အခန်း (၆၂၈-၆၃၀)
Vol. 42 Ch. 628-630
အခန်း(၆၂၈) သွေးကြွေးကို သွေးကြွေးနဲ့ပြန်ဆပ်ရမယ်
ရွှယ်အန်း၏ စကားများက အလွန်မောက်မာလွန်းလှသည်။
ကျင့်ကြံသူအဖွဲ့က ပထမတွင် တိတ်ဆိတ်သွားပြီးနောက် အားလုံးက ချက်ချင်း တစစပြောလာကြသည်။
"သူ့ကိုသတ်”
"ကောင်းပြီ၊ အားလုံးအတူတူ တိုက်ခိုက်ပြီး ဒီမောက်မာတဲ့ကောင်ကို သတ်လိုက်ကြစို့”
အဘက်ဘက်မှ သတ်ဖြတ်ရန် ကြွေးကြော်သံများ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းတွင် ရွှယ်အန်း၏နောက်တွင် အမြဲရှိနေခဲ့သော ချန်ယာ့ယွင် နှင့် လျို့ခယ့်ခယ်တို့သည် ၎င်းတို့၏ရုပ်သေးရုပ်များကို ခေါ်ရန် တုံ့ဆိုင်းမနေခဲ့ကြပေ။
...
လျန်ယွင်ထင်းက မျက်နှာချင်းဆိုင်ရှိ ကျင့်ကြံသူများကို စိုက်ကြည့်လျက် သူမ၏ မျက်လုံးများထဲတွင် အပြင်းထန်ဆုံး သင်္ကေတလေးခု၏ အပြင်းထန်ဆုံး စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
ဝမ်ချန်ယိနှင့် တပည့်ဖြစ်သူတို့ကမူ
တကယ်တမ်းတွင် ၎င်းတို့က ဤနေရာတွင်ရှိနေရန် မလိုပေ။
သို့သော် ဝမ်ချန်ယိ သူ့စိတ်ထဲတွင် အမြဲခိုင်မာသော ကြိုတင်သတိပေးချက်တစ်ခုရှိနေသည်၊ ဆိုလိုသည်မှာ သူဆက်နေလျှင် အခွင့်ကောင်းတစ်ခုက သူ့ကိုစောင့်ကြိုနေလိမ့်မည်။
ထို့ကြောင့် အံကိုတင်းတင်းကြိတ်၍ ထွက်သွားခြင်းမပြုခဲ့ပေ။ ယခုအခြေအနေသည် တိုက်ရိုက်ရန်လိုသည့်အဆင့်အထိ တိုးမြင့်သွားသည်ကိုတွေ့လိုက်ရသဖြင့် ဝမ်ချန်ယိသည် သူ၏ လေးနက်သောစွမ်းရည်ကို တိတ်တဆိတ် အသက်သွင်းလိုက်ရာ သူ၏ခေါင်းထက်မှ ဂါရန် အကာအကွယ်နတ်ဘုရားရုပ်သဏ္ဍာန် တဖြည်းဖြည်းထွက်ပေါ်လာသည်။
မည်သို့ပင်ဆိုစေကာမူ ရန်လိုသော ကျင့်ကြံသူများစွာနှင့် ရင်ဆိုင်ရချိန်တွင် ရွှယ်အန်းသည် အရှိန်အဟုန်နှင့် ပတ်သက်၍ ကြီးမားသော အားနည်းချက်တစ်ခုအဖြစ် ရှိနေသေးသည်။
လော့ဝမ်ရှီက ဤသည်ကိုမြင်သောအခါ ဒေါသတကြီးပြောလိုက်သည်။
"ရုပ်သေးမသေနိုင်တဲ့ဂိုဏ်းနဲ့ ဂါရန်ဂိုဏ်း၊ လူသားမျိုးနွယ်ထဲက ဒီကောင်တွေကြောင့် သနားစရာကောင်းတဲ့ အခြေအနေမှာ ပူးပေါင်းချင်တာလား။ မင်းတို့ အခု ဒီဘက်ကို နာခံမှုရှိရှိ လာမယ်ဆိုရင် ငါတို့ လွန်လွန်ကဲကဲ မလုပ်ဘူး”
လျိုခ့ယ်ခယ်ပ အေးစက်စွာအော်လိုက်သည်။
"ကျွန်မတို့က စီနီယာဘာလုပ်လုပ် ဒီဘက်မှာပဲရှိမယ်။ ရှင်တို့က အရှက်မရှိတဲ့ လူယုတ်မာတွေပဲ၊ ဒီမှာ လူကောင်းဟန်မဆောင်တာ အကောင်းဆုံးပဲ"
လော့ဝမ်ရှီ၏ မျက်နှာသည် ဒေါသကြောင့် အနည်းငယ် ဖြူဖျော့သွားသည်။
"ကောင်းပြီ၊ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့။ အားလုံးပဲ ဒီ လူသားမျိုးနွယ်က ကောင်လေးကို အရင်သတ်လိုက်ပါ”
သူ့အမိန့်အရ ကျင့်ကြံသူအဖွဲ့သည် ရေလွှမ်းမိုးမှုကဲ့သို့ ရွှယ်အန်းဆီသို့ ချီတက်လာသည်။ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ပုံစံများကို ရတနာအဖြစ်သဘောထားသော ကျင့်ကြံသူများက ဦးဆောင်လာကြသည်။
ဤအရေးကြီးသောအချိန်ကာလတွင် ၎င်းတို့အားလုံးသည် ကြောက်မက်ဖွယ်ပြင်းထန်သောအရှိန်အဟုန်ကိုပြသကာ ၎င်းတို့၏ အစွမ်းထက်ဆုံးနည်းပညာများကို အသုံးပြုခဲ့ကြသည်။
မတူညီသော ဓားပညာဂိုဏ်းခွဲများ၏ ဓားချီများကလည်း နောက်ကွယ်တွင် အနီးကပ်ရှိနေသည်။ ထို့အပြင် ထင်ရှားပေါ်လွင်သော ရှေးအက္ခရာများဖြင့် အမြင့် ဆယ်ပေ သို့မဟုတ် ထို့ထက်ပိုသော မန္တန်များစွာ ပေါ်လာသည်။ ၎င်းတို့သည် မှော်ပညာဂိုဏ်းခွဲအသီးသီးမှ ဆင်းသက်လာခြင်းဖြစ်သည်။ နောက်ဆုံးတွင် အမျိုးမျိုးသော ဂိုဏ်းပေါင်းစုံမှ ကျင့်ကြံသူများ ပိုင်ဆိုင်သော ရတနာ အမျိုးမျိုး ရှိနေ၏။
ဤအရာအားလုံး ပေါင်းစပ်မှုသည် ပြင်းထန်သော ထိုးစစ်တစ်ခုဖြစ်လာကာ ကောင်းကင်နှင့်မြေကြီးကို အရောင်ပြောင်းပစ်လိုက်သကဲ့သို့ထင်ရ၏။
ဤအရာအားလုံးကိုရင်ဆိုင်ရသော်လည်း ရွှယ်အန်း၏အမူအရာသည် ယခင်အတိုင်းပင် ငြိမ်သက်နေခဲ့သည်။ သူက လက်သီးကို ဖြည်းညှင်းစွာ မြှောက်ကာ “ကြောက်လား” ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
ဟွာယို့အန်း၊ ကျားနင် နှင့် စုန်အာတို့က ခေါင်းယမ်းသည်။ ၎င်းတို့နောက်တွင် လျို့ခယ့်ခယ်နှင့် ချန်ယာ့ယွင်တို့က ခေါင်းခါကြသာ်။
ယခုအချိန်တွင် ရှန်ရော့လင်ပင်လျှင် ပြတ်ပြတ်သားသား ဆုံးဖြတ်၍ သူမ၏ အသက်အန္တရာယ် အကာအကွယ်ပေးသူကို ဆင့်ခေါ်ကာ ကြောက်ရွံ့မှု အရိပ်အယောင်မပြခဲ့ပေ။
ရွှယ်အန်း၏ နှုတ်ခမ်းများက အေးစက်သော အပြုံးဖြင့် ကွေးသွားသည်။
"မင်းတို့က မကြောက်ဘူးဆိုတော့... သူတို့ကိုချေမှုန်းပစ်ကြ"
အေးစက်သော အော်ပြောသံနှင့်အတူ ရွှယ်အန်း၏ မျက်လုံးများ တောက်ပနေသည်။
“ချေမှုန်းပစ်ကြ နေ နဲ့ လ”
နတ်သုတ်သင်ခြင်းနည်းလမ်းခြောက်သွယ် ပဥ္စမမြောက်သိုင်းကွက်…
အဆင့်မြင့် လက်သီးချက်…။
ရွှယ်အန်းသည် လက်ရှိတွင် ကျင့်ကြံရေးအဆင့်မရှိသော်လည်း နတ်သုတ်သင်ခြင်းနည်းလမ်းခြောက်သွယ်သည် ရုပ်ပိုင်းဆိုင်ရာစွမ်းပကားကိုသာ မှီခိုခြင်းဖြစ်ကာ လေ့ကျင့်ရေးအဆင့်မလိုအပ်ပေ။
သူ့လက်သီးများ ပေါက်ကွဲထွက်လာချိန်တွင် နေနှင့်လကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထား၍ လေထုကိုခွင်းလိုက်သည့်နှယ်ထင်ရသည်။
ရှေ့ရှိ ရုပ်ပိုင်းဆိုင်ရာကျင့်ကြံသူများသည် တုံ့ပြန်ရန် အချိန်ပင် မရလိုက်ကြဘဲ ဖုန်မှုန့်များအဖြသ် ပြောင်းလဲသွားကြသည်။
ဤသည်ကိုမြင်သောအခါ နောက်ဘက်ရှိ ကျင့်ကြံသူများက အလွန်ထိတ်လန့်သွားကာ ၎င်းတို့၏ ဝိညာဉ်များ ဆုံးရှုံးသွားသကဲ့သို့ ရုတ်ရက် ရပ်တန့်လိုက်ကြသဖြင့် ဖွဲ့စည်းမှုတစ်ခုလုံး ကမောက်ကမ ဖြစ်သွားခဲ့ရသည်။
တစ်ချိန်တည်းမှာပင် ရုပ်သေးအင်မော်တယ်ဂိုဏ်းမှ ရုပ်သေးများသည်လည်း ထိုကျင့်ကြံသူများနှင့် စတင်တိုက်ခိုက်ခဲ့ကြရာ ဤသို့ဖြင့်
ဖရိုဖရဲ တိုက်ပွဲတစ်ခု စတင်ခဲ့သည်။
လော့ဝမ်ရှီက အနောက်မှ ကြည့်နေကာ ပို၍ သတိကြီးလာသည်။
ကျင့်ကြံသူအများအပြား၏ ဝိုင်းရံမှုအောက်တွင်ပင် ရွှယ်အန်းသည် လူနေထိုင်ခြင်းမရှိသော နယ်မြေတစ်ခုတွင် ရှိနေသကဲ့သို့ ရွေ့လျားနေဆဲဖြစ်သည်။
သူ့လက်သီးချက်များကို ဘယ်ညာထိုးလျက် အဘက်ဘက်မှ ကျင့်ကြံသူများ အနားသို့ ကပ်မလာနိုင်စေရန် လုပ်ဆောင်လျက်ရှိသည်။
လော့ဝမ်ရှီ၏ မျက်နှာသည် မှောင်မိုက်လာကာ ချွေးစေးများ တင်ကပ်လျက်ရှိသည်။
ဤလူကိုဝိုင်း၍ မသတ်နိုင်လျှင် နောင်အနာဂတ်တွင် ခြိမ်းခြောက်မှုကြီး တစ်ခု ဖြစ်လာမည်မှာ သေချာသည်။
ဤသည်ကိုတွေး၍ လော့ဝမ်ရှီ၏ ရုပ်သေးအင်မော်တယ်ဂိုဏ်း၏ နောက်တွင် ပုန်းနေသော လူသားမျိုးနွယ်ထဲမှ သုံးယောက်ကို ညွှန်ပြလိုက်သည်။
"ပထမဆုံး ကျင့်ကြံရေးအဆင့်မရှိတဲ့ လူသားမျိုးနွယ်က သူတို့သုံးယောက်ကို အရင်ဖမ်းကြ"
ချက်ချင်းပင် ဓားပညာရှင်များက လေထဲသို့ပျံတက်သွားကာ ဟွာယို့အန်းနှင့် အခြားနှစ်ယောက်ဆီသို့ ဦးတည်သွားကြသည်။
ဤအချိန်တွင် ရုပ်သေးအင်မော်တယ်ဂိုဏ်းတစ်ခုလုံးက တင်းတင်းကျပ်ကျပ် ဝိုင်းခံထားရကာ လတ်တလောတွင် မရုန်းထွက်နိုင်တော့ပေ။
ရွှယ်အန်းက ဤသည်ကိုမြင်သောအခါ အေးစက်စွာ ရယ်မောရုံရယ်လိုက်သည်။ ဓားသမား၏ဦးခေါင်းကို လက်သီးတစ်ချက်ထိုးကာ နတ်အာရုံကို ခြံဝင်းထဲမှ တိုက်ရိုက်ထုတ်လွှတ်လိုက်သည်။
ယခုအချိန်တွင် ဓားသမားက ဟွာယို့အန်းနှင့် တခြားနှစ်ယောက်ဆီ နီးကပ်လာပြီဖြစ်သည်။
“ဟားဟား အေးအေးဆေးဆေး လက်နက်ချမလား ဒါမှမဟုတ်…” ဓားသမားက သူ့စကားကို အဆုံးမသတ်နိုင်ခဲ့ပေ။
ကျားနင်သည် လေးမြှားကိုဆွဲကာ မြှားသုံးစင်းကို ကောင်းကင်သို့ အဆက်မပြတ် ပစ်လွှတ်လိုက်သည်။
အသားကို ထိုးဖောက်သွားသည့် မြှားတံသုံးစင်း..။
ရှေ့ဆုံး ဓားသမား၏ ရင်ဘတ်နှင့် ဝမ်းဗိုက်သို့ မြှားသုံးစင်းဖြင့် ထိမှန်ကာ နာကျင်စွာ အော်ဟစ်လိုက်လေသည်။
“ခွေးမသား မင်းငါ့ကို ဒဏ်ရာရအောင်လုပ်ရဲတယ်ပေါ့"
သူသည် မြှားများကို ဆွဲထုတ်ရန် ကြိုးစားသော်လည်း မြှားသုံးစင်းမှ အလင်းအလွှာတစ်ခု ပျံ့နှံ့သွားကာ ဓားသမားသည်လည်း လေထဲမှ ပြုတ်ကျသွားသည်။
ချန်ယာ့ယွင်သည် ခေါင်းကို လှည့်ကာ အဝေးမှ ဓားခုတ်သမား၏ ခေါင်းကို ရေစွမ်းအင်များ ထုတ်လွှတ်၍ တိုက်ခိုက်လိုက်သည်။
ဓားသမား၏ ဦးခေါင်းက ပြင်းထန်စွာ ကွဲအက်သွားကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
ကျန်ရှိသော ဓားသမားများသည် ကျင့်ကြံရေးအဆင့်မရှိသော ကျားနင်က ဒဏ်ရာရစေနိုင်လိမ့်မည်ဟု တွေးပင် မတွေးဖူးခဲ့ကြပေ။
"ဒီလေးသမားကို အရင်သတ်လိုက်ပါ”
ထိုသို့ဖြင့် ဓားစွမ်းအင် အလင်းတန်းပေါင်းများစွာက ကျားနင်ဆီသို့ ဦးတည်သွားသည်။
ကျားနင်သည် သူ၏သွေးစွမ်းအင် အားလုံးကို ပေါင်းစည်းပြီးနောက် ထိုမြှားသုံးစင်းကို ပစ်ခတ်ခဲ့သည်။ မြားပစ်ခြင်းတွင် သူ၏ထူးခြားသောစွမ်းရည်ကြောင့် ကျင့်ကြံသူကို ဒဏ်ရာရစေခဲ့သည်။
သို့သော် မြှားသုံးစင်းကို ပစ်ခတ်ပြီးနောက်တွင် သူသည် သူ၏ ခွန်အား ကုန်ဆုံးသွားကာ တိုက်ပွဲကို ဆက်လက် မလုပ်ဆောင်နိုင်တော့ပေ။
ဓားစွမ်းအင်၏ အရှိန်အဟုန်ကို ရင်ဆိုင်ရင်းဖြင့် ကျားနင်က ခါးသက်စွာရယ်မောလိုက်သည်။
"တစ်ယောက်ကို သတ်ရုံနဲ့ လုံလောက်ပြီ”
ဤသို့ပြော၍ မျက်စိမှိတ်ကာ သေခြင်းတရားကို ရင်ဆိုင်ရန် အသင့်ဖြစ်နေသည်။
ထိုအချိန်တွင်ပင် အနက်ရောင်အလင်းတန်းတစ်ခုသည် အံ့အားသင့်ဖွယ်အရှိန်ဖြင့် ကောင်းကင်ကိုဖြတ်ပျံသွားကာ ဟွာယို့အန်းနှင့် အခြားနှစ်ယောက်ရှေ့တွင် ကာလိုက်သည်။
ပေါက်ကွဲသံများစွာကြားပြီးနောက်၊ ဓားစွမ်းအင်များသည် အနက်ရောင်အလင်းကို ထိမှန်သွားကာ မီးပွါးအနည်းငယ်အဖြစ် ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်တွင် လေထဲတွင် ရပ်နေသည့်ပုံမှာ အနက်ရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသည့် စစ်သည်တော်တစ်ဦးဖြစ်၍ ၎င်း၏နောက်တွင် ကြီးမားသော သံမဏိတောင်ပံတစ်စုံကို ဖြန့်ကြက်ထားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။
ထိုဓားစွမ်းအင်များက အနက်ရောင်သံချပ်ကာကို ထိမှန်သွားခဲ့သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ဓားသမားများက ထိတ်လန့်တကြားအော်ကြသည်။
စကားတစ်ခွန်းမှ မပြောဘဲ၊ အနက်ရောင် ကျည်ကာစစ်သည်တော်က သူ့အတောင်ပံများကို ခတ်၍ ဓားသမားများဆီသို့ တိုက်ရိုက် ချီတက်လိုက်ကြသည်။
၎င်းတို့ မတုံ့ပြန်နိုင်ခင်တွင် သံမဏိတောင်ပံများက ဓားသမားအားလုံးကို ဝန်းရံထားသကဲ့သို့ ကြီးမားစွာ ကြီးထွားလာသည်။
အတောင်ပံများကို ရုတ်သိမ်းလိုက်သည့်ခဏတွင်၊ ဓားခုတ်သမားများသည် အသားစိုင်များ အသွေးများအဖြစ် ပြောင်းလဲ၍ ၎င်းတို့၏ အလောင်းများက မြေပြင်ပေါ်သို့ လဲကျသွားသည်။
လော့ဝမ်ရှီသည် ဤမြင်ကွင်းကို ကြည့်၍ နားမလည်နိုင်ဖြစ်နေသည်။
ဒါက ဘယ်လို မွန်းစတားမျိုးလဲ။
ငရဲက နတ်ဆိုးလိုမျိုး ကြောက်ဖို့ကောင်းတယ်။
ကံကောင်းလို့ တစ်ကောင်ပဲရှိလို့ မဟုတ်ရင် ငါဘက်ကသွားပြီ။
အတွေးများကို တုံ့ပြန်လိုက်သကဲ့သို့ အပေါ်မှ ကြယ်များနှင့် လများက ရုတ်တရက် မှိန်ဖျော့သွားသည်။
ကျင့်ကြံသူတစ်ဦးက ကောင်းကင်ကို လက်ညှိုးထိုးပြကာ ကျယ်လောင်စွာအော်လိုက်သည်။
“အဲ့တာတွေ… အဲ့တာတွေ…”
လော့ဝမ်ရှီက မျှော်ကြည့်၍ မြိုသခင်၏စံအိမ်ပေါ်ရှိ ညကောင်းကင်ထက်တွင် အနက်ရောင်တိမ်ထုကြီး ပျံသန်းနေသည်ကို တွေ့လိုက်ရသည်။
ထို့နောက် တိမ်မည်းများသည် မြေပြင်ပေါ်သို့ ကျဆင်းသွားကာ အောက်သို့မထိမီတွင် ၎င်းတို့သည် ရာနှင့်ချီသော စစ်သည်တော်များအဖြစ်သို့ ပြောင်းလဲသွားလျက် ကျင့်ကြံသူများအားလုံးကို တိတ်တဆိတ် ကြည့်နေကြသည်။
သန့်စင်ထားသော သံချပ်ကာစစ်သားများသည် နောက်ဆုံးတွင် ကမ္ဘာပေါ်တွင် ပေါ်ထွန်းလာခဲ့သည်။
သွေးကြွေးတိုင်းသည် သွေးဖြင့်မလွှဲမရှောင်သာ ပေးဆပ်ရလိမ့်မည်။
အခန်း(၆၂၉) တွန်းလှန်မရနိုင်သော အရှိန်အဟုန်ဖြင့် နှိပ်စက်ခြင်း
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျင့်ကြံသူများအားလုံး အံ့သြတကြီး အော်လိုက်ကြရသည်။ အထူးသဖြင့် သံချပ်ကာတပ်ကြီးကို မယုံကြည် နိုင်စွာ ကြည့်နေသည့် လော့ဝမ်ရှီက တစ်စုံတစ်ခု ပြောတော့မည့်ဟန်ပြင်လိုက်သည်။ သံချပ်ကာ တပ်ကြီးက တိတ်တဆိတ် ခြေလှမ်းတစ်လှမ်းတိုးလိုက်ရာ ၎င်းတို့၏ လွှမ်းမိုးနိုင်စွမ်းပြင်းသော တည်ရှိမှုသည်ကျင့်ကြံသူအားလုံးကို ထိတ်လန့်တကြား ဆုတ်ခွာသွားစေသည်။
တစ်ချိန်က ရှုပ်ယှက်ခတ်နေသော အခြေအနေသည် တစ်ဖန်ရှင်းလင်းလာသည်။
ရွှယ်အန်းသည် အခြားသောကျင့်ကြံသူတစ်ဦး၏ ဦးခေါင်းကို လက်သီးဖြင့် ထိုးနှက်ပြီးနောက် သံချပ်ကာ ၀တ်ထားသော စစ်သားများရှေ့တွင် ပေါ်လာသည်။ ရှောင်ရွှေ့နှင့် အခြားသူများက ရွှယ်အန်း၏ အမိန့်ကို စောင့်ဆိုင်းလျက် တစ်ညီတစ်ညွတ်တည်း ဦးညွတ်ကြသည်။
...
ရွှယ်အန်းသည် စစ်မြေပြင်ကို စူးစမ်းလေ့လာ၍ အဝေးမှ လော့ဝမ်ရှီကို ခပ်ပါးပါးပြုံးပြလိုက်သည်။
“ဒီလက်ဆောင်ကို ခင်ဗျားကြိုက်မယ်လို့ မျှော်လင့်ပါတယ်”
ထို့နောက် မျက်နှာချင်းဆိုင်ရှိ ကျင့်ကြံသူအားလုံးကို လက်ညှိုးထိုးပြလိုက်သည်။
“သူတို့အားလုံးကို သတ်ပစ်လိုက် သက်ညှာပေးစရာမလိုဘူး”
ထိုအေးစက်သော အမိန့်ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှောင်ရွှေ့က ဦးဆောင်သော လူသားမျိုးနွယ်စစ်သားများအားလုံးသည် ငရဲရထားလုံးကြီးကဲ့သို့ စစ်ပွဲတွင် စုဝေးကြကာ အရာရာကို ချေမှုန်းသုတ်သင်လိုက်ကြသည်။ ကျင့်ကြံသူ မည်သူတစ်ဦးတစ်ယောက်မျှ ဤသံချပ်ကာဝတ်စစ်သည်တော်များကို မယှဥ်နိုင်ခဲ့ပေ။
ရွှေအင်မော်တယ်များကပင် ဤတိုက်ပွဲကို ရင်ဆိုင်ရသောအခါ မရှုနိုင်မကယ်နိုင်ဖြစ်လျက်ရှိသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် သံချပ်ကာဝတ်စစ်သည်တော်များက ဆယ်မီတာကျော်ကျော် ချီတက်လာခဲ့သည်။ ၎င်းတို့ ဖြတ်သွားသောလမ်းတစ်လျှောက်တွင် အလောင်းများက မြေပြင်ပေါ်လဲကျကာ သွေးများက မြစ်ချောင်းများကဲ့သို့ စီးဆင်းနေသည်။ ဤကျင့်ကြံရေးသမားများက ကောင်းစွာ လေ့ကျင့်ထားသည့် စစ်တပ်မဟုတ်ဘဲ ၎င်းတို့ကို ပုန်ကန်နေသည့် လူသားမျိုးနွယ်စုဝင်များကို တိုက်ခိုက်ရန်သာ စုစည်းလာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စတင်တိုက်ခိုက်သည်နှင့် ကျင့်ကြံရေးသမားများအားလုံး ပြိုလဲမည့် လက္ခဏာများပြနေကြပြီဖြစ်သည်။
သံချပ်ကာဝတ်စစ်သည်တော်များ၏ ကြောက်မက်ဖွယ်စွမ်းအားများ အပြည့်အဝပေါ်လွင်လာသောအခါ ကျင့်ကြံသူများအားလုံး ကွဲထွက်သွားကြသည်။ ဖွဲ့စည်းမှု၏ အနောက်ဘက်ရှိ ကျင့်ကြံသူများသည် လှည့်ပတ်ထွက်ပြေးကြကသည်။ ကြောက်လန့်တကြားထွက်ပြေးရင်းဖြင့် ၎င်းတို့ ခြေထောက်အပိုမပါသဖြင့် ကျိန်ဆဲလျက်ပင်ရှိကြရာ ဤအနက်ရောင် နတ်ဆိုးများကို မည်သူမျှ မရင်ဆိုင်ရဲကြပေ။ လော့ဝမ်ရှီက ခြေဖျားလက်ဖျားများအေးစက်လျက် အနောက်မှကြည့်နေသည်။ သို့သော် ရှုံးနိမ့်မှုက တောင်ကြီးပြိုသည့်နှယ်ဖြစ်ရာ သူ ထိန်းချုပ်နိုင်သည့် အတိုင်းအတာတွင်မရှိတော့ပေ။
သို့သော် ရှောင်ရွေ့က မည်သည့် ကျင့်ကြံသူကိုမျှ အလွတ်ပေးမည်မဟုတ်ကြောင်း သိသာသည်။
လူသားမျိုးနွယ်စစ်သည်တော်များအားလုံးသည် ကြီးမားသောအခက်အခဲများကို ကြံ့ကြံ့ခံကာ ယနေ့အထိ စောင့်မျှော်နေခဲ့ကြသည်။
ထို့ကြောင့် ရှောင်ရွေ့၏ အကြည့်တစ်ချက်ဖြင့် သံချပ်ဝတ်ထားသော စစ်သည်တော်များသည် ချက်ချင်းပင် တိုက်ခိုက်ရေးပုံစံကို ပြောင်းလဲကာ အတွင်းတွင် ကျင့်ကြံသူများအားလုံးကို ဝိုင်းရံထားလိုက်သည်။
ဤမမျှော်လင့်ထားသော အပြောင်းအလဲကြောင့် ကျင့်ကြံသူအားလုံး နာကျင်စွာ အော်ဟစ်ခဲ့ကြသည်။
သို့သော် ဤသည်က သံချပ်ကာဝတ်စစ်သည်များ၏ အစုလိုက်အပြုံလိုက်တိုက်ခိုက်မှုကို မရပ်တန့်နိုင်ခဲ့ပေ။
တကယ်တမ်းတွင် ဤကျင့်ကြံရေးသမားများကသာ သတ္တိရှိရှိဖြင့် ပြန်လည်တိုက်ခိုက်ပါက ဤမျှ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ရမည်မဟုတ်ပေ။ နောက်ဆုံးတွင်မူ ၎င်းတို့အားလုံးအနက် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ အနည်းငယ်ရှိသည်။
သို့သော် အချင်းချင်း အဟန့်အတားဖြစ်စေသော ဤမငြိမ်မသက်မှုများတွင် သံချပ်ဝတ်စစ်သားအစစ်များကဲ့သို့ လူသတ်စက်များကို မည်သို့ ခုခံနိုင်မည်နည်း။
နေရာတိုင်းတွင် သွေးများ စွန်းထင်းလာသည်။
ရှောင်ရွှေ့နှင့် နှင့် အခြားသူများ သည် ဤကျင့်ကြံသူများ၏ အသက်ကို မညှာမတာ ရိတ်သိမ်းခဲ့သည်။ လော့ဝမ်ရှီက ဒေါသတကြီးဟိန်းဟောက်ကာ အစွမ်းကုန်ရုန်းကန်သော်လည်း အခြေအနေကို လုံးဝမပြောင်းလဲနိုင်ခဲ့ပေ။
ထိုခဏ၌ ဘုန်းကြီးများက ခြံဝင်းအတွင်းသို့ ဖြည်းညှင်းစွာ စီတန်း ဝင်လာရာ ၎င်းတို့အနက်
ခေါင်းနောက်တွင် ရွှေရောင်ရောင်ခြည်တော်များ ဖြာထွက်သေနည့် ဘုန်းကြီးတစ်ပါး ရပ်နေသည်။ ခပ်ပိန်ပိန် ဘုန်းကြီးတစ်ပါးက ဆက်လက်ဖြစ်ပွားနေသော လူသတ်ပွဲကြီးကို သနားစိတ်အပြည့်ဖြင့် ကြည့်ကာ ခေါင်းကို ခါယမ်းလျက် သက်ပြင်းအသာချလိုက်သည်။
"အား… ဗုဒ္ဓေါ မင်းဘာလို့ ဒီလောက်တောင် ဆိုးသွမ်းနေတာလဲ။ ဘာလို့ အမုန်းတရားတွေကို လက်လွှတ်ပြီး ဘုန်းဘုန်းတို့ ဗုဒ္ဓနိုင်ငံတော်ကို မဝင်တာလဲ”
ဤဘုန်းကြီးကိုမြင်သောအခါ လော့ဝမ်ရှီက အသက်သွေးကြောကို ဆုပ်ကိုင်ထားသကဲ့သို့ အော်လိုက်သည်။
“ဆရာ ကျုပ်ကို ကယ်ပါ။ ကျုပ်က မြို့သခင် လော့ဖုပါ။ ကျုပ်ကို ကယ်ပေးရင် ကောင်းကင်ဘုံတာအို မူလဇစ်မြစ်နဲ့ပတ်သက်တဲ့ အချက်အလက်အားလုံးကို ပြောပြဖို့ ဆန္ဒရှိပါတယ်”
ဘုန်းကြီး၏ မျက်လုံးများက တောက်ပလာပြီးနောက် ပြုံးကာ ခေါင်းညိတ်လျက် အဝေးမှ ရွှယ်အန်းကို လှမ်းကြည့်လိုက်သည်။
“ဒကာလေးရွှယ်.. မတွေ့တာကြာပြီ”
ရွှယ်အန်းက ပိန်ပါးပါးဘုန်းကြီးကိုကြည့်၍ ထူးမခြားနားသော အမူအရာဖြင့် ဘာသိဘာသာပြောလိုက်သည်။
“ကုချန် မင်းလည်း ဒီကံကြမ္မာကစားပွဲကို ဝင်လာလိမ့်မယ်လို့ မထင်ထားဘူး။ မင်း တကယ် ဘုရားလောင်းအဆင့်ကို ရောက်သွားပြီလား”
ဝင်လာသူမှာ ရွှယ်အန်းနှင့်အတူ ကံကြမ္မာကစားပွဲသို့ဝင်လာသည့် အရှင်ကုချန်မှတပါး အခြားသူမဟုတ်ပေ။
ဤစကားကိုကြားသောအခါ သူက ခပ်ပါးပါးပြုံးလိုက်သည်။
"အရာရာကို ကြိုတင်စီမံထားပေပါတယ်၊ ဒကာလေးရွှယ် ဘာကြောင့်များ ဒီလောက်အတိုင်းအတာထိ ရက်စက်ဖို့လိုသလဲ။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးသာဆိုရင် ကမ္ဘာကြီးတစ်ခုလုံး ကန်းသွားလိမ့်မယ် ဆိုတဲ့ ဆိုရိုးအတိုင်း ဒကာ အခု ရပ်တန့်လိုက်ရင် ကောင်းလိမ့်မယ်….ဗုဒ္ဓဘာသာမှာ ကရုဏာက ရောင်ပြန်ဟပ်တယ်တဲ့။ သားသတ်သမားရဲ့ ဓားကို လွှတ်ချအောင်လုပ်နိုင်တဲ့လူက ချက်ချင်းဘုရားဖြစ်နိုင်တယ်တဲ့”
သူဤသို့ပြောနေစဥ် ကုချန်၏ ခေါင်းနောက်ရှိ ရောင်ခြည်တော်များက ပို၍ တောက်ပလာကာ
ဝင်းတစ်ခုလုံးကို ဖြည်းညှင်းစွာ ထွန်းလင်းတောက်ပစေ၍ နုနယ်သောနှလုံးသားနယ်ပယ်များရှိ ကျင့်ကြံသူအများအပြားကို တုံ့ဆိုင်းသွားစေသည်။
ဤရွှေရောင်တောက်ပမှုအောက်တွင် သံချပ်ကာ စစ်သည်တော်များသည် လှုပ်ရှားမှုလုံးဝရပ်သွားသည်အထိ တဖြည်းဖြည်း နှေးကွေးလာသည်။
လော့ဝမ်ရှီ အံ့အားသင့်စွာဖြင့် အားပါးတရ အော်ဟစ်လိုက်ကာ အသက်ရှုထုတ်လိုက်သည်။
“ဆရာ့ရဲ့ စွမ်းရည်က တုနှိုင်းမမှီနိုင်ပါဘူး။ ဒါပေမယ့် သတိထားပါ။ ဒီလူသားမျိုးနွယ်ဝင်က အရမ်းရက်စက်ပြီး ထူးခြားလွန်းတယ်”
ကုချန်က အနည်းငယ်ပြုံးကာ ရွှယ်အန်းကို ရိုးရိုးရှင်းရှင်းကြည့်လိုက်သည်။
"ဒကာလေးရွှယ်… ဒီ ဘုန်းကြီးအိုကြီးရဲ့ စကားကို မင်းဘယ်လိုထင်လဲ"
လေထုသည် အနည်းငယ် တိတ်ဆိတ်သွားသည်။
ကုချန်က ယခုတင်ပေါ်လာကာ သံချပ်ကာတပ်ကြီးမှ စစ်သားများကို နိုင်နင်းစွာ အနိုင်ယူခဲ့ခြင်းသည် ချန်ယာ့ယွင်နှင့် လျို့ခယ့်ခယ်အပါအဝင် လူတိုင်းကို ထိတ်လန့်စေခဲ့သည်။ ဝမ်ချန်ယိသည် ဘုန်းကြီးကိုကြည့်လျက် နှလုံးသားတစ်ခုလုံး ထိတ်လန့်မှုများပြည့်သွားရသည်။
ကုချန်ပေါ်လာသည်နှင့် တပြိုင်နက် ဝမ်ချန်ယိ၏ ဂါရန်အင်မော်တယ်ပုံရိပ်သည် သူ့ခန္ဓာကိုယ်မှ ခုန်ထွက်ကာ ကုချန်ကို ကိုးကွယ်ရန် ဦးချလိုနေသည့်အလားထင်ရသည်။ ယင်းကြောင့် ဝမ်ချန်ယိ ထိတ်လန့်သွားကာ ဗုဒ္ဓဘာသာ ကျင့်ကြံရေးတွင် ကုချန်က အလွန်အမင်း စွမ်းအားကြီးကြောင်း သူသိလိုက်သည်။
ရွှယ်အန်း၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွား၏။
“ငါထင်တယ်… မင်းက… ဒီတိုင် လေကြီးနေတာပဲ”
ရွှယ်အန်း၏ စကားနှင့်အတူ ကြီးမားသော နတ်အာရုံတစ်ခု ထွက်ပေါ်လာကာ ကုချန်ဖန်တီးထားသော ဗုဒ္ဓအလင်းရောင်နှင့် တိုက်ရိုက် ထိတွေ့သွားသည်။
ဘမ်း
အမြဲတစေ ကြင်နာသနားတတ်သော မျက်နှာရှိနေသည့် ကုချန်က နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားရကာ ဦးခေါင်းနောက်မှ ရောင်ခြည်တော်များ အနည်းငယ် မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်။
ဗုဒ္ဓတရား၏အလင်းရောင်ကြောင့် ချုပ်နှောင်ခံလိုက်ရသော စစ်မှန်သော သံချပ်ကာဝတ်စစ်သည်တော်များအားလုံးသည် ပြန်လည် လွတ်မြောက်ကာ ကြွေးကြော်ရန် ပြင်ဆင်ကြသည်။
ရွှယ်အန်းသည် သူ့လက်ကို ဝှေ့ယမ်းကာ လောလောဆယ် ထိန်းထားရန် အချက်ပြသည်။
ထို့နောက် တုန်လှုပ်ခြောက်ခြားနေသော မျက်လုံးများဖြင့်ကြည့်နေသည့် ကုချန်ကို ကြည့်လိုက်၏။
"ဘုရားလောင်း အဆင့်ရောက်ရုံနဲ့ မင်းစိတ်တိုင်းကျ လုပ်နိုင်မယ်လို့ မင်းတကယ်ထင်ခဲ့တာလား။ မဟာဝေရောစနကိုယ်တိုင် ဒီနေ့ဒီမှာ ရှိနေရင်တောင်မှ ခေါင်းငုံ့ထားရမှာပဲ"
(ဘာသာပြန်သူ မှတ်စု ။ ။ Mahavairocana မဟာဝေရောစန - မဟာယာနဗုဒ္ဓဘာသာထဲမှ ဗုဒ္ဓဘုရားတစ်ပါးအမည်)
“နောက်ပြီး…” ရွှယ်အန်းက ခေတ္တရပ်လိုက်သည်။
“မင်းကျင့်ကြံထားတဲ့ ဘယ်ဟာကမျ ဗုဒ္ဓတရားရဲ့ စစ်မှန်တဲ့ တရားတော်တွေနဲ့တောင် မညီဘူးကွ”
ကုချန်၏ မျက်နှာထက်၌ ဝမ်းနည်းမှုအငွေ့အသက်အချို့ပေါ်လာသည်။
"ဒကာလေးရွှယ်… ဘာကြောင့် ဒီလိုပြောတာလဲ။ ဗုဒ္ဓဘာသာအဆုံးအမတွေကို ဆဲဆိုတာက အဝီစိငရဲရဲ့ အဆုံးမဲ့ ညှင်းပန်းနှိပ်စက်မှုကို ခံရနိုင်တယ်ဆိုတာ မောင်ရင်သိသင့်တယ်”
ရွှယ်အန်းက အားပါးတရ ရယ်မောကာ ကုချန်ကို လက်ညှိုးထိုးလိုက်သည်။
“ကတုံးမြည်း မင်းရဲ့ ဟန်ဆောင်မှုတွေကို ငါ့ဆီလာမလုပ်နေနဲ့ကွ။ မင်းရဲ့ ဗုဒ္ဓနိုင်ငံကို ငါရောက်ဖူးပြီးပြီ။ ရှေးရိုးဖြောင့် ဗုဒ္ဓဘာသာကျင့်ကြံသူတွေ ဘယ်လိုပုံစံလဲ ဆိုတာ ငါ့မျက်စိနဲ့ မြင်ဖူးတယ်”
ဗုဒ္ဓဘာသာသည် အနန္တစကြဌာနယ်မြေများတွင် အလွန်ထူးခြားသောဂိုဏ်းတစ်ခုဖြစ်သည်။
ရှေးခေတ်က ပေါ်ပေါက်ခဲ့သော အခြားဂိုဏ်းများနှင့် မတူဘဲ ဗုဒ္ဓဘာသာ၏ သမိုင်းကြောင်းမှာ ရှည်လျားလှကာ ကြီးမားသော ကုသိုလ်ကံနှင့် ကရုဏာကြီးမားသော ပုဂ္ဂိုလ်က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ အင်မော်တယ်များ၊ နတ်ဆိုးများနှင့် နတ်ဘုရားများကြားတွင် ကြီးကျယ်ခမ်းနားသော
ဗုဒ္ဓနိုင်ငံတော်ကို ဖန်ဆင်းခဲ့သည်။ ရွှယ်အန်းက ထိုလူကို အလွန်လေးစားသည်။ ယခင်က အနန္တစကြဝဌာတစ်ခွင် သူကျဥ်လည်ခဲ့စဥ် မူလဗုဒ္ဓနိုင်ငံတော်သို့ အမှန်ပင် သွားရောက်လည်ပတ်ဖူးသည်။
သူသည် ဗုဒ္ဓဘာသာကို တည်ထောင်သူနှင့် အကြိမ်ကြိမ် စကားပြောဖူးသည်။
ထိုဗုဒ္ဓနိုင်ငံတော်တွင် စစ်မှန်သော ဗုဒ္ဓဘာသာ ကျင့်ကြံသူများကို ရွှယ်အန်းက မြင်ခဲ့သည်။ ထိုသူများသည် အကန့်အသတ်မဲ့သော သနားညှာတာစိတ်ရှိကြကာ ၎င်းတို့ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးကို အလင်းပေးနိုင်ရန်၊ ကံကြမ္မာကိုအားကိုးလျက် မည်သူ့ကိုမျှ မည်သည့်အရာကိုမျှ အတင်းအကြပ်မခိုင်းစေဘဲ ကူညီပေးခဲ့ကြသည်။
၎င်းတိုက ကုချန်ကဲ့သို့ နောက်လိုက်များ၏ ဝိဉာဥ်များကို စုစည်းကာ လူသားများကို ဝဋ်၏ အမျိုးမျိုးသော ခြိမ်းခြောက်မှုများဖြင့် မည်သည့်အခါမျှ ခြောက်လှန့်ကြမည်မဟုတ်ပေ။
ဤသည်မှာ ဗုဒ္ဓဘာသာမဟုတ်… ဒိဌိလမ်းကြောင်းသာဖြစ်သည်။
အခန်း(၆၃၀) ကောင်းကင်ဘုံနတ်တွေနဲ့ နတ်ဆိုးတွေက ငါ့အတွက် ခွေးတွေ ကြက်တွေသာသာပဲ
ရွှယ်အန်းက ဤသို့ပြောသည်ကိုကြားသောအခါ ကုချန်၏ မျက်နှာက အလွန်အမင်းလေးနက်သွားသည်။
“လူကြီးမင်းရွှယ် မင်း ဗုဒ္ဓနိုင်ငံတော်ကို ရောက်ဖူးတယ်လို့သာပြောနေတာ ဗုဒ္ဓနိုင်ငံတော်က လူတွေ ဖန်ဆင်းထားတာတောင် မသိဘဲနဲ့။ ဗုဒ္ဓရဲ့လုပ်သမျှက မှန်ကန်တာမဟုတ်ဘူး။ ငါလုပ်တာက ငါကိုယ်ပိုင်ရဲ့ ဗုဒ္ဓနိုင်ငံတော်ကို ဖွဲ့စည်းမလို့ပဲ”
ရွှယ်အန်းက ထိုစကားကိုလှောင်ရယ်လိုက်သည်။
“ဒါဆို မင်းရဲ့ ဗုဒ္ဓနိုင်ငံကို ဖန်တီးလိုက်လေ ဘာလို့ အဆက်မပြတ် စကားတွေပြောနေတာလဲ၊ သားသတ်သမားရဲ့ ဓားကို ချလိုက်ပြီး ချက်ချင်း ဗုဒ္ဓဖြစ်လာဖို့ ငါတို့ကို ဆက်ပြောနေတာလား”
ထိုအချိန်၌ ရွှယ်အန်း၏ မျက်နှာပေါ်တွင် ပြင်းထန်သော လူသတ်ရန် ရည်ရွယ်ချက်တစ်ခု ပေါ်လာသည်။
“လူသားမျိုးနွယ်စုက အသတ်ခံနေရတုန်းက မင်းရဲ့ သနားညှာတာမှုတွေဘယ်ရောက်နေလဲ။ အမုန်းတရားတွေကို ဖယ်ဖျောက်ပစ်ဖို့ တစ်ခုတည်းသော နည်းလမ်းက မင်းရဲ့ ရန်သူအားလုံးကို သတ်ပစ်ဖို့ပဲ ရှိတယ်။ ငါ့မှာရှိတဲ့ အတွေ့အကြုံ မင်းမှာမရှိရင် မင်းရဲ့နှုတ်သီးကို ပိတ်ထားလိုက်။ မဟုတ်ရင်တော့ မင်းခေါင်းနောက်က ရွှေရောင်အကွင်းကြီးကို ငါဆွဲဖြုတ်ပစ်လိုက်မယ်။ သတိထားနေ”
ကုန်ချန်က ရွှယ်အန်း၏ စကားလုံးများမှ တင်းမာမှုကြောင့် ဆွံ့အသွားရကာ နောက်ဆုံးတွင် သူ့လက်အုပ်ချီလိုက်တော့သည်။
“ဒကာလေးက နတ်ဆိုးလမ်းစဥ်ကို လိုက်သွား ပြီ။ … ဒီဘုန်းကြီးအိုကြီး…”
“မင်းအမေကို နတ်ဆိုးလမ်းစဥ်လိုက်ပါလား ကတုံးရဲ့”
...
ရွှယ်အန်းက အေးစက်စွာအော်လိုက်ကာ မည်သူမျှ မသိလိုက်ခင်၌ ကုချန်၏ ခေါင်းနောက်၌ ပြန်ပေါ်လာကာ တောက်ပနေသော ခေါင်းကို တည့်တည့် ထိုးနှက်လိုက်သည်။
ဘမ်း
ဤရိုက်ချက်ကြောင့် ကုချန်သည် မြေပြင်ပေါ်မှ လွင့်ထွက်သွားကာ လေထုအလယ်တွင် ၃၆၀ ဒီဂရီလည်ပတ်သွားပြီးနောက် နောက်ဆုံးတွင် ဘုံးခနဲပြန်လည်ပြုတ်ကျလာသည်။
ဤအခိုက်အတန့်တွင် ကုချန်၏ မျက်လုံးထဲ၌ ဒေါသများ ပေါ်လာပြီဖြစ်သည်။
“အဆုံးမဲ့ ဗုဒ္ဓ….”
“မင်းအမေကို အဆုံးမဲ့ဗုဒ္ဓနိုင်ငံပါလား”
ရွှယ်အန်းက တစ်ဖန်ပြန်၍ သူ့ဘေးနားတွင်ပေါ်လာကာ ကုချန်၏ ဦးခေါင်းကို ဘောလုံးကဲ့ကန်ထုတ်လိုက်သည်။ အမှတ်တမဲ့ အဝေးမှ နံရံရှိ ပန်းအိုးများစွာသည် ကုချန်၏ ခန္ဓာကိုယ်နှင့် တိုက်မိကာ ကွဲကြေကုန်သည်။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
“ဂိုးတယ်… ပြီးပြည့်စုံလိုက်”
ကုချန်၏ မျက်နှာပေါ်တွင် ထိတ်လန့်သောအကြည့်တစ်ခု ပေါ်လာသည်။ သူသည် ယခင်က ရွှယ်အန်း၏ ရိုက်နှက်ခြင်းကို ခံခဲ့ရဖူးသော်လည်း ယခုမူ သူသည် ဘုရားလောင်းအဆင့်သို့ရောက်ရှိသွားပြီဖြစ်ကာ ရွှယ်အန်းသည်မူ ကျင့်ကြံရေးအဆင့်ကို ဆုံးရှုံးထားရသည်ဖြစ်၍ ဤသို့ အရိုက်ခံရသည်ကို နားမလည်နိုင်ဖြစ်နေသည်။
ဘာတွေမှားသွားတာလဲ…။
လော့ဝမ်ရှီသည်လည်း ထပ်တူထပ်မျှ ထိတ်လန့်သွားသည်။
သူသည် အသက်သွေးကြောကို ရှာတွေ့မည်ဟု ထင်ခဲ့သော်လည်း ရွှယ်အန်း၏ ရိုက်နှက်ခြင်းကို ဆက်လက်ခံရမည်ဟု မမျှော်လင့်ခဲ့ပေ။
ထိုအချိန်တွင် ရွှယ်အန်းသည် နံရံအပြင်ဘက်ရှိ ညကောင်းကင်ကို ခေါင်းမော့ကြည့်လိုက်သည်။
“မင်းတို့နှစ်ယောက်လုံး ရောက်နေပြီကို ဘာလို့ ကိုယ်ထင်မပြသေးတာလဲ”
ရွှယ်အန်း၏ စကားနောက်တွင် လေဟာနယ်ထဲရှိ အမှောင်ထဲမှ လန်ကျွင်းရှဲ့နှင့် ဖေးထျန်တို့ နှစ်ယောက်လုံး ထွက်ပေါ်လာကြသည်။ ၎င်းတို့သည် မြို့သခင်အိမ်တော်သို့ ယခုမှတင် ရောက်ရှိလာကြခြင်းဖြစ်သည်။
အခမ်းအနားကြောင့် ဂိုဏ်းပေါင်းစုံ၊ မျိုးနွယ်စုများအားလုံး ဖိတ်ကြားခြင်းခံရသည်။
သို့သော် တစ်ယောက်က နတ်ဆိုးမျိုးနွယ်၏လေးစားရသော ဂျူနီယာဖြစ်ကာ တစ်ယောက်မှာ ရှုရာဘုရင်ဖြစ်သည်။
၎င်းတို့နှစ်ဦးလုံးကို ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများက လက်မခံထားကြပေ။ ထို့ကြောင့် နှစ်ဦးလုံး ဂရုတစိုက်ရောက်ရှိလာကာ အခြေအနေကို အကဲဖြတ်ပြီးမှ ဝင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့သော် ကုချန်ကို အပြင်းအထန် ရိုက်နှက်ခဲ့သော ရွှယ်အန်းကို မြင်တွေ့ခဲ့ကြရသည်။
ကုချန်ကို သူတို့ မှတ်မိကြသော်လည်း … မှန်သည် ကမ္ဘာပေါ်တွင် ၎င်းတို့ကို သုတ်သင်လုနီးပါး ဖြစ်ခဲ့သော ရွှယ်အန်းကိုလည်း သိကြသည်။
ဤရှာဖွေတွေ့ရှိမှုသည် သူတို့ကို အေးခဲသွားစေသောကြောင့် အချိန်အတော်ကြာ စောင့်ကြည့်ရန် ရည်ရွယ်ထားသည်။ သို့တိုင် ၎င်းတို့ရောက်ရှိနေခြင်းကို ရွှယ်အန်းက စကားတစ်ခွန်းတည်းပြောကာ ထုတ်ဖော်ပစ်ခဲ့သည်။
နတ်ဆိုးနှင့် ရှူရာဘုရင်တို့ ကိုယ်ထင်ပြလာသောအခိုက်၌ အောက်ရှိကျင့်ကြံသူများအားလုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားကြသည်။
“ဒါက နတ်ဆိုးမျိုးနွယ်စု သံဝိုင်းတောင်အောက်မှာ ဒီမျိုးနွယ်စုကို ဖိနှိပ်ထားလို့ အချိန်အကြာကြီးထိ ပေါ်မလာသေးဘူးမလား”
“မင်းက အရမ်းကွင်းစက်လွတ်နေပြီ။ သံဝိုင်းတောင်ကြီးမှောက်သွားလို့ နတ်ဆိုးတွေအားလုံးထွက်လာပြီ”
"ရှူရာအနွယ်လည်း ဒီကိုရောက်နေပြီ။ မျိုးနွယ်ပေါင်းတစ်ထောင် စုစည်းမှုမှာ ဘာဖြစ်နေတာလဲ၊ ဘာကြောင့် ဒီလောက် အသက်ဝင်နေရတာလဲ"
သို့သော် လော့ဝမ်ရှီက ထိုကိစ္စကို ဂရုမစိုက်နိုင်တော့ပေ။ အေးတိအေးစက် တိတ်ဆိတ်နေသော စစ်သည်များကို ကြည့်ရင်း သူ့တစ်ကိုယ်လုံး ချမ်းတုန်လာသည်။
ယခု သူ့အတွက်၊ ရွှယ်အန်းကိုသတ်ခြင်းသည် အခြားအရာများထက် ပိုအရေးကြီးသည်။
ထို့ကြောင့် သူက ကျယ်လောင်စွာအော်ပြောလိုက်၏။
“လူသားမျိုးနွယ်က ဒီလူကို သတ်နိုင်ရင် ကောင်းကင်တာအိုဇစ်မြစ်နဲ့ပတ်သက်တဲ့ အချက်အလက်အားလုံးကို ငါပေးဖို့ ဆန္ဒရှိတယ်”
လန်ကျွင်းရှဲ့ နှင့် ဖေးထျန်တို့သည် အကြည့်ချင်းဖလှယ်ကြကာ တဟီးဟီးရယ်လိုက်ကြသည်။
“ရွှယ်အန်း မင်း အခုအချိန်အထိ အသက်ရှင်နေမယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားဘူး။ ဘာကိစ္စရှိလို့လဲ၊ လူသားမျိုးနွယ်ဝင်အဖြစ် ဒီကစားပွဲထဲဝင်ပြီး ကျင့်ကြံရေးအဆင့်အားလုံးကို ဆုံးရှုံးခဲ့တယ်ပေါ့" ဖေးထျန်က ရယ်မောလိုက်သည်။
လန်ကျွင်းရှဲ့ က ဘာသိဘာသာပြောလိုက်သည်။
“သူနဲ့ လေကုန်ခံမနေနဲ့။ ရွှယ်အန်းကို သတ်ပြး သူ့ကံကြမ္မာကိုခွဲပစ်လိုက်”
"မင်းတို့နှစ်ယောက်က ဘုန်းကြီးတစ်ပါးကို မေ့နေကြပြီလား၊ ဒီလူက အရမ်းကိုင်တွယ်ရခက်တယ်။ ငါတို့သုံးယောက် သူ့ကို အတူတူပေါင်းပြီးတိုက်ကြမယ်” ကုချန်သည် မယိမ်းမယိုင်သော တည်ငြိမ်မှုကို ပြန်လည်ရရှိကာ အေးစက်စွာပြောလိုက်သည်။
လန်ကျွင်းရှဲ့ နှင့် ဖေးထျန်တို့ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
လော့ဝမ်ရှီက ဝမ်းသာအားရပြောလိုက်သည်။
"မင်းတို့ သုံးယောက် ပေါင်းနိုင်ရင် ဘယ်အရာမှ ပိုကောင်းနိုင်မှာ မဟုတ်ဘူး။ လော့ဖုမြို့သခင်က
သေချာပေါက် ဆုလာဘ်ကြီးတစ်ခု ပေးမယ်"
ထို့နောက် ရွှယ်အန်းဘက်လှည့်ကာ ပြောလိုက်၏။
“ဟေးဟေး ကောင်းကင်က မင်းရဲ့ လူသားမျိုးနွယ်ကို ချေမှုန်းပစ်ချင်နေတာ၊ မင်းကို ဘယ်သူမှ မကူညီနိုင်ဘူး။ ဟားဟားဟား”
အခြေအနေက သိသိသာသာပြောင်းလဲသွားပုံရသည်။ ကျင့်ကြံသူများသည် ရွှယ်အန်းနှင့် သူ၏ အပေါင်းအဖော်များကို စေ့စေ့ကြည့်၍ စိတ်ကိုထိန်းလိုက်သည်။ ဟွာယို့အန်းနှင့် အခြားသူများ၏ မျက်နှာများက တဖြည်းဖြည်း ဖြူဖျော့လာသည်။ ချန်ယာ့ယွင်နှင့် ဝမ်ချန်ယိတို့က အကြည့်ချင်းဖလှယ်လိုက်ကြကာ ၎င်းတို့၏ အမူအရာများက ပိုမိုလေးနက်လာသည်။
၎င်းတို့၏ကျင့်ကြံရေးအဆင့်အရ လန်ကျွင်းရှဲ့ နှင့် ဖေးထျန်တို့မှ ထွက်ပေါ်လာသော အစွမ်းထက်သော ကျင့်ကြံရေးစွမ်းအင်အနိမ့်အမြင့်ကို အာရုံခံစားနိုင်ကြသည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ရွှေအင်မော်တယ် ကျင့်ကြံသူများဖြစ်ကြသည်။ ထို့အပြင် နတ်ဆိုးမျိုးနွယ်စုနှင့် ရှူရာမျိုးနွယ်စုတို့နှစ်ခုစလုံးတွင် စစ်ရေးကွပ်ကဲမှု နည်းဗျူဟာများ ရှိသည်။
ဧကန်မုချ ၎င်းတို့သည် အဆုံးမဲ့သော နတ်ဆိုးစစ်သားများနှင့် ရှူရာတို့ကို ၎င်းတို့နှင့်အတူ ခေါ်လာခဲ့သည်။
ဤသည်က အမှန်ပင် အသွားထက်သော အခြေအနေတစ်ခုဖြစ်သည်။ သို့ထိတိုင် ရွှယ်အန်းက ခံစားချက်ကင်းမဲ့စွာဖြင့် ၎င်းတို့ကို တိတ်တဆိတ်ကြည့်နေသည်။
"မင်းတို့သုံးယောက်”
ထို့နောက် သူသည် ညကောင်းကင်ကို မော့ကြည့်လိုက်ကာ မျက်လုံးများက လင်းလက်နေ၏။
"ပြီးတော့ မင်း၊ ကြယ်တာရာနယ်မြေရဲ့ နတ်ဘုရား”
ရွှယ်အန်း၏ စကားများ ၏ အဓိပ္ပါယ်ကို လူများ နားမလည်မီ၊
ညကောင်းကင်ယံ၌ ကျီဝေ့ကြယ်က ရုတ်တရက် လင်းလက်တောက်ပလာသည်ကို တွေ့လိုက်ရပြီးနောက် ကောင်းကင်တွင် တောက်ပနေသော ကြယ်များဖြင့် ခင်းထားသည့်လမ်းတစ်ခုပေါ်လာသည်။ ထို့နောက် မြင့်မားသော သရဖူနှင့် ကျယ်သော ခါးပတ်ကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ထိုနေရာမှ ဖြည်းညှင်းစွာဆင်းသက်လာသည်။
ထို့နောက်တွင် တောင်ပင်လယ်ဂိုဏ်းခေါင်းဆောင် ဖန်တင်းထျန်နှင့် ထိပ်တန်းကျွမ်းကျင်သူအမျိုးမျိုးပါလာသည်။
မျက်နှာဖြူဖျော့ဖျော့ ကောင်မလေးတစ်ယောက်ကလည်း ထိုလူငယ်နောက်သို့ အနီးကပ်လိုက်လာနေသည်ကိုမြင်လိုက်ကြရသည်။
“အဲ့တာ တောင်ပင်လယ်ဂိုဏ်းပဲ”
တောင်ပင်လယ်ဂိုဏ်းကလူတွေ ပေါ်လာပြီ”
“အဲ့လူက ဘယ်သူလဲ။ ဘာလို့ တောင်ပင်လယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးရှေ့မှာ လမ်းလျှောက်နေတာလဲ"
အာမေဋိတ်သံများ အဆက်မပြတ် ပေါ်လာသည်။
ထို့နောက် နတ်သားတော်ကျီဝေ့သည် ကြယ်ရောင်ထိပ်တွင်ရပ်ကာ အောက်ဘက်ရှိလူအုပ်ကို စိုက်ကြည့်ပြီးမှ ရွှယ်အန်းကို ကြည့်လိုက်သည်။
“စိတ်ဝင်စားစရာပဲ မင်းက တကယ်ပဲ ကြယ်တာရာနယ်မြေကိုသိတယ်ပေါ့”
သူ့မျက်လုံးထဲမှ အပျော်မက်မှုနှင့် သာလွန်မှုတို့က လူအများကို စိတ်မသက်မသာဖြစ်စေသည်။
ရွှယ်အန်းသည် နတ်သားတော်ကျီဝေ့ကိုကြည့်၍ ခေါင်းခါလိုက်သည်။
"မင်းရဲ့ အေးချမ်းတဲ့နေ့တွေ အရမ်းကြာသွားပုံရတယ်၊ မင်း အံ့သြစရာဆိုတာ ဘာလဲကို မေ့သွားပြီ”
ဤစကားများကြားသောအခါ နတ်သားတော်ကျီဝေ့၏ မျက်နှာက မှောင်မိုက်သွားကာ အေးစက်စွာအော်လိုက်သည်။
“သေမျိုးတစ်ကောင်က ဒီလောက် မောက်မာတယ်ပေါ့”
ထိုအချိန်တွင် လန်ကျွင်းရှဲ့၊ ကုချန်နှင့် ဖေးထျန်တို့သည် နတ်သားတော်ကျီဝေ့၏ ထူးကဲသော မွေးဖွားခြင်းကို သတိပြုမိကြကာ၎င်းတို့၏ အမူအရာများ ဆိုးရွားသွားသော်လည်း ရွှယ်အန်းအပေါ်သို့ ၎င်းတို့၏ရန်လိုမှုကို လုံးလုံးလျားလျား ဦးတည်ထားဆဲဖြစ်သည်။ တစ်ချိန်တည်း၌ပင် လော့ဝမ်ရှီနှင့် ကျင့်ကြံသူများစွာက ရွှယ်အန်းကို လောဘတကြီးကြည့်နေကြသည်။
၎င်းတို့၏ မျက်လုံးထဲတွင် ရွှယ်အန်းသည် ဤအရာကို ဖြတ်ကျော်၍ ရနိုင်မည်မဟုတ်သော ဘေးဆိုးထဲသို့ ကျသွားသကဲ့သို့မြင်ကြသည်။
ဟွာယို့အန်းနှင့် အခြားသူများ အသက်ပြင်းပြင်းရှူကာ ရွှယ်အန်းနောက်သို့ တိတ်တဆိတ် လျှောက်လာခဲ့ကြသဖြင့် ရွှယ်အန်းက ၎င်းတို့ကို ပြန်ကြည့်ပြီးနောက် ဖျတ်ခနဲ ပြုံးလိုက်သည်။
"ကြောက်လား”
ရွှယ်အန်းသည် ယခင်က ဤမေးခွန်းကို တစ်ကြိမ်မေးခဲ့ဖူးပြီး ယခုလည်း ထပ်မေးပြန်သည်။
ဟွာယို့အန်းနှင့် အခြားသူများကခေါင်းခါနေကြဆဲဖြစ်သည်။
ရွှယ်အန်းက ဟက်ဟက်ပက်ပက် ရယ်လိုက်ည်။
"ကောင်းပြီ လူသားမျိုးနွယ်ဝင်တွေက ဒီလိုပဲဖြစ်သင့်တယ်။ ဒီကောင်တွေကတော့…”
ကောင်းကင်ယံပေါ်ရှိ နတ်ဘုရားများနှင့် နတ်ဆိုးများကို ပေါ့ပေါ့ပါးပါးကြည့်လျက် ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။
“ခွေးတွေ ကြွက်တွေတစ်သိုက်ကိုတော့ သတ်ပစ်လိုက်ဖို့ပဲရှိတယ်”