အခန်း (၆၀၇-၆၀၉)
Vol. 41 Ch. 607-609
အခန်း(၆၀၇) လွမ်းမောဖွယ်ရာ မိန်းမပျို
ကျယ်ဝန်းသော ခန်းမကြီးက မီးရောင်များဖြင့် တဖျပ်ဖျပ်လက်နေရာ စိတ်လှုပ်ရှားဖွယ်အမှုများဖြင့် ပြည့်နေသည်။
ဤနတ်ဆိုးများ ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲနေချိန်တွင် မိန်းကလေးငယ်များသည် ၎င်းတို့အနားတွင် တုန်တုန်ယင်ယင်ဖြင့် ဝိုင်ကို ဂရုတစိုက်ငှဲ့လျက် ကျွေးမွေးနေကြရာ အနည်းငယ်မျှ မပေါ့ဆရဲကြပေ။
သို့သော်ငြားလည်း ၎င်းတို့၏ ကြေကွဲဖွယ် ကံကြမ္မာမှ မလွတ်မြောက်နိုင်ကြပေ။
ဖြန်း
မိန်းကလေးတစ်ဦး၏ ပါးပြင်သို့ ရက်ရက်စက်စက်ရိုက်နှက်ခံလိုက်ရပြီးနောက် သူမ၏ ဦးနှောက်အပိုင်းအစများ စားပွဲပေါ်ကျကာ အလောင်းသည်မူ ကြမ်းပြင်ပေါ်သို့ လဲပြိုကျသွားသည်။
ထိုသို့ ပြုလုပ်ခဲ့သော တောင်နတ်ဆိုးက ယစ်မူးလျက်ပင် ဆဲဆိုကြိမ်းမောင်းလိုက်သည်။
“သေစမ်း မင်းကို ချွတ်ခိုင်းနေပါတယ်ဆို ဘာလို့ ဒီလောက်ဖြူဆင်ပြနေတာလဲကွ။ ဘယ်သူက မင်းကို ဒါမျိုးလုပ်ခွင့်ပေးလို့လဲ”
ဤသည်ကိုမြင်သောအခါ အခြားမိန်းကလေးများ၏ မျက်လုံးထဲသို့ ဒေါသနှင့် ဝမ်းနည်းမှုတို့ လွှမ်းခြုံသွားသည်။ သို့သော် နတ်ဆိုးများက လုံးဝဂရုစိုက်ခြင်းမရှိဘဲ ရယ်သာရယ်မောနေကြ၏။
၎င်းတို့သည် စားပွဲအနှံ့ ပြန့်ကျဲနေသော ဦးနှောက်နှင့် သွေးများကို ဂရုမစိုက်ဘဲ ဆက်သောက်ကာ ပျော်မြူးနေကြသည်။ ထိုအချိန်၌ ရာထူးကြီးသော နတ်ဆိုးတစ်ကောင်က မေးလိုက်၏။
“ဗိုလ်ချုပ်၊ ဒီနေ့ အဲ့ခွေးမနဲ့ ညှိနှိုင်းပြီး ဘာလို့ စိတ်ရှုပ်ခံနေတာလဲ။ သူ့ကို ဖမ်းပြီး ဗိုလ်ချုပ်တို့ကို ခစားခိုင်းလည်းရတာကို ဘာလို့ ဒီလောက်ရှုပ်အောင်လုပ်နေတာလဲ”
“တကယ်ပဲ။ အဲ့ကောင်မလေးက တကယ်ကို တစ်ခုခုပဲ။ ပေါ့ပါးသွက်လက်ပြီး သူ့ကို စားရတာ အရမ်း ကျေနပ်ဖို့ကောင်းလောက်တယ်”
“မင်းဘာသိလို့လဲ။ ငါ သူ့ကို ခြိမ်းခြောက်တော့ သူ့စိတ်ပျက်အားငယ်နေတဲ့ မျက်လုံးတွေကို မမြင်ဘူးလား။ အဲ့တာက စိတ်ဝင်စားဖို့ကောင်းတာကွ” ရှယ့်ထျန်က ရယ်မောလိုက်သည်။
"အစ်ကိုကြီးပြောတာ မှန်ပါတယ်။ ငါတို့ ညီအကိုတွေ နောက်ဆုံးတော့ ထွက်လာဖို့ အခွင့်အရေးရပြီ။ သူတို့အပေါ် လက်မတင်ခင် ငါတို့ပျော်အောင်နေရမယ် မဟုတ်ရင် ငါတို့ရှုံးတာပေါ့” ရှယ့်မူက ပြောသည်။
ဤသည်ကိုကြားသောအခါ နတ်ဆိုးများအားလုံးက ကျယ်လောင်စွာရယ်မောလျက် ခွက်များကိုမြှောက်ကာ ကြွေးကြော်လိုက်ကြသည်။
"ဗိုလ်ချုပ်ပြောတာ လုံးဝမှန်တယ်”
ဤနတ်ဆိုးများက မူးယစ်နေချိန်၌ အနက်ရောင် ရထားတစ်စီးသည် စားသောက်ဆိုင်ရှေ့တွင် ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။
ဧည့်သည်များကို နှုတ်ဆက်သည့် အစေခံက အနားသို့ ချဥ်းကပ်လာသည်။
"တောင်းပန်ပါတယ် ဒီနေ့ စားသောက်ဆိုင်မှာ ဧည့်သည်တွေလက်မခံပါဘူး…”
သူ့စကားမဆုံးလိုက်သေးခင်တွင်…
ရထားမောင်းနှင်သူမှာ အနက်ရောင်ဆံပင်နှင့် အနက်ရောင်ဝတ်ဆင်ထားသော ရင်သပ်ရှုမောဖွယ် အမျိုးသမီးတစ်ဦးဖြစ်သောကြောင့် ဆွံ့အသွားသည်။
“ငါ့ကိုလည်းမကြိုဆိုဘူးလား” အမျိုးသမီးက ဘာသိဘာသာပြောလိုက်သည်။
အစေခံက တစ်ကိုယ်လုံး တုန်ယင်လျက် တုန်တုန်ရီရီပြော၏။
“မိန်း…မိန်းကလေး… မု”
မုချင်းဝမ်က အနည်းငယ်ခေါင်းညိတ်လိုက်ပြီးနောက် ရထားပေါ်မှ ဆင်းကာ ယခင်ကဲ့သို့ ဆူညံခြင်းမရှိတော့သော စားသောက်ဆိုင်ကို မော့ကြည့်လိုက်သည်။ အစေခံက မည်သည့်စကားမျှမပြောဘြ ဘေးတွင်ရပ်နေသော မုချင်းဝမ်ကို ခိုးကြည့်လိုက်သည်။
ယနေ့တွင် မုချင်းဝမ်သည် အနက်ရောင်ကို ၀တ်ဆင်ထား၍ သူမ၏ ရှည်လျားသောဆံပင်ကို ချည်နှောင်ထားကာ သူမ၏ကြော့ရှင်းသောလည်ပင်းကို ပေါ်လွင်စေလျက်ရှိသည်။ သူမ၏ နူးညံ့သိမ်မွေ့သော အသွင်အပြင်သည် ည၏ နောက်ခံမြင်ကွင်းနှင့် ဆန့်ကျင်စွာဖြင့် ပို၍ပင်ပေါ်လွင်နေသည်။
ကျွန်က ထိတ်လန့်လုနီးပါးဖြစ်သွားသည်။
ထိုအချိန်တွင် မုချင်းဝမ်က “အဲ့ နတ်ဆိုးစစ်သားတွေ ဘယ်မှာလဲ” ဟုခပ်တိုးတိုးမေး၏။
"သူတို့... အားလုံး ခန်းမထဲမှာ ရှိတယ်"
မုချင်းဝမ်က ခေါင်းညိတ်ပြကာ လှည့်ကြည့်လိုက်ပြီးနောက် ရထားပေါ်မှ အနက်ရောင်သေတ္တာကို ယူကာ စားသောက်ဆိုင်ဆီသို့ လျှောက်သွားလိုက်သည်။ အိမ်အစေခံသည် တံခါးဝမှ မုချင်းဝမ် ပျောက်ကွယ်သွားသည်အထိ ရူးသွပ်စွာ စောင့်ကြည့်နေပြီးမှ တစ်ခုခုကို ရုတ်တရက် သတိပြုမိကာ စားသောက်ဆိုင်ဘေးရှိ ခြံဝင်းဆီသို့ ပြေးသွားခဲ့သည်။
မုချင်းဝမ်က ခန်းမအပြင်ဝသို့ရောက်လာကာ အတွင်းမှ ထွက်လာသော အသံဗလံများကို နားထောင်ရင်း မုချင်းဝမ်သည် တံခါးကို တွန်းဖွင့်ဝင်လာပြီးမှ ခေတ္တမျှ ငြိမ်သက်သွားသည်။
သူမရောက်လာသောအခါတွင် အခန်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ နတ်ဆိုးအပေါင်းတို့သည် ပထမဦးစွာ ထိတ်လန့်တကြားကြည့်ပြီးနောက် လောဘစိတ်ပေါ်လာသည်။
ရှယ့်ထျန်က အားပါးတရပြုံးလိုက်သည်။
“ကောင်းလိုက်တာ မုချင်းဝမ် မင်း အသိဝင်လာပြီထင်တယ်”
မုချင်းဝမ်က စကားတစ်ခွန်းမှ မပြောဘဲ တည့်တည့်လျှောက်လာကာ သူမသယ်လာသော သေတ္တာကို စားပွဲပေါ်တင်၍ ဖြည်းညှင်းစွာဖွင့်လိုက်သည်။
သေတ္တာကို ဖွင့်လိုက်သည်နှင့် အခန်းတစ်ခုလုံးတွင် လရောင်များ ဖြာထွက်လာကာ အရာအားလုံးကို အလင်းဖျော့ဖျော့ ဖုံးလွှမ်းသွားသည်။
"ဒါက လရောင်ကျောက်ပဲ”
“ပြီးတော့ အဲဒါက အဆင့်အမြင့်ဆုံးလရောင်သလင်းကျောက်” နတ်ဆိုးတစ်ကောင်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
သို့သော် နတ်ဆိုးဗိုလ်ချုပ်နှစ်ယောက်ဖြစ်သည့် ရှယ့်ထျန်နှင့် ရှယ့်မူတို့သည် မုချင်းဝမ်ကို အေးတိအေးစက်ကြည့်နေကြသည်။
"ဒါဘာကိုဆိုလိုတာလဲ"
မုချင်းဝမ်က အသက်ပြင်းပြင်းရှူလျက် ခယသော လက်ဟန်ပြုကာ ပြောသည်။
"ဒီကျောက်တွေက ကျွန်မ နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့တဲ့ အရာတွေပါ။ စစ်ဗိုလ်ချုပ်နှစ်ယောက်က ကျွန်မအသက်ကို သက်ညှာပေးမယ်ဆိုရင် ဒါတွေအားလုံးကို အပိုင်ရပါလိမ့်မယ်”
လရောင်ကျောက်တွင်ပါရှိသော လ၏ စွမ်းအင်က နတ်ဆိုးမျိုးနွယ်စု၏ ကျင့်ကြံရေးတွင် အလွန်အကျိုးရှိသောကြောင့်ဖြစ်သည်။ လရောင်သလင်းကျောက်တုံးများတွင်ပါဝင်သော လ၏စွမ်းအားသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်ဖြစ်ရာ အလွန်လည်း အဖိုးတန်သည်။
ရှယ့်ထျန်က သလင်းကျောက်များကိုကြည့်၍ မုချင်းဝမ်ကို ရယ်မောကာ ပြောလိုက်သည်။
“ကြားရတာ တော်တော်ကောင်းတာပဲ”
ရှယ့်မူက အေးစက်စွာပြောလိုက်သည်။
“မင်းအတွက်တော့ ကံမကောင်းပါဘူး။ ဒီနေ့ ငါတို့ မင်းအသက်ရော ကျောက်တွေရောလိုချင်တယ်”
မုချင်းဝမ်က ဦးညွတ်လျက် နားထောင်နေရာမှ ရုတ်တရက်မော့ကြည့်လိုက်ကာ သူမ၏ မျက်လုံးများက ပြတ်သားမှုများနှင့် ပြည့်နှက်နေသည်။
သူမသည် အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားသောကြောင့် ယခုကဲ့သို့ဖြစ်ပျက်လာခြင်းကို သူမမအံ့သြမိပေ။ ထို့ကြောင် သူမ ဖုံးကွယ်ထားသော ဓားရှည်ကို ချက်ချင်းဆွဲထုတ်ကာ သူမနှင့် အနီးဆုံးနေရာရှိ ရှယ့်မူကို ထိုးချလိုက်သည်။
“မိန်းကလေး မင်းက ပိုပြီး ခုခံလေလေ ငါ ပိုပြီးစိတ်လှုပ်ရှားလေလေဆိုတာ မင်းနားမလည်ဘူလား”
သူစကားပြောနေစဉ်တွင်၊ သူ၏ခန္ဓာကိုယ်မှ အစက်အပြောက်များ ထွက်ပေါ်လာကာ မုချင်းဝမ်၏ ဓားကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ချွင်
ကျယ်လောင်သော သတ္ထုပွတ်တိုက်သံထွက်ပေါ်လာပြီးနောက် မုချင်းဝမ်၏ ဓားရှည်က သူမ၏ လက်ထဲမှ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ ထိုအချိန်တွင် ရှယ့်ထျန်က သူ၏မြွှေလျှာကို ထုတ်လိုက်ရာ ကြီးမားသော ကြိုးတစ်ချောင်းအဖြစ်ပြောင်းလဲလျက် မုချင်းဝမ်ကို တိုက်ရိုက် ဖမ်းဆုပ်လိုက်သည်။
မြွေလျှာက သူမကို ချည်နှောင်ထားပါက မုချင်းဝမ်သည် မသေနိုင် မရှင်နိုင် အခြေအနေ၌ ပိတ်မိနေရပေလိမ့်မည်။ သို့ထိတိုင် ထိုကဲ့သို့သော အခြေအနေမျိုးဖြင့် ရင်ဆိုင်နေရသည့် မုချင်းဝမ်က ခပ်ပါးပါးပြုံး၍ တည်ငြိမ်နေဆဲဖြစ်သည်။ သူမ၏ ဘယ်လက်ကို အောက်ချ၍ အင်္ကျီလက်ထဲမှ ကျလာသော ဓားမြှောင်ကို ဖမ်းကာ စားပွဲပေါ်ရှိ လရောင်ကျောက်တုံးများကို အပြင်းအထန် ဓားဖြင့် ထိုးလိုက်သည်။
၎င်းတို့က တန်ဖိုးကြီးမားလှသော်လည်း လရောင်သလင်းကျောက်တွင် အဓိက ချို့ယွင်းချက်တစ်ခုရှိသည်။ ပြင်းပြင်းထန်ထန် တုန်ခါမှုများနှင့် ကြုံရပါက အတွင်းရှိ လစွမ်းအင်များ ထိန်းမနိုင်သိမ်းမရဖြစ်ကာ ရလဒ်အနေဖြင့်…
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ပေါက်ကွဲထွက်နိုင်သည်။ ဤအရာအားလုံးက မုချင်းဝမ်၏ အစီအစဥ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ နတ်ဆိုးများကို လာဘ်ထိုးရန် ဤလရောင်သလင်းကျောက်များကို သုံးနိုင်ပါက ပိုကောင်းသည်။ မဟုတ်ပါက ၎င်းတို့အားလုံး အတူတူ ပျောက်ကွယ်သွားရပေလိမ့်မည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ သူမ ဤနတ်ဆိုးများကို လွတ်လွတ်လပ်လပ်သွားလာခွင့်မပေးနိုင်ပေ။
သို့သော် သူမ၏ လက်ထဲမှ ဓားမြှောက်က လရောင်သလင်းကျောက်များကို ထိရိုက်ခါနီးတွင် မုချင်းဝမ်သည် လည်ပင်းတစ်ဝိုက်တွင် တင်းတင်းကျပ်ကျပ်ဖြစ်နေကြောင်း ရုတ်တရက် ခံစားလိုက်ရကာ သူမမသိလိုက်မီတွင် သူမ၏ ခြေထောက်များက မြေပြင်မှ မြင့်တက်လာပြီးနောက် တစ်ချိန်တည်းတွင် ရှေ့သို့ ပြေးလာသော ရှယ့်မူက သူမကို လေထဲသို့ မြှောက်တင်လိုက်လေသည်။
"ငါတို့နဲ့အတူတူ သေဖို့စဉ်းစားနေတာလား မုချင်းဝမ် မင်း စိတ်ကူးယဥ်ဆန်လိုက်တာ" သူမက ရှုတ်ချအေးစက်စွာဖြင့် ပြောလိုက်သည်။
မုချင်းဝမ်သည် ပြင်းထန်စွာ ရုန်းကန်ခဲ့ရသော်လည်း ရှယ့်မူ၏ ဖမ်းချုပ်မှုက အလွန်ပြင်းထန်သောကြောင့် သူမ မည်မျှပင် ရုန်းကန်နေစေကာမူ မလွတ်မြောက်နိုင်ပေ။ ခဏအကြာတွင် အသက်ရှုကြပ်မှုက သူမ၏ အမြင်အာရုံကို မှုန်ဝါးသွားစေကာ မမျှော်လင့်ဘဲ သူမ၏ နှလုံးသားက စတင် ပြေလျော့လာသည်။
သူမ ဤသို့သေသွားပါက ကိစ္စက ဆိုးလှမည်မဟုတ်ပေ။ အနည်းဆုံးအနေဖြင့် သူမ၏ ဂုဏ်သိက္ခာကို ဆယ်ယူနိုင်လိမ့်မည်ဖြစ်သည်။ သို့သော် ရှယ့်မူက သူမ၏ အတွေးများကို ကြိုမြင်ကာ ရက်စက်စွာပြုံး၍ ပြောလိုက်သည်။
“သေခြင်းတရားက မင်းရဲ့ ဖြူစင်မှုကို ထိန်းထားနိုင်မယ်ထင်လား။ ငါတို့ မင်းခန္ဓာကိုယ်လေးနဲ့ အတူ ပျော်ပျော်နေမှာကွ”
ရှယ့်မူ၏ အောင်ပွဲခံ ရယ်မောသံကိုကြားသောအခါ မုချင်းဝမ်က သူမ၏ နှလုံးသားတစ်ခုလုံး ငရဲခန်းမသို့ နစ်မြုပ်သွားသည့်အလား ခံစားလိုက်ရသည်။ သူမက အစွမ်းကုန်ကြိုးစားခဲ့သော်လည်း မိမိထက် ပို၍ စွမ်းအားကြီးသော နတ်ဆိုးတစ်ကောင်နှင့် ရင်ဆိုင်ရသည်မှာ အားထုတ်ရုံဖြင့် မလုံလောက်နိုင်ပေ။
မုချင်းဝမ်သည် အသက်ရှူကျပ်ခြင်းကြောင့် တဖြည်းဖြည်း ရုန်းကန်မှု ရပ်တန့်သွားကာ သူမ၏ မျက်နှာတွင် သေခြင်းတရား၏ ထိတ်လန့်တုန်လှုပ်ဖွယ် အရိပ်အယောင်များ ပေါ်လွင်လာသည်။
အနီးအနားတွင် ထိုင်နေသော မိန်းကလေးတစ်ဦးက ရုတ်တရက်ထရပ်ကာ ဆူပွက်နေသော ဟော့ပေါ့အိုးကို ကောက်မလျက် ရှယ့်မူဆီသို့ ပစ်လိုက်သည်။
အခန်း(၆၀၈) လူအုပ်ကြီး၏ ဒေါသ
ရှယ့်မူသည် နတ်ဆိုးမျိုးနွယ်စု၏ အစွမ်းထက်သောအဖွဲ့ဝင်တစ်ဦးဖြစ်နေသော်လည်း၊ ရုတ်တရတ် မီးလောင်ဒဏ်ရာက သူ့ကို သနားစဖွယ်ကောင်းစွာ အော်ဟစ်စေသည်။ မုချင်းဝမ်ကို ဖမ်းချုပ်ထားသော လက်ကို ရုတ်တရက် ဖြေလျော့လိုက်သည်။
မုချင်းဝမ်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် သူမ၏လည်ပင်းကို အုပ်ကာ လတ်ဆတ်သောလေကို ရှူရှိုက်လိုက်သည်။
ထို့နောက် ရှယ့်မူက လှည့်ကြည့်ကာ လူသတ်ချင်စိတ် ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လျက် အော်လိုက်သည်။
“ယုတ်ညံ့တဲ့ကောင်တွေ မင်းတို့ကို တစ်ပိုင်းစီ ဆွဲစုတ်ပစ်မယ်”
ထို့နောက် ရှယ့်မူက သူမကို ခုန်အုပ်လိုက်သည်။ ဟော့ပေါ့အိုးကိုပစ်လိုက်သည့် မိန်းကလေးက ဖြူဖျော့ကာ တဆတ်ဆတ်တုန်နေသော်လည်း အံကြိတ်လျက် နောက်သို့ ဆုတ်ခြင်းမရှိပေ။
ထိုအချိန်၌ ခန်းမပြတင်းပေါက်များက ကျယ်လောင်သောအသံဖြင့်အတူ ကွဲအက်သွားကာ အနက်ရောင်အလင်းတန်းများစွာသည် ရှယ့်မူဆီသို့ ချီတက်လာသည်။ ရှယ့်မူက အံ့သြသွားပြီးနောက် လေထဲတွင် ပြင်းထန်စွာ လှိမ့်ကာ ဤအနက်ရောင်အလင်းတန်းများကို ရှောင်တိမ်းလိုက်သည်။
ထို့နောက် လေတိုးသံအချို့ကြားလိုက်ကြရကာ အလင်းတန်းများက သူ့ကို ဖြတ်လျက် သူ့နောက်ရှိ နံရံထဲသို့ စိုက်ဝင်သွားသည်။ မြှားမှီးများရှိ အမွှေးအချို့ အနည်းငယ်တုန်ခါသွားသည်။ ယင်းသည်ကား အနက်ရောင်ဒူးလေးမြှားများပင်ဖြစ်သည်။
“အဲ့က ဘယ်သူလဲ” ရှယ့်မူက မြေပေါ်သို့ ဆင်းသက်ကာ ဒေါသတကြီး အော်လိုက်သည်။
“သေစမ်း မင်းက နတ်ဆိုးမျိုးနွယ်စုက ဖြစ်တာနဲ့ အရမ်းတော်တယ်လို့ ထင်နေတာလား။ ငါ့အစားကိုစား၊ ငါ့ရေကို သောက်ပြီး ငါ့ရဲ့ သာယာမှုရိပ်မြုံက မိန်းကလေးတွေကို ဒုက္ခပေးဖို့ သတ္တိရှိတယ်ပေါ့။ ဒီနေ့ ငါ အစွမ်းရှိသလောက်နဲ့ မင်းတို့ကို တိုက်မယ်” အမျိုးသားအသံတစ်ခု ထွက်ပေါ်လာသည်။
အခန်းထဲရှိ မိန်းကလေးများအားလုံး လန့်သွားသည်။
ဒီအသံ…
ဒါ သာယာမှု ရိပ်မြု့ရဲ့ ပိုင်ရှင်အသံပဲ။
"မိန်းကလေးတွေ ဆင်းကြ!"
ထိုအမျိုးသားက ပြောလိုက်သည်နှင့် မိန်းကလေးများအားလုံး ခုန်ဆင်းလာကြသည်။ ထို့နောက် တံခါးများ၊ ပြတင်းပေါက်များ၊ နံရံများကို ဖြတ်ကျော်၍ နတ်ဆိုးများဆီသို့ အနက်ရောင်လှိုင်းလုံးကြီးကဲ့သို့ အရာကြီးချဥ်းကပ်လာရာ လေးကြိုးသံများ ထွက်ပေါ်လာသည်။ ဤမြှားများအားလုံးကို နတ်ဆိုးမျိုးနွယ်စုကို ချက်ချင်းဖျက်ဆီးနိုင်မည့် မန္တန်များဖြင့် ရောနှောထားသည်။
အပြင်ဘက်တွင် သာယာမှုရိပ်မြု့ပိုင်ရှင်က ဤအရာအားလုံးကို နာကျင်သောအမူအရာဖြင့် ကြည့်နေ၏။။
"သေစမ်းကွာ ဒီနေ့ ဆုံးရှုံးမှုတွေက ကြီးတာပဲ”
သို့သော်လည်း မလှုပ်မယှက် ထိုင်နေခဲ့သော ရှယ့်ထျန်က အေးစက်စွာ ဟစ်အော်လိုက်သည်။ သူက ပါးစပ်ကို ဖွင့်လိုက်သောအခါ အနက်ရောင်မြူခိုးတစ်ခုက ဝင်လာသော မြှားများအားလုံးကို ဖုံးအုပ်လိုက်သည်။ အနက်ရောင်မြူခိုးထဲရှိ မြှားများက လေထုထဲတွင်ရပ်တန့်သွားပြီးနောက် လျင်မြန်စွာပင် ပျော်ဝင်ပျောက်ကွယ်သွားခဲ့ရာ ထိုမြူခိုးများရှိ ပြင်းထန်သော အဆိပ်ကို ခံစားမိနိုင်သည်။
ထို့နောက် သူက ဖြည်းညှင်းစွာ ထရပ်လိုက်သည်။
"ဒီလိုလှည့်ကွက်တွေက ငါတို့ကိုဒဏ်ရာရစေမယ်လို့ မင်းတကယ်ထင်လား"
ထို့နောက်သူက အော်ဟစ်သံများနှင့် ရုန်းကန်မှုများကို လျစ်လျူရှုကာ ကောင်မလေးဆီသို့ လျှောက်လာခဲ့သည်။
"ဟဲ ဟဲ၊ မင်းတို့ ပိုးမွှားတစ်သိုက်ကို သက်ညှာပေးဖို့ စီစဥ်ထားပေမယ့် မင်းတို့က ကိုယ့်အသက်ကိုယ် မနှမျောမှတော့ ငါမင်းတို့အားလုံးကို ဖြည်းဖြည်းချင်းစားပစ်ရမယ်” ရှယ့်ထျန်က ရှည်လျားသော မြွေလျှာကြီးကို ထုတ်ကာ မိန်းကလေး၏ လည်ပင်းနှင့် ပါးများကို လျက်လျက် ပြောလိုက်သည်။
ကောင်မလေးက ထိတ်လန့်တကြား ထအော်သည်။
မြေပြင်ပေါ်တွင် ထိုင်နေသော မုချင်းဝမ်သည် ရုတ်တရက် မြေပြင်မှ ဓားမြှောင်တစ်ချောင်းကို ဆွဲယူကာ ရှယ့်ထျန်ဆီသို့ ချိန်ရွယ်လိုက်သည်။
သို့သော် သူမခုန်တက်လာပြီးသည်နှင့် သူမကို မြွှေလျှာကြီးက ဖမ်းချုပ်လိုက်ပြီးနောက် ပြင်းထန်စွာ ပစ်ပေါက်လိုက်သည်။
ဘမ်း
မုချင်းဝမ်သည် နံရံနှင့် ဆောင့်မိ၍ ပါးစပ်ထဲမှ သွေးများထွက်ကာ ဖြည်းညှင်းစွာ လျှောကျ ခဏတာ မထနိုင်ဖြစ်သွားသည်။
"ဟဲဟဲ၊ ငါ မင်းကို မေ့သွားပြီထင်နေလား။ စိတ်မပူနဲ့၊ မင်း ဒီည ဘယ်မှ လွတ်မှာ မဟုတ်ဘူး။ မင်းနဲ့ ဖြည်းဖြည်း ကစားမယ်၊ မင်း လူသားဖြစ်ရတာကို နောင်တရအောင်လုပ်ပေးမယ်!" ရှယ့်ထျန်က ရက်စက်စွာ ရယ်မောလိုက်သည်။
"အိုး ဒါပဲလား ဒါပေမယ့် ဒီည ရှင်တို့ နတ်ဆိုးတွေ ဘယ်နှစ်ယောက်လောက် ခံနိုင်ရည်ရှိလဲလို့ ကျွန်မတွေးမိတယ်"
ထို အေးစက်စက်အမျိုးသမီးတစ်ဦး၏ အသံနှင့်အတူ အမှောင်ထုထဲမှ မရေမတွက်နိုင်အောင်များပြားသော လူများ ထွက်ပေါ်လာသည်။ ဤအသံကိုကြားလိုက်ရသည်နှင့် မုချင်းဝမ်က
အားအင်အပြည့်နှင့် ခေါင်းကို လှည့်ကြည့်လိုက်သည်။
အမှန်ပင်
လူအုပ်ရှေ့တွင် အားပေါင်မှလွဲ၍ အခြားမရှိပေ။
မုချင်းဝမ်၏ လက်ရှိအခြေအနေကို မြင်လိုက်ရသဖြင့် အားပေါင်၏ မျက်လုံးများတွင် ဒေါသများ ပြင်းထန်စွာ လောင်ကျွမ်းသွားသည်။
"ရှင်တို့ လူယုတ်မာတွေ မမချင်းဝမ်ကို ရှင်တို့ဘယ်လိုလုပ်ရဲတာလဲ”
အားပေါင်၏ကျိန်ဆဲသံများနှင့်အတူ ကျန်လူအုပ်ကြီးလည်း ဒေါသတကြီးအော်ဟစ်လိုက်ကြသည်။
"အရှက်မရှိတဲ့ နတ်ဆိုး။ ဒီနေ့ ငါ မင်းကိုဆန့်ကျင်မယ်”
"ရှင် မမမုကို ဒီလိုလုပ်ရဲတာ ကောင်းကင်ဘုရင်ဖြစ်နေရင်တောင် ဒီကိစ္စအဆင်မပြေဘူး”
စုပေါင်းဒေါသအမျက်ထွက်မှုများအောက်၌ ဤနတ်ဆိုးများပင်လျှင် မျက်နှာ အမူအရာများပြောင်းသွားကြသည်။
မုချင်းဝမ်က ထိတ်လန့်စွာ မတ်တပ်ရပ်လိုက်ပြီးနောက် ထိုလူအုပ်ကိုကြည့်၍ မျက်ရည်များ စီးကျလာသည်။
လာသည့်လူများထဲတွင် အလုပ်သမားလမ်းကြားမှလူများနှင့် ဂိုဏ်းငယ်မျိုးစုံကလူများအပြင် သူမနှင့် သဘောထားကွဲလွဲလေ့ရှိသော ပြိုင်ဘက်များကိုပါ မြင်လိုက်ရသည်။
“ရှင်တို့… အားလုံးပဲ” မုချင်းဝမ်က ပြောသည်ခ
"ညီမမု ငါတို့ အချင်းချင်း ရန်ဖြစ်ရတာ အဆင်ပြေပေမယ့် မင်းကို ဒီနတ်ဆိုးတွေက ဒီလို အနိုင်ကျင့်တာကို မြင်ရဲ့သားနဲ့ ဝင်မပါရင် ငါတို့ ဘယ်လို ယောက်ျားမျိုးဖြစ်သွားမလဲ" မုချင်းဝမ်နှင့် တိုက်ခဲ့ဖူးသူက လေးလံနေသော အသံဖြင့်ပြောသည်။
"ဟုတ်တယ်၊ ငါတို့က မင်းအနိုင်ကျင့်ခံရတာကို ကြည့်မနေနိုင်ဘူး။ ညီမလေး၊ ငါတို့ အဲ့လိုမလုပ်နိုင်ဘူး" လူအများအပြား၏ အသံများ ပဲ့တင်ထပ်လာသည်။
အားပေါင်သည် အလွန်လိမ္မာပါးနပ်သော မိန်းကလေးဖြစ်သည်။ မုချင်းဝမ်အာရုံပျံ့လွင့်နေသည့် နေ့တွင် သူမ သတိပြုမိခဲ့သည်။ သို့သော်လည်း အားပေါင်သည် ထိုအချိန်တွင် သူမ၏ စိုးရိမ်မှုကို မပြဘဲ အားလုံးနှင့် ဆွေးနွေးရန် ထွက်သွားသည်အထိ စောင့်ခဲ့သည်။
နောက်ဆုံးတွင် လူတိုင်းက ယနေ့ည၌ မည်သည့်အရာများဖြစ်ဖြစ် ပါဝင်ရမည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ဤနတ်ဆိုးများနှင့် ညှိနှိုင်းခြင်းက ကောင်းကျိုးမရှိသည်ကို လူအများက နားလည်သောကြောင့်ပင်ဖြစ်သည်။ သို့သော် ညနေစောင်းတွင် အားပေါင်သည် အကြောင်းအရာများ ဆွေးနွေးရန် မုချင်းဝမ်ကို လိုက်ရှာသောအခါ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
ထိုအချိန်တွင် အားပေါင်၍ အကြံကို သိကာ နောက်မှ လိုက်ရန် လူများကို အမြန်ခေါ်လိုက်သည်။ ပထမတွင် အားပေါင်သည် အလုပ်သမားလမ်းကြားမှ လူများကို စုရုံးရန် ဆန္ဒရှိသော်လည်း သတင်းပျံ့နှံ့သွားသောအခါ လရောင်မြို့တော်တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။
အင်အားကြီးသည်ဖြစ်စေ သေးငယ်သည်ဖြစ်စေ ဂိုဏ်းခွဲတိုင်းသည် ဤနတ်ဆိုးအုပ်စုနှင့် သေသည်အထိ တိုက်ခိုက်မည်ဟု ကတိသစ္စာပြုကာ အင်အားအပြည့်ဖြင့် ထွက်လာခဲ့ကြသည်။
ထိုအချိန်တွင် အားပေါင်သည် သတ်ဖြတ် ရောင်ဝါဖြင့် ပြည့်နှက်နေသော သူမ၏ ငယ်ရွယ်နုပျိုသော မျက်နှာဖြင့် ရှေ့သို့ တိုးလာသည်။
"မမ ချင်းဝမ်ကို အခု လက်လွှဲပေးပြီး လရောင်မြို့တော်ကနေ ထွက်သွားပါ၊ မဟုတ်ရင်… ရှင်တို့ အသက်ကိုဖက်နဲ့ထုပ်ထားကြ”
သို့သော် မြွေနတ်ဆိုးနှစ်ယောက်ဖြစ်သေည ရှယ့်ထျန်နှင့် ရှယ့်မူက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကျယ်လောင်စွာရယ်မောလိုက်ကြသည်။
"စိတ်ဝင်စားဖို့ကောင်းတယ်၊ တကယ်စိတ်ဝင်စားဖို့ကောင်းတယ်။ မင်းတို့ ဒီလို အဆင့်နိမ့်တစ်သိုက်က ငါတို့အတွက် ဘာမဆိုလုပ်နိုင်မယ်လို့ မင်းတကယ်ထင်သလား။ ဒီနေ့၊ မြွေနတ်ဆိုးမျိုးနွယ်ရဲ့ စွမ်းအားကို မင်းတို့အားလုံးကို သက်ျသပြလိုက်မယ်"
ထိုသို့ပြောနေစဉ် နတ်ဆိုးနှစ်ကောင် ပတ်ပတ်လည်တွင် အလင်းရောင်များ ဖျတ်ခနဲ တောက်လောင်လာပြီး ကျယ်လောင်စွာ အော်လိုက်ကြသည်။
ဘမ်း
ခေါင်းနှစ်လုံးပါသော အနက်ရောင်မြွေကြီးသည် လူတိုင်းရှေ့တွင် ပေါ်လာသည်။
"ဟီးဟီး မင်းက ငါတို့ရဲ့ပုံစံအစစ်အမှန်ကို ပြခိုင်းတဲ့အတွက် ဒီနေ့ မင်းအသက်မရှင်တော့ဘူး”
“သတ်ကြ”
အားပေါင်သည် ကြောက်လန့်စိတ်အလျင်းမရှိဘဲ လူစုလူဝေးကို ရှေ့တန်းတင်လိုက်သည်။
မြွေခေါင်းနှစ်ကောင်သည် ပါးစပ်ကိုဖွင့်ကာ အနက်ရောင်အခိုးအငွေ့များ ထုတ်လိုက်ရာ အနည်းငယ်ထိမိသူတိုင်း ချက်ခြင်း သေလုနီးပါးဖြစ်သွားသည်။ သို့ထိတိုင် မည်သူကမျှ ကျောခိုင်းခြင်းမရှိပေ။
နတ်ဆိုးများသည်လည်း အစုလိုက်အပြုံလိုက် ချီတက်လာကြသည်။
ဤသို့ဖြင့်ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုတစ်ခု စတင်ခဲ့၏။
၎င်းတို့သည် မျိုးနွယ်စုတစ်ခုတည်းမဟုတ်သောကြောင့် ၎င်းတို့၏ တိုက်ခိုက်မှုများက သဘာဝအလျောက် သနားညှာတာမှုကင်းမဲ့လျက်ရှိသည်။ နတ်ဆိုးများသည် သန်မာသောကိုယ်ခန္ဓာနှင့် မြင့်မားသော ကျင့်ကြံရေးအဆင့်၏ အားသာချက်များ ရှိကြ၍ လူ့မျိုးနွယ်တွင်မူ အရေအတွက်သာ အားသာချက်ရှိသည်။ သို့သော်လည်း ၎င်းတို့အားလုံးက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ နတ်ဆိုးဖိနှိပ်မန္တန်များကို ကျွမ်းကျင်ကြသည်။
သို့ထိတိုင် အသေအပျောက်က ပြင်းထန်နေဆဲဖြစ်သည်။ ယင်းတို့အနက် လူသားမျိုးနွယ်စုအတွက် သေစေနိုင်စွမ်းအများဆုံးမှာ ခေါင်းနှစ်လုံးပါသော မြွေပင်ဖြစ်သည်။
သံလက်နက်များသည် ယင်းအပေါ် လုံးဝ ထိရောက်မှု မရှိသဖြင့် ၎င်း၏ အနက်ရောင် အခိုးအငွေ့ မှုတ်ထုတ်မှုသည် လူပေါင်းများစွာကို သေစေနိုင်ကာ ၎င်းတို့ကို သွေးအဖြစ်သို့ ပြောင်းလဲသွားစေနိုင်သည်။
ယခုအချိန်တွင် အားပေါင်သည် မုချင်းဝမ်ဘက်သို့သွားကာ သူ့ကို မြေပြင်ပေါ်မှ တက်လာအောင် ကူညီပေးခဲ့သည်။
"ချင်းဝမ်ညီမလေး အဆင်ပြေရဲ့လား”
မုချင်းဝမ်က ခေါင်းယမ်းလိုက်ပြီးနောက် မာနကြီးသော ခေါင်းနှစ်လုံးပါသော မြွေကို တင်းမာသောအမူအရာဖြင့် ကြည့်လိုက်သည်။
"ငါတို့ ဒီခေါင်းနှစ်လုံးမြွေကို မသတ်နိုင်ရင် ဒီနတ်ဆိုးတွေကို ငါတို့ အနိုင်ယူနိုင်မှာ မဟုတ်ဘူး”
အခန်း(၆၀၉) အရူး ကျွန်မ ရှင့်ကို ကြိုက်တယ်
အားပေါင်သည် ဤနိယာမကို သဘာဝကျကျနားလည်သော်လည်း အဓိကပြဿနာမှာ ခေါင်းနှစ်လုံးမြွေသည် အလွန်ကြောက်မက်ဖွယ်ကောင်းသဖြင့် သာမန်လူများက ၎င်းနားသို့ကပ်ရန် မဖြစ်နိုင်ပေ။
"မမချင်းဝမ် ဒီကနေ အရင်ထွက်ရအောင်၊ ဒီထက်ပိုကြာကြာအချိန်ဆွဲလေ အသေအပျောက်ပိုများလေလေပဲ” အားပေါင်က လေးလေးနက်နက်ပြောပြီးနောက် မုချင်းဝမ်ထွက်နိုင်ရန် ကူညီပေးသည်။
ထိုအချိန်တွင် မြွေ၏ဦးခေါင်းက တစ်ချက်လှည့်၍ ၎င်းတို့နှစ်ဦးကို ပြုံးပြလိုက်သည်။
"ထွက်သွားချင်တာလား။ လွယ်တော့မလွယ်ဘူး။ ဒီနေ့ မင်းမိန်းမချောလေးနှစ်ယောက်နဲ့ ငါနဲ့အိပ်ကို အိပ်ရမယ်!"
ဤသို့ပြောပြီးနောက် ပါးစပ်ကိုဖွင့်ကာ ရှည်လျားသွယ်လျသောလျှာကို ထုတ်လျက် မုချင်းဝမ်နှင့် အားပေါင်ဆီသို့ ချိန်လိုက်သည်။
မုချင်းဝမ်သည် သူမ၏ တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးခဲ့ပြီဖြစ်၍ အားပေါင်သည် သူမရှေ့သို့ လှမ်းလာကာ ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နေသော အမူအရာဖြင့် ကာလိုက်သည်။
မြွေ၏ လျှာချဉ်းကပ်လာသောအခါ အားပေါင်သည် သူမ၏လက်ထဲမှ ဓားကို လျင်မြန်စွာရွေ့လျားကာ ရှေ့သို့ မြှောက်လိုက်သည်။ မြွေ၏လျှာက ရှောင်ရန်အချိန်မရှိသဖြင့် ဓားဖြင့် ထက်ဝက်ပိုင်းခံလိုက်ရသည်။
သွေးညှီနံ့များက မြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ခေါင်းနှစ်လုံးပါသော မြွေကြီးက နာကျင်စွာ အော်ဟင်ငိုကြွေးနေ၏။
“လူယုတ်မာတွေ မင်းတို့ရဲ့ အရိုးတွေကို တစ်ချောင်းပြီးတစ်ချောင်း ချိုးပစ်လိုက်မယ်”
ထိုစကားနှင့်အတူ မြွေ၏လျှာက ယခုအခါ ကြိုးနှစ်ချောင်းကဲ့သို့ ခွဲထွက်၍ ၎င်းတို့နှစ်ဦးကို ဖမ်းရန် ကြိုးပမ်းနေသည်။ အားပေါင်သည် မုချင်းဝမ်ထံမှ သူမ၏ဓားပညာကို သင်ယူခဲ့ခြင်းဖြစ်ရာ ကြောက်မက်ဖွယ်ကောင်းသော ခေါင်းနှစ်လုံးမြွေကို ရင်ဆိုင်ရသောအခါတွင်မူ အထင်ကြီးဖွယ်မကောင်းလှပေ။
ယခင်ဓားဖြင့်တိုက်ခိုက်မှု၌ အောင်မြင်မှုသည် ခေါင်းနှစ်လုံးပါသော မြွေ၏ သတိမဲ့မှုကြောင့် သက်သက်ဖြစ်သည်။ မဟုတ်လျှင် ထိရောက်မည်မဟုတ်ပေ။
ယခု လျှာနှစ်ချောင်းက ဝိုင်းရံထားသော်လည်း အားပေါင်သည် ၎င်းတို့ကို ခုခံရန် ရုန်းကန်နေရသည့်တိုင် သူမ၏ အားထုတ်မှုမှာ မလုံလောက်သေးပေ။
ထို့အပြင် သူမနောက်တွင်ရှိနေသည့် မုချင်းဝမ်ကိုကာကွယ်ရန် လိုအပ်သဖြင့် အခြေအနေပိုမိုဆိုးရွားလာသည်။
မုချင်းဝမ်က ပျော့ညံ့စွာ မတ်တပ်ရပ်လျက် ပြောလိုက်သည်။
"အားပေါင် ငါ့အတွက် စိတ်မပူပါနဲ့ သွားတော့”
"ညီမလေးမသွားဘူး”
"ဒါပေမယ့် မင်းဒီမှာနေမယ်ဆိုရင် ငါတို့နှစ်ယောက်အတူတူသေလိမ့်မယ်”
မုချင်းဝမ်သည် သူမစုဆောင်းနိုင်သမျှ ခွန်အားအပြည့်ဖြင့် အော်ဟစ်ကာ အားပေါင်ကို ထွက်သွားရန် စည်းရုံးသည်။
အားပေါင်က ခေါင်းခါပြလိုက်၏။ “သေရင်လည်းသေပေါ့ ကြောက်စရာရှိလို့လား။ အားပေါင်က ဒီတစ်သက်မှာ မမချင်းဝမ်ကို ဘယ်တော့မှထားခဲ့မှာမဟုတ်ဘူးလို့ ပြောဖူးတယ်လေ”
အားပေါင်၏စကားများကြောင့် မုချင်းဝမ်အံ့အားသင့်သွားကာ တိုက်ပွဲကို အပြင်းအထန်တိုက်ခိုက်နေသော အားပေါင်၏သွယ်လျသော ကျောပြင်ကို ခံစားချက်များ ရောထွေးစွာဖြင့် စိုက်ကြည့်နေခဲ့သည်။
လွန်ခဲ့သည့် ဆယ်နှစ်က မုချင်းဝမ်က အားပေါင်ကို ပထမဆုံး မြင်သောအခါက သူမသည် ခေါင်းပေါ်တွင် တံဆိပ်တစ်ခု ချိတ်ဆွဲလျက် စုတ်ပြတ်သတ်နေသော ၀တ်စုံကို ၀တ်ဆင်ထားကာ ဈေးထောင့်တွင် တစ်ယောက်တည်း တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေသည်။
အခြားကလေးငယ်များသည် လူကုန်ကူးသူများနှင့်အတူ စားသောက်ကြသည်။ သူမသည် တိတ်တိတ်ဆိတ်ဆိတ်သာ ၎င်းတို့ကို ကြည့်နေခဲ့သည်။
သူမသည် သေခါနီး အသက်ကြီးသူတစ်ဦးကဲ့သို့ ငြိမ်သက်၍ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်ပုံပေါ်သည်။ ထိုအချိန်က သူမသည် ငါးနှစ် ခြောက်နှစ်သာရှိသေးသော်လည်း သူမ၏ သေးငယ်သောအရွယ်ကြောင့် နှစ်နှစ်သုံးနှစ်အရွယ် ကလေးတစ်ယောက်ကဲ့သို့ထင်ရသည်။
သူမက ဘယ်သောအခါမှ မရယ် သို့မဟုတ် မငိုသဖြင့် လူကုန်ကူးသူများသည် သူမအား အရူးဟု ထင်ခဲ့ကြသည်။ အကြောင်းတစ်ခုခုကြောင့် အားပေါင်နှင့် အကြည့်ချင်းဆုံကာ မုချင်းဝမ်က သူမကိုဝယ်ရန် တွန့်ဆုတ်မနေခဲ့ပေ။
ထို့အပြင် ပိုက်ဆံတောင်းသည့် လူကုန်ကူးသူကမူ ဤသို့ကလေးမျိုး ဝယ်ယူပြီးမှ သေဆုံးသွားပါက သူ့တွင် တာဝန်ရှိမည်မဟုတ်ဟု ပြုံးပြုံးရွှင်ရွှင် ပြောခဲ့သည်။
ထိုသူ၏ စကားများက သူသည် ကုန်ပစ္စည်းတစ်ခုအကြောင်း ဆွေးနွေးနေပုံထင်ရ၏။ မုချင်းဝမ်က မတုံ့ပြန်သော်လည်း အားပေါင်ကို လှမ်းခေါ်ကာ ထွက်သွားသည်။
ထိုညတွင် လူကုန်ကူးသည့် ဈေးသည် ကြီးစွာသော မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကလေးတစ်ဦးကိုမျှ မထိခိုက်စေဘဲ လူကုန်ကူးသူ အားလုံးကို ထူးထူးခြားခြား လောင်ကျွမ်းစေခဲ့သည်။ ထိုအချိန်မှစ၍ အားပေါင်သည် မုချင်းဝမ်၏နောက်သို့ လိုက်သွားခဲ့သည်။
ပထမနှစ်တွင် အားပေါင်သည် စကားမပြောသေးသော်လည်း မုချင်းဝမ်၏နောက်မှ တိတ်တဆိတ် လိုက်ကြည့်ခဲ့သည်။ ထိုအချိန်တွင် လူအများက သူမသည် ဆွံ့အသူ သို့မဟုတ် အရူးဟု ထင်ကာ မုချင်းဝမ်ကို စွန့်ပစ်ရန်ပင် အကြံပေးခဲ့သည်။
မုချင်းဝမ်က ဘယ်သောအခါကမှ စွန့်ပစ်ရန် သဘောမတူပေ။
အချိန်ကြာလာသည်နှင့်အမျှ မုချင်းဝမ်၏စောင့်ရှောက်မှုအောက်တွင်၊ ကလေးမလေးသည် တဖြည်းဖြည်းကြီးပြင်းလာ၍ နောက်ဆုံးတွင် ရွှင်လန်းတက်ကြွသောကိုယ်ရည်ကိုယ်သွေးရှိသော မိန်းမပျိုတစ်ဦးဖြစ်လာသည်။
သို့သော်အမြဲတစေ ရွှင်မြူးနေပုံရသော အားပေါင်သည် ညဘက်တွင် ငိုယိုကာ နိုးလာသည်ကို မုချင်းဝမ်သာသိသည်။
မုချင်းဝမ်က သူမကို မလိုချင်တော့လျှင်ပင် တစ်သက်လုံး သူမကို ထားခဲ့မည်မဟုတ်ဟု တကယ်ပြောခဲ့သညါ။
ထိုစကားကို သူမပြောသောအခါ အားပေါင်က ဝမ်းသာအားရ ပြုံးပြသော်လည်း မုချင်းဝမ်သည် သူမ၏ မျက်လုံးများတွင် မျက်ရည်များကို မြင်လိုက်ရသည်။
ယနေ့သူ့ကတိကို ဖြည့်ဆည်းပေးနေသည့် ဤသနားဖွယ် ကောင်မလေးကို ကြည့်နေမိ၏။
အားပေါင်၏ဓားက ကြီးမားသော အက်ကွဲကြောင်းများ ရရှိထားပြီးဖြစ်ရာ သူမ၏ ခန္ဓာကိုယ်သည်လည်း များစွာသော ဒဏ်ရာများဖြင့် သွေးသံတရဲရဲဖြစ်နေသည်။ သို့သော် အားပေါင်က တုန်ရီနေသော လက်နှစ်ဖက်ကို ဓားပေါ်တွင်တင်ကာ အမောတကောအသက်ရှုလျက် ခေါင်းနှစ်လုံးမြွေကိုစိုက်ကြည့်နေသည်။
“ဟေး ဟေး တော်တော် ခေါင်းမာတဲ့ မိန်းကလေးပဲ။ ဟုတ်ပြီ ငါတို့ မင်းနဲ့ ကစားတာ လုံလောက်ပြီ ငါ့ရှေ့မှာ ဒူးထောက်စမ်း”
ခေါင်းနှလုံးမြေက အားပေါင်နှင့် စကားနေရာမှ ယခုတွင်မူ စိတ်မရှည်ဖြစ်လာသည်။ နှစ်ပိုင်းခြမ်းခံလိုက်ရသော လျှာက ယခုအခါတွင် ချက်ချင်းပြန်လည်း ပေါင်းစည်းပြီးဖြစ်ကာ အားပြင်းသောအရှိန်ဖြင့် ဝှေ့ယမ်းလိုက်၏။ ထိုတိုက်ခိုက်မှုနှင့် ထိမှန်ပါက အားပေါင်သည် အနည်းဆုံး အရိုးနှင့် အရွတ်များ ကျိုးကြေသွားနိုင်သည်။
အခြားသူများကမူ နတ်ဆိုးများနှင့် တင်းတင်းကျပ်ကျပ် ချုပ်နှောင်ခံထားရသောကြောင့် အချိန်မီမလှုပ်ရှားနိုင််ကြပေ။ အားပေါင်က တုန်တုန်ယင်ယင်ဖြင့် လက်ထဲမှ ဓားကိုမြှောက်လိုက်သည်။
သို့သော် ထိုအချိန်တွင် နှင်းကျပြီးနောက် ကောင်းကင်ကဲ့သို့ ကြည်လင်သော ဓားအလင်းတန်းသည် အပြင်ဘက်မှ ထွက်ပေါ်လာသည်။
၎င်း၏လမ်းတစ်လျှောက်ရှိ နတ်ဆိုးများသည် တုံ့ပြန်ရန် အခွင့်အရေးပင်မရကြပဲ ဓားအလင်းအောက်၌ ထက်ဝက်ပိုင်းခံလိုက်ကြရသည်။
ခေါင်းနှစ်လုံးပါသော မြွေ ရှောင်တိမ်းခါနီးတွင် ဓားအလင်းရောက်လာသည်။ ဓားနှင့်လှံများကိုခံနိုင်ရည်ရှိသောမြွေ၏ကြောက်မက်ဖွယ်ကိုယ်ခန္ဓာသည် ဤဓားအလင်းနှင့် ရင်ဆိုင်ရသောအခါ အသတ်ခံရရန် စောင့်နေသော သိုးသငယ်တစ်ကောင်နှင့်ထူးမခြားနားပင်ဖြစ်သည်။
ဦးခေါင်းကို လှီးဖြတ်ခံရပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ဓားအလင်းထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခံစားချက်ကင်းမဲ့သောအမူအရာဖြင့် မြေခွေးမျိုးနွယ်စုမှယောက်ျားတစ်ယောက် မတ်တပ်ရပ်နေသည်ကိုမြင်လိုက်ကြရသည်။
‘အဲ့တာ ဟူရွှယ်ရှပဲ’
မုချင်းဝမ်က နှလုံးသားထဲတွင် ပျော်ရွှင်မှုကို အားရဝမ်းသာခံစားလိုက်ရသည်။
ထိုစဥ် အပြင်ဘက်မှ ပျင်းရိသော အသံတစ်ခု ထွက်ပေါ်လာသည်။
"အေးကွာ၊ ငါသွားနေတာ ရက်အနည်းငယ်ပဲရှိသေးတယ်၊ မင်းတို့ နတ်ဆိုးတွေက ပြဿနာရှာရဲသလား”
ထိုသို့ပြောလျက် ဟူယွဲ့က ဖြည်းညှင်းစွာဝင်လာကာ အားပေါင်နှင့် မုချင်းဝမ်ကို ပါးနပ်စွာ ပြုံးပြသည်။
"ကံကောင်းလိုက်တာ၊ ငါသိပ်နောက်မကျဘူး”
ထိုအချိန်တွင် ခေါင်းတစ်လုံးသာကျန်ရှိတော့သည့် ခေါင်းနှစ်လုံးမြွေက ဒေါသတကြီးအော်လိုက်သည်။
“မင်းကဘယ်သူလဲ”
ဟူယွဲ့က အနည်းငယ် ပြုံးလိုက်၏။
“ငါ့ မျိုးရိုးနာမည်က ဖေဖေ၊ မင်း ငါ့ကို ဖေဖေ လို့ ခေါ်လို့ရတယ်"
"ဖေဖေ ဖေဖေဟုတ်လား" ခေါင်းနှစ်လုံးရှိ မြွေသည် ခဏတာ အံ့အားသင့်သွားပြီးနောက်မှ ဟူယွဲ့က ၎င်းကို အခွင့်ကောင်းယူနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။
"မင်းကိုသတ်ပစ်မယ်”
၎င်းက ရှေ့သို့ ချီတက်လာသောအခါ
ဟူယွဲ့သည် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ အမိန့်ပေးလိုက်သည်။
"သတ်ပစ်လိုက်”
ဟူရွှယ်ရှသည် အမိန့်ကိုကြားပြီးနောက် ရှေ့သို့ တိုးကာ ဓားဖြင့် ထိုးလိုက်သည်။
ဖွီး
ခေါင်းနှစ်လုံးပါသော မြွေ၏ဦးခေါင်းကို ဓားအလင်းက တိုက်ရိုက်ထွင်းဖောက်သွားသည်။ ခေါင်းနှစ်လုံးပါသော မြွေကြီး သေဆုံးသွားသဖြင့် လူတိုင်း သက်ပြင်းချနိုင်ခဲ့ကြသည်။
သို့သော် ထိုအချိန်တွင် မြေပြင်ပေါ်တွင် ဖြတ်ခံထားရသော မြွေခေါင်းက ရုတ်တရက် ပေါက်ထွက်လာကာ အနီးကပ်ဆုံးနေရာရှိ အားပေါင်၏ ခြေသလုံးကို ကိုက်လိုက်သည်။
ဤမြင်ကွင်းက အခန်းထဲက လူတိုင်းကို ထိတ်လန့်သွားစေသည်။ အားပေါင်၏ မျက်နှာက ဖြစ်ပျက်သွားသမျှကို သတိမထားမိသကဲ့သို့ စိတ်ရှုပ်နေသည်။
ဟူယွဲ့က ပထမဆုံး တုံ့ပြန်ခဲ့ကာ ဒေါသတကြီး အော်လိုက်၏။
“ရွှယ်ရှ”
ဟူရွှယ်ရှ၏ဓားအလင်းက ချက်ခြင်းထွက်လာကာ မြွေခေါင်းကို ဖုန်မှုန့်များဖြင့် ဖောက်ခွဲပစ်လိုက်သည်။
ထို့နောက် ဟူယွဲ့သည် ရှေ့သို့ ပြေးသွားပြီး ဖြည်းညှင်းစွာ နောက်ပြန်ကျသွားသော အားပေါင်ကို ဖမ်းလိုက်သည်။
အားပေါင်၏ မျက်နှာထက်တွင် အစိမ်းရောင်အငွေ့အသက်များက မြင်သာသော အတိုင်းအတာဖြင့် တဖြည်းဖြည်းပေါ်လာသည်။ သူမက ဟူယွဲ့၏လက်ထဲသို့ရောက်သွားသည်နှင့် ရေရွတ်လိုက်၏။
"ဘာလို့ အရာအားလုံး မှောင်မိုက်သွားရတာလဲ"
"ဘာမှမဟုတ်ပါဘူး! ဘာမှမဟုတ်ပါဘူး၊ အခန်းထဲက ဖယောင်းတိုင်တွေ အကုန်ကုန်သွားတာ” ဟူယွဲ့၏ အသံက တုန်ယင်နေသည်။
“ရှင်… ကျွန်မကို ကိုင်ထားတာလား” အားပေါင်က အသက်ရှုကြပ်လာသဖြင့် ခပ်တိုးတိုးသာပြောသည်။
တစ်ကိုယ်လုံး တုန်ယင်နေသော ဟူယွဲ့က ဟူရွှယ်ရှကို လှမ်းအော်လုကိ်သည်။
“မြန်မြန် အဆိပ်ဖြေဆေးထုတ်ခဲ့”
ဟူရွှယ်ရှသည် သူ့ရင်ခွင်မှ ပုလင်းငယ်လေးကို အမြန်ထုတ်ယူကာ ဟူယွဲ့ကို ပေးလိုက်သည်။
ဟူယွဲ့က ဆေးတိုက်တော့မည့်အချိန်၌ အားပေါင်က ပြော၏။
“ကျွန်မကို တင်းတင်းကြပ်ကြပ် ကိုင်ထားပေးပါ… ကျွန်မ အရမ်းအေးနေပြီ”
ဤသို့ပြောနေစဥ်တွင် အားပေါင်၏ မျက်လုံးများမှ အလင်းရောင်က လျင်မြန်စွာမှိန်သွားသည်။ ဟူယွဲ့က ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူ့လက်ထဲက ပုလင်းပြုတ်ကို ပစ်ချကာ အားပေါင်ကို တိတ်တဆိတ် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
"ကောင်းလိုက်တာ အရင်ကကျွန်မကို ဒီလိုမျိုး ဘယ်သူမှ မကိုင်ဖူးဘူး"
အားပေါင်သည် သူမ၏ ခန္ဓာကိုယ် တဖြည်းဖြည်း အေးစက်လာသည်နှင့်အမျှ ခပ်တိုးတိုးပြောသည်။
အနှစ်တစ်ထောင်ကို ကြံ့ကြံ့ခံပြီးသည့် ဟူယွဲ့သည် ဘယ်သောအခါမှ မျက်ရည်ကျမည်မဟုတ်ဟုထင်ခဲ့သော်လည်း ဤအချိန်တွင်မူ နှာခေါင်းတရှုံ့ရှုံ့နှင့်သာ အသက်ပြင်းပြင်းရှုလျက် ပြောလိုက်သည်။
"ရပါတယ် မင်းကြိုက်ရင် ကိုမင်းကို နေ့တိုင်း ဒီလိုကိုင်ထားပေးမယ်”
အားပေါင်၏ နှုတ်ခမ်းများက ပြုံးပြရန် ကြိုးစားရင်းဖြင့် ကွေးညွတ်သွားသော်လည်း သူမတွင် ခွန်အားမရှိတော့သဖြင့် တိုးညှင်းစွာသာပြောလိုက်သည်။
“မမချင်းဝမ် ညီမလေးတောင်းပန်ပါတယ်။ ညီမလေး မမနဲ့ ဆက်ပြီး အတူတူမလိုက်နိုင်တော့ဘူး”
မုချင်းဝမ်သည် သူမမျက်ရည်များကြောင့် စကားမပြောနိုင်သည်မှာ ကြာပြီဖြစ်သည်။
ထို့နောက် အားပေါင်သည် ရှိသမျှသော ခွန်အားကို သုံးကာ လက်ကို မ၍ ဟူယွဲ့၏ ပါးပြင်ကို ထိရန် ကြိုးစားခဲ့ရာ ဟူယွဲ့က သူမ၏အားအင်ကုန်ခမ်းနေသော လက်ကလေးကို ဖမ်းဆွဲ၍ သူ့ပါးပြင်သို့ တင်လိုက်သည်။
“အရူး..ကျွန်မ”
စကားမဆုံးခင်တွင် အားပေါင်၏ မျက်လုံးထဲမှ နောက်ဆုံးအလင်းတန်းများ မှေးမှိန်သွားကာ သူမ၏ စကားများကို အဆုံးမသတ်နိုင်ခဲ့ပေ။
“ကျွန်မ ရှင့်ကို ကြိုက်တယ်”
ဟူယွဲ့သည် အားပေါင်ကို ငြိမ်သက်စွာ ဆုပ်ကိုင်ထားကာ ခံစားချက်ကင်းမဲ့နေသည်။ အခန်းက ရုတ်တရက် တိတ်ဆိတ်သွားသည်။ နတ်ဆိုးများစွာသည် မကြုံဖူးသော အလွန်ပြင်းထန်သော ရောင်ဝါကို ခံစားမိသောကြောင့် တုန်လှုပ်လာသည်။
ဘမ်း
တိုးညှင်းသောအသံနှင့်အတူ နတ်ဆိုးတစ်ကောင်သည် သွေးအခိုးအငွေ့များအဖြစ် တိမ်တိုက်ထဲသို့ ပေါက်ကွဲသွားသည်။
ထို့နောက်တွင်၊ ဤနတ်ဆိုးများသည် မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲလာသည်။ ဟူယွဲ့ဆီမှ ကောင်းကင်နှင့်မြေကြီးကို ပြောင်းလဲပေးနိုင်သည့် အလွန်အစွမ်းထက်သော ရောင်ဝါတစ်ခုဖြာထွက်လာသည်။
ဟူရွှယ်ရှ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားကာ ချက်ချင်းဒူးထောက်လိုက်သည်။
“အရှင်ပြန်လာတာကို ကြိုဆိုပါတယ်”
အားပေါင်ကို ဆုပ်ကိုင်ထားသော ဟူယွဲ့သည် ဖြည်းညှင်းစွာ မတ်တတ်ထလိုက်သည်။ သူ၏မျက်နှာက ဝမ်းနည်းခြင်း နှင့် ရွှင်လန်းမှုတို့ကို အနည်းအကျဥ်းမျှ ပြသခြင်းမရှိပေ။
“ဒီနတ်ဆိုးမျိုးနွယ်စု ဆက်ပြီး တည်ရှိခွင့်မရှိတော့ဘူး”