အခန်း (၆၁၀-၆၁၂)
Vol. 41 Ch. 610-612
အခန်း(၆၁၀) ဒီနေ့ မင်းတို့အားလုံး ငါ့အဖိုးတန်လေးနဲ့အတူ သင်္ချီုင်းမှာ အဖော်သွားလုပ်ရမယ်
တစ်ချိန်က ဟူရွှယ်ရှတာဝန်ထမ်းဆောင်ခဲ့ဖူးသော လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းက သူ့ထံ မက်ဆေ့ခ်ျပို့ထားသောကြောင့် ဟူယွဲ့ ပြန်လာခဲ့ခြင်းဖြစ်သည်။
လရောင်မြို့တော်တွင် ပုံမှန်မဟုတ်သော အပြောင်းအလဲတစ်ခု ရှိလိမ့်မည်။ ဤလုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းသည် နတ်ဆိုးမျိုးနွယ်စုတောင်တန်းတစ်လျှောက်တွင် အေးဂျင့်များရှိသဖြင့် အထူးအသိပေးခံရသည်။
ထို့ကြောင့် သူသတင်းကိုလက်ခံရရှိသည်နှင့် တပြိုင်နက် ဟူယွဲ့က ချက်ချင်းပြန်လာရန် ဆုံးဖြတ်ချက်ကို အမြန်ချလိုက်သည်။
သူက အချိန်မီပြန်လာခဲ့သည်။
သို့သော် ဤကဲ့သို့သော အခြေအနေမျိုးတွင် အဆုံးသတ်ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူက သူ့လက်နှစ်ဖက်ကိုကိုင်လျက် နက်ရှိုင်းစွာ အိပ်မောကျနေသည်ထင်ရသော အားပေါင်အား ကြည့်၍ နာကျင်မှုနှင့် အပြစ်တင်စိတ်များက ဟူယွဲ့၏ မျက်လုံးများတွင် တောက်ပလာသည်။
ဤထူးခြားသောမိန်းကလေးသည် နောက်ဆုံးတွင် သူ၏ရင်ခွင်ထဲတွင် သေဆုံးသွားခဲ့သည်။ သူမ၏ နောက်ဆုံးစကားအဆုံးသတ်ရန် အခွင့်အရေးပင်မရှိခဲ့ပေ။
ဤသို့ သူတွေးလိုက်သည့်အခါတိုင်း ဟူယွဲ့၏ နှလုံးသားက ကြေမွသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ဆီမှ ထွက်ပေါ်လာသော ရောင်ဝါသည် ပိုမိုအားကောင်းလာကာ သူ့ပတ်ဝန်းကျင်တွင် အကာအကွယ်နှင့်တူသော ဖြစ်တည်မှုတစ်ခုကိုပင် ဖန်တီးထား၏။
ဤအကာအကွယ်အတွင်း အပူချိန်သည် အေးခဲနေ၍ မည်သည့်အရာဝတ္တုမှ မနီးကပ်လာစေရန် တားဆီးထားသည်။ ဤအပူချိန်ထက် ဟူယွဲ့၏ အကြည့်က ပိုအေးနေသည်။ အနည်းဆုံး မုချင်းဝမ်သည် ဟူယွဲ့ကို ဤသို့အမူအရာမျိုးဖြင့် တစ်ခါမှမမြင်ဖူးခဲ့ပေ။
ဟူရွှယ်ရှက ပို၍ တုန်လှုပ်လာသည်။
ဖြစ်ပျက်နေသမျှကို သူသာ နားလည်သည်။၊
ယခင်က ရောက်လာခဲ့သည့်ရောင်ဝါသည် ဟူယွဲ့၏ကိုယ်ပွားတစ်ခုမှလွဲ၍ အခြားမဟုတ်ပေ။ သို့သော် လက်ရှိအခြေအနေကို သုံးသပ်ကြည့်ပါက မူလစွမ်းအင်များ ပြန်လည်ပေါ်လာသကဲ့သို့ဖြစ်၏။
ဟူယွဲ့အခန်းထဲမှ ထွက်လာပြီးနောက် ညကောင်းကင်ကို မျှော်ကြည့်လိုက်သည်။
“ရွှယ်ရှ”
"ရှိပါတယ်”
"ဒီနေရာကို စောင့်ရှောက်ထား”
"နားလည်ပါပြီ”
"ငါ အားပေါင်အတွက် လက်စားချေမယ်”
ထိုသို့ပြောပြီးနောက် ဟူယွဲ့သည် ကောင်းကင်သို့ပျံတက်သွားကာ မျက်စိတစ်မှိတ်အတွင်း မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားခဲ့သည်။
ဤအရှိန်အဟုန်က လူတိုင်းကို ထိတ်လန့်စေသည်။
ဟူရွှယ်ရှ၏ မျက်လုံးများတွင်သာ စိုးရိမ်သောက မှိန်ဖျော့ဖျော့ဖျော့ ထွက်ပေါ်လာသည်။
အထူးသဖြင့် ဟူယွဲ့၏ မူလဝိညာဏ်သည် ဤလောက၏ စည်းမျဉ်းများဖြင့် ချုပ်ကိုင်ထား၍မရနိုင်လောက်အောင် အစွမ်းထက်လွန်းသည်ကို သူကောင်းစွာသိထားသည်။ အထူးသဖြင့် ၎င်း၏ ကျင့်ကြံရေးအဆင့်ကို အသုံးပြုသည့်အခါတွင် ကောင်းကင်ဘုံရှိ တာအို နိယာမများကို ဆန့်ကျင်မိစေလိမ့်မည်ဖြစ်သည်။
အကျိုးဆက်အနေဖြင့် ဟူယွဲ့၏ကိုယ်ပွားက အချိန်မတန်မီပျက်ဆီးခြင်း ဖြစ်နိုင်သည်။
ဟူရွှယ်ရှစိုးရိမ်နေချိန် ဟူယွဲ့သည် သူ့ပတ်ဝန်းကျင်ကမ္ဘာ၏ရန်ငြိုးကို ခံစားနေပြီဖြစ်သည်။
သို့သော် သူ ဂရုမစိုက်ပေ။ နောက်ဆုံးတွင် ယင်းက ကိုယ်ပွါးတစ်ခုသာဖြစ်၍ သူ ဂရုမစိုက်ပေ။ ကံကြမ္မာကစားပွဲကစားနေသည့် ဤကမ္ဘာကြီးကြောင့်သာမဟုတ်လျှင်
ပေါင်အာကွယ်လွန်ချိန်တွင် သူ့ပုံစံအတိုင်းပင် ဆင်းသက်လာနိုင်သည်။
ထိုအချိန်တွင် ကောင်းကင်တာအိုဟုခေါ်သောအရာပင် သူ့လက်ချောင်းတစ်ချောင်းအောက်၌ ကွဲသွားပေလိမ့်မည်။
လက်တစ်ဆုပ်တည်းဖြင့် ဤကမ္ဘာကြီးကိုပင် ချေမှုန်းပစ်လိုက်နိုင်သည်။
“ပေါင်အာ စိတ်မပူပါနဲ့၊ မင်းကိုသတ်ခဲ့တဲ့ နတ်ဆိုးတွေထဲက တစ်ယောက်မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။"
လရောင်မြို့တော်မှ ကီလိုမီတာ ငါးထောင်ခန့်အကွာတွင် ခံ့ညားထည်ဝါသော မြို့တစ်မြို့ တည်ရှိနေသည်။
ဤမြို့သည် လရောင်မြို့တော်ကို ကြီးကြပ်သော အဓိကမြို့ဖြစ်သည်။
ထိုအချိန်၌ တပ်မှူးအိမ်ကြီးတွင် ဧည့်ခံပွဲကျင်းပသည်။
အိမ်ကြီးတွင် ရယ်မောပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ အဆင့်မြင့် နဆ်ဆိုးများသည် လူသားအသွင်သဏ္ဌာန်အသွင်ပြောင်းကာ တန်ဖိုးကြီးသောအဝတ်များကို ၀တ်ဆင်လျက် အချင်းချင်း တိတ်တဆိတ် စကားစမြည်ပြောဆိုနေကြသည်။
ဤသည်မှာ သူတို့၏နေ့စဉ်ဘ၀တွင် ပုံမှန်ဖြစ်လာခဲ့သည်။
နတ်ဆိုးများကြားမှ ရာထူးကြီးသူတို့သည် နေ့တိုင်း မူးယစ်သောက်စားလျက် နေထိုင်ကြရာ မည်သည့်လုပ်စရာရယ်မျှမရှိပေ။ ပင်မထိုင်ခုံတွင် တပ်မှုးချုပ်သည် ထိုင်လျက် မြို့၏အဆင့်မြင့်အရာရှိများစွာနှင့် လက်ဖက်ရည်သောက်နေသည်။
မိုင်ထောင်သောင်းချီသော တောင်တန်းများကို အုပ်စိုးသော တပ်မှုးချုပ်သည် လက်ရှိအချိန်တွင် အလွန် ကျေနပ်အားရနေသည်။ သူသည် တောမြွေမှ အသွင်ပြောင်းကာ နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့သည်။ သူ၏ ကျင့်ကြံမှုအဆင့်သည် အလွန်လေးနက်သောကြောင့် ဂုဏ်ကျက်သရေရှိသော နတ်ဆိုးခေါင်းဆောင်က သူ့ကို အလွန်တန်ဖိုးထားခဲ့ကာ အရာရာကို တာဝန်ယူစေခဲ့သည်။
"တပ်မှူးချုပ် ဗိုလ်ချုပ် ရှယ့်ထျန်နဲ့ ရှယ့်မူကို ဘာလို့မတွေ့တာလဲ" ဝက်ဝံနက်ဗိုလ်ချုပ်က ဖားလျားသောအပြုံးဖြင့် မေးသည်။
"အာ လရောင်မြို့မှာ ကိစ္စတချို့ ကိုင်တွယ်ဖို့ သူတို့ကို စေလွှတ်လိုက်တာ” သူက ပြန်ပြောသည်။
"လရောင်မြို့၊ တောင်တန်းတွေကြားက မြို့ငယ်လေးလား" နတ်ဆိုးမျိုးနွယ်စုဝင်တစ်ယောက်က အံ့ဩတကြီးမေးသည်။
“အင်း” မြွေတပ်မှုးချုပ်က ခေါင်းညိတ်သည်။
"အဲ့မှာ ဘာများဖြစ်လို့လဲ လရောင်ကျောက်ရဲ့ သွေးကြောအသစ်တစ်ခုကို ရှာတွေ့လို့လား"
ဤအကြောင်းပြောသောအခါတွင် နတ်ဆိုးမျိုးနွယ်စုအဖွဲ့ဝင်များစွာ၏ မျက်လုံးများ တောက်ပလာသည်။ ၎င်းတို့ကဲ့သို့ အဆင့်မြင့်နတ်ဆိုးများအတွက် လရောင်ကျောက်များသည် မရှိမဖြစ်တည်ရှိမှုတစ်ခုဖြစ်သည်။
အကယ်၍ သွေးကြောအသစ်တစ်ခုကို အမှန်တကယ်တွေ့ရှိခဲ့ပါက ၎င်းသည် ကြီးမားသောအမြတ်အစွန်းနှင့် ကြွယ်ဝမှုကို ဆိုလိုသည်။
မြွေတပ်မှုးက ခေါင်းယမ်းကာ လက်ဖက်ရည်တစ်ခွက်ကို ဖြည်းညှင်းစွာသောက်လိုက်သည်။
"ငါတို့ သွေးကြောအသစ်တစ်ခုကို ရှာတွေ့ခဲ့တာတော့ မဟုတ်ဘူး၊ လူ့မျိုးနွယ်ဝင်အချို့က ပုန်ကန်ပြီး ငါ့လက်အောက်ငယ်သားတစ်ယောက်ကို သတ်လိုက်တဲ့အတွက် ရှယ့်ညီအစ်ကိုတွေကို သက်သက်လွှတ်လိုက်တာ"
"ပုန်ကန်မှုဟုတ်လား လူ့မျိုးနွယ်က ကျူးလွန်ခဲ့တာလား။"
နတ်ဆိုးမျိုးနွယ်စုအဖွဲ့ဝင်များအားလုံး အံ့အားသင့်သွားကာ ရယ်မောလိုက်ကြသည်။
"ဒီလူတွေက အရှင့် လက်အောက်ငယ်သားကိုသတ်ပြီး သတ္တိရှိရှိ အသက်ရှင်နေသေးတယ်ပေါ့။ သေချင်နေကြတာပဲ”
"ဟုတ်ပါ့ သူတို့က တကယ်ကို ကိုယ့်သေတွင်းကိုယ်တူးနေတာ”
မြွေတပ်မှုးက အနည်းငယ်ပြုံးလိုက်သည်။
"အဲ့တာကြောင့် ညီအကိုတွေကို အဲ့ကို ပို့လိုက်တာ၊ သူတို့ကို အခြေအနေကို သင့်တော်သလို ကိုင်တွယ်ဖို့ အမိန့်ပေးထားတယ်”
အခြေအနေကို သင့်တော်သလိုစီစဥ်ရန် …
ဤရိုးရှင်းသော စကားများတွင် သွေးနံ့ပြင်းပြင်းကို သယ်ဆောင်လာသည်။ သို့သော် နတ်ဆိုးမျိုးနွယ်စုအဖွဲ့ဝင်များအားလုံး စိတ်လှုပ်ရှားသွားကြကာ လူသားမျိုးနွယ်စုကို နှိမ်နင်းရန် ရှယ့်ထျန်နှင့် ရှယ့်မူ မည်ကဲ့သို့ အရေးယူမည်ကို စတင်ဆွေးနွေးခဲ့ကြသည်။
"ဒီနှစ်ကောင်ဟာ အရမ်း ရက်စက်ကြမ်းကြုတ်လွန်းတယ်၊ အခု ဒီလူသားတွေ သေချာပေါက် သင်ခန်းစာရလောက်ပြီ”
“ဟား အဆင့်နိမ့်တဲ့လူသားတွေ တပ်မှုးချုပ်ကို ရန်စပြီး သေချင်နေကြတာ”
“အမှန်ပဲကွ တပ်မှုူးချုပ်က ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်သလဲ။ နတ်ဆိုးခေါင်းဆောင်တောင် သူ့ကို အလေးပေးထားတာ။ ဒီလူသားတွေက ကိုယ့်သေတွင်းကိုယ်တူးနေကြတာပဲ”
မြွေနတ်ဆိုးက ပြုံးပြုံးရွှင်ရွှင်ဖြင့် နားထောင်လျက် ထို မြှောက်ပင့်ခံရသော ခံစားချက်ကို အားရကျေနပ်နေသည်။ သို့သော် ထိုခံစားချက်ကို အားရနေခိုက်တွင် နတ်ဆိုးမျိုးနွယ်စုဝင်အားလုံး၏ ဦးခေါင်းများအထက်၌ မယုံနိုင်လောက်အောင် အစွမ်းထက်သော ရောင်ဝါတစ်ခု ပေါ်လာသည်။
သူ့အပြုံးသည် သူ့မျက်နှာပေါ်တွင် အေးခဲသွားသည်။
"ဘာဖြစ်နေတာလဲ၊ ဘာလို့ ဒီလောက်ပြင်းထန်တဲ့ နတ်ဆိုးရောင်ဝါ ရှိနေရတာလဲ"
နတ်ဆိုးခေါင်းဆောင်များ ဖြတ်သွားတာလား။
သူ့စိတ်က တွက်ချက်နေဆဲအချိန်တွင် အိမ်ကြီး၏ ခေါင်မိုးက ရုတ်တရက် တိတ်ဆိတ်စွာ ပျောက်ကွယ်သွားသည်။
တုန်လှုပ်ခြောက်ခြားနေသော နတ်ဆိုးမျိုးနွယ်စုအဖွဲ့ဝင်များ၏ မျက်နှာများပေါ်သို့ လရောင်က ဖြာကျလာသည်။ ဟူယွဲ့က လမင်း၏ ကြည်လင်တောက်ပသော အလင်းရောင်အောက်တွင် ရပ်နေကာ
အောက်မှ နတ်ဆိုးမျိုးနွယ်ဝင်အားလုံးကို ငုံ့ကြည့်၍ ပြောလိုက်သည်။
“မင်းတို့ထဲက … ဒီနေရာရဲ့ တပ်မှုးချုပ်က ဘယ်သူလဲ”
နတ်ဆိုးမျိုးနွယ်စုအဖွဲ့ဝင်များစွာ၏ မျက်လုံးများသည် မြွေတပ်မှုးကို လှည့်ကြည့်လိုက်ကြသည်။
မြွေတပ်မှုးက နှဖူးတစ်လျှောက်ချွေးစေးများတင်ကပ်လျက် ရှေ့သို့ အလျင်အမြန်တိုးကာ လက်နှစ်ဖက်ကို ပူး၍ ဦးညွတ်လိုက်သည်။
“ဒီက လေးစားရတဲ့ နတ်ဆိုးခေါင်းဆောင်ကြီးမှာ ဘာညွှန်ကြားချက်တွေများရှိလို့ပါလဲခင်ဗျာ”
ဟူယွဲ့က တိတ်တဆိတ်ကြည့်နေပြီးနောက် ပြောလိုက်သည်။
"လရောင်မြို့တော်ကို ခေါင်းနှစ်လုံးပါတဲ့မြွေပို့လိုက်တာ မင်းမလား”
မြွေတပ်မှုးက အေးခဲသွားပြီးနောက်ပြင်းထန်သော အန္တရာယ်ကို ခံစားလိုက်ရကာ အကြောင်းပြချက်ပေးရန်ပြင်လိုက်သည်။
ဟူယွဲ့က ခေါင်းညိတ်လိုက်၏။
“ဒါဆို မင်းပေါ့”
ထို့နောက် သူ့ရင်ခွင်ထဲတွင် ဖက်ထားသော အားပေါင်ကို ငုံ့ကြည့်ကာ ဘာသိဘာသာပြောလိုက်သည်။
"ဒီနေ့ မင်းအားလုံးကို ပေါင်အာနဲ့အတူ သင်္ဂြိုဟ်လိုက်မယ်”
မြွေတပ်မှုးက ထိတ်လန့်တုန်လှုပ်သွားပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ အကြေးခွံများ ချက်ချင်းပေါက်ကွဲသွားသည့်အလား ခံစားလိုက်ရကာ ရုန်းကန်ခုခံရန် ပြင်လိုက်သည်။
ဟူယွဲ့က လက်ညှိုးထိုးကာ ပြောလိုက်၏။
“မင်းတို့အားလုံး သေကြတော့”
ဤသို့ပြောလျက် လပြည့်ညကို တုန်လှုပ်သွားစေသည့် တန်ခိုးကြီးသောနတ်ဆိုးကြီးတစ်ကောင်၏ ရောင်ဝါထွက်ပေါ်လာသည်။ နတ်ဆိုးမျိုးနွယ်စုဝင်အားလုံးက ဤလွှမ်းမိုးနိုင်သော နတ်ဆိုးစွမ်းအင်အောက်တွင် ရုန်းကန်ရန်အခွင့်အရေးပင်မရှိဘဲ ပေါက်ကွဲထွက်သွားကြသည်။ မြွေတပ်မှုးကသာ အနည်းငယ် ခပ်ကြာကြာ နေနိုင်ခဲ့သော်လည်း သူ့မျက်လုံးများက လုံးလုံးလျားလျား ထိတ်လန့်မှုများကိန်းအောင်းနေသည်။
နတ်ဆိုးမျိုးနွယ်စုများထဲတွင် ရာထူးကြီးသော နတ်ဆိုးများသည် ရာထူးနိမ့်သူများအပေါ် ပြင်းထန်စွာ ထိန်းချုပ်နိုင်စွမ်းရှိ၍ ဖြစ်တည်မှုတစ်ခုတည်းကပင် ထိုနတ်ဆိုးများကို မိမိကိုယ်မိမိ ဖျက်ဆီးပစ်စေရန် တွန်းအားပေးနိုင်သည်။
သို့သော် ဤသည်က အလွန်စွမ်းအားကြီးသော နတ်ဆိုးသွေးမျိုးဆက်ကို လိုအပ်သည်။
နတ်ဆိုးခေါင်းဆောင်မဆိုနှင့် နတ်ဆိုးဧကရာဇ်၊ နတ်ဆိုးသူတော်စင်တို့ကပင် ဤသို့လုပ်နိုင်မည်မဟုတ်ပေ။
ဒါဆို ဒီလူရဲ့ နောက်ခံက ဘာလဲ။
သူဘာလို့ ဒီလောက်ဒေါသဖြစ်နေတာလဲ။
မြွေတပ်မှုးက နှလုံးသားထဲတွင် ငိုကြွေးမြည်တမ်းကာ သူ့တစ်ကိုယ်လုံး ပေါက်ကွဲထွက်၍ သွေးအိုင်ထဲတွင်ပင် သူ၏ ခန္ဓာနှင့် ဝိဉာဥ်ပါ ပျက်သုဉ်းသွားလေသည်။
အခန်း(၆၁၁) မျိုးနွယ်စုများကြား ပရမ်းပတာများ
တေးဆို အကများဖြင့် ပြည့်နှက်နေခဲ့သော အိမ်တော်ကြီးသည် ယခုအခါ သွေးပင်လယ်ကြီး ဖြစ်သွားပြီဖြစ်သည်။ ဟူယွဲ့က လေထဲတွင် မတ်တပ်ရပ်နေစဥ် သူ၏ မျက်ခုံးမွှေးများကြားတွင် ရွှေရောင်အမှတ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ဤသည်မှာ ဤကမ္ဘာကြီးကို ဆန့်ကျင်ခဲ့သောကြောင့် ပြစ်ဒဏ်ပင်ဖြစ်သည်။
သို့သော် ဟူယွဲ့က အေးစက်စွာ ရယ်လိုက်သည်။
“ဒီကောင်းကင်ဘုံတာအိုလောက်က ငါ့ကို ထိန်းနိုင်မယ်လို့ထင်နေလား။ သွားစမ်း”
သူ့စကားကြောင့် နှဖူးပေါ်မှ အမှတ်က ပြိုကွဲသွားသည်။ သို့သော် ရလဒ်အနေဖြင့် ဟူယွဲ့မျက်နှာက အနည်းငယ် အသက်ကြီးသွားသည်။ သို့သော် သူဂရုမစိုက်ပေ။
သူက ကျယ်ပြောလှသော တောင်တန်းကြီးများကို လှည့်ပတ်ကြည့်ရင်းဖြင့် သူက အေးစက်စွာပြောလိုက်၏။
“ငါ ဒီကမ္ဘာကိုရောက်လာပြီဆိုမှတော့ ကိုယ့်သဘာဝကိုယ်မသိတဲ့ နတ်ဆိုးမျိုးနွယ်ဝင်တွေအားလုံးကို သုတ်သင်ပစ်မယ်”
စကားဆုံးပြီးနောက် ဟူယွဲ့က လရောင်ထဲတွင် ဖြည်းညှင်းစွာပျောက်ကွယ်သွားသည်။
တပ်မှုုးရန်ယိနှင့် နတ်ဆိုးမျိုးနွယ်စုထိပ်တန်းအဖွဲ့ဝင်များစွာ၏ သတင်းများက သွေးများကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ တစ်ချိန်က တိတ်ဆိတ်နေခဲ့သော နတ်ဆိုးမျိုးနွယ်စုတောင်တန်းက လှုပ်လှုပ်ယွယွဖြစ်လာသည်။ သို့သော် ဤအရာက နတ်ဆိုးများအတွက် အားလပ်ချိန်စကားဝိုင်းတစ်ခုမျှသာဖြစ်သည်။
သို့သော်လည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသော သတင်းများသည် နတ်ဆိုးမျိုးနွယ်စုတစ်ခုလုံးကို စိန်ခေါ်နေသည်။
ဒုတိယနေ့။
လျှို့ဝှက်ဆန်းကြယ်သော အမျိုးသားတစ်ဦးသည် နတ်ဆိုးတပ်မှုးချုပ်ကို လက်တစ်ချောင်းဖြင့် ချေမှုန်းခဲ့ကာ မသေဆုံးမီတွင် နတ်ဆိုးတပ်မှုးချုပ်သည် မြေပြင်ပေါ်တွင် ဒူးထောက်၍ ခုခံရန် သတ္တိပင်မရှိခဲ့ပေ။
ပဉ္စမနေ့။
နတ်ဆိုးဧကရာဇ်နှင့် တော်ဝင်မိသားစုအများအပြားကို ထိုလူက လက်သီးတစ်ချက်ဖြင့် ဖျက်ဆီးပစ်ခဲ့သည်။
သတ္တမနေ့။
နတ်ဆိုးမျိုးနွယ်၏ ကြီးမြတ်သော သူတော်စင်...
တစ်လခွဲခန့်ကြာသွားသည်။
ဟူယွဲ့၏ အဆက်မပြတ်လုပ်ဆောင်မှုများသည် နတ်ဆိုးမျိုးနွယ်စုတောင်တန်းတစ်ခုလုံးကို နှိုးဆော်ခဲ့ရာ နတ်ဆိုးများနှင့် နတ်ဘုရားများကို တုန်လှုပ်စေခဲ့သည်။
အဓိကမှာ ဤလျှို့ဝှက်ဆန်းကြယ်သောလူ၏ ကြီးထွားမှုအဆင့်နှင့် သွေးအရည်အချင်း မည်မျှပြင်းထန်သည်ကို မည်သူမျှ မသိသောကြောင့်ဖြစ်သည်။
ရှေးခေတ် ဆန်းကြယ်သားရဲမှ အသွင်ပြောင်းလာသော လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးမျိုးနွယ်စုမှ သူတော်စင်သည် ခုခံရန်ပင် မဝံ့မရဲဖြစ်ကာ ထိုလူ၏ သွေးသားမျိုးဆက်၏ ဖိအားကြောင့် သတ်ပေးရန်ပင် ခံပြင်းစွာ စောင့်ဆိုင်းခဲ့ရကြောင်း ကောလဟာလများ ရှိခဲ့သည်။
သူမည်သို့ လုပ်ချင်သည်၊ အဘယ်ကြောင့် နတ်ဆိုးမျိုးနွယ်စု၏ ရာထူးကြီးများကို သတ်ရန် လိုအပ်သည်ကို မည်သူမျှမသိခဲ့ကြပေ။ လရောင်မြို့တော်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ ပျံ့နှံ့သွားဦ နတ်ဆိုးမျိုးနွယ်စုအဖွဲ့ဝင် အများအပြားက ဖြစ်ပျက်ခဲ့သည့် အရာကို နားလည်သွားကြကာ သေပြီးသား ရန်ယိကို ကျိန်ဆဲလိုက်ကြသည်။
‘မင်းကတော့ ကိုယ့်သေတွင်းကိုယ်တူးလိုက်တာပဲ နတ်ဆိုးမျိုးနွယ်အတွက်တော့ ဒီလောက်ကြောက်ဖို့ကောင်းတဲ့ ရန်သူကို ဖန်တီးခဲ့တယ်’
‘မင်းရဲ့ကံကြမ္မာနဲ့ တကယ်ထိုက်တန်တယ်’
သို့သော် ယခုအချိန်မှ ထိုသို့ပြောနေခြင်းက အသုံးမဝင်တော့ပေ။ ဟူယွဲ့သည် မယုံနိုင်လောက်အောင် ပြင်းထန်သော ကျင့်ကြံရေးအဆင့်ဖြင့် နတ်ဆိုးမျိုးနွယ်စုတစ်ခုလုံးကို အောင်နိုင်ခဲ့ပြီဖြစ်သည်။
သူက နတ်ဆိုးမျိုးနွယ်စုတောင်တန်းတစ်ခုလုံးကို တဖြည်းဖြည်းချင်း စုစည်းခဲ့သည်။
………………….
အနောက်ဘက်ရှိ ဗုဒ္ဓတစ်ထောင်မြေ။
ဤအမည်ဖြင့် ခေါ်ဝေါ်ခြင်းမှာ ဤနေရာရှိ လူအများစုက ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သူများဖြစ်သောကြောင့်ပင်ဖြစ်သည်။
ဒုတိယအချက်မှာ ထိုဒေသတွင် စာသင်ကျောင်းများစွာရှိ၍ တစ်ခုနှင့်တစ်ခု ပြိုင်ဆိုင်ကြ၍ ကျောင်းတစ်ခုစီသည် မတူညီသော နိယာမများကို ယုံကြည်သောကြောင့် ဗုဒ္ဓတစ်ထောင်၏ နယ်မြေဟု လူသိများလာခဲ့သည်။
ယခုအချိန်တွင် ဗုဒ္ဓတစ်ထောင်မြို့တော်၌
ဆွေးနွေးခန်းတွင် စကားစစ်ထိုးပွဲများက သုံးလခန့်ကြာခဲ့ပြီဖြစ်သည်။
တစ်နိုင်ငံလုံးမှ ကျောင်းများအားလုံးသည် ၎င်းတို့၏ ကျမ်းဂန်များနှင့် ကျင့်ကြံရေး အဆင့်များအကြောင်း ဆွေးနွေးငြင်းခုံကြသည်။
အရှုံးပေးသူများသည် နောက်နှစ်အတွက် ၎င်းတို့၏တပည့်များနှင့် ပူဇော်သက္ကာများကို ဆုံးရှုံးရမည်ဖြစ်ကာ ၎င်းတို့၏ရာထူးမှပင် ဖယ်ရှားခံရနိုင်သည်။
သို့သော် အောင်မြင်သူများသည် မရေမတွက်နိုင်သော ယုံကြည်သူများ၏ ထက်ထက်သန်သန် ကိုးကွယ်မှုကို ရရှိမည်ဖြစ်သည်။ ထို့ကြောင့် ကျောင်းတိုင်းသည် ဤဖြစ်ရပ်ကို အရေးအကြီးဆုံးအဖြစ် သဘောထားကာ ၎င်းတို့၏ အကောင်းဆုံး ကိုယ်စားလှယ်များကို တိုက်ပွဲသို့ စေလွှတ်ခဲ့သည်။
အမြဲတစေ သရေဖြင့်သာ အဆုံးသတ်လေ့ရှိသည်။
သို့သော် ယခုနှစ် ဆွေးနွေးပွဲက မတူပေ။
ဆူဖြိုးသော ဘုန်းကြီးတစ်ပါး၏ ဦးခေါင်းနောက်ရှိ ရွှေရောင်က ကွဲကြေသွားကာ ရွှေသွေးများ ပါးစပ်ထဲမှ ထွေးထုတ်လျက် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။
ရဟန်းငယ်တစ်ပါးသည် ရှေ့သို့ ကြွလာကာ ဆူဖြိုးသော ဘုန်းကြီးကို ကျွမ်းကျင်စွာ သယ်ဆောင်သွား၏။ မကြာသေးမီက အကြိမ်များစွာ ဖြစ်ပျက်ခဲ့ပြီးဖြစ်သောကြောင့် ကောင်းစွာ ကျင့်သားရနေကြသည်။
ဝိုင်းကြည့်နေကြသော ဘုမ်းကြီးများက ကြာပန်းစင်ပေါ်တွင် ထိုင်နေသော ပိန်ပိန်ပါးပါး ဆရာတော်ကို စိုက်ကြည့်နေကြသည်။
ဘယ်နှစ်ခါရှိပြီလဲ။
စစ်မှန်သော သာသနာတော် ဂိုဏ်းဝင် ဘုန်းကြီးပင်လျှင် သိက္ခာတော်ရ ကုချန်ဆိုသူနှင့် မယှဉ်နိုင်ပေ။ ဤပုဂ္ဂိုလ်သည် ဗုဒ္ဓအယူဝါဒကို မည်မျှ လေးနက်စွာ နားလည်သနည်း။
ထိုအချိန်၌ အရှင်ကုချန်က ဖြည်းညှင်းစွာဖြင့် အောက်ထပ်ရှိ ဂိုဏ်းပေါင်းစုံမှ သံဃာ တော်များကို ဝေ့ဝိုက်ကြည့်လိုက်သည်။
”ကုချန်နဲ့ တရားဆွေးနွေးချင်တဲ့ အခြား ဘယ်သူရှိသေးလဲ”
သူပြောပြီးသည်နှင့် မည်သည့်စကားပြန်ကိုမျှမကြားရပေ။
လွန်ခဲ့သည့် သုံးလကျော်က မရေမတွက်နိုင်သော ဘုန်းကြီးများက တောင်တန်းရှိ ဝေးလံခေါင်သီသော ဘုရားကျောင်းမှ အရှင်ကုချန်ကို စိန်ခေါ်ရန် ကြိုးစားခဲ့သော်လည်း အားလုံး ရှုံးနိမ့်ခဲ့ရသောကြောင့် ဖြစ်သည်။
သင်၏ ကျင့်ကြံရေးအဆင့်အတန်းနှင့် နာမည်ဂုဏ်သတင်း မည်မျှပင် မြင့်နေစေကာမူ အားလုံး ရေမြောင်းထဲ ဆင်းကြရမည်ဖြစ်သည်။
ကူချန်က သုံးကြိမ်ထပ်မေးသည်။
သို့တိုင် အဖြေမရှိခဲ့ပေ။
ထို့နောက် သူသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ရာ သူ၏ ခေါင်းနောက်ဘက်မှ ရွှေရောင်အလင်းတန်းကြီးက တဖြည်းဖြည်း လင်းလက်လာသည်။
"ဒီလိုဆိုမှတော့ မင်းတို့ ကိုယ်တော့်ဆီ ခစားဖို့ ဆန္ဒရှိလား"
ရွှေရောင်အလင်းများဖြာထွက်နေသော ဘုန်းကြီးများ အားလုံးနီးပါး၏ မျက်နှာပေါ်တွင် စိတ်ရှုပ်မှုအငွေ့အသက်များ ပေါ်လာကာ မျက်လုံးများက တဖြည်းဖြည်း ဝေဝါးသွားသည်။
“ကြီးမြတ်သော အရှင်ဘုရားကို အကျွန်ုပ်တို့က ကြည်ညိုပါတယ်”
အနှစ်တစ်ထောင်လုံးလုံး ဗုဒ္ဓတစ်ထောင်ပြည်၌ ဂိုဏ်းအားလုံးကို နှိမ်နင်းနိုင်သော ခေါင်းဆောင်မရှိခဲ့ပေ။
သုံးလကြာအောင် အပြတ်အသတ်တိုက်ခိုက်ကြပြီးနောက် အရှင်ကုချန်သည် ဗုဒ္ဓတစ်သောင်းမြေ၌ ဩဇာအာဏာ ပို၍ ကြီးမားလာခဲ့သည်။
…………
အနောက်မြောက်ဘက်တွင်၊ ကျန်းသောင်းနှင့်ချီ မြင့်သော သံဝိုင်းတောင်တန်းကြီးရှိသည်။ တောင်သည် မြုံနေသဖြင့် အသီးအရွက်များ သို့မဟုတ် ငှက်များနှင့် တိရစ္ဆာန်များ၏ ခြေရာရာများ ကင်းစင်သည်။
ပေတစ်ထောင်အတွင်း မိစ္ဆာ၊ တစ္ဆေ သို့မဟုတ် နတ်ဆိုးများ မဖြတ်သန်းဝံ့ပေ။
ဤသံဝိုင်းတောင်အောက်တွင် နတ်ဆိုးမျိုးနွယ်စု၏ ကြောက်မက်ဖွယ်ကောင်းသော နေရာ တည်ရှိသည် ။
၎င်းသည် ငရဲကိုးခုနယ်မြေများကြားတွင် တည်ရှိသော ကျယ်ပြောလှသော ရင်ပြင်တစ်ခုဖြစ်သည်။
ထိုအချိန်၌
မရေမတွက်နိုင်သော နတ်ဆိုးမျိုးနွယ်စုစစ်သားများသည် ရင်ပြင်ပေါ်တွင် ရပ်နေကြသည်။
ဤ နတ်ဆိုးမျိုးနွယ်စုစစ်သားများသည် သံချပ်ကာပစ္စည်းများကို ၀တ်ဆင်ထားသော်လည်း ၎င်းတို့၏ အတွင်းဝတ်များက ဆင်တူ အနက်ရောင်ဖြစ်ကာ ၎င်းတို့၏ မျက်လုံးများတွင် အေးစက်နေသော မီးတောက်များကို မြင်နေရသည်။
ဤမျက်လုံးများ ပေါင်းစည်းလိုက်သောအခါ ရေခဲပင်လယ်ကြီးနှင့်တူသည်။
နတ်ဆိုးမျိုးနွယ်စု၏ လေးစားဖွယ်ကောင်းသော လူငယ်ခေါင်းဆောင် လန်ကျွင်းရှဲ့၏ ပုံရိပ်က စင်ပေါ်တွင်ပေါ်လာသည်။
နတ်ဆိုးမျိုးနွယ်စုစစ်သည်များအားလုံး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ ဤသည်က လန်ကျွင်းရှဲ့ကိုပြနိုင်သော ၎င်းတို့၏ လေးစားမှုပင်ဖြစ်သည်။
လန်ကျွင်းရှဲ့က ဆိုးရွားစွာ ပြုံး၍ အောက်ခြေစစ်သားများကို ကြည့်ကာ ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။
"မင်းတို့က အနှစ်တစ်သောင်းလောက် မြေအောက်မှာ နေခဲ့တာ၊ ငါတို့ရဲ့ နတ်ဆိုးမျိုးနွယ်နဲ့ သင့်တော်တယ်လို့ တွေးပြီး နေ့အလင်းရောင်မရှိဘဲ ဒီဘဝနဲ့ ကျင့်သားရလာခဲ့တာ။"
"ဒါပေမယ့် ဒီနေ့ မင်းတို့ကို ငါပြောမယ် မင်းတို့အားလု့း မှားနေပြီကွ။ မြင့်မြတ်တဲ့ နတ်ဆိုး မျိုးနွယ်အနေနဲ့၊ ငါတို့ဟာ မျိုးစုံသော အရာတွေထက် ကမ္ဘာပေါ်မှာ အံ့ဩစရာတွေ အားလုံးကို ခံစားနေသင့်တယ်၊ ငါတို့က အားလုံးထက် မြင့်မြတ်စွာ ရပ်တည်ဖို့ မွေးဖွားလာခဲ့တာ”
"လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သောင်းလောက်က မင်းကို ဝက်တွေ၊ ခွေးတွေလို မြေအောက်မှာ မွေးမြူထားခဲ့ပြီး အဲ့အချိန်ကစပြီး တခြားသူတွေက စက်ဆုပ်ဖွယ်ကောင်းတဲ့ နတ်ဆိုးမျိုးနွယ်လို့ ခေါ်ဝေါ်ခဲ့ကြတယ်!"
"ဒါပေမယ့် အခု ငါ လန်ကျွင်းရှဲ့က မင်းတို့ကို မေးချင်တယ်။ ဒါကို မင်းတို့လက်ခံလား”
နတ်ဆိုးမျိုးနွယ်စုစစ်သားများသည် နာကြည်းမှုများနှင့် ပြည့်နှက်နေသော အော်သံဖြင့် ကြုံးဝါးလိုက်ကြသည်။
လန်ကျွင်းရှဲ့က ကျေနပ်စွာ ပြုံးလိုက်သည်။
"ကောင်းပြီ၊ ဒီနေ့ မင်းတို့ကို မြေပြင်ပေါ်ကို ပြန်ပို့မယ်၊ အဲ့လူတွေ နတ်ဆိုးတွေ၊ သရဲတစ္ဆေတွေ အားလုံးကို သတ်ပစ်မယ်၊ သူတို့ရဲ့ သွေးတွေနဲ့ ငါတို့ နတ်ဆိုးမျိုးနွယ်အတွက် မကြုံစဖူး ကျက်သရေရှိတဲ့ နာမည်ကို ပုံဖော်မယ်”
ယနေ့တွင်
သံဝိုင်းတောင်တန်းပြိုကျကာ နတ်ဆိုးအသိုက်အဝန်းများ ပေါ်ထွက်လာ၍ ကမ္ဘာကြီးသည် အလင်းပျောက်ကွယ်သွားခဲ့သည်။
အလားတူ မြင်ကွင်းများကို နေရာ အသီးသီးတွင် မြင်လိုက်ကြရသည်။
ရှူရာမျိုးနွယ်စုမှ ဖေးထျန်သည် ရှုရာမျိုးနွယ်စုကို ဦးဆောင်ကာ ကမ်းရိုးတန်းတစ်လျှောက်သို့ ဆင်းသက်လျက် သွားလေရာလမ်းတစ်လျှောက် သတ်ဖြတ်မှုများကိုချန်ထားခဲ့သည်။ မျိုးနွယ်စုအားလုံးသည် မျိုးနွယ်စုတစ်ထောင်၏ ကြီးနားသော တွေ့ဆုံပွဲအတွက် နောက်ဆုံးပြင်ဆင်မှုများ ပြုလုပ်နေကြသည်။
ထို့အပြင် အလယ်ပိုင်းပြည်နယ်၊ တောင်ပင်လယ်ဂိုဏ်း၏ အထက်တွင်
တိမ်ထဲ၌ မြို့တစ်မြို့ ရှိသည်။
နေရောင်က ဤနေရာသို့ ဖြတ်သွားတိုင်း ဤကောင်းကင်ယံသည် ပင်ကိုယ်ပုံစံကိုထုတ်ဖော်ကာ တောက်ပနေလိမ့်မည်။ ထိုနေရာသည် အလယ်ပိုင်းပြည်နယ်ရှိ အင်မော်တယ်ဂိုဏ်း၊ တောင်ပင်လယ်ဂိုဏ်း၏တည်ရှိရာဖြစ်သည်။
ယခုအချိန်တွင် တောင်ပင်လယ်ဂိုဏ်းအတွင်း၊
လျန်ယွင်ကျီသည် မြေပြင်ပေါ်တွင် ဒူးထောက်နေလျက် ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြနေရာ သူမဘေးတွင် ထိုင်နေသူမှာ နန်းတော်ဝတ်လုံနှင့် လှပသော အမျိုးသမီးပင်ဖြစ်သည်။
နားထောင်ပြီးနောက် အမျိုးသမီးက အနည်းငယ် မျက်ခုံးပင့်လိုက်သည်။
"လူသားမျိုးနွယ်က ရွှယ်အန်းလား”
အခန်း(၆၁၂) တောင်ပင်လယ်ဂိုဏ်း၏ အကြီးအကဲ
“ဟုတ်” လျန်ယွင်ကျီက လေးလေးစားစား ပြောသည်။
"သိပ်မကြာခင်က ရုပ်သေးအင်မော်တယ်ဂိုဏ်းက ရှေးကျတဲ့ဖွဲ့စည်းပုံတစ်ခုကို အသက်သွင်းနိုင်ခဲ့တာ။ လုပ်ပေးခဲ့တဲ့သူက လူသားမျိုးနွယ်စုက လူတစ်ယောက်လို့ ကောလာဟလတွေ ထွက်နေတယ်။ အဲ့တာ ဒီလူဖြစ်နိုင်လား။" နန်းတော် ၀တ်စုံဝတ် အမျိုးသမီးက ဘာသိဘာသာပြောသည်။
"ကြီးမြတ်ခြင်းဂိုဏ်းခွဲရဲ့ လေးစားအပ်တဲ့ သခင်မကို လျှောက်တင်ပါတယ်။ ဒါ ရွှယ်အန်းပဲ ဖြစ်နိုင်ပါတယ်။ ရုပ်သေးအင်မော်တယ်ဂိုဏ်းရဲ့ အတွင်းစည်း တပည့် လျို့ခယ့်ခယ်လည်း ပါ့ဖန်တောင်မှာ ပေါ်လာပြီး စစ်မှန်တဲ့ အင်မော်တယ် အမွေအနှစ်တွေကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် အကြောင်းပြချက်တချို့ကြောင့် သူလုပ်နေသမျှကိုရပ်ပြီး ရွှယ်အန်းနဲ့အဆက်အသွယ်လုပ်ခဲ့တယ်” လျန်ယွင်ကျီကပြောသည်။
နန်းတော်ဝတ်စုံဝတ် အမျိုးသမီးက ခေါင်းညိတ်လိုက်၏။
" နားလည်ပြီ ငါတို့ဆရာကို ဒီကိစ္စအကြောင်းကြားလိုက်မယ်။ မင်း အခုထွက်သွားလို့ရပြီ"
“ဟုတ်” လျန်ယွင်ကျီက ခေါင်းကို အမြန်ငုံ့ကာ မတ်တပ်ရပ်၍ ထွက်သွားသည်။
တံခါးဝသို့ရောက်သည်နှင့်ပင် နန်းတော်ဝတ်စုံဝတ် အမျိုးသမီးက ဘာသိဘာသာပြောလိုက်၏။
"ထွေရာလေးပါးကိစ္စတွေကို စီမံခန့်ခွဲဖို့ တစ်စုံတစ်ယောက်အတွက် အပြင်စည်းမှာ လစ်လပ်နေတဲ့ နေရာရှိတယ်၊ သူတို့ကို အခုချက်ချင်း ကူညီပေးပါ"
လျန်ယွင်ကျီ၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။ သူမ၏ ပါးစပ်က ဟသွားသောလည်း စကားမပြောရဲဘဲ နှိမ့်ချစွာ ခေါင်းငုံ့ကာ အခန်းထဲက ထွက်သွားသည်။
အခန်းထဲမှ ထွက်သွားသည်နှင့် လျန်ယွင်ကျီ၏ မျက်နှာတွင် မျက်ရည်များ စီးကျလာသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် အတွင်းစည်းမှ သွယ်ဝိုက်ထုတ်ပယ်ခြင်းနှင့် တူညီသည်ဟု သူမသိသောကြောင့်ဖြစ်သည်။
သို့သော် သူမက ကျေနပ်မှုအနည်းငယ်မျှ မပြရဲပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် တောင်ပင်လယ်ဂိုဏ်း၏ အကြီးအကဲအစ်မများထဲမှ တစ်ယောက်ဖြစ်သော ကုန်းဝူနျန်ထံမှလာသောကြောင့်ဖြစ်သည်။
တောင်ပင်လယ်ဂိုဏ်းတွင် အကြီးအကဲအစ်မများ၏ခေါင်းဆောင်သည် ကြီးမားသောအာဏာကို ကိုင်စွဲထားသည်။
သူမသည် အတွင်းစည်း တပည့်များအားလုံး၏ သေခြင်းနှင့် ရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည်။
သူမ၏စကားများသည် အတွင်းစည်းတပည့်များ၏ ကံကြမ္မာကိုပင် ဆုံးဖြတ်နိုင်သည်။
ကုန်းဝူနျန်နဲ့ ယှဉ်လျှင် လျန်ယွင်ကျီ၏ အတွင်းသည်းတပည့်အဖြစ် အဆင့်အတန်းက မည်သည့်အဓိပ္ပါယ်မျှမရှိပေ။
ထို့ကြောင့် သူမသည် အတွင်းစည်းမှ နှင်ထုတ်ခံရသော်လည်း တိတ်တဆိတ်မျက်ရည်အနည်းငယ်သာ ကျလာခဲ့သည်။
ထိုအချိန်တွင် လျန်ယွင်ကျီထွက်ခွာသွားသည်ကိုကြည့်ပြီးနောက် အခန်းတွင်းရှိ ကုန်းဝူနျန်၏နှုတ်ခမ်းတွင် အေးစက်သောအပြုံးတစ်ခုပေါ်လာသည်။
"အလကားဟာမ။ အင်မော်တယ် ရတနာအစစ်အမှန်ကို ယူဖို့ မင်းကိုငါလွှတ်လိုက်တာကို မင်းရဲ့မွေးရပ်မြေ ပါ့ဖန်တောင်မှာတောင်မှ မင်းမအောင်မြင်ခဲ့ဘူး၊ ဒါတင်မကဘဲ မင်းရဲ့နှလုံးသားနယ်ပယ်မှာလည်း ပြဿနာရှိလာတယ်။ ဒီလို အရူးမျိုး အတွင်းစည်းမှာ ကျန်နေခဲ့တာက အောက်ခြေက အမှိုက်တွေပဲ ဖြစ်လိမ့်မယ်"
အကြီးအကဲအစ်မများကြား ခေါင်းဆောင်ဖြစ်လာရန်၊ လူတစ်ဦး၏ ကျင့်ကြံရေးအဆင့်ကို အများက ဦးစွာ အသိအမှတ်ပြုရမည်ဖြစ်သည်။
ကုန်းဝူနျန်သည် ရွှေအင်မော်တယ် ထက်ဝက်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ သူမ၏ ကျင့်ကြံရေးအဆင့်က တောင်ပင်လယ်ဂိုဏ်း၏ အတွင်းစည်း တပည့်များအားလုံးအနက် ထိပ်တန်း သုံးဦးထဲတွင် ပါဝင်သည်။
ထို့အပြင် သူမသည် ထူးခြားသော ခေါင်းဆောင်မှုစွမ်းရည်နှင့် ထက်မြက်သော မျက်လုံးများရှိသည်။ နှစ်ဖက်စလုံးတွင် ကုန်းဝူနျန်သည် တောင်ပင်လယ်ဂိုဏ်း၏ ထိပ်တန်းတပည့်ဖြစ်သည်ဟု ဆိုနိုင်သည်။
အထူးသဖြင့် ထိုးထွင်းသိမြင်မှုတွင် တောင်ပင်လယ်ဂိုဏ်းမှ ထိပ်တန်းခေါင်းဆောင်အချို့က ၎င်းတို့သည် သူမထက် နိမ့်ကျကြောင်း ဝန်ခံခဲ့သည်။
ထို့ကြောင့် လျန်ယွင်ကျီကို ပထမတစ်ချက်တည်းကြည့်လိုက်ရုံဖြင့် ကုန်းဝူနျန်သည် သူမ၏နှလုံးသားနယ်ပယ်တွင် သိသာထင်ရှားသောပြဿနာတစ်ခုရှိနေကြောင်း ချက်ချင်းသိလိုက်ရသည်။
အကယ်၍ ဤပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါက လျန်ယွင်ကျီသည် သူ့တစ်သက်တာတွင် တိုးတက်အောင်မြင်ရန် စိတ်ကူးယဉ်မနေသင့်ပေ။ မည်သည့်အမှားအယွင်းမျှမရှိဘဲ သူမ၏ လက်ရှိအဆင့်ကို ထိန်းသိမ်းနိုင်ခြင်းကပင် ချီးကျူးချင်စဖွယ်ဖြစ်နေပြီဖြစ်သည်။
ထို့ကြောင့် သူမသည် လျန်ယွင်ကျီကို ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်ကာ ထွေရာလေးပါးကိစ္စများကို ကိုင်တွယ်ရန်အတွက် အပြင်စည်းသို့ စေလွှတ်လိုက်ခြင်းဖြစ်၍ ရှင်းရှင်းပြောရလျှင် အတွင်းစည်းမှ နှင်ထုတ်ခြင်းဟု ဆိုလိုခြင်းဖြစ်သည်။
ခဏမျှ စဉ်းစားပြီးနောက်၊ ကုန်းဝူနျန်က မတ်တပ်ထရပ်ကာ ကောင်းကင်မြို့တော် ရွှေတောင်ထိပ်သို့ ဦးတည်သွားခဲ့သည်။
သူမ၏ဆရာဖြစ်သူ တောင်ပင်လယ်ဂိုဏ်းခေါင်းဆောင် ဖန်တင်းထျန်သည် ထိုနေရာတွင်နေထိုင်လျက်ရှိသည်။
သူမရောက်သောအခါ တောင်ပင်လယ်ဂိုဏ်း၏ ထိပ်တန်းခေါင်းဆောင်များစွာလည်း ရှိနေသည်။
အလင်းတောင်ထိပ်သခင် ကြယ်တာရာမိန်းမပျိုသည် ကုန်းဝူနျန်နှင့် ကောင်းမွန်သော သီးသန့်ဆက်ဆံရေးရှိ၍ သူမရောက်လာသည်ကိုမြင်သောအခါ ပြုံးပြသည်။
"ဝူနျန် လာပြီ”
ထူးခြားသောအဆင့်အတန်းရှိသော်လည်း၊ စိတ်နှလုံးသားထဲမှ တပည့်အဖြစ်ခံယူထားသော ကုန်းဝူနျန်က ဦးညွှတ်လိုက်သေးသည်။
"အလင်းတောင်ထိပ်သခင်ကို နှုတ်ဆက်ပါတယ်”
ကြယ်တာရာမိန်းမပျိုက အနည်းငယ် ပြုံးလိုက်သည်။
“ ငါနဲ့ပဲဟာကို ဘာလို့ ဒီလောက် ယဉ်ကျေးနေတာလဲ"
ကုန်းဝူနျန်သည် ယခုအခိုက်အတန့်တွင် သူမ၏ နှလုံးသားထဲမှ သိတ်ရှုပ်ထွေးမှုအရိပ်အမြွက်များကို ဖုန်းကွယ်မထားနိုင်တော့ပေ။
တောင်ပင်လယ်ဂိုဏ်း၏ ထိပ်တန်းပုဂ္ဂိုလ်များအားလုံး ယနေ့ အဘယ်ကြောင့် စုဝေးနေကြသနည်း။
ကြီးကြီးမားမား ဖြစ်ရပ်ကြီးတစ်ခု ပေါ်ပေါက်တော့မည်လော။
နဂါးနန်းတော်ပေါ်တွင်ထိုင်နေသော ဖန်တင်းထျန်က ခပ်တိုးတိုးပြောလိုက်သည်။
"မင်း အချိန်မီရောက်လာတာပဲ။ ငါ နတ်နယ်မြေကနေ သတင်းတစ်ခုရထားတယ်။ နတ်သားတော် ကျီဝေ့ ဆင်းသက်လာတော့မယ်"
ဤစကားကိုကြားသောအခါ ကုန်းဝူနျန်က အလွန် တုန်လှုပ်သွားသည်။
"နတ်သားတော်က ဘာကြောင့် ဒီအချိန်မှာ ဆင်းသက်မှာလဲ။ လူသားမျိုးနွယ်စုရဲ့ စုဝေးပွဲကြီးကြောင့်များလား"
ကုန်းဝူနျန်က ပြောပြီးချင်းချင်း သူ့အမှားကို သိလိုက်၍ ပါးစပ်ကို အလျင်စလို ပိတ်ထားလိုက်သည်။
အမှန်ပင်။
"ဝူနျန် ကောင်းကင်လောကက ကြယ်သခင်တဖြစ်လဲ နတ်သားတော်ရဲ့ လုပ်ဆောင်ချက်တွေက သေမျိုးတွေနဲ့ကွာတယ်။ ပေါ့ပေါ့ဆဆ မခန့်မှန်းသင့်ဘူး နားလည်ပြီလား" ဖန်တင်းထျန်က မျက်မှောင်ကြုတ်ကာပြောသည်။
“ဟုတ်”
"လာမယ့်ရက်တွေမှာ ထိပ်တန်းကျွမ်းကျင်သူတွေအားလုံးက ကြိုတင်ပြင်ဆင်မှုတွေလုပ်မယ်။ တောင်ပင်လယ်ဂိုဏ်းရဲ့ အနာဂတ်သာယာဝပြောမှုက ဒီကိစ္စနဲ့ဆိုင်တယ်"
"နားလည်ပြီ” တောင်ထိပ်သခင်အားလုံးက ဦးညွှတ်၍ တညီတညွတ်တည်း တုံ့ပြန်ကြသည်။
ဤအခိုက်အတန့်တွင် အလင်းတောင်ထိပ်သခင်မက ပြောလိုက်သည်။
"ဝူနျန် မင်းဒီကို ကိစ္စတစ်ခုခုအတွက် လာတာလား"
ကုန်းဝူနျန်က ခေါင်းညိတ်လိုက်ပြီးနောက် လျန်ယွင်ကျီ၏စကားကို ပြန်ပြောပြလိုက်သည်။
"လေးစားရပါသော ဆရာနဲ့ တောင်ထိပ်သခင်တို့ရှင့် ဒီလူက လူသားမျိုးနွယ်စုက တော်တော် လျှို့ဝှက်ဆန်းကြယ်ပါတယ်။ အထူးသဖြင့် လျန်ယွင်ကျီရဲ့စကားအရ သူက ချန်နျောင်ဘုရင့်နိုင်ငံ ဘုရင်နဲ့ ဝိဉာဉ်ရိုင်းဂိုဏ်းရဲ့သားတော်တို့ကို ကျင့်ကြံရေးအဆင့်မရှိတာတောင် ရှင်းလင်းနိုင်ခဲ့ပါတယ်။ လတ်တလော သူက ရုပ်သေးအင်မော်တယ်ဂိုဏ်းရဲ့ လျို့ဝှက်ဖွဲ့စည်းပုံကို အသက်သွင်းနိုင်ခဲ့တယ်။ ဒီလူကတော်တော် ကျွမ်းကျင်တဲ့ပုံပါပဲ"
ဤသည်ကိုကြားသောအခါ ဖန်တင်းထျန်က မပြောင်းလဲသော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဒီတစ်ကြိမ် လူသားမျိုးနွယ်စုရဲ့ စုဝေးပွဲက သာမန်ကိစ္စမဟုတ်ဘူး။ စင်ပေါ်မှာ မရှိသင့်တော့တဲ့ လျှို့ဝှက်တပ်ဖွဲ့အချို့ အပါအဝင် အမျိုးမျိုးသော စွမ်းအားရှင်တွေက ထွက်လာဖို့ အလှည့်ကျ လုပ်ဆောင်နေတယ်။ သူတို့ရဲ့ ပေါ်ထွက်လာမှုက အံ့သြစရာတော့ မဟုတ်ပါဘူး"
"ဒါပေမယ့် လူသားမျိုးနွယ်စုထဲက ဒီလူက ကျင့်ကြံရေးအဆင့်မရှိဘဲ မွေးဖွားလာတယ်၊ ဘယ်လောက်ပဲ သန်မာနေပါစေ၊ သူက သာမန်လူတစ်ယောက်ပဲမို့ စိုးရိမ်စရာမရှိသေးဘူး။ လူအနည်းငယ်ကို စုံစမ်းဖို့ လွှတ်လိုက်ပါ၊ ဒီလောက်ပါပဲ။"
ဖန်တင်းထျန်က ဤကိစ္စကို ထူးခြားသည်ဟု မစဉ်းစားထားပေ။
သူ့အတွက်၊ နတ်သားတော်တင်းသက်ခြင်းအတွက် ကြိုဆိုပွဲကျင်းပခြင်းသည် အဓိက အရေးအကြီးဆုံးဖြစ်သည်။
ကုန်းဝူနျန်သည် သူမ၏ဆရာက ဤကဲ့သို့တုံ့ပြန်လိမ့်မည်ကို မျှော်လင့်ထားနှင့်ပြီးဖြစ်သောကြောင့် သူမ မအံ့သြမိပေ။
"အဲ့တာဆို လျှို့ဝှက်စုံစမ်းစစ်ဆေးဖို့ အရည်အချင်းရှိတဲ့ လက်အောက်ငယ်သားတချို့ကို ကျွန်မလွှတ်လိုက်ပါမယ်"
"သဘောတူတယ်”
ကုန်းဝူနျန်က ဦးညွှတ်၍ ပြန်ထွက်သွားသည်။
ထွက်သွားသော သူမ၏ နောက်ကျောကို ကြည့်လျက် အလင်းတောင်ထိပ်သခင်မက အနည်းငယ် ရယ်မောလိုက်သည်။
"ကြီးမြတ်ခြင်းဂိုဏ်းခေါင်းဆောင် မကြာခင်နှစ်တွေအတွင်း ဝူနျန်က ရှင့်ရဲ့ညာလက်ရုံးဖြစ်လာခဲ့ပြီနော်”
ဖန်တင်းထျန်က ခေါင်းညိတ်လိုက်သည်။ "ဒီမိန်းကလေးင စေ့စပ်တယ်။ သူ့ရဲ့ လုပ်ရပ်တွေက အပြစ်ကင်းစင်တယ်၊ တကယ်ပဲ သူက မဆိုးဘူး"
"ဟီးဟီး၊ ကျွန်မတို့ နတ်သားတော်က ဝူနျန်ကို သဘောကျမှာလား၊ မကျဘူးလား မေးချင်စရာပဲ။ သူကို့ နတ်သားတော်အတွက် လက်ဆောင်အဖြစ် ပေးမယ်ဆိုတာ သူသိရင် ဂုဏ်ယူမှာလား ကြောက်နေမှာလား" အလင်းတောင်ထိပ်သခင်မက သက်ပြင်းချလိုက်သည်။
"နတ်သားတော်က သူ့ကိုကြိုက်ရင် ဒါ သူ့အတွက် တုနှိုင်းမရနိုင်တဲ့ ဂုဏ်တစ်ခု ဖြစ်လိမ့်မယ်။ နတ်သားတော်၏ အသွေးအသားကိုသာ သူ ခံနိုင်ရည်ရှိမယ်ဆိုရင် သူ သူ့ကလေးကနေတစ်တင့် ဒီလောကကြီးမှာ သာလွန်ထူးကဲတဲ့ သတ္တဝါအဖြစ် ချီးမြောက်ခံရလိမ့်မယ်” အဲ့လို ကုသိုလ်ကံနဲ့ ကြုံရမှာကို ကြောက်နေမှာလား"
“ဟေးဟေး ရှင်ကမိန်းမတွေကို ကောင်းကောင်းနားလည်သလိုပဲ ပြောတတ်တယ်" အလင်းတောင်ထွတ်သခင်မက ဘာသိဘာသာ ပြန်ပြောပြီးနောက် ထွက်ခွါသွားခဲ့သည်။
တောင်ပင်လယ်ဂိုဏ်းသားများက နတ်သားတော်ဆင်းသက်ခြင်းအတွက် ကြီးကျယ်ခမ်းနားသော ကြိုဆိုပွဲကို ပြင်ဆင်နေကြစဉ်
လက်ရွေးစင် အင်အားစုများကို ဦးဆောင်သည့် ရှောင်ရွှေ့သည် ရုပ်သေးအင်မော်တယ်ဂိုဏ်းသို့ ရောက်ရှိလာကာ ရွှယ်အန်းနှင့် တွေ့ဆုံခဲ့သည်။
"အစ်ကိုအန်း ဒီနေရာက အရမ်းထူးဆန်းတယ်။ သစ်ပင်တွေမှာ ပေါက်နေတဲ့ အသီးအနှံတွေကိုတောင် သံမဏိနဲ့ လုပ်ထားတယ်။" ရှောင်ရွှေ့က ပြောသည်။
ရွှယ်အန်းက ရယ်မောပြီးနောက် ရှောင်ရွှေ့နှင့်အတူ ပါလာသော လူသားမျိုးနွယ်စုစစ်သည်များကို ကြည့်လိုက်သည်။
"ဒီလူတွေလား”
ရှောင်ရွှေ့က ခေါင်းညိတ်လိုက်သည်။
"အစ်ကို့ ညွှန်ကြားချက်အတိုင်း ချန်နျောင်ဘုရင့်နိုင်ငံက လုံးဝ အေးချမ်းသွားပြီ။ မပြန်ချင်တဲ့ လူသားမျိုးနွယ်စုတော်တော်များများက အဲ့မှာ အခြေချနေထိုင်ကြပြီး၊ ဒီမှာ အတူတူ ပါလာတဲ့သူတွေက
မွေးရပ်မြေကို ပြန်ဖို့ မျှော်လင့်နေတဲ့သူတွေပဲ"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ အဲ့တာဆို မင်းတို့ကို ငါ နောက်ထပ် အခွင့်အရေးတစ်ခုပေးမယ်"