အခန်း (၆၁၃-၆၁၅)
Vol. 41 Ch. 613-615
အခန်း(၆၁၃) သံချပ်ကာစစ်သားများကို အဆင့်မြှင့်ခြင်း
ရွှယ်အန်းသည် အနန္တစကြဝဌာကို ကိုဖြတ်ကျော်သွားခဲ့စဉ်က ပျောက်ဆုံးသွားသောပြည်သို့ ဆိုက်ရောက်ခဲ့သည်။
ထိုစွန့်ပစ်ခံရသောကမ္ဘာတွင်၊ တောင်အားလုံးကို ဆေးမျှော်စင်အဖြစ် မြစ်များနှင့် သမုဒ္ဒရာများကို ဖွဲ့စည်းပုံ၏ သွေးကြောကွန်ရက်အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။
ထိုကဲ့သို့ စွဲမက်ဖွယ်ကောင်းသော မြင်ကွင်းသည် ထိုအချိန်က ရွှယ်အန်းကိုပင် အံ့အားသင့်စေခဲ့သည်။
သို့သော် ယင်းက လုံးဝသေဆုံးသွားသော ကမ္ဘာတစ်ခုဖြစ်သည်။
တောင်ထိပ်တစ်ခုပေါ်တွင် ရပ်ကာ အဝေးကို ငေးကြည့်ပါက ကမ္ဘာမြေကြီးကို ရုပ်သေးရုပ်အကြွင်းအကျန်များဖြင့် ဖုံးလွှမ်းထားသည်ကိုမြင်နိုင်သည်။
နှစ်ပေါင်းများစွာ ကုန်လွန်သွားသော်လည်း ဤအကြွင်းအကျန်များသည် အေးစက်သော သတ္တုတောက်တောက်များဖြင့် တောက်ပနေဆဲဖြစ်ကာ ၎င်းတို့ကို တည်ဆောက်ခဲ့သော မျိုးနွယ်စု၏ စွမ်းအားကို သက်သေပြနေသည်။
နောက်ဆုံးတွင် ရွှယ်အန်းသည် လျှို့ဝှက်ချက်တချို့ကိုတွေ့ရှိခဲ့ရာ အသုံးဝင်သောအရာများစွာကို ရယူခဲ့၍ အနက်ရောင်ဆေးမျှော်စင် ကဲ့သို့သော ရှေးဟောင်း ဆေးပညာဆိုင်ရာ အသိပညာနှင့် ရှေးဟောင်းလျှို့ဝှက်ဖွဲ့စည်းပုံကို ဖြေရှင်းနည်းအားလုံးသည် ထိုနေရာမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ရွှယ်အန်းသည် ရှောင်ရွှေ့နှင့် အခြားသူများကို ဆေးမျှော်စင်ရှေ့သို့ ပို့ဆောင်ခဲ့သည်။
ဤနေရာကို ရုပ်သေးအင်မော်တယ်ဂိုဏ်း၏ သန့်ရှင်းသောမြေအဖြစ် သတ်မှတ်ခံခဲ့ရသည်။
ရွှယ်အန်း ဤနေရာသို့ရောက်ပြီး မကြာမီ၌ပင် လျို့ခယ့်ခယ်နှင့် ချန်ယာ့ယွင်တို့က နောက်မှလိုက်လာကြသည်။
"စီနီယာ အရေးပေါ်ကိစ္စရှိလား" ချန်ယာ့ယွင်က မေးသည်။
ရုပ်သေးအင်မော်တယ်ဂိုဏ်းမှ ရှေးဟောင်းလျှို့ဝှက်ဖွဲ့စည်းပုံကို အသက်သွင်းပြီးကတည်းက၊ ချန်ယာ့ယွင်သည် ရုပ်သေးနည်းပညာတွင် နေ့စဉ်နှင့်အမျှ အရှိန်အဟုန်ဖြင့် တိုးတက်နေသည်ဟု ခံစားခဲ့ရသည်။
သူမ၏ ကျင့်ကြံရေးအဆင့်တွင် မှားယွင်းသောလမ်းကြောင်းကို လျှောက်လှမ်းခဲ့သော်လည်း နောက်ကြောင်းပြန်မလှည့်ခဲ့ပေ။
သူမ၏ ရုပ်သေးနည်းပညာကို နောက်ထပ် အောင်မြင်မှုတစ်ခု လုပ်နိုင်ပါက၊ ခွန်အားသည် အလွန်တိုးတက်လာမည်ဖြစ်ကာ သူမသည် အလယ်ပိုင်းပြည်နယ်တစ်ခုလုံးတွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်သည်။
ထို့ကြောင့်၊ ချန်ယာ့ယွင်က ဂိုဏ်းခေါင်းဆောင်ရာထူးကို စွန့်လွှတ်လိုက်ရခြင်းအတွက် နာကြည်းမှုအငွေ့အသက်သည် လေထဲတွင် မီးခိုးကဲ့သို့ ပျောက်ကွယ်သွားသည်မှာ ကြာခဲ့ပြီဖြစ်သည်။
ယခုအခါ သူမသည် နေ့တိုင်း ရုပ်သေးနည်းပညာကို စိတ်နှလုံးအကြွင်းမဲ့ စူးစမ်းလေ့လာနေခဲ့သည်။
ရွှယ်အန်းအတွက် သူမ၏ လေးစားမှုက စစ်မှန်ကာ နှလုံးသားထဲက အတိုင်းပင်ဖြစ်သည်။
ရွှယ်အန်းက ခေါင်းခါလိုက်၏။ "ဘာမှမဟုတ်ပါဘူး၊ ဒီ လူသားမျိုးနွယ်စုစစ်သည်တွေအတွက် ချပ်ဝတ်တန်ဆာ နည်းနည်းလောက် ငါလုပ်ချင်တယ်လို့”
ချပ်ဝတ်တန်ဆာ…။
ချန်ယာ့ယွင်နှင့် လျို့ခယ့်ခယ်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် နှစ်ယောက်စလုံး၏ မျက်လုံးများတွင် ရှုပ်ထွေးမှုများကို မြင်နေရသည်။
လျို့ခယ့်ခယ်က ရှေ့ကို လှမ်းလိုက်သည်။
"စီနီယာ ဂိုဏ်းရဲ့ ဘဏ္ဍာတိုက်မှာ နောင်တော်တွေ ထားခဲ့တဲ့ သံချပ်အမြောက်အမြားနဲ့ ရုပ်သေးမျိုးစေ့တွေ အများကြီးရှိပါတယ်။ စီနီယာလိုချင်ရင် ဒီလူသားမျိုးနွယ်စုစစ်သည်တွေ အခုချက်ချင်းရွေးဖို့ ကျွန်မ လူတွေကို
အမိန့်ပေးနိုင်ပါတယ်။"
ရုပ်သေးအင်မော်တယ်ဂိုဏ်းသည် ဒုတိယအဆင့်ဂိုဏ်းဖြစ်လာသော်လည်း ၎င်း၏အခြေခံအုတ်မြစ်က လေးနက်နေဆဲဖြစ်သည်။ ဘဏ္ဍာတိုက်တွင် ရှောင်ရွှေ့နှင့် အခြားသူများအတွက် တပ်ဆင်ရန် လုံလောက်သည်ထက်ပိုသော ရတနာများနှင့် သံချပ်ကာမျိုးစုံဖြင့် ပြည့်နေသည်။
သို့သော်လည်း ရွှယ်အန်းက ပြုံး၍ ခေါင်းကို ခါယမ်းလိုက်သည်။
"မလိုပါဘူး၊ လမ်းဖယ်ပေး”
ချန်ယာ့ယွင်နှင့် လျို့ခယ့်ခယ်တို့သည် ထိုစကားကိုကြားသောအခါ အဝေးသို့ ဆုတ်ခွာသွားကြသည်။
ရွှယ်အန်းသည် ဆေးမျှော်စင်ရှေ့၌ လက်နှစ်ဖက်ကို နောက်ကျောတွင်ယှက်၍ ရပ်နေသည်။
"ဒါက နည်းနည်းနာလိမ့်မယ် မင်းတို့ကြောက်လား”
ရှောင်ရွှေ့နှင့် လူသားမျိုးနွယ်စုစစ်သည်တော်များ အားလုံးက ဤစကားကိုကြားသောအခါ ပြုံးလိုက်ကြသည်။
"အစ်ကိုအန်း၊ ယောက်ျားစစ်တွေဆိုတော့ ကျုပ်တို့က နာကျင်မှုလောက်ကို ဘာလို့ကြောက်ရမှာလဲ" ရှောင်ရွှေ့က ပြောသည်။
“ကောင်းပြီ၊ စစ်ခင်းကျင်းဖွဲ့စည်းပါ” ရွှယ်အန်းက အမိန့်ပေးသည်။
ရွှယ်အန်း၏အမိန့်အရ ရှောင်ရွှေ့နှင့် အခြားသူများအားလုံး တိုက်ပွဲပုံစံအတိုင်း သပ်သပ်ရပ်ရပ် ချက်ခြင်းစီစဉ်ကြသည်။
ရွှယ်အန်းသည် ဆေးမျှော်စင်သို့ လျှောက်သွားကာ ရုတ်တရက် ပြောလိုက်သည်။
“ဆေးပညာရဲ့ ပထမနိယာမကို မင်းတို့သိလား"
ချန်ယာ့ယွင်နှင့် လျို့ခယ့်ခယ်တို့သည် အဝေးတွင် ရပ်နေကြပြီးနောက် နှစ်ယောက်လုံး လန့်ဖျပ်သွားကာ ပဟေဠိဖြစ်နေသော အမူအရာများဖြင့်ကြည့်နေကြသည်။
“ရိုးရိုးရှင်းရှင်းပြောရရင် ဆေးပညာက သဘာဝပစ္စည်းတွေရဲ့ ဖွဲ့စည်းပုံကို အပြင်းအထန်ပြောင်းလဲစေပြီး ဆေးပညာ ကြီးထွားလာစေရဖို့ပဲ ဒါပေမယ့် အဲ့မှာ သံစည်းမျဉ်းတစ်ခုရှိသည်" ရွှယ်အန်းက ခေတ္တရပ်လိုက်သည်။
"အဲ့တာက ညီမျှတဲ့ လဲလှယ်မှုပါ။"
“ဆေးပညာဆိုတာ အလွန်တရားမျှတတဲ့ နည်းစနစ်တစ်ခုပါ၊ မင်းရချင်သလောက် ပြန်ပေးရမယ်။ ဘာတစ်ခုမှ ဖန်တီးတာ မရှိဘူး၊ အဲ့တာက သူ့ရဲ့ ပထမဆုံး နိယာမပဲ။"
“ဒါကို နားလည်သဘောပေါက်မှ အရည်အချင်းပြည့်မီတဲ့ ဆေးပညာရှင်လို့ သတ်မှတ်နိုင်တယ်”
“စီနီယာ ဒါပေမယ့် ဒါက…” လျို့ခယ့်ခယ်က ဆေးမျှော််စင်ဆီသို့ လက်ဟန်ပြကာ တစ်ခုခုပြောရန် ကြိုးစားသည်။
ရွှယ်အန်းက "မင်းမေးနေတာက ဒီ ဆေးမျှော််စင်က ရုပ်သေးအင်မော်တယ်ဂိုဏ်းတစ်ခုလုံးက်ု ဘာကြောင့် ပြောင်းလဲနိုင်ရတာလဲလို့လား"
“ဟုတ်”
ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ "မင်းမြင်တဲ့အရာက အမြဲတမ်း အမှန်တရားမဟုတ်ဘူး။ ဒီ ဆေးမျှော်စင်က ရုပ်သေးအင်မော်တယ်ဂိုဏ်းကို ပြောင်းလဲနိုင်တယ်ဆိုတာ နှစ်ထောင်ပေါင်းများစွာကတည်းက သူ့အောက်ခြေမှာ ဝိညာဉ်စွမ်းအားတွေအများကြီး စုဆောင်းထားလို့ပဲ”
ဤသို့ပြော၍ ရွှယ်အန်းက လက်ကိုဆန့်ထုတ်၍ ဆေးမျှော်စင်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
"ကဲ ကျေးဇူးပြုပြီး ဆေးပညာအတွက် မင်းရဲ့စွမ်းအားကို ငါ့ကို ငှါးပါ”
နူးညံ့သောအသံဖြင့
ရွှယ်အန်း၏ လက်ဖဝါးတစ်ဝိုက်တွင် ရှုပ်ထွေးသော ရွှေရောင်ပုံစံများ စတင်ထွက်ပေါ်လာသည်။ ဆေးမျှော်စင်တစ်ခုဘုံး အနည်းငယ်တုန်ခါသွားကာ စူးစူးရဲရဲ အလင်းတန်းများပေါ်မှ အလင်းရောင်များ ပေါ်လာသည်။
ရွှယ်အန်းက မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်ပြီးနောက် သူ၏ကြီးမားသော နတ်အာရုံများ ပျံ့နှံ့သွားကာ ရှောင်ရွှေ့နှင့် အခြားသူများကို ထိုတောက်ပသောအလင်းရောင်ဖြင့် ဖုံးအုပ်လိုက်သည်။
"မင်းတို့ရဲ့ စိတ်ကိုစုစည်းကြ!" ရွှယ်အန်း၏ အသံသည် လူသားမျိုးနွယ်စုသူရဲကောင်းတိုင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။
ရှောင်ရွှေ့နှင့် အခြားသူများသည် တညီတညွတ်တည်း ၎င်းတို့၏ စိတ်ဓာတ်များကို ငြိမ်သက်စေလိုက်သည်။
တစ်ချိန်တည်းတွင် ရွှယ်အန်း၏ နတ်အာရုံက လူသားမျိုးနွယ်စုစစ်သည်တော်တိုင်း၏ ခန္ဓာကိုယ်ပေါ်တွင် ဆေးပညာပုံသဏ္ဍာန်တစ်ခုကို စတင်ထွင်းထုခဲ့သည်။
ရေးထိုးတိုင်း ရှောင်ရွှေ့နှင့် အခြားသူများ၏ မျက်နှာများသည် နာကျင်မှုအရိပ်အမြွက်များကို ပြသနေမည်ဖြစ်သည်။
သေခြင်းတရားကို မကြောက်သော ဤလူများအတွက် ဤကဲ့သို့ တုံ့ပြန်ခြင်းသည် နာကျင်မှုက မည်မျှပြင်းထန်သည်ကို ပြသသည်။
တကယ်တမ်းတွင် ရွှယ်အန်း၏ ရေးထိုးချက်တစ်ခုစီတိုင်းက ရှောင်ရွှေ့နှင့် တခြားသူများ၏ အရိုးများကို တိုက်ရိုက်ထွင်းထုခြင်းနှငိ့ ညီမျှသည်။
အတွင်းထဲထိ ထိုးဖောက်သွားသည့် နာကျင်မှုက သဘာဝအတိုင်းပင် နာကျင်လှသည်။
သို့သော်လည်း ဤလူသားမျိုးနွယ်စစ်သည်တော်များသည် အရာအားလုံးကို တိတ်တဆိတ်သည်းခံကာ တိတ်ဆိတ်နေခဲ့သည်။ အဝေးက ချန်ယာ့ယွင်နှင့် လျို့ခယ့်ခယ်တို့က ကြောင်တက်တက် ကြည့်နေသည်။
အထူးသဖြင့် ရုပ်သေးအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်ခဲ့သော ချန်ယာ့ယွင်သည် သဘာဝအားဖြင့် ပိုမိုကျယ်ပြန့်သော အသိပညာများ ရှိသည်။
ထို့ကြောင့် ယခုအခိုက်အတန့်တွင် ထိတ်လန့်မှုအပြည့်ဖြင့် ဖြစ်နေ၏။
“ဒါ…ဒါက စစ်သားတွေကို သန့်စင်တဲ့ပညာပဲ”
သူမသည် ဂိုဏ်းချုပ်၏ လက်ဆင့်ကမ်းစာများတွင် ဤလျှို့ဝှက်နည်းပညာမှတ်တမ်းများကို တစ်ကြိမ်တွေ့ဖူးသည်။ ဤသည်မှာ လူတစ်ဦး၏ ခန္ဓာကိုယ်ပေါ်သို့ ဆေးပညာဖြင့် တိုက်ရိုက်ထွင်းထုထားသည့် လျှို့ဝှက်နည်းပညာတစ်ခုဖြစ်သည်။
နိယာမသည် ဆေးပညာနှင့် ဆင်တူသောကြောင့် စစ်မှန်သော စစ်သားသံချပ်က ပညာဟု အမည်တွင်သည်။
သို့သော် စစ်သားများကို သန့်စင်ရန်အတွက် လိုအပ်သော အခြေအနေများသည် အလွန်ရှုပ်ထွေးသည်၊ ပဏာမပြင်ဆင်မှုများသည် အချိန်ကြာမြင့်မည်ဖြစ်၍ ထို ဆေးစာလုံးများကို ထွင်းထုရာတွင် ထိုးထွင်းသူသည် အာရုံပြန့်နှံ့ခြင်းအလျင်းမရှိဘဲ လုံးလုံးလျားလျား အာရုံစူးစိုက်ထားရမည်ဟုလည်း မှတ်တမ်းတင်ထားသည်။
အဘယ်ကြောင့်ဆိုသော် ဆေးပညာ၌ သေးငယ်သော အမှားအယွင်းတစ်ခုရှိလျှင် ကြိုးစားအားထုတ်မှုအားလုံးသည် အချည်းနှီးဖြစ်လိမ့်မည်။
သို့ထိတိုင် အဆုံးတွင် အောင်မြင်ရန် အာမမခံနိုင်ပေ။
မကြာခဏဆိုသကဲ့သို့ ဤအရာများသည် ကံတရားအပေါ်တွင် မူတည်နေသေးသည်။
ယခု ရွှယ်အန်းသည် လူသားမျိုးနွယ်စုစစ်သည်တော်ရာပေါင်းများစွာအတွက် ထိုစာလုံးများကို တပြိုင်နက်တည်း ထွင်းထုနေခြင်းဖြစ်သည်။
ဤသည်က ရိုးရှင်းစွာပင် မယုံကြည်နိုင်ဖွယ် စိတ်ကူးယဉ်တစ်ခုဖြစ်သည်။ သို့သော် သူအသုံးပြုနေသည့်အရာသည် ဤနေရာရှိ စစ်သားများ၏ သန့်စင်ရေးနည်းပညာမဟုတ်ဘဲ ထိုနယ်မြေ၏ ပျောက်ဆုံးနေသောလျှို့ဝှက်ချက်များမှဖြစ်ကြောင်း ရွှယ်အန်းသာလျှင်သိသည်။
ရွှယ်အန်း၏ နတ်အာရုံ၏ ကြီးမားသော တွန်းအားကြောင့်သာ လူများစွာကို တစ်ပြိုင်နက်တည်း သန့်စင်ပေးနိုင်ခြင်းဖြစ်သည်။
ဤအချိန်တွင် ရွှယ်အန်းကပြောလိုက်၏။
"တကယ်နာကျင်မှုက စတော့မယ် ပိုပြီး ကြံကြံခံထားကြ မင်းတို့ပိုသန်မာလာလိမ့်မယ်”
ဘာလဲ။
နာကျင်မှုအစစ်က မလာသေးဘူးလား။
ဒါဆို ဒါက အခု ဘာလဲ။
ရှောင်ရွှေ့နှင့် အခြားသူများ အံ့ဩသွားကြသည်။
ရွှယ်အန်းက နောက်ဆုံးသော စာလုံးကို စတင် ထွင်းထုတော့သည်။
ဘမ်း
မီးတောက်ကဲ့သို့ အလင်းတန်းများသည် ရှောင်ရွှေ့နှင့် အခြားသူများ၏ ခန္ဓာကိုယ်ပေါ်ရှိ စာလုံးများသို့ တိုးဝင်လာသည်။
နာကျင်မှု
၎င်းတို့ဍေ ဝိညာဉ်များ ကွဲကြေနေသကဲ့သို့ပင်ဖြစ်သည်။
ဤလူသားမျိုးနွယ် စစ်သည်တော်များသည် နောက်ဆုံးတွင် မထိန်းနိုင်ဘဲ နာကျင်စွာ ညည်းညူကြသည်။
ရွှယ်အန်းက တိတ်တဆိတ်ကြည့်နေသည်။
ဤအခက်အခဲကို အခြားမည်သူမျှ မကူညီနိုင်ပေ။ ၎င်းတို့ဘာသာသာ ကျော်ဖြတ်ကြရသည်။ အသွင်ပြောင်းခြင်းကို ပြီးမြောက်စေသည့် ပထမဆုံးသူမှာ ရှောင်ရွှေ့ဖြစ်သည်။
သူက တဆတ်ဆတ်တုန်နေကာ သူ့ကိုယ်ပေါ်ရှိ စာလုံးများက ထင်းနေပြီဖြစ်သည်။ သူသည် နာကျင်မှုကြောင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် သူ့ပတ်ဝန်းကျင်တွင် အနက်ရောင် မျဉ်းကြောင်းများ လျင်မြန်စွာ ပေါ်လာသည်။
တခဏအတွင်း ရှောင်ရွှေ့သည် ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ကို လွှမ်းခြုံထားသည့် အနက်ရောင် ချပ်ဝတ်တန်ဆာ ၀တ်ထားသည်။
ထို့အပြင် ဤသည်နှင့်မပြီးသေးပေ။
ချွင်
ကြည်လင်ပြတ်သားသော သတ္တုသံနှင့်အတူ ကြီးမားသော သံမဏိတောင်ပံနှစ်ချောင်းသည် ရှောင်ရွှေ့နောက်ကွယ်မှ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် အနက်ရောင် ချပ်ဝတ်တန်ဆာနဲ့ တွဲဖက်ကြည့်ပါက မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် လျှို့ဝှက်ဆန်းကြယ်၍ အစွမ်းထက်ပုံပေါ်သည်။
တစ်ချိန်တည်း၌ပင် လူသားမျိုးနွယ်စုသူရဲကောင်းများအားလုံး တညီတညွတ်တည်း အသွင်ပြောင်းလာကြသည်။
နာကျင်မှုများကြားတွင်
မျက်စိတစ်မှိတ်အတွင်း၌ ၎င်းတို့အားလုံးက အနက်ရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ကြကာ အတောင်ပံများ ပွင့်ထွက်လာကြသည်။
ဒါက... ရှေးခေတ်ရဲ့ ဆေးပညာ လျှို့ဝှက်ချက်ပဲ။
စစ်မှန်သော စစ်သား သံချပ်ကာ ပညာ။
အခန်း(၆၁၄) တိုက်ပွဲပုံစံဖွဲ့စည်းခြင်း၊
ရှေးနတ်ဘုရားရုပ်ထုများနှင့်ဆင်တူသည့် ဤလူသား မျိုးနွယ်စစ်သည်တော်များကိုကြည့်ရင်းဖြင့် ချန်ယာ့ယွင်နှင့် လျို့ခယ့်ခယ်တို့ အလွန် အရှက်ကွဲလျက်ရှိသည်။
သို့သော်လည်း ရွှယ်အန်းက အနည်းငယ်ပြုံးရုံသာပြုံးလိုက်သည်။
‘မဆိုးပါဘူး၊ အားလုံးကို တစ်ကြိမ်တည်းနဲ့ အောင်အောင်မြင်မြင် သန့်စင်နိုင်သားပဲ’
ဤလူသားမျိုးနွယ်စစ်သည်တော်များထဲမှ တစ်ဦးတစ်ယောက်မျှ အားပျော့ခြင်းမရှိကြောင်း သက်သေပြနိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ထဲမှ တစ်ယောက်ယောက်သည် ၎င်းတို့၏ အသွင်ကူးပြောင်းမှုတွင် တုံ့ဆိုင်းနေပါက ပြုပြင်မွမ်းမံမှု မအောင်မြင်နိုင်သောကြောင့် ဖြစ်သည်။
ယခုအချိန်တွင် ရှောင်ရွှေ့နှင့် အခြားသူများသည် ၎င်းတို့၏သံချပ်ကာကို စိတ်လှုပ်ရှားစွာ စစ်ဆေးနေကြကာ အချို့မှာ ကိုယ့်ကိုယ်ကိုယ် ထိန်းမနိုင်သိမ်းမရဖြစ်လျက် ကျောက်တုံးကြီးကို ဆွဲထိုးကြည့်ကြသည်။
ပြတ်သားသောအသံတစ်ခုထွက်ပေါ်လာပြီးနောက် ကြီးမားသော ကျောက်တုံးကြီးက အမှုန့်ဖြစ်သွား၏။
ထို့အပြင် ယင်းက ခွန်အားအပြည့်မပါသည့် ပေါ့ပေါ့ပါးပါး လက်သီးချက်တစ်ခုသာဖြစ်သည်။
ယခု ရှောင်ရွှေ့နှင့် တခြားသူများက ပို၍ပင် စိတ်လှုပ်ရှားသွားကြသည်။
"ကောင်းကင်ကို ပျံသန်းပြီး စစ်ခင်းကျင်းမှုပုံစံကိုစလုပ်ကြ။ ချီတက်"
ရွှယ်အန်း၏ အမိန့်ပေးချက်အရ၊ လူသားမျိုးနွယ်စုသူရဲကောင်းများအားလုံး တညီတညွတ်တည်း ခေါင်းညိတ်ပြပြီးနောက် ၎င်းတို့၏ သတ္တုတောင်ပံများကို ဖြန့်ကာ အနည်းငယ် တဖျပ်ဖျပ်ဖျပ်ခတ်လျက် လေထုထဲသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် အနက်ရောင်အလင်းတန်းများအဖြစ် ပြောင်းလဲ ပျံတက်သွားကြသည်။
၎င်းတို့၍ အမြန်နှုန်းက အလွန်မြန်သောကြောင့် လွတ်မြောက်အင်မော်တယ်အထွတ်အထိပ်ကျင့်ကြံသူထက် အဆင့်နိမ့်မည်မဟုတ်ပေ။
မျက်စိတစ်မှိတ်အတွင်း၌ပင် သူရဲကောင်းများအားလုံး ပျံတက်သွားကာ တိုက်ပွဲပုံစံအတိုင်း သပ်သပ်ရပ်ရပ် စီလိုက်ကြသည်။
တိုက်ပွဲပုံသဏ္ဌာန်ဖြစ်လာသည်နှင့်တပြိုင်နက် လူသား မျိုးနွယ်စစ်သည်တော်များသည် တစ်ဖွဲ့တည်းအဖြစ် ပေါင်းစည်းသွားသည့်အလား အနက်ရောင်အလင်းတန်းအဖြစ် စုစည်းသွားသည်။
ထိုကဲ့သို့သော အရှိန်အဟုန်ပြင်းပြင်းသည် ကောင်းကင်နှင့်မြေကြီး၏ အရောင်များကို ပြောင်းလဲစေကာ နေနှင့်လ၏ အလင်းကို ဖုံးအုပ်ပစ်လိုက်သည်။
ရှေ့သို့ ရွေ့လျားသွားသည်နှင့် တပြိုင်နက် ၎င်းဖြတ်သွားရာနေရာတစ်လျှောက် အလင်းရောင်က ကွယ်ပျောက်သွားကာ မည်သူမျှ တိုက်ရိုက်မကြည့်ဝံ့သော ကြောက်မက်ဖွယ် အနက်ရောင် ချောက်ကြီးတစ်ခု ဖြစ်လာသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စစ်မှန်သော အင်မော်တယ်ထက်ဝက်အဆင့်တွင်ရှိနေသည့် ချန်ယာ့ယွင်၏ အမူအရာက သိသိသာသာပြောင်းလဲသွားသည်။
အဘယ်ကြောင့်ဆိုသော် ဤအနက်ရောင်အလင်း၏အရှိန်သည် ရွှေအင်မော်တယ်အဆင့်ထက် မနည်းလှကြောင်း သူမ ခံစားနိုင်သောကြောင့်ဖြစ်သည်။
ဤအနက်ရောင်အလင်းတန်းကို ရင်ဆိုင်ရသောအခါတွင် သူမပင်လျှင် နှစ်ကြိမ်စဉ်းစားရပေမည်။ ဤသို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲပုံစံသည် ကျင့်ကြံရေးအဆင့်မရှိသည့် လူသားမျိုးနွယ်စုတစ်စုဖြင့် ဖွဲ့စည်းထားလိမ့်မည်ဟု မည်သူက တွေးမိနိုင်မည်နည်း။
ယခုအချိန်တွင် ချန်ယာ့ယွင်သည် ရှုံးနိမ့်မှုကို အမှန်ပင်ဝန်ခံခဲ့ကာ ရွှယ်အန်းအပေါ် အလေးအနက်မထားဘဲ မနေနိုင်တော့ပေ။ သူမ၏မျက်လုံးထဲတွင် ဤလူ၏နည်းလမ်းများသည် အလွန်ကြောက်မက်ဖွယ်ကောင်းလျက်ရှိသည်။ လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် သူသည် ထိုကဲ့သို့သော စစ်မှန်သည့် တပ်တစ်ခုကို ဖန်တီးနိုင်သည်။
ထိုသူသည် မိမိ နားမလည်နိုင်သော ဝှက်ဖဲ နောက်ထပ်မည်မျှ ကိုင်ထားသနည်း။
ထိုအချိန်၌ ရုပ်သေးအင်မော်တယ်ဂိုဏ်းနှင့် မနီးမဝေးတွင် တောင်ငယ်တစ်ခုပေါ်၌ ကြောက်လန့်တကြား ငှက်စုတစ်စုကဲ့သို့ ကောင်းကင်သို့ အလင်းတန်းသုံးစင်း တက်လာကာ အဝေးသို့ ထိတ်လန့်စွာ ပြေးသွားခဲ့သည်။
ရွှယ်အန်းက ယင်းကို မျှော်လင့်ထားပုံဖြင့် ဤသည်ကိုမြင်သောအခါ သူက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
သူ့အမိန့်ကို မစောင့်ဘဲ ရှောင်ရွှေ့က လူသားမျိုးနွယ်စုစစ်သည်များကို ဦးဆောင်ကာ အလင်းတန်းသုံးခုရှေ့တွင် ချက်ချင်းပြန်ပေါ်လာသည်။
“သတ်ကြ”
ရှောင်ရွှေ့၏ အမိန့်ကို လိုက်နာ၍ အနက်ရောင်အလင်းသည် ချက်ချင်းပင် အလင်းတန်းနှစ်ခုကို လွှမ်းခြုံသွားရာ ထိတ်လန့်တကြား အော်သံနှစ်ခုနှင့်အတူ သွေးများနှင့် ခန္ဓာကိုယ်များ လဲကျလာသည်။
ရှေ့မှ ထွက်ပြေးသွားသူက မြင်လိုက်ရသည့် မြင်ကွင်းကို ကြောက်လန့်လျက် ခြေထောက်တစ်စုံထပ်မံပေါက်လာစေရန် ဆုတောင်းလျက်ရှိသည်။
ထိုအချိန်တွင် ရွှယ်အန်း၏ အသံထွက်ပေါ်လာသည်။
"လွှတ်ပးလိုက် သူ့အသက်ကိုမသတ်နဲ့”
ရွှယ်အန်း၏အမိန့်ကိုကြားသောအခါ လူသားမျိုးနွယ်စုစစ်သည်များက ၎င်းတို့၏လိုက်လံခြင်းကို ရပ်လိုက်သည်။
လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သကဲ့သို့ ထိုသူသည် သူရနိုင်သမျှ ခွန်အားများကို အသုံးချ၍ မျက်စိတစ်မှိတ်အတွင်း၌ပင် ကောင်းကင်ယံမှ ပျောက်ကွယ်သွားခဲ့သည်။
ရှောင်ရွှေ့နှင့် အခြားသူများက တောင်ထိပ်သို့ ပြန်သွားကာ မြေပြင်ပေါ်သို့ ဆင်းသက်ခဲ့ကြသည်။
ထို့နောက် ၎င်းတို့၏ ပခုံးများကို အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာသည် တခဏချင်း ပျောက်ကွယ်သွားရာ ၎င်းတို့၏ မူလအသွင်အပြင် ပြန်လည်ပေါ်လွင်လာသည်။
"အစ်ကိုအန်း၊ ဒီကောင့်ကို ဘာလို့လွှတ်လိုက်တာလဲ။" ရှောင်ရွှေ့အနည်းငယ် အံ့ဩသွားသည်။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"သူက ဉာဏ်ရည်ဉာဏ်သွေး စုဆောင်းတဲ့ ကင်းထောက်ကလေးပဲ၊ သူ့ကို သတ်လိုက်တာ သိပ်အသုံးဝင်မှာ မဟုတ်ဘူး၊ ဒါပေမယ့် သူ့ကို လွှတ်လိုက်တာက တောင်ပင်လယ်ဂိုဏ်းအတွက် သတိပေးချက်တစ်ခုဖြစ်သွားလိမ့်မယ်”
အစကတည်းက ရွှယ်အန်းက အဝေးမှတစ်စုံတစ်ယောက်ကြည့်နေကြောင်း သိသည်။ ထို့အပြင်
ပြီးတော့ သူ့ဆီမှ ထွက်လာသော ရောင်ဝါက လျန်ယွင်ကျီနှင့် တူညီသောကြောင့် ဤလူများသည် တောင်ပင်လယ်ဂိုဏ်းမှ စေလွှတ်ခဲ့သူများဖြစ်သည်ဟု ညွှန်ပြနေသည်။
မည်သို့ပင်ဆိုစေကာမူ ရွှယ်အန်းသည် မည်သည့်အရာမှ မပြုလုပ်ခဲ့ပေ။
"အနန္တစကြဝဠာမှာ စစ်မှန်တဲ့ခွန်အားက ထာဝရမပြောင်းလဲဘူး။ အရာအားလုံးကို ပွင့်ပွင့်လင်းလင်းမြင်ခွင့်ပေးလိုက်ရင်တောင် မင်းတို့ဘာလုပ်နိုင်မှာလဲ”
သို့သော် တိုက်ပွဲဖွဲ့စည်းပုံက ပုံစံပေါ်လာ၍ ထိုနေရာသို့ လှည့်လည်သွားလာသောအခါ၊ ၎င်း၏ ကြောက်မက်ဖွယ်အရှိန်အဟုန်သည် တောင်ငယ်တစ်ခုပေါ်မှ စောင့်ကြည့်နေသော သူလျှိုသုံးဦးကို ကြောက်စိတ်များ တိုးပွားစေသည်။ ၎င်းတို့ကို ပစ်မှတ်ထားသည်ဟု ထင်မြင်ကြသဖြင့် လေး၏ချည်နှောင်မှုကြောင့် ထိတ်လန့်တုန်လှုပ်သွားသည့် ငှက်များကဲ့သို့ ၎င်းတို့၏ အသက်ကို စွန့်ပြေးခဲ့ကြသည်။
ရိုးရှင်းစွာပြောရလျှင် ၎င်းတို့ကိုယ်၎င်းတို့ အရေးကြီးသည်ဟုသာ မထင်ခဲ့ပါက ၎င်းတို့ထဲက တစ်ယောက်မျှ သေရမည်မဟုတ်ပေ။
ရွှယ်အန်းပြောသည်ကို ကြားသောအခါ ရှောင်ရွှေ့က နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
"အစ်ကိုအန်း ကျွန်တော်တို့ မျိူးနွယ်စုတစ်ထောင်စုဝေးပွဲကို စုရုံးဖို့ ဘယ်အချိန်သွားမှာလဲ" ရှောင်ရွေ့က စိတ်အားထက်သန်စွာ မေးလိုက်သည်။
ရွှယ်အန်းက ရယ်မောလိုက်၏။
"စိတ်စောနေတာလား"
ရှောင်ရွှေ့က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
အခြားသော လူသားမျိုးနွယ်စုစစ်သည်များသည်လည်း မျှော်လင့်ခြင်းအပြည့်ရှိသော မျက်လုံးများဖြင့် ရွှယ်အန်းကို ကြည့်လိုက်ကြသည်။
ရွှယ်အန်းက စိတ်ထဲမှ သက်ပြင်းတစ်ချက်ချလိုက်သည်။
လူသားမျိုးနွယ်စုသည် အချိန်ကြာမြင့်စွာ ဖိနှိပ်ခံခဲ့ရကြောင်း သူနားလည်သည်။ နောက်ဆုံးတွင် ၎င်းတို့က မျိုးနွယ်စုတစ်ထောင်စုဝေးပွဲတွင် ဦးမော့နိုင်ရန် အခွင့်အရေးရခဲ့သည်၊ ထို့ကြောင့် သဘာဝအတိုင်းပင် အနည်းငယ် စိတ်မရှည်တော့ခြင်းဖြစ်သည်။
ဤသည်ကိုတွေး၍ ရွှယ်အန်းက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
"မင်းတို့ရဲ့ပစ္စည်းတွေကို ထုပ်ပိုးလိုက်၊ ငါတို့ မကြာခင် ထွက်သွားကြမယ်”
“ဟုတ်” ရှောင်ရွှေ့နှင့် အခြားသူများက တညီတညွတ်တည်း ရိုသေစွာ ဦးညွှတ်ပြောဆိုကြသည်။
ရွှယ်အန်းမှန်းဆထားသည့်အတိုင်း ထောက်လှမ်းရန် လာသည့် လူသုံးဦးကို တောင်ပင်လယ်ဂိုဏ်း၏ အကြီးအကဲဖြစ်သူ ကုန်းဝူနျန်က အမှန်ပင် စေလွှတ်လိုက်ခြင်းဖြစ်သည်။
ထိုနေ့တွင် သူမ၏ဆရာနှင့် အခြားတောင်ထိပ်သခင်များနှင့် အကျဉ်းချုံးဆွေးနွေးပြီးနောက် သူမ၏ဆရာက စိတ်မ၀င်စားသော်လည်း ကုန်းဝူနျန်သည် ရုပ်သေးအင်မော်တယ်ဂိုဏ်းကို စူးစမ်းရန် အရည်အချင်းရှိသော လက်အောက်ငယ်သားသုံးဦးကို စေလွှတ်ကာ သတိနှင့်နေရန် ကုန်းဝူနျန်က ဆက်လက်လုပ်ဆောင်ခဲ့သည်။
ကုန်းဝူနျန်၏အမြင်တွင် ဤသုံးဦးသည် သင့်လျော်သော ကျင့်ကြံရေးအဆင့်ရှိ၍ ဉာဏ်ရည်ထက်မြက်ကာ ၎င်းတို့၏ နတ်အာရုံကို ဖုံးကွယ်ထားနိုင်သော အဆောင်များပင် သယ်ဆောင်လာသဖြင့် ၎င်းတို့အားလုံးသည် ဤမစ်ရှင်အတွက် အံဝင်ခွင်ကျဖြစ်နေခဲ့သည်။
သို့သော် မမျှော်လင့်ဘဲ ဤအစီအမံများသည် ရွှယ်အန်း၏ရှေ့တွင် ဟာသတစ်ခုမျှသာမဟုတ်၊ လုံးဝပင် မဖော်ပြထိုက်ပေ။ ကံကောင်းထောက်မစွာ လွတ်မြောက်လာသူသည် ကုန်းဝူနျန်ကို တွေ့ဆုံရန် တောင်ပင်လယ်ဂိုဏ်းဆီသို့ မိုင်တစ်သောင်းကို တိုက်ရိုက်ဖြတ်ကျော်လာခဲ့သည်။
"ဘာဖြစ်တာလဲ၊ မစ်ရှင်က မအောင်မြင်ဘူးလား" ကုန်းဝူနျန်သည် မိမိ၏ လက်အောက်ငယ်သား၏ ပြာလဲ့နေသောမျက်နှာကို မြင်လိုက်ရပြီးနောက် တုန်လှုပ်ကာ မေးလိုက်သည်။
ထိုလူက ခေါင်းညိတ်ပြ၍ ခါးသက်စွာပြုံးလိုက်သည်။
"ကျန်နှစ်ယောက် ဆုံးသွားပြီ။ ကျွန်တော်တစ်ယောက်တည်း ကံကောင်းပြီးလွတ်လာခဲ့တာပါ”
“မင်းတို့ကို လူဘယ်နှစ်ယောက်တိုက်ခိုက်တာလဲ။ မင်းကို ဘယ်သူတွေတွေ့သွားလဲ” ကုန်းဝူနျန်က တုန်လှုပ်ခြောက်ခြားမှုအပြည့်ဖြင့်မေးလိုက်သည်။
သူမသည် ဤသုံးယောက်၏ စွမ်းပကားကို ကောင်းစွာသိ၏။ တိုက်ခိုက်ရေးအင်အားနည်းပါးသော်လည်း ပျံသန်းခြင်းနှင့် ရှောင်တိမ်းခြင်းပညာရပ်များတွင် အလွန်ကျွမ်းကျင်ကြသည်ဖြစ်ရာ သာမန်ကျင့်ကြံသူများက ၎င်းတို့ကို မည်သို့မျှ အမှီလိုက်နိုင်မည်မဟုတ်ပေ။
“ဒါကတော့….” ထိုသူက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ကျောက်စိမ်းပြားတစ်ပြားကို ပေးလိုက်သည်။
“ကျွန်တော် မြင်ခဲ့ရသမျှကို နတ်အာရုံနဲ့ ဒီထဲမှာ မှတ်တမ်းတင်ထားပါတယ်။ ကျေးဇူးပြုပြီး ကြည့်ကြည့်ပါ အကြီးအကဲအစ်မ”
ကုန်းဝူနျန်က ကျောက်စိမ်းပြားကို ယူ၍ နတ်အာရုံဖြင့် စစ်ဆေးခဲ့သည်။ ခဏအကြာတွင် သူမက ရုတ်တရက် မတ်တပ်ထရပ်ကာ မျက်နှာတစ်ခုလုံး တုန်လှုပ်ခြောက်ခြားမှုတို့ဖြင့်ပြည့်သွားသည်။
"ဘာလဲ...ဒါကဘာလဲ"
ရှောင်ရွှေ့နှင့် အခြားသူများ လေပေါ်သို့ တက်ထားသည့်နေရာမှစ၍ မှတ်တမ်းတင်ထားခဲ့သည်။ နတ်အာရုံဖြင့် ဖန်တီးထားသော ပုံရိပ်တစ်ခုသာဖြစ်သော်လည်း ကုန်းဝူနျန်က ဤစစ်သားများ
ကြောက်မက်ဖွယ်ခွန်အားကို ခံစားမိသည်။
"ရုပ်သေးအင်မော်တယ်ဂိုဏ်းရဲ့ တောင်ကာကွယ်ရေးအခင်းအကျင်းက ကျွန်တော်တို့ကို ကာထားလို့ သူတို့ အပေါ်တက်မလာခင်အချိန်ကို မမြင်ခဲ့ရပါဘူး”
“သူတို့က မင်းတို့ကို သတ်ခဲ့တဲ့လူတွေလား”
“ဟုတ်ပါတယ်။ နောက်ပြီး သူတို့အမြန်နှုန်းက…”
ဤကိစ္စကို ထည့်ပြောလိုက်သောအခါ ထိုသူ၏မျက်လုံးထဲတွင် ကြောက်လန့်သော အကြည့်များပေါ်လာသည်။
“သူတို့က အရမ်းမြန်လွန်းတယ်။ အသက်တစ်ချက်ရှုချိန်လေးမှာတင် ကျွန်တော်တို့ကို အမှီလိုက်နိုင်ခဲ့တယ်။ တကယ်လို့ နောက်ဆုံးအချိန်မှာ တစ်ယောက်ယောက်က ကျွန်တော့်သို့ သက်ညှာပေးဖို့သာ မပြောလိုက်ဘူးဆိုရင် နေရာမှာတင် ကျွန်တော် အသက်ခံလိုက်ရလောက်ပြီ”
"ကောင်းပြီ၊ ငါနားလည်ပြီ။ မင်းကောင်းကောင်းလုပ်ခဲ့တယ်။ အခု နောက်ပြန်ဆုတ်လိုက်ပါ။ ပြီးတော့ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောဖို့ မမေ့နဲ့”
“ဟုတ်ကဲ့”
ထိုသူထွက်သွားပြီးနောက် ကုန်းဝူနျန်က ကျောက်စိမ်းပြားကို ကိုင်ကာ ထိုနေရာတွင်ရပ်နေ၍ သူမ
ဆရာကို တွေ့ရန် ပြင်ဆင်ရင်းဖြင့် အတွေးထဲနစ်မြောနေသည်။
ရုတ်တရက်ဆိုသကဲ့သို့ပင် ကုန်းဝူနျန်၏ရှေ့၌ နတ်အာရုံတစ်ခုပေါ်လာ၏။
“တောင်နောက်ဘက်က ကျိုးထျန်ကြယ်တာရာခန်းမကို ချက်ချင်းလာခဲ့”
အခန်း(၆၁၅) မရေမတွက်နိုင်အောင်များပြားသော ကြယ်များဝိုင်းရံခြင်း
ကုန်းဝူနျန်အံ့အားသင့်သွားသည်။
ကြယ်တာရာခန်းမသည် တောင်ပင်လယ်ဂိုဏ်း၏ တားမြစ်နယ်မြေဖြစ်သည်။ သာမန်အားဖြင့် သူမ၏ဆရာနှင့် တောင်ထိပ်သခင်အနည်းငယ်မှတပါး အခြား မည်သူမျှ ထိုသို့ ခြေချခွင့်မရှိပေ။
‘ဒါပေမယ့် ဒီနေ့တော့ဆရာက ငါ့ကို အဲ့ကိုသွားဖို့ ရုတ်တရက်ကြီးခေါ်လိုက်တယ်။ ဘာလို့လဲ’
ကျီဝေ့နတ်သားတော်ဆင်းသက်တော့မှာလား။
ဤအတွေးဖြင့် ကုန်းဝူနျန်၏ဆံပင်များအားလုံး ထောင်မတ်သွားသည်။
အကယ်၍ ဤအရာသာ အမှန်ဖြစ်ပါက တောင်ပင်လယ်ဂိုဏ်း၏ ရာစုနှစ်တစ်ခုအတွင်း အထင်ရှားဆုံး ဖြစ်ရပ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် သူမသည် အနောက်တောင်ပေါ်သို့ ချက်ချင်း ပြေးသွားလေသည်။
ခဏအကြာတွင် သူမသည် အနောက်တောင်ပေါ်သို့ ရောက်နေပြီဖြစ်သည်။ ဤနေရာတွင် မရေမတွက်နိုင်အောင်များပြားသော တားမြစ်ချက်များရှိ၍ မည်သူမျှ ပျံသန်းရန်မဖြစ်နိုင်ပေ။ ထို့နောက် ကုန်းဝူနျန်က မြေပြင်ပေါ်သို့ ဆင်းသက်လာကာ ကြယ်တာရာခန်းမသို့ လျှောက်သွားခဲ့သည်။
ထိုအချိန် ကြယ်တာရာခန်းမ၏အထက်အမှောင်အမိုးခုံးပေါ်တွင် မရေမတွက်နိုင်အောင်များပြားသော ကြယ်များ တဖျပ်ဖျပ်လတ်နေ၏။ ဤခန်းမကို ဆောက်လုပ်ခဲ့သော အရှင်က ခန်းမတစ်ခုအတွင်း၌ မရေမတွက်နိုင်သော ကောင်းကင်ယံကြယ်များကို သိုလှောင်ရန် အံ့ဩစဖွယ်နည်းလမ်းအချို့ကို အသုံးပြုခဲ့သည်။ သို့တင်မက ဤကြယ်များသည် ၎င်းတို့၏ နေရာအစစ်များနှင့် အတိအကျ ဆက်နွယ်နေသည်။
ကြယ်အစစ်များကြားမှ ပြောင်းလဲမှုအနည်းငယ်ကိုပင် ဤနေရာတွင်ထင်ဟပ်နေ၏။ ထိုအချိန်၌ ကြယ်များက အလျင်အမြန်ရွေ့လျားလာကာ ကြယ်များကြား၌ မြူမှုန်မုန်တိုင်းများဖြစ်ပေါ်လာသည်။
သို့သော် ဤကြယ်များက မည်မျှပင် လှည့်ပတ်နေစေကာမူ တောက်ပနေသော လမင်းကဲ့သို့ အလယ်နန်းတော်တွင် ခိုင်ခိုင်မြဲကာ မလှုပ်မယှက်ရပ်နေသော ပြိုးပြိုးပြက်ပြက်တောက်ပနေသည့် ကြယ်တစ်စင်းရှိနေသည်။ မီးပုံးကဲ့သို့ ကြီးမားလှသော ဤကြယ်ကို ကြယ်များစွာက ဝိုင်းရံထားကာ သေခြင်းနှင့် ရှင်ခြင်း၏ စွမ်းအားကို ဆုပ်ကိုင်ထား၍ ၎င်း၏ မြင့်မြတ်မှုသည် ပြောမပြနိုင်လောက်အောင်ကြီးမားသည်။
ဤသည်မှာ ကြယ်အားလုံး၏သခင် ကျီဝေ့ဧကရာဇ်ကြယ်မှလွဲ၍ အခြားမဟုတ်ပေ။
ဖန်တင်းထျန်သည် ကြယ်တာရာသခင်မနှင့် အခြားသူများနှင့်အတူ ယဇ်ပူဇော်ခံသည့် စင်မြင့်ပေါ်၌ ရပ်ကာ ကြယ်များ၏အရှိန်အဟုန်ကို ကြည်ညိုလေးစားသောအကြည့်များဖြင့် မော့ကြည့်နေကြသည်။ အချုပ်အခြာအာဏာအပြည့်နှင့် မြင့်မြတ်သော ရောင်ဝါတစ်ခုက ဆင်းသက်လာသည်ကို ၎င်းတို့ ခံစားနိုင်ကြသောကြောင့်ဖြစ်သည်။
ကုန်းဝူနျန်က ကြယ်တာရာခန်းမတွင် ပေါ်လာသောအခါ ကျီဝေ့ဧကရာဇ်ထံမှ ခရမ်းရောင်ကြယ်အလင်းတန်းတစ်ခု ဆင်းသက်လာ၍ ခန်းမဆောင်ကြီး၏ အလယ်ဗဟိုရှိ ကျောက်စိမ်းတုံးတစ်ပိုင်းပေါ်သို့ တိုက်ရိုက် တောက်ပနေသည်။
ဤကျောက်စိမ်းတုံးကြီးသည် အလွန်ကြီးမားလျက်ရှိရာ ပို၍တန်ဖိုးကြီးသည်မှာ ၎င်းသည် အလွန်ရှင်းလင်းပြတ်သားသဖြင့် ဖောက်ထွင်းမြင်နေရခြင်းဖြစ်သည်။
အခြားသော ကျင့်ကြံသူများ ရှိနေလျှင် အံ့သြတကြီး အော်ကြပေလိမ့်မည်ဖြစ်သည်။ ဤကျောက်စိမ်းတုံးတစ်ခုလုံးသည် အလွန်ရှားပါးသော ကျောက်စိမ်းခြင်ဆီကျောက်တုံးဖြစ်၏။
ဤကျောက်စိမ်းခြင်ဆီကျောက်သည် ရံဖန်ရံခါတွင်သာ ကျောက်စိမ်းကျောက်တုံးကြီးများတွင် နက်ရှိုင်းစွာပေါ်လာတတ်၍ အများစုမှာ လက်သီးအရွယ်ဖြစ်သည်။ သို့သော် ဤကျောက်စိမ်းခြင်ဆီကျောက်သည် လူတစ်ဦး၏အမြင့်ထက်ကျော်လွန်နေရာ ယင်းကိုအခြေခံ၍ပြောရလျှင် ဤကျောက်တုံးသည် မြို့၏ ကံကြမ္မာနှင့်လဲလှယ်နိုင်သည့်တန်ကြေးရှိသည်။ အချို့သော ကျင့်ကြံရေးဂိုဏ်းငယ်များက ၎င်းတို့၏ အရင်းအမြစ်မှန်သမျှကို အကုန်အကျခံသုံးစွဲလိုက်ကြလျှင်ပင် ထိုကဲ့သို့ သလင်းကျောက်မျိုးကို ဝယ်နိုင်မည်မဟုတ်ပေ။
သို့သော် တောင်ပင်လယ်ဂိုဏ်း၏ခေါင်းဆောင်၊ ဖန်တင်းထျန်နှင့် အခြားတောင်ထွတ်သခင်များအတွက်မူ ထိုကျောက်တုံးသည် စကားထဲထည့်ပြောရန်တန်ကြေးရှိသည်ဆိုရုံမျှဖြစ်သည်။ နတ်သားတော်ရောက်ရှိလာခြင်းကို ကြိုဆိုနိုင်သမျှကာလပတ်လုံး အရာရာတိုင်းက ထိုက်တန်သည်။
ခရမ်းရောင် ကြယ်အလင်းက ကျောက်စိမ်းခြင်ဆီကျောက်အတွင်းသို့ စိမ့်ဝင်သွားပြီးနောက် ဖြည်းညှင်းစွာ ကျုံ့လာသည်။ ကျောက်စိမ်းခြင်ဆီကျောက်အတွင်း ခရမ်းရောင်ကြယ်အလင်းစိမ့်ဝင်သွားသောနေရာတွင် လူတစ်ယောက် ပုံသဏ္ဍာန်ဖြစ်ပေါ်လာသည်ကိုမြင်နေရသည်။
ကြယ်ရောင်များ ဆက်လက်စိမ့်ဝင်လာသည်နှင့်အမျှ ပုံသဏ္ဍာန်က ပိုမိုရှင်းလင်းလာသည်။
နောက်ဆုံးတွင် ဧကရာဇ်မင်းနှင့်တူသော သိက္ခာရှိသော မျက်နှာထားဖြင့် မျက်လုံးများကိုမှိတ်ထားသော လူငယ်တစ်ဦး၏ ရုပ်သွင်က ထင်ရှားစွာ ပေါ်လွင်လာခဲ့သည်။ သို့ထိတိုင် သူ့ဆီမှ ထွက်လာသော ပြင်းထန်သည့် ဖိအားသည် ကုန်းဝူနျန်၏အသားအရည်ကို ဖြူဖျော့သွားစေသည်။
ဖန်တင်းထျန်နှင့် တောင်ထိပ်သခင်တို့က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကြည့်နေကြသည်။
အကြောင်းမူကား၊ ကျီဝေ့နတ်သားတော်ဆင်းသက်တော့မည်ကို သိကြသောကြောင့်ပင်ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်း အသက်တစ်ချက်ရှုပြီးတိုင်း ကောင်းကင်ကြယ်တာရာခန်းမ၏ အမိုးခုံးအထက်ရှိခရမ်းရောင်ကြယ်သည် တောက်ပသောအလင်းဖြင့် ရုတ်တရက်ပေါက်ကွဲသွားသည်။
တစ်ချိန်တည်း၌ပင် အပြင်ဘက်ကောင်းကင်ယံ၌ ခရမ်းရောင်ကြယ်ပွင့်သည် နေ့ခင်းဘက်တွင် ပေါ်လာကာ ကြီးမားသောကြယ်၏စွမ်းအားဖြင့် လောကကို လွှမ်းခြုံပစ်လိုက်သည်။
ဤကြယ်စွမ်းအားသည် ကောင်းကင်ကြယ်ခန်းမ၏ အမိုးခုံးကို ဖြတ်၍ ကျောက်စိမ်းခြင်ဆီကျောက်သို့တိုက်ရိုက်ဝင်ရောက်ကာ ထိုလူ၏ မျက်ခုံးကြား၌ လေးနက်သော လေးစားဖွယ်အမှတ်တစ်ခုဖြစ်ပေါ်လာစေသည်။
ကျောက်စိမ်းခြင်ဆီကျောက်တွင် အက်ကွဲကြောင်းများစွာ ထွက်ပေါ်လာပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် အမှုန့်အဖြစ် ပျက်ဆီးပျောက်ကွယ်သွားသည်။ ထို့နောက် မျက်လုံးမှိတ်ထားသောလူက ဖြည်းညှင်းစွာဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။
မျက်လုံးဖွင့်လိုက်သောအခါတွင် အရာခပ်သိမ်းကို လွှမ်းခြုံနေသော ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခုဖြာထွက်လာရာ လေပွေတစ်ခုပေါ်ထွက်လာသည့်အလား ကောင်းကင်ကြယ်တာရာခန်းမတစ်လျှောက် ဖြတ်ကျော်ဝင်ရောက်လာသည်။
အမိုးခုံးအထက်က ကြယ်ပေါင်းများစွာက ဆက်လက်၍ မထွန်းလင်းရဲကြတော့ဘဲ မှိန်ကျသွားသည်။
ထိုလူ၏မျက်လုံးထဲတွင် ကောင်းကင်တစ်ခုစာကြယ်များကို ဖမ်းယူထားသကဲ့သို့ လူအများကို အကြည့်ချင်းဆုံရန် ခက်ခဲစေသည်။ ဖန်တင်းထျန်နှင့် အခြားသူများသည် စိတ်လှုပ်ရှားစွာ တုန်တုန်ယင်ယင်ဖြင့် တက်ညီလက်ညီ ဒူးထောက်ကာ ရှေ့သို့ လှမ်းတက်ကြသည်။
"တောင်ပင်လယ်ဂိုဏ်း၏တပည့်များက နတ်သားတော်ကျီဝေ့ ဆင်းသက်မှုကို ကြိုဆိုပါတယ်”
နတ်သားတော်ကျီဝေ့က ငြိမ်သက်စွာရပ်နေပြီးမှ ခဏအကြယ်တွင် အာဏာစက်ပြင်းသောအသံဖြင့်ပြောလိုက်သည်။
“ခင်ဗျားတို့ ကောင်းကောင်းလုပ်ခဲ့တယ်”
“နတ်သားတော်ကို ကျေးဇူးတင်ပါတယ်” ဖန်တင်းထျန်၏ မျက်လုံးများက မျက်ရည်များဖြင့် ပြည့်လျှံနေသော်လည်း သူခေါင်းမထောင်ဝံ့ပေ။
ကုန်းဝူနျန်က နတ်သားတော်ကျီဝေ့ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။
အနုစိတ်ပုံစံများဖြင့် ချယ်လှယ်ထားသည့် ၀တ်စုံကို ၀တ်ဆင်ထားကာ အရပ်ရှည်ရှည် ပြေပြစ်သောရုပ်သွင်နှင့် ဆင်စွယ်ကဲ့သို့ နူးညံ့သိမ်မွေ့သော အသားအရေရှိသော နတ်သားတော်ကျီဝေ့၏ နှဖူးပေါ်တွင် ရှေးဟောင်းဆန်းကြယ်သော အမှတ်အသားကို သူမမြင်လိုက်ရသည်။
အထူးသဖြင့် အနီးကပ်စစ်ဆေးပြီးနောက် သူ့မျက်လုံးများတွင် မရေမတွက်နိုင်သော ကြယ်များ၏ လှည့်ပတ်နေသည်ထင်ရကာ လူတစ်ယောက်ကို ခုခံမှု ကင်းမဲ့စေသည်အထိ ဆွဲဆောင်နိုင်သည်။
ကုန်းဝူနျန်က လုံးလုံးလျားလျားစွဲလမ်းသွားသည်။
နတ်သားတော်ကျီဝေ့ကလည်း သူမကို သတိထားမိသကဲ့သို့ ခပ်ပါးပါးပြုံးကာပြောလိုက်သည်။
“ခရမ်းရောင်ကြယ်က အမိန့်ပေးနန်းတော်ကို စောင့်ကြပ်ပေးနေတယ်။ အဓိက ကြယ်ဆယ့်လေးလုံးလုံးက ခရမ်းရောင်ကြယ်နဲ့သက်ဆိုင်တယ်။ ဒီမိန်းကလေးက တော်တော် စိတ်ဝင်စားစရာကောင်းတာပဲ”
ဤသည်ကိုကြားသောအခါ ဖန်တင်းထျန်ကလေးစားစွာပြောလိုက်သည်။
"လွန်ခဲ့တဲ့ အနှစ်သုံးရာလောက်က ကျွန်တော်မျိုး နတ်ဘုရားရဲ့ အမိန့်ကို လက်ခံရရှိပြီးကတည်းက ကံကြမ္မာရဲ့ ယုတ္တိကို လေ့လာပြီး နောက်ဆုံး ဒီမိန်းကလေးကို တွေ့ပြီး တပည့်အဖြစ် ခေါ်သွားပါတယ်။ အခု သူက ကျွန်တော်မျိုးရဲ့ ပထမဆုံး တပည့်ဖြစ်ပြီး တောင်ပင်လယ်ဂိုဏ်းရဲ့ အကြီးအကဲ ဖြစ်နေပါပြီ။"
ကုန်းဝူနျန်၏ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးမှုအရိပ်အမြွက်တချို့ပေါ်လာသည်။
ဘာဖြစ်တာလဲ
ငါ့အရည်အချင်းကို တန်ဖိုးထားလို့ ဆရာက သူ့တပည့်အဖြစ်ခေါ်ခဲ့တာမဟုတ်ဘူးလား။
အခု သူဘာလို့ ဒီလိုပြောတာလဲ။
နတ်သားတော်ကျီဝေ့က ဤစကားကိုကြားသောအခါ အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်။
“ဒီမိန်းကလေးရဲ့ကံကြမ္မာက စကားလုံးတွေနဲ့ပြောလို့မရနိုင်လောက်အောင် မွန်မြတ်ပါပေတယ်။ သူက တကယ့်ကို ကြီးကျယ်ခမ်းနားမှုတွေကို လက်ခံရရှိမှာပါ”
ဤသည်ကိုကြားသောအခါ ဖန်တင်းထျန်က မျက်နှာချိုသွေးသောအပြုံးကို ပြုံးကာ ခေါင်းကို အနည်းငယ်မော့လိုက်သည်။
“နတ်သားတော်ခင်ဗျာ ကျွန်တော်မျိုး ဒီမိန်းကလေးကို တပည့်အဖြစ်ခေါ်ခဲ့တုန်းက အရှင့်ကို ဆက်သဖို့ ပြင်ဆင်ခဲ့တာပါ။ ဒီကမ္ဘာပေါ် အရှင့်ရဲ့ဆင်းသက်မှုက ထိုက်တန်တဲ့ကြင်ယာတော်မပါဘဲ ဘယ်လိုပြီးမြောက်နိုင်မလဲ”
ဤစကားများကိုကြားလိုက်ရသောအခါ ကုန်းဝူနျန်က ခြေဖျားလက်ဖျားများအေးစက်လာသည်ကိုခံစားလိုက်ရပြီးနောက် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားကာ စိတ်များလွတ်ထွက်သွားသည်။
နတ်သားတော်ကျီဝေ့က ခပ်ပါးပါးပြုံးကာ ပြန်ဖြေသည်။
“တကယ်ပဲ ငါ ဒီမိန်းကလေးကို တော်တော်သဘောကျတယ်။ ငါ့မျိုးရိုးကို ခံနိုင်ရည်ရှိရင် မင်းအတွက် ကြီးကျယ်တဲ့ ကံကြမ္မာကောင်းတစ်ခုကိုရမှာပဲ”
ဖန်တင်းထျန်သည် ဤစကားကိုကြားသောအခါ ဝမ်းသာပီတိဖြစ်ဟန်ဖြင့် ပြောလိုက်သည်။
“ကျွန်တော်မျိုး ဘာအကျိုးအမြတ်မှမလိုချင်ပါဘူး။ နတ်သားတော်က ကျွန်တော်မျိုးတို့ ကမ္ဘာကြီးကို အချိန်အကြာကြီး စောင့်ရှောက်ပေးဖို့ပဲ ဆန္ဒရှိပါတယ္တယ္”
ဤစကားကို ပြောပြီးနောက် ကုန်းဝူနျန်ဘက်သို့ လှည့်၍ပြောလိုက်သည်။
“ဝူနျန် ဒီနေ့ကစပြီး တောင်ပင်လယ်ဂိုဏ်းရဲ့ အရေးကိစ္စနဲ့ပတ်သက်လို့ မင်းကိုယ်တိုင်စိတ်ပူနေဖို့မလိုတော့ဘူး။ မင်းရဲ့ အရေးကြီးဆုံး တာဝန်က နတ်သားတော်ရဲ့ အနားမှာ နေဖို့နဲ့ သူ့အတွက် မျိုးဆက်ကို အစွမ်းကုန်ကြိုးစားပြီး မွေးဖွားပေးဖို့ပဲ။ နားလည်လား”
ကုန်းဝူနျန်က တုန်လှုပ်ခြောက်ခြားနေရာမှ သတိပြန်ဝင်လာကာ တစ်ချိန်က အလွန်လွှမ်းမိုးနိုင်စွမ်းပြင်းသော ဆရာဖြစ်သူက ဟန်ဆောင်ပြုံးနေသည်ကိုကြည့်၍ ရယ်ရခက်ငိုရခက်ဖြစ်သွားသည်။
နှစ်ရာပေါင်းများစွာကြာအောင် သူမ၏ ခက်ခဲကြမ်းတမ်းသော ကြိုးပမ်းအားထုတ်မှုများသည် ထင်ယောင်ထင်မှားများသာဖြစ်ကြောင်း သိလိုက်ရသည်။ သူမ၏ အရည်အချင်းနှင့် ပါရမီကို တန်ဖိုးထားသည်ဟု ထင်ခဲ့သော သူမ၏ ဆရာကြီးသည် နတ်သားတော်က မျက်နှာသာပေးရန်အတွက် သူမ၏ ကံကြမ္မာကို အသုံးပြုနေခြင်းသာ ဖြစ်သည်။
ထို့အပြင် သူက သူမကို နတ်သားတော်ထံတွင် အဆင့်နိမ့်ကိုယ်လုပ်တော်အဖြစ်ခစားကာ သူ၏ ကလေးကိုလွယ်ပေးရန်ပင် ပြောခဲ့သည်။
ဤအရာများအားလုံးသည် ကြီးမြတ်သော ကိစ္စကြီးတစ်ခုဖြစ်လာရန်သာ ဦးတည်ထားခြင်းဖြစ်ပေ၏။