← Chapters

အခန်း (၆၂၂-၆၂၄)

Vol. 42 Ch. 622-624

အခန်း (၆၂၂-၆၂၄)

Vol. 42 Ch. 622-624

အခန်း(၆၂၂) စုန်အာယင်း တိုက်ပွဲဝင်ပြီ

ဟွာယို့အန်းက သူ့အတွက် ရပ်တည်ပေးခဲ့သော လူလတ်ပိုင်းကို ခဏတာကြည့်လိုက်ပြီးနောက် ခဏတာအံ့အားသင့်သွားကာ ချက်ချင်းဦးညွတ်လိုက်သည်။

“ဟုတ်ကဲ့”

“ဒါက ပြီးပြည့်စုံတယ်။ ကျုပ်က ဂါရန်ဂိုဏ်းကို ကာကွယ်ပေးတဲ့ ဝမ်ချန်ယိပဲ။ ဒါက ကျုပ်တပည့် ရှန်ရော့လင် မင်းတို့သုံးယောက် စိတ်မရှိရင် ကျုပ်နဲ့အတူတူလိုက်လို့ရတယ်လေ။ ဘယ်လိုလဲ”

ဟွာယို့အန်းတို့ သုံးဦးသား တစ်ယော်ကို တစ်ယောက်ကြည့်လိုက်ကြပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။

“အဲ့လိုဆို ကျွန်တော်တို့ ဆရာ့ကိုအရမ်းကျေးဇူးတင်ပါတယ်”

ဝမ်ချန်ယိက ရိုးသားစွာပြုံးလိုက်သည်။

“ဒီလောက်ယဥ်ကျေးနေဖို့မလိုပါဘူး။ ကျေးဇူးပြုပြီး.. ရှေ့ကသွားပါ”

ဤသို့ပြောကာ ထိုသုံးယောက်နှင့်အတူ အထဲသို့ဝင်လာခဲ့သည်။

...

ရှန်ရော့လင်က သူမ၏ ဆရာဖြစ်သူက လူသားမျိုးနွယ်မှ လူသုံးယောက်ကို အဘယ်ကြောင့် ဤမျှ အရေးတကြီး အလေးပေးနေသည်ကို နားမလည်နိုင်ပေ။

‘ဆရာ အရင်က ဒီလိုလုပ်ဖူးလို့လား..’

ဂါရန်ဂိုဏ်းကို အလယ်ပိုင်းပြည်နယ်၏ အဓိကအဖွဲ့ခွဲတစ်ခုအဖြစ်လည်း ယူဆထားသောကြောင့် ၎င်းတို့ကို ပင်မခန်းမအတွင်းတွင် ထားရှိရန် စီစဉ်ခဲ့သည်။ ဟွာယို့အန်းနှင့် အခြားနှစ်ယောက်ကို အထဲသို့ ဦးဆောင်သွားသောအခါ အထဲတွင် ဧည့်သည်များနှင့် ပြည်‌နေပြီဖြစ်သည်။ ဝမ်ချန်ယိက တပည့်ဖြစ်သူနှင့်လာသည်ကိုမြင်ကြသောအခါ ခင်မင်ရင်းနှီးသူများအားလုံးက မတ်တပ်ရပ်ကာ နှုတ်ဆက်ကြသည်။ သို့သော် အေးစက်စွာ အထင်သေးသောအကြည့်များဖြင့်ကြည့်ကြသော လူများစွာလည်းရှိသည်။ သို့ထိတိုင် ဤကျင့်ကြံသူအဖွဲ့က နောက်မှလိုက်လာသောလူသုံးယောက်ကို မြင်လိုက်ကြသောအခါ အားလုံး အံ့သြသွားကြသည်။

“အဲ့တာ လူသားမျိုးနွယ်ကလား” ကျင့်ကြံသူတစ်ဦးက ခပ်တိုးတိုးပြောသည်။

ထို့နောက် ခံစားချက်များကို မထိန်းနိုင်သော ကျင့်ကြံသူနောက်တစ်ဦးက မတ်တပ်ရပ်ကာ အေးစက်စွာပြောလိုက်၏။

“ကာကွယ်သူဝမ် ဒီလူသားမျိုးနွယ်ဝင်တွေကို ဒီကို ခေါ်လာတာ ဘာအဓိပ္ပါယ်လဲ”

“အဲ့တော့ဘာဖြစ်လဲ” ဝမ်ချန်ယိက ဘာသိဘာသာပြောသည်။

“ဟား ဒါက ပင်မခန်းမကွ လူသားမျိုးနွယ်ဝင်တွေက ဘာအရည်အချင်းရှိလို့ ဒီကိုရောက်လာတာလဲ”

“အို ကျုပ်ခင်ဗျားတို့ကိုပြောဖို့မေ့သွားတာ။ ဒီလူသားမျိုးနွယ်ကလူတွေက ကျုပ်မိတ်ဆွေတွေပဲ။ ကျုပ် သူတို့ကို ဒီခေါ်လာတာ ပြဿနာရှိလား” ဝမ်ချန်ယိက တင်းမာစွာပြောသည်။

သူ၏ စကားများက လူအများကို စိတ်ရှုပ်ထွေးသွားစေကာ အချို့က ကဲ့ရဲ့စပြုလာကြသည်။

“မိတ်ဆွေတွေဟုတ်လား။ ဂါရန်ဂိုဏ်းကလူတွေက လူသားမျိုးနွယ်နဲ့ ဘယ်အချိန်ကစပြီး မိတ်ဆွေတွေဖြစ်သွားတာလဲ”

ဝမ်ချန်ယိက မော့ကြည့်လိုက်ကာ သူ့မျက်နှာတစ်ခုလုံးမှောင်ကျသွားသည်။ အဘယ်ကြောင့်ဆိုသော် ပြောလာသူမှာ ဂါရန်ဂိုဏ်း၏ ကျမ်းသစ္စာကျိန်ဆိုထားသော ရန်သူမှလွဲ၍ အခြားသူမဟုတ်သောကြောင့်ပင်ဖြစ်သည်။

ယင်းသည်ကား ရှီဗာနတ်ဆိုးဂိုဏ်းမှ ဖော့ရှန်ပင်ဖြစ်သည်။

ဤလူသည် ရှီဗာနတ်ဆိုးဂိုဏ်း၏ ထိပ်တန်းကျွမ်းကျင်သူဖြစ်ကာ သူ၏ကျင့်ကြံရေးအဆင့်က ဝမ်ချန်ယိထက် အဆင့်တစ်ဆင့်မြင့်သော ရွှေအင်မော်တယ်အဆင့် အထွတ်အထိပ်သို့ရောက်ရှိနေပြီဖြစ်သည်။ ရှီဗာနတ်ဆိုးဂိုဏ်းနှင့် ဂါရန်ဂိုဏ်းတို့ကြားတွင် အလွန်ပြင်းထန်သော ဘာသာရေးပဋိပက္ခတစ်ခုရှိခဲ့ရာ ၎င်းတို့အချင်းချင်းက ထာဝရရန်သူများအဖြစ် အချင်းချင်းမှတ်ယူထားကြသည်။

သူ ဤနေရာတွင်ရှိနေလိမ့်မည်ဟု ဝမ်ချန်ယိလည်းမမျှော်လင့်ထားမိပေ။ ဝမ်ချန်ယိက အသက်ပြင်းပြင်းရှုလိုက်၏။

“ဖော့ရှန် ဂါရန်ဂိုဏ်းမှာ မိတ်ဆွေအသစ်တွေရှိတာ မင်းကို အသိပေးဖို့ လိုသေးတာလား”

“သေချာပေါက် မလိုဘူးပေါ့ ဒါပေမယ့် ဒီခန်းမကြီးထဲက တစ်ယောက်စီတိုင်းက ကျင့်ကြံသူတွေပဲ။ မင်းက ကျင့်ကြံရေးအဆင့်လုံးဝမရှိတဲ့ လူသားမျိုးနွယ်ဝင်တွေကို ခေါ်လာတယ်။ ဒါက စည်းမျဥ်းတွေကို ချိုးဖောက်နေတာမဟုတ်ဘူးလား”

ဖော့ရှန်၏ အကြည့်က ရှန်ရော့လင်ကို တစိုက်မတ်မတ်ကြည်‌နေရာမှ ဟွာယို့အန်းဘက်သို့ ရောက်သွားသည်။

ဝမ်ချန်ယိက တစ်စုံတစ်ခုပြောချင်နေသော်လည်း ဖော့ရှန်က လှောင်ရယ်လိုက်ပြီဖြစ်သည်။

“ကျွတ် ကျွတ် လူသားမျိုးနွနွယ်က ဒီလောက်လှတဲ့ မိန်းကလေးက ဒီ မျိုးနွယ်စုတစ်ထောင်စုဝေးပွဲကို ယောက်ျားလိုဝတ်ပြီး တက်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ဘာလဲ။ လူသားမျိုးနွယ်စုမှာ ယောက်ျားတွေကုန်ပြီလား”

ဤစကားက လူအုပ်ကြီးထဲမှ ရယ်မောသံများ ထွက်ပေါ်လာစေခဲ့သည်။ ဟွာယို့အန်း၏ အမူအရာက ရုတ်တရက် အလွန်ရုပ်ဆိုးသွားသည်။ ကျားနင်နှင့် စုန်အာတို့က ပို၍ပင် ဒေါသထွက်ကာ မျက်လုံးများက နီရဲတောက်လောင်လာသည်။

"မင်းငါ့ကိုဘာလို့အဲ့လိုစိုက်ကြည့်နေတာလဲ။ ဟီးဟီး မင်းကိုမမြင်ရရင် ငါမှတ်မိမှာတောင်မဟုတ်ဘူး။ နောက်ဆိုး မျိုးနွယ်စုတစ်ထောင်စုဝေးပွဲကို မင်းတို့လွှတ်လိုက်တဲ့ ငချွတ်လေးတွေက အရမ်းအားနည်းလွန်းတယ်ကွ။ ငါ သူတို့နဲ့ နည်းနည်းကစားလိုက်တာ အသွေးအသားတွေ အပုံလိုက်ဖြစ်ပြိး အဆုံးသတ်သွားရတယ်။ ဟားဟား မင်းတို့ရော ဒီတစ်ကြိမ် ဘယ်လောက်ကြာကြာခံမလဲတွေးမိသား”

ဖော့ရှန်၏ စကားကိုကြားသောအခါ ဟွာယို့အန်း၏ အမူအရာက ဖြူဖျော့သွားသည်။

“လူသားမျိုးနွယ်ကလူတွေက မင်းလက်ချက်နဲ့ သေသွားရတာလား”

ဖော့ရှန်က ဘာသိဘာသာရယ်မောလိုက်သည်။

“ဟုတ်တယ်။ ငါပြောတာမကြားလိုက်ဘူးလား။ ပေါ့ပေါ့ပါးပါးလေးစကားလုံးရုံနဲ့ သူတို့ သေကုန်ကြတာ။ ကျွတ်ကျွတ် တကယ့်ကို ပျော့ညံ့တဲ့လူငယ်တွေပဲ”

ဖော့ရှန်၏ လောဘကြီးသောအကြည့်က ဟွာယို့အန်း၏ မျက်နှာလှလှပေါ်တွင်ရှိနေဆဲဖြစ်သည်။

"ဒါပေမယ့် ဒီတစ်ခါ မင်း ငါ့ကို ပြုစုပေးနိုင်မယ်ဆိုရင် ငါ မင်းရဲ့ လူသားမျိုးနွယ်ဝင်တွေကို လတ်တလော သက်ညှာပေးထားလို့ရတယ်။ ဘယ်လိုသဘောရလဲ”

ထိုအချိန်၌ ဝမ်ချန်ယိ၏ အမူအရာက အလွန်အေးစက်လာသည်။

“ဖော့ရှန် မင်းဘာစကားပြောတာလဲ”

“ဝမ်ချန်ယိ စကားအပိုတွေပြောမနေနဲ့။ မင်း မယုံရင် အခုပဲ တိုက်ကြရအောင်။ မင်းရှုံးရင် မင်းရဲ့ တပည့်ငယ်လေးပါ ငါနဲ့တစ်ခါတည်းလိုက်ခဲ့လို့ရတယ်။ မင်းဘာပြောမလဲ”

ထိုစကားကိုကြားသောအခါ ဝမ်ချန်ယိက အလွန်ဒေါသထွက်လာသော်လည်း ယခုထိတိုင် ဦးနှောက်က ကြည်လင်နေသေးသည်။ ဖော့ရှန်၏ ကျင့်ကြံရေးအဆင့်က အမြဲတစေ ဖိနှိပ်ထားခဲ့သည်။ အကယ်၍ သူသည် ဤဒေါသကြောင့် စိတ်မထိုင်းနိုင်ဘဲ ယခုတိုက်ပွဲကို စတင်ခဲ့မည်ဆိုလျှင်၊ သူသည် ကြီးစွာသော အားနည်းချက်ကို ရင်ဆိုင်ရလိမ့်မည်။ အသေးအဖွဲရှုံးနိမ့်မှုသာဖြစ်နိုင်သော်လည်း ကောင်းကင်ဘုံတာအိုနယ်မြေသို့ ဝင်ရောက်မှုကို နှောင့်နှေးစေပါက ၎င်းသည် ဂါရန်ဂိုဏ်းအတွက် နိဂုံးချုပ်ဖြစ်သွားပေလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် သူ့အမူအရာက ပြောင်းသွားကာ ခဏမျှပင် တိတ်ဆိတ်သွားသည်။

ဖော့ရှန်က ပို၍ပင် မောက်မာစွာရယ်မောလျက် ဟွာယို့အန်းကို စိုက်ကြည့်လိုက်သည်။

“ဘာလို့လဲ မိန်းကလေး မင်း စိတ်ကို ပြင်ဆင်ပြီးပြီလား။ ငါ့ရဲ့စိတ်ရှည်မှုက အတိုင်းအတာရှိတယ်နော်”

ဟွာယို့အန်း၏ မျက်နှာထက်၌ ခိုင်မာသော ဆုံးဖြတ်ချက်ပေါ်လာကာ တစ်ခုခုကို ပြောတော့မည့်အခိုက်တွင် သူမဘေးတွင်ရပ်နေသော စုန်အာက ကျားနင်နှင့် ဟွာယို့အန်းကို ပြုံးပြလိုက်သည်။

“အရှင့်သမီးတော် ဒီကောင်က မာနကြီးလွန်းတယ်။ ကျုပ်ကို သူနဲ့တိုက်ခွင့်ပေးပါ”

ထိုစကားများပြောပြီး မကြာမီ၌ပင် သူက တုံ့ပြန်မှုကို စောင့်နေခြင်းမရှိဘဲ ရှေ့သို့တိုးကာ တိုက်ခိုက်ရေးကွင်း၏ အလယ်တွင် မတ်တပ်ရပ်လိုက်ကာ သူ့မျက်နှာချင်းဆိုင်မှ ဖော့ရှန်ကို လက်ဖြင့် ခေါ်လိုက်သည်။

“ခွေးသား မင်းက ကျင့်ကြံသူဖြစ်တာနဲ့ပဲ အရမ်းတော်တယ်လို့ မထင်နဲ့ ငါဒီနေ့မင်းကို သင်ခန်းစာတစ်ခုပေးမယ်”

ဤသည်ကိုကြားသောအခါ ဖော့ရှန်နှင့် အခန်းထဲ မှ ကျင့်ကြံသူများအားလုံးက အံ့သြသွားကာ ရယ်မောလိုက်ကြသည်။ ဖော့ရှန်၏ ရယ်သံက အချဲ့ကားဆုံးပင်ဖြစ်၏။

“သေမျိုးတစ်ကောင်က ငါ့ကို စိန်ခေါ်ရဲတယ်လား”

စုန်အာက ဖော့ရှန်ကို တိတ်တဆိတ်ကြည့်နေကာ ရယ်မောခြင်းမရှိပေ။

ဖော့ရှန်က ခဏကြာရယ်ပြီးနောက် အပြုံးများကို ရပ်တန့်လိုက်ကာ နှုတ်ခမ်းများကို ရက်စက်သောအမူအရာဖြင့် သပ်လိုက်သည်။

“ကောင်းပြီ မင်းက သေဖို့ တောင်းဆိုနေမှတော့ မင်းဆန္ဒကို ငါဖြည့်ပေးပါ့မယ်”

ဤသို့ပြောလျက် ဖော့ရှန်က စုန်အာဆီသို့ ရုတ်တရက်ပြေးသွားကာ စုန်အာ၏ ရင်ဘတ်သို့ တည့်တည့်ထိုးချလိုက်သည်။ ဖော့ရှန်က ဤလက်သီးချက်ဖြင့်သာထိမှန်ပါက ထိုလူငယ် အပိုင်းပိုင်းကွဲကြေသွားမည်ဟု အခိုင်အမာယုံကြည်ထားသည်။ သို့သော် မမျှော်လင့်ဘဲ စုန်အာက အသက်ပြင်းပြင်းရှုကာ ‘ထွက်သွားစမ်း’ဟုကျယ်လောင်စွာအော်လိုက်၏။

ထိုသို့ဖြင့် သူကလည်း လက်သီးပြန်ထိုးလိုက်သည်။

ပြတ်သားသော အရိုးကျိုးသံတစ်ခုထွက်ပေါ်လာပြီးနောက် စုန်အာ၏ လက်မောင်းက ပွင့်ထွက်သွားကာ သူ့ခန္ဓာကိုယ်တစ်ခုလုံး နောက်သို့ ခြေလှမ်းပေါင်းများစွာ လွင့်ထွက်သွားကာ မတ်တပ်အနိုင်နိုင်ပြန်ရပ်နေရသည်။ ဖော့ရှန်က အနည်းငယ်သာ ယိမ်းယိုင်သွားရ၏။ သို့သော် ထိုယိမ်းယိုင်မှုကြောင့် သူ့မျက်နှာကို အလွန် အရုပ်ဆိုးသွားစေသည်။ သူသည် ရွှေအင်မော်တယ်အထွတ်အထိပ်အဆင့်တွင်ရှိသောကြောင့် သူ၏ လက်ချက်ကြောင့် လူသားမျိုးနွယ်မှလူငယ်ကို တစ်ချက်တည်းချေမှုန်းနိုင်မည်ဟုထင်ခဲ့သော်လည်း မချေမှုန်းနိုင်ရုံသာမက တန်ပြန်တိုက်စစ်ကြောင့် တုန်လှုပ်သွားရသည်။

ဤသည်မှာ သူ့အတွက် စိတ်ကူး၍ပင်မရနိုင်သော ရှက်ရွံ့ဖွယ်ကိစ္စတစ်ခုဖြစ်သည်။ ထိုအချိန်၌ ဟွာယို့အန်းနှင့် ကျားနင်တို့က တညီတညွတ်တည်းအော်လိုက်ကြသည်။

“စုန်အာ”

သူ့ကိုယ်သူ ဟန်ချက်ထိန်းပြီးနောက် စုန်အာက လက်မောင်းကိုကြည့်ရန်ခေါင်းလှည့်လိုက်ရာ

လက်မောင်းတစ်ခုလုံး၏ အရိုးများက ပေါ်လွင်နေသော်လည်း သူက အေးစက်သောအမူအရာဖြင့် ယင်းကို ဘယ်လက်ဖြင့် ဖမ်းဆုပ်ကာ ဆွဲဖြုတ်လိုက်သည်။

ကျိုးနေပြီဖြစ်သော သူ၏ ညာဘက်လက်မောင်းကို စုန်အာကိုယ်တိုင်က စုတ်ဖြဲပစ်လိုက်သည်။

​နောက်​တစ်​ကြိမ်​ ​သွေး​များထွက်လာသည်။

ကျင့်ကြံသူများက ၎င်းတို့၏ အရေးပြားများကွာကျသွားသကဲ့သို့ ခံစားလိုက်ရကာ ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်ကြသည်။

စုန်အာ၏ အမူအရာက အလွန် ‌ကြောက်မက်ဖွယ်ကောင်းလှသည်။ စုတ်ဖြဲပစ်လိုက်သောလက်က သူ့လက်မဟုတ်သကဲ့သို့ သူ၏အေးစက်မှုက ၎င်းတို့အားလုံးကို ကျောရိုးတစ်လှောက်အေးစက်သွားစေသည်။

ဖော့ရှန်ပင်လျှင် စိတ်မသက်မသာ ခံစားခဲ့ရသည်။

“မဆိုးပါဘူုး ငါ့လက်သီးတစ်ချက်ကို ခံနိုင်တာပဲ။ မင်းက အရင်ကလာခဲ့တဲ့ လူသားမျိုးနွယ်ဝင်တွေထက် အများကြီးသန်မာတဲ့ပုံပဲ”

အခန်း(၆၂၃) လူဖြစ်နည်းသင်ပေးခြင်း

စုန်အာ၏ မျက်နှာက ဖြူဖျော့နေသော်လည်း ဖော့ရှန်ကို လက်ညှိုးထိုးကာ လှောင်ပြောင်ဆဲဆိုနေဆဲဖြစ်သည်။

“အရူး ငါမင်းကို ပြောသားပဲ။ ဒီနေ့ မင်းကို လူသားဖြစ်ဖို့ သင်ခန်းစာသင်ပေးမယ်လို့”

ဖော့ရှန်၏ မျက်နှာတွင် ဒေါသအငွေ့အသက်များတောက်လောင်လာသည်။

“မင်း ငါ့ကို ဒီလိုပဲ အနိုင်ယူနိုင်မယ်လို့ မင်းထင်နေတာလား။ ဒီလက်သီးမှာ ငါ့ကျင့်ကြံရေးစွမ်းအားတွေမပါဘူးဆိုတာ မင်းသိသင့်တယ်ကွ။”

ဤသို့ပြောလျက် သူက လက်သီးများကို ဖြည်းညှင်းစွာမြှောက်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါက သူ၏ ပတ်ဝန်းကျင်တွင် တဖြည်းဖြည်း စုစည်းလာသည်။ ဟွာယို့အန်းနှင့် အခြားသူများသည် ‌နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ကြရကာ မျက်နှာများက အလွန်တရာတင်းမာလာခဲ့သည်။ ယင်းမှ ဖြာထွက်လာသော အကြွင်းအကျန် သက်ရောက်မှုကပင် ဤမျှထိစွမ်းလှသည်။

ရောင်ဝါကို တိုက်ရိုက်ရင်ဆိုင်နေရသော စုန်အာအတွက် မည်မျှကြီးမားသော ဖိအားဖြစ်မည်ကို တွေးကြည့်နိုင်သည်။

…

စုန်အာ၏ ခန္ဓာကိုယ်တစ်ခုလုံးက မတည်မငြိမ်ဖြစ်နေကာ ပြင်းထန်သော မုန်တိုင်းလယ်မှ အချိန်မရွေး နစ်မြုပ်သွားနိုင်သည့် လှေငယ်လေးတစ်စင်းနှင့်တူသည်။ နောက်ဆုံးတွင်မူ ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်က အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

စုန်အာ၏ သဘာဝ နတ်စွမ်းရည်များဖြင့်ပင်လျှင် ဖော့ရှန်၏ ပြိုင်ဘက်ဖြစ်ရန်မဖြစ်နိုင်ပေ။ သို့သော် စုန်အာက အံကြိတ်လျက် ခြေတစ်လှမ်းမျှ နောက်ဆုတ်ခြင်းမရှိပေ။ ဤသည်ကိုမြင်သောအခါ ဟွာယို့အန်းနှင့် ကျားနင်တို့၏ မျက်နှာထက်တွင် ဝမ်းနည်းပူဆွေးမှု အရိပ်အ‌ငွေ့များပေါ်လာသည်။ စုန်အာက သေသည်အထိတိုက်ပွဲဝင်ရန်ပြင်ဆင်နေသည်ကို နှစ်ယောက်လုံးကောင်းစွာသိထားသောကြောင့်ပင်ဖြစ်သည်။ ကြည့်ရှု့သူအများအားပြား၏ အမူအရာများတွင်ပင်လျှင် သနားသည့် အကြည့်များရှိလာကြသည်။

“ဟဲဟဲ အရှင့်သမီးတော် အစ်ကိုကျား ကျုပ်အရင်သွားလိုက်မယ်”

ထိုသို့ပြောပြီးနောက် စုန်အာက ဖော့ရှန်ကို မျက်နှာမူကာ ကျုံးဝါးလိုက်သည်။

“သေပေတော့”

ထို့နောက် သူ၏ ဘယ်လက်သီးဖြင့် ထိုးလိုက်သည်။

သဘာဝနတ်စွမ်းအားဖြင့် စုန်အာ၏ လက်သီးများသည် အထင်ကြီးလောက်သော စွမ်းအားကို ထုတ်လွှတ်သည်။

သို့သော် ဖော့ရှန်က အေးစက်စွာ လှောင်ပြောင်လိုက်၏။

“ကိုယ့်သေတွင်းကိုယ်တူးတယ်”

ထို့နောက် သူကလည်း လက်သီးဖြင့်ထိုးလိုက်သည်။

ရှီဗာနတ်ဆိုးဂိုဏ်းသည် ရုပ်ပိုင်းဆိုင်ရာ နည်းစနစ်များကို အလွန်ကျွမ်းကျင်ကာ ရွှေအင်မော်တယ်အဆင့် ဖော့ရှန်က အလွန်အမင်းကြောက်မက်ဖွယ်လက်သီးကို ထုတ်သုံးနိုင်သည်။

ဝမ်ချန်ယိ၏မျက်နှာက အနည်းငယ် ရုန်းကန်နေသည့်အရိမ်အယောင်ပြကာ အကြိမ်ပေါင်းများစွာ စွက်ဖက်လိုပုံရသော်လည်း အဆုံးတွင် သက်ပြင်းရှည်ကြီးချ၍ မျက်နှာလွှဲလိုက်သည်။

ထိုအချိန်တွင် သူ့နှလုံးသားသည် အပြစ်အနာအဆာများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

ထို့နောက်တွင်၊ လူသားမျိုးနွယ်စုဝင်များကို သူက ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ရာ အကယ်၍ ၎င်းတို့ ဤနေရာတွင် သေဆုံးပါက၊ သူသည် သွယ်ဝိုက်သောနည်းဖြင့် သေဆုံးစေခဲ့သကဲ့သို့ ဖြစ်လိမ့်မည်။

ဟွာယို့အန်းသည် စုန်အာ၏ နောက်ကျောကို စိုက်ကြည့်လျက် အံတင်းတင်းကြိတ်ကာ သူမ၏ နှုတ်ခမ်းကို သွေးထွက်သည်အထိပင် ကိုက်ထားသည်။

သို့သော် ထိုအချိန်၌ပင် အေးစက်စက်အသံတစ်ခုကို ကြားလိုက်ကြရ၏။

“ရွှေအင်မော်တယ် ကျင့်ကြံသူ… မင်းကိုယ်မင်း အရမ်းအထင်ကြီးဖို့ကောင်းတယ်ထင်နေလား”

ထို့နောက်တွင် လူတစ်ဦးသည် အလွန်လျင်မြန်သော အရှိန်ဖြင့် စုန်အာ၏အရှေ့သို့ ပြေးလာကာ ဖော့ရှန်၏ လက်သီးကို လက်သီးဖြင့်တန်ပြန် တိုက်ထုတ်လိုက်သည်။

ဘမ်း

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ခန်းမတစ်ခုလုံး တုန်လှုပ်သွားသကဲ့သို့ထင်ရကာ

ထို့နောက် လူအုပ်ကြီး၏ အံ့အားသင့်နေသော အကြည့်များအောက်၌ ဖော့ရှန်က ယိမ်းယိုင်ကာ ခြေလှမ်းများစွာ နောက်သို့ ဆုတ်သွားခဲ့သည်။

ဘယ်လို… ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။

လူတစ်ယောက်က ဖော့ရှန်ကို လက်သီးတစ်ချက်ထိုးလိုက်တာလား။

လူတိုင်း၏အကြည့်များသည် တညီတညွတ်တည်း လှည့်၍ ပြေးဝင်လာသူဆီသို့ လှမ်းမျှော်ကြည့်နေကြသည်။

လူသားမျိုးနွယ်မှလူတစ်ယောက် ဂုဏ်ယူစွာရပ်နေကာ အမူအရာက အေးစက်လျက် သူ့မျက်လုံးများတွင် လူသတ်ချင်စိတ်များ ပြည့်နေသည်ကို တွေ့လိုက်ရသည်။

ဝမ်ချန်ယိ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။

သူပဲ

မှန်သည် ရွယ်အန်း ထွက်လာခဲ့ခြင်းဖြစ်၏။

သူနှင့် ရုပ်သေးအင်မော်တယ်ဂိုဏ်းသားများက ခန်းမထဲသို့ဝင်ရန် ရည်ရွယ်ကာ မြို့သခင်အိမ်တော်သို့ ရောက်ရှိလာခဲ့သော်လည်း ဖော့ရှန်နှင့်တိုက်ပွဲတွင် ရုန်းကန်နေသော စုန်အာကို မမျှော်လင့်ဘဲ မြင်တွေ့ခဲ့ရသည်။

သူ့နောက်တွင် လူသားမျိုးနွယ်မှ လူငယ်လေးနှစ်ယောက် ရပ်နေသည်။

ရွှယ်အန်းက ၎င်းတို့သည် ရှေးဟောင်းလူသားမျိုးနွယ်စုမှ စေလွှတ်လိုက်သော ကိုယ်စားလှယ်များဖြစ်မည်ဟု ချက်ချင်း ခန့်မှန်းနိုင်ခဲ့သည်။ မော့ရှန်၏ မောက်မာသော အပြုအမူမျိုးစုံသည် ရွှယ်အန်းအား လူသတ်ရန် ရောင်ဝါကို ဖြစ်ပေါ်စေခဲ့သည်။

သို့သော် စုန်အာနှင့် အခြားလူများပြသခဲ့သော သတ္တိက ရွှယ်အန်းကိုပင် ချီးကျူးစေနိုက်သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ရန်သူနှင့် ရင်ဆိုင်ရချိန်တွင် လူသားမျိုးနွယ်ဝင် လူငယ်သုံးဦးတွင် တစ်ဦးမှ နောက်ပြန်ဆုတ်သွားမည့် အရိပ်အယောင်ကို မပြခဲ့ပေ။

ဖော့ရှန်က သူ၏သတ်ဖြတ်မှုအား ထုတ်ဖော်လိုက်သောအခါမှ ရွှယ်အန်းသည် ရဲဝံ့စွာလှုပ်ရှားကာ စုန်အာကို ကယ်တင်ခဲ့သည်။

ထိုအချိန်၌ ရွှယ်အန်းသည် သူ၏လက်သီးကို ဖြည်းညှင်းစွာပြန်ရုတ်လိုက်ကာ အံ့အားသင့်နေသော စုန့်အာနှင့် ဟွာယို့အန်းတို့ သုံးယောက်ကို လှမ်းပြောလိုက်သည်။

"မင်းတို့အားလုံး နောက်ပြန်ဆုတ်လိုက်"

ရွှယ်အန်း၏ စကားများကို ကြားလိုက်သည်နှင့် ၎င်းတို့ သုံးဦး၏ မသိစိတ်အရ အနည်းငယ် နောက်ပြန်ဆုတ်သွားကြသည်။

ထို့နောက် လက်နှစ်ဖက်ကို နောက်ကျောတွင်ယှက်ကာ ရွှယ်အန်းက မရေမရာကြည့်နေသော ဖော့ရှန်ကို ပြောလိုက်သည်။

" အရင်က လူသားမျိုးနွယ်ဝင်တွေကို သတ်ခဲ့တာ ဒီလူလား”

ရွှယ်အန်း၏မေးခွန်းကိုကြားသောအခါ လျို့ခယ့်ခယ်က ရှေ့သို့လှမ်းကာ လေးစားစွာပြော၏။

"စီနီယာကိုပြန်ဖြေပါတယ်။ တကယ်ပဲ ဒီလူပါ"

ထိုအချိန်တွင် အခန်းတွင်းရှိ ကျင့်ကြံသူများက အံ့အားသင့်သွားကာ အားလုံးက ရွှယ်အန်းကို အံ့သြစွာကြည့်ကြသည်။

လူသားမျိုးနွယ်က ဤသူက မည်သူနည်း။ ဖော့ရှန်ကို

လက်သီးတစ်ချက်ဖြင့် လွင့်ထွက်သွားစေနိုင်သူက မည်သူမည်ဝါဖြစ်ကြေညင်း ၎င်းတို့မသိခဲ့ကြပေ။

လူသားမျိုးနွယ်မှ ဤလူတွင် ကျင့်ကြံရေးအဆင့်ပင် ရှိမနေသည့်ပုံပေါ်သည်။

ရွှယ်အန်းက ခေါင်းညိတ်ပြပြီးနောက် ပြုံးလိုက်၏။

"ကောင်းပြီ၊ ပေးဆပ်ရမယ့် သွေးကြွေးတွေရှိတယ်။ မင်းဟာ လူသားမျိူးနွယ်က လူတွေကို သတ်လိုက်တဲ့အတွက် ဒီနေ့ မင်း သူတို့အတွက် မင်းအသက်နဲ့ ပေးဆပ်ရမယ်”

ထိုအချိန်တွင် ဖော့ရှန်က လက်သီးချက်မှ ပြန်လည်သက်သာလာကာ ဒေါသတကြီးပြုံးလိုက်သည်။

“နောက်တစ်ယောက် ထပ်ပြီး သေချင်နေပြန်ပြီလား။ မင်းတို့ လူသားမျိုးနွယ်က အားလုံး ဒီလိုမျိုး..."

သူ့စကားမဆုံးလိုက်ခင်တွင် ရွှယ်အန်းက ခြေဆောင့်လိုက်ရာ ခန်းမကြီးတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားပြီးနောက် သူသည် အမြောက်ကျည်ကဲ့သို့ ရှေ့သို့ ပျံထွင်လာလျက် လက်သီးတစ်ချက်ထိုးလိုက်ပြန်သည်။

လက်သီးသည် အလွန်ပြင်းထန်၍ ၎င်း၏အရှိန်အဟုန်က အလွန် မြန်ဆန်လွန်းသောကြောင့် ဖော့ရှန်က တုံ့ပြန်ရန်အချိန်ပင်မရှိဘဲ လက်သီးဖြင့် ထိမှန်သွားသည်။

ထို့နောက် ဖော့ရှန်က နောက်သို့ လွင့်ထွက်၍ စားပွဲအများအပြားကို ဝင်တိုက်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီးမှ ပါးစပ်အပြည့် သွေးများ အန်ထွက်လာသည်။

ဤမျှပြင်းထန်သော စွမ်းအားကြောင့် အခန်းတွင်း တိတ်ဆိတ်သွားခဲ့သည်။

ရွှယ်အန်းက လက်ညိုးတစ်ချောင်းထောင်ကာ ခပ်ပါးပါးပြုံးလိုက်သည်။

“ဒါက လူသားမျိုးနွယ်စုကိုယ်စား ငါပြန်ပေးတဲ့ ပထမဆုံး လက်ချက်ပဲ”

"မင်း သေချင်နေတာပဲ”

ဖော့ရှန်၏ ခန္ဓာကိုယ်ပေါ်သို့ အလင်းတန်းများ လင်းထိန်သွားကာ ဒဏ်ရာများ လျင်မြန်စွာ သက်သာလာပြီးမှ ဒေါသတကြီး ကြုံးဝါးလိုက်သည်။

"ရှီဗာရဲ့ ကမ္ဘာဖျက်စွမ်းအား”

သူကြုံးဝါးလိုက်သောအခါတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်တစ်ခု သူ့နောက်တွင် ပေါ်လာသည်။

ဝမ်ချန်ယိက တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။

“သူ့ကို အမြန်တားလိုက်။ သူက ရှီဗာ ရဲ့ မျိုးနွယ်ကို ဆင့်ခေါ်နေတာ ဆယ်မိုင်ပတ်လည်မှာရှိတဲ့ သက်ရှိသတ္တဝါတိုင်း သေလိမ့်မယ်”

"ဟား အခုငါ့ကိုတားဖို့စဉ်းစားနေတာ နောက်ကျသွားပြီ မင်းတို့အားလုံးသေကြပေတော့”

ဖော့ရှန်က ရူးသွပ်စွာ အော်ဟစ်လိုက်ပြီးနောက် သူ့နောက်တွင် အပြာရောင် ရှေးဟောင်းဘုရား ပုံရိပ်က တဖြည်းဖြည်း ပေါ်လာသည်။

ရင်ဘတ်နှင့် ဝမ်းဗိုက်ကို လှစ်ဟပြထားသော နတ်ဘုရားပုံရိပ်၏ မျက်နှာပေါ်တွင် အစွယ်များရှိကာ ခေါင်းထက်ရှိ မီးကြောင့် ရွှေရောင်ဦးခေါင်းခွံက ထင်ရှားနေသည်။

အမှန်ပင် ဤသည်က ရှီဗာ၏ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ပင်ဖြစ်သည်။

ဤသည်မှာ လောကကို ဖျက်ဆီးရန် ဒေါသအမျက်ထွက်သောအခါမှသာ ဖြစ်ပေါ်လာသည့် ရှီဗာ၏ စစ်မှန်သောပုံစံဖြစ်သည်။

မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျင့်ကြံသူအားလုံးက ထိတ်လန့်ကာ နောက်ဆုတ်စွားကြသည်။

"လူသားမျိုးနွယ်ကကောင် မင်းကိုငါသတ်ပြီးရင် ငါက ရှေးဟောင်းလူသားနယ်မြေဆီသွားပြီး အဲ့မှာရှိတဲ့လူအားလုံးကို ချေမှုန်းပစ်မယ်။ မင်းရဲ့လူသားမျိုးနွယ်က ဒီကမ္ဘာကြီးကနေ ကွယ်ပျောက်သွားလိမ့်မယ်” ဖော့ရှန်က ဤသို့ပြောလျက် ရယ်မောလိုက်သည်။

သို့သော် ရွှယ်အန်းကဘာသိဘာသာပြောလိုက်၏။

"မင်းက ရှီဗာကို တကယ်ခေါ်ခဲ့ရင်တောင် ဒီနေ့ မင်းငါ့ရှေ့မှာ ဒူးထောက်ရလိမ့်မယ်”

ထို့ အတူ ရွှယ်အန်းက ရုတ်​တရက်​ ​မော့ကြည့်​လိုက်​ရာ သူ့မျက်လုံးများက အလွန်တောက်ပလာသည်။ သူ့အကြည့်များ ရောက်သွားသောနေရာ၌ သွေးကြာပန်းက တဖြည်းဖြည်း ပွင့်လာကာ သူ့နဖူးတွင် ပေါ်လာသည်။

ဤနူးညံ့သိမ်မွေ့၍ အနည်းငယ်ချစ်စရာကောင်းသော သွေးကြာပန်းကို မြင်လိုက်ရသောအခါ ရှီဗာ၏ကြောက်စရာကောင်းသော မျက်နှာထက်၌ ကြောက်ရွံ့မှုအငွေ့အသက်များကို အမှန်တကယ်ပြသခဲ့သည်။

ထို့နောက် လှည့်ကာ ထွက်ပြေးသွားခဲ့သည်။

သွေးကြာပန်းသည် ၎င်းကိုအခွင့်အရေးမပေးဘဲ တိုက်ရိုက်ပြေးလိုက်ကာ ရှီဗာကို အတွင်း၌ ဖုံးအုပ်ထားလိုက်၏။

စူးရှသော ကွဲအက်သံများနှင့်အတူ ရှီဗာ ပုံရိပ်၏ တစ်ကိုယ်လုံး အက်ကြောင်းများ ပေါ်လာ၍ နောက်ဆုံးတွင် ကွဲထွက်သွားသည်။

ဖော့ရှန်က သူ့မျက်လုံးများကိုပင် မယုံနိုင်အောင်ဖြစ်နေသည်။

“မဖြစ်ဘူး”

စကားမဆုံးခင်တွင် ရွှယ်အန်းက အနီးသို့ပြေးလာကာ နောက်ထပ် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

ဤလက်သီးများက သူ့ခေါင်းပေါ် တည့်တည့်ကျသွားကာ မြေပြင်မှာ ပျံတက်သွား၍ နောပ်သို့လွင့်ထွက်ကာ အဝေးမှ နံရံနှင့်တိုက်မိသွားသည်။

ဖုန်မှုန့်များနှင့် အပျက်အစီးများကြားတွင် ရွှယ်အန်းက သူ၏ဒုတိယလက်ညှိုးကို ဆန့်ထုတ်လိုက်ကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"ဒါက ဒုတိယမြောက် ထိုးချက်”

အခန်း(၆၂၄) လက်မခံဘူးလား ငါမင်းကို လက်ခံတဲ့အထိ ရိုက်မယ်

မြင်ကွင်းက သေလုနီးပါး တိတ်ဆိတ်သွားသည်။

တစ်ခုတည်းသော လှုပ်ရှားမှုမှာ အမှုန်အမွှားများ ဖြည်းညှင်းစွာ ငြိမ်ကျသွားခြင်းဖြစ်သည်။

သူသေသလား။

လူများစွာက အံ့သြစပြုလာကြသည်။

ထိုအချိန်တွင် အပျက်အစီးများမှ လက်တစ်ဖက်က ရုတ်တရက် ဆန့်ထွက်ကာ ဖော့ရှန်က ရုန်းထွက်ရန် ရုန်းကန်နေသည်ကို မြင်လိုက်ကြရသည်။

ယခုမူကား သူသည် ပို၍ သနားစရာ ကောင်းလာသည်။

...

သူ့ဦးခေါင်းခွံ ထက်ဝက်မျှက ကွဲထွက်သွားကာ ဦးနှောက်ထဲမှ အစိတ်အပိုင်းများမှာ သွေးများ ရွှဲနစ်နေသည်။

ထိုကဲ့သို့ ပြင်းထန်သော ဒဏ်ရာများဖြင့် အခြား ကျင့်ကြံသူများသာဖြစ်ပါက သေဆုံးသွားခဲ့ပေမည်။

ရှီဗာနတ်ဆိုးဂိုဏ်းသည် ကာယဝိဇ္ဇာပညာတွင် ထူးချွန်ကာ ခန္ဓာကိုယ်ကို ပြင်းထန်သော ဒဏ်ရာများဖြင့် ပြင်းပြင်းထန်ထန် ထိန်းထားနိုင်ခြင်းကြောင့်သာ ဤအချိန်ထိ ခံနိုင်ခြင်းဖြစ်သည်။

ဤမြင်ကွင်းကို မြင်ခဲ့ရသော ကျင့်ကြံသူများအားလုံးက အလွန်အမင်း အဓိပ္ပါယ်မဲ့သည့် ခံစားချက်ကို ခံစားခဲ့ရသည်။ ကျင့်ကြံရေးအဆင့်မရှိသော

ဤလူသား မျိုးနွယ်ရောက်လာသည့်အချိန်မှစ၍ လက်ဖက်ရည်တစ်ဝက်သောက်စာထက် နည်းသောအချိန်၌ ဖော့ရှန်၏ လွှမ်းမိုးချုပ်ကိုက်နိုင်စွမ်းကို ဤအခြေအနေသို့ လျှော့ချခဲ့သည်။

ဤသည်က စိတ်ကူး၍ပင်မရနိုင်ပေ။

ထိုအချိန်တွင် ဖော့ရှန်၏ ဦးခေါင်းပေါ်၌ အလင်းတန်းများ အဆက်မပြတ် တောက်ပလာကာ ဒဏ်ရာများကို အပြင်းအထန် ကုစားရန် ကြိုးစားသည်။

ပထမဆုံးအကြိမ်အဖြစ် ဖော့ရှန်၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာ ပေါ်လာသည်။

"ငါ ဝန်ခံပါတယ်၊ မင်းက အရမ်းသန်မာတာပဲ၊ ဒါပေမယ့် ငါက ရွှေအင်မော်တယ် ကျင့်ကြံသူတစ်ယောက်ဆိုတာ မမေ့ပါနဲ့" ဖော့ရှန်က အေးစက်စွာပြောသည်။

ခန်းမထဲက အခြေအနေကို အနီးကပ် စောင့်ကြည့်နေသည့် ဟွာယို့အန်းက နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အလယ်ပိုင်းပြည်နယ် သို့မဟုတ် အခြားနေရာများတွင် ရွှေအင်မော်တယ်ဖြစ်ခြင်းမှာ တိုက်ခိုက်ရေးစွမ်းအား၏ အထွတ်အထိပ်ကို ကိုယ်စားပြုသည်။

ထို့အပြင် ရွှေအင်မော်တယ်ဖြစ်လာခြင်းသည် သဘာဝအတိုင်း ကြီးမြတ်သော ကံကြမ္မာကို ပိုင်ဆိုင်သည်ဟု ဆိုလိုခြင်းဖြစ်၏။ ထိုကဲ့သို့သောလူများသည် များသောအားဖြင့် သတ်ရန်အလွန်ခက်ခဲသည်။

"ဟားဟား အခု ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူကို ဒေါသဖြစ်စေရင် ဘယ်လိုဖြစ်မလဲဆိုတာ မင်းကိုပြမယ်”

ဖော့ရှန်၏ အသွင်အပြင်သည် တဖြည်းဖြည်း ပြင်းထန်လာကာ သူ့ခန္ဓာကိုယ်သည်လည်း ဖောင်းကားလာသည်။ မကြာမီ၌ သူသည် ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာအထိ အရပ်မြင့်လာ၏။

ခန်းမကြီးက အလွန်မြင့်မားလွန်းသောကြောင့် မဟုတ်ပါင သူ့ခေါင်းက မျက်နှာကျက်ကို ထိသွားပေလိမ့်မည်။

ဖော့ရှန်ထံမှ ထွက်ပေါ်လာသော ရောင်ဝါသည် ပို၍ပြင်းထန် ကြောက်မက်ဖွယ်ကောင်းလာကာ သူ့မျက်နှာသည်လည်း တဖြည်းဖြည်း လူသားနှင့် မတူတော့ပေ။

"အရူး! သူ​တော်​​တော်​ ရူးသွားပြီ!" ဝမ်ချန်ယိက ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

ရှီဗာနတ်ဆိုးဂိုဏ်း နှင့် ရင်းနှီးသူတိုင်း ထိုစကားကြောင့် အေးခဲသွားကြသည်။ မူလက ရှီဗာသည် ရှေးယခင်က ဘာသာတရားတစ်ခုမှ အမွေဆက်ခံခဲ့ကာ ထိုယုံကြည်ခြင်း၏ အမြင့်မြတ်ဆုံးနတ်ဘုရားဖြစ်သည်။

သို့သော် နှစ်ထောင်ပေါင်းများစွာကြာလာသည်နှင့်အမျှ ရှီဗာနတ်ဆိုးဂိုဏ်းသည် နတ်ဆိုးမျိုးနွယ်မှ နည်းလမ်းများစွာကို ပေါင်းစပ်ထည့်သွင်းကာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

နောက်ဆုံးတွင် ရှီဗာနတ်ဆိုးဂိုဏ်းဟုလူသိများလာခဲ့သည်။

ထိုနည်းလမ်းများထဲမှ ရူးသွပ်သွားခြင်းသည် ကြောက်စရာအကောင်းဆုံးနှင့် အဆုံးစွန်သောနည်းလမ်းဖြစ်သည်။

အစပြုပြီးသည်နှင့် ၎င်းသည် လူသည် ရူးသွပ်သောအခြေအနေသို့ လုံးလုံးဝင်ရောက်သွားကာ ပြိုင်ဘက်ကိုသတ်မချင်း မရပ်နိုင်ဟု ဆိုလိုခြင်းဖြစ်သည်။

အရှက်အကြောက်ကြီးသော ကျင့်ကြံရေးသမားများစွာက ခန်းမထဲမှ တိတ်တဆိတ် ထွက်လာခဲ့ကြသည်။

ဟွာယို့အန်းသည် ရွှယ်အန်း၏ကျောကို ကြည့်လျက် စုန်အာ၏ ညာဘက်လက်မောင်းဒဏ်ရာကို ပတ်တီးပတ်ပေးနေသည်။

သူမက ရွှယ်အန်းကိုမသိပေ။

သို့သော် အနက်ရောင်ဆံပင်နှင့် မျက်လုံးအနက်ရောင်ရှိသော ဤအမျိုးသားက သူမကို ခိုင်မာသည့် လုံခြုံမှုကို ခံစားစေနိုင်သည်။ ထို့အပြင် သူရောက်ရှိပြီးကတည်းက ဖော့ရှန်ကို တွန်းလှန်ခဲ့ကာ အလွန်ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ပြသနိုင်ခဲ့သည်။

လူသားမျိုးနွယ်မှ သန်မာသောလူတစ်ဦး ထွက်ပေါ်လာပြီးကတည်းက အချိန်အတော်ကြာနေပြီဖြစ်သောကြောင့် ရွှယ်အန်း ပေါ်ထွက်လာမှုသည် ဟွာယို့အန်းနှင့် ကျားနင်အပါအဝင် အခြားနှစ်ဦး၏ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သည်။

ထို့ကြောင့်၊ ရွှယ်အန်း၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ပို၍ပင် စိုးရိမ်ခဲ့ကြသည်။

ဤသည်ကိုမြင်သောအခါ ချန်ယာ့ယွင်နှင့် လျို့ခယ့်ခယ်တို့က ရွှယ်အန်းကို ကူညီရန် ခြေလှမ်းပြင်နေကြသည်။

ရွှယ်အန်းသည် ယခု နတ်ဆိုးဘုရားနှင့်တူသော ဖော့ရှန်ကို ကြည့်ရန် ခေါင်းမော့လိုက်သည်။

"ဒါဆို မင်းရဲ့ ကျင့်ကြံရေးအစတည်းက နတ်ဆိုးမျိုးစေ့ကို စိုက်ထားတယ်၊ မင်းရဲ့ တိုက်ပွဲခွန်အားကို မြှင့်တင်ဖို့ မင်းရဲ့ဝိညာဉ်ထဲကို မျိုးစေ့ ဆွဲသွင်းဖို့ လိုအပ်တဲ့အချိန်ကို စောင့်နေတာလား"

အခြားသူများ၏ ပြောင်မြောက်သော အသွင်ပြောင်းခြင်းနှင့် မတူဘဲ ဖော့ရှန်သည် ရွှေအင်မော်တယ်အဆင့်တွင် ရှိသောကြောင့် အသွင်ပြောင်းစဉ်တွင် သူသတိရှိနေနိုင်ခဲ့သည်။

ထို့ကြောင့် ရွှယ်အန်းထံမှ ဤစကားများကို ကြားလိုက်သောအခါတွင် သူ့မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။

"မင်းက... နတ်ဆိုးသန္ဓေသားအကြောင်း ဘယ်လိုသိနိုင်မှာလဲ"

၎င်းသည် ရှီဗာနတ်ဆိုးဂိုဏ်း၏ အနီးကပ်စောင့်ကြပ်မှုအရှိဆုံး လျှို့ဝှက်ချက်ဖြစ်ကာ အမြင့်ဆုံးရာထူးရှိသူများထံသို့သာ ရောက်ရှိနိုင်သည်။

ယခု ရွှယ်အန်းက ၎င်းကို တစ်ခုတည်းသော ကြေညာချက်ဖြင့် ထုတ်ဖော်လိုက်သောအခါတွင် သူ သဘာဝအတိုင်း တုန်လှုပ်သွားခဲ့သည်။

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"အကြံက မဆိုးပါဘူး။ ဒါပေမယ့် နတ်ဆိုးဘုရား ဒီမှာ ရှိနေခဲ့ရင်တောင် ဒီနေ့ သေရမှာပဲ"

ရွှယ်အန်းက ချက်ချင်း ပျောက်ကွယ်သွားကာ နောက်အခိုက်အတန့်တွင် ဖော့ရှန်ရှေ့၌ ပြန်ပေါ်လာသည်။

ရွှယ်အန်း၏နတ်အာရုံက မျက်လုံးများမှ အလင်းတန်းအဖြစ် ထွက်ပေါ်လာကာ ဖော့ရှန်၏ နဖူးသို့ ဦးတည်လာသည်။

ဖော့ရှန်က ထိတ်လန့်ကာ ရှောင်တိမ်းရန် ကြိုးစားသည်။

သို့သော် နတ်အာရုံက ပြိုးပြိုးပြက်ပြက်ပြက်ပြက်ရှိသော ငွေရောင်အလင်းတန်းတစ်ခုကဲ့သို့ လျင်မြန်စွာရွေ့လျားသွားကာ ဖော့ရှန်၏ နှဖူးကို ချက်ခြင်းထိုးဖောက်လျက် ဦးခေါင်းနောက်ဘက်ထိ တိုးဝင်သွားကာ နတ်ဆိုးချီစွမ်းအင်တစ်စင်းပါလိုက်လာသည်။

ဖော့ရှန်၏ အမူအရာက ချက်ချင်းပင် တင်းမာလာကာ ထို့နောက်တွင် နတ်ဆိုးချီစွမ်းအင်တစ်စင်းက သူ့မျက်ခုံးကြားမှ ထွက်ပေါ်လာလျက် သူ၏ကြီးမားလှသော ခန္ဓာကိုယ်သည် လျင်မြန်စွာ ကျုံ့သွားသည်။

တစ်ချက်တည်းဖြင့် ရွှယ်အန်းသည် ဖော့ရှန်၏ နတ်ဆိူးသန္ဓေသားကို ဖြိုခွဲပစ်လိုက်သည်။ ပြင်းထန်သော တုံ့ပြန်မှုသည် ဖော့ရှန်၏ အသိစိတ်ကို ဝါးမြိုလုနီးပါး ဖြစ်သွားသည်။

သူ့ခန္ဓာကိုယ်က ပုံမှန်ပြန်လည် သေးငယ်သွားမှသာ ဖော့ရှန်က အသိစိတ်ပြန်ဝင်လာသည်။

“မင်းက ဘယ်သူလဲ” ဖော့ရှန်၏ ထိတ်လန့်တကြားအသံ ထွက်ပေါ်လာ၏။

"ငါက လူသားမျိုးနွယ်က ရွှယ်အန်းပဲ။ အခု ငါ ဂိမ်းတစ်ခု ကစားချင်တယ်။ အခုချိန်ကစပြီး ငါပစ်လိုက်တဲ့ လက်သီးချက်တိုင်းကို မင်း အလေးအနက်ထားပြီး ရေတွက်ရမယ်၊ ရေတွက်မှားရင် ဒါမှမဟုတ် မရေတွက်ဖို့ ငြင်းရင် နှိပ်စက်တာက ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ဘူး။ နားလည်လား"

“မင်းအမေကို ငါရေတွက်မယ်…” ဖော့ရှန်သည် ရွှယ်အန်း၏နည်းလမ်းများကြောင့် ထိတ်လန့်သွားသော်လည်း ရွှေအင်မော်တယ် ကျင့်ကြံသူအဖြစ် သူ၏ဂုဏ်သိက္ခာကြောင့် ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"ဒီအဖြေကို မကြိုက်ဘူး"

ထို့နောက် ရွှယ်အန်းသည် ဖော့ရှန်နောက်၌ ရုတ်တရက် ပေါ်လာကာ လက်သီး ထပ်မံပစ်သွင်းလိုက်သည်။

ဖော့ရှန်က ဒေါသတကြီး အော်ဟစ်ကာ ခုခံရန် ကြိုးစားသည်။

သို့သော် ထပ်ခါတလဲလဲ ပြင်းထန်သော ဒဏ်ရာများနှင့် သူ၏ နတ်ဆိုးသန္ဓေသား ဖျက်ဆီးခံရမှုကြောင့် ရွှယ်အန်း၏ လက်သီးချက်ကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း။

ဘမ်း

သူ့ကို ရွှယ်အန်းက လွင့်ထွက်စေခဲ့ကာ နောက်တစ်ကြိမ် မြေပြင်ပေါ် အကြီးအကျယ် ပြုတ်ကျလာသည်။

ရွှယ်အန်းက အေးစက်စွာ ပြုံးလိုက်၏။

"ကဲ၊ ဂိမ်းက တရားဝင်စပြီ”

သူ့အသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရွှယ်အန်းက ထရန် ရုန်းကန်နေသော ဖော့ရှန်၏ဘေးတွင် ပေါ်လာကာ လက်သီး နောက်တစ်ချက်ထိုးလိုက်သည်။

ထိုအချိန်သည် ရွှယ်အန်း၏ တစ်ကိုယ်တော်ဖျော်ဖြေချိန်ဖြစ်သည်။

ဖော့ရှန်က မြေပြင်မှ လေထဲသို့ လွင့်စင်သွားကာ လေထုထဲမှ မြေပြင်ပေါ်သို့ ပြန်လည် ထိုးချခံရသည့် သဲအိတ်တစ်လုံး၏ အခန်းကဏ္ဍကို စုံလင်စွာ သရုပ်ဆောင်ထားသည်။

အသားပေါ်ကျလာသော ထိုးကြိတ်သံများ၊ အရိုးအက်ကွဲအက်သံများနှင့် ဖော့ရှန်၏အော်သံများသည် သွေးစွန်းနေသော အနုသယဖြင့် သံစဉ်ကို ဖွဲ့ဆိုထားသည်။ ပထမက ဖိုးရှမ်းသည် ပြန်တိုက်ရန် ကြိုးစားဆဲဖြစ်သည်။

သို့သော်လည်း ရွှယ်အန်း၏ လက်သီးများသည် ပြင်းထန်လွန်းလှကာ ဖော့ရှန်၏ ခုခံရန် ကြိုးစားမှု အားလုံးသည် အချည်းနှီးသော ရုန်းကန်မှုများ ဖြစ်လာခဲ့သည်။

နောက်ဆုံးတွင် ဖော့ရှန်သည် ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရကာ သူ၏ မြင့်မားသော အသက်စွမ်းအင်ကို အားကိုးခြင်းဖြင့်သာ ခံနိုင်ရည်ရှိခဲ့သည်။ ထိုအချိန်တွင် ဤမယုံကြည်နိုင်လောက်အောင် မြင့်မားသော အသက်စွမ်းအင်က ဖော့ရှန်အတွက် ချည်နှောင်မှု ဖြစ်လာခဲ့သည်။ ယင်းကြောင့် သတိလစ်ခြင်းပင် မပြုနိုင်ဘဲ မျက်လုံးများကို ဖွင့်ကာ ရိုက်နှက်ခြင်းကို ခံနိုင်ရည်ရှိစေခဲ့သည်။

ထိုအချိန်မှပင် ဖော့ရှန်သည် ရိုက်နှက်ခံရခြင်းအတွက် မည်မျှ နာကျင်ရနိုင်သည်ကို အမှန်တကယ် နားလည်လာခဲ့သည်။ နက်နဲ၍ ပြင်းထန်သော ဝေဒနာက မကြာခင်၌ပက် သူ့ကို ပြိုလဲလုနီးအထိဖြစ်စေခဲ့သည်။

နောက်ဆုံး ရွှယ်အန်းက လက်သီးတစ်ချက်ထိုးကာ သူ့ကို လေထုထဲသို့လွင့်ထွက်သွားစေ၍ မြေပြင်ပေါ်ပြန်ကျလာသောအခိုက်၌ သူ၏ အသစ်စက်စက် ကုသထားသော နံရိုးများကျိုးသွားပြန်သည်။

တုန်တုန်ယင်ယင်ဖြင့် ဖော့ရှန်၏ အသံထွက်ပေါ်လာသည်။

“တစ်… တစ်ချက်”

ဤအသံကို ကြားသောအခါ စောင့်ကြည့်သူတိုင်း ရင်တမောမောဖြစ်လာကြသည်။

ဤမျှ စွမ်းအားကြီးသောလူကို ဤကဲ့သို့ အညံ့ခံစေနိုင်သော

လူသားမျိုးနွယ်ထဲမှ ဤလူ… အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

All Chapters