အခန်း (၆၀၁-၆၀၃)
Vol. 41 Ch. 601-603
အခန်း(၆၀၁) ပုလဲကို အရိပ်ထဲသို့သွင်းခြင်း
သွေးများ ပြန့်ကျဲလျက် ဦးနှောက်အပိုင်းအဆများ ပြုတ်ကျလာသည်။ ယွီချီရှင်း၏ပုံပျက်နေသော မျက်နှာက နောက်ဆုံးအခိုက်အတန့်၏ ကြောက်ရွံ့မှုနှင့် စိတ်ရှုပ်ထွေးမှုတို့ဖြင့် ပြည့်နေကာ သူအဘယ်ကြောင့် သေဆုံးရမည်ကို နားမလည်နိုင်သည့်အလားဖြစ်နေသည်။
ထို့နောက် အလောင်းသည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ပြုတ်ကျသွားသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် လူအုပ်ကြီးက သေလုနီးပါး တိတ်ဆိတ်သွားသည်။
မည်သူမျှ စကားမပြောကြ၊ သို့မဟုတ် မည်သူမျှ မပြောရဲကြပေ။
ရုပ်သေးအင်မော်တယ်ဂိုဏ်း၏ စွမ်းအားကြီးသော ဒုတိယအကြီးအကဲသည် ကျင့်ကြံရေးအဆင့်မရှိသော ဤလူသားမျိုးနွယ်စုဝင်၏ ရိုက်ချက်တစ်ချက်ကို ခံနိုင်ရည်မရှိသည်ကို မြင်လိုက်ရသောအခါ အားလုံး၏ ဦးနှောက်များက ရပ်တန့်သွားသကဲ့သို့ဖြစ်သွားသည်။
ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်က ဒေါသတကြီးအော်လိုက်၏။
"ကျွန်မတို့ ရုပ်သေးအင်မော်တယ်ဂိုဏ်းရဲ့ ဒုတိယအကြီးအကဲကို ရှင် ဘယ်လိုသတ်ရဲတာလဲ ရှင်က ဘယ်သူလဲ"
ဤသို့ပြောလျက် ကွင်းပြင်အပေါ်တွင် လူတစ်ယောက်ပေါ်လာသည်။ ယင်းမှာ ရုပ်သေးအင်မော်တယ်ဂိုဏ်း၏ ခေါင်းဆောင် ချန်ယာ့ယွင်မှလွဲ၍ အခြားသူမဟုတ်ပေ။ ထိုအချိန်တွင် ချန်ယာ့ယွင်၏ မျက်နှာသည် ပြာမှုန်နေ၍ သူမ၏ မျက်လုံးများက သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ပြည့်နေသည်။
ယွီချီရှင်း၏နောက်ဆုံးလုပ်ဆောင်ချက်များသည် အမှန်ပင် ရှုတ်ချဖွယ်ဖြစ်သော်လည်း သူသည် ရုပ်သေးအင်မော်တယ်ဂိုဏ်း၏ ဒုတိယအကြီးအကဲဖြစ်နေဆဲဖြစ်သည်။ လူအများရှေ့တွင် မိမိဂိုဏ်း၏ အကြီးအကဲတစ်ယောက် ရိုက်နှက်သုတ်သင်ခံလိုက်ရခြင်းက ချန်ယာ့ယွင်ကိုယ်တိုင်၍ မျက်နှာကို ရိုက်လိုက်ခြင်းပင်ဖြစ်သည်။
သူမ၏ ဒေါသအရှိန်ကြောင့် မယုံနိုင်လောက်အောင် အစွမ်းထက်သော ရောင်ဝါတစ်ခုက ကွင်းပြင်ကိုဖြတ်ကာ နေရာတိုင်းသို့ ပြန့်သွားသည်။ ဤရောင်ဝါကို အဝေးမှမြင်လိုက်ရသောအခါ ဝမ်ချန်ယိ၏ ခန္ဓာကိုယ်က တုန်လှုပ်သွားကာ အမူအရာက တဖြည်းဖြည်း လေးနက်လာသည်။
"ဒီရောင်ဝါ... ဒီ ချန်ယာ့ယွင်က စစ်မှန်တဲ့အင်မော်တယ် ထက်ဝက်အဆင့်ကို ရောက်နေပြီ"
စစ်မှန်သည့် အင်မော်တယ် ထက်ဝက်အဆင့်။
ဤအခေါ်အဝေါ်သည် ရှန်ရော့လင်၏မျက်နှာထက်သို့ မယုံကြည်နိုင်မှုများ ပြည့်သွားစေသည်။
ဤသည်က ချန်ယာ့ယွင်သည် အလယ်ပိုင်းပြည်နယ်တစ်ခုလုံးတွင် အဆင့်အမြင့်ဆုံး ကျင့်ကြံသူများထဲမှ တစ်ဦးဖြစ်ကြောင်း ရည်ညွှန်းနေသောကြောင့်ဖြစ်သည်။ ဂါရန်ဂိုဏ်း၏ ကာကွယ်သူ ဝမ်ချန်ယိပင်လျှင် ယခုအချိန်တွင် ရွှေအင်မော်တယ် အထွတ်အထိပ်တွင်သာ ရှိသေးသည်။
စစ်မှန်သော အင်မော်တယ်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သော်လည်း ထိုခြေတစ်လှမ်းသည် နှစ်သန်းပေါင်းများစွာအတွင်း မရေမတွက်နိုင်သော ထက်မြက်သော ပါရမီရှင်များကို သုတ်သင်ပစ်မည့် ချောက်ကြီးတစ်ခုနှင့် ဆင်တူသည်။ သို့သော်လည်း ဤလွှမ်းမိုးနေသော ရောင်ဝါကိုရင်ဆိုင်၍ ရွှယ်အန်းက လက်ပိုက်လျက် ပေါ့ပါးစွာကြည့်နေသည်။
“ဒါက မင်းရဲ့စစ်မှန်တဲ့ အင်မော်တယ်စွမ်းအားလား။ ရုပ်သေးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်အနေနဲ့ မင်းနားလည်တဲ့ စည်းမျဥ်းက လေရဲ့စွမ်းအားပဲ။ နယ်နိမိတ်တွေကို ဖြတ်ကျော်ရဲလို့ မင်းကို ချီးကျူးရမလား ဒါမှမဟုတ် မင်းရဲ့ တာဝန်တွေကို အာရုံမစိုက်လို့ မင်းကို ဆူပူကြိမ်းမောင်းရမလား ဒါမှမဟုတ်…”
"ဘာလဲ မင်းမှာ ရှေ့တိုးဖို့ မျှော်လင့်ချက်မရှိလို့ ဒါကိုပဲ အားကိုးနေရလို့လား"
ရွှယ်အန်း၏ စကားများသည် ချန်ယာ့ယွင်၏ စိတ်နှလုံးအစုံကို တုန်လှုပ်သွားစေသည်။ သူမက ရွှယ်အန်းကို မယုံနိုင်စွာ စိုက်ကြည့်ကာ ထိတ်လန့်တကြား မေးလိုက်၏။
“ဘယ်သူလဲ ရှင်က ဘယ်သူလဲ ဘာလို့ ဒီလောက်သိနေရတာလဲ”
ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"ခယ့်ခယ် ပြောပြီးပြီမဟုတ်လား ငါက သူ့စီနီယာပါ"
မှန်သည်။ ချန်ယာ့ယွင်က ရွှယ်အန်း၏စကားကို မယုံခဲ့သဖြင့် သဲလွန်စအနည်းငယ်ရရန် သူ့ကိုသံသယစိတ်ဖြင့် စိုက်ကြည့်နေသည်။
သို့သော် နောက်ဆုံးတွင် သူမ စိတ်ပျက်သွားခဲ့သည်။
သူမ သူ့ကို မည်သို့ပင် ကြည့်စေကာမူ ဤရွှယ်အန်းသည် ရိုးရှင်းသော သာမန် လူသားတစ်ယောက်ဖြစ်ကာ မည်သည့်ကျင့်ကြံရေးအဆင့် အငွေ့အသက်မျှ ရှိမနေပေ။
သို့သော် ဤသည်က ဖြစ်နိုင်ပါ့မည်လော။
ကျင့်ကြံရေးအဆင့်မရှိသောလူသည် လက်ဝါးချက်တစ်ချက်တည်းဖြင့် ရွှေအင်မော်တယ် ထက်ဝက်အဆင့်ရှိ ယွီချီရှင်းကို အမှန်တကယ် ချေမှုန်းနိုင်မည်လား။
ဤ ယွီချီရှင်းသည် ၎င်း၏ တာဝန်များကို ပေါ့ဆစွာ ထမ်းဆောင်ရင်းဖြင့် ရွှေအင်မော်တယ်ထက်ဝက်အဆင့်သို့ ဖြတ်သွားနိုင်ရန် ရှေးခေတ်ရုပ်သေးကို အားကိုးထားခဲ့သော်လည်း သူသည် ရွှေအင်မော်တယ်ထက်ဝက်အဆင့်တွင် ရှိနေဆဲပင်ဖြစ်သည်။
သေချာသည်မှာ ဤလူသည် သာမန်လူတစ်ယောက်မဖြစ်နိုင်ပေ။
ချန်ယာ့ယွင်က တွေးနေချိန်၌ ရွှယ်အန်းက လျို့ခယ့်ခယ်ကို ကြည့်ကာ တစ်ချက်ပြုံးပြလိုက်သည်။
“တော်တယ်”
လျို့ခယ့်ခယ်က လေးစားစွာဦးညွတ်လိုက်၏။
“ဒါတွေအားလုံးက စီနီယာရဲ့ နည်းပြမှုကြောင့်ပါပဲ”
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
“ငါမင်းကို အရေးကြီးတဲ့အချိန်မှာ နည်းနည်းလေး တွန်းပို့ပေးလိုက်ရုံပါပဲ။ ကျန်တာက မင်းကိုယ်တိုင်ရဲ့ ပါရမီနဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါ”
ချီးကျူးမှုကြောင့် လျို့ခယ့်ခယ်၏ ပါးပြင်က အနည်းငယ်နီမြန်းသွားသည်။
သို့သော် ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။
“ရှက်မနေပါနဲ့။ ဒါက အမှန်တရားပါပဲ။ မင်းရဲ့ ပါရမီနဲ့ဆိုရင် မင်း ဒီလို လုပ်နိုင်ခဲ့တာ ကြာပြီ။ မင်း အပြည့်အဝ မလုပ်နိုင်ခဲ့တာက ဒီ ရုပ်သေးအင်မော်တယ်ဂိုဏ်းဆိုတဲ့ ဂိုဏ်းက တပည်တွေကို တလွဲဦးဆောင်နေလို့ပဲ”
ထိုစကားများထွက်ပေါ်လာသောအခါ ရုပ်သေးဂိုဏ်း၏ တပည့်များစွာ၏ မျက်နှာများထက်တွင် ဒေါသအရိပ်အယောင်များပေါ်လာသည်။
ချန်ယာ့ယွင်၏ မျက်နှာကမူ ရေကဲ့သို့ နက်မှောင်နေသည်။
“ရုပ်သေးအင်မော်တယ်ဂိုဏ်းက ဘယ်လိုလဲဆိုတာ အပြင်လူတွေ မှတ်ချက်ပေးစရာမလိုဘူး။ ငါတို့ဂိုဏ်းရဲ့ ဒုတိယအကြီးအကဲကို သတ်လိုက်တာ… ဒီနေ့ ရှင်းကို ရှင်းရမယ်”
“ရှင်းရမယ်ဟုတ်လား” ရွှယ်အန်းက ရယ်မောလျက် အကြည့်များက ပိုမိုအေးစက်လာသည်။
"မင်းရဲ့ လက်အောက်ငယ်သားတွေကို သူ ကျေနပ်အောင် လုပ်ခိုင်းတာ၊ ဒီလူက တပည့်တွေကို စော်ကားမှန်း သိနေတာတောင် နားပိတ်မျက်စိပိတ်နေနေတာ… ဒါ မင်းဖြေရှင်းချင်တဲ့ကိစ္စလား”
ချန်ယာ့ယွင်၏ မျက်နှာက ဖြူဖျော့သွားသည်။
“ရှင်…”
သူမက ပိုပြောချင်သော်လည်း ရွှယ်အန်းက အေးစက်စွာရယ်မောလိုက်သည်။
“မျက်နှာသာပေးတာတွေ၊ မင်းသဘောမကျတဲ့လူတွေ ပါရမီနဲ့ စွမ်းအားရှိတဲ့လူတွေအပေါ်မှာ ကြမ်းတမ်းတာ အခြားသူတွေကို အနိုင်ကျင့်တဲ့ မြှောက်ပင့်ပေးသူတွေအပေါ် သည်းခံရတာ၊ ဒါက မင်းဖြေရှင်းချင်တဲ့ကိစ္စလား"
ချန်ယာ့ယွင်၏ မျက်နှာက အရောင်ဖြူဖျော့လာကာ နှုတ်ခမ်းများက ထိန်းမနိုင်သိမ်းမရ တုန်ရီလာသည်။
“ဒီလူက လူမြင်ကွင်းမှာ အကြမ်းဖက်မှုတွေကျုးလွန်နေတာ၊ အပြစ်မဲ့တဲ့
တပည့်တစ်ယောက်ကို သတ်ပစ်ဖို့ ကြိုးစားနေတာတွေကို မြင်တာတောင် ဝင်မစွက်ဖက်ဘဲနဲ့ အဲ့လူအသတ်ခံရတော့မှ ထထွက်လာတာ။ ဒါ မင်းဖြေရှင်းချင်တဲ့ကိစ္စလား”
ဤမေးခွန်းများကြောင့် ချန်ယာ့ယွင်အနည်းငယ်တုန်လှုပ်သွားကာ သူမ၏မျက်နှာသည် ဒေါသအပြည့်နှင့်ဖြစ်လျက် မျက်လုံးများတွင် သတ်ပစ်လိုစိတ်များ ကြီးထွားလာသည်။
ဤသည်မှာ ဂိုဏ်းပေါင်းစုံမှ ရာထူးကြီးများနှင့် လူအများရှေ့တွင် မေးခွန်းထုတ်ခြင်းပင်ဖြစ်သည်။ မတုံ့ပြန်ပါက သူမ၏ နာမည်ပျက်သွားရပေလိမ့်မယ်။ သို့သော် ရွှယ်အန်းက အဆုံးမသတ်သေးပေ။ လက်နှစ်ဖက်ကို နောက်ကျောတွင်ယှက်လျက် မတ်တပ်ရပ်ကာ ခေါင်းကို အနည်းငယ်ခါလိုက်သည်။
"ဒီအရာတွေက တကယ်တော့ အရေးမကြီးပါဘူး”
ဟမ်
ရွှယ်အန်း၏ ဆိုးရွားလှသောခွန်းတုံ့ပြန်မှုများကို နားထောင်ကာ ရှန်ရော့လင်က အံ့အားသင့်သွားရသည်။
‘ဒါ ဘာကိုဆိုလိုတာလဲ’
‘ဒီလောက်မေးခွန်းတွေ ထုတ်ပြီးတာတောင် အရေးမကြီးဘူးလား’
ချန်ယာ့ယွင်ပင်လျှင် ရွှယ်အန်းအမှန်တကယ် မည်သို့ဆိုလိုသည်ကို မသိသောကြောင့် အနည်းငယ် အံ့သြသွားသည်။
ထိုအချိန်တွင်၊ ရွှယ်အန်းသည် တောင်ထိပ်ပေါ်မှ အနက်ရောင် ဧရာမမျှော်စင်ကြီးကို လှမ်းကြည့်လိုက်သည်။
“မင်းရဲ့အကြီးမားဆုံးအမှားက ဘာလဲဆိုတာ မင်းသိလား”
ချန်ယာ့ယွင်၏ မသိစိတ်ထဲတွင် ‘ဘာလဲ’ဟူသော စကားထွက်ပေါ်လာသည်။
“ရုပ်သေးပညာရဲ့အဆုံးစွန်စွမ်းအားကို မလေ့လာဘဲ သီးသန့်လေ့ကျင့်တာနဲ့ ကျင့်ကြံတာကို အာရုံစိုက်ထားတာပဲ။ ဒါ မင်းရဲ့ အကြီးဆုံးအမှားပဲ”
ချန်ယာ့ယွင်က မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခံစားလိုက်ရကာ ကြွက်သားများ တောင့်တင်းလာသည်။
ရွှယ်အန်းက ဆက်လက်၍ ပြောသည်။
“မင်းရဲ့ ရုပ်သေးအင်မော်တယ်ဂိုဏ်းလို့ခေါ်တဲ့ ဂိုဏ်းက ရုပ်သေးပညာကို တိုက်ပွဲမှာ အရန်နည်းလမ်းတစ်ခုအနေနဲ့ သဘောထားနေတာကို မင်း သတိမထားမိဘူးလား”
ချန်ယာ့ယွင်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ခေါင်းညိတ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း၏ ပြောစကားက မှန်နေသောကြောင့်ဖြစ်သည်။ လက်ရှိ ရုပ်သေးအင်မော်တယ်ဂိုဏ်းတွင် သန်မာအားကောင်းသူသည် တိုက်ပွဲတွင် ရုပ်သေးပညာကို အနည်းငယ်သာ အသုံးပြုလေ့ရှိကာ အရန်နည်းလမ်းတစ်ခုအဖြစ်သာ သဘောထားသည်။
ချန်ယာ့ယွင်သည် ဤအရာအတွက် အကြီးမားဆုံးသော ဥပမာပင်ဖြစ်ရာ တိုက်ပွဲဝင်ရန် ရုပ်သေးကို ခေါ်သုံးခဲ့သည့်အချိန်ကမည်မျှ ကြာခဲ့ပြီကိုပင် မမှတ်မိတော့ပေ။
“ဒါပေမယ့် ဒါက ကျွန်မတို့ရဲ့ ရည်ရွယ်ချက်မဟုတ်ဘူး။ ရုပ်သေးတွေရဲ့ တိုက်ခိုက်ရေးစွမ်းအားက အရမ်းနည်းနေလို့ပဲ၊ သူတို့က တခြားဂိုဏ်းတွေနဲ့ ယှဉ်လို့မရဘူး" ချန်ယာ့ယွင်က ပြောသည်။
သူမ မသိစိတ်က ရွှယ်အန်းကို ဆွေးနွေးဖော်အဖြစ် သဘောထားနေခဲ့ရာ ဝေ့ချီရှင်းအတွက်လက်စားချေမည့်ကိစ္စကို တမင် လျစ်လျူရှု့ထားခဲ့သည်။
ရွှယ်အန်းက သက်ပြင်းအသာချကာ ခေါင်းခါလိုက်သည်။
“ဝက်ရှေ့မှာ ပုလဲထုတ်တယ်ဆိုတဲ့ စကားကို နားလည်လား။ မင်းက သက်ရှိ ဥပမာပဲ”
ထိုစကားကိုပြောပြီးနောက် ရွှယ်အန်းသည် အနက်ရောင်ဧရာမ မျှော်စင်ကို လှမ်းကြည့်ကာ ပေါ့ပါးစွာပြောလိုက်သည်။
“ငါ ဒီနေ့ မင်းကို စစ်မှန်တဲ့ ရုပ်သေးပညာနဲ့ ဆေးပညာရှင်တွေက.. ဘယ်လိုမျိုးဖြစ်သင့်သလဲဆိုတာ သက်သေပြမယ်”
အခန်း(၆၀၂) ကျိုးထျန်ဖွဲ့စည်းမှုကို ဖြည်ခြင်း၊ ဆေးပညာပေါ်ပေါက်လာခြင်း
အားလုံးက ရွှယ်အန်းညွှန်ပြရာနောက်သို့ လှမ်းကြည့်လိုက်ကြရာ အနက်ရောင်ဧရာမမျှော်စင်ကြီးကိုမြင်လိုက်ကြရသဖြင့် အားလုံး၏မျက်နှာများက အံ့ဩမှုများဖြင့် ပြည့်နေသည်။
၎င်းတို့အနက်မှ ချန်ယာ့ယွင်၏အမူအရာက အလွန် ထူးခြားနေသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ မှတ်ဉာဏ်ထဲတွင် အနက်ရောင်ဧရာမမျှော်စင်က ထိုနေရာ၌ ရှိနေခဲ့သည်မှာ ကြာနှင့်ပြီဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်များ၏ မျိုးဆက်များသည် ဧရာမမျှော်စင်ကြီး၏ ရည်ရွယ်ချက်ကို ပုံဖော်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ဘဲ ပြန်လာခဲ့သည်။
သူမသည် ဂိုဏ်းခေါင်းဆောင်ဖြစ်လာသည့် အခိုက်တွင် အချိန်အတော်ကြာ သုတေသနပြုကာ မျှော်စင်၏ဇစ်မြစ်နှင့် တည်ဆောက်သူအား ရှာဖွေရန်မျှော်လင့်ချက်ဖြင့် ရုပ်သေးအင်မော်တယ်ဂိုဏ်းတွင် ကျန်ခဲ့သော အမွေအနှစ်စာတိုများကို စူးစမ်းရှာဖွေခဲ့သော်လည်း နောက်ဆုံးတွင် သူမသည်လည်း မအောင်မြင်ခဲ့ပေ။
နောက်ပိုင်းတွင် သူမသည် ထိုကိစ္စကို စိတ်အတွင်းထဲသို့ တွန်းပို့ကာ အာရုံမစိုက်တော့ပေ။ လူသားမျိုးနွယ်စုက ဤလူက ဤသို့ပြောလာသဖြင့် အလိုလိုပင် ချန်ယာ့ယွင် အံ့ဩသွားရသည်။
"ငါ့နောက်လိုက်ခဲ့"ရွှယ်အန်းက စက်ရုပ်ရုပ်သေးကို လက်ဟန်ပြလိုက်သည်။
စက်ရုပ်ရုပ်သေးက အနက်ရောင်ဧရာမမျှော်စင်အနီးသို့ ရောက်သည်အထိ သူ့နောက်မှ လိုက်လာခဲ့သည်။
ရွှယ်အန်းသည် တိမ်များထဲထိရောက်နေသည့် မြင့်မားသော မျှော်စင်ကို မော့ကြည့်လျက် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
"မင်းရဲ့အကြီးဆုံးပုံစံကို ထုတ်ပြ"
ရွှယ်အန်း၏ အမိန့်ကို နာခံပြီးနောက် စက်ရုပ်ရုပ်သေး၏ ခန္ဓာကိုယ်တစ်ခုလုံး ကြီးမားလာရာ မျက်စိတစ်မှိတ်အတွင်းမှာပင် မျှော်စင်၏ အမြင့်နှင့်တူညီလုနီးပါး အမြင့်ပေတစ်ရာ ဖြစ်လာခဲ့သည်။
ရွှယ်အန်းသည် စက်ရုပ်ရုပ်သေး၏ ပခုံးပေါ်သို့ ခုန်တက်ကာအော်လိုက်သည်။
“မျှော်စင်ကို လက်နှစ်ဖက်နဲ့ကိုင်ပြီး အစွမ်းရှိသမျှသုံးပြီး ဆွဲထုတ်!"
စက်ရုပ်ရုပ်သေးက နာခံစွာဖြင့် အနက်ရောင် ဧရာမမျှော်စင်၏ အဖျားကို ဆုပ်ကိုင်လျက် ခွန်အားအပြည့်ဖြင့် အထက်သို့ ဆွဲမလိုက်သည်။
ကျယ်လောက်သော စက်အသံများနှင့်အတူ အနက်ရောင် ဧရာမ မျှော်စင်ကြီး၏ အောက်ခြေမှ ကျယ်လောင်သော အသံ ထွက်ပေါ်လာသည်။
လူတိုင်း ထိတ်လန့်သွားကြသည်။
ထိုအချိန်၌ တစ်စုံတစ်ယောက်က “မိုးထိမျှော်စင်ကြီးအောက်ကို မြန်မြန်ကြည့်ကြစမ်း” ဟု အော်လိုက်သည်။
လူတိုင်းက လှမ်းကြည့်လိုက်ကြသည်။
အနက်ရောင်ဧရာမမျှော်စင်ကြီး၏ အလင်းမျှင်များက ရှုပ်ထွေးသော နွယ်ပုံစံများဖြင့် ထွက်ပေါ်လာသည်။
ချက်ခြင်းပင် ဤအရာများက မျှော်စင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ၎င်းကိုကြည့်နေသော မည်သူမဆို မူးဝေသွားရသည်။
"ဒါက ဆေးပညာဖွဲ့စည်းပုံပဲ"
အမှန်ပင်
ဤသည်မှာ ရုပ်သေးအင်မော်တယ်ဂိုဏ်းမှ မမောမပန်းရှာဖွေခဲ့သော ဆေးပညာဖွဲ့စည်းပုံပင်ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ချန်ယာ့ယွင်သည် တုန်လှုပ်လုနီးပါး ဖြစ်နေသည်။
ဤအနက်ရောင်မျှော်စင်ကြီးပေါ်ရှိ ဆေးပညာဖွဲ့စည်းပုံသည် သူမလေ့ကျင့်သင်ကြားဖူးသည့်အရာများထက် အကန့်အသတ်မရှိ ပိုမိုရှုပ်ထွေးသောကြောင့်ဖြစ်သည်။ အတိုချုံးကြည့်လိုက်ပြီးနောက် ချန်ယာ့ယွင်သည် သူမ၏နတ်အာရုံ လျင်မြန်စွာအားနည်းသွားသည့်အလား ဦးခေါင်းသို့ ဓားဖြင့်ထိုးနေသည့်အလားနာကျင်မှုကို ခံစားခဲ့ရသည်။
ထိတ်လန့်စွာဖြင့် ချန်ယာ့ယွင်သည် အလွန်လေးနက်သော ဆေးဖွဲ့စည်းပုံကို အတင်းအကြပ်လေ့လာခြင်းမှ တုံ့ပြန်ခြင်းဖြစ်သည်ကို သိလိုက်ရသောကြောင့် အနီးကပ် မကြည့်ဝံ့တော့ပေ။
တစ်ချက်တည်းကြည့်လိုက်ရုံဖြင့် ဤမျှပြင်းထန်သော တုံ့ပြန်မှုကို လှုံ့ဆော်ပေးနိုင်ပါက အနက်ရောင်မျှော်စင်ကြီးပေါ်မှ ဆေးဖွဲ့စည်းမှုက မည်မျှထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။
တခြားသူများက ပို၍ပင် ဆိုးသည်။
ရုပ်သေးအင်မော်တယ်ဂိုဏ်း၏ တပည့်တစ်ဦးသည် ၎င်းကို စူးစူးစိုက်စိုက်ကြည့်ရုံမျှဖြင့် ပြင်းထန်စွာ ထိမှန်ကာ သွေးထွက်သံယို ဖြစ်ခဲ့ရသည်။
လျို့ခယ့်ခယ်က ယင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် မငြိမ်မသက်ဖြစ်ကာ တုန်လှုပ်သွားလျက် မျက်လုံးများကို အမြန်မှိတ်ထားလိုက်သည်။
"နောက်ထပ်မကြည့်နဲ့၊ မဟုတ်ရင် မင်းတို့သေလိမ့်မယ်၊ မင်းတို့ဝိဉာဉ်တွေ ကွယ်ပျောက်သွားလိမ့်မယ်"
သူမစကားကိုကြားသောအခါ လူတိုင်းက ခေါင်းငုံ့၍ မျက်လုံးမှိတ်ကာ ဆက်မကြည့်ရဲကြတော့ပေ။
သို့သော် ရွှယ်အန်းသည် စက်ရုပ်ရုပ်သေး၏ ပခုံးပေါ်၌ ငြိမ်သက်စွာ ရပ်နေကာ ဆေးဖွဲ့စည်းပုံကို ကြည့်လျက် ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။
"စိတ်ဝင်စားစရာပဲ”
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာလိုက်ရာ သူ၏ နတ်အာရုံက သမုဒ္ဒရာကဲ့သို့ သူ၏ မျက်ခုံးကြားမှ ပျံ့နှံ့သွားသည်။
ဘမ်း
သူ၏နတ်အာရုံက ဧရာမမျှော်စင်ကြီးသို့ ထိမှန်သွားပြီးနောက် မကြာမီ၌ပင် ကြီးမားသော အလင်းတန်းကြီးတစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်။
ဖန်သားပြင်သည် မရေမတွက်နိုင်အောင်များပြား၏ ရှုပ်ထွေးနေသည့် အလင်းတန်းမျှင်များဖြင့် ပြည့်နှက်နေသဖြင့် ကြာကြာကြည့်ပါက မူးဝေလာစေသည်။ ထို့နောက် ထိုအရှုပ်အထွေးများက တစ်စုံတစ်ဦး၏ ဖြေရှင်းမှုကိုစောင့်နေသကဲ့သို့ အလင်းတချို့ လင်းလက်လာသည်။
“ဒါ…ဒါက ဒဏ္ဍာရီလာ ကျိုးထျန်ဖွဲ့စည်းမှုဖြေရှင်းနည်းပဲ” ချန်ယာ့ယွင်၏ တစ်ကိုယ်လုံး တုန်လှုပ်သွားကာ သွားများပင် တဆတ်ဆတ် တုန်လာသည်။
အဘယ်ကြောင့်ဆိုသော် ဂိုဏ်းမှ ဆင်းသက်လာသော အမွေအနှစ်များတွင် ဖွဲ့စည်းပုံများကိုဖြေရှင်းနိုင်သည့် ဤနည်းပညာသည် ရှေးခေတ်က ဆေးပညာရှင်ကြီးများအသုံးပြုသော ထိပ်တန်းအဆင့်ဖြေရှင်းနည်းဖြစ်၍ ၎င်း ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။
မမျှော်လင့်ဘဲ လူသားမျိုးနွယ်မှ ဤလူတွင် ယနေ့ ပြန်လည်ပေါ်လာသည်။
ထိုအချိန်တွင် ရွှယ်အန်းသည် အလင်းမျှင်ထုံးများကို နတ်အာရုံဖြင့် ထိန်းချုပ်ကာ တစ်ချက်ပြီးတစ်ချက်ဖြည်ပစ်လိုက်သည်။
လူအများက အစပိုင်းတွင် ရှင်းရှင်းလင်းလင်း မြင်နိုင်သော်လည်း နောက်ပိုင်းတွင် ပိုမြန်လာရာ အဆုံးသတ်၌ အလင်းတန်းများ လျင်မြန်စွာ ရွေ့လျားနေသည်ကိုသာ မြင်နိုင်ကြတော့သည်။
ဤဖွဲ့စည်းပုံများကို ဖြေရှင်းသည့် ကျွမ်းကျင်သောနည်းလမ်းသည် လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤအရာသည် အလွန်ပြင်းထန်သော နတ်အာရုံသာမက မဖြစ်နိုင်လုနီးပါးဖြစ်သော စိတ်စွမ်းရည်အဆင့်ကိုပါ လိုအပ်သောကြောင့်ဖြစ်သည်။ မဟုတ်လျှင် တစ်ချိန်တည်း၌ ဖွဲ့စည်းမှုအတွင်းရှိ အလင်းအမြောက်အမြားကို ထိန်းချုပ်ရန် မဖြစ်နိုင်ပေ။
ထို့အပြင် အဆင့်တစ်ဆင့် မှားယွင်းပါက မိမိကိုယ်မိမိ ချက်ချင်း ဖျက်ဆီးပစ်လိုက်နိုင်သည်။ ဤကဲ့သို့ ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ဖိအားသည် သာမန်လူများ ခံနိုင်ရည်ရှိသောအရာမဟုတ်ပေ။
ခဏကြာတွင်
ဖြေရှင်းမှုက လွန်ကဲသောအရှိန်သို့ရောက်ရှိသွားကာ လူတို့သည် မှိတ်တုတ်မှိတ်တုတ် အလင်းအချို့ကိုသာ မြင်နိုင်ကြတော့သည်။
ရုတ်တရက်
အလင်းတန်းများ ရပ်တန့်သွားသည်။
ဘာဖြစ်တာလဲ
ဖြေရှင်းမှု ပျက်သွားတာလား။
ချန်ယာ့ယွင်၏ စိတ်ထဲ၌ ဤအတွေးပေါ်လာသော အခိုက်တွင် အနက်ရောင်ဧရာမမျှော်စင်ကြီး
ဖုံးအုပ်ထားသည့် ဆေးဖွဲ့စည်းမှုက ပျက်ဆီးသွားရာ ချက်ချင်းပင် မျှော်စင်၏ အနက်ရောင်က ပျောက်ကွယ်သွား၍ အေးစက်တောက်ပသော သတ္ထုအရောင်က ပေါ်လွင်လာသည်။
တစ်ချိန်တည်း၌ပင် ရိုးရှင်းသော ဆေးဖွဲ့စည်းပုံများ စတင်ပေါ်ပေါက်လာသည်။ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်သကဲ့သို့ပင် တောင်တစ်ခုလုံးလည်း တုန်လှုပ်စပြုလာသည်။
အနက်ရောင်ဧရာမမျှော်စင်၏ခြေရင်းတွင် အလင်းက စတင်ပေါ်လာကာ တဖြည်းဖြည်းနှင့် အမြင့်ဆီသို့ မြင့်တက်လာသည်။
ဆေးစွမ်းအင် ပြင်းထန်မှု။
ချန်ယာ့ယွင်သည် ဤအံ့ဖွယ်ကောင်းသော ဆေးဖွဲ့စည်းပုံကြောင့် အလွန်အမင်း ထိတ်လန့်လျက်ရှိသည်။
မကြာခင်၌ပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကို အမြင့်ဆုံးအထိ သန့်စင်ပြီး၍ မျှော်စင်၏ ထိပ်သို့ စုပုံလာသည်။ ထိုအခိုက်တွင် ရွှယ်အန်းက မျက်လုံးများကိုဖွင့်ကာ သတ္တုမျှော်စင်ကို စိုက်ကြည့်လျက် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"ဖွဲ့စည်းမှုကို အသက်သွင်းစေ"
သူ၏ အမိန့်နှင့်အတူ အလင်းများအားလုံး ခေတ္တရပ်သွားပြီးနောက် မျှော်စင်၏ထိပ်ဖျားတွင် အနုစိတ်ပုံစံများ ပေါ်လာသည်။ အလင်းရောင်သည် ဤပုံစံများအတိုင်း လွင့်ပျံလာကာ မျှော်စင်ထိပ်ဖျားမှ ထွက်လာသည်။
၎င်းသည် ဖော်ပြရခက်သော အလင်းတန်းတစ်ခုဖြစ်၍ ကောင်းကင်ကို ထိုးဖောက်နေသည့် သံချောင်းတစ်ချောင်းနှင့်တူသည်။
ညကောင်းကင်ယံသည် နေ့အချိန်ကဲ့သို့ လင်းထိန်နေကာ အလင်းက ၎င်း၏အထွတ်အထိပ်သို့ရောက်သောအခါ စမ်းရေတွင်းတစ်ခုကဲ့သို့ ပြန့်ကျဲသွားလျက် ရုပ်သေးအင်မော်တယ်ဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
မူလက နူးညံ့သိမ်မွေ့သော ဝိညာဉ်စွမ်းအင်သည် ပြင်းထန်လာရာ တောင်ပေါ်တွင် ဖုံးအုပ်ထားသော အပင်များသည် လျင်မြန်စွာကြီးထွားလာလျက် သားရဲများ အားလုံးသည် စက်ပိုင်းဆိုင်ရာ အသွင်အပြင်သို့ တဖြည်းဖြည်းပြောင်းလဲလာသည်။
ငှက်များနှင့် သားရဲများ၏ ခန္ဓာကိုယ်များသည် သတ္ထုဖြင့်သွန်းလုပ်ထားသည့်အလား တဖြည်းဖြည်း ပြောင်းလဲသွားသကဲ့သို့ မြေပြင်ပေါ်တွင် ပြေးနေသော ယုန်ရိုင်းများမှပင်လျှင် သတ္တုဘီးများ ထွက်လာသည်။
တောင်တစ်ခုလုံးသည် ခိုင်မာသော သတ္တုရောင်ကို တဖြည်းဖြည်း ထုတ်လွှတ်လိုက်သည်။
အချိန်တိုလေးအတွင်းတွင် ရုပ်သေး အင်မော်တယ်ဂိုဏ်းတစ်ခုလုံးသည် နတ်သမီးနယ်မြေကဲ့သို့သော နေရာမှ အေးစက်သောသတ္တုတောက်တောက်များဖြင့် တောက်ပနေသော ဆေးပညာနယ်မြေအဖြစ် ပြောင်းလဲသွားသည်။
အရပ်ရှည်ပြီးသား စက်ရုပ်ရုပ်သေးများသည် ယင်းကြောင့် ပို၍ကြီးမားလာကာ အမြင့်တစ်ရာ့ငါးဆယ်ကျန်းသို့ လျင်မြန်စွာရောက်ရှိသွားခဲ့သည်။
လူတိုင်းက ဤမြင်ကွင်းကို ငေးကြည့်နေကြသည်။
ထို့နောက် ရုပ်သေးဂိုဏ်း၏ တပည့်တစ်ဦးသည် စိတ်လှုပ်ရှားစွာဖြင့်အော်လိုက်၏
“ငါ့ ကျင့်ကြံရေးအဆင့်က ပိုအဆင့်မြင့်လာတယ်””
များစွာသော လူများက စိတ်ထဲတွင် တူညီသော အတွေးတစ်ခုတည်းကိုတွေးလျက် ကြောင်အစွာ ငေးကြည့်နေကြသည်။
ဒါ... အိမ်မက်မဖြစ်နိုင်ဘူး
အခန်း(၆၀၃) ဂိုဏ်းခေါင်းဆောင်မှု ပြောင်းလဲခြင်း
“ဆရာ…ဒါတွေက တကယ်ဖြစ်နေတာလား” ရှန်ရော့လင်က ရေရွတ်လိုက်သည်။
ဝမ်ချန်ယိက ခါးသက်စွာပြုံး၍ ခေါင်းညိတ်လိုက်ပြီးနောက် သက်ပြင်းဖွဖွချလိုက်သည်။
“ဒဏ္ဍာရီတွေက မှန်နေလိမ့်မယ်လို့ ငါတစ်ခါမှ မတွေးဖူးဘူး”
ဝမ်ချန်ယိကဲ့သို့သော ပညာရှင်တစ်ဦးသည် များစွာသော လျို့ဝှက်ချက်များကို သိရှိနိုင်ရာ များစွာသော လက်ဆင့်ကမ်းလာသည့် ဒဏ္ဍာရီများက ယခု ပုံပြင်များကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့အနက် ရုပ်သေးအင်မော်တယ်ဂိုဏ်းလည်း ပါဝင်သည်။
ထိုစဥ်က ပြောခဲ့သည့် ဒဏ္ဍာရီအရ ထို ရုပ်သေးအင်မော်တယ်ဂိုဏ်းသည် ယခုထက် များစွာပိုမိုအင်အားကောင်းကာ တောင်တစ်ခုလုံးကိုပင် သန့်စင်ပေးနိုင်သည့် ဆေးပညာရှင်တစ်ယောက်ရှိသည်ဟု ပြောဖူးကြသည်များလည်းရှိသည်။
သို့သော် အနှစ်တစ်သောင်းကျော်ကြာလာသည်နှင့်အမျှ ဒဏ္ဍာရီများသည် အတည်မပြုနိုင်သော ပုံပြင်များဖြစ်လာကာ ရုပ်သေးအင်မော်တယ်ဂိုဏ်းသည် ဒုတိယအဆင့်ဂိုဏ်းအဖြစ်သို့ အဆင့် ကျဆင်းသွားခဲ့သဖြင့် ၎င်း၏ယခင်ကြွယ်ဝမှုကို မခံစားနိုင်တော့သည်မှာ ကြာပြီဖြစ်သည်။
ယနေ့ ဤသာမန်ပွဲမျိုး၌ ဆေးပညာသီးသန့်မြေ၏ ပြန်လည်မွေးဖွားခြင်းကို မိမိတို့မျက်မြင်တွေ့ရလိမ့်မည်ဟု မည်သူကမျှ မထင်မိကြပေ။ အခြားသော ဂိုဏ်းများအပေါ် သက်ရောက်မှုကို အလွယ်တကူ တွေးကြည့်နိုင်သည်။
ယခု ရုပ်သေးအင်မော်တယ်ဂိုဏ်း တိုးတက်လာခြင်းက ရပ်တန့်၍မရနိုင်ကြောင်း လူတိုင်းနားလည်သောကြောင့်ဖြစ်သည်။
ဤအရာများအားလုံးသည် လူသားမျိုးနွယ်စုထဲမှ ဤလူကြောင့်သာဖြစ်သည်။ ထိုအချိန်တွင် ရှန်ရော့လင်သည် အမြင့်မှ ရွှယ်အန်းကို ခံစားချက်များ ရောထွေးနေသော နှလုံးသားဖြင့်ကြည့်လိုက်သည်။
ပထမက သူမသည် လျို့ခယ့်ခယ်က ချောမောသောကြောင့် ရိုးရိုးရှင်းရှင်းရွေးချယ်ထားသော လူသားမျိုးနွယ်စုယောက်ျားတစ်ယောက်သာဟု ထင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သမျှက သူမ၏ မျက်နှာကို အဆက်မပြတ်ရိုက်နှက်လိုက်သကဲ့သို့ပင်ဖြစ်သည်။
အနည်းဆုံးအနေဖြင့် ရှန်ရော့လင်က ရှက်ရွံ့မှုကြောင့် မျက်နှာတစ်ခုလုံး နီမြန်းလာသည်ကို ခံစားမိသည်။
ဤအခိုက်အတန့်တွင် ရွှယ်အန်းသည် မြေပြင်ပေါ်သို့ ဆင်းသက်ကာ ကြောင်အနေသေးသော ချန်ယာ့ယွင်ကိုပြောလိုက်၏။
“ကဲ မင်း အခု ဒါကို လက်ခံပြီလား”
ချန်ယာ့ယွင်၏ တစ်ကိုယ်လုံး တုန်ယင်သွားကာ သူမ၏ မျက်လုံးများတွင် ရွှင်လန်းမှု အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် အသက်ပြင်းပြင်းရှူကာ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
“စီနီယာ…တပည့်က… လက်ခံပါပြီ”
ထိုအချိန်တွင် သူမ၏မျက်လုံးထဲ၌ ရွှယ်အန်းသည် နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့သည့် ဂိုဏ်းမှ ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။
ဤသို့မှမဟုတ်ပါက အနက်ရောင်မျှော်စင်၏ လျှို့ဝှက်ချက်ကို သူမည်သို့သိနိုင်မည်နည်း။
သူသည် လူသားမျိုးနွယ်စုမှဖြစ်ကာ ကျင့်ကြံရေးအဆင့်မရှိသောကြောင့်...
စီနီယာသည် သေမျိုးလောက၌ လာရောက် ကစားနေခြင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု ချန်ယာ့ယွင်က စိတ်ထဲမှ တွေးနေမိသည်။
ရွှယ်အန်းသည် ချန်ယာ့ယွင်၏ ကနဦး မောက်မာမှုနှင့် နောက်ဆက်တွဲ လေးစားမှုကို နားထောင်လျက် ပြန်ဖြေလိုက်သည်။
"မင်းလက်ခံပြီဆိုတော့ ဂိုဏ်းခေါင်းဆောင်ရာထူးကို အခု လျို့ခယ့်ခယ်ကို လွှဲပြောင်းပေးလိုက်"
ထိုစကားကြောင့် ချန်ယာ့ယွင်၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။
“စီ.. စီနီယာ”
ရွှယ်အန်းက မျက်ခုံးပင့်လိုက်သည်။
"ဘာလဲ၊ မင်းသဘောမတူဘူးလား"
ချန်ယာ့ယွင်က ထပ်မံပြောချင်သေးသော်လည်း ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"မင်းရဲ့ အရည်အချင်းနဲ့ မင်း ရုပ်သေးဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ပါဘူး၊ ဒုတိယအကြီးအကဲအဖြစ် ဆက်ရှိနေရင် ပိုကောင်းမယ်”
ချန်ယာ့ယွင်၏ မျက်နှာတစ်ခုလုံးသို့ အနည်းငယ် ဝေခွဲရခက်မှုက ပျံ့နှံ့သွားသည်။
ထိုအချိန်တွင် လျို့ခယ့်ခယ်ကပြော၏။
“စီနီယာ ဂိုဏ်းခွဲချုပ်ဖြစ်လာဖို့ ကျွန်မရဲ့ ကျင့်ကြံရေး အဆင့်…”
ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။
"မင်းရဲ့ ကျင့်ကြံရေး အဆင့်နဲ့ မင်းက တခြားဂိုဏ်းကို ဦးဆောင်ဖို့ မမှီပေမယ့် ရုပ်သေး အင်မော်တယ်ဂိုဏ်းကို ဦးဆောင်ဖို့ မင်း လုံလောက်တယ်”
လျို့ခယ့်ခယ်က ရွှယ်အန်းအဘယ်ကြောင့် ထိုသို့ပြောရမည်ကို နားမလည်သောကြောင့် နားမလည်ဖြစ်နေသည်။ ကျန်ဂိုဏ်းများမှလည်း နားမလည်နိုင်ဖြစ်ခဲ့ရသည်။
"နားမလည်ဘူးလား၊ မင်းခြေထောက်အောက်က တောင်ကို ထိန်းချုပ်ဖို့ ကြိုးစားကြည့်လေ" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။
လျို့ခယ့်ခယ်သည် မသိစိတ်အလျောက် မျက်လုံးများကို ချက်ချင်းမှိတ်ထားကာ ရွှယ်အန်း၏ ညွှန်ကြားချက်များအတိုင်း အရာအားလုံးကို စတင်ခြယ်လှယ်ခဲ့သည်။
ချက်ခြင်းပင် မှော်ဆေးစာလုံးများက တောင်ကြီးတစ်ပြင်လုံးတွင် ပေါ်လာသဖြင့် ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါသွားစေလောက်အောင် အားကောင်းသော အင်အားတစ်ခု ထွက်လာကာ လူတိုင်း၏မျက်နှာကို ပြောင်းလဲသွားစေခဲ့သည်။
"အခု နားလည်ပြီလား။ စက်နှလုံးသားကို ပိုင်ဆိုင်ထားတဲ့လူတွေပဲ ဒီတောင်ကို ထိန်းချုပ်ဖို့ အရည်အချင်းပြည့်မီတယ်”
ရွှယ်အန်း၏စကားများက သံသယအားလုံးကို ဖယ်ရှားပစ်လိုက်သည်။ ချန်ယာ့ယွင်သည် ဤအရာကို လွန်ဆန်နိုင်တော့မည်မဟုတ်ကြောင်း သိ၍ တိတ်တိတ်ဆိတ်ဆိတ် သက်ပြင်းချလိုက်သည်။
"စီနီယာရဲ့စကားအတိုင်းပါပဲ၊ တပည့်နားလည်ပါပြီ”
ထိုသို့ပြောပြီးနောက် သူက လျို့ခယ့်ခယ်ဘက်သို့လှည့်၍ ဦးညွှတ်လိုက်သည်။
"ဂိုဏ်းခေါင်းဆောင်ဆီ… အခစားဝင်ပါတယ်"
ရုပ်သေးအင်မော်တယ်ဂိုဏ်း တပည့်များအားလုံးက ညီညီညွတ်ညွတ် ဦးညွှတ်လိုက်ကြသည်။
"ဂိုဏ်းခေါင်းဆောင်ကို ကျွန်တော်တို့ အခစားဝင်ပါတယ်”
နောက်ဆုံးတွင် ဂိုဏ်းခွဲအသီးသီးမှ ဧည့်သည်များအားလုံးက ဦးညွတ်လိုက်ကြသည်။
"ဂိုဏ်းခေါင်းဆောင်လျို့ကို ဂုဏ်ပြုပါတယ်"
ယင်းအနက် ရှန်ရော့လင်က စိတ်အရှုပ်ထွေးဆုံးဖြစ်နေသည်။
မကြာသေးမီကပင် လျို့ခယ့်ခယ်သည် ငယ်ရွယ်သော ကျွမ်းကျင်သူတစ်ဦးဖြစ်ခဲ့ကာ သူမနှင့် တန်းတူဖြစ်ခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။
ဤရုတ်တရက်ပြောင်းလဲမှုသည် ရှန်ရော့လင်ကို အနည်းငယ် အံ့သြသွားစေသည်။ ဝမ်ချန်ယိကလည်း ဤသည်ကို ချက်ချင်းသတိပြုမိသဖြင့် ပခုံးကို အနည်းငယ် ပုတ်ပေးလိုက်သည်။
"သခင် လူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းတွေ ရှိကြတယ်။ ဒါက အတင်းအကြပ် လုပ်လို့မရတဲ့အရာပဲ”
ရှန်ရော့လင်က သူ့စကားကြောင့် တုန်လှုပ်သွားပြီးနောက် တောက်ပစွာ ပြုံးလိုက်သည်။
"ဆရာ၊ တခြား ဘာမှ မဆိုလိုပါဘူး၊ အဆင့် အပြောင်းအလဲက ရုတ်တရက်ကြီးမို့ပါ လောလောဆယ်တော့ နည်းနည်း ကျင့်သားမရသေးဘူး။ ခယ့်ခယ်က ဒီအဆင့်ကို ရောက်နိုင်လို့ တပည့် အရမ်းပျော်ပါတယ်။"
ဝမ်ချန်ယီက သူ့တပည့်သည် ဘယ်သောအခါမှ မလိမ်ညာတတ်သည်ကို သိသောကြောင့် ခေါင်းညိတ်ကာ လျန်ယွမ်ထင်းကို လှည့်ကြည့်လိုက်သည်။
ဤမိန်းကလေး၏ ခန္ဓာကိုယ်ထဲရှိ သင်္ကေတလေးခု၏ စွမ်းအားက သူမကို လက်လွှတ်ပေးလိုက်ရန် နှမျောတသဖြစ်နေစေသဖြင့် နောက်ဆုံးတွက် သူက ရှေ့သို့လှမ်း၍ ပြုံးကာ ပြောလိုက်သည်။
“မိန်းကလေး မင်းဘယ်ဂိုဏ်းကလဲ မင်းရဲ့ဆရာက ဘယ်သူလဲ မေးလို့ရမလား”
လျန်ယွင်ထင်းက ပြတ်သားသောအသွင်အပြင်ဖြင့် အစိမ်းရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးကိုကြည့်လိုက်ပြီးနောက် များများစားစားစဥ်းစားနေခြင်းမရှိဘဲ ခပ်လှမ်းလှမ်းမှ ရွှယ်အန်းကို လက်ညှိုးထိုးပြ၍ပြောလိုက်သည်။
“အဲ့လူက ကျွန်မ ဆရာပါ”
“ဒါဆို ဒီအဆင့်ကျင့်ကြံရေးစွမ်းအားက…”
“ဒါပေါ့ ကျွန်မ ဆရာ အပ်နှင်းထားတာပါ”
ဝမ်ချန်ယိက ဤသို့မျှော်မှန်းထားသော်လည်း အတည်ပြုချက်အရ သူ အံ့သြမဆုံးနိုင်သေးပေ။ လျန်ယွင်ထင်း၏ ခန္ဓာကိုယ်အတွင်းရှိ သင်္ကေတလေးခါသည် ဂါရန်ဂိုဏ်းရှိအရာများထက် ပို၍ပင် စစ်မှန်သည်။
‘အားလုံးက ဒီလူသားမျိုးနွယ်စုဝင်ဆီကလား’
‘ဒီလူက လျို့ဝှက်ချက် ဘယ်နှစ်ခုတောင် ဖုံးကွယ်ထားတာလဲ’
‘အားလုံး ပြေလည်သွားသောအခါ ဂိုဏ်းပေါင်းစုံမှ လူများက တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ လျို့ခယ့်ခယ်က ဂိုဏ်းချုပ်အဖြစ် သူမ၏ တာဝန်ကိုဆောင်ရွက်နေဆဲဖြစ်သောကြောင့် ချန်ယာ့ယွင်က ဧည့်သည်များကို ပို့ဆောင်ရာတွင် ကူညီပေးခဲ့သည်။ ဝမ်ချန်ယိနှင့် သူ၏ တပည့်ဖြစ်သူတို့ကို တွေ့ချိန်ရောက်သောအခါ ရှန်ရော့လင်က ရှေ့သို့တိုးလာ၍ လျို့ခယ့်ခယ်ကို ညင်သာစွာပွေ့ဖက်ကာ နားထဲသို့ ခပ်တိုးတိုးပြောလိုက်သည်။
“ဟီးဟီး ဒီစီနီယာကို လက်လွှတ်မခံနဲ့ သူက သာမန်လူမဟုတ်ဘူး”
လျို့ခယ့်ခယ်၏ မျက်နှာက နီမြန်းလာပြီးနောက် ရှန်ရော့လင်၏ ခါးကို အသာအယာဖိလိုက်သည်။
“အရူးမလေး အဓိပ္ပါယ်မရှိတာတွေမပြောနဲ့”
မှန်သည် ဤအရာအားလုံးက အတွင်းလူများကြားသာဖြစ်ပျက်ခဲ့ခြင်းဖြစ်ရာ အပြင်လူများမသိခဲ့ရပေ။ နောက်ဆုံးတွင်မူ ဧည့်သည်အားလုံး ထွက်သွားကြသည်။ ရုပ်သေးအင်မော်တယ်ဂိုဏ်းတွင်ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက တောမီးကဲ့သို့ ပျံ့နှံ့သွားသည်။ ထိုသတင်းကြောင့် အလယ်ပိုင်းပြည်နယ်တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။
ဤအဖြစ်အပျက်များသည် မျိုးနွယ်စုတစ်ထောင်စုဝေးပွဲစတင်ခါနီးအခိုက်၌ ဖြစ်ပျက်သွားခြင်းဖြစ်သည်။
တစ်ချိန်က ဒုတိယအဆင့်ဂိုဏ်းဖြစ်ခဲ့သော ရုပ်သေးအင်မော်တယ်ဂိုဏ်း၏ ရှေးလျို့ဝှက်ဖွဲ့စည်းမှုကို ပြန်လည်အသက်သွင်းနိုင်ခဲ့ကာ ၎င်း၏ယခင်ဂုဏ်ကျက်သရေကို ပြန်လည်ထိန်းသိမ်းခဲ့သည်။
ယင်းက ရှုပ်ထွေးနေပြီဖြစ်သော အခြေအနေတစ်ခုသို့ ပို၍ပင် မသေချာမရေရာမှုများ တိုးလာခဲ့သည်။
စိတ်ရင်းစေတနာကောင်းဖြင့် လူများစွာတို့သည် ရုပ်သေးအင်မော်တယ်ဂိုဏ်းဘက်သို့ လှည့်ကြည့်ကာ အကျိုးအမြတ် ရယူရန် ကြိုးစားကြသည်။
သို့သော် မကြာမီတွင်၊ ရုပ်သေးအင်မော်တယ်ဂိုဏ်းက တံခါးများပိတ်ကာ ဧည့်သည်အားလုံးကို ငြင်းပယ်လိုက်သည်။
ဤသည်မှာ မျိုးနွယ်စုတစ်ထောင်အစည်းအဝေး၏ ခွန်အားကို ထိန်းသိမ်းရန်ဖြစ်ကြောင်း လူများက နားလည်ခဲ့ကြသည်။
ထိုအခိုက်အတန့်တွင် နတ်ဆိုးမျိုးနွယ်စုတောင်တန်း၏ နက်ရှိုင်းသောနေရာ လရောင်မြို့တော်တွင် ကျားခေါင်းဂိုဏ်းပျက်သုဥ်းသွားပြီးကတည်းက လရောင်မြို့၏ အခြေအနေက
ခဏတာ ဖရိုဖရဲဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင် ဟူရွှယ်ရှ၏ ဓားအောက်၌ အင်အားစုအားလုံးက လက်နက်ချခဲ့ကြရသည်။
ထို့ကြောင့် မုချင်းဝမ်သည် ကျားခေါင်းဂိုဏ်း၏ နယ်မြေအားလုံးကို သဘာဝအတိုင်း သိမ်းပိုက်ခဲ့ရာ အငြင်းပွားစရာမရှိသော သူဌေးဖြစ်လာခဲ့သည်။
ထို့အပြင် ဤအခိုက်အတန့်၌ ထို အပန်းဖြေရိပ်မြုံတွင် ဟူယွဲ့က နတ်ဆိုးမျိုးနွယ်စု မိန်းကလေးများစွာနှင့် ပန်းပွင့်ဝိုင်ကို ပျော်ရွှင်စွာသောက်နေခဲ့သည်။