ်အသေးပျက်အစီးများပေါ်တွင် ပျင်းရိငြီးငွေ့စွာ ထိုင်ချလျက် သမ်းဝေလိုက်သည်။
"မင်းလုပ်နိုင်တာ ဒါအကုန်ပဲလား။ ငါဒီနေ့အားနေတာဆိုတော့ သခင်လေးက မင်းကို ခဏလောက် ဖျော်ဖြေပေးမယ်"
ဤအခိုက်အတန့်တွင် လုချိုက်လန်၏နှလုံးသားသည် ထိတ်လန့်မှုနှင့် ဒေါသတို့ဖြင့် ရောထွေးနေသည်။
ကျင့်ကြံရေးအဆင့် လုံးလုံးလျားလျားမရှိသော ဤလူသားမျိုးနွယ်စုအမျိုးသားသည် သူမ၏ ရုပ်သေးကို အပိုင်းပိုင်းပြတ်အောင် ဖြိုခွဲနိုင်ခဲ့ခြင်းက သူမကို ထိတ်လန့်စေခဲ့သည်။ ဤကဲ့သို့ ဆုံးရှုံးမှုမျိုး တစ်ခါမှ မကြုံဖူးသောကြောင့် ဒေါသများ အလွန်ထွက်လာသည်။
လုချိုက်လန်သည် ငယ်စဉ်ကတည်းက ကောင်းကင်ဘုံကောင်းချီးရထားသော အချစ်တော်လေးကဲ့သို့ ဆက်ဆံခံခဲ့ရကာ ရုပ်သေးအင်မော်တယ်ဂိုဏ်းထဲသို့ ဝင်ရောက်လာသောအခါမှသာ သူမထက် အသွင်အပြင်နှင့် အရည်အချင်းပိုရှိသော လျို့ခယ့်ခယ်နှင့် ဆုံခဲ့ရသည်။
ဤသည်မှာ လုချိုက်လန် လုံးဝ လက်မခံနိုင်သောအရာဖြစ်ကာ မနာလိုစိတ်ဖြင့် အစွန်းရောက်လာခဲ့သည်။
သူမထက် သန်မာသောသူကို မလိုလားပေ။
နောက်ပိုင်းတွင် သူမသည် ဒုတိယအကြီးအကဲနှင့် ပေါင်းကာ သူ၏အနီးကပ်တပည့်ဖြစ်လာပြီးနောက် လျို့ခယ့်ခယ်ကို မဆုတ်မနစ်ဖိနှိပ်လာခဲ့သည်။
ဤအရာက သူမအား ကြီးမားသော အောင်မြင်မှုကို ခံစားစေခဲ့သည်။
ဤတစ်ကြိမ်သည်လည်း ခြွင်းချက်မရှိပေ။
ခရီးသွားနေသော လျို့ခယ့်ခယ်ပြန်လာ၍ လူအနည်းငယ်ကို သူမနှင့်အတူ ခေါ်ဆောင်လာသည်ဟု ကြားသောအခါ သူမ ချက်ချင်းရောက်လာကာ လှောင်ပြောင်ရန် အသင့်ဖြစ်နေခဲ့သည်။
သို့သော် ကျင့်ကြံရေးအဆင့်မရှိသော ဤ လူသားမျိုးနွယ်ဝင်က သူမကို ထိရန် သတ္တိရှိလိမ့မည်ဟု သူမ ဘယ်သောအခါကမှ အိပ်မက်မမက်ခဲ့ဖူးပေ။
ထိုသူသည် ဆရာဖြစ်သူက အပ်နှင်းထားသော ရုပ်သေးရုပ်ကိုပင် ဖြိုချပစ်ခဲ့သည်။
"ရှင် အတိအကျ ဘယ်သူလဲ" လုချိုက်လန်က လေးလံသော အသံဖြင့် မေးလိုက်ရာ သူမ၏ မျက်လုံးများသည် ပြင်းထန်သော အလင်းရောင်များဖြင့် တောက်နေသည်။
ရွှယ်အန်းက လက်ဝါးနှစ်ဖက်ကို ပေါ့ပါးစွာ ပွတ်သပ်လျက်ပြောသည်။
"မိန်းကလေးလျို့ ပြောတာမကြားဘူးလား။ ငါက သူ့စီနီယာပဲ”
လုချိုက်လန်သည် နီရဲနေသော မျက်လုံးများဖြင့် လျို့ခယ့်ခယ်ဘက်သို့လှည့်ကြည့်လိုက်သည်။
"ကောင်းပြီ၊ အရမ်းကောင်းတယ် လျို့ခယ့်ခယ် နင်တကယ်ပဲ ဂိုဏ်းကို ဒုက္ခရောက်အောင် အပြင်လူတွေနဲ့ တွဲနေတယ်ပေါ့။ ဒီနေ့ဖြစ်ပျက်ခဲ့သမျှအားလုံးကို ဆရာကြီးကို ငါပြောပြမယ်။ နင် ခဏစောင့်နေလိုက်"
ထိုသို့ဖြင့် လုချိုက်လန်လှည့်ကာ ထွက်သွားတော့သည်။
တကယ်တမ်းတွင် ထွက်သွားရုံမှတပါးလည်း ရွေးချယ်စရာမရှိတော့ပေ။
သို့သော် ထိုအခိုက်၌ ရွှယ်အန်းက အော်လိုက်၏
"နေပါဦး"
လုချိုက်လန်က ရပ်လိုက်ပြီးနောက် ရောင်နေသောမျက်လုံးများကို ကျဉ်း၍ ရွှယ်အန်းကို စိုက်ကြည့်လိုက်သည်။
"ဘာလုပ်ချင်လို့လဲ"
ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်၏။
"စိတ်မပူပါနဲ့ ငါ မင်းကို မထိဘူး ဒါပေမယ့်..."
ရွှယ်အန်းက ကျိုးနေသော ရုပ်သေးရုပ်ကို ကန်ထုတ်လိုက်သည်။
"မင်း ဒီအမှိုက်ကို ဖယ်ရမယ်လေ”
လုချိုက်လန်သည် ဒေါသအမျက်ထွက်လုနီးပါးဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင် သူမ၏ ရုပ်သေးရုပ်ကြွင်းကို တစ်စုံတစ်ဦးမှ နာခံစွာဖြင့် ဖယ်ရှားပေးခဲ့သည်။
သူမ ထွက်ခွာသွားပြီးနောက်တွင် ဖျော်ဖြေပွဲကို ပျော်ပျော်ပါးပါး ကြည့်ရှုနေကြသော လူအုပ်ကြီးသည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ လူစုခွဲသွားကြသည်။
ဤကိစ္စက မပြီးသေးကြောင်း လူတိုင်းသိသည်။ လုချိုက်လန်သည် ပြင်းထန်သော ဒဏ်ပေးမှုကို သေချာပေါက် ရှာလိမ့်မည်၊ ထို့ကြောင့် မိမိတို့ကို ငြိတွယ်လာမည်ကို ကြောက်၍ မည်သူကမျှ တုံ့ဆိုင်းမနေဝံ့တော့ပေ။
ထိုစဉ် ရွှယ်အန်းသည် လျို့ခယ့်ခယ်၏ မျက်နှာဖြူဖျော့ဖျော့ကိုကြည့်ကာ မေးလိုက်သည်။
"မင်း...ကြောက်နေတာလား”
လျို့ခယ့်ခယ်က ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်၏။
"စီနီယာ ကျွန်မ လုချိုက်လန်ကို မကြောက်ပါဘူး၊ ဒါပေမယ့် သူ့ဆရာ… ဒုတိယအကြီးအကဲ..."
လျို့ခယ့်ခယ်၏ စကားလုံးများမှ အဓိပ္ပာယ်က ရှင်းလင်းသည်။ ဤသည်ကိုကြားသောအခါ ရွှယ်အန်းက ပြုံး၍ သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဒါက မင်းသူ့ကို အစကတုန်းက ခစားဖို့ ငြင်းဆိုထားတာကြောင့် ဒီလိုပစ်မှတ်ထားခံရတာ ဟုတ်တယ်မလား”
ရွှယ်အန်း၏ ပြောစကားကိုကြားသောအခါ လျို့ခယ့်ခယ်တုန်လှုပ်သွားကာ မယုံနိုင်စွာဖြင့် မော့ကြည့်လိုက်သည်။
"မင်းငါ့ကို အရမ်းအံ့ဩပြဖို့မလိုပါဘူး ဒီ လုချိုက်လန်ရဲ့ သိမ်ဖျင်းတဲ့ အပြုအမူကိုကြည့်ရင် မဖြူစင်တော့တာ အသိသာကြီးပဲ။ သူ့ အရည်အချင်းမျိုးနဲ့ အဆင့်တက်နိုင်သေးတာ အကြောင်းပြချက်က တော်တော်ကို ရှင်းပါတယ်”
ရွှယ်အန်း၏ စကားကြောင့် လျို့ခယ့်ခယ်၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာခဲ့သည်။ သူမ မမှတ်မိချင်သော မြင်ကွင်းများကို ပြန်လည် သတိရလာသည်။
ဒုတိယအကြီးအကဲသည် အစပိုင်းတွင် သူမအား အလွန်ကြင်နာခဲ့သဖြင့် လျို့ခယ့်ခယ်က အလွန်ကျေးဇူးတင်မိခဲ့သည်။ သို့သော် စွမ်းအားကြီးသည့် ဒုတိယအကြီးအကဲက မကြာမီ၌ပင် သူ့၏ ဗီဇကို ထုတ်ပြကာ လျို့ခယ့်ခယ်ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်လျက် သူ့လက်အောက်ခံရန် အတင်းအကြပ် ဖိအားပေးခဲ့သည်။
လျို့ခယ့်ခယ်က ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သဖြင့် ဒုတိယအကြီးအကဲက အလွန်ဒေါသထွက်ခဲ့ရသည်။
အဆုံးတွင် သူသည် သဘောထားတိုက်ဆိုင်သော လုချိုက်လန်ကို တပည့်အဖြစ် ရွေးချယ်၍ လျို့ခယ့်ခယ်ကို ပစ်မှတ်ထားခဲ့သည်။
မှန်သည်။ ဤအရာများအားလုံးသည် လျို့ခယ့်ခယ်၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားသည့် လျှို့ဝှက်ချက်ဖြစ်ကာ အပြင်လူများကို ဘယ်သောအခါကမှ မပြောဖူးပေ။ နောက်ဆုံးပြောရလျှင် ၎င်းသည် ရုပ်သေးအင်မော်တယ်ဂိုဏ်း၏ ဂုဏ်သိက္ခာအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်လိမ့်မည်။
စကားလုံးအနည်းငယ်မှပင် ရွှယ်အန်းက အားလုံးကို မှန်းဆနိုင်ခဲ့လိမ့်မည်ဟု မထင်ခဲ့မိပေ။ လျို့ခယ့်ခယ်၏ ပြောင်းလဲနေသော အမူအရာနှင့် မျက်လုံးများ တဖြည်းဖြည်းနီလာနေသည်ကို မြင်လိုက်ရသော ရွှယ်အန်းက ပြောလိုက်၏။
"ကောင်းပြီ၊ အတိတ်ကို ထားလိုက်တော့။ ဒုတိယ လူကြီးက ကလဲ့စားချေဖို့ သတ္တိရှိရင် သူ့ကို ကောင်းကောင်း ပြုမူတတ်အောင် ငါသင်ပေးလိုက်မယ်”
သူ၏ တည်ငြိမ်သော အသံတွင် ခိုင်မာသော ယုံကြည်မှုတစ်ခု ရှိနေသည်။
လျို့ခယ့်ခယ်သည် ရွှယ်အန်း၏ အပြုအမူကို ကြည့်လျက် သူမ၏နှလုံးသားက တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။
အခန်း(၅၉၆) ရုပ်သေးအင်မော်တယ်ဂိုဏ်း၏ စားပွဲ
သို့သော် လူတိုင်း၏ မျှော်လင့်ချက်နှင့် ဆန့်ကျင်စွာဖြင့် နောက်ရက်များတွင် မညသည့် လက်တုံ့ပြန်မည့်အရိပ်အယောင်မျှ မရှိဘဲ တည်ငြိမ်အေးချမ်းသွားခဲ့သည်။
ယင်းကြောင့် လှောင်ပြောင်ရန် အဆင်သင့်ဖြစ်နေကြသူ အများအပြားအံ့အားသင့်ကာ မယုံနိုင်ဖြစ်ခဲ့ရသည်။
‘လုချိုက်လန်က သူ့အကျင့်ကို ရုတ်တရက်ကြီးပြင်လိုက်တာများလား’
‘မဟုတ်ရင် ဘာလို့ ဒီကိစ္စကို ချက်ချင်း မကိုင်တွယ်တာလဲ’
လျို့ခယ့်ခယ်ပင်လျှင် အံ့အားသင့်သွားခဲ့သည်။
ယုတ္တိကျကျဆိုရပါက ဤမျှကြီးမားသောဆုံးရှုံးမှုကို ခံစားခဲ့ရပြီးနောက် လုချိုက်လန်သည် ပြဿနာကို ကိုင်တွယ်ရန်စိတ်အားထက်သန်စွာဖြင့် ဒုတိယအကြီးအကဲကို သွားပြောသင့်သည်။ သို့သော် ဤတစ်ကြိမ်တွင် ထိုဖြစ်လေ့ဖြစ်ထရှိသကဲ့သို့ လှုပ်ရှားမှုမျိုးရှိမလာခဲ့ပေ။ ရွှယ်အန်းကသာ စိတ်ဝင်စားခြင်းအလျင်းမရှိဘဲ နေအိမ်တွင် လက်ဖက်ရည်သောက်ကာ အေးဆေးစွာ အနားယူလျက် အနီးနားရှိ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေသည်။
ထိုနေ့က လုချိုက်လန်ကို ပါးနှစ်ချက်ရိုက်ခဲ့သည်မှာ သူဖြစ်ကြောင်းသိကြသော အတွင်းစည်းတပည့်များအားလုံး၏ အကြည့်များတွင် လေးစားစိတ်များ ကိန်းဝင်နေသည်။
လုချိုက်လန်သည် ရုပ်သေးအင်မော်တယ်ဂိုဏ်းအတွင်း အမည်ဆိုးတစ်ခုရှိကြောင်း အားလုံးက ကောင်းစွာသိရှိခဲ့သည်။ သူမ၏ဆရာသညါ အမှန်တကယ်အာဏာရှိကာ မြင့်မားသော ကျင့်ကြံရေးအဆင့်ရှိသောကြောင့် သူမအား မည်သူမျှ မနှိုးဆော်ဝံ့ပေ။
သို့သော် ဤအရာက သူမကို လျှို့ဝှက်စွာ စက်ဆုပ်ရွံရှာခြင်းကိုမူ မတားဆီးနိုင်ခဲ့ပေ။
ထိုနေ့က ရွှယ်အန်း၏ ရိုက်နှက်မှုက လူများစွာ၏ စိတ်ထဲမှ ဒေါသနှင့် အညှိုးအတေးများကို ဖြေလျှော့ပေးနိုင်ခဲ့သဖြင့် သူသွားလေရာရာ၌ လူများက သူ့ကို တိတ်တဆိတ် နှုတ်ဆက်ကြသည်။
ထို့အပြင် သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွါရန် ကြင်နာစွာ အကြံပေးသူများလည်းရှိသည်။
နောက်ဆုံးတွင်မူ ရုတ်တရက် တိတ်ဆိတ်သွားခြင်းဖြင့် ရက်စက်ကြမ်းကြုတ်သော ဒုတိယအကြီးအကဲသည် မည်သို့သော အကြံအစည်မျိုးထုတ်နေနိုင်ကြောင်း မည်သူမျှ မသိနိုင်ပေ။
ရွှယ်အန်းက ဤအရာကို ပြုံးရုံသာပြုံးကာ အနည်းငယ်မျှ စိတ်ထဲမထားခဲ့ပေ။
တစ်နေ့တွင် ရွှယ်အန်းသည် ပြခန်းအောက်၌ ဝိုင်ကို ပြုတ်ကာ လက်ဖက်ရည်လုပ်နေသည်။ လျို့ခယ့်ခယ်၊ လျန်ယွင်ထင်းနှင့် လျန်ယွက်လော်တို့သည် ရွှယ်အန်း၏ ထူးခြားသော လက်ဖက်ရည်ဖျော်နည်းကို လေးစားလျက် အောက်တွင် ထိုင်စောင့်နေကြသည်။
လက်ဖက်ရည်ပြင်ဆင်ပြီးသည်နှင့် လန်းဆန်းသောရနံ့သည် လေထုတွင် ပြည့်လျှံလာကာ စိတ်အာရုံကို ကြည်နူးစေသည်။
ရွှယ်အန်းက ခွက်သုံးခွက် ငှဲ့လိုက်သည်။
လျို့ခယ့်ခယ်နှင့် အခြားသူများသည် ၎င်းတို့ကို တစ်ခွက်စီယူ၍ တစ်ငုံသောက်ပြီးနောက် မျက်လုံးများ တောက်ပလာခဲ့သည်။
"အရမ်းမွှေးတယ်"
"ဆရာ့ လက်ဖက်ရည်က အံ့ဩစရာပဲ”
ရွှယ်အန်းက အနည်းငယ် ပြုံး၍ လတ်လတ်ဆတ်ဆတ် အပူပေးထားသော ဝိုင်ကို သူ့အတွက်သူငှဲ့၍ ဖြည်းဖြည်းချင်း အရသာခံလိုက်သည်။
ဤဝိုင်သည် ရုပ်သေးအင်မော်တယ်ဂိုဏ်း၏ မူပိုင်ဖြစ်ကာ ၎င်း၏ထူးခြားသောအရသာကြောင့် လူသိများသည်။
ထိုအချိန်တွင် စက္ကူအင်မော်တယ်ကြိုးကြာတစ်ကောင်က ပျံသန်းလာ၍ အဖွဲ့ကို တစ်ကြိမ်လှည့်ပတ်ကာ လျို့ခယ့်ခယ်၏လက်ထဲသို့ ကျရောက်သွားသည်။
"ဒါက ဂိုဏ်းကအသုံးပြုတဲ့ စာပို့ စက္ကူကြိုးကြာပဲ”
ထိုသို့ပြောပြီးနောက် လျို့ခယ့်ခယ်က စာကို ဖွင့်ဖတ်လိုက်သည်။ သူမဖတ်ပြီးသည်နှင့် လျို့ခယ့်ခယ်၏အမူအရာသည် တဖြည်းဖြည်းမှောင်လာသည်။
"မမလျို့ ဘာဖြစ်နေတာလဲ" လျန်ယွင်လော်က မေးသည်။
လျို့ခယ့်ခယ်က အသက်ပြင်းပြင်းရှူကာ ခါးသက်စွာ ပြုံးကာပြောသည်။
“သုံးရက်အတွင်း ဂိုဏ်းထဲက ခင်မင်ရင်းနှီးတဲ့ အဖွဲ့ခွဲတွေက ဆရာတွေ တက်ရောက်မယ့် ကြီးကျယ်ခမ်းနားတဲ့ ပွဲတော်ကို ကျင်းပမယ်လို့ ကျွန်မတို့ကို ဒုတိယ အကြီးအကဲက အကြောင်းကြားလိုက်တာ”
“တစ်ချိန်တည်းမှာပဲ… ဒီစာက လူတိုင်းကို ဒီပွဲလာလည်ဖို့ အထူးအလေးပေးဖော်ပြထားတယ်”
ထိုစကားပြောပြီးနောက် လျို့ခယ့်ခယ်သည် ချီတုံချတုံနှင့် မသေချာမရေရာသော အသံဖြင့် မေးလိုက်၏။
“စီနီယာ ကျွန်မတို့ ဘာလုပ်သင့်လဲ"
ရွှယ်အန်းက ပေါ့ပါးစွာရယ်၍ ဝိုင်တစ်ခွက်ကို ထပ်ဖြည့်လိုက်သည်။
"ဖိတ်စာရောက်လာမှတော့ သွားသင့်တာပေါ့။ မဟုတ်ရင် မင်းရဲ့ ဒုတိယအကြီးအကဲရဲ့ ကြင်နာတဲ့ ရည်ရွယ်ချက်တွေကို ငါတို့ မသိလိုက်ဘဲနေမှာ မဟုတ်ဘူးလား"
တစ်နှစ်ပတ်လုံး တိမ်များနှင့် မြူခိုးများ ဖုံးလွှမ်းနေသည့် ထိုတောင်ပေါ်တွင် ကြီးကျယ်ခမ်းနားသော အဆောက်အအုံများစွာ မြင့်မားစွာ တည်ရှိနေသည်။
အလယ်ဗဟိုရှိ ကျန်းရာနှင့်ချီမြင့်သော အနက်ရောင်မျှော်စင်မှလွဲ၍ အခြားနေရာများမှာ ရုပ်သေးအင်မော်တယ်ဂိုဏ်း အကြီးအကဲများ၏ နေအိမ်များဖြစ်သည်။
ထိုအချိန်တွင် ရွှန်းလဲ့သောရွှေရောင်ခန်းမတစ်ခုတွင်၊ လုချိုက်လန်သည် ပင်မထိုင်ခုံတွင်ထိုင်နေသည့် အသက်လတ်ပိုင်းယောက်ျားကို စိတ်မရှည်စွာကြည့်နေသည်။
ယခုအချိန်တွင် သူမ၏မျက်နှာပေါ်ရှိဒဏ်ရာများ လုံးဝပျောက်ကင်းသွားရုံသာမက ကျိုးသွားသည့် သွားများပါ ပြန်လည်ပေါက်လာကာ ဝိဉာဉ်ဆေးလုံး သို့မဟုတ် လျှို့ဝှက်ဆေးတစ်မျိုးကို အသုံးပြုထားကြောင်း ညွှန်ပြနေသည်။
"ဆရာ၊ တပည့်တို့ သုံးရက်လောက် စောင့်ရမှာလား"
ထိုယောက်ျား၏ တင်းမာ၍ လေးနက်သော အသွင်အပြင်ကိုကြည့်လျှင် အာဏာရထားသောသူတစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။ သို့သော် သူ့မျက်လုံးထဲမှ ရံဖန်ရံခါ လင်းလက်သွားသော ဆိုးယုတ်သည့် ငွေရောင်အလင်းတန်းများက သူ့ရောင်ဝါကို အနည်းငယ် အနှောက်အယှက်ပေးသည်။
၎င်းသည် ရုပ်သေးအင်မော်တယ်ဂိုဏ်း၏ အုပ်ချုပ်သူ ဒုတိယအကြီးအကဲ ဝေချီရှင်းဖြစ်သည်။
ဤသည်ကိုကြားသောအခါ ဝေချီရှင်းက ရယ်မောလိုက်သည်။
"တပည့်ကောင်းလေး လက်စားချေဖို့ အလျင်လိုနေစရာမလိုပါဘူး နောက်ထပ် သုံးရက်လောက် အသက်ရှင်ပါစေ"
လုချိုက်လန်က ဒေါသတကြီး အံကြိတ်လိုက်သည်။
"ဆရာ တပည့် ခဏလောက်တောင် မစောင့်နိုင်တော့ဘူး လျို့ခယ့်ခယ်ကို အရှင်လတ်လတ် အရေခွံခွာပြီး နှလုံးသားထဲက အမုန်းတရားတွေ ဖြေဖျောက်ဖို့ အဲ့လူသားမျိုးနွယ်ကကောင်ကိုလည်း အပိုင်းပိုင်းဖြတ်ပစ်လိုက်ချင်တယ်"
ဝေချီရှင်းက သူ့လက်ကို ဆန့်တန်းကာ လုချိုက်လန်ကို ခေါ်လိုက်သည်။
"တပည့်ကောင်းလေး မင်းရဲ့ဆရာအနား တိုးခဲ့ပါဦး။ ဒဏ်ရာတွေ သက်သာသွားပြီလားဆိုတာ ငါကြည့်ပါရစေ။"
လုချိုက်လန်သည် ချက်ချင်းပင် မျက်နှာချိုသွေးသောအပြုံးကိုပြုံးကာ ရှေ့သို့တိုးသွားလိုက်သည်။
"တပည့်ကောင်းလေး မင်းက တစ်နေ့ထက်တစ်နေ့ ပိုတောက်ပလာတယ်”
"ဒါတွေအားလုံးက ဆရာ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့်ပါပဲ။ ဆရာသာ တပည့်ကို ပေးခဲ့တဲ့ ဝိဉာဉ်ဆေးသာမရှိရင် တပည့် မြန်မြန်ပြန်ကောင်းမလာနိုင်ဘူး"
ထို့နောက် ဆယ့်ငါးမိနစ်ကြာသည်အထိ မြင်ကွင်းကဝေဝါးသွားသည်။
ဝေ့ချီရှင်းက ကျေနပ်အားရစွာပြောလိုက်၏။
"အရူးမလေး ဘာလို့ ချက်ချင်း လက်စားချေဖို့ မလုပ်တာလဲသိလား”
"တပည့်မသိပါဘူး"
"ဟီးဟီး၊ လျို့ခယ့်ခယ်ကို ဂိုဏ်းခေါင်းဆောင်က မျက်နှာသာမပေးပေမယ့် သူက တပည့်စစ်ဖြစ်နေတုန်းပဲ။ ငါတို့သာ စည်းကျော်လိုက်ရင် လူတွေ ဒေါသဖြစ်မှာ သေချာတယ်”
"ဂိုဏ်းခေါင်းဆောင်က အနယ်နယ်အရပ်ရပ်က သိုင်းကျွမ်းကျင်သူတွေကို ကြိုဆိုဖို့ ဧည့်ခံပွဲတစ်ခုကျင်းပဖို့ သီးသန့်လေ့ကျင့်မှုကနေ ထွက်လာတာ။ ဒါက လျို့ခယ့်ခယ်ကို ဖိတ်ခေါ်ဖို့ သင့်တော်တဲ့အခွင့်အရေးပါပဲ။ ပွဲအပြီးမှာ သိုင်းပညာရှင်အားလုံးရှေ့မှာ သူ့ကို စိန်ခေါ်နိုင်တယ်။ အဲ့မှာဆို သတ်ရင်တောင် ဂိုဏ်းခေါင်းဆောင်နဲ့ တခြားသူတွေက ကန့်ကွက်နိုင်မှာ မဟုတ်ဘူး"
ဝေ့ချီရှင်း၏ရှင်းပြချက်ကိုကြားသောအခါ လုချိုက်လန်သည် အလင်းရောင်ကို ရုတ်တရက်မြင်လိုက်ပြီးနောက် စိတ်ပျက်အားငယ်စွာဖြင့် ပြောလိုက်သည်။
"ဒါပေမယ့်… တပည့် ခွန်အားနဲ့ လျို့ခယ့်ခယ်ကို သေချာပေါက် အနိုင်ယူလို့ မရဘူး"
“ဟေးဟေး ဒါပေါ့ မင်းကိုယ်တိုင်မလုပ်နိုင်ဘူး၊ ဒါပေမယ့် မင်းဆရာရှိနေတာ ဘာအတွက်လဲ" ဤသို့ပြော၍ ဝေချီရှင်းက ပုတီးတစ်လုံးကို ဆွဲထုတ်လိုက်သည်။
"ဒါက ငါလတ်တလော ပြုပြင်ထားတဲ့ ရုပ်သေးရုပ်ပဲ။ မယုံနိုင်လောက်အောင်ကို အစွမ်းထက်လွန်းတယ်။ အဆင့်နိမ့်တဲ့ လျို့ခယ့်ခယ် အတွက် ပြိုင်ဆိုင်မှုထက် ပိုပါတယ်"
လုချိုက်လန်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။
"ကျေးဇူးတင်ပါတယ် ဆရာ”
ဤသို့ပြော၍ ယူရန် လက်လှမ်းလိုက်သည်။ ဝေ့ချီရှင်းက ရယ်၍ သူ့လက်ကို ပြန်သိမ်းလိုက်သည်။
“ဆရာ…”
"ဒီအတိုင်းယူချင်တာလား" ဝေ့ချီရှင်းက မျက်စပစ်ပြကာ ရယ်လိုက်သည်။
လုချိုက်လန်၏မျက်နှာက အနည်းငယ်နီမြန်းသွားပြီးနောက် သူမက ချိုသာစွာပြုံးလိုက်သည်။
"ဆရာက အရမ်းဆိုးတာပဲကွာ”
နောက်ဆုံးတွင် လုချိုက်လန်သည် သူမဆန္ဒအတိုင်း ရုပ်သေးအသစ်ကို ရရှိခဲ့ကာ အနားယူခြင်းမရှိဘဲ မဆုတ်မနစ် လေ့ကျင့်ခဲ့သည်။
နောက်တစ်နေ့ညနေခင်းတွင် သူမသည် ရုပ်သေးရုပ်ကို သူမ၏ ကိုယ်လက်အင်္ဂါများကဲ့သို့ သဘာဝအတိုင်း အသုံးပြုနိုင်ကာ အသစ်တဖန် ယုံကြည်မှုအပြည့်ဖြင့် ပြန်လည်နိုးကြားလာခဲ့သည်။
‘ဟားဟား လျို့ခယ့်ခယ်ရော အဲ့ ရွံဖို့ကောင်းတဲ့ လူသားမျိုးနွယ်ကကောင်ရော ဒီတစ်ခါ ငါ နင်တို့ကို ငါ့ရဲ့ အစွမ်းပြမယ်’
လုချိုက်လန်က လူသတ်ချင်စိတ် အပြည့်ဖြင့်တွေးလိုက်သည်။
နောက်ဆုံးတွင် သုံးရက်မြောက်နေ့သို့ရောက်လာသည်။
မနက်မိုးလင်းကတည်းက ကောင်းကင်တွင် အလင်းတန်းများ အဆက်မပြတ် လင်းလက်နေခဲ့သည်။ ရုပ်သေးအင်မော်တယ် ဂိုဏ်းတစ်ခုလုံးကို အသစ်အတိုင်းကောင်းသည်အထိ သန့်ရှင်းထားကာ တောင်ထိပ်ကို ဝန်းရံထားသည့် နှစ်ရှည်တိမ်တိုက်များက လမ်းဖွင့်ရန် လမ်းခွဲလိုက်ကြသည်။
ထိုအချိန်တွင် လျိုခ့ယ်ခယ်သည်လည်း ပြင်ပြီးဆင်ပြီးဖြစ်သည်။
"စီနီယာ၊ ကျွန်မတို့ သွားကြမလား"
ရွှယ်အန်းက ကောင်းကင်တွင် တောက်လောင်နေသော မီးရောင်များကို မော့ကြည့်ကာ အနည်းငယ် ပြုံးလိုက်သည်။
"စလိုက်ရအောင်"
အခန်း(၅၉၇) ကျောင်းတိုက်ကို ကာကွယ်စောင့်ရှောက်သူ
တောင်ပေါ်ရှိ ရွှေခန်းမ။
ဒုတိယအကြီးအကဲ ဝေ့ချီရှင်းသည် ခန်းမကြီးရှေ့ ရင်ပြင်ပေါ်တွင် တပည့်များကို ဦးဆောင်ကာ အရပ်ရပ်မှ ဧည့်သည်များကို ကြိုဆိုလျက်ရှိသည်။
အလင်းတန်းများက ပျံသန်းနေရာမှ ရပ်တန့်သွားပြီးနောက် မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။
"ဒုတိယအကြီးအကဲ"
"အစ်ကိုဝေချီ”
ဤနှုတ်ခွန်းဆက်စကားများကို တယောက်ပြီး တယောက်ပြောကြသည်။ ဝေ့ချီရှင်းက ပြုံးပြုံးရွှင်ရွှင် တုံ့ပြန်ကာ အကြိမ်ကြိမ် ခေါင်းညိတ်သည်။
"အားလုံးပဲ အနားယူဖို့ ခမ်းနားကြီးကျယ်တဲ့ ခန်းမထဲကို ဝင်လိုက်ပါ၊ ကျုပ်တို့ဂိုဏ်းခေါင်းဆောင် မကြာခင် ရောက်လာတော့မှာပါ”
တပည့်များသည် ဤဧည့်သည်များကို ခမ်းနားကြီးကျယ်သော ခန်းမထဲသို့ လမ်းညွှန်ပေးနေပြီဖြစ်သည်။
အလယ်ပိုင်းပြည်နယ်အတွင်း ရုပ်သေးအင်မော်တယ်ဂိုဏ်းကို ကြီးကျယ်ခမ်းနားသော အင်အားစုအဖြစ် သတ်မှတ်နိုင်သည်။ ဤပွဲကြီးကျင်းပသောအခါတွင် အင်အားစုအသီးသီးက သဘာဝအတိုင်း မျက်နှာပြကြရကာ လူကိုယ်တိုင်မလာရောက်နိုင်လျှင်ပင် ဂဂုဏ်ပြုရန် တပည့်များကို စေလွှတ်မည်ဖြစ်သည်။
ထို့ကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ ဧည့်သည်များက တိမ်များကဲ့သို့ များပြားနေကာ မြင်ကွင်းက အလွန်အသက်ဝင်နေသည်။
ထိုအချိန်တွင် အပြာရောင်ကြာတစ်ပွင့်က ကောင်းကင်သို့ ပျံသန်းသွားကာ မြေပြင်သို့မထိသေးသော်လည်း ယောက်ျားတစ်ယောက်၏ ရယ်သံထွက်လာသည်။
“ဒုဂိုဏ်းချုပ်က ဧည့်သည်တွေကို ကြိုဆိုတဲ့ အခန်းကဏ္ဍက ဘယ်အချိန်က စပြီး တာဝန်ယူခဲ့တာလဲ။”
ထိုဧည့်သည်ကိုမြင်သောအခါ ဝေချီရှင်း၏မျက်နှာပေါ်တွင် ရိုသေသောအမူအရာပေါ်လာပြီးနောက် ရှေ့သို့လှမ်းကာ ဦးညွတ်လိုက်သည်။
"ကာကွယ်သူဝမ်က မြှောက်ပင့်နေပြန်ပါပြီ။ ဒုဂိုဏ်းချုပ်လို့ မခံယူဝံ့ပါဘူး”
ထိုအချိန်တွင် ကြာပန်းက ဆင်းသက်လာပြီးနောက် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ပေါ်လာသည်။
ထိုလူသည် အစိမ်းရောင် ၀တ်ရုံကို ၀တ်ဆင်ထားကာ ချောမော သန့်စင်သော အသွင်အပြင်ကိုကြည့်လျှင် အခြားကမ္ဘာမှ ဆင်းသက်လာသကဲ့သို့ထင်ရသည်။
ထိုအမျိုးသမီးသည် အသက်ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်ထက် မပိုသေးပေ။ သူမ၏ အနက်ရောင်ဆံပင်ကို ချည်နှောင်ထားကာ လှပသောမျက်နှာအသွင်အပြင်ရှိသော်လည်း အာရုံစူးစိုက်အခံရဆုံးနေရာမှာ သူမ၏မျက်ခုံးမွှေးကြားရှိ သစ်ကြံပိုးခေါက်ကဲ့သို့ အနီရောင်အမှတ်ဖြစ်သည်။ ၎င်း၎င်း မိန်းကလေး၏မျက်နှာကို တည်ငြိမ်အေးချမ်းမှုကို တိုးမြင့်စေသည့် အလှတရားတစ်ခုလည်းဖြစ်သည်။
"ဒါက ဂါရန်ဂိုဏ်းက ဝမ်ချန်ယိပဲ အဲ့မိန်းကလေးက ဂါရန်ဂိုဏ်းက သန့်ရှင်းတဲ့ မိန်းမပျို၊ ရှန်ရော့လင်ဖြစ်ရမယ်။ ဒီလို အရေးကြီးတဲ့ပုဂ္ဂိုလ်တွေက တကယ်ကို ကိုယ်တိုင်ကိုယ်ကျ ရောက်လာကြတာပဲ။ ဒီပွဲက တော်တော်ကိုအရေးကြီးတယ်ထင်ရပါ့" တစ်စုံတစ်ယောက်က ဆွေးနွေးသည်။
ယခုအချိန်တွင် ဝမ်ချန်ယိက အနည်းငယ်ပြုံးလိုက်၏။
"အစ်ကို ဝေ့ချီက ကျိုးနွံလွန်းနေပါပြီ။ ရုပ်သေးအင်မော်တယ်ဂိုဏ်းချုပ်ချန်က အရမ်းအစွဲအလမ်းကြီးပြီး မကြာခဏ သီးသန့်လေ့ကျင့်နေတာ အမှန်က ဒီဂိုဏ်းကြီးရဲ့ အရာအားလုံးကို စီမံခန့်ခွဲနေတာ အစ်ကိုဝေချီပဲ"
ဤစကားများသည် ချီးကျူးနေသည်ဟု ထင်ရသော်လည်း အနည်းငယ် ရှက်စရာကောင်းသည်။
ဝေ့ချီရှင်းသည် စိတ်ထဲ မသက်မသာ ခံစားရသော်လည်း ဝမ်ချန်ယိသည် ဂုဏ်ထူးဆောင်ဧည့်သည်ဖြစ်သောကြောင့် တုံ့ပြန်ရန်မသင့်တော်သောကြောင့် ရယ်မောကာ တပည့်တစ်ဦးအား ဝမ်ချန်ယိနှင့် သူ၏တပည့်မကို ခန်းမကြီးထဲသို့ပို့ဆောင်ရန် အမိန့်ပေးလိုက်သည်။
သူတို့ထွက်သွားပြီးနောက် ဝေချီရှင်း၏အမူအရာသည် ဆိုးရွားသွားခဲ့သည်။
"ဆရာ ဒီကာကွယ်သူဝမ်ရဲ့စကားတွေက တော်တော်ဆူညံသွားအောင်လုပ်တော့မလို့” လုချိုက်လန်က မှတ်ချက်ပြုသည်။
"ဝမ်ချန်ယိက စွက်ဖက်လို့ နာမည်ဆိုးနဲ့ ကျော်ကြားထယ် သူ့ကို ထည့်တွက်မနေပါနဲ့”
ထိုအချိန်တွင် ခန်းမကြီးအတွင်း၌ ဝမ်ချန်ယိနှင့် သူ၏တပည့်များသည် အလားတူကိစ္စရပ်များကို ပြောဆိုနေကြသည်။
“ဆရာ ဒီရုပ်သေးဂိုဏ်းရဲ့ ဒုတိယအကြီးအကဲအပေါ် သိပ်အကောင်းမမြင်ဘူးထင်တယ်” ရှန်ရော့လင်က ခပ်တိုးတိုးပြောသည်။
ခန်းမကြီးအဝင်ဝအနီးတွင်ထိုင်နေသော ဝမ်ချန်ယိသည် ခေါင်းကို ညင်သာစွာ ခါယမ်းလျက် အဝေးမှ ဝေ့ချီရှင်းကို စိုက်ကြည့်လိုက်သည်။
"ဝေ့ချီရှင်းက ကျင့်ကြံရေးလောကမှာ နာမည်ဆိုးရထားတာ။ အထူးသဖြင့် မင်း သူ့နားရောက်ရင် သတိထားသင့်တယ် သူနဲ့ ဝေးဝေးမှာနေ။ ကိုယ့်တပည့်ပေါ်တောင် လက်တင်နိုင်တဲ့လူက သားရဲတစ်ကောင်နဲ့ ဘာကွာတော့မှာလဲ"
ရုပ်သေးအင်မော်တယ်ဂိုဏ်းချုပ် ချန်ယာ့ယွင်မှတပါး ဝေ့ချီရှင်းနှင့် သူ၏ တပည့် အမျိုးသမီးတို့၏ အကြောင်း လူတိုင်းနီးပါး သိကြသည်။
ဤသည်ကိုကြားသောအခါ ရှန်ရော့လင်၏ပါးပြင်များ အနည်းငယ်နီရဲလာသည်။
“တပည့် နားလည်ပါပြီ”
ထို့နောက် သူမသည် နေရာတစ်ခုလုံးကို တိတ်တဆိတ် ကြည့်၍ ရင်းနှီးသော မျက်နှာကိုရှာလိုက်သည်။
သို့သော် ရှာမတွေ့သောကြောင့် အတန်ငယ် စိတ်ပျက်သွားရသည်။
လျို့ခယ့်ခယ်က ဘာလို့ သူမပေါ်မလာသေးတာလဲ။ သူ ဂိုဏ်းမှာရှိနေတာမဟုတ်ဘူးလား။
ရှန်ရော့လင်က စိတ်ထဲတွင် သံသယအချို့ဖြင့် တွေးတောနေမိသည်။ ထိုအချိန်တွင် အပြင်ဘက်မှ အသံတစ်ခုထွက်လာသည်။ ဝမ်ချန်ယိနှင့် သူ့တပည့်မတို့က လှည့်ကြည့်လိုက်ကြသည်။
ခါးထိရှည်သော ဆံနွယ်များနှင့် အမျိုးသမီးတစ်ဦးသည် မြေခွေးတစ်ကောင်ကဲ့သို့ စွဲမက်ဖွယ်ကောင်းသည့် မျက်နှာဖြင့် ရင်ပြင်ပေါ်သို့ ရောက်ရှိလာသည်ကို မြင်လိုက်ရသည်။
ရှန်ရော့လင်၏ နှလုံးသားက ရွှင်မြူးစွာ ကခုန်သွားသည်။
ယင်းသည်ကား လျို့ခယ့ခယ်ပင် ဖြစ်သည်။
သူမကို နှုတ်ဆက်ရန် ထခါနီးတွင် သူမ တုံ့ဆိုင်းသွားသည်။
ဟင်၊ အဲ့လူတွေက ဘယ်သူတွေလဲ။
အထူးသဖြင့် ထိုလူသည် ချောမောသောအသွင်အပြင်ရှိသော်လည်း အလွန်ပေါ့ပေါ့ပါးပါး အနေအထိုင်ရှိသူဖြစ်သည်။
ယင်းသည်ကား ကျင့်ကြံရေးအဆင့် လုံးဝမရှိသည့် လူသားမျိုးနွယ်စုဝင်ဖြစ်သည်။
ဒီလူက ခယ့်ခယ်နဲ့ ပတ်သက်နေသလား။ မဟုတ်ရင် လူသားမျိုးနွယ်စုဝင်တစ်ယောက် ဘယ်လိုမျိုး ဒီမှာ ပေါ်လာနိုင်မလဲ။
ဤသည်ကိုတွေးကာ ရှန်ရော့လင်က သူမ၏ နှလုံးသားထဲတွင် အချဉ်ပေါက်သွားသည့်အလား ခံစားလိုက်ရသည်။
ထိုအချိန်တွင် ဝမ်ချန်ယိက လျန်ယွင်ထင်းကို အံ့သြတကြီး တစ်ချက်ကြည့်လိုက်သည်။ တစ်ချက်တည်းကြည့်ရုံဖြင့်
ဤအမျိုးသမီးသည် သင်္ကေတလေးခု၏ စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်ထားကြောင်း သိလိုက်ရသည်။
ဆရာ တပည့် နှစ်ယောက်စလုံးသည် ၎င်းတို့၏ ကိုယ်ပိုင် အတွေးအမြင်များကို ချုပ်တည်းထားကြသည်။
ထိုစဉ် ရွှယ်အန်းနှင့် လျို့ခယ့်ခယ်နှင့် အခြားသူများသည် ခန်းမကြီး၏အဝင်ပေါက်သို့ ရောက်ရှိနေပြီဖြစ်သည်။
“ကျွန်မတို့ တွေ့ပြီ... ဒုတိယအကြီးအကဲ” လျို့ခယ့်ခယ်က ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ဦးညွှတ်၍ ပြောလိုက်သည်။
သို့သော် တူညီသောဂိုဏ်းမှ စီနီယာတစ်ဦးဖြစ်သည့် ဝေ့ချီရှင်းက ကြင်နာစွာ ပြုံးလိုက်သည်။
"ငါတို့အားလုံးက ဂိုဏ်းတစ်ခုတည်းကပဲလေ။ အဲ့လို ယဉ်ကျေးနေစရာမလိုပါဘူး။ မြန်မြန်ထကြ”
လျို့ခယ့်ခယ်က မတ်မတ်ပြန်ရပ်၍ ဝေ့ချီရှင်းကို အံ့သြတကြီးနှင့် သံသယဖြင့် ကြည့်နေမိသည်။
ထူးဆန်းသည်မှာ သူမ၏ ဒုတိယဆရာသည် ယခင်က သူမအပေါ် တစ်ခါမျှ ကြင်နာမှု မရှိခဲ့ပေ။ ထိုအချိန်တွင်၊ ဝေ့ချီရှင်းက ဘေးတွင်ရပ်နေသော ရွှယ်အန်းအား လှည့်ကြည့်လိုက်သည်။
ရွှယ်အန်းအမှန်ပင် ကျင့်ကြံရေးအဆင့် အတက်အကျမရှိသည်ကို မြင်လိုက်ရသည်နှင့် ဝေ့ချီရှင်း၏ မျက်လုံးများတွင် အထင်အမြင်သေးမှု အရိပ်အမြွက် ထွက်ပေါ်လာသည်။
"ဒါက ခယ့်ခယ်ရဲ့ စီနီယာပဲ ဖြစ်ရမယ်၊ တကယ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ သူရဲကောင်းတစ်ယောက်ဖြစ်နေတာပဲ။ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်ပဲ”
ထူးချွန်ထက်မြက်သူဖြစ်ခြင်းနှင့်ပတ်သက်သည့် နောက်ဆုံးမှတ်ချက်ကို အထူးအလေးပေး ပြောကြားခဲ့သည်။ ထိုစကားကိုကြားသောအခါ လျို့ခယ့်ခယ်၏ အမူအရာ ပြောင်းသွားသည်။
သို့သော် ရွှယ်အန်းက သိမ်မွေ့စွာ ပြုံးရုံသာ ပြုံးလိုက်၏။
"ကျွန်တော်က ငယ်ငယ်ကတည်းက မွေးဖွားလာတဲ့ သူရဲကောင်းတစ်ယောက်လို့ မပြောနိုင်ပေမယ့် အသက်အရွယ်ကြောင့် လေးစားမှု မပြနိုင်တဲ့လူတွေကို အနိုင်ယူနိုင်တာတော့ သေချာတယ် မဟုတ်လား။ ခယ့်ခယ်”
လျို့ခယ်ခယ်က မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။
ဝေ့ချီရှင်း၏ အမူအရာက တင်းမာသွားသော်လည်း ခဏအတွင်း သူပြန်ရယ်လိုက်သည်။
"အာ… ခယ့်ခယ်ရဲ့မိတ်ဆွေဆိုတော့ မင်းက ဒီနေ့ ငါတို့ဂိုဏ်းရဲ့ ထူးထူးခြားခြား ဧည့်သည်ပဲ။ ခယ့်ခယ် ဒီအကြီးအကဲတွေကို ခန်းမထဲကို အမြန်ခေါ်သွားလေ"
ရွှယ်အန်းသည် ခံစားချက်ကင်းမဲ့နေသော မျက်နှာဖြင့် ဆက်လက်၍ ဝေ့ချီရှင်း၏နောက်တွင် အမြဲရပ်နေသော လုချိုက်လန်ကို တစ်ချက်ကြည့်ကာ ဖြတ်သွားပြီးနောက် ပြုံးလိုက်သည်။
လုချိုက်လန်သည် ရွှယ်အန်းနှင့်အကြည့်ချင်းဆုံလိုက်ရသဖြင့် တုန်လှုပ်ခြောက်ခြားနေမိသည်။ နှုတ်ခမ်းထောင့်မှ အပြုံးကို သူမမြင်လိုက်ရသောအခါ အအေးဓာတ်က သူမကို လွှမ်းခြုံသွားသကဲ့သို့ ခံစားလိုက်ရကာ ပါးပြင်များ တဆတ်ဆတ် ကိုက်ခဲလာသည်။
ရွှယ်အန်းအဝေးကို ထွက်ခွါသွားပြီးနောက်တွင်မှ သူမက တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာသည်။
"ဆရာ” လုချိုက်လန်က မုန်းတီးစွာပြောသည်။
ဝေ့ချီရှင်းက သူ့လက်ကို နက်မှောင်သောအမူအရာဖြင့် ဝှေ့ယမ်းကာ ဒေါသအပြည့်ဖြင့်ပြောသည်။
"စိတ်မပူပါနဲ့၊ နောက် လွတ်မှာမဟုတ်ဘူး"
ခန်းမဆောင်ကြီးထဲသို့ လျှောက်သွားရင်း ရှန်ရော့လင်က ကပျာကယာ ထရပ်ကာ လှမ်းအော်လိုက်သည်။
“ခယ့်ခယ် ဒီမှာ”
ရှန်ရော့လင်ကိုမြင်လိုက်ရသောအခါ လျို့ခယ့်ခယ်၏ မျက်နှာက တောက်ပသွားသည်။
"စီနီယာ ဒါက ကျွန်မသူငယ်ချင်း၊ သူက ဂါရန်ဂိုဏ်းရဲ့ သန့်ရှင်းတဲ့ အပျိုတော် ရှန်ရော့လင်ပါ။ အဲ့မှာ ထိုင်နေတာ သူ့ရော ဂါရန် ဂိုဏ်းရဲ့ ကာကွယ်သူ ဝမ်ချန်ယိတဲ့”
ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ထို့နောက် လျို့ခယ့်ခယ်က အနားသို လျှောက်သွားလိုက်သည်။
"ကာကွယ်စောင့်ရှောက်သူ ဝမ်ကို တွေ့ရပါပြီ"
ဝမ်ချန်ယိက အသိအမှတ်ပြုကြောင်း ခေါင်းညိတ်ပြသော်လည်း သူ့မျက်လုံးများက လျန်ယွင်ထင်းကို တအံ့တဩစူးစိုက်ကြည့်နေသည်။
သင်္ကေတလေးခု၏ ပြင်းထန်သော စွမ်းအား။
သို့သော် ဤကမ္ဘာတွင် ဂါရန်ဂိုဏ်းမှလွဲ၍ အခြားဂိုဏ်းများသည် ဒြပ်ကြီးလေးမျိုး၏ စွမ်းအားကို ကျင့်ကြံနိုင်သည့်ပုံမပေါ်ပေ။
"ခယ့်ခယ် အဲ့လူကဘယ်သူလဲ" ရှန်ရော့လင်နှင့် ပြန်လည်ဆုံတွေ့ခြင်း အထိန်းအမှတ်အဖြစ် ကြည်နူးဖွယ်အချို့ကို ဖလှယ်ပြီးနောက် ရွှယ်အန်းကို လက်ညှိုးထိုးပြကာ ခပ်တိုးတိုးပြောလိုက်သည်။
"သူက တို့ရဲ့ စီနီယာ လူသားမျိုးနွယ်စုရဲ့ ထူးခြားတဲ့ပုဂ္ဂိုလ်ပဲ!" လျို့ခယ့်ခယ်က ပြောသည်။
"လူသားမျိုးနွယ်ရဲ့ ထူးခြားတဲ့ ပုဂ္ဂိုလ်ဟုတ်လား" ရှန်ရော့လင်၏ မျက်နှာက မယုံကြည်မှုကို အတိုင်းသားပြနေသည်။
“ကျင့်ကြံရေးအဆင့်တောင် မရှိတဲ့ လူကို ထူးချွန်တဲ့ ပုဂ္ဂိုလ်လို့ ခေါ်တယ်ပေါ့”
လျို့ခယ့်ခယ်က ရှင်းပြတော့မည့်အခိုက်၌
စင်မြင့်ပေါ်တွင် ရုတ်တရက် အသွင်အပြင်တစ်ခု ပေါ်လာသည်။
ယင်းသည်ကား ဂုဏ်သိက္ခာရှိသော လူလတ်ပိုင်း အမျိုးသမီးတစ်ဦးဖြစ်သည်။
ထိုအမျိုးသမီးကိုမြင်သောအခါ ခန်းမအတွင်းရှိ ဧည့်သည်များအားလုံးနှင့် ရုပ်သေးအင်မော်တယ်ဂိုဏ်း တပည့်များအားလုံး မတ်တပ်ရပ်လိုက်ကြသည်။
"ဂိုဏ်းခေါင်းဆောင် ချန်ရောက်လာပြီ!"
အသစ်ရောက်လာသူမှာ ရုပ်သေးအင်မော်တယ် ဂိုဏ်းခေါင်းဆောင် ချန်ယာ့ယွင်ဖြစ်သည်။