← Chapters

အခန်း (၆၂၅-၆၂၇)

Vol. 42 Ch. 625-627

အခန်း (၆၂၅-၆၂၇)

Vol. 42 Ch. 625-627

အခန်း(၆၂၅) ငါမှားတယ်ပြောရင် မှားတယ်ပေါ့

မြေပြင်ပေါ်တွင် လဲလျောင်းနေလျက် ကြောက်လန့်တကြားဖြစ်နေသော ဖော့ရှန်ကိုကြည့်ကာ ရွှယ်အန်းက သူ၏ ဖြူဖွေးသော သွားများကို ဖြဲလျက် ပြုံးပြလိုက်သည်။

“ဒါက အစကောင်းပဲ။ ဒါပေမယ့် အဲ့နောက်က လိုက်လာမယ့်အချက်တိုင်းကို မင်းမှတ်မိမယ်လို့ မျှော်လင့်ပါတယ်။ မှားပြီးတွက်မိရင် မင်းရဲ့ဘဝနိဂုံးချုပ်သွားလိမ့်မယ် နားလည်လား”

“မဖြစ်ဘူး..” ဖော့ရှန်က ကျယ်လောင်စွာအော်လိုက်သည်။

သို့သော် ရွှယ်အန်းက သူ့ကို သက်ညှာခွင့်တောင်းရန် အခွင့်အရေးမပေးဘဲ မြေပြင်ပေါ်သို့ ခြေဆောင့်လိုက်ရာ ဖော့ရှန်က လေထဲသို့ ပြန်လည်မြောက်တက်လာသည်။

ထို့နောက် ရွှယ်အန်းက လက်သီးနောက်တစ်ချက်ထိုးလိုက်သည်။

ဖော့ရှန်သည် လေထဲသို့ အလွန်ဆိုးရွားစွာ လွင့်ထွက်သွားသော်လည်း လေထဲတွင် အော်ချိန်ရလိုက်သေးသည်။

...

“ဒုတိယမြောက် ထိုးချက်…”

ထို့နောက်တွင် ဖော့ရှန်သည် ရွှယ်အန်း၏ လက်သီးချက်များကြောင့် အရိုးများကျိုး၊ ဦးခေါင်းခွံများကွဲအက်ကာ နံရိုးများ ကြေမွကုန်သော်လည်း လက်သီးချက်များကို ရေတွက်ရန် မမေ့လျော့သေးပေ။

“တတိယထိုးချက်… စတုတ္ထထိုးချက်…”

ကြည့်ရှုသူအားလုံးသည် ဤမြင်ကွင်းကို အံ့သြထိတ်လန့်စွာ စိုက်ကြည့်နေကြရာ ထိုကျင့်ကြံသူများ၏ မျက်လုံးများတွင် ကြည်ညိုလေးစားမှုများပေါ်လွင်နေသည်။ ထိုအချိန်၌ ဟွာယို့အန်း၊ စုန်အာနှင့် ကျားနင်တို့က မျက်ရည်များရွှဲလျက် ပြုံးနေကြသည်။ တစ်ချိန်က မာနကြီးသော ဖော့ရှန်ကို ယခု ရွှယ်အန်းက ကြေကွဲဖွယ်အခြေအနေအထိ ရောက်အောင် ရိုက်နှက်ခဲ့သည့်အပြင် လက်သီးချက်များကိုလည်း ရေတွက်ရန် လိုသေးသည်။

လောကကြီးတွင် ဤထက်ပို၍ ကျေနပ်ဖွယ်ရာမရှိနိုင်တော့ပေ။ တစ်ချိန်တည်းတွင် ဟွာယို့အန်းက ရွှယ်အန်းအကြောင်း နက်နက်နဲနဲသိချင်လာသည်။ သူသည် လူသားမျိုးနွယ်မှဟု ဝန်ခံခဲ့သော်လည်း အဘယ်ကြောင့် ဤမျှထိစွမ်းအားကြီးသော ကျွမ်းကျင်သူကို ယခင်က မကြားခဲ့ဖူးသနည်း။

ဟွာယို့အန်းက ဤအရာကို စဥ်းစားနေဆဲတွင် ဖော့ရှန်က ‘သုံးဆယ့်ကိုးချက်မြောက် လက်သီးချက်’ဟုခေါ်လိုက်သည်။ ထို့နောက် မြေပြင်ပေါ်သို့ လဲကျကာ ပြန်မထနိုင်တော့ပေ။ ထိုအချိန်တွင် သူ၏ အသားများက ညစ်ပတ်ပုတ်ပွနေသော အသားစိုင်များနှင့် ဆင်တူကာ ပြောမပြနိုင်လောက်အော် သနားဖွယ်ကောင်းနေသည်။ သို့ထိတိုင် အမှား အနည်းငယ်မျှ မလုပ်ရဲပေ။

ရွှယ်အန်းက အမှားတစ်ခုသည် သေခြင်းတရားဖြစ်သည်ဟု ရှင်းရှင်းလင်းလင်းပြောထားသောကြောင့်ပင်ဖြစ်၏။ သို့သော် ရွှယ်အန်းက ထပ်မထိုးတော့ဘဲ ဖော့ရှန်ထံသို့ ဖြည်းညှင်းစွာလျှောက်လာကာ သူ့ကို တိတ်ဆိတ်စွာစိုက်ကြည့်နေသည်။ ရွှယ်အန်း၏ အေးစက်သောအကြည့်အောက်တွင် ဖော့ရှန်က မယုံကြည်နိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ ထို့နောက်တွင် ရွှယ်အန်းက ဘာသိဘာသာပြောလိုက်၏။

“မင်း ခုဏက ဘယ်နှစ်ချက်မြောက်လို့အော်လိုက်တာလဲ”

“အဲ … သုံးဆယ့်ကိုးချက်မြောက် လက်သီး”

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

“မှားတယ်”

ထိုအချိန်၌ ဖော့ရှန်၏ မျက်လုံးများက မယုံကြည်နိုင်မှုများဖြင့် ပြူးကျယ်သွားသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါ ကောင်းကောင်းမှတ်မိတယ်။ ငါမမှားနိုင်ဘူး”

ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

“ဒါဆို ငါ့ကို ပြော သုံးဆယ့်ရှစ်ပြီးရင် ဘာလာလဲ”

"သုံးဆယ့်ကိုး”

ရွှယ်အန်းက ခေါင်းကို ထပ်ခါလိုက်သည်။

“မဟုတ်ဘူး မှားတယ်”

“ဘာမှားလို့လဲ သုံးဆယ့် ရှစ်ပြီးရင် သုံးဆယ့်ကိုးမဟုတ်ဘူးလား” ဖော့ရှန်က ထအော်လိုက်သည်။

ရွှယ်အန်းက ပြောလိုက်၏။

“အခြားနေရာတွေမှာ သုံးဆယ့် ရှစ်ပြီးရင် သုံးဆယ့်ကိုးလာတယ်။ ဒါပေမယ့် ဒီမှာတော့ ငါမှားတယ်ပြောရင် မှားတယ်ပဲ”

"မှားရင် သေရမယ်” ရွှယ်အန်း၏ မျက်လုံးများက တောက်ပလာကာ သူ့လက်သီးကို မြှောက်လိုက်သည်။

“မဟုတ်ဘူး… မင်းက ကျိုးကြောင်းမဆီလျော်ဘူး။ မင်း ငါ့ကို သတ်လို့မရဘူး…” ဖော့ရန်က ရူးလုမတက်ဖြစ်သွားရသည်။

သူ့အမြင်တွင် ရွှယ်အန်းက လုံးဝ လှည့်စားနေခြင်းပင်ဖြစ်၏။

“ဟုတ်တယ် ငါက ကျိုးကြောင်းမဆီလျော်ဘူး မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ” ရွှယ်အန်းက လျစ်လျူရှု့ကာ ထိုးချရန် လက်သီးပြင်လိုက်သည်။

ထို့နောက် ဖော့ရှန်က သူ့ထံရောက်လာသည့် နတ်စွမ်းအင်က သူ၏ ကျင့်ကြံရေးအဆင့်ကို လုံးလုံးလျားလျားဖိနှိပ်ထားသည်ကို ခံစားလိုက်ရသည်။ ဤအရာက ဖော့ရှန်ကို အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်သွားစေ၏။ သူ၏ ကျင့်ကြံရေးအဆင့် ဖိနှိပ်ခံထားရပါက ရွှယ်အန်း၏ လက်သီးချက်သည် သူ့အသက်ကို သတ်ပစ်မည်မှာ သေချာသည်။

ထိုအချိန်၌ အပြင်မှ အသက်ရှုရပ်လုမတက် အသံတစ်ခု ထွက်ပေါ်လာသည်။

“မင်းလက်သီးအောက်က သူ့အသက်ကို သက်ညှာပေးပါ”

ဖော့ရှန်၏ နှလုံးသားက ပျော်ရွှင်မှုဖြင့် ခုန်ပေါက်ကာ တစ်စုံတစ်ခုကို ပြောရန်ပြင်လိုက်သည်။

“ဒါက တီဗီဒရာမာတစ်ခုလို့ထင်နေတာလားကွ။ ငါ့လက်သီးအောက်က သူ့အသက်ကို သက်ညှာပေးတဲ့လား”

ရွှယ်အန်းက ပြုံး၍ အေးစက်စွာပြောလိုက်သည်။

ထို့နောက် လက်သီးကို ထိုးချလိုက်၏။ စူးရှသောအသံတစ်ခု၏ အဆုံး၌ ဖော့ရှန်၏ ဦးခေါင်းက ရွှယ်အန်း၏ လက်သီးချက်အောက်တွင် ကွဲကြေသွားသည်။ ပြင်းထန်သော အနက်ရောင် ရောင်ခြည်လှိုင်းများသည် ဖော့ရှန်ဆီမှ ပျံ့နှံ့ထွက်ပေါ်လာကာ အင်အားကောင်းလွန်းလှသဖြင့် ၎င်းတို့၏ ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များကို ပြင်းထန်စွာထိခိုက်စေသည်။ အနက်ရောင်အလင်းတန်းကြီးက ကောင်းကင်ပေါ်သို့ မြင့်တက်သွားကာ ရွှယ်အန်း၏ နတ်အာရုံက ဓားကဲ့သို့ ပြိုကျလာသည်။ အော်ဟစ်သံက ရုတ်တရက် လေထဲသို့ ပဲ့တင်ထပ်ကာ ခန်းမတစ်ခုလုံး ရုတ်တရက် တုန်ခါသွားသည်။

ကျင့်ကြံသူများအားလုံး အံ့သြသွားကြ၏။ ဤသည်မှာ ရွှေအင်မော်တယ်တစ်ပါး ကျဆုံးခြင်းမှ ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှုပင်ဖြစ်ရာ ရှီဗာနတ်ဆိုးဂိုဏ်း၏ ထိပ်တန်းကျွမ်းကျင်သူ ဖော့ရှန်သည် ပြွချင်းပြီးပင် သေဆုံးသွားခဲ့သည်။

ထိုအချိန်၌ ယခုတင်အော်လိုက်သောသူက အလျင်အမြန်ပြေးဝင်လာသည်။ ဖော့ရှန်၏ အလောင်းကို မြေပြင်ပေါ်တွင်မြင်လိုက်ရသောအခါ သူ့မျက်နှာတစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်လှုပ်သွားသည်။

“မင်း… မင်း သူ့ကို တကယ်သတ်လိုက်တာလား”

ရွှယ်အန်းက ဝဝတုတ်တုတ်လူကို ကြည့်ကာ ဘာသိဘာသာပြောလိုက်၏။

“သတ်တော့ဘာဖြစ်လဲ”

ထိုအချိန်တွင် အခြားလူတစ်ယောက် ပြေးဝင်လာသည်။

“ဘဏ္ဍာစိုး ကုန်း… မင်း…”

ထို့နောက်ဖော့ရှန်၏ အလောင်းကို တွေ့သောအခါတွင် ဤလူသည်လည်း အေးခဲသွားခဲ့သည်။ ဟွာယို့အန်းက နောက်မှပြေးလာသောလူကို မြင်လိုက်ရသောအခါ အံ့သြတကြီးအော်လိုက်မိသည်။

“ဦးလေးချန် ဘာဖြစ်လို့လဲ”

ဟွာယို့အန်းနှင့် အခြားသူများထွက်သွားခဲ့ပြီးကတည်းက ချန်ကျုံးသည် အကြီးအကျယ်စိတ်ပူပန်ခဲ့ရသည်။ နောက်ဆုံးတွင် အံကြိတ်လျက် သူသည်လည်း မြို့သခင်အိမ်တော်သို့ရောက်ရှိလာခဲ့သည်။ သို့သော် သူ့တွင် ဖိတ်စာမရှိသဖြင့် အထဲသို့မဝင်နိုင်ဘဲ ဝင်ပေါက်တွင်သာ ရစ်သီရစ်သီလုပ်နေနိုင်ခဲ့သည်။ သို့သော် မျိုးနွယ်စုတစ်ထောင်စုဝေးပွဲဖြစ်၍ လူများစွာက သွားလိုက်လာလိုက်လုပ်နေခဲ့ရာ အတွင်းမှ သတင်းများက အပြင်သို့ ထွက်သွားဆဲဖြစ်သည်။ လူသားမျိုးနွယ်မှ လူငယ်တစ်ဦးက ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူနှင့် တိုက်ခိုက်နေသည်ကို ကြားလိုက်ရသောအခါ သူ၏ အမြင်အာရုံများ မှောင်မိုက်လျက် မြေပြင်ပေါ်သို့ ပြိုလဲလုနီးနီးဖြစ်ခဲ့ရသည်။

သူအစိုးရိမ်ဆုံးအရာက ယခု ဖြစ်လာခဲ့ပြီဖြစ်သည်။

ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ…

ဤသည်ကား ချန်ကျုံးတွေးပင်မတွေးဝံ့ခဲ့သော ဖြစ်တည်မှုတစ်ခုဖြစ်၏။ အရွယ်ရောက်ကာစလူငယ်သုံးဦးသည် ထိုကဲ့သို့ အားကောင်းမောင်းသန် ပြိုင်ဘက်တစ်ဦးကို မည်ကဲ့သို့ ယှဥ်နိုင်ကြမည်နည်း။

‘မဖြစ်ဘူး’

‘အထဲဝင်ဖို့ နည်းလမ်းရှာရမယ်’

‘သုံးယောက်လုံးရဲ့ အလောင်းတွေ စုရမယ်ဆိုရင်တောင် အပြင်မှာ မိုက်မိုက်မဲမဲရပ်နေတာထက် ပိုကောင်းတယ်’

ထိုသန္နိဋ္ဌာန်ဖြင့် သူသည် အကျွမ်းတဝင်အိမ်အစေခံတစ်ဦးနှင့် အဆင်ပြေစေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့ကာ နောက်ဆုံးတွင် တိုက်ဆိုင်စွာပင် ကုန်းကျင်းကိုတွေ့ခဲ့ရ၍ ပင်မခန်းထဲသို့ ဝင်လိုကြောင်း တောင်းဆိုခဲ့သည်။

ဤသည်ကိုကြားသောအခါ ကုန်းကျင်းက လှောင်ရယ်လိုက်သည်။

“ဒီလူသားမျိုးနွယ်ဝင်တွေက ဒီကိုလာပြီး ကိုယ့်သေတွင်းကိုယ်တူးနေကြတာပဲ။ အခု ယုံကြပြီလား။ ခန်းမထဲကို ဝင်မယ်ဟုတ်လား။ ဟား ဒါ လုံးဝမမဖြစ်နိုင်ဘူး မြန်မြန်ထွက်သွားစမ်း”

ချန်ကျုံးက ထွက်သွားရန် အကြိမ်ကြိမ် ဆူပူခံရသော်လည်း ခေါင်းငုံ့ကာ ဦးညွတ်နေဆဲဖြစ်သည်။ ကုန်းကျင်းသည် ဒေါသတကြီးသူ့ကို ကြည့်လျက် ပေါက်ကွဲတော့မည့်အခိုက်တွင် အိမ်အစေခံတစ်ဦးက သတင်းတစ်ခုအပြေးလာပြောသည်။

"ကြောက်စရာပဲ၊ တစ်ယောက်ယောက် သေတော့မယ်”

ကုန်းကျင်းက အေးစက်စက်ရယ်မောလိုက်သည်။

“လူသားမျိုးနွယ်က တစ်ယောက်ယောက်သေမှာ ဘာအရေးလဲ”

“မဟုတ်ဘူး သေတော့မှာ သခင်ဖော့ရှန်ပဲ”

“ဘယ်လို” ကုန်းကျင်းက သတင်းကြောင့် အမြင့်သုံးပေအထိ ထခုန်လုမတက်ဖြစ်သွားသည်။

"ဘာဖြစ်တာလဲ၊ ဘယ်သခင်လုပ်တာလဲ"

"ကျွန်တော်သူ့ကို ဘယ်သူမှန်းမသိဘူး။ မြန်မြန် လိုက်ပြီး ကြည့်ကြည့်ပါ”

ဤသည်ကိုကြားသောအခါ ကုန်းကျင်းက ခန်းမဆောင်ဆီသို့ တတ်နိုင်သမျှ မြန်မြန်ပြေးခဲ့သည်။

ရှီဗာနတ်ဆိုးဂိုဏ်းသည် အလွန်စွမ်းအားကြီးသော ဂိုဏ်းတစ်ခုဖြစ်ကာ ဖော့ရှန်မှာမူ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူဖြစ်သည်။ ဘဏ္ဍာစိုးတစ်ဦးအနေဖြင့် ပွဲအတွင်း သေဆုံးသွားရပါက သူသည်လည်း အခြေနေကောင်းမည်မဟုတ်ပေ။ ဤသည်ကိုကြားသောအခါ ချန်ကျုံးက ထိတ်လန့်တကြား နောက်မှပြေးလိုက်သွားသည်။ ခန်းမထဲသို့ဝင်သွားသောအခါ လူသားမျိုးနွယ်မှ လူငယ်သုံးဦးက အသက်ရှင်နေဆဲဖြစ်သည်။ လက်ပြတ်သွားသော်လည်း အသက်ရှင်နေဆဲဖြစ်သည့် စုန်အာကိုကြည့်လျက် ခန်ကျုံးက သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သို့သော် ဤအချိန်တွင် ကုန်းကျင်း၏ အမူအရာက ပြောပြ၍ မရနိုင်လောက်အောင် ဆိုးရွားလျက်ရှိသည်။ ဖော့ရှန်သေဆုံးမှုကြောင့် ကုန်းကျင်းက ဒေါသအမျက်အပြည့်ဖြစ်သွားရသော်လည်း ရွှယ်အန်းကို မနှိုးဆော်ရဲပေ။

ထို့ကြောင့် သူက ချန်ကျုံးအပေါ်သို့ သူ၏ ဒေါသအားလုံးကို ထုတ်ဖော်လိုက်သည်။

ဖြန်း

ကုန်းကျင်းက ချန်ကျုံးကို အပြင်းအထန် ပါးရိုက်ချလိုက်ပြီးနောက် ဒေါသတကြီး ဆူပူလိုက်သည်။

"ဒါတွေအားလုံးက မင်းကြောင့်ပဲ၊ ခွေးအိုကြီးက ငါကို အဆက်မပြတ်နှောက်ယှက်နေတာ အခုတော့ ဒီလိုကပ်ဆိုးကြီးဖြစ်သွားရပြီ”

အခန်း(၆၂၆) ငါ့ကို ကျေနပ်လောက်တဲ့ ဖြေရှင်းချက်တစ်ခုပေး

ချန်ကျုံးက ပါးရိုက်ခံလိုက်ရသဖြင့် ကြောင်အသွားပြီးနောက် သူ့ပါးကို ကိုင်ကာ ချော့မော့သောအပြုံးပြုံးလိုက်သည်။ ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ ဟွာယို့အန်းတို့ သုံးဦးလုံး ဒေါသတကြီးဖြစ်လျက် ခေါင်းထဲမှ မီးခိုးများ ထွက်လာလုနီးနီးဖြစ်သွားကြသည်။

“ဒီကောင် ဦးလေးကျုံးကို ထိဖို့ သတ္တိရှိလား” ကျားနင်က ဒေါသထွက်သွားသည်။

ကုန်းကျင်းကလှောင်ရယ်လိုက်သည်။

“ငါရိုက်တော့ဘာဖြစ်လဲ။ ဟား မင်းတို့ လူသားမျိုးနွယ်အတွက် ဖိတ်စာက ဘယ်ကလာတယ်ဆိုတာ ပြောဖို့မေ့သွားတယ်။ ဒီခွေးအိုကြီးက မြေပြင်ပေါ်ဒူးထောက်ပြီး ခွေးလိုဟောင်ပြနေလို့ ငါ ပေးလိုက်ရတာ။

မင်းတို့အတွက် ဖိတ်စာရလိုက်တယ်ဆိုတာ ငါခဏတာလေး စိတ်ပျော့သွားလို့ပဲ။ မင်းတို့ ဒီနေရာကို ဝင်လာဖို့ တကယ်ထိုက်တန်တယ်လို့ ထင်ကြလို့လား”

ကုန်းကျင်း၏ စကားကိုကြားသောအခါ ဟွာယို့အန်းတို့သုံးဦးလုံး အေးခဲသွားပြီးနောက် ချန်ကျုံးကို တစ်ပြိုင်နက်တည်းလှည့်ကြည့်လိုက်ကြသည်။

“ဦးလေးကျုံး… ခင်ဗျား…”

...

ချန်ကျုံးက ရှက်ကိုးရှက်ကန်းခေါင်းငုံ့လိုက်သည်။

“အရှင့်သမီးတော်… ကျုပ်… ကျုပ်မှာ အရည်အချင်းတစ်ခုမှမရှိပါဘူး။ ဒီလိုနည်းနဲ့ပဲ ဖိတ်စာကိုရနိုင်ခဲ့ပါတယ်။ ကျုပ် လူသားမျိုးနွယ်ကို အရှက်ရအောင်လုပ်မိပါတယ်”

ဟွာယို့အန်းက ပြင်းပြင်းထန်ထန်ခေါင်းခါလိုက်သည်။

“မဟုတ်ပါဘူး ဦးလေးကျုံး… ဦးလေးက ဘယ်သူ့ကိုမှ အရှက်မခွဲခဲ့ပါဘူး။ ဦးလေးကို စိတ်ပျက်စေခဲ့တာ … လူသားမျိုးနွယ်ပါပဲ”

“အရှင့်သမီးတော် အဲ့လိုမပြောပါနဲ့… ဒီကိစ္စတွေက တကယ်အရေးမကြီးပါဘူး”

ထိုအခိုက်အတန့်တွင် ဟွာယို့အန်း၏ နှလုံးသားသည် ပြောမပြနိုင်သော ဝမ်းနည်းခြင်းများဖြင့် ပြည့်နှက်နေသည်။ ဦးလေးကျုံးသည် ဆံပင်များပင် ဖြူနေပြီဖြစ်သော်လည်း ဖိတ်စာရရန်အတွက် ခွေးတစ်ကောင်ကဲ့သို့ ဟောင်ခဲ့ရသည်။

သူ့စိတ်ထဲတွင် အရှက်တရားနှင့် ဝမ်းနည်းမှုတို့သည် ကြီးမားနေပေလိမ့်မည်။

ဤသည်ကိုကြားသောအခါ ကျားနင်နှင့် စုန်အာတို့ နှစ်ဦးစလုံး၏ မျက်လုံးများက ကုန်းကျင်းကို အရှင်လတ်လတ် မြိုချနိုင်ရန် ဆန္ဒရှိနေသည့်အလား ဒေါသအငွေ့အသက်တို့ဖြင့် တောက်လောင်နေသည်။ ကုန်းကျင်းသည် ဤအခိုက်အတန့်တွင် အေးစက်စွာရယ်မောလိုက်သည်။

“လူသားမျိုးနွယ်ဝင်တွေအားလုံး မြို့သခင်စံအိမ်ကနေ အခုထွက်သွားပါ။ မဟုတ်ရင် ကျုပ်အဆိုးမဆိုနဲ့”

မြို့သခင်လော့ဝမ်ရှီ၏ ကိုယ်ရေးကိုယ်တာ ဘဏ္ဍာစိုးတစ်ဖြစ်လဲ ကောင်းကင်တာအိုအရင်းအမြစ်ဆိုင်ရာ အချက်အလက်အချို့ကို ရယူနိုင်သည့် စွမ်းအားကြီးမားသောသူတစ်ဦးအနေဖြင့် ကုန်းကျင်းသည် သူ့ကို လိုအပ်သော ရိုသေမှုပြသခဲ့သော အကြီးဆုံးဂိုဏ်းများမှ လေးစားခြင်းခံခဲ့ရသည်။

ယင်းက ကုန်းကျင်း၏ မာန်တက် ကြီးစိုးသော စိတ်ဓာတ်ကိုပျိုးထောင်ခဲ့သည်။ ထို့အပြင် ဖော့ရှန်၏ သေဆုံးမှုက မြို့သခင်ကို ဒေါသဖြစ်စေလိမ့်မည်မှာ သေချာလှသဖြင့် အပြစ်အားလုံးကို လူသားမျိုးနွယ်ဆီသို့ ပုံချရန် သူစဥ်းစားခဲ့သည်။

မှန်သည်။ ဤသည်က သူယခုတင် ဝင်လာပြီးနောက် ရွှယ်အန်းကို ကြောက်ရွံ့သောကြောင့် သေသေချာချာ မစစ်ဆေးဝံ့သောကြောင့်လည်းဖြစ်သည်။ ကုန်းကျင်း၏အမြင်တွင် ရွှေအင်မော်တယ်အဆင့်ကျွမ်းကျင်သူကို သုတ်သင်နိုင်သူက အနည်းဆုံး ရွှေအင်မော်တယ်အဆင့်တွင် ရှိနေလိမ့်မည်။ သို့မဟုတ် စစ်မှန်အင်မော်တယ်အဆင့်၌ပင်ရှိနေနိုင်သည်။

ထိုသို့သောဖြစ်တည်မှုသည် လူသားမျိုးနွယ်မှ မည်သို့ဖြစ်နိုင်မည်နည်း။

သို့သော် ဤတစ်ကြိမ်တွင် သူ၏ အထင်နှင့်အမြင် လွဲမှားသွားခဲ့သည်။

ကုန်းကျင်းက ဟွာယို့အန်းနှင့် အခြားသူများပေါ်သို့ ဒေါသပုံချနေသောအခိုက်တွင် အခန်းထဲမှ ကျင့်ကြံသူများအားလုံးက သေသူတစ်ဦးကိုကြည့်နေသည့်အလား သူ့ကိုကြည့်နေကြသည်။ ကုန်းကျင်းက ၎င်းတို့၏ အကြည့်များက အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားမိသော်လည်း များများစားစား စဥ်းစားခြင်းမရှိဘဲ ဆက်၍ပင် ဒေါသတကြီးအော်နေ၏။

“မင်းတို့ ငါပြောတာ မကြားကြဘူးလား။ မင်းတို့ အခုမထွက်သွားရင် မင်းတို့အားလုံးကို ဒူးထောက်ပြီး ခွေးလိုဟောင်ခိုင်းမယ် ယုံလား”

ရွှယ်အန်းက ကုန်းကျင်း၏ နောက်မှ သူ၏ အော်သံကို တိတ်တဆိတ်နားထောင်နေလျက် မျက်လုံးများက တဖြည်းဖြည်း အေးစက်လာကာ ပေါ့ပေါ့ပါးပါးပပြောလိုက်သည်။

“ဘယ်သူက ဒူးထောက်ပြီး ခွေးလိုဟောင်ရမယ်လို့ မင်းပြောလိုက်တာလဲ”

“ဒါပေါ့ ဒီက ရွံရှာစက်ဆုပ်ဖို့ကောင်းတဲ့ လူသားမျိုးနွယ်စုပဲ” ကုန်းကျင်းက ခေါင်းပင်မလှည့်ဘဲပြောလိုက်သည်။

ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်၏။

“ငါသိပြီ။ မင်းက လူသားမျိုးနွယ်က ရွံဖို့ကောင်းတယ်လို့ ဆက်တိုက်ပြောနေတာပေါ့.. မင်းကရော ဘာအဆင့်လဲ”

“ငါကမြို့တော်သခင်ရဲ့ ကိုယ်ရေးကိုယ်တာ ဘဏ္ဍာမှုးပဲ” ကုန်းကျင်းက စိတ်မရှည်စွာပြန်ဖြေသည်။

ထိုအချိန်တွင် ကုန်းကျင်းက တစ်စုံတစ်ခု လွဲချော်နေပြီဖြစ်ကြောင်း ခံစားလိုက်ရကာ တစ်ကိုယ်လုံး တုန်လှုပ်စွာဖြင့် ရွှယ်အန်းကို လှည့်ကြည့်လိုက်သည်။ ဖော့ရှန်ကို သတ်ခဲ့သည့် ရွှယ်အန်းတွင် အနက်ရောင် ဆံပင်နှင့် အနက်ရောင်မျက်စံများရှိနေသည်ကို သတိပြုမိသောအခါ ကုန်းကျင်း၏ အသားအရည်က သာမန်မျက်စိဖြင့် မြင်နိုင်သောအတိုင်းအတာအထိ ဖြူဖျော့သွားသည်။

“မင်း…မင်း…”

သူက ‘မင်း’ဟု အချိန်အတန်ကြာပြောသော်လည်း မည်သို့ ပြန်ပြောရမည်ကို မသိပေ။

“လူသားမျိုးနွယ်ကလူတွေကို ဒူးထောက်ပြီး ခွေးလိုဟောင်စေချင်တယ်လို့ မင်းပြောလိုက်တာ ငါကြားတယ်” ရွှယ်အန်းက ပေါ့ပေါ့ပါးပါးပြော၏။

ကုန်းကျင်းက ချွေးစေးများ အလွန်အမင်းစီးကျလျက် ခက်ခက်ခဲခဲပြုံးလိုက်သ်ည။

"ဒါတွေအားလုံး... အားလုံးက နားလည်မှုလွဲနေတာပဲ”

"နားလည်မှုလွဲနေတာလား" ရွှယ်အန်းက ခေါင်းခါလိုက်သည်။

“ဒီရှင်းပြချက်ကို ငါမကျေနပ်ဘူး”

ကုန်းကျင်းက အသက်ပြင်းပြင်းရှုကာ ဦးညွတ်လိုက်သည်။

“သခင်ကြီး ကျုပ်ပြောခဲ့တာတွေက ဂရုမစိုက်လို့ရတဲ့ မှတ်ချက်တစ်ခုပါပဲ။ ကောင်းကင်တာအိုနယ်မြေက ပွင့်ဖို့ နီးကပ်လာပြီ။ လော့ဖုမြို့သခင်ရဲ့ ဘဏ္ဍာရေးမှုးဖြစ်တဲ့ကျုပ်ကို နည်းနည်း မျက်နှာသာပေးလို့ရမလား”

“ကောင်းကင်တာအိုမူလမြေအကြောင်း ကျုပ် လူတစ်ယောက်ကို လွှတ်ပြီး အချက်အလက်တွေယူပေးလို့ရတယ်။ ခင်ဗျား အကျိုးအမြတ်ကို ချင့်ချိန်တတ်ဖို့မျှော်လင့်ပါတယ်”

ကုန်းကျင်း၏ ရည်ရွယ်ချက်က အလွန်ရှင်းလင်းသည်။ သူက ရွှယ်အန်းကို သတိပေးနေခြင်းပင်ဖြစ်၏။ ဤသည်ကိုကြားသောအခါ ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်သည်။

“မင်းမှာ အကြောင်းပြချက်ခိုင်လုံတဲ့ပုံပဲ။ ဒီလိုဆိုမှတော့ ငါမင်းကို မျက်နှာသာပေးမယ်”

ကုန်းကျင်းက သက်ပြင်းချကာ နှဖူးမှချွေးစေးများကို သုတ်လျက် တစ်ခုခုပြောရန်ပြင်လိုက်သည်။ ရွှယ်အန်းက လက်သုံးချောင်းထောင်ကာ ပေါ့ပါးစွာပြော၏။

“ငါ့ကို စိတ်ကျေနပ်စေမယ့် ရှင်းပြချက်တစ်ခုပေးဖို့ မင်းကို သုံးစက္ကန့်အချိန်ပေးမယ်”

ရွှယ်အန်းက အေးစက်စွဦပြုံးလိုက်သည်။

“ခင်ဗျားဘာလို့ ဒီလောက်ဝပြီးမွေးလာလဲဆိုတာနဲ့ပတ်သက်ပြီး နောင်တရလိမ့်မယ်”

ကုန်းကျင်းတစ်ကိုယ်လုံး တုန်လှုပ်သွားသည်။

“မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။

“တစ်”

“မင်း ငါ့ကို စော်ကားရင် ကောင်းကင်တာအိုရဲ့ ဇာစ်မြစ်အကြောင်း အချက်အလက်တွေရဖို့ စဥ်းတောင်မစဥ်းစားနဲ့”

ရွှယ်အန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်လက်ရေတွက်သည်။

“နှစ်”

ထို့နောက် ရွှယ်အန်းက ‘သုံး’ဟုပြောရန်အဆင်သင့်ဖြစ်နေသောအခိုက်၌ ကုန်းကျင်းသည် မြေပြင်ပေါ်ရှိ ဖော့ရှန်၏ အလောင်းကိုမော့ကြည့်ကာ အံတင်းတင်းကြိတ်လျက် ဒူးထောက် ထိုင်ချလိုက်ကာ အကြိမ်အနည်းငယ်ဟောင်လိုက်သည်။

ဟောင်ပြီးနောက် ကုန်းကျင်းက ရွှယ်အန်းကို ပြာမှုန်နေသောမျက်နှာဖြင့်ကြည့်၍ မေးလိုက်၏။

“အဲ့လိုရှင်းပြရင်ရော ဘယ်လိုလဲ”

ရွှယ်အန်းသည် အသားတောင်တန်းနှင့်တူသော ကုန်းကျင်းကို ကြည့်ကာ နှုတ်ခမ်းများက အနည်းငယ် ကွေးညွတ်သွားသည်။

“ဒီလောက်ဝတဲ့ခွေးကို ကင်လိုက်ရင် အရသာရှိကိုရှိရမယ်”

သူ့စကားက လူများစွာကို ခပ်တိုးတိုးရယ်မောစေခဲ့သည်။ စုန်အာက ကျယ်လောင်စွာရယ်မောလိုက်၏။

“စီနီယာ မှားနေပြီ။ ဒီလောက်ဝတဲ့ခွေးကို စားရင် အသားတောင်ရှိမှာမဟုတ်ဘူး။ သူ့အရေပြားက အိပ်ရာခင်းကောင်းကောင်းလုပ်အိပ်လို့ရတယ်”

ကုန်းကျင်း၏ စိတ်ထဲတွင် အလွန်အမင်းကြောက်လန့်နေပြီဖြစ်သည်။ သူသည် အမြဲတစေ အခြားသူများကို အနိုင်ကျင့်တတ်သူဖြစ်ခဲ့ရာ အထူးသဖြင့် သူအမြဲ အနိုင်ကျင့်ခဲ့သော လူသားမျိုးနွယ်ဝင်တစ်ဦး၏ လက်ထဲတွင် အနိုင်ယူခံနေရပြီဖြစ်သည်။

ထို့ကြောင့် သူက ပြင်းပြင်းထန်ထန်တွေးလိုက်၏။

“မင်းစောင့်နေ မင်းကောင်းကင်တာအို မူလမြေကို ရောက်တာနဲ့ ငါ မင်းကို အထဲမှာ သေအောင် နည်းလမ်းတစ်ခု ရှာတွေ့မှာပါ”

ရွှယ်အန်းသည် ဖြည်းညှင်းစွာ လျှောက်လာကာ ကုန်းကျင်း၏ ဦးခေါင်းကြီးပေါ်တွင် လက်ဖဝါးကို တင်၍ ဘာသိဘာသာပြောလိုက်သည်။

"မင်းငါ့ကို အရမ်းမုန်းနေမယ်ဆိုတာ ငါသိပါတယ်"

ကုန်းကျင်းက တုန်လှုပ်သွား၏။

“ကျုပ် မလုပ်ရဲပါဘူး”

ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။

“မင်း ငါ့ကို မုန်းတာအသုံးမဝင်ဘူး။ ဘာလို့လဲဆိုတော့… မင်း ဘယ်လောက်ပဲရှင်းပြနေပါစေ ဒီနေ့သေကို သေရမယ်”

ဤသို့ဖြင့် ရွှယ်အန်း၏ နတ်အာရုံသည် ကုန်းကျင်း၏ စိတ်ထဲသို့ ချက်ချင်းဝင်ရောက်ခဲ့ကာ သူ၏ စိတ်ဝိဉာဥ်ကို ကြေကွဲသွားစေခဲ့သည်။ အကူအညီတောင်းရန် ရည်ရွယ်ထားသည့် ကုန်းကျင်း၏ မျက်လုံးများ ချက်ချင်းပင် မှိန်သွားခဲ့သည်။

သို့သော် ရွှယ်အန်းက သူ့ကို အလွယ်တကူ အလွတ်ပေးမည်မဟုတ်ကြောင်းထင်ရှားသည်။

ပြန့်ကျဲနေသော ဝိညာဉ်အပိုင်းအစများကိုရွှယ်အန်းက ပြန်လည် စုစည်းလိုက်ပြီးနောက်… ကုန်းကျင်း၏ မှေးမှိန်သွားပြီဖြစ်သော မျက်လုံးများက ပုံမှန်မဟုတ်သော အလင်းရောင်အချို့ဖြင့် လင်းလက်လာကာ လေးဘက်ထောက်၍ သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကို သယ်ကာ လမ်းလျှောက်လျက် ကျယ်လောင်စွာ ဟောင်ခဲ့သည်။

ရွှယ်အန်းက စားပွဲပေါ်မှ ကြက်ခြေထောက်အရိုးတစ်ချောင်းကို ကောက်ကိုင်လိုက်ကာ တံခါးအပြင်ဘက်သို့ လွှင့်ပစ်လိုက်သည်။ ကုန်းကျင်းက လျှာထုတ်လျက် မျက်လုံးများတောက်ပလာကာ အပြင်ဘက်သို့ ခုန်ပေါက်သွား၍ ကြက်ရိုးကို ဖက်လျက် စတင်၍ လျှာဖြင့်လျက်တော့သည်။

ပုံသဏ္ဍာန်နှင့် လုပ်ဆောင်ချက် နှစ်ခုလုံးတွင် သူသည် ခွေးတစ်ကောင်နှင့်တူသည်။

လူတိုင်း အံ့ဩသွားကြသည်။ ၎င်းတို့၏ မျက်လုံးထဲတွင် ရွှယ်အန်းက ကုန်းကျင်းကို တစ်ချက်တည်းကြည့်ရုံဖြင့် ခွေးကဲ့သို့ ကူးပြောင်းသွားခဲ့ခြင်းဖြစ်ပင်ဖြစ်ကြောင်း မြင်နိုင်ကြသည်။

ဤသည်က မယုံနိုင်စဖွယ်ကောင်းလှ၏။ ထိုအချိန်တွင် အဝေးမှ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

“ငါ့အိမ်တော်က လူတစ်ယောက်ကို ဘယ်သူက ဒုက္ခပေးဖို သတ္တိရှိတာလဲကွ”

အခန်း(၆၂၇) သွေးထွက်သံယိုမဖြစ်ရင် ဘယ်တော့မှ အလုပ်မဖြစ်ဘူး

ထိုစကားနှင့်အတူ ကောင်းကင်ယံထက်မှ လူတစ်ဒါဇင်ကျော် ပျံသန်း၍ ခြံဝင်းအတွင်းသို့ ဆင်းသက်လာကြသည်။ အားလုံးက ကိုယ့်နေရာကိုယ်ယူပြီးကြသည်နှင့် ၎င်းတို့အားလုံးသည် စွမ်းအားသြဇာရှိသော ကျွမ်းကျင်သူများဖြစ်ကြောင်း လူတိုင်းက သိရှိလိုက်ကြသည်။ ၎င်းတို့ကို ဦးဆောင်နေသူမှာ ဆိတ်မုတ်ဆိတ်နှင့် ကြမ်းတမ်းသော မျက်နှာထားရှိသည့် လူလတ်ပိုင်း ယောက်ျားတစ်ဦးဖြစ်သည်။

သူ၏ ကျင့်ကြံရေးအဆင့်ကို မမြင်နိုင်သော်လည်း သူ၏ ညှို့မှိုင်းနေသော မျက်လုံးများအောက်မှ အေးစက်သောအလင်းရောင်က လူများကို ငေးကြည့်ရန်မရဲလောက်အောင်ပင်ဖြစ်စေနိုင်သည်။

“အဲ့တာ လော့ဝမ်ရှီပဲ”

"မြို့သခင် ကိုယ်တိုင်ကြွလာပြီ။"

...

လူအုပ်ကြီးက လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ရောက်ရှိလာသူမှာ လော့ဖု မြို့တော်သခင် လော့ဝမ်ရှီမှတပါး အခြားသူမဟုတ်ပေ။ သူသည် လေးဖက်ထောက်လျက် လျှာတစ်လစ်ဖြင့် ခွေးသို့မဟုတ် ဝက်ကဲ့သို့ သွားနေသော ကုန်းကျင်းကို ငုံ့ကြည့်ပြီးနောက် အမူအရာမှာ ပိုနက်မှောင်လာလေသည်။

“စိတ်ဝိဉာဥ်ကို ဖျက်ဆီးပြီး ခွေးတူဝက်တူ ပုံသွင်းတာ… လူသားပုံသဏ္ဍာန်ကို သားရဲတစ်ကောင်ဖြစ်လာဖို့ တွန်းအားပေးတာ မင်းရဲ့နည်းလမ်းတွေက တကယ့်ကို ရက်စက်တယ်" လော့ဝမ်ရှီက အေးစက်စွာပြောသည်။

ရွှယ်အန်းက လော့ဝမ်ရှီကို အပြုံးမဟုတ်သောအပြုံးဖြင့် ပြုံး၍ ကြည့်လိုက်သည်။

“ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်”

ဤသည်ကိုကြားသောအခါ လော့ဝမ်ရှီ၏ နောက်မှ လက်အောက်ငယ်သားအားလုံး ဒေါသတကြီးဖြစ်သွားသည်။

“မြို့သခင် ဒီကလေးက မာနကြီးလွန်းတယ်။ သူ့ကို သတ်လိုက်ရုံနဲ့ ဒေါသဖြေဖျောက်ဖို့ မလုံလောက်ဘူး။ နောက်ပြီး ရှီဗာနတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေးတွေကို ရှင်းပြဖို့လည်းခက်တယ်”

“အတိအကျပြောာရရင် လူသားမျိုးနွယ်က ဒီကောင်က ဘယ်လို ကောက်ကျစ်တဲ့နည်းလမ်းတွေသုံးလဲဆိုတာ ဘယ်သူသိမှာလဲ။ ဒီလောက် ရက်စက်တာ။ ကျွန်တော်တို့ သူ့ကို သတ်သင့်တယ်”

ဤလူများက တစ်ယောက်ပြီးတစ်ယောက် စတင် အော်ဟစ်ကြတော့သည်။ ဤအချိန်တွင် အခြေအနေများ ပြောင်းလဲလာသည်။ ယခုအချိန်အထိ တိတ်တဆိတ်စောင့်ကြည့်နေခဲ့သော လူအုပ်ကြီးသည် လော့ဝမ်ရှီနောက်သို့ ရုတ်တရက် ရွေ့သွားကြသည်။

ရွှယ်အန်းနားတွင် ဟွာယို့အန်းတို့အပြင် ရုပ်သေးအင်မော်တယ်ဂိုဏ်း၊ ဂါရန်ဂိုဏ်း၏ ဆရာတပည့်တို့သာ ရပ်တည်နေခဲ့သည်။ လော့ဝမ်ရှီ၏ နောက်၌ နေရာတိုင်းမှ ကျင့်ကြံသူ အများအပြားစုဝေးနေသောကြောင့် တစ်ဖက်ရှိ လူအရေအတွက်သည် သိသိသာသာ အချိုးအစားမမျှဘဲ ဖြစ်နေသည်။

ရွှယ်အန်း၏နောက်တွင်မူ.. ဗလာကျင်းနေသည့်အလား လူသူကင်းမဲ့နေသည်။ ထိုသို့သော အခြေအနေအောက်တွင် လူအုပ်ထဲမှ အများအပြားသည် ရွှယ်အန်းကို ရန်ငြိုးဖွဲ့ကာ ကြည့်လာကြသည်။

၎င်းတို့၏ နှစ်ရှည်လများ ယုံကြည်ချက်အရ လူသားမျိုးနွယ်တွင် ခွန်အားကြီးသော ဖြစ်တည်မှုမရှိသင့်ကာ အမြဲတစေ အနိုင်ကျင့်ခံရသင့်၍ များပြားလှသော မျိုးနွယ်စုများ၏ အောက်ဆုံးတွင် ရှိနေသင့်သည်။ သို့တိုင် ရုတ်တရက် ရွှယ်အန်းထွက်ပေါ်လာခြင်းသည် ဤလူများကို လေးနက်သော ခြိမ်းခြောက်မှုအဖြစ် ခံစားစေခဲ့သည်။ ရွှေအင်မော်တယ်တစ်ပါးကို လက်သီးဖြင့်‌ချေမှုန်းကာ ဝိဉာဥ်များကို လက်ညှိုးတစ်ချောင်းလှုပ်ရှားရုံဖြင့် ဖျက်ဆီးပစ်ခဲ့သည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်မျိုးကို ဂိုဏ်းများမှ ကျင့်ကြံသူများက နက်နက်ရှိုင်းရှိုင်းသတိပြုမိလာသည်။ သူသာ ပိုမို တိုးတက်လာကာ စွမ်းအားကြီးလာပါက လူသားမျိုးနွယ်က မည်သို့ဖြစ်မည်ကို မည်သူသိမည်နည်း။ သူ ဤမျှ မသန်မာသေးည့်အချိန်တွင် သူ့ကို သတ်ပစ်လိုက်ခြင်းက ပိုမိုကောင်းမွန်ပေလိမ့်မည်။

ထို့အပြင် လော့ဖုမြို့သခင် လော့ဝမ်ရှီက ကိုယ်တိုင် တာဝန်ယူတော့မည်ဖြစ်ကာ နောက်တွင်နေ၍ ချီးမြောက်ခြင်းဖြင့် ၎င်းတို့လည်း လော့ဝမ်ရှီထံမှ အားစိုက်ထုတ်မှုအနည်းငယ်မျှဖြင့် မျက်နှာသာရနိုင်သည်။

မည်သူက ဤအခွင့်အရေးမျိုးကို မဆုပ်ကိုင်ထားဘဲနေလိမ့်မည်နည်း။

မျိုးနွယ်စုတစ်ထောင်စုဝေးပွဲကြီး စတင်တော့မည့်အချက်နှင့်တူ အင်္ဂါဂြိုလ်က တိမ်များအတွင်းမှထွက်ပေါ်လာတော့မည်ကို ထည့်သွင်းစဥ်းစားလျှင် လော့ဖုမြို့သခင်နှင့် လုံးဝ ကောင်းမွန်သော ဆက်ဆံရေးကို ထူထောင်ခြင်းသည် အသုံးဝင်သော အချက်အလက်များစွာကို ရရှိစေနိုင်သည်။ ထို့ကြောင့် ဤအချက်များကြောင့် ကျင့်ကြံသူအားလုံးနီးပါးသည် တစ်ဖက်သို့ရောက်သွားကြသည်။

ထိုအချိန်၌ ဟွာယို့အန်းနှင့် ကျားနင်တို့က အကြည့်ချင်းဖလှယ်ကာ အခိုင်အမာဆုံးဖြတ်ချက်ချလိုက်ကြသည်။ ထို့နောက် ၎င်းတို့က ရွှယ်အန်းဘေးတွင်ရပ်၍ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ကြသည်။

ဟွာယို့အန်းက ခပ်တိုးတိုးအသံဖြင့်ပြော၏။

“စီနီယာ ကျွန်တော်တို့ သူတို့ကို ခဏ အာရုံလွှဲထားတုန်း မြန်မြန်ထွက်ပြေးရမယ်နော်”

“ဟုတ်တယ် စီနီယာ နောက်က ဘာကိုမှစိတ်မပူနေဘဲ ပြေးသာပြေးနော်” ကျားနင်ကလည်းပြောသည်။

“ပြေးရမယ်ဟုတ်လား ဘာလို့ ပြေးရမှာလဲ” ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

ဟွာယို့အန်း၏ မျက်နှာက ဖြူဖျော့လာကာ အံကို တင်းတင်းကြိတ်ထားသည်။

“စီနီယာ ဒီကျင့်ကြံသူတွေက စီနီယာ့လို့သန်မာတဲ့လူမျိုး လူသားမျိုးနွယ်မှာ ရှိနေတာကို လုံးဝ ခွင့်မပြုနိုင်ကြဘူး။ အခု သူတို့က သားကောင်ကို ကျားတွေက စိုက်ကြည့်နေသလိုမျိုး ကျွန်တော်တို့ကိုကြည့်နေတာ…. စီနီယာ့ကို ဘယ်လို ရှင်းပစ်ရမလဲ သေချာစီစဥ်နေကြတာလေ”

“ဒါ့ကြောင့် လူသားမျိုးနွယ်ရဲ့အကျိုးအတွက် စီနီယာ ထွက်ပြေးဖို့ ဖြစ်နိုင်သမျှ နည်းလမ်းရှာရမယ်။ စီနီယာ့လို သန်မာတဲ့လူကပဲ လူသားမျိုးနွယ်ကို ကြီးပွားတိုးတက်အောင်ဦးဆောင်နိုင်မှာ။

ဒါမှ နှစ်ထောင်ချီနေတဲ့ သွေးကြွေးတွေကို ပြန်ဆပ်နိုင်မှာပေါ့”

ဟွာယို့အန်းက ခပ်တိုးတိုးပြောလိုက်ပြီးနောက် ရွှယ်အန်းက ဤ’လူငယ်’က ယောက်ျားလေးအသွင်ဆောင်ထားသည်ကို အနည်းငယ် အံ့သြမိသွားသည်။

သူမသည် ငယ်ရွယ်သော်လည်း ဤမိန်းကလေး၏ စိတ်က အလွန်ကြည်လင်နေသည်။

ထိုအခါ ရွှယ်အန်းက ပြောလိုက်၏။

“ငါထွက်သွားရင် မင်းဘာလုပ်မှာလဲ”

ဟွာယို့အန်းနှင့် ကျားနင်တို့ နှစ်ယောက်လုံးက စကားကြားသောအခါ ပြုံးပြလိုက်ကြသည်။

“စီနီယာ ကျုပ်တို့ သုံးယောက်အတွက် စိတ်မပူပါနဲ့။ စီနီယာနဲ့ယှဥ်ရင် ကျုပ်တို့သေတာ ဘာအရေးကြီးလဲ” စုန်အာက နူးညံ့စွာပြောသည်။

ဟွာယို့အန်းက အနည်းငယ်ခေါင်းညိတ်လိုက်သည်။

“မျိုးနွယ်စုတစ်ခု မြင့်တက်လာဖို့ သွေးကြွေးနဲ့ ရက်စက်မှုတွေ မပါဖို့ ဆုတောင်းနေရင် စိတ်ကူးယဥ်လွန်နေတာပဲဖြစ်ပါလိမ့်မယ်။ လူသားမျိုးနွယ်က လုံလောက်တဲ့ အတိုင်းအတာအထိ သွေးစွန်းခဲ့ပြီးပါပြီ။ ကျုပ်တို့ အသက်သုံးခု ထပ်စတေးရလည်း ဂရုမစိုက်ပါဘူး”

စကားပြောသောအခါတွင် ၎င်းတို့၏ လေသံက အလွန်တည်ငြိမ်နေကာ သေခြင်းနှင့် ရှင်ခြင်းအတွက် စိုးရိမ်နေသည့်ပုံမပေါ်ပေ။

ရွှယ်အန်းက ၎င်းတို့ သုံးယောက်ကို တိတ်တဆိတ် ကြည့်လျက် ခဏအကြာတွင် ခေါင်းယမ်းကာ ရယ်မော လိုက်သည်။

"ကောင်းလိုက်တာ၊ မင်းတို့က လူသားမျိုးနွယ်ဝင်တွေဖြစ်ဖို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် မင်း ထပ်ပြောစရာ မလိုပါဘူး၊ ငါ ထွက်သွားမှာ မဟုတ်ဘူး”

“ဒါပေမယ့်…” ဟွာယို့အန်းက ဤစကားကိုကြားလိုက်ရသည်နှင့် အရေးတကြီး ပြောရန်ပြင်လိုက်သည်။

ထိုအချိန်တွင် လော့ဝမ်ရှီက ရွှယ်အန်းကို စိုက်ကြည့်ကာ လှောင်ရယ်လိုက်သည်။

“ဆရာ ခင်ဗျားရဲ့ လုပ်ရပ်တွေက တော်တော်ရက်စက်ပြီး ကရုဏာမဲ့တယ်။ လူအများကို ဒေါသဖြစ်စေမှာမစိုးရိမ်ဘူးလား”

သူ့စကားကိုကြားသောအခါ ကျင့်ကြံသူများအားလုံးက ရွှယ်အန်းကို စိုက်ကြည့်နေကြသည်။

ဤကဲ့သို့ ပြင်းထန်သော အဟန့်အတား စွမ်းအားသည် သာမန် ကျင့်ကြံသူတစ်ဦး၏ နှလုံးသားနယ်ပယ်ကို လှုပ်ခါသွားလောက်အောင်ပင် ဖြစ်သည်။

သို့သော် ရွှယ်အန်းသည် မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိပေ။

“ရက်စက်ယုတ်မာတဲ့လုပ်ရပ်တွေ… လူအများကို ဒေါသဖြစ်စေတယ်…ဟုတ်လား”

ထို့နောက် သူက ရုတ်တရက်မော့ကြည့်လိုက်ရာ မျက်လုံးများတွင် နတ်အလင်းများတောက်ပနေသည်။

“မင်း ငါ့လူတွေကို သတ်တုန်းက မင်းရဲ့ နည်းလမ်းတွေက ဘယ်လောက်ရက်စက်ကြမ်းကြုတ်လဲဆိုတာ တွေးတောင်တွေးဖူးလား”

“ငါ့လူတွေကို အနိုင်ကျင့်တုန်းက လူအများရဲ့ ဒေါသကို နှိုးဆွမိမှာကိုတွေးဖူးလား”

“အခု ငါက မင်းတို့ လူသားမျိုးနွယ်အပေါ် နှစ်ထောင်ပေါင်းများစွာ အကြွေးတင်ထားတဲ့ သွေးအကြွေးရဲ့ တစ်စိတ်တစ်ပိုင်းကို ပြန်ယူလိုက်တာနဲ့ မင်းက ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်တင်နေပြီပေါ့”

ဤအချိန်တွင် ရွှယ်အန်းက အေးစက်စွာရယ်မောလိုက်ကာ သူ့မျက်နှာသည် သတ်ဖြတ်လိုသော ရူးသွပ်သော ရည်ရွယ်ချက်ဖြင့်ပြည်‌နေသည်။

“ငါပြောနိုင်တာက… ဘာလို့ မင်းတို့မသေသေးတာလဲ”

ဤစကားသည် မတည်ငြိမ်သော အခြေအနေတစ်ခုကို ချက်ချင်း လောင်ကျွမ်းစေသည့် မီးပွားတစ်ခုနှင့် တူသည်။ အမျက်ဒေါသ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ကျင့်ကြံသူအများအပြားက လောက၏ ကြမ်းတမ်းသော အမှန်တရားကို မသိနားမလည်သော ဤလူကို သင်ခန်းစာတစ်ခုပေးလိုကြသည်။

လော့ဝမ်ရှီ၏ မျက်နှာက ပြာမှုန်သွားရသည်။ သူက တိတ်တိတ်နေကြရန် လက်ကိုဝှေ့ယမ်းလျက် လေးနက်သောအသံဖြင့်ပြောလိုက်၏။

“မောင်ရင် မာန်တက်မနေနဲ့တော့။ မင်းအပြစ်ကို ဝန်ခံပြီး အခုလက်မြှောက်ပြီး မင်းကျင့်ကြံထားတဲ့ နတ်အာရုံကိုလွှဲပြောင်းပေးလိုက်ရင် မင်းရဲ့လူသားမျိုးနွယ်ကို ဒီ မျိုးနွယ်စုတစ်ထောင်စုဝေးပွဲမှာ ကာကွယ်ပေးဖို့ ငါစဥ်းစားပေးမယ်။ ဘယ်လိုသဘောရလဲ”

လော့ဝမ်ရှီ၏ စကားများက ထိုကျင့်ကြံသူအများစု တွေးတောနေကြသည့် အရာလည်း ဖြစ်သည်။

၎င်းတို့၏အမြင်တွင် ရွှယ်အန်းသည် ကျင့်ကြံရေးလုံးဝမရှိဘဲ ရွှေအင်မော်တယ်တစ်ပါးကို ဖယ်ရှားနိုင်ခဲ့သောကြောင့် သူသည် အံ့ဖွယ်နည်းတစ်မျိုးမျိုးကို လေ့ကျင့်ထားခြင်းဖြစ်ပေမည်။ သူတို့သာ ယင်းကို ရနိုင်ပါက ၎င်းသည် အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခုဖြစ်လာပေမည်။

ရွှယ်အန်းက ဒေါသမထွက်ဘဲ ရယ်သာရယ်လိုက်ကာ သူ့နောက်မှ လျို့ခယ့်ခယ်၊ ဝမ်ချန်ယိနှင့်အခြားသူများကို လှည့်ကြည့်လိုက်သည်။

“မင်းတို့မြင်လား ဒါက ကျင့်ကြံသူတွေလို့ ခေါ်တဲ့လူတွေပဲ။ သူတို့ကိုယ်သူတို့ အင်မော်တယ်တွေလို့ ခံယူထားပေမယ့် ငါ့မျက်လုံးထြမှာတော့ သူတို့က ဝက်နဲ့ ခွေးတွေထက် မသာဘူး”

နောက်ဆုံးတွင်‌ လော့ဝမ်ရှီက စိတ်ထဲမှ ဒေါသကို မထိန်းနိုင်တော့ပေ။

“မင်းက အဆုံးထိ ငါတို့ကို ဆန့်ကျင်မယ်လို့ဆိုလာတာလား”

ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် မထီမဲ့မြင်ပြုသော အပြုံးတစ်ခု ပေါ်လာကာ သူနှင့် မျက်နှာချင်းဆိုင်ရှီ ကျင့်ကြံသူများအားလုံးကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

“နားထောင်ကြ ငါဒီနေ့ မင်းတို့ကို ဘယ်လို ပြုမူနေထိုင်ရမလဲဆိုတာ သင်ပေးမယ်”

All Chapters