← Chapters

အခန်း (၆၁၆-၆၁၈)

Vol. 42 Ch. 616-618

အခန်း (၆၁၆-၆၁၈)

Vol. 42 Ch. 616-618

အခန်း(၆၁၆) ယောက်ျားရော မိန်းမရော ဘယ်တော့မှ အရှုံးမပေးနဲ့

ကုန်းဝူနျန်သည် သူမ၏ နှလုံးသားတစ်ခုလုံး ဗလာကျင်းသွားသည့်အလား ခံစားလိုက်ရသည်။

သို့သော် သူမသည် ဆရာ၏ စကားကို မနာခံဝံ့ဘဲ တိတ်ဆိတ်စွာသာ ခေါင်းငုံ့နေနိုင်သည်။ ကြယ်တာရာမိန်းမပျိုက ခေါင်းလှည့်၍ သူမကိုကြည့်ကာ ခပ်တိုးတိုသက်ပြင်းချလိုက်သည်။

ကုန်းဝူနျန်က ဤတုံ့ပြန်မည်ဖြစ်ကြောင်း အစကတည်းက သူမသိသည်။ ကုန်းဝူနျန်၏

ယှဥ်ပြိုင်မှုစိတ်ဓာတ်ကို သူမ ကောင်းစွာနားလည်သည်။

ထိုသို့သော ထိုးနှက်ချက်သည် သူမအတွက် အလွန်ပြင်းထန်လိမ့်မည်။

...

၎င်းသည် သူမ၏ဘဝပထမတစ်ဝက်တွင် သူမတည်ဆောက်ခဲ့သမျှကို လက်တွေ့ကျကျ ဖျက်ဆီးပစ်လိုက်သည်။ ဤအရာက ကြယ်တာရာမိန်းမပျို၏ စိတ်ကို စာနာစိတ်အပြည့်ဖြစ်သွားစေသော်လည်း နတ်သားတော်ကျီဝေ့ကို သတိရကာ သူမ တိတ်ဆိတ်နေလိုက်သည်။

ထိုအချိန်၌ နတ်သားတော်ကျီဝေ့က ဘာသိဘာသာပြောလိုက်၏။

“မျိုးနွယ်စုတစ်ထောင်စုဝေးပွဲကြီး ဘယ်တော့စမှာလဲ”

“နတ်သားတော်အတွက် တစ်လခွဲအတွင်းစပါမယ်”

"ကောင်းပြီ၊ ပြင်ဆင်ပါ၊ ငါလူကိုယ်တိုင်လာမယ်။"

“ဟုတ်”

နတ်သားတော်ကျီဝေ့က ကြီးကျယ်ခမ်းနားသော နက္ခတ်တာရာစင်မြင့်ထက်သို့ ဖြည်းညှင်းစွာတက်လာကာ ပြောလိုက်သည်။

“နောက်ပြီး လတ်တလော ဒီကမ္ဘာမှာ ထူးခြားမှုတစ်ခုခုများရှိနေသလား”

“အဲ့… မရှိပါဘူး” ဖန်တင်းထျန်က ပြန်ဖြေပြီးနောက် ကုန်းဝူနျန်ဘက်သို့လှည့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် ကုန်းဝူနျန်သည် တောင်ပင်လယ်ဂိုဏ်း၏ သီးခြားအရေးကိစ္စများစွာအတွက် တာဝန်ရှိနေသောကြောင့်ဖြစ်သည်။ ကုန်းဝူနျန်က ကျောက်စိမ်းပြားကိုထုတ်ယူတော့မည့်အခိုက်၌ နက္ခတ်တာရာစင်မြင့်၏ ကုလားထိုင်ပေါ်တွင်ထိုင်နေသော နတ်သားတော်ကျီဝေ့က လက်ညှိုးကို ကွေးကာ လာရန်ခေါ်လိုက်သည်။

“လာပြီး ငါ့ကို ခစားချေ”

ကုန်းဝူနျန်က တစ်ကိုယ်လုံး တုန်လှုပ်သွားပြီးနောက် နတ်သားတော်ကျီဝေ့ကို ထိတ်လန့်တကြားကြည့်နေသည်။

“ဘာပြဿနာရှိလို့လဲ ပြောနေတာ မကြားဘူးလား” နတ်သားတော်ကျီဝေ့က ဘာသိဘာသာ မေးလိုက်သည်။

ကုန်းဝူနျန်၏ စိတ်ရှုပ်တွေဝေနေသော အမူအရာကိုမြင်သောအခါ ဖန်တင်းထျန်က အလျင်အမြန်ပြောလိုက်၏။

“ဝူနျန် နတ်သားတော်က မင်းကို ရှေ့တိုးလာခိုင်းနေတာ”

ကုန်းဝူနျန်သည် သူမ၏ အတွေးများမှ ပြန်လည်ရုန်းထွက်၍ ခေါင်းငုံ့ကာ တုန်လှုပ်စွာဖြင့် မတ်တပ်ရပ်လျက် လျှောက်သွားလိုက်သည်။ ထိုမှသာ ဖန်တင်းထျန်၏ မျက်နှာထက်၌ စိတ်သက်သာရာရသွားသောအမူအရာပေါ်လာသည်။ သို့သော် နတ်သားတော် ကျီဝေ့အပါအဝင် မည်သူကမျှ ကုန်းဝူနျန်သည် သူမ၏ လက်စွပ်အတွင်းမှ ကျောက်စိမ်းပြားကို တင်းတင်းကြပ်ကြပ်ခွဲခြေနေသည်ကို သတိမထားမိခဲ့ပေ?။

မှတ်တမ်းတင်ထားသောအရာမှန်သမျှ ပျောက်ဆုံးသွားသည်။ သူမက အသက်ပြင်းပြင်းရှုပြီးနောက် အနည်းငယ်ရက်စက်စွာပြုံးနေသော နတ်သားတော်ကျီဝေ့ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လိုက်သည်။

ဖန်တင်းထျန်နှင့် များစွာသော ဆရာများက အသီးသီး အမှောင်ထဲသို့ တိတ်တဆိတ် ပျောက်ကွယ်သွားကြသည်။

…………

အလယ်ပိုင်းပြည်နယ်တွင် ၎င်း၏ကျယ်ပြောလှသော မိုင်ပေါင်းထောင်ပေါင်းများစွာ တစ်လျှောက် ၎င်းအတွင်း၌ မရေမတွက်နိုင်အောင် များပြားလှသော မျိုးနွယ်စုများ နေထိုင်ကြကာ ကျင့်ကြံသူများနှင့် မျိုးနွယ်စုအရေအတွက်က ကြယ်များကဲ့သို့ များပြားလှသည်။ သို့သော် နတ်ဆိုးမျိုးနွယ်၏ တောင်တန်းများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အလယ်ပိုင်းပြည်နယ်၏ အစွန်းဘက်တွင် အလွန်ရှေးကျသော်လည်း ဘေးဥပဒ်အန္တရာယ်ကျရောက်နိုင်သောနိုင်ငံ တည်ရှိသည်။

ရှေးဟောင်းလူသားနိုင်ငံတော်။

ထိုအချိန်၌ ရှေးဟောင်းလူသားနိုင်ငံ၏ ပျက်ဆီးယို့ယွင်းနေသော မြို့တော်တွင် ဧကရာဇ်နန်းတော် ဧည့်ခန်းမဆောင်၌ စျာပနပွဲတော်တစ်ခု ကျင်းပလျက်ရှိသည်။ ရယ်မောရွှင်မြူးနေသော စကားဝိုင်းများနှင့် ပြည့်နေသည့် အခြားပွဲများနှင့်မတူဘဲ ဤအခိုက်အတန့်တွင် ပွဲရုံကြီးက လုံးလုံးလျားလျား တိတ်ဆိတ်နေကာ မျက်နှာအားလုံးက ဝမ်းနည်းပူဆွေးမှုတို့ဖြင့် ပြည့်နှက်နေသည်။

အဓိက ထိုင်ခုံတွင်ထိုင်နေသော လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး၏ မျက်နှာတွင် သွေးသံတရဲရဲမျက်လုံးများနှင့် ငြီးငွေ့နေသည့် အမူအရာရှိသည်။ ၎င်းသည်ကား လူသားမျိုးနွယ်၏ တိုင်းပြည်ဧကရာဇ် ဟွာဖုပင်ဖြစ်သည်။

ရှေးဟောင်းလူသားနိုင်ငံတော်၏ ဧကရာဇ်တိုင်းက ဤအမည်(ဟွာ)ကို ခံယူခဲ့ကြသည်ဟု ဆိုရပေမည်ဖြစ်ရာ ထိုအစဥ်အလာက မျိုးဆက်ပေါင်း လေးရာကျော်အထိ တည်မြဲခဲ့ရာမှ ယခု သူ့ထံအထိရောက်ရှိလာခဲ့သည်။ ထိုအခိုက်၌ ဟွာဖုက သူ့ရှေ့တွင်ရပ်နေသော လူငယ်သုံးယောက်ကို စိုက်ကြည့်ကာ စိတ်ထဲတွင် မဖော်ပြနိုင်သော ခံစားချက်များ ရောထွေးလာသည်။

“သတ္တိရှိတဲ့ လူငယ်သုံးယောက် မင်းတို့ လျှောက်လှမ်းလာတဲ့ ခရီးက အရမ်းအန္တရာယ်များတဲ့ အန္တရာယ်တွေထဲက တစ်ခုပဲ။ အသက်ကိုးခုရှိရင် တစ်သက်တော့သေနိုင်တဲ့အန္တရာယ်ရှိတယ်။ မင်းတို့… တကယ်ပဲ ဒါကို တွေးထားရဲ့လား”

ယောက်ျားသုံးယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မိန်းကလေးနှင့်တူ၍ အဆင်းလှသော ရှေ့ဆုံးမှလူငယ်က ဦးညွတ်လိုက်သည်။

“အရှင်မင်းကြီး ကျွန်တော်တို့ တကယ်စဥ်းစားပြီးကြပါပြီ။ ရှင်သန်ဖို့ မျှော်လင့်ချက်လုံးဝမရှိဘူးဆိုရင် မြင့်မြတ်တဲ့လူသားမျိုးနွယ်စုကို အခြားမျိုးနွယ်စုဝင်တွေက စော်ကားတာ ခွင့်မပြုနိုင်ပါဘူး”

သူ့စကားကြောင့် အခန်းတွင်းရှိ အသက်ကြီးကြီးအရာရှိများစွာ၏ မျက်လုံးများကို တိတ်တဆိတ်ပွတ်လိုက်ကြသည်။

အချိန်များစွာကြာခဲ့ပြီဖြစ်သ်ည။

မည်မျှကြာခဲ့သည်ကိုပင် လူအများက မမှတ်မိနိုင်တော့လောက်အောင် ကြာခဲ့ပြီဖြစ်သည်။

၎င်းက အမြဲတစေ ဤပွဲခန်းမတွင်ဖြစ်ခဲ့ရာ အမြဲတူညီသော စကားများကို ပြောခဲ့ကြသည်။ ကွာဟချက်မှာ ပြောဆိုသူက ဘယ်သောအခါမှ ပြန်မလာခဲ့ခြင်းပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ မည်သူမျှ ကျောထောက်နောက်ခံမရှိခဲ့ကြပေ။ စိတ်အားထက်သန်သော လူငယ်သုံးယောက်ကိုကြည့်၍ ဟွာဖု၏ နှလုံးသား၌ နာကျင်သွားရသည်။ နှစ်ပေါင်းများစွာ အဆက်မပြတ် စစ်ပွဲဆင်နွှဲကာ မျိုးနွယ်စုအသီးသီး၏ ဖိနှိပ်မှုများကို ခံယူခဲ့ရသည်။

ရှေးဟောင်းလူသားနိုင်ငံက ဤမျှ ကြာကြာ ရှင်သန်နိုင်ခဲ့သည်ကပင် အံ့သြဖွယ်ကောင်းနေပြီဖြစ်သည်။

သို့သော် ယခု ၎င်းတို့က ဆက်ခံသူ ကုန်ဆုံးလာသည့်အခြေအနေသို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ကနဦးတွင် ကျော်ကြားသော လူလတ်ပိုင်းမျိုးချစ်များသည် မျိုးနွယ်စုတစ်ထောင် မဟာစည်းဝေးပွဲတွင် ပါဝင်ခဲ့ကြသည်။ တဖြည်းဖြည်းနှင့် လူငယ်များသာ ကျန်ရှိတော့ရာ အားလုံးနီးပါးက လူငယ်များဖြစ်လာကြသည်။ ယခုမူ မျိုးနွယ်စုတစ်ထောင်၏ မဟာစုဝေးပွဲကြီးကို တက်ရောက်ရန် အရည်အချင်းပြည့်မီသော လူငယ်များနည်းပါးလာသည်။

“ယို့အန်း မင်း တကယ်သွားချင်လို့လား” ဟွာဖုက တုန်ယင်နေသော အသံဖြင့်ပြောသည်။

လူငယ်များကြားမှ ခေါင်းဆောင်ဖြစ်သူက ခေတ္တတိတ်ဆိတ်သွားကာ မျက်လုံးများတွင် မျက်ရည်များ တလတ်လတ်တောက်ပနေသည်။ သို့သော် သူက အသက်ပြင်းပြင်းရှုလိုက်သည်။

“ဖခမည်းတော်… ကျွန်တော် မသွားဘူးဆိုရင် ကျွန်တော်တို့ရဲ့ ရှေးဟောင်းလူသားနိုင်ငံတော်က မျိုးနွယ်စုတွေကြားမှာ ပျောက်ကွယ်သွားရပါလိမ့်မယ်”

“ဒါပေမယ်… ဘယ်လိုပဲဖြစ်ဖြစ်… မင်းက မိန်းကလေးပဲလေ”

ဟွာဖုက နောက်ဆုံးတွင် ထိုစကားကို ပြောလိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် ရှေးဟောင်းလူသားနိုင်ငံတော်၏ ဧကရာဇ်မဟုတ်တော့ဘဲ ပုံမှန်ဖခင်တစ်ဦးဖြစ်သည်။

ဟွာယို့အန်းက ခေါင်းခါလိုက်သည်။

“ကံကြမ္မာကို ရင်ဆိုင်ဖို့ ကျွန်တော်တို့ လူသားမျိုးနွယ်စုက ကျားမမခွဲပါဘူး။ ကျွန်တော်တို့ ဒါကို ဘယ်တော့မှ လက်ခံနိုင်မှာမဟုတ်ဘူး”

ဤစကားလုံးများက ပွဲခန်းမထဲတွင် လက်ခုပ်သြဘာသံများစွာကို ပြင်းပြင်းထန်ထန်ထွက်ပေါ်လာစေခဲ့သည်။

အကြီးအကဲအရာရှိအချို့က ကျယ်လောင်စွာငိုကြွေးလျက် အော်လိုက်ကြသည်။

“အံ့သြစရာ ငါတို့ လူသားမျိုးနွယ်ရဲ့ ကလေးတွေ…”

သို့သော် နောက်ထပ်လူများသည်မူ စကားမပြောနိုင်ကြတော့ဘဲ တိတ်ဆိတ်ကုန်ကြသည်။

ထို့နောက် ဝန်ကြီးဟောင်းတစ်ဦးက ခါးသက်စွာပြုံး၍ပြောလိုက်၏။

"ဒါပေမယ့် မနေ့တနေ့ကပဲ သမန်းဝံပုလွေမျိုးနွယ်စုက မကြာသေးခင်က အဖြစ်အပျက်ကြောင့် သူတို့ရဲ့ စစ်သားတွေ သေဆုံးမှုအတွက် ကျေနပ်လောက်တဲ့ ရှင်းပြချက်မပေးနိုင်ရင် လူသားမျိုးနွယ်ကို သူတို့နယ်မြေကို ဖြတ်သန်းခွင့်မပြုဘူးလို့ သံတမန်ရေးစာတစ်စောင် ပေးပို့ခဲ့ပါတယ်။"

ဤကစားကိုကြားသောအခါ လူများစွာ၏ မျက်နှာများက ပိုမို မှောင်မိုက်သွားသည်။ ဤသည်က လူတိုင်းသိသောအရာဖြစ်သည်။ ၎င်းသည် အခြားမျိုးနွယ်စုဖြစ်ပါက ညှိနှိုင်း၍ရနိုင်ခြေရှိသော်လည်း သမန်းဝံပုလွေမျိုးနွယ်စုသည် ရှေးဟောင်းလူသားမျိုးနွယ်အတွက် မျိုးနွယ်စုပေါင်းတစ်ထောင်စုဝေးပွဲနှင့် ပတ်သက်၍ အရေးကြီးသောလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသည်။

ဖြတ်သန်းခွင့်မပြုလျှင် ၎င်းတို့ မည်သိုလုပ်နိုင်မည်နည်း။

ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် ဒေါသတကြီးဖြင့် စားပွဲကိုရိုက်ကာအော်လိုက်သည်။

“လူယုတ်မာတွေ သူတို့စစ်သားတွေက ငါတို့ရှေးဟောင်းလူသားနိုင်ငံကို အကြိမ်ကြိမ် ရန်စပြီး မုဒိန်းလုယက်မှုမျိုးစုံကို ကျူးလွန်ခဲ့ကြတယ်၊ ငါတို့ အကြိမ်ကြိမ် ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့ကြပေမယ့် သူတို့ဟာ ပိုလို့ ရိုင်းစိုင်းလာကြတယ်။ နောက်ဆုံးတော့ ခံနိုင်ရည်မရှိတော့လို့ အကုန်လုံးကို သတ်ပစ်လိုက်တော့မှ အခု သူတို့က ဖြေရှင်းချက်တောင်းနေကြတယ်”

လူများစွာ၏ မျက်နှာထက်မှ ဒေါသအငွေ့အသက်များက ပိုမိုထင်ရှားလာသည်။ သို့သော် ယင်းဖြင့် မည်သို့လုပ်နိုင်မည်နည်း။ ရှေးဟောင်းလူသားနိုင်ငံသည် ချောင်ပိတ်ခံရသော နဂါးကြီးတစ်ကောင်ကဲ့သို့ပင် ယခု သမန်းဝံပုလွေမျိုးနွယ်စုနှင့် မည်သို့မျှ ဆန့်ကျင်နိုင်တော့မည်မဟုတ်ပေ။

ထိုအချိန်တွင် သံချပ်ကာတပ်သားတစ်ဦးသည် သစ်သားသေတ္တာကို ထမ်းကာ လမ်းလျှောက်လာသည်။

အနီးသို့ရောက်သောအခါ သံချပ်ကာတပ်သားသည် သစ်သားသေတ္တာကို ခေါင်းပေါ်တင်ကာ ဒူးထောက်ချလိုက်သည်။

“အရှင်မင်းကြီး၊ လက်ဝဲတပ်သားကြီး… သူ အသတ်ခံလိုက်ရပြီ”

ထိုစကားကြောင့် လူတိုင်း ရုတ်တရက် ထရပ်လိုက်ကြသည်။

“ဘာဖြစ်တာလဲ” ဟွာဖုက ထိတ်လန့်တကြား တုန်လှုပ်စွာပြောသည်။

သံချပ်ကာတပ်သားသည် သစ်သားသေတ္တာကို ဖြည်းညှင်းစွာဖွင့်ကာ လက်ဝဲတပ်သားဗိုလ်ချုပ်၏ခေါင်းကို ထုတ်ဖော်ပြသလိုက်သည်။

ထို့နောက် သူက အေးဆေးတည်ငြိမ်စွာပြောလိုက်၏။

“ဗိုလ်ချုပ် ဒါက သမန်းဝံပုလွေနိုင်ငံတော်အတွက် ကျုပ်တို့ရဲ့ ရှင်းပြချက်ပဲ”

ဟွာဖုက ထိုင်ခုံပေါ်သို့ ပြိုလဲကျသွားကာ မျက်နှာအမူအရာကလည်း ဗလာကျင်းနေသည်။ အစောင့်တစ်ဦးသည် သစ်သားသေတ္တာကို ယူရန် ရှေ့သို့ တိုးလာ၏။ သို့သော် မည်သူမျှ မတုံ့ပြန်နိုင်ခင်တွင် စစ်သားက ဓားကို ဆွဲထုတ်ကာ တုံ့ဆိုင်းခြင်းမရှိဘဲ ထိုနေရာတွင် အဆုံးစီရင်ခဲ့သည်။

အလောင်းသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ခန်းမကြီးတစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားသည်။

ခဏအကြာတွင် နူးညံ့သော ငိုသံများ ထွက်ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် ဤသံချပ်ကာ စစ်သားသည် သူ့တပ်မှူး၏ နောက်ဆုံး တောင်းဆိုချက်ကို ဖြည့်စည်းရန်

မိုင်ထောင်ချီ၍ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း အားလုံးနားလည်လိုက်သောကြောင့်ပင်ဖြစ်၏။ ယခု သူ၏ တာဝန်ပြီးဆုံးသွားသောအခါတွင် သူသည်လည်း လက်ဝဲတပ်မဟာ၏ ရဲရင့်သော စိတ်ဓာတ်ကို ပြသ‌၍ အသေခံလိုက်ခြင်းဖြစ်သည်။

ဟွာဖု၏ မျက်လုံးမှ မျက်ရည်များ ကျဆင်းလာသော်လည်း ပြတ်သားသော မျက်နှာဖြင့် ခွက်ကို မြှောက်လိုက်ိသည်။

“ဒီလေ့ ငါတို့ လူသားမျိုးနွယ်စုအပေါ် သူတို့ကျူးလွန်ခဲ့တာတွေကို ငါတို့ မှတ်ဉာဏ်ထဲထည့်ထားကြမယ်။ ဒီလူသားမျိုးနွယ်က ဘယ်တော့မှ ဦးညွတ်မှာမဟုတ်ဘူးကွ”

"ဟုတ်တယ်၊ လူသားမျိုးနွယ်က ဘယ်တော့မှ ဦးညွှတ်မှာမဟုတ်ဘူး။"

ခန်းမထဲရှိ လူတိုင်းက တစ်ညီတစ်ညွတ်တည်း တုံ့ပြန်ခဲ့ကြရာ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ကမ္ဘာကြီးကို တိုက်ခိုက်ခဲ့ကြသော ဘိုးဘေးများကဲ့သို့ အလင်းများ မျက်လုံးထဲတွင် တောက်ပနေကြသည်။

အခန်း(၆၁၇) မျိုးနွယ်စုတစ်ထောင်တက်လာခြင်း

အကယ်၍ လူတစ်ယောက်က အလယ်ပိုင်းပြည်နယ်၏ ဖရိုဖရဲဖြစ်နေသော နေရာ၌ လောကအရေးများနှင့် လွတ်ကင်းသည့် သန့်ရှင်းသောနယ်မြေတစ်ခုကိုမေးပါက…

လော့ဖုမြို့တော်ဖြစ်မည်မှာ သေချာသည်။

အကယ်၍ လူတစ်ယောက်က အလယ်ပိုင်းပြည်နယ်မှာ နိုင်ငံရေးအခြေအနေ အသေးစိတ်အကျဆုံးနှင့်

အာဏာတည်ဆောက်မှုအရှုပ်ဆုံးနေရာကိုမေးလျှင်လည်း လော့ဖုမြို့တော်မှလွဲ၍ အခြားရှိမည်မဟုတ်သည်မှာသေချာသည်။ အကြောင်းမှာ ဤနေရာသည် မျိုးနွယ်စုတစ်ထောင်ညီလာခံကျင်းပရာ ကောင်းကင်ဘုံ‌သောင်ယွမ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသောကြောင့်ဖြစ်သည်။

ကောင်းကင်ဘုံသောင်ယွမ် မည်သည့်အချိန်၌ ပေါ်လာမည်ဆိုသောအချက်ကိုမူ ယခုအချိန်ထိ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

…

၎င်းသည် တစ်နှစ်ပတ်လုံး မြူခိုးများဖုံးလွှမ်းနေကာ စွမ်းအားကြီးသော မည်သည့်သတ္တဝါကိုမဆို လွှမ်းမိုးနိုင်၍ မျိုးနွယ်စုပေါင်းတစ်ထောင်ညီလာခံကျင်းပမည့်အချိန်မှသာ လမ်းကြောင်းကို ထုတ်ဖော်ပြသမည်ဖြစ်သည်။

အထဲတွင် လွင်ပြင်များ သဲကန္တာရများ၊ ကျွန်းများနှင့် သစ်တောများ ထူထဲစွာရှိနေသည်။ အဆုံးထိ ဝင်ရောက် ယှဥ်သန်နိုင်သူက အောင်နိုင်သူဖြစ်ပေလိမ့်မည်။ စည်းကမ်းက ရိုးရှင်းလှသည်။ ရိုးရှင်းလွန်းလှသဖြင့် ကြမ်းတမ်းရက်စက်မှုများနှင့် ထိစပ်နေ၏။

ထို့အပြင် လော့ဖုမြို့တော်က ထူးခြားသော ပထဝီဝင်အားသာချက် ရှိသောကြောင့် ၎င်းသည် မျိုးနွယ်စုပေါင်းတစ်ထောင်ညီလာခံကျင်းပတိုင်း အမျိုးမျိုးသော အင်အားစုများကို တိုက်ခိုက်ရန် ကွင်းဖြစ်လာသည်။ အချို့က လော့ဖုမြို့တော်သို့ သင်အခြေချသောအခိုက်အတန့်၌ပင် မျိုးနွယ်စုတစ်ထောင်ညီလာခံက စစတင်သည်ဟု ပြောကြသည်။ ဤအချက်အတွက် ဂါရန်ဂိုဏ်း၏ ရှန်ရော့လင်သည် လမ်းမပေါ်ရှိ လမ်းသွားလမ်းလာများကို စူးစူးစိုက်စိုက်ကြည့်နေသည်။

ဤလမ်းသွားလမ်းလာများကြားတွင် မျိုးနွယ်စုမျိုးစုံရှိသဖြင့် အလွန်အသက်ဝင်လာသည်။ အမြှီးရှည်ဖြင့် ဖြတ်သွားသော ဥဒေါင်းနတ်ဆိုးကို ကြည့်ပြီးနောက် ရှန်ရော့လင်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

“ဆရာ၊ ဒီနေရာက အရမ်းပျော်ဖို့ကောင်းတာပဲ”

ဝမ်ချန်ယိက လော့ဖုမြို့တော်ကို ‘ပျော်စရာ’ အဖြစ်သတ်မှတ်လိုက်ခြင်းက ရယ်စရာကောင်းသည်ဟုတွေးလျက် ခါးသက်စွာပြုံးလိုက်သည်။ တစ်ခါတစ်ရံ ဥပက္ခာပြုခြင်းကြောင့်သာ ရွှင်လန်းမှုကို အမှန်တကယ်ဖြစ်စေနိုင်သည်ဟုထင်ရသည်။ ဥပမာအားဖြင့် ဝမ်ချန်ယိက ဥဒေါင်းနတ်ဆိုး၏ လှပသော အမြှီးမှာ အမှန်တကယ်ပင် အပျော်သဘောနှင့် လုံးဝမသက်ဆိုင်ဘဲ ထိပ်တန်းသေစေသောလက်နက်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းမြင်ခဲ့ရသည်။

"ကောင်းပြီ၊ တခြားသူတွေကို စိုက်မကြည့်နဲ့ စိုက်ကြည့်တာ တားမြစ်ထားတယ်” ဝမ်ချန်ယိက သတိပေးသည်။

ရှန်ရော့လင်က “အာ..” ဟု တုံ့ပြန်လိုက်သော်လည်း ပတ်ဝန်းကျင်ကို ကြည့်ရန် စိတ်အားထက်သန်မှုကို ရပ်တန့်၍ မရသေးပေ။ မကြာမီတွင် ကျရောက်လာတော့မည့် မျိုးနွယ်စုတစ်ထောင်ညီလာခံကြောင့် တစ်ချိန်က ငြိမ်းချမ်းသော လော့ဖုမြို့သည် ဆူညံပွက်လောရိုက်လာပြန်သည်။

လမ်းများတလျှောက်ရှိ များပြားလှသော စီးပွားရေးလုပ်ငန်းများ အားလုံးသည် ၎င်းတို့၏ တံခါးများကို ပွင့်ခဲ့ကြသည်။ နေရောင်အောက်တွင် ထိုကဲ့သို့သော လုပ်ငန်းများက ရှန်ရော့လင်၏ အမြင်ကို ကျယ်ပြန့်စေသည်။

သူမက ထိုအသက်ဝင်မှုကို စွဲလန်းနေချိန်၌ မြို့တံခါးအပြင်ဘက်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် ရဟန်းများစွာဝင်လာကြသည်။ ဤရဟန်းများက ထူးခြားလေးနက်သော ရောင်ဝါရှိကာ ခေါင်းငုံ့၍ လမ်းလျှောက်နေကြသော်လည်း မျက်လုံးတော်များ၌ ရွှေရောင်တစ်လတ်လတ်တောက်ပနေသည်ကို ထင်ရှားစွာ သိနိုင်သေးသည်။

ဝမ်ချန်ယိ၏ နှလုံးသားက တင်းမာလသည်။ ၎င်းတို့သည် ဗုဒ္ဓတစ်ထောင်မျိုးနွယ်စုမှ ဘုန်းကြီးများဖြစ်ကြသည်။ ထို့အပြင် ဤဘုန်းကြီးများအနက် အဆင့်အနိမ့်ဆုံးမှာ လွတ်မြောက် အင်မော်တယ်အထွတ်အထိပ်တွင်ရှိသည်။ ၎င်းတို့က ပြင်းထန်သော အရှိန်အဟုန်ဖြင့် ရောက်လာကြပုံရသည်။

ဤသို့တွေးရင်းဖြင့် နောက်ထပ်သော ဘုန်းကြီးများ ရောက်လာသည်ကိုမြင်လိုက်ကြရသည်။ ၎င်းတို့ရှေ့ရှိဘုန်းကြီးက ရှေ့မှ ဘုန်းကြီးများနှင့်မတူပေ။ ဤအဖွဲ့သည် စုတ်ပြတ်နေသော သင်္ကန်းဝတ်နှင့် ပေါ်လာခြင်းဖြစ်ကာ အများစု၏ သင်္ကန်းများထက်တွင် စုတ်ပဲနေသည်။ သို့တိုင် ဝမ်ချန်ယိက ထူးထူးခြားခြား မရှိလှသော ဤဘုန်းကြီးများကို မြင်သောအခါ တုန်လှုပ်ခြောက်ခြားရသည်။

အကြောင်းမူကား၊ သူတို့၏ တည်ရှိမှုသည် ယခင်ဘုန်းကြီးများထက် ပို၍ ကြောက်မက်ဖွယ်ကောင်းလှသောကြောင့်ဖြစ်သည်။ ဝမ်ချန်ယိ၏ အကြည့်ကို ၎င်းတို့ ခံစားလိုက်ရသောအခါ အလယ်တွင်လမ်းလျှောက်နေသော ဘုန်းကြီးတစ်ပါးက ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ ဘုန်းကြီး၏ မျက်လုံးများကိုမြင်လိုက်ရသောအခါ ဝမ်ချန်ယိက မိုးကြိုးပစ်ခံလိုက်ရသည့်နှယ်ခံစားလိုက်ရသည်။

ထိုမျက်လုံးများအတွင်းမှ ဗုဒ္ဓဘာသာချိပ်စည်းသည် ဝမ်ချန်ယိက စိတ်ပါဘဲ ကြည်ညိုလေးစားမှုမျိုးဖြစ်ပေါ်လာစေသည်။ ဝမ်ချိန်ယိ၏ စိတ်ထဲ၌ အအေးဒစ်က ချက်ချင်း ပျံ့နှံ့သွားသော်လည်း နှလုံးသားကို အမှန်ပင် အေးခဲသွားစေသည်။ သူ့ကဲ့သို့ ရွှေအင်မော်တယ်တစ်ပါးပင်လျှင် ဤဘုန်းကြီးအိုကြီးထံတွင် ခံရနိုင်သည်ကိုတွေးကာ ဘုန်းကြီး၏ ကျင့်ကြံရေးအဆင့်က မည်မျှ ရှိနိုင်မည်ကို သိချင်သွားရသည်။

သို့သော် ဘုန်းကြီးက ဝမ်ချန်ယိကို ကြည့်ရုံသာကြည့်ပြီးနောက် ပြုံးပြလိုက်ကာ ရှန်ရော့လင်ကိုကြည့်ရန် ခေါင်းလှည့်လိုက်သည်။ ရှန်ရော့လင်ကို စိုက်ကြည့်ရင်းဖြင့် ဘုန်းကြီး၏ မျက်လုံးထဲမှ ရွှေရောင်အလင်းတန်းများက ပိုမိုပြင်းထန်လာကာ ခေါင်းနောက်တွင် ရွှေရောင်ဘီးတစ်ခုဖြာထွက်လာ၍ ပတ်ဝန်းကျင်လူအုပ်ဆီသို့ တုန်လှုပ်ခြောက်ခြားဖွယ်လှိုင်းလုံးကြီးများကို လွှတ်ထုတ်လိုက်သည်။

“ဒီမိန်းကလေးက သာမန်သေမျိုးမဟုတ်ဘူး။ ဆန္ဒတစ်ခုနဲ့ပြန်လာတဲ့ သန့်ရှင်းတဲ့မိန်းမပျိုလေးပဲ။ သူက ကိုယ်တော်ရဲ့ ဗုဒ္ဓဘာသာ အဆုံးအမတွေနဲ့ ဆက်စပ်မှုရှိတာကြောင့် ကိုယ်တော့်ရဲ့ တပည့်အဖြစ် လက်ခံစေချင်တယ်”

ဤသည်ကို ကြားသောအခါ ဝမ်ချန်ယိက အနည်းငယ်ထိတ်လန့်သွားကာ စကားပြောရန်ပြင်လိုက်သည်။ ရှန်ရော့လင်၏ အမူအရာက တဖြည်းဖြည်းဆိုးလာသည်။ ဆန်းသစ်သောအရာများကို ကြုံတွေ့ရသောအခါ သူမ၏ စူးစမ်းလိုစိတ်က ကလေးဘဝကကဲ့သို့ ပွင့်လန်းလာသော်လည်း စင်စစ်အားဖြင့် သူမ၏ ဆရာဖြစ်သူနှင့်အတူ တိုင်းနိုင်ငံအသီးသီးသို့ ခရီးထွက်ပြီးနောက် သူမသည် လောက၏လမ်းစဉ်များကို နက်နဲစွာ နားလည်နေပြီဖြစ်သည်။

ထို့ကြောင့် ဘုန်းကြီး၏ စကားကို ကြားသောအခါ ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။

“ဟေး ကျွန်မမှာ ဆရာတစ်ယောက်ရှိပြီးသား။ ဒါ့ကြောင့် ရှင်ဒီစကားတွေပြောနေစရာမလိုဘူး။ ရှင့်ဂိုဏ်းထဲကို ကျွန်မ သေချာပေါက် မဝင်ဘူး။ ဆရာအဖြစ်လည်းလက်ခံမှာမဟုတ်ဘူးရှင့်”

ရှန်ရော့လင်၏ စကားကိုကြားသောအခါ ဘုန်းကြီးက ဒေါသမထွက်ဘဲ ရိုးရှင်းစွာပင်ပြုံးကာ ဝမ်ချန်ယိကို ခေါင်းလှည့်ကြည့်လိုက်သည်။

“ဒီက ဒကာလေးက သင်္ကေတလေးပါးရဲ့စွမ်းအားကို ပိုင်ဆိုင်ထားတာမို့ ကိုယ်တော့်ရဲ့ ယုံကြည်မှုကို ကာကွယ်သူဖြစ်သင့်ပါတယ်။ မောင်ရင်လည်း ကိုယ်တော့် ဂိုဏ်းဝင်ဖြစ်သင့်တယ်”

သူ့တပည့်နှင့်ယှဥ်ပါက ဝမ်ချန်ယိက ပို၍ တည်ငြိမ်သည်။ ဤသည်ကိုကြားသောအခါ သူက ပေါ့ပါးစွာပြုံးလိုက်သည်။

“ဂါရန်ဂိုဏ်းရဲ့ ကြီးမြတ်တဲ့ကာကွယ်သူ ဝမ်ချန်ယိက.. ဆရာသခင်ကို ခစားပါတယ်”

ဘုန်းကြီးအိုကြီးက ဝမ်ချန်ယိကကို စိုက်ကြည့်ကာ အချိန်အတော်ကြာပြီးနောက် ခေါင်းယမ်းလိုက်သည်။

“မောင်ရင် ကိုယ်တော်က မုသားမပြောတတ်ပါဘူး။ မောင်ရင်က တကယ့်ကို ကိုယ်တော့် ယုံကြည်မှု ကာကွယ်သူဖြစ်သင့်တယ်”

ဘုန်းကြီးအား စိုက်ကြည့်ရင်း ဝမ်ချန်ယိ၏ အမူအရာသည် တဖြည်းဖြည်း မှောင်လာသည်။

"ဒီကိစ္စကို နောက်မှ ဆွေးနွေးလို့ ရပါတယ်၊ ဒါပေမယ့် ဆရာသခင်ကို ဘယ်လိုခေါ်ရမလဲဆိုတာ သိခွင့်ရှိမလား”

“ကျုပ်ဆို့ ဆရာ ဗုဒ္ဓတစ်သောင်းနိုင်ငံက အရှင်ကုချန်ပဲ” အသံတိတ် ဘုန်းကြီးအချို့က တညီတညွတ်တည်း ပြောကြသည်။ ၎င်းတို့၏ အသံများသည် စက်ရုပ်များကဲ့သို့ မာကျောနေသောကြောင့် ယင်းကို ကြားရသူတိုင်းကို မသက်မသာဖြစ်စေသည်။

“အို.. ဒါဆို ဗုဒ္ဓတစ်သောင်းနိုင်ငံတော်က စစ်မှန်တဲ့စကားလုံး ဆရာက ဘာလို့မလာတာလဲ”

“စစ်မှန်တဲ့စကားလုံးအဖွဲ့က ရိုင်းစိုင်းပြီး သွေဖယ်လို့ ကျုပ်တို့ ဆရာက အနိုင်ယူပြီးပြီ”

ဤစကားကိုကြားလိုက်ရသောအခါ ဝမ်ချန်ယိ အံ့သြသွားရသည်။ ထို အနိုင်ယူခံလိုက်ရပြီဟူသော ရဟန်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းကောင်း သူသိသည်။ သူက ဤအရှင်ကုချန် အနိုင်ယူနိုင်မည်ဟု မမျှော်လင့်ထားမိပေ။ ဤအရှင်ကုချန်ဟူသည်ကား မည်သူနည်း။

ဤအမည်ကို ဗုဒ္ဓဘုရားတစ်သောင်းနိုင်ငံတော်တွင် တစ်ခါမျှ မကြားဖူးခဲ့ပေ။ ဝမ်ချန်ယိ၏ စိတ်ထဲတွင် သံသယများဖြင့် ပြည့်နှက်နေသည်။

ကုချန်က ပြုံးလိုက်သည်။

"မင်းတို့နှစ်ယောက်လုံး တစ်ယောက်က လူဝင်စား၊ နောက်ယောက်က ငါတို့ယုံကြည်မှုကို အကာအကွယ်ပေးသင့်တဲ့လူ။ ဒါက ကံကြမ္မာက ကြိုတင်သတ်မှတ်ထားလို့ မင်းမလွတ်မြောက်နိုင်ဘူး"

ဤစကားများကို ကြားလိုက်ရသောအခါ ဒေါသထိန်းနိုင်သော ဝမ်ချန်ယိပင်လျှင် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"ကျင့်ကြံသူတွေအနေနဲ့ ကံတရားကို အမှန်တကယ်ယုံကြည်နေကြတာလား။ သြော် ဟုတ်သားပဲ။ ခင်ဗျားရဲ့ ဗုဒ္ဓအဆုံးအမတွေက ဒီသဘောတရားကို ထောက်ခံနေပေမယ့် ကံမကောင်းတာက ကျုပ်တို့ မယုံဘူး"

ကုချန်က နှင်းခဲကဲ့သို့ အေးစက်သောအမူအရာရှိသော ဝမ်ချန်ယိကိုကြည့်နေသည်။

ထို့နောက် အပြစ်တင်ခြင်းမရှိဘဲ ပြုံးရုံသာပြုံးကာ ရှေ့ကိုဆက်လျှောက်ရန် ခေါင်းကိုငုံ့ထားလိုက်သည်။

ရှေ့သို့ တစ်လှမ်းချင်း လျှောက်လာသောအခါတွင် သူ့ပတ်ဝန်းကျင်တွင် စုပြုံနေသော ရဟန်းတော်များကလည်း ရှေ့သို့ တိုးလာကြသည်။ ဤဘုန်းကြီးများ၏ ဆုတ်ခွာသွားသော နောက်ကျောများကိုကြည့်၍ ဝမ်ချန်ယိ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။

သူတို့၏ ခြေလှမ်းများတွင် ထူးဆန်းသည့်အရာတစ်ခု ရှိနေသည်ဟု သူခံစားမိသော်လည်း ၎င်းကို မထိနိုင်ပေ။

ထိုအချိန်တွင် ရှန်ရော့လင်က ပြောလိုက်သည်။

“ဆရာ ဒီ ဘုန်းကြီးတွေရဲ့ ခြေရာကိုကြည့်။ သူတို့က သူတို့ရှေ့က လူရဲ့ ခြေရာတွေအတိုင်း အတိအကျ လျှောက်နေတဲ့ပုံပဲ”

ဝမ်ချန်ယိက ကြည့်လိုက်သည်။ အမှန်တကယ်ပင် ရှေ့ဆုံးမှ ဘုန်းကြီးက ခြေကို မြှောက်လိုက်သည်နှင့် နောက်မှ တစ်ပါးသည် တိကျမှန်ကန်သော ခြေရာသို့ လှမ်းဝင်ကာ ရဟန်းနောက်သို့ လိုက်သွား၏။

ဤစက်ဝန်းသည် သူတို့၏လှုပ်ရှားမှုတွင် ထူးထူးခြားခြား စည်းချက်တစ်ခုကို ဖန်တီးခဲ့သည်။

သို့သော် မည်ကဲ့သို့ လျှောက်လှမ်းနေစေကာမူ ထိုရဟန်းတို့သည် အရှင်ကုချန်၏ အနီးအနားတွင် သိမ်မွေ့စွာ အသွင်ဆောင်နေကြဆဲဖြစ်သည်။

ထိုမြင်ကွင်းက ဝမ်ချန်ယိ၏ကျောရိုးကို တုန်လှုပ်သွားစေခဲ့သည်။

၎င်းတို့သည် အသက်မဲ့လမ်းလျှောက်နေသော အလောင်းများမဟုတ်ပါက ထိုသို့‌ ခြေလှမ်းတိုင်းကို မည်ကဲ့သို့တိတိကျကျလှမ်းနိုင်လိမ့်မည်နည်း။

အခန်း(၆၁၈) လူတိုင်း အံ့သြကုန်ကြပြီ

ဝမ်ချန်ယိနှင့် သူ၏ တပည့်က သံသယများမသေချာမှုများနှင့် ငေးကြည့်နေဆဲတွင် မြို့တံခါးဆီ၌ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။ ဝမ်ချန်ယိတို့နှစ်ဦးသားခေါင်းလှည့်ကြည့်လိုက်ကြ၏။ ကြီးမားလှသော ရုပ်သေးတပ်ကြီးက ၎င်းတို့ဆီသို့ လျင်မြန်စွာချဥ်းကပ်လာသည်ကိုမြင်လိုက်ကြရသည်။

လော့ဖုမြို့တော်၏ မြို့ရိုးသို့ရောက်သောအခါ ဤရုပ်သေးများက နံရံကို ဖြတ်၍ မြို့ထဲသို့တိုက်ရိုက် ကျော်တက်လာကြသည်။ လူအုပ်ကြီးက တုန်လှုပ်ကာ သတ္တိနည်းသောလူများက အရောင်ဖျော့သွားကြသည်။ သို့သော် အသိပညာပိုရှိသော ကြည့်ရှု့သူများထဲမှ အချို့က အလန့်တကြား အော်လိုက်ကြသည်။

“ရုပ်သေးတွေ ရုပ်သေးအင်မော်တယ်ဂိုဏ်းရောက်လာပြီ”

...

ရုပ်သေးအင်မော်တယ်ဂိုဏ်းဟူသော အမည်ကိုကြားလိုက်ရသောအခါ ကျင့်ကြံသူအများအပြား၏ အမူအရာများ တောင့်တင်းအေးခဲသွားကြသည်။ ရုပ်သေးအင်မော်တယ်ဂိုဏ်းကို အလယ်ပိုင်းပြည်နယ်၏ ကျင့်ကြံရေးဂိုဏ်းများအနက် ဒုတိယအဆင့်သာ သတ်မှတ်နိုင်သော်လည်း အလယ်ပိုင်းပြည်နယ်တွင် နွားမွေးသကဲ့သို့ ကျင့်ကြံသူဂိုဏ်းအရေအတွက်များသည့်အချက်ကို မေ့ထား၍ မရနိုင်ပေ။

ဒုတိယအဆင့်အဖြစ် အဆင့်သတ်မှတ်ခြင်းခံရရန် သာမန်ထက်ထူးခြားနေရမည်ဖြစ်သည်။ ထို့အပြင် မကြာသေးမီက ရုပ်သေးအင်မော်တယ်ဂိုဏ်းသည် ရှေးဟောင်းလျို့ဝှက်ဖွဲ့စည်းပုံတစ်မျိုးကို စတင် လုပ်ဆောင်ခဲ့ကြောင်း ရုပ်သေးအင်မော်တယ်ဂိုဏ်း၏ စွမ်းအားက လျှော့တွက်၍ မရနိုင်သည့်အပြင် အနာဂတ်တွင်လည်း တိုးလာမည်ဟူသော အရိပ်အမြွက်ကို ပြသနေသေးသည်။

ထိုအချိန်တွင် ရုပ်သေးအင်မော်တယ်ဂိုဏ်းမှ တပည့်များစွာက ရုပ်သေး၏ ပခုံးပေါ်မှ ခုန်ဆင်းလာကြသည်။ ထို့နောက် ဤရုပ်သေးများတစ်ဝိုက်တွင် အလင်းများလင်းလက်လာကာ ၎င်းတို့၏ ပုံစံများက သာမန်လူများ၏ အရွယ်ပမာဏအထိတဖြည်းဖြည်း ကျုံ့လာသည်။ ထိုတပည့်များ၏ ရှေ့တွင်ရပ်နေသည်မှာ လျို့ခယ့်ခယ်နှင့် ချန်ယာ့ယွင်တို့ဖြစ်သည်။ ဝမ်ချန်ယိနှင့် ရှန်ရော့လင်တို့၏ အမူအရာများက ရွှင်လန်းမှုများအပြည့်နှင့် ရှေ့သို့ လှမ်းတက်ကာ ဦးညွတ်ရန် အသင့်ဖြစ်နေကြပြီဖြစ်သည်။

သို့သော် ရုပ်သေးအင်မော်တယ်ဂိုဏ်း၏ တပည့်များအားလုံးက တစ်ဖက်တစ်ချက်စီတွင် ဖြန့်ကာ အာရုံစူးစိုက်လျက် မတ်တပ်ရပ်၍ လေးနက်သောအမူအရာများဖြင့်ကြည့်နေကြသည်။ လျို့ခယ့်ခယ်ပင်လျှင် တစ်စုံစတ်ယောက်ရောက်ရှိလာခြင်းကို စောင့်ဆိုင်းနေသကဲ့သို့ ရိုသေလေးစားသောအမူအရာများဖြင့် ရပ်နေကြသည်။ စောင့်ကြည့်နေသော လူအုပ်ကြီးက အချင်းချင်းစတင်၍ တီးတိုးပြောလာကြသည်။

“ဘာတွေဖြစ်နေတာလဲ။ ဒီလူတွေက ဘယ်သူ့ကို စောင့်နေကြတာလဲ”

“ဘုရားရေ အဲ့အသက်ကြီးကြီးမိန်းမက ရုပ်သေးအင်မော်တယ်ဂိုဏ်းချုပ် ချန်ယာ့ယွင်မဟုတ်ဘူးလား။ သူက ဒီလောက်လေးစားဖို့ကောင်းတာကို ဘယ်သူ့ကို ဒီလို လေးလေးစားစား စောင့်နေသေးတာလဲ”

“ရှူး… ထားတော့ မင်းရဲ့ အချက်အလက်တွေက ခေတ်နောက်ကျနေပြီကွ။ ချန်ယာ့ယွင်က ဂိုဏ်းချုပ်မဟုတ်တော့ဘဲ သူ့ဘေးက မိန်းကလေးငယ်ငယ်လေးကမှ ဂိုဏ်းချုပ်အသစ်” တစ်စုံတစ်ယောက်က ခပ်တိုးတိုး အကြံပေးသည်။

“ဒါဘယ်လိုဖြစ်နိုင်မှာလဲကွ။ ချန်ယာ့ယွင်က စစ်မှန်တဲ့ အင်မော်တယ်ထက်ဝက်အဆင့်ပဲ။ အဲ့ အမျိုးသမီးက သူ့ကို ဘယ်လိုအစားထိုးနိုင်မှာလဲ" ထိုသူက အံ့ဩသောအမူအရာဖြင့် ပြောသည်။

"အဟက် မင်းသတင်းက ဟောင်းနေပြီ၊ အဲ့မိန်းကလေးက တကယ့်ကို လျို့ခယ့်ခယ်လို့ခေါ်တဲ့ ဂိုဏ်းခေါင်းဆောင်အသစ်ပဲ၊ ဒီလူတွေက တစ်ယောက်ယောက်ကိုစောင့်နေတ။ ငါသိတယ်လို့ထင်တာပဲ”

"ဘယ်သူလဲ” လူအုပ်ကြီးက မေးသည်။

"စောင့်ကြည့်လိုက် မကြာခင် မင်းသိလိမ့်မယ်"

ဤလူများ ပြင်းပြင်းထန်ထန် ဆွေးနွေးနေချိန်၌ပင် ကောင်းကင်ကြီးက ရုတ်တရက် မှောင်မိုက်သွားသည်။

လူတိုင်း လန့်သွားကာ အလိုလို မော့ကြည့်လိုက်ကြ၏။

အထက်ကောင်းကင်ယံ၌ မည်သူမျှ သတိမပြုမိဘဲ မှောင်မိုက်သော တိမ်တိုက်တစ်ခု ဖြစ်ပေါ်လာကာ ဤတိမ်တိုက်သည် အရှိန်အဟုန်ဖြင့် ရွေ့လျားသွား၍ ၎င်း၏လမ်းတစ်လျှောက်ရှိ အလင်းရောင်အားလုံးကို စုပ်ယူကာ ယခင်က ကြည်လင်သော ကောင်းကင်ကို အုံ့မှိုင်းစေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း၌ပင် တိမ်များက လော့ဖုမြို့သို့ ရောက်လာသည်။

အကြိမ်အနည်းငယ် လှည့်ပတ်ပြီးနောက် တိမ်တိုက်သည် အောက်ဘက်ရှိ အားလုံး၏ အံ့အားသင့်သော အကြည့်များကြားတွင် မြေပြင်သို့ သက်ဆင်းသွားကြသည်။

မြေပြင်ကို ထိလိုက်သောအခါတွင် တိမ်တိုက်သည် ရုတ်တရက် ပြန့်ကျဲသွားကာ အနက်ရောင် ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသော ကြောက်မက်ဖွယ်ကောင်းသော တပ်သားတစ်အုပ်ကို မြင်တွေ့လိုက်ကြရသည်။

ဤတပ်များ ပေါ်လာသည့်အခိုက်တွင် လေပြင်းများ တိုက်ခတ်လာသည့်နှယ် ထင်ရ၏။ ၎င်းတို့၏ လွှမ်းမိုးနိုင်သော ရောင်ဝါသည် အစွမ်းထက်သော ကျင့်ကြံသူ အများအပြားကို တုန်လှုပ်ချောက်ချားစေကာ အလိုအလျောက် ခြေလှမ်းအနည်းငယ် ဆုတ်သွားစေသည်။

ဘာတွေဖြစ်နေတာလဲ။

ဒီစစ်တပ်ကြီးက ဘယ်ကလာတာလဲ။

ကျင့်ကြံသူအများအပြားက သံသယများဖြင့် ပြည့်နှက်နေခဲ့သည်။

သံတောင်ပံများဖြန့်ထားသော အနက်ရောင်သံချပ်ကာစစ်သည်တော်တစ်ဉီးသည် မယုံနိုင်လောက်အောင် အရှိန်ဖြင့် ကောင်းကင်မှပျံတက်ကာ သူ့နောက်တွင် အလင်းတန်းတစ်ခုကျန်ခဲ့သည်။

သူသည် တပ်ထဲသို့ ချဉ်းကပ်လာသည်နှင့်အမျှ အနက်ရောင် သံချပ်ကာ စစ်သည်တော်သည် ၎င်း၏ တောင်ပံများကို ပြန်ဆုတ်ကာ ဆင်းသက်လာသည်။

ထိုအချိန်မှပင် လူတို့သည် သံချပ်ကာ အနက်ရောင် စစ်သည်တော်၏ နောက်ကွယ်တွင် အမှန်တကယ် ရပ်နေသော လူတစ်ဦး ရှိနေသည်ကို တွေ့လိုက်ရသည်။

ထိုသူက အဖြူရောင်ကို ၀တ်ထားကာ နောက်ကျော၌ လက်နှစ်ဖက်ယှက်၍ မတ်တပ်ရပ်နေသည်။

အနက်ရောင် သံချပ်ကာ စစ်သည်တော်သည် မြေပြင်အထက် မီတာတစ်ရာသို့ ဆင်းသက်သောအခါ၊ ထိုပုဂ္ဂိုလိက သူ့ခြေကို မြှောက်ကာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ထို့နောက် သူသည် ကောင်းကင်မှ တည့်တည့် ဆင်းသက်လာသည်။ လူတိုင်းက လမ်းတစ်ခုလုံး တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရကာ ထိုလူ ဆင်းသက်ရာ၌ မရေမတွက်နိုင်အောင် များပြားလှသော အက်ကွဲကြောင်းများက ပျံ့နှံ့သွားခဲ့၍ ကြီးမားသော ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုကဲ့သို့ ပြင်းထန်သော အကျိုးသက်ရောက်မှုသည် သာမန် ကျင့်ကြံသူ တစ်ဦးကို ချက်ခြင်း နာကျင်သွားစေနိုင်သည်။ သို့သော် ထိုသူက လုံးဝ ဂရုမစိုက်သကဲ့သို့တည်ငြိမ်နေသည်။ ရုပ်သေးအင်မော်တယ် ဂိုဏ်းနှင့် ထိုသံချပ်ကာ အနက်ရောင် စစ်သည်တော်များသည် ထိုလူကို မြင်သောအခါ အားလုံးက အလွန်လေးစားစွာ အလေးပြုလိုက်ကြသည်။

ဤမြင်ကွင်းက လမ်းတစ်ခုလုံး ခေတ္တငြိမ်သက်သွားစေသည်။

ဆရာတပည့်နှစ်ဦးသားက အကြည့်ချင်းဖလှယ်ကာ ချက်ချင်း ထိတ်လန့်တကြားဖြစ်ကုန်ကြသည်။ ထပ်မံရောက်ရှိလာသူက မည်သူမည်ဝါဖြစ်သည်ကို နှစ်ယောက်လုံး အသိအမှန်ပြုမိ၏။ ၎င်းသည် ရုပ်သေးအင်မော်တယ်းဂိုဏ်းကို ရှေးကျသော လျို့ဝှက်ဖွဲ့စည်းမှုကို ပြန်လည်အသက်သွင်းနိုင်ရန် ကူညီပေးခဲ့သော၊ ချန်ယာ့ယွင်ကို တလိုတလား ရာထူးမှဆင်းစေကာ လျို့ခယ့်ခယ်အား ရုပ်သေးအင်မော်တယ်ဂိုဏ်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့သူပင်ဖြစ်သည်။

ဤသည်ကား.. ရွှယ်အန်းပင်ဖြစ်၏။

သို့သော် ဤအနက်ရောင်သံချပ်ကာဝတ်ထားသူများက မည်သည်ကိုဆိုလိုသနည်း။

ဤအချိန်တိုလေးအတွင်းတွင် ဤမျှကြောက်မက်ဖွယ်အင်အားစုတစ်ခု မည်သို့ပေါ်လာသနည်း။ ထိုအချိန်တွင် ရွှယ်အန်းက လူစုလူဝေးကို ဝေ့ဝိုက်ကြည့်၍ မျက်နှာတစ်ခုစီကို စိုက်ကြည့်ကာ ဘာသိဘာသာပြောလိုက်သည်။

“ဒါ… လော့ဖုမြို့လား”

“စီနီယာ့ကို ပြန်ဖြေပါတယ် ဒါက လော့ဖုမြို့ပါ။ ကျွန်မတို့ ရုပ်သေးအင်မော်တယ်ဂိုဏ်းက စီနီယာနေနိုင်အောင်လို့ သီးခြားနေရာတစ်ခုရှိပါတယ်”

ရွှယ်အန်းက‌ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ။ သွားကြရအောင်”

ဤသို့ပြော၍ အားလုံးက လှည့်ထွက်သွားသည်။ လျို့ခယ့်ခယ်က ဝမ်ချန်ယိနှင့် ရှန်ရော့လင်တို့ကို နှုတ်ဆက်သည့်ပုံစံဖြင့် အနည်းငယ်ပြုံးပြကာ ထွက်သွား၏။

၎င်းတို့ထွက်သွားပြီးနောက် ရှန်ရော့လင်က အနည်းငယ်စိတ်ပျက်စွာပြောလိုက်သည်။

“ဆရာ ဒီလူသားမျိုးနွယ်စုက လူကဘယ်သူလဲ”

ဝမ်ချန်ယိက ခေါင်းခါပြလိုက်သည်။

“ငါလည်းမပြောတတ်ဘူး ဒါပေမယ့် သူ့ကို လုံးဝမနှောက်ယှက်ရဘူးဆိုတဲ့ ကြိုတင်သတိပေးချက်တစ်ခု ရှိတယ်။ မင်းက ဘယ်သူပဲဖြစ်ဖြစ် မင်းက ဆုံးရှုံးမှုကြီးကို ခံစားရလိမ့်မယ်”

ရုပ်သေးအင်မော်တယ်ဂိုဏ်းနှင့် ရွှယ်အန်းတို့၏ အင်အားအပြည့်ဖြင့်ရောက်ရှိလာခြင်းက လော့ဖုမြို့တော်တစ်ခုလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားသည်။ အမျိုးမျိုးသော အင်အားစုများက အေးစက်မှုကို ခံစားလိုက်ကြရသည်။ ဤအတောအတွင်း တောင်ပင်လယ်ဂိုဏ်းဝင်များသည် လော့ဖုမြို့သို့ အာရုံစိုက်ခံရခြင်းမရှိဘဲ ရောက်လာကြသည်။ နတ်သားတော်ကျီဝေ့က တောင်ပင်လယ်ပြင်ပခန်းမဆောင်တွင် ကုန်းဝူနျန်နှင့်အတူ စစ်တုရင်အပိုင်းအစတစ်ခုဖြင့်ကစားနေသည်။

ဖန်တင်းထျန်နှင့် အခြားသော ထိပ်တန်းကျွမ်းကျင်သူများကမူ အောက်တွင် စောင့်ဆိုင်းနေကြသည်။

ခဏအကြာတွင် ကျီဝေ့နတ်သားတော်က ပေါ့ပါးစွာပြောလိုက်၏။

“ရုပ်သေးအင်မော်တယ်ဂိုဏ်းလား”

“ဟုတ်” ဖန်တင်းထျန်က ပြန်ဖြေသည်။

“ဆေးပညာက ပျောက်နေတာကြာလှပြီ။ သူတို့ကိုယ်သူတို့ ရုပ်သေးအင်မော်တယ်ဂိုဏ်းလို့ခေါ်ရဲတာ တကယ်မာန်တက်နေတာပဲ။ မျိုးနွယ်စုတစ်ထောင်စုဝေးပွဲစရင် ငါ သူတို့ကို သင်ခန်းစာပေးမယ်”

"နားလည်ပါပြီ”

ထိုအချိန်တွင် နတ်သားတော်ကျီဝေ့က စစ်တုရင်ပြားပေါ်သို့ နောက်ထပ် စစ်တုရင်စတစ်ခုကို တင်လိုက်သည်။

“မင်းထပ်ရှုံးပြန်ပြီ”

အမှန်စင်စစ်၊ ဤအပိုင်းကို နေရာချထားခြင်းဖြင့် ကုန်းဝူနျန်၏ စစ်တုရင်စများက တန်ပြန်ထိုးနှက်ရန် အခွင့်ရေးမရတော့ဘဲ တင်းကြပ်စွာ ချောင်ပိတ်ခံလိုက်ရသည်။

"ဘာလို့ ရှုံးတာလဲ သိလား" နတ်သားတော်ကျီဝေ့က ဘာသိဘာသာပြောသည်။

ကုန်းဝူနျန်၏ မျက်နှာက တဖြည်းဖြည်း နီရဲလာကာ ခေါင်းယမ်းလိုက်သည်။

"ဘာလို့လဲဆိုတော့ သေမျိုးတွေက နတ်ဘုရားတွေကို အနိုင်ယူလို့မရဘူးလေ။ ငါ့မျက်လုံးထဲမှာတော့ ဒီဂိုဏ်းတွေအားလုံးက စစ်တုရင်အပိုင်းအစတွေပဲ၊ ငါက စစ်တုရင်အပိုင်းအစတွေကို ကိုင်တဲ့သူပဲ" နတ်သားတော်ကျီဝေ့က မောက်မာသောလေသံဖြင့် ကြေညာလိုက်သည်။

All Chapters