← Chapters

အခန်း (၆၀၄-၆၀၆)

Vol. 41 Ch. 604-606

အခန်း (၆၀၄-၆၀၆)

Vol. 41 Ch. 604-606

အခန်း(၆၀၄) အရူးတစ်ယောက်ပဲ ရှင့်ကို ကြိုက်မှာ

"ခြေထောက်ရှစ်ချောင်းရှတဲ့ ကဏန်းတစ်ကောင်၊ အစွန်းနှစ်ဖက်စလုံးက ထက်မြက်တယ်၊ မျက်လုံးတွေ အရမ်းကြီးတယ်။ လည်ပင်းနည်းနည်းကျုံ့တယ်။ တွားသွားတယ်… ရှမြစ်တစ်လျှောက် တွားသွားတယ်” ဟူယွဲ့က ခွေးခြေပေါ်တက်ထိုင်ကာ အရက်သောက်သည့် ဂိမ်းအမိန့်ကို ပြောပြီးသောအခါ ဂုဏ်ယူမှုအပြည့်ဖြင့် သူ့ မျက်စောင်းထိုးမှ နတ်ဆိုးမိန်းကလေးနှစ်ယောက်ကို လက်ညှိုးထိုးပြလိုက်သည်။

"မင်းတို့ ရှုံးသွားပြီ ချွတ်ကြ”

နတ်ဆိုးမိန်းကလေးနှစ်ယောက်က လွန်ကဲစွာ ချွတ်ထားပြီးသားဖြစ်၍ ထိုစကားကိုကြားသောအခါ သနားဖွယ်ကောင်းစွာ တောင်းပန်ကြသည်။

“သခင်ဟူယွဲ့ တကယ်လို့ ကျွန်မတို့ ထပ်ချွတ်ရရင် လုံးဝ အဝတ်ဗလာဖြစ်သွားရပါလိမ့်မယ်။ ကျေးဇူးပြုပြီး ကျွန်မတို့ ညီအစ်မတွေကို သွားခွင့်ပြုပါ”

ဟူယွဲ့က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“တရားမျှတပါတယ်။ မင်းတို့ အခုမှ နောက်ဆုတ်လို့မရဘူး”

“အိုက်ယား သခင်ဟူယွဲ့ ကျေးဇူးပြပြီး… ကျွန်မတို့ ညီအစ်မတွေကို တစ်ခေါက်လောက် သက်ညှာပေးပါ။ နောက်တစ်ခါ သခင်ဟူယွဲ့လာလည်ရင် … သေချာပေါက် ကျေနပ်အောင်လုပ်ပေးပါမယ်” နတ်ဆိုးမိန်းကလေးတစ်ယောက်က ချိုချိုသာသာတောင်းဆိုသည်။

“နောက်တစ်ခေါက် ဟုတ်လား။ နောက်တစ်ခေါက်ဆိုတာရှိတော့မှာမဟုတ်ဘူး။ ငါ ချက်ချင်း

ထွက်သွားတော့မယ်။ အဓိပ္ပါယ်မရှိတာတွေမပြောနေဘဲ မြန်မြန်ချွတ်”

နတ်ဆိုးမိန်းကလေးနှစ်ယောက်က သူ့စကားကြောင့် အံ့ဩသွားကြသည်။

"သခင် ဟူယွဲ့ထွက်သွားတော့မှာလား ဘယ်ကိုထွက်သွားမှာလဲ”

“ဟုတ် သခင်ဟူယွဲ့က အခြားမိန်းကလေးတစ်ယောက်ကို စိတ်ကူးယဥ်ဖူးလား။ အူး… အီး… ဟူး… အဲ့တာ ကျွန်မတို့နှလုံးသားကို တကယ်ကြေကွဲစေတယ်”

ဟူယွဲ့က နှုတ်ခမ်းများကို ကွေး၍ ပြုံးလိုက်သည်။

“ဟေး ဒါ အမှန်မဟုတ်ဘူး။ ငါ မင်းတို့ကို လက်ညှိုးနဲ့တောင်မထိဖူးဘူးကွ… ငါ့ဆီက အမြတ်ထုတ်ဖို့ မကြိုးစားနဲ့”

ဤသည်ကိုကြားသောအခါ နတ်ဆိုးမိန်းကလေးနှစ်ယောက်ရယ်မောလိုက်ကြသည်။ ၎င်းတို့ထဲမှ တစ်ယောက်က ဝိုင်တစ်ခွက်ကို ကောက်ကိုင်ကာ ဟူယွဲ့နားသို့လျှောက်သွားလိုက်သည်။

“သခင်ဟူယွဲ့ ကျွန်မတို့ ရှင့်ကို နားမလည်နိုင်ဘူး။ ရှင်ဒီကို နေ့တိုင်းသောက်ဖို့လာပေမယ့် ကျွန်မတို့ကို မထိဖူးဘူး”

“ဟုတ်တယ်.. ဖြစ်နိုင်တာ.. ရှင့်မှာ ပြောပြလို့မရတဲ့ လျို့ဝှက်ချက်တွေများရှိနေလား”

ဟူယွဲ့က အစပိုင်းတွင် ကြောင်အနေပြီးနောက်မှ ၎င်းတို့ပြောချင်သည်ကို ခဏအကြာမှ နားလည်သွားကာ မျက်လုံးများတွင် ထိတ်လန့်မှုက ကိန်းဝင်သွားသည်။

“ဖက်…ဖက်…ဖက်… ငါ လုံးဝ ကျန်းမာတယ်ကွ”

ထို့နောက် သူထွက်သွားတော့မည့်အခိုက်၌ ဟူရွှယ်ရှ၏ အသံထွက်လာသည်။

“မိန်းကလေး အားပေါင် ဘာလို့ ဒီရောက်လာတာလဲ”

အသံတိတ်သွားပြီးနောက် တံခါးကန်ဖွင့်ခံလိုက်ရသည်ကိုမြင်လိုက်ရသည်။ အားပေါင်က အပြင်းအထန်ပြေးဝင်လာသည်။ အခန်းထဲတွင် မလုံမလဲဝတ်ထားသည့် နတ်ဆိုးမိန်းကလေးနှစ်ယောက်ကို မြင်လိုက်ရသောအခါ အားပေါင်က ရှက်ရွံ့စွာဖြင့် တံတွေးထွေးချလိုက်မိသည်။

“ဖွီး… ရှင် ဒီမှာပုန်းနေတာမှန်းသိသားပဲ အရက်သောက်နေတဲ့ အရူး”

ကောင်မလေးနှစ်ယောက်က အားပေါင်ကို မြင်ပြီးသည်နှင့် ၎င်းတို့၏ အမူအရာများက လေးနက်လာကာ နှုတ်ဆက်ရန် အမြန်ထထွက်သွားကြသည်။ ယခုအချိန်၌ မုချင်းဝမ်၏ နံဘေးမှ နာမည်ကြီးသော အားပေါင်ကို မသိသည့်သူ လရောင်မြို့တော်တွင် မည်သူရှိမည်နည်း။ ၎င်းတို့ထွက်သွားပြီးသည်နှင့် ဟူရွှယ်ရှက အပြင်ဘက်တွင်သာနေကာ အထဲသို့ဝင်လာခြင်းမရှိပေ။

ယခု အခန်းထဲတွင် ဟူယွဲ့နှင့် အားပေါင်တို့သာကျန်တော့သည်။ အားပေါင်က ဟူယွဲ့ကိုကြည့်ရင်းဖြင့် မျက်လုံးများ တဖြည်းဖြည်း နီလာကာ နှာခေါင်းရှုံ့ကာ တည်ငြိမ်စေရန် ကြိုးစားလျက်ပြောလိုက်သည်။

“ရှင်ထွက်သွားတော့မယ်လို့ လူတွေပြောနေတာ ကျွန်မကြားတယ်”

ဟူယွဲ့က ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ် ငါထွက်သွားတော့မယ်”

“ဘာလို့လဲ”

“ဘာကို ဘာလို့လဲလဲ”

“ရှင် ဘာလို့ ထွက်သွားမှာလဲ” ဤသို့ပြောနေစဥ် အားပေါင်’ အသံက ခံစားချက်များစွာကြောင့် တုန်ယင်နေသည်။

“အာ…” ဟူယွဲ့က ခဏတာ ဆွံ့အကာ သက်ပြင်းတစ်ချက်သာချလိုက်သည်။

“ပေါင်အာ… ငါမင်းကို ပြောဖို့ တစ်ခုရှိတာမေ့နေတယ်…”

“ကျွန်မသိတယ်… ရှင်က လက်ထပ်ပြီးသား” အားပေါင်က ပြောသည်။

ဟူယွဲ့က အံ့သြသွား၏။

“မင်း… ဘယ်လိုသိတာလဲ”

“အဓိပ္ပါယ်မရှိတာတွေ. ရှင်အရက်သောက်လိုက် ပါတီတက်လိုက်လုပ်နေပြီ… ဒီ… ဒီမိန်းကလေးတွေကို တစ်ခါမှ မထိဖူးဘူး။ ရှင်အရက်မူးရင် အိပ်ရာထဲမှာ အိပ်ပြီး အဓိပ္ပါယ်မရှိတာတွေပြောတယ်။ ဒီကိစ္စတွေက သတင်းတွေ ပြန့်နေတာ လရောင်မြို့တော်တစ်ခုလုံး အခုသိထားပြီ”

တကယ်တော့ သူမ လိမ်ခဲ့ခြင်းဖြစ်သည်။ ဟူယွဲ့၏ဇနီးအကြောင်းကို အမှန်တကယ်သိသူမှာ သူမဖြစ်သည်။

ကျားခေါင်းဂိုဏ်းကို သုတ်သင်ရန် အခမ်းအနားကျင်းပနေစဉ်တွင်၊ Huyee သည် ပျော်ရွှင်စွာ မူးမူးနှင့် အားပေါင်သည် တစ်ညလုံး သူ့ထံ လာတက်ခဲ့သည်။

ထိုအချိန်တွင် သူ၏ မူးနောက်နောက် အော်ဟစ်သံများကြားတွင်၊ ဟူယွဲ့သည် ဟူယွဲ့၏ မိန်းမအကြောင်းသိသူမှာ သူမတစ်ဦးတည်းသာဖြစ်သည်။ ကျားခေါင်းဂိုဏ်းကို ချေမှုန်းနိုင်ခဲ့သောကြောင့် ပျော်ပွဲရွှင်ပွဲကျင်းပခဲ့ရာ၌ ဟူယွဲ့ အရက်မူးခဲ့ရာတွင် အားပေါင်က အတူရှိနေပေးခဲ့သည်။ ထို့နောက် မူးယစ်လျက် ညည်းညူရေရွတ်နေခဲ့သံများကို အားပေါင် လုံးဝကြားခဲ့ရကာ မိုးကြိုးပစ်ခံခဲ့ရသကဲ့သို့ ခံစားရလျက် ချက်ချင်း ထွက်ပြေးသွားခဲ့သည်။ ထို့နောက် နောက်ရက်များတွင် ဟူယွဲ့ကို လျစ်လျူရှု့ခဲ့သည်။

ဟူယွဲ့က ကောင်မလေးကို တစ်နည်းတစ်ဖုံဖြင့် စိတ်ဆိုးစေခဲ့မိပြီဟု တွေးသည်။

သို့သော် အားပေါင်မထင်မှတ်ထားသည့်အရာမှာ ယနေ့ထွက်ပေါ်လာသောသတင်းဖြစ်သည့် ဟူယွဲ့ ထွက်သွားတော့မည်ဟူသည့် အကြောင်းပင်ဖြစ်သည်။

ထို့နောက် ယင်းသတင်းက မုချင်းဝမ်ဆီမှ တိုက်ရိုက်ရောက်လာခြင်းဖြစ်သဖြင့် ယင်းကို အားပေါင်ကြားလိုက်ရသောအခိုက်တွင် သူမ၏ နှလုံးသားထဲမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရကာ

ရင်တွင်းအပူရှိန်ဖြင့် ဟူယွဲ့ကို ရင်ဆိုင်ရန် သာယာမှုရိပ်မြုံသို့ အပြေးလာခဲ့သည်။

ဟူယွဲ့က ခါးသက်စွာပြုံးလိုက်သည်။

“ငါလုပ်စရာတွေရှိသေးတယ်”

"ဘာလုပ်စရာတွေလဲ… အဲ့ကောင်မလေးကို … ရှာဖို့လား” အားပေါင်က ခေါင်းကို ငုံ့လျက် အင်္ကျီအဝတ်စကို ကျစ်ကျစ်ပါအောင်ဆုပ်ထားကာ မေးလိုက်သည်။

ဟူယွဲ့က ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး သူက ဒီမှာမရှိဘူး။ အဝေးကြီးမှာ”

အားပေါင်တစ်ကိုယ်လုံး တုန်ယင်နေသည်။

သူမက မော့ကြည့်လိုက်သောအခါ မျက်ရည်များက ပါးပြင်ပေါ်သို့ အလိုအလျောက် စီးကျလာသည်။

“ဒါဆို.. ရှင် မသွားလို့မရဘူးလား”

ဤသည်ကိုမြင်သောအခါ လရောင်မြို့တော်တွင်ရှိသော အရာအားလုံးကို အပျော်သဘောဖြင့် ချဥ်းကပ်ခဲ့သော ဟူယွဲ့က စိတ်ထဲ အနည်းငယ်တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ဟူယွဲ့က ခဏတာမျှ တွေးနေပြီးမှ သက်ပြင်းချလိုက်သည်။

“မိန်းကလေး အားပေါင်…”

အားပေါင်က စကားစဖြတ်လိုက်သည်။

သူမက ပါးပြင်ထက်မှ မျက်ရည်များကို သုတ်ကာ နှုတ်ခမ်းဖျားများက ကွေးညွတ်လျက် ကြီးမားသောအပြုံးကို ဆင်မြန်းလိုက်သည်။

“ကောင်းပြီ ဘာမှမပြောနဲ့ ရှင့်မှာ ရှင့်ကိစ္စရှင်ရှိတာ ကျွန်မ သိပါတယ်။ ကျွန်မ ဒီတိုင်းပြောတာပါ။ ဟီးဟီး ကျွန်မ မျက်ရည်တွေနဲ့ ရှင့်ကို အရူးလုပ်နိုင်ခဲ့ပြီမလား”

ဟူယွဲ့က အားပေါင်ကို ကြောင်အစွာစိုက်ကြည့်လျက်တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း အားပေါင်ကပင် ဆက်ပြော၏။

“ရှင့်ကို ကျွန်မ တကယ်ကြိုက်နေတယ်လို့ထင်နေတာလား။ ကျွန်မ ရှင့်ကို စနေတာ။ ရှင်က ပျင်းတတ်ပြီး ရူးလည်းရူးနေတာ ရှင့်ကို လူကို အရူးတစ်ယောက်ပဲကြိုက်လိမ့်မယ်” အားပေါင်က ပြောပြီးနောက် လှည့်ကာ တံခါးဆီသို့ လျှောက်သွားသည်။

တံခါးဝသို့ရောက်သောအခါ ရပ်တန့်ကာ ခေါင်းငုံ့လျက် ငိုရှိုက်သံနှင့်အတူ ပခုံးများ တုန်ခါလာသည်။

"ရှင်...ပြန်လာမှာလား"

ဟူယွဲ့သက်ပြင်းချလိုက်သည်။

“ဖြစ်နိုင်တာက…ကိုယ်”

“ကောင်းပြီ ကျွန်မ နားလည်ပါတယ်။ အန္တရာယ်ကင်းတဲ့ခရီးဖြစ်ပါစေလို့ ကျွန်မ ဆုတောင်းပေးပါတယ်”

ပြောပြီးသည်နှင့် အားပေါင်က တံခါးကို ဖွင့်ကာ ပြေးထွက်သွားသည်။ ဟူယွဲ့က သူမထွက်သွားသည်ကိုကြည့်ကာ ထိုနေရာ၌ပင် ရပ်ကျန်နေခဲ့သည်။

ဟူရွှယ်ရှက အထဲသို့ဝင်လာကာ မဝံ့မရဲမေးလိုက်သည်။

“အရှင် ကျွန်တော် သူ့နောက်လိုက်သွားကြည့်ရမလား”

ဟူယွဲ့က ခေါင်းခါလိုက်သည်။

“မလိုပါဘူး”

မှန်သည် ဟူယွဲ့၏ထွက်သွားမှုက မျိုးနွယ်စုတစ်ထောင်စုဝေးပွဲကြီးကို တက်ရောက်ရန်သာဖြစ်သည်။

ဤခမ်းနားသော အဖြစ်အပျက်ကြီးက နတ်ဆိုးမျိုးနွယ်စုတောင်တန်းများတစ်လျှောက် ပျံ့နှံ့နေနှင့်ပြီးဖြစ်သည်။ လရောင်မြို့တော်က ဝေးလံခေါင်သီသော်လည်း ထိုအကြောင်းကို လူအများသိကြသည်။

သို့သော် ဟူယွဲ့က အခြားသူများနှင့်မတူပေ။ ဤအချိန်၏ စစ်တုရင်ကစားပွဲက အလွန်ထူးခြားကြောင်း ဟူယွဲ့ကောင်းစွာသိရှိထားရာ ကံကြမ္မာ၏စစ်မှန်သောစွမ်းအားသည် မျိုးနွယ်စုထောင်ပေါင်းများစွာ၏ ဤစည်းဝေးကြီးအတွင်းတွင် ဝှက်ထားနိုင်သည်။

ထို့ကြောင့် သူသွားခဲ့ခြင်းဖြစ်ရာ

လရောင်မြို့တော်နှင့်ပတ်သက်၍မူ..

ဟူယွဲ့က ဘယ်သောအခါမှ ပြန်လာနိုင်တော့မည်မဟုတ်ဟုခံစားနေရသည်။ နောက်ဆုံးတွင်မူ ကံကြမ္မာ၏ စွမ်းအားကို သိမ်းပိုက်ပြီးသည်နှင့် ကံကြမ္မာစစ်တုရင်ကစားပွဲတွင် ကြာကြာနေရန်မလိုတော့ပေ။ နောက်ထပ် ကစားပွဲဖွင့်ပွဲကို စောင့်မျှော်လျက်ဖြင့်ပင် ဤကမ္ဘာကြီးက တစ်ဖန်ပြန်ပိတ်သွားပေမည်။ ဤသို့ယုံကြည်လျက် ဟူယွဲ့က အားပေါင်အပေါ် မည်သည့် စိတ်ကူးယဥ်မှုကိုမျှ မချန်ထားခဲ့ခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုခြင်းသည် သူမကို ထိခိုက်စေရုံမျှသာဖြစ်သည်။

ဟူယွဲ့သည် လှပသော အမျိုးသမီးများနှင့် ပေါင်းသင်းခြင်းကို နှစ်သက်သော်လည်း ၎င်းသည် ပျော်ရွှင်မှုအတွက်သာဖြစ်၍ သူသည် ကတိများကို ပေါ့ပေါ့ဆဆ မပြုလုပ်ပေ။ သို့မဟုတ် ခံစားချက်များကို နင်းချေခြင်းမျိုး ဘယ်သောအခါမှ မပြုလုပ်ခဲ့ပေ။

တကယ်တမ်းတွင် အချစ်၌ သစ္စာစောင့်သိခြင်းနှင့်ပတ်သက်လာလျှင် မြေခွေးမျိုးနွယ်စုက လူသားမျိုးနွယ်ထက် ပို၍ပင် ခေါင်းမာပေ၏။

အခန်း(၆၀၅) မုချင်းဝမ်က ဘယ်သူလဲ ထွက်လာပြီး ငါ့ကိုတွေ့

လမ်းခွဲခြင်း ဝမ်းနည်းခြင်းတို့ကို ရှောင်ရှားရန် နှင့် အဓိကအနေဖြင့် အားပေါင်က ထပ်၍ လွန်လွန်ကဲကဲ လုပ်မည်ကို စိုးရိမ်သောကြောင့် ဟူယွဲ့သည် ဟူရွှယ်ရှကို ပြတ်ပြတ်သားသား ခေါ်ကာ လရောင်မြို့တော်မှ မနက်စောစောတွင် တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။

သူမသိခဲ့သည်မှာ တိတ်တဆိတ် ခရီးစလိုက်တဲ့အချိန်၌

အားပေါင်နှင့် မုချင်းဝမ်တို့က အဝေးက အဆောက်အဦတစ်ခုပေါ်တွင် ငြိမ်သက်စွာ ရပ်ကာ စောင့်ကြည့်နေကြခြင်းပင်ဖြစ်သည်။

ဟူယွဲ့၏ နောက်ကျောကို ငေးကြည့်လျက် အားပေါင်၏ မျက်ရည်များ အဆက်မပြတ် ကျဆင်းလာသည်။

ဟူယွဲ့၏ ပုံရိပ်သည် ကြီးမားသောတောင်တန်းများထဲသို့ ပျောက်ကွယ်သွားသည့်တိုင် အားပေါင်က မျက်နှာ မလွှဲနိုင်သေးပေ။ ဤသည်ကို မြင်သောအခါ

မုချင်းဝမ်က သက်ပြင်းတစ်ချက်ချလိုက်သည်

"ကောင်းပြီ၊ သူသွားပြီ၊ မကြည့်နဲ့တော့”

"မမချင်းဝမ် သူပြန်လာမယ်လို့ ထင်လား"

"သူ ပြန်လာသင့်တယ်ထင်တာပဲ”

ဤသည်ကိုကြားသောအခါ အားပေါင်က ခါးသက်စွာ ပြုံးလိုက်သည်။

"သူ ပြန်မလာဘူးဆိုတာ ညီမလေးသိပါတယ်။ ဒီလူဆိုးကြီးက ထွက်သွားပြီးရင် သေချာပေါက် ပြန်လာတော့မှာမဟုတ်ဘူး"

သူမစကားပြောနေစဉ်တွင် အားပေါင်က မထိန်းနိုင်ဘဲ မျက်ရည်များဝဲလာသည်။

ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်သာရှိသေးသော ဤမိန်းကလေးသည် လက်တွေ့ဘဝတွင် သူမ၏ ပထမဆုံးသော အချစ်အရသာကို ရက်စက်စွာ ခံစားခဲ့ရသည်။

ကွဲအက်နေသော စိတ်ကူးများ ကြီးမားစွာ ပြိုလဲသွားခြင်းသည် ဘဝ၏ ခါးသီးမှုကို အမှန်တကယ် မမြည်းစမ်းဖူးသော သူမအတွက် ပြောမပြနိုင်လောက်အောင် ဝမ်းနည်းစေသည်။

မုချင်းဝမ်သည် အသည်းကွဲသွားသည်ဟု ခံစားလာရကာ သူမကို ပွေ့ဖက်လိုက်ငည်။

"ငိုချင်ရင်ငိုလိုက် နှလုံးသားထဲက မျက်ရည်တွေ ကုန်အောင်ငိုလိုက်"

အားပေါင်သည် မုချင်းဝမ်၏ ရင်ခွင်ထဲတွင် လှဲနေကာ ကျယ်လောင်စွာ ငိုကြွေးရင်းဖြင့် သူမ၏ မျက်ရည်များက မုချင်းဝမ်၏ အဝတ်များကို အမြန် စိုစွတ်စေခဲ့ရာ သူမ ငြီးငွေ့လာသောအခါမှပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

ကလေးဆန်သည့် ကောင်မလေး အိပ်မောကျနေသည်ကို ကြည့်ရင်းဖြင့် မုချင်းဝမ်သည် ချစ်ခင်တွယ်တာမှုနှင့် အကူအညီမဲ့မှုကို ခံစားခဲ့ရသည်။ ထို့နောက် သူမကို သူ့အခန်းထဲပြန်သယ်ကာ ကုတင်ပေါ်တွင် ညင်သာစွာလှဲချစေလျက် စောင်နှင့်အုပ်ကာ တိတ်ဆိတ်ငြိမ်သက်စွာ ထွက်ခွာသွားခဲ့သည်။

အခန်းတွင်းတိတ်ဆိတ်သွားပြီးနောက် အားပေါင်၏ မျက်လုံးထောင့်မှ မျက်ရည်ကြီးများ စီးကျလာကာ သူမဘက်သို့ လှည့်ကာ တိုးတိုးလေး ရှိုက်လိုက်သည်။

နောက်ရက်များတွင် လရောင်မြို့တော်သည် ယခင်အတိုင်း ငြိမ်သက်နေခဲ့သည်။

ယခု လရောင်မြို့တော်ကို အုပ်စိုးသူအနေဖြင့် မုချင်းဝမ်သည် နေ့တိုင်း အလုပ်များလျက်ရှိသည်။

ရှုပ်ထွေးပွေလီသော ကိစ္စရပ်တိုင်းသည် သူမအာရုံစိုက်ရန် လိုအပ်သည်။

ယနေ့သည်လည်း ခြွင်းချက်မရှိပေ။

မုချင်းဝမ်သည် ပြိုင်ဘက် ဂိုဏ်းနှစ်ခုကြား အငြင်းပွားမှုကို ပြေလည်အောင် ဆောင်ရွက်ပေးခဲ့သကဲ့သို့ပင် ၎င်းတို့ကလည်း သူမအား ရိုးသားစွာ ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ကြသည်။

အလွန်ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာ၍ ခွန်အားကြီးသော ဆန်းကြယ် သားရဲများစီး၍ ချီတက်လာသော တပ်သည် လရောင်မြို့တော်သို့ ဦးတည်လာသည်။

၎င်းတို့ကို ဦးဆောင်သူမှာ တြိဂံမျက်လုံးများဖြင့် နတ်ဆိုးမျိုးနွယ်၏ စစ်ဗိုလ်ချုပ်နှစ်ဦးဖြစ်သည်။

"အစ်ကိုကြီး၊ ဒါက လရောင်မြို့လား" ပြောသူက လျှာသပ်လျက် ပြောလိုက်ရာ နတ်ဆိုးအငွေ့အသက်များက သူ့တြိဂံမျက်လုံးကို ပြည့်သွားသည်။

အစ်ကိုကြီးဟူသော လူက အနည်းငယ် ပို၍ တစ်ခုရှိသည်။ အနည်းငယ်တောင့်တင်းခိုင်မာကာ မျက်နှာထက်တွင် ကြောက်မက်ဖွယ်အမာရွတ်တစ်ခုရှိသည်။

“မှန်တယ်။ ဒါက ငါတို့ကို ကိုင်တွယ်ုခိုင်းလိုက်တဲ့ လရောင်မြို့တော်ပဲ” အစ်ကိုကြီးဆိုသူကလည်း လျှာကို ယမ်းလိုက်သည်။ (မြွေလို)

ဤညီအစ်ကိုနှစ်ဦးသည် မြွေနတ်ဆိုး အသွင်ပြောင်းလူသားများဖြစ်သည်။ အစ်ကိုကြီးဆိုသူက ရှယ့်ထျန်ဖြစ်ကာ အငယ်က ရှယ့်မူဖြစ်သည်။ ဤတစ်ကြိမ်တွင် ကျားခေါင်းဂိုဏ်းမှ ထုန်ပေါင်၏ကျောထောက်နောက်ခံဖြစ်သော နတ်ဆိုးမျိုးနွယ်စု၏တပ်မှူး၏အမိန့်အရ လရောင်မြို့၌ “သူပုန်များ” ကို ကိုင်တွယ်ရန် ရောက်ရှိလာသည်။

“ဒီလိုနေရာသေးသေးလေးအတွက် တပ်မှူးက ကျွန်တော်တို့ကို ညီအစ်ကိုတွေ စေလွှတ်လိုက်တာ နည်းနည်းတော့ နှိမ်ရာကျတာပဲ” ရှယ့်မူက ပျင်းရိစွာပြောသည်။

“ဟေးဟေး တပ်မှုးက ငါတို့ အမိန့်ပေးလိုက်မှတော့ လုပ်ကြတာပေါ့။ ဒါကို အပန်းဖြေခရီးလို့ သဘောထားလေ။ နောက်ပြီး ‘သူပုန်’တွေက ငါတို့ဆုံးဖြတ်ချက်အောက်မှာပဲရှိတာလေ… မဟုတ်ဘူးလား”

အစ်ကိုကြီးဆိုသူ၏ စကားကြောင့် ရှယ့်မူ၏ မျက်လုံးများတောက်ပလာကာ လျှာကို ယမ်းလိုက်ပြန်သည်။

“အစ်ကိုကြီးပြောတာက…”

“တပ်မှူးက ဒီလရောင်မြို့မှာဖြစ်သွားတာနဲ့ပတ်သက်ပြီး အရမ်းစိတ်ဆိုးနေတယ်။ နည်းနည်းလောက်ထပ်သတ်လည်း အရေးမကြီးဘူး” ရှယ့်ထျန်က ဘာသိဘာသာပြောသည်။

“ဟေးဟေး ဒါက အံ့သြစရာပဲ” ရှယ့်မူက စိတ်မရှည်စွာဖြင့် လက်နှစ်ဖက်ကို ပွတ်လိုက်သည်။

ထို့နောက် သူက လက်အောက်ငယ်သားများဆီသို့ ခေါင်းလှည့်ကြည့်လိုက်သည်။

“ဒါကိုကြားလား။ ဒီမြို့က ငါတို့သိမ်းပိုက်ဖို့ပဲကွ။ ပျော်ပျော်နေကြ။ အားလုံးကို မသုတ်သင်လိုက်နဲ့ဦး”

လက်အောက်ငယ်သားအားလုံးသည် ရက်စက်သောမျက်နှာများရှိကြကာ ထိုစကားကြောင့် အားလုံးက ရွှင်မြူးကြသည်။ ထို့နောက် မြို့ထဲသို့ နတ်ဆိုးများက တိုက်ရိုက်ချီတက်လာကြသည်။ နေ့ခင်းကြောင်တောင်တွင် ၎င်းတို့၏ ကျူးကျော်ဝင်ရောက်မှုက မရေမတွက်နိုင်အောင် များပြားသော လူများ၏ အကြည့်များကို ဆွဲဆောင်နိုင်ခဲ့သည်။ ရှယ့်ထျန်က အသေးအမွှားစကားများ ပြောရန် စိတ်မဝင်စားတော့ဘဲ ကြာပွတ်ကို လွှဲယမ်းလျက် လမ်းဘေးရှိ လူသွားလူလာတစ်ဦးကို ဆွဲထုတ်လိုက်သည်။

“မင်းတို့ အခွန်အရာရှိက ဘယ်မှာလဲ”

လမ်းသွားလမ်းလာက လမ်းကို ညွှန်ပြလျက် တစ်ကိုယ်လုံး တုန်ယင်နေသည်။

ရှယ့်ထျန်က လှောင်ရယ်လိုက်သည်။

“ငါမင်းကို သက်ညှာပေးလို့ရတယ်။ ဒါပေမယ့် ငါတို့ မြို့ထဲဝင်လာပြီဆိုတော့.. မင်းကို ဥပမာအဖြစ်သဘောထားလိုက်မယ်”

ထိုသို့ပြော၍ ကြာပွတ်ကို လိမ်လိုက်သောအခါ ကျယ်လောင်သော အရိုးကျိုးသံများစွာထွက်ပေါ်လာပြီးနောက် ဖြတ်သွားဖြတ်လာသူ၏ လည်ပင်းက ရက်စက်စွာကျိုးသွားခဲ့သည်။ သွေးများက နေရာအနှံ့သို့ ဖြန်းခနဲပျံ့နှံ့သွားသည်။

ကြည့်နေသူများက တညီတညွတ်တည်း အော်ငိုကြသည်။

သို့သော် ရှယ့်ထျန်သည် လျစ်လျူရှုကာ သူ့အဖွဲ့ကို အခွန်အရာရှိ၏ နေအိမ်သို့ ခေါ်သွားသည်။

နတ်ဆိုးမျိုးနွယ်စု၏ခေါင်းဆောင်တိုင်းသည် ကျယ်ပြန့်သောနယ်မြေများကို အုပ်ချုပ်သောကြောင့် မြို့တိုင်းကို အသေးစိတ်စီမံခန့်ခွဲရန် မဖြစ်နိုင်ပေ။ သေးငယ်သော၊ အရံမြို့များ အများအပြားကို အခွန်အရာရှိများဖြင့် ရိုးရှင်းစွာ သတ်မှတ်ပေးခဲ့လေ့ရှိသည်။

လရောင်မြို့သည်လည်း ခြွင်းချက်မရှိပေ။

ထို့အပြင်၊ ဤနေရာ၌ ပေါများသော လရောင်ကျောက်တုံးများကြောင့် အခွန်အရာရှိ၏ အရေးပါမှုက ပို၍ကြီးမားလာသည်။ သို့သော် ကျားခေါင်းဂိုဏ်းဖြစ်စေ၊ မုချင်းဝမ်ဖြစ်စေ ၎င်းတို့က ပေးရမည့်အခွန်ငွေကို အပြည့်အဝပေးရမည်ဖြစ်သည်။ နောက်ဆုံးတွင် မည်သူကမျှ အုပ်ချုပ်သူ ဒေါသဖြစ်မည်ကိုမလိုလားကြပေ။ သို့သော် ဤအလုပ်က အလွန်အေးဆေးသည်။ အခွန်အရာရှိ အများအပြားက နှစ်ခြိုက်စွာအိပ်ပျော်နေကြသည်။

ထိုစဥ် ရှယ့်ထျန်က သူ့လူများကို စကားတစ်ခွန်းမှ မပြောဘဲ အတွင်းသို့ ခေါ်ဆောင်ကာ ကြိမ်လုံးဖြင့် ရိုက်ချလိုက်သည်။

မိဘများကိုတနေသော အခွန်အရာရှိအချို့ကို သုတ်သင်ပြီးနောက် ရှယ့်ထျန်က ပြောလုကိ်၏။

“ငါက အရှင်စေလွှတ်လိုက်တဲ့ သံတမန်ပဲ။ ဒီမှာ မုချင်းဝမ်ဆိုတဲ့လူတစ်ယောက်ရှိတယ်မလား”

အခွန်အရာရှိများ အချင်းချင်း ကြည့်ကြသည်။

မုချင်းဝမ်သည် ဤလူများအတွက် အမြဲကောင်းခဲ့သဖြင့် ရှယ့်ထျန်နှင့် သူ၏အဖွဲ့များက မည်မျှလွှမ်းမိုးနေသည်ကိုမြင်သည်နှင့် လူကောင်းများမဟုတ်ကြောင်းသိသောကြောင့် တုံ့ဆိုင်းနေကြသည်။ ရှယ့်မူက သူ့ကိုယ်သူထိန်းမထားတော့ဘဲ အခွန်အရာရှိတစ်ဦးကိုဆွဲဖမ်းကာ ပါးစပ်ကြီးကို ဖြဲ၍ နီရဲသွေးစွန်းနေသော မေးရိုးကို လှစ်ဟပြလျက် ထိုသူ၏ ခေါင်းတစ်ဝက်ကို ကိုက်လိုက်သည်။

ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းသည် ကျန်အခွန်အရာရှိများကို နှုတ်ဆိတ်စေခဲ့သည်။

"အခုပြောပြပါ၊ ဒီလိုလူရှိလား၊ မရှိဘူးလား" ရှယ့်ထျန်က အေးစက်စွာထပ်မေးသည်။

"ရှိတယ်၊ ရှိတယ်" အခွန်အရာရှိများက အလျင်အမြန် ခေါင်းညိတ်သည်။

"ကောင်းပြီ ဒါဆို လမ်းပြပေး"

ရှယ့်ထျန်နှင့် သူ၏နောက်လိုက်များသည် မုချင်းဝမ်၏တည်နေရာဆီသို့ အလျင်အမြန်သွားနေစဉ် အခွန်အရာရှိများက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် လမ်းပြခဲ့သည်။

သို့သော် မြွေနတ်ဆိုးနှစ်ကောင်က ဂရုမစိုက်ကြပေ။ အခွန်အရာရှိများ လမ်းလျှောက်လာစဉ် လမ်းဘေးရှိ လူအချို့အား လိမ္မာပါးနပ်စွာ လက်ဟန်ပြလိုက်ပြီးနောက် လူများက ခေါင်းညိတ်ကာ လမ်းကြားထဲသို့ ပျောက်ကွယ်သွားကြသည်။

မကြာခင်၌ပင် မုချင်းဝမ်ဆီသို့ လူတစ်ယောက် ပြေးလာကာ သတင်းပေးသည်။

"ချင်းဝမ်ညီမလေး၊ အဖွဲ့တစ်ဖွဲ့က အပြင်မှာရုတ်တရက်ထွက်လာပြီး အရမ်းမောက်မာတဲ့ မြွေနတ်ဆိုးနှစ်ကောင် ဦးဆောင်လာပုံပဲ။ လမ်းမှာ လူတစ်ယောက်ကို တောင်သတ်လိုက်ပြီ။ ကျူပ်တို့ဆီ အခုလာနေကြတယ်”

မုချင်းဝမ်လန့်သွားသည်။

"မြွေနတ်ဆိုးတွေလား"

“ဟုတ်”

မုချင်းဝမ်သည် အရူးမဟုတ်ပေ။ ကျားခေါင်းဂိုဏ်း၏ ကျောထောက်နောက်ခံဖြစ်သော အရှင်ဆိုသူအကြောင်း ချက်ချင်းတွေးမိပြီးနောက် သူမ၏အမူအရာက လေးနက်လာသည်။

"ကောင်းပြီ ကျွန်မ သိပြီ”

"ချင်းဝမ်ညီမလေး၊ ကျုပ်တို့ ဒီကောင်တွေကို ရှောင်သင့်တယ်။ သူတို့ ပြဿနာရှာဖို့လာနေတာ”

မုချင်းဝမ်က ခေါင်းခါပြလိုက်သည်။

“ပုန်းရှောင်နေတာ အဆင်ပြေပေမယ့် ကျွန်မထွက်သွားရင် အခြားလူတွေဘယ်လိုလုပ်မလဲ”

ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် လမ်းကြားဝင်ပေါက်မှ ကျယ်လောင်စွာအော်လိုက်သည်။

"မုချင်းဝမ်က ဘယ်သူလဲ၊ ထွက်လာပြီးငါ့ကိုတွေ့စမ်း”

အခန်း(၆၀၆) နတ်ဆိုးများသည် မတရားပေ

မုချင်းဝမ်၏ အမူအရာ ပြောင်းသွားပြီးနောက် အပြင်သို့ ထွက်လာခဲ့သည်။

တစ်ချိန်တည်း၌ပင် အလုပ်သမားလမ်းကြားတစ်ခုလုံး တုန်လှုပ်သွားကာ လူတိုင်းသည် လမ်းမကြီးပေါ်သို့ ထွက်လာကြလျက် မာန်တက်နေသော ညီအစ်ကိုများဖြစ်သော ရှယ့်ထျန်နှင့် ရှယ့်မူတို့ကို အေးစက်စွာ အဝေးမှ ရပ်ကြည့်နေကြသည်။

မုချင်းဝမ် လမ်းပေါ်တွင် ပေါ်လာသောအခါ လူအုပ်ကြီးက သူမအတွက် တိတ်တဆိတ် လမ်းဖယ်ပေးလိုက်ကြသည်။

မုချင်းဝမ်ဖြတ်သွားပြီးနောက်တွင် လူများက သူမနောက်သို့ တိတ်တဆိတ် လိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ တိုးသွားကြသည်။

ဖြစ်စဉ်တစ်ခုလုံးတိတ်ဆိတ်သွားသော်လည်း ထိုအေးစက်သော တိတ်ဆိတ်မှုကြောင့် ရှယ့်ထျန်နှင့် ရှယ့်မူအပါအဝင် လမ်းကြားရှိ နတ်ဆိုးများကပါ မသိစိတ်ကြောင့် နောက်သို့ ခြေတစ်လှမ်းဆုတ်မိခဲ့၏။

ထိုအချိန်တွင် မုချင်းဝမ်ချဉ်းကပ်လာကာ အေး

စက်စွာပြောလိုက်သည်။

"ကျွန်မက မုချင်းဝမ်ပဲ ရှင်ကဘယ်သူလဲ

ဘာကိစ္စရှိလို့လဲ"

နတ်ဆိုးအုပ်စုသည် မုချင်းဝမ်၏အသွင်အပြင်ကို ပြတ်ပြတ်သားသားမြင်လိုက်သောအခါတွင် အံ့အားသင့်သွားပြီးနောက် တဏှာရမက်ပြည့်နေသော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။

အထူးသဖြင့် ရှယ့်ထျန်နှင့် ရှယ့်မူတို့၏ လောဘကြီးသော အမူအရာသည် မုချင်းဝမ်တစ်ကိုယ်လုံးကို ကိုက်စားရန် မစောင့်နိုင်သကဲ့သို့ ထင်ရ၏။

"ဟီးဟီး၊ ဒီလောက်ဝေးလံခေါင်သီပြီး လူဆိတ်ညံတဲ့နေရာမျိုးမှာ ဒီလိုထူးထူးခြားခြား လှပနေသေးတယ်လို့ ဘယ်သူက ထင်မှာလဲ။" ရှယ့်မူက မြွေလျှာဖြင့် ရယ်မောကာ ပြောလိုက်သည်။

မုချင်းဝမ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ "ရှင်တို့ အတိအကျ ဘာလိုချင်တာလဲ"

"ငါတို့ ဘာလုပ်ချင်လဲဟုတ်လား” ရှယ့်ထျန်က ရယ်မောလိုက်သည်။

"မုချင်းဝမ်က မင်းက ငါတို့သခင်ရဲ့ အရည်အချင်းရှိတဲ့ လူတွေကို ရက်စက်စွာ သတ်ခဲ့တယ်၊ ငါတို့ ဘာလုပ်ချင်တာလဲလို့ မေးနေသေးတာလား”

မုချင်းဝမ်၏ မျက်နှာက အနည်းငယ် ဖြူဖျော့သွားကာ သူမ အမြဲကြောက်ခဲ့သော အရာသည် နောက်ဆုံးတွင် ဖြစ်ပျက်သွားကြောင်း စိတ်ထဲတွင် ရိပ်မိသွားသည်။

ထိုအချိန်တွင် မုချင်းဝမ်၏ နောက်ကွယ်မှ လူအုပ်ကြီးသည် ရှေ့သို့ တိုးလာသည်။

"မင်းဘာလုပ်နေတာလဲ၊ ပြတ်ပြတ်သားသား ပုန်ကန်ဖို့စီစဉ်နေတာလား" ရှယ့်ထျန်က အေးစက်စက်မေးသည်။

မုချင်းဝမ်က လူတိုင်းကို အရူးအမူးမလှုပ်ရှားရန် အချက်ပြလိုက်သည်။

"ဗိုလ်ချုပ်တို့၊ ကျားခေါင်းဂိုဏ်းနဲ့ ကျွန်မတို့ ဖြစ်ခဲ့သမျှက ကျွန်မဘက်မရည်ရွယ်ပါဘူး၊ ထုန်ပေါင်က ကျွန်မကို ဖိအားပေးတဲ့အတွက် သူ့ကို ခုခံကာကွယ်ရင်း သေသွားတာပါ။ ဗိုလ်ချုပ်နှစ်ယောက် အမှန်တရားကို မြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။"

"ဟားဟား” ဒုတိယညီဖြစ်သူ ရှယ့်မူက ရယ်လိုက်သည်။ "သူက လှရုံတင်မကဘဲ စကားတွေကလည်း စွဲမက်ဖွယ်ကောင်းပြီး တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ရတနာတစ်ခုပဲကွ”

ရှယ့်မူ၏ အကြည့်က အလွန် ဆိုးယုတ်လှသဖြင့် မုချင်းဝမ်၏အမူအရာမှာ အေးစက်လာသည်။

ထိုအချိန်တွင် အစ်ကိုကြီး ရှယ့်ထျန်က ဘာသိဘာသာပြောလိုက်သည်။

"ဒါဆို ဒီလိုပေါ့ မင်းမှာ အကြောင်းပြချက်ရှိပုံရတယ်"

မုချင်းဝမ်သည် ဤစကားကိုကြားသောအခါ သက်သာရာရသွားခဲ့ပြီး အခြေအနေတိုးတက်ရန် အခွင့်အလမ်းရှိနိုင်သည်ဟု တွေးကာ ရှယ့်ထျန်ကို အလေးပြုလိုက်သည်။

"ဗိုလ်ချုပ်ကြီးမှာ သေချာပေါက် ပိုင်းခြားသိမြင်တဲ့ မျက်လုံးတွေ ရှိပါတယ်”

သို့သော် ချက်ချင်းဆိုသကဲ့သို့ပင် ရှယ့်ထျန်က ခေါင်းယမ်းလိုက်သည်။

"ဒါပေမယ့် မင်းစကားနည်းနည်းလေးကြားတာနဲ့ ငါတို့ထွက်သွားဖို့ မိုင်ထောင်ချီခရီးထွက်ခဲ့တယ်ထင်လား"

“ဒါဆို ဗိုလ်ချုပ်က ဘာကိုဆိုလိုတာလဲ…”

"ရိုးရှင်းပါတယ်၊ ငါတို့က မင်းအတွက် ခက်ခဲတဲ့အရာတွေကို လုပ်မှာမဟုတ်ဘူး။ လရောင်ကျောက်တွေရဲ့ နှစ်စဉ်အခွန်အခကို လျော်ကြေးအဖြစ် ဆယ်ဆမလွှဲသရွေ့ ငါတို့ထွက်မသွားနိုင်ဘူး။ ဒါ့ပြင် မင်းရဲ့အနာဂတ်အတွက် စိုးရိမ်စရာမရှိစေဖို့အတွက် ငါတို့သခင်ရှေ့မှာ မင်းကို သက်သက်ညှာညှာပြောပေးမယ် ဘယ်လိုသဘောရလဲ"

ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် လူအုပ်ကြီး မငြိမ်မသက် ဖြစ်သွားသည်။

လရောင်ကျောက်၏ နှစ်စဉ်ကြေး ဆယ်ဆ။

ဤသည်က မဖြစ်နိုင်သည့် အလုပ်တစ်ခုဖြစ်ကြောင်း သိသာသည်။ လရောင်ကျောက်၏ နှစ်စဉ်ကြေးသည် မိုင်းတွင်းလုပ်သားများအတွက် အလွန်လေးလံသောဝန်ထုပ်ဝန်ပိုးဖြစ်နေနှင့်ပြီးဖြစ်သည်။

ဆယ်ဆတိုးလာလျှင် ကွာဟချက်ကို မရေမတွက်နိုင်သော အသက်များဖြင့် ဖြည့်ရမည်ဟု ဆိုလိုသည်။

ဤသည်ကိုကြားသောအခါ မုချင်းဝမ်က ခါးသက်စွာ ပြုံး၍ ဦးညွတ်လိုက်သည်။

"ဗိုလ်ချုပ်ကြီး၊ ရှင်တောင်းဆိုတဲ့ အခြေအနေက မဖြစ်နိုင်ဘူး"

"အိုး ဒါမဖြစ်နိုင်ဘူးလား၊ ဒါဆို ငါမင်းကို တခြားနည်းလမ်းတစ်ခုပေးမယ်။"

ရှယ့်ထျန်က ခေတ္တရပ်လိုက်ပြီးနောက် မုချင်းဝမ်၏ကိုယ်ပေါ်ကို အဆက်မပြတ် စူးစူးဝါးဝါးစိုက်ကြည့်နေသည်။

"မင်း ငါတို့ ညီအကိုနှစ်ယောက်နဲ့ တစ်ညနေရင် လရောင်ကျောက်အရေအတွက် လျှော့ဖို့ ငါစဉ်းစားပေးမယ်။ ဒီအခြေအနေဆိုရင်ရော ဘယ်လိုလဲ"

ယခင်က လူအုပ်ကြီးသာ မငြိမ်မသက်ဖြစ်ခဲ့လျှင် ယခုအခါ ပေါက်ကွဲတော့မည်ဖြစ်ငည်။ မရေမတွက်နိုင်သော လူများက ဒေါသတကြီး စိုက်ကြည့်နေကြသည်။

အဘယ်ကြောင့်ဆိုသော် ရှယ့်ထျန်၏စကားများသည် သူမ၏ကြင်နာမှုမှ နက်နက်ရှိုင်းရှိုင်းအကျိုးခံစားခဲ့ရသော ဤအလုပ်သမားများ၏ စိတ်နှလုံးရှိ မုချင်းဝမ်၏ရုပ်ပုံအား ညစ်ညူးစေသောကြောင့်ဖြစ်သည်။

ထိုအချိန်တွင် ရှယ့်မူက ဝင်ပြော၏။

“ဘာလဲ။ သဘောမတူသေးဘူးလား။ ငါတို့ ညီအစ်ကိုတွေက ဘယ်သူ့ကိုမှ ဒီလို ရက်ရောတဲ့ စကားလုံးတွေ တစ်ခါမှ မပြောဖူးဘူးဆိုတာ မင်းသိထားသင့်တယ်။ မင်းငြင်းနေသေးရင် ဒါကို စည်းမျဉ်းအတိုင်း ကိုင်တွယ်မှာမို့ အဲ့အခါမှ မယဉ်ကျေးတဲ့အတွက် ငါတို့အဆိုးမဆိုနဲ့”

ထိုသို့ပြောရင်းဖြင့် ရှယ့်မူက ကြာပွတ်ကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ရာ အခွန်အရာရှိတစ်ဦး၏ မျက်လုံးတစ်ဖက်သို့ တိုက်ရိုက်ထိမှန်သွားသည်။

အခွန်အရာရှိက မြေပြင်ပေါ်လဲကျလျက် နာကျင်စွာ တုန်ယင်နေသည်။ ရှယ့်ထျန်က သူစီးနေသော ဆန်းကြယ်သားရဲအား အခွန်အရာရှိကို အသေသတ်ပစ်ရန် အမိန့်ပေးလိုက်သည်။

မုချင်းဝမ်က အသက်ပြင်းပြင်းရှူလိုက်၏။

"နေပါဦး”

"ဘာလဲ။ မင်းသဘောပေါက်သွားပြီလား။ စိတ်မပူပါနဲ့ ငါတို့ညီအကိုနှစ်ယောက်က အရမ်းကျွမ်းကျင်ပါတယ်ကွာ ဒီမယ် အလှလေး သက်ညှာပေးဖို့ တောင်းပန်ချေတော့”

သူ့စကားကြောင့် လူဆိုးဂိုဏ်းက နတ်ဆိုးများအားလုံး ဟားတိုက်ရယ်မောကြသည်။

မုချင်းဝမ်၏ မျက်နှာသည် နှင်းခဲများကဲ့သို့ အေးစက်နေ၏။

"ဗိုလ်ချုပ်ကြီး၊ ဒီကိစ္စကို စဉ်းစားဖို့ အချိန်ခဏလောက် ပေးနိုင်မလား"

"ဒါပေါ့ မင်းကို နေ့တစ်ဝက်လောက် ပေးမယ်။ ဒီည သာယာမှုရိပ်မြုံမှာ မင်းရဲ့ အဖြေကို ငါတို့စောင့်နေမယ်”

ထိုသို့ပြောပြီးနောက် ရှယ့်ထျန်သည် သူစီးတော်သားရဲကိုလှည့်ကာ ထွက်ခွါသွားခဲ့သော်လည်း ရှယ့်မူ၏ လောဘကြီးသောအကြည့်များက မုချင်းဝမ်၏မျက်နှာပေါ်တွင်ရှိနေသေးသည်။

“အလှလေး သန့်သန့်ရှင်းရှင်းနေဖို့ မမေ့ပါနဲ့”

ထို့နောက် သူသည်လည်း အားပါးတရရယ်မောကာ ထွက်သွားသည်။

ဤနတ်ဆိုးများ ထွက်သွားသောအခါ

လူအုပ်ကြီး ပေါက်ကွဲတော့မည့်အလားဖြစ်နေသည်။.

"မမချင်းဝမ် ကျွန်မတို့ ဒီကောင်တွေကို တကယ်လက်မခံနိုင်ဘူး၊ သူတို့ကို တိုက်ကြရအောင်”

"ဟုတ်တယ် သူတို့အခြေအနေတွေကို ကျွန်တော်တို့ လုံးဝသဘောမတူနိုင်ဘူး”

မုချင်းဝမ်၏မျက်နှာက တင်းမာနေသည်။

"လုံလောက်ပြီ၊ အခုပဲ လူစုခွဲလိုက်ပါ။ ငါ့အမိန့်မပါဘဲ ဘယ်သူကမှ လုပ်ပိုင်ခွင့်မရှိဘူးဆိုတာ မမေ့နဲ့”

ထိုသို့ပြော၍ မုချင်းဝမ်က လှည့်ထွက်သွားသည်။

လူအုပ်ကြီးသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ မှိုင်တွေနေသော မျက်နှာများဖြင့် လူစုခွဲလိုက်ကြသည်။

မုချင်းဝမ်က အခန်းသို့ပြန်ရောက်သောအခါ အားပေါင်သည် သတင်းကြားသဖြင့် အပြေးရောက်လာသည်။

"မမချင်းဝမ် ဒီနတ်ဆိုးတွေရဲ့ အခြေအနေတွေကို မမသဘောမတူရဘူးနော် ဒီနတ်ဆိုးတွေက ဘယ်တော့မှ စကားမတည်ဘူးလို့ ဆရာလျို့က ပြောခဲ့တယ်။ မမသဘောတူလိုက်ရင် ဒါ ကျား အရေခွံရှာတာနဲ့ တူတူပဲ”

မုချင်းဝမ်၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့နေခဲ့ရာ ထိုစကားကို ကြားသောအခါ သူမက ရိုးရှင်းစွာ ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့ ငါ ဒီလောက် မမိုက်မဲပါဘူး၊ ဒီကိစ္စအတွက် ငါ့မှာ ကိုယ်ပိုင် နည်းလမ်းတွေ ရှိတယ်”

"ဘယ်လိုနည်းလမ်းတွေလဲ"

"မင်း မေးနေစရာ မလိုပါဘူး မင်းအလုပ်မင်းဆက်လုပ်ပြီး ဒီကိစ္စ စဉ်းစားဖို့ ငါ့ကို တစ်ယောက်တည်း ထားခဲ့ပေး"

အားပေါင်က ခေါင်းကိုငုံ့ထားရင်းဖြင့် မျက်လုံးထဲတွင် စိတ်ပိုင်းဖြတ်ထားသည့် အရိပ်အယောင်မျိုးနှင့် လှည့်ထွက်သွားသည်။

"ကောင်းပြီ၊ မမချင်းဝမ် ညီမလေးအရင်ထွက်သွားမယ်”

မုချင်းဝမ်သည် အခန်းထဲတွင် တစ်ယောက်တည်း ကျန်ခဲ့သောအခါ မလှုပ်မယှက်ဘဲ အချိန်ကြာမြင့်စွာ ထိုင်နေလျက် သူမ၏ မျက်နှာပေါ်၌ တဖြည်းဖြည်း ပြတ်သားသော အမူအရာ ပေါ်လာသည်။

နေ့ဘက်တွင် အလုပ်သမားလမ်းကြားရှိ အဖြစ်အပျက်သည် လရောင်မြို့တော်တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ မရေမတွက်နိုင်သော လူများ ဒေါသထွက်ခဲ့ကြသည်။ ရောက်လာသူများသည် အရှင်ဟူသောသူ၏ ကွပ်ကဲမှုအောက်မှ နတ်ဆိုးတပ်များ ဖြစ်ကြသည်၊ ထို့ကြောင့် လူများတို့သည် ဒေါသထွက်ကြသော်လည်း နှုတ်မှ အသံမထွက်သာကြပေ။

ယင်းမှာ နတ်ဆိုးဂိုဏ်းဝင်များက သဘောအတိုင်း လုပ်သောအခါတွင် ခါးသက်စွာ ပြုံးလျက်သာ ရင်ဆိုင်နိုင်သော သာယာမှုရိပ်မြုံ၏ပိုင်ရှင်ကဲ့သို့ပင်ဖြစ်သည်။

မရေမတွက်နိုင်သော အရသာရှိဟင်းပွဲများနှင့် ဝိုင်များသည် စားပွဲတစ်ဒါဇင်ကျော်တွင် ပြည့်နေကာ သာယာမှုရိပ်မြုံမှ မိန်းကလေးအားလုံးကို ဖျော်ဖြေရန် တွန်းအားပေးခဲ့သည်။

အခြား ဖောက်သည်များ အားလုံးကိုလည်း နှင်ထုတ်ခဲ့သည်။

အနည်းငယ်နှေးကွေးစွာ ထွက်ခွာသွားသူအချို့သည် ဤနတ်ဆိုးများထံတွင် ဂုတ်ချိုး သတ်ဖြတ်ခြင်းခံခဲ့ကြရသည်။

All Chapters