← Chapters

အခန်း (၆၃၁-၆၃၃)

Vol. 43 Ch. 631-633

အခန်း (၆၃၁-၆၃၃)

Vol. 43 Ch. 631-633

အခန်း (၆၃၁) ကြယ်တာရာဧကရာဇ် ဆင်းသက်ခြင်း

လန်ကျွင်းရှဲ့၊ ဖေးထျန်နှင့် အခြားနတ်ဆိုးများသည် အစော်ကားခံလိုက်ရသောကြောင့် မကျေနပ်စွာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ကြွားချက်က အရှက်မရှိလိုက်တာ"

ကျီဝေ့နတ်သားတော်သည် ရွှယ်အန်း၏ မောက်မာလှသော လှောင်ပြောင်မှုကြောင့် မထိမဲ့မြင်ကြည့်လိုက်သည်။

"ငါတော့ တော်တော်လေး စိတ်ဝင်စားသွားပြီ၊ ငါ့ကိုတောင် ဒီလိုစကားမျိုးပြောရဲတဲ့ သတ္တိကို ဘယ်ကောင်ပေးလိုက်တာလဲ"

ရွှယ်အန်းက အေးစက်စက်စွာသာ တုံ့ပြန်၏။

"ငါလည်း အံ့ဩတာပဲ၊ ကြယ်သခင်တစ်ယောက်ရဲ့ သားတစ်ယောက်က ဘာလို့ ဒီလောက်တောင် မောက်မာနေရတာလဲ"

ကျီဝေ့နတ်သားတော်၏ မျက်နှာလည်း မည်းမှောင်သွားသည်။

"မင်း..."

...

ရွှယ်အန်း စိတ်မရှည်စွာ လက်ခါလိုက်၏။

"တော်ပြီ... ငါ့မှာ မင်းနဲ့ စကားပြောနေပြီး အချိန်ဖြုန်းဖို့ အချိန်မရှိဘူး"

ထို့နောက် သူ၏ ပုလဲလုံးများကဲ့သို့ ဖြူဖွေးနေသည့် သွားများကို လှစ်ဟပြကာ အေးစက်စွာ ပြုံးလိုက်သည်။ "ဒီနေ့ ငါမင်းတို့ကို ရိုသေမှုဆိုတာ ဘာလဲပြမယ်"

ထိုစကားများအဆုံးတွင် ရွှယ်အန်း ကောင်းကင်ပေါ်သို့ ခုန်တက်သွားလေသည်။

ထိုစဥ်တွင် မည်သည့်အချိန်ကတည်းက မသိ မည်းမှောင်သောမိုးသားများသည် ကောင်ကင်းတစ်ခုလုံး ဖုံးလွှမ်းနေလျက်ရှိရာ ဧရာမလျှပ်စီးကြောင်းကြီးတစ်ခု ဖြတ်သန်းသွားပုံမှာ ကောင်းကင်ကို ပိုင်းဖြတ်လိုက်သည့်ပမာ အလင်းတန်းများသည် ကောင်းကင်ယံအနှံ့ကို ပျံ့နှံ့သွားသည်။ လျှပ်စီးအလင်းရောင်ကြောင့် နတ်ဘုရားများနှင့် နတ်ဆိုးများအား တစ်ယောက်တည်း ရင်ဆိုင်နေသော ရွှယ်အန်း ပုံရိပ်ကို ပိုတောက်ပသွားစေသည်။

လေပေါ်တွင် ယုံကြည်ချက်ရှိသော မားမားမတ်မတ် ရပ်နေသော ရွှယ်အန်းကိုကြည့်၍ ဟွာယို့အန်းနှင့် လျိုခယ့်ခယ့်တို့ ကိုယ်များ တုန်ရီသွားသည်။ တစ်ယောက်တည်းဖြင့် လူတစ်သန်းအား ရင်ဆိုင်ဝံ့သော ထိုလူ့သတ္တိမှာ လူတိုင်းကို တုန်လှုပ်စေခဲ့သည်။

"သံချပ်ကာစစ်သည်တွေ ငါ့အမိန့်ကိုနာခံကြ အင်မော်တယ်ဆရာသခင်ရဲ့ နောက်ကိုလိုက်ပြီး အသေခံတိုက်ပွဲဝင် လုံး၀ အရှုံးမပေးနဲ့" ရှောင်ရွှေ့လည်း အေးစက်စွာ ပြောလိုက်သည်။

"နားလည်ပါပြီ"

လူသားမျိုးနွယ် စစ်သည်တော်များလည်း တညီတညွတ်တည်း ဟစ်ကြွေးလိုက်ကြသည်။

လျို့ခယ့်ခယ်၊ ချန်ယာ့ယွင်၊ လျန်ယွင်ထင်းနှင့် အခြားသူများလည်း အဆုံးထိ တိုက်ပွဲ၀င်မည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ယခင်ကထက် ပိုပြင်းထန်သော သတ်ဖြတ်ပွဲကြီးတစ်ခုသည် မကြာခင် စတင်တော့မည်ဖြစ်သည်။ လန်ကျွင်းရှဲ့နှင့် ဖေးထျန်တို့သည်လည်း ၎င်းတို့ခေါ်ဆောင်လာသော နတ်ဆိုးစစ်သည်များနှင့် အသူရာစစ်သည်တော်များကို တပ်ဖြန့်လိုက်သည်။

တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်သော ထိပ်သီးစစ်သည်များသည် သံချပ်ကာစစ်သည်တော်များနှင့် မျက်နှာချင်းဆိုင်လိုက်သောကြောင့် ယခင်ပြင်းထန်သော ထိုးစစ်မှာ နှောင့်နှေးသွားသည်။

အင်မော်တယ်ရုပ်သေးဂိုဏ်းမှ ရုပ်သေးရုပ်များကိုမူ ဆရာတော်ကုချန်၏ လက်အောက်မှ ဘုန်းတော်ကြီးစစ်သည်များက ရင်ဆိုင်ကြသည်။ ဤဘုန်းတော်ကြီးစစ်သည်များသည် ကျင့်ကြံခြင်းဆင့် အလွန်မမြင့်မားသော်လည်း ၎င်းတို့ခန္ဓာကိုယ်များသည် အလွန်အမင်း ကြံ့ခိုင်ကာ သွက်လက်လှသောကြောင့် ရုပ်သေးရုပ်များကို ကောင်းစွာ ထိန်းထားနိုင်ခဲ့သည်။

မြေပြင်ပေါ်ရှိ တိုက်ပွဲမှာ မတိုးသာမဆုတ်သာ အခြေအနေတွက်ရှိနေသည်။

သို့သော် ကောင်းကင်ယံရှိ တိုက်ပွဲသည် သေခြင်း၊ရှင်ခြင်း အရှိန်အဝါများ ရောယှက်နေသည်။

ဖေးထျန်၊ လန်ကျွင်းရှဲ့နှင့် ကုချန်တို့သည် ရွှယ်အန်းကို အလယ်တွင်ဝိုင်းထားနိုင်အောင် တြိဂံပုံစံဝန်းရံထားသည်။ ဖန်တင်းထျန်နှင့် တောင်ပင်လယ်ဂိုဏ်းမှ တောင်ထွတ်သခင်များသည် အနီးကပ်တိုက်ခိုက်ရန် တာဝန်ယူထားကြသည်။ ဤတိုက်ခိုက်သူများထဲတွင် အားအနည်းဆုံးသူပင် စစ်မှန်အင်မော်တယ်တစ်၀က် ကျင့်ကြံဆင့်ရှိကာ ၎င်းတို့၏ လှုပ်ရှားမှုတိုင်းသည် ကောင်းကင်နှင့်မြေကြီးရှိ စွမ်းအားကို ဆွဲယူနိုင်သောကြောင့် ကြောက်မက်ဖွယ်ကောင်းလှသည်။

သို့သော် ၎င်းတို့သည် ရွှယ်အန်းကို အသာစီးမရသည့်အပြင် သူ၏ ပြင်းထန်သော တိုက်ကွက်များကြောင့် အဝေးသို့လွင့်ထွက်သွားကြသည်။

ထိုအချိန် လော့ဝမ်ရှီသည် အောက်ဖက်မှ အော်ပြောလိုက်၏။

"အဲ့ရွှယ်အန်းက ဘာကျင့်ကြံမှုမှ မရှိပေမယ့် သူ့ ခန္ဓာကိုယ်အစွမ်းက အရမ်းကြောက်စရာကောင်းတယ်၊ သူနဲ့ အနီးကပ်မတိုက်ကြနဲ့"

ရွှယ်အန်းက ကြယ်တာရာမိန်းမပျိုအား လက်သီးတစ်ချက်တည်းဖြင့် လွင့်စင်သွားစေကာ အောက်ဘက်ရှိ လော့ဝမ်ရှီကို ပြုံးပြလိုက်သည်။

"စိတ်မပူနဲ့ မကြာခင် မင်းအလှည့် ရောက်လာတော့မှာ"

လော့ဝမ်ရှီသည် ရွှယ်အန်းအပြုံးကြောင့် အရိုးထိတိုင် အေးစိမ့်သွားကာ ပြင်းထန်သော ခြိမ်းခြောက်မှုကို ခံစားလိုက်ရကာ သူ့ ပတ်ဝန်းကျင်ရှိ ကောင်းကင်၊မြေကြီးတို့၏ ချီစွမ်းအင်များပင် ကစဉ့်ကလျား ဖြစ်သွားသည်။

ထိုအဖြစ်ကို သတိပြုမိသောအခါ လော့ဝမ်ရှီ၏ မျက်နှာလည်းဖြူဖျော့သွားပြီး အနောက်သို့ အလျင်အမြန် ဆုတ်လိုက်သည်။ ထိုဖြစ်ရပ်ကို ရွှယ်အန်းမှလွဲ၍ မည်သူမှသတိမထားမိကြပေ။ ရွှယ်အန်းသည် ထိုသည်ကိုကြည့်ကာ သူ့မျက်လုံးများတွင် ကောက်ကျစ်သော အလင်းတန်းတစ်ချက် လင်းလက်သွားသည့်အပြင် နှုတ်ခမ်းထက်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။

ထိုအချိန် ဖန်တင်းထျန်နှင့် အခြားသူများလည်း အကွာအဝေးတစ်ခုသို့ ဆုတ်ခွာသွားကြပြီး ထူးဆန်းသော ဖွဲ့စည်းပုံတစ်ခုလို နေရာယူလိုက်ကာ ၎င်းတို့ လက်များထဲမှ အလင်းရောင်များ ထွက်ပေါ်လာပြီး အစီအရင်များ စတင်ဖန်တီးကြသည်။

သာမန်ကျင့်ကြံသူများသည် အစီအရင်ပညာရပ်များကို နက်နက်နဲနဲ မလေ့လာကြပေ။ ဓားကျင့်ကြံသူများနှင့် ဂါထာမန္တန်အင်းကွက်ကို အသုံးပြုသူများကဲ့သို့ ပြင်ပအထောက်အကူများကို အားကိုးရသူများပင်လျှင် ၎င်းတို့ အဓိကအားထုတ်ကြသည်မှာ ကျင့်ကြံခြင်းအဆင့်ကို တိုးမြင့်စေရန် ဖြစ်သည်။

ကျင့်ကြံခြင်းအဆင့်သည် အရာအားလုံး၏ အခြေခံဖြစ်သည်။

အစီအရင်ပညာရပ်များသည် အပိုပညာရပ်တစ်ခုသာဖြစ်ကာ အပန်းဖြေလေ့လာသည့်အရာပင်။ ထိုအရာများကိုသာ လေ့လာသူများအား လူတိုင်းသည် ကျင့်ကြံရေး အခြေခံကို လစ်လျူရှုသော ငတုံးများဟုပင် ခေါ်ဝေါ်ကြသည်။

သို့သော် ဖန်တင်းထျန်နှင့် အခြားသူများမှာ မတူညီကြပေ။ ၎င်းတို့ ကျင့်ကြံခြင်းအဆင့်များသည် ဤလောက၏ အမြင့်ဆုံးကန့်သတ်ချက်အနီးတွင် ရှိနေသေယကြောင့် ကျင့်ကြံဆင့်ကိုကျော်လွှားရာတွင် ကောင်းကင်တာအို အတားအစီးကြောင့် မကျော်လွှားနိုင်သည်ကို သိရှိသော‌အခါ ၎င်းတို့လမ်းလည်း အဆုံးသတ်သွားပြီဖြစ်ကြောင်း နားလည်လိုက်ကြသည်။

ထို့ကြောင့် ၎င်းတို့သည် အစီအရင်ပညာရပ်များကို လေ့လာရာတွင် အာရုံစိုက်ကြကာ တောင်ပင်လယ်ဂိုဏ်းရှိ နာမည်ကျော် တောင်ပင်လယ်သိုင်းကွက်များကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။

အလင်းတန်းများ ရောယှက်သွားပြီးနောက် တောင်များနှင့် သမုဒ္ဒရာများ ပေါ်ထွက်လာကာ ရွှယ်အန်းအား ဝန်းရံဖုံးလိုက်ကြသည်။ သာမာန် တောင်များနှင့် သမုဒ္ဒရာများဟု ထင်ရသော်လည်း အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ သယ်ဆောင်ထားသောကြောင့် ဖေးထျန်နှင့် လန်ကျွင်းရှဲ့တို့ကဲ့သို့ နတ်ဆိုးများပင် သတိပြုမိသည်အထိပင်ဖြစ်သည်။

သူသာ အထဲတွင် ပိတ်မိသွားပါက တောင်ကိုခွဲကာ ပင်လယ်ကို မှောက်လှန်နိုင်သော စွမ်းအားမျိုးသာ မပိုင်ဆိုင်ပါက ပိတ်မိကာ သေကိန်းစိုက်မည်ဖြစ်သည်။

တောင်ပင်လယ်အင်းကွက်သည် ပုံပေါ်လာခဲ့သည်။

ကောင်းကင်ယံရှိနေရာတစ်ခုလုံး တိတ်ဆိတ်မူသာကြီးစိုးသွားသည်။

ဖန်တင်းထျန်သည် ကျေနပ်စွာ ပြောလိုက်၏။

"နတ်သားတော်... ကျွန်တော်တို့သာ ဒီလူကို တောင်ပင်လယ်အင်းကွက်နဲ့ ဖိနှိပ်ထားနိုင်ပြီဆိုတော့ သူသေမှာသေချာနေပြီ"

ကျီဝေ့နတ်သားတော်က ခေါင်းညိတ်လိုက်သည်။

"ကောင်းတယ်၊ ဒီပညာရပ်က အသုံးဝင်သားပဲ"

ဖေးထျန်၊ လန်ကျွင်းရှဲ့နှင့် အခြားနတ်ဆိုးများလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ၎င်းတို့ မျက်လုံးများထဲတွင် မရေရာမှုများထင်ဟပ်နေသည်။

သူတကယ် သေသွားပြီလား

ထိုစဥ် ယခင်က တည်ငြိမ်နေခဲ့သော တောင်ပင်လယ် အင်းကွက်သည် ပြင်းထန်စွာ တုန်ခါလာပြီး ပြိုင်ဘက်ကင်းသော သားရဲကြီးတစ်ကောင် လွတ်မြောက်တော့မည့်အလား တုန်ခါလာသည်။

မျက်စိတစ်မှိတ်အတွင်း တောင်များပြိုကျလာကာ သမုဒ္ဒရာများလည်း မှောက်ယှက်လှန်သွားသည်။

တောင်ပင်လယ် အင်းကွက်သည် ကျယ်လောင်သောအသံဖြင့် ကြေမွသွားသည်။ ထိုအပျက်အစီးများအတွင်းမှ ရွှယ်အန်း၏ ပုံရိပ်သည် ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။

"ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ဖန်တင်းထျန်၏ မျက်လုံးများတွင် မယုံနိုင်မှုများ ကြီးစိုးနေသည်။

သို့သော် ရွှယ်အန်းသည် ခပ်ဖျော့ဖျော့သာ ပြုံးလိုက်ကာ ကျီဝေ့နတ်သားတော်ကို လက်ယက်ခေါ်လိုက်၏။

"လာ... နည်းနည်းလောက် ထပ်ကစားကြရအောင်"

ကျီဝေ့နတ်သားတော်သည် ရွှယ်အန်း အပြုအမူကြောင့် ဒေါသထွက်သွားပြီး ဒေါသတကြီးပြန်ပြောရန် ပြင်လိုက်သည်။ သို့သော် ရွှယ်အန်းက သူ့အနားသို့ ရောက်ရှိလာကာ သူ့မျက်နှာကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဖြောင်း

ကျယ်လောင်သော အသံနောက်တွင် ကျီဝေ့နတ်သားတော်လည်း အဝေးသို့ လွင့်စင်သွားကာ သူ၏ ရောင်ကိုင်းနေသော ပါးကို မယုံကြည်နိုင်စွာ ကိုင်လျက် ပြော၏။

"မင်း ငါ့ကို ဘယ်လိုလုပ်ပြီး ရိုက်နိုင်တာလဲ"

ကျီဝေ့နတ်သားတော်၏ စိတ်ထဲတွင် တုန်လှုပ်နေသည်။

အဘယ်ကြောင့်ဆိုသော် သူသည် မွေးရာပါ ကြယ်တာရာအလင်းများ ဖွဲ့စည်းထားသော ခန္ဓာကိုယ်ဖြင့် မွေးဖွားလာသဖြင့် သူ့ခန္ဓာကိုယ်တွင် ခရမ်းရောင်ကြယ်တာရာ နိယာမအပိုင်းအစများပင် ပါဝင်နေသောကြောင့်ဖြစ်သည်။

သာမန်ကျင့်ကြံသူများမှာ သူ့ကို ထိပင်မထိနိုင်ကြချေ။ ထိုအကြောင်းကြောင့် သူအမြဲတစေ အပေါ်စီးမှနေကာ အေးစက်စွာ မောက်မာနေရခြင်းဖြစ်သည်။ သို့သော် ထိုအရာအားလုံးသည် ရွှယ်အန်း လက်ဝါးတစ်ချက်တည်းကြောင့် ကြေမွသွားခဲ့သည်။

ရွှယ်အန်း အေးစက်စွာဖြင့် လှောင်ရယ်လိုက်၏။

"မင်းက မွေးရာပါ တာအိုခန္ဓာတစ်ခုရှိရုံပဲလေ၊ မင်းကိုယ်မင်း တကယ် ထူးခြားတယ်လို့ထင်နေတာလား ပြီးတော့ ဒါက အစပဲရှိသေးတယ်၊ မင်း ဒါကို ကျင့်သားရအောင်လုပ်သင့်တယ်"

ကျီဝေ့နတ်သားတော်၏ မျက်လုံးထဲတွင် ဒေါသမီးများ တောက်လောင်လာသည်။ သူသည် ကြယ်တာရာဘုရင်၏ သားတော်အဖြစ် မွေးဖွားလာခဲ့သောကြောင့် အမြဲတစေ အလေးစားခံလာရကာ မည်သူမှ သူ့ကို မထီမဲ့မြင် ကြည့်ဝံ့ခြင်းမရှိပေ။ သို့သော် ယနေ့တွင်မူ ဤလူသားမျိုးနွယ်မှ လူသား၏ လက်ဖြင့် ရိုက်ခံရသဖြင့် လွင့်ထွက်သွားခဲ့သည်။ ဤအရှက်ရမှုကြောင့် သူ ရူးသွားမတတ်ပင်။

"မင်းက သေချင်နေမှတော့ နတ်ဘုရားတစ်ပါးရဲ့ ဒေါသကဘာလဲဆိုတာ မင်းကိုပြမယ်"

နတ်သားတော်ကျီဝေ့သည် ကောင်းကင်သို့ကြည့်ကာ ကျယ်လောင်စွာအော်လိုက်၏။

"ကြယ်တာရာဧကရာဇ် ဆင်းသက်ခြင်း၊ လော့ထျန် မဟာတံဆိပ်တော်"

သူ ဟိန်းဟောက်လိုက်သည်နှင့် ကောင်းကင်ယံတွင် ခရမ်းရောင် ကြယ်တာရာ အလင်းများ ရုတ်တရက် တောက်ပလာ၍ မည်းမှောင်သော မိုးသားများကို ထိုးဖောက်ကာ ရွှယ်အန်း ခေါင်းပေါ်သို့ တည့်တည့်ကျဆင်းလာသည်။ မျက်စိရှုပ်လောက်အောင် ရှုပ်ထွေးသော ဂါထာမန္တန်အင်းကွက်များသည် အလွှာလိုက် လည်ပတ်နေကာ ကြယ်တာရာအလင်းသည် ပယင်းကျောက်ကဲ့သို့ ခဲသွားလျက် ရွှယ်အန်းအား အထဲတွင် အကျဉ်းချလိုက်သည်။

ဘုန်း

အင်းကွက်အားလုံး ပုံပေါ်သွားသောအခါ ကြယ်တာရာအလင်းဖြင့် ဖန်တီးထားသော ပယင်းကျောက်အတွင်းတွင် ရွှယ်အန်း ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားသည့်အလား အသက်မဲ့သွားသောအမူအရာဖြင့် ရပ်တန့်လျက်ရှိနေသည်။

ကျီဝေ့နတ်သားတော်က အားရပါးရ ရယ်ချလိုက်သည်။

"မဟာတံဆိပ်တော်အောက်မှာဆို စိတ်ဝိညာဉ်တောင်မှ ထာဝရ အကျဉ်းကျခံရလိမ့်မယ်၊ ရွှယ်အန်း... ဒီတစ်ခါ မင်း အခြေအနေကို ဘယ်လို ပြောင်းပြန်လှန်မလဲ ကြည့်ရသေးတာပေါ့"

သို့သော် ထိုအခိုက်အတန့်တွင် အဝေးရှိ မိုးကုတ်စက်ဝိုင်းမှ ကြီးမားကျယ်ပြန့်သော နတ်ဆိုးမျိုးနွယ် စစ်တပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသော စစ်အလံပေါ်တွင် ရှေးဟောင်းစာလုံးကြီးတစ်လုံး လွှင့်ထူထားလေသည်။

အခန်း(၆၃၂) ကြယ်နဲ့လတို့ တဖန်ပြန်ထွန်းလင်းခြင်း၊ ကောင်းကင်နဲ့ မြေကြီး ဦးညွှတ်မှု

ကျင့်ကြံသူတစ်ဦးသည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"အဲ့ဒါက နတ်ဆိုးမျိုးနွယ်တောင်တန်းက မဟာမိတ်တပ်ဖွဲ့ပဲ"

ထိုစကားကိုကြားသောအခါ လူအများအပြား၏ နှလုံးသားထဲတွင် လေးလံသွားသည့်အလား ခံစားလိုက်ရသည်။ ယခင်အကြိမ်များရှိ မျိုးနွယ်စုတစ်ထောင် ညီလာခံများတွင် နတ်ဆိုးမျိုးနွယ်စုသည် အမြဲတစေ စောစီးစွာရောက်လေ့ရှိသည်။ သို့သော် ယခုနှစ်တွင် ၎င်းတို့သည် ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်နေခဲ့ပြီး မည်သည့်လှုပ်ရှားမှု အရိပ်အယောင်မှ မပြခဲ့ပေ။

ထို့ကြောင့် လူအများအပြားသည် ၎င်းတို့ လာတော့မည်မဟုတ်ဟု ထင်ခဲ့ကြသည်။ သို့သော် မထင်မှတ်စွာဤအရေးကြီးသော အခိုက်အတန့်တွင်မှ ရောက်ရှိလာကြခြင်းဖြစ်သည်။

...

ထိုတပ်ဖွဲ့ကြီး တဖြည်းဖြည်းနီးကပ်လာသောကြောင့် ကြမ်းတမ်းခက်ထန်ကာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးမျိုးနွယ်၏ မဟာမိတ်တပ်ဖွဲ့ကြီးဖြစ်ကြောင်း ပိုထင်ရှားလာသည်။

လူတိုင်း ရှုပ်ထွေးစွာ စိုးရိမ်ပူပန်နေမိကြသည်။ နတ်ဆိုးတပ်မတော်သည် လော့ဖုမြို့အပေါ်သို့ ပျံသန်းရောက်ရှိလာပြီဖြစ်သည်။ စစ်တပ်တစ်ခုလုံးတွင် အလံများ တလူလူလွင့်နေကာ နတ်ဆိုးအငွေ့အသက်များသည် ကောင်းကင်ယံကို ထိုးဖောက်သွားတော့မတတ်ပင်ဖြစ်သည်။ ရှေ့ဆုံးရှိ အလံတော်အောက်တွင် ခေါင်းနှစ်လုံးပါသော နတ်ဆိုးနဂါးတစ်ကောင်ဆွဲထားသော စစ်ရထားတစ်စီးရှိနေသည်။

စစ်ရထားထိပ်တွင် ပျင်းရိသော အမူအရာနှင့် လူတစ်ယောက်ထိုင်နေသည်။ ကျင့်ကြံသူများသည် အကွာအဝေးကြောင့် ထိုလူ့မျက်နှာအား ရှင်းလင်းစွာ မမြင်နိုင်သော်လည်း ထိုလူထံမှ ထွက်ပေါ်နေသော ပြင်းထန်သည့် နတ်ဆိုးစွမ်းအင်ကို ခံစားရဆဲဖြစ်သည်။

လေထဲရှိ လန်ကျွင်းရှဲ့ ၏ မျက်နှာ မည်းမှောင်သွားသည်။

"မင်းပဲ"

ထိုသည်မှာ ကမ္ဘာပေါ်တွင် သူနှင့် ဆုံဖူးသော မြေခွေးမိစ္ဆာဖြစ်သည်အား သူကောင်းကောင်း မှတ်မိသည်။

ထိုလူက ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။

"ဟုတ်တယ်၊ ငါပဲ"

ဤနေရာသို့ ရောက်ရှိလာသူသည် ဟူယွဲ့မှလွဲ၍ အခြားသူမဟုတ်ပေ။ ဟူယွဲ့သည် အားပေါင် သေဆုံးသည့်နေ့မှစ၍ သူ့ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ထားသော ကောင်းကင်တာအိုအား ချိုးဖျက်ခဲ့ကာ ဤရက်ပေါင်းနှစ်ဆယ်ကျော်အတွင်း နတ်ဆိုးမျိုးနွယ်တောင်တန်းတစ်ခုလုံးကို စုစည်းခဲ့သည်။

သူ နောက်ကျမှ ရောက်လာရသည့်အကြောင်းမှာမူ…

ဟူယွဲ့သည် ခမ်းနားသော ဝင်ရောက်မှု ပြုလိုသောကြောင့် နတ်ဆိုးမျိုးနွယ်တောင်တန်းရှိ နတ်ဆိုးကြီးအားလုံးကိုဖမ်းဆီးကာ မဟာမိတ်တပ်ဖွဲ့ ဖွဲ့စည်းပြီးမှ ဤသို့စည်ကားစွာ ရောက်ရှိလာနိုင်ခြင်း ဖြစ်သည်။ ထိုစဉ် ကျီဝေ့နတ်သားတော်သည် ဟူယွဲ့အား အဝေးမှကြည့်နေရင်း သူ့မျက်နှာအမူအရာမှာ ပိုတင်းမာလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ ဟူယွဲ့ကို ထွင်းဖောက် မမြင်နိုင်သောကြောင့်ပင်ဖြစ်သည်။

၎င်းကို ပထမတစ်ချက်သာကြည့်ပါက သာမန်မြေခွေးမိစ္ဆာတစ်ကောင်ဟု ထင်ရသော်လည်း ကျီဝေ့နတ်သားတော်ကြည့်မိချိန် သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထလာသည့်အလား ခံစားလိုက်ရသည်။

တစ်စုံတစ်ခုသည် သူ့ကို သတိပေးနေသလိုပင်ဖြစ်ရာ ထိုအချက်ကြောင့် ကျီဝေ့နတ်သားတော် စိုးရိမ်လာမိသည်။ ဟူယွဲ့သည် ကျီဝေ့နတ်သားတော်၏ အကြည့်ကို ခံစားလိုက်ရသဖြင့် ခေါင်းကိုပျင်းရိစွာ လှည့်ကြည့်လိုက်ချိန် ကြယ်ရောင်ပယင်းတုံးပေါ်သို့ အာရုံစိုက်မိသွားသည်။

"ကျစ် ကျစ်"

ဟူယွဲ့ ခဏတာ အကဲဖြတ်ပြီးနောက် အလွန်ထူးဆန်းသော မျက်နှာထားဖြင့် ကျီဝေ့နတ်သားတော်ကို လက်မထောင်ပြလိုက်သည်။

"ကောင်လေး... ငါမင်းကို တကယ်ချီးကျူးတယ်၊ အံ့ဩစရာပဲ တကယ့်ကို အံဩဖို့ကောင်းလိုက်တာ"

ကျီဝေ့နတ်သားတော် အံ့အားသင့်သွားသည်။

"မင်း ဘာပြောချင်တာလဲ"

ဟူယွဲ့ က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီးနောက် ကြယ်ရောင်ပယင်းတုံးထဲရှိ ရွှယ်အန်းကို လက်ညှိုးထိုးပြကာ သူတစ်ပါးဒုက္ခရောက်နေသည်ကို ပျော်ရွှင်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"မင်းသူ့ကိုတောင် အကျဉ်းချရဲတယ်ပေါ့ ဟုတ်စ မင်း အိမ်ကထွက်မလာခင် မင်းရဲ့ အကြီးအကဲတွေက ဘယ်သူတွေကို လုံးဝ မထိသင့်ဘူးဆိုတာ မမှာဖူးဘူးလား"

ကျီဝေ့နတ်သားတော် ဂုဏ်ယူစွာ ပြန်ပြောလိုက်သည်။

"မင်းစကားတွေက အရမ်း ရယ်စရာကောင်းလိုက်တာ၊ မင်းသိလား ငါက…”

ဟူယွဲ့ က လက်ယမ်းပြလိုက်သည်။

"ရပြီ ရပြီ၊ မင်းက ကျီဝေ့ကြယ်တာရာဘုရင်ရဲ့ သားတော်ဆိုတာ ငါ အစကတည်းက သိပြီးသား၊ ပြောရရင် မင်းရဲ့အဖေအတွက် ငါ စိတ်မကောင်းဘူး၊ ဒီကိစ္စပြီးရင် မင်းရဲ့ ကျီဝေ့နတ်ဘုရားကြယ်တာရာက ရှိနေဦးမလားဆိုတာ ငါသိချင်နေပြီ၊ ဒီခေတ်ကလေးတွေက မိဘတွေကို တကယ်ဒုက္ခပေးတာပဲကွာ"

ထိုအခါမှ ကျီဝေ့နတ်သားတော်သည် ထိုမြေခွေးမိစ္ဆာက သူ့ကို လှောင်ပြောင်နေမှန်း သိလိုက်သဖြင့် ဒေါသတကြီး ရယ်မောလိုက်သည်။

"အရမ်းရယ်ရတာပဲ၊ ငါ့ရဲ့ ကျီဝေ့နတ်ဘုရားကြယ်တာရာက ကြယ်တာရာတွေရဲ့ အရှင်သခင်၊ သေခြင်းရှင်ခြင်းကိုတောင် ဆုံးဖြတ်နိုင်တဲ့ စွမ်းအားရှိတယ် ဘယ်လိုလုပ် ပျောက်ကွယ်သွားနိုင်မှာလဲ"

ဟူယွဲ့က ပခုံးတွန့်လိုက်သည်။

"မင်းငါ့ကို အဲ့တာတွေပြောပြစရာမလိုဘူး၊ ငါသိတာက... မင်းက အရမ်းအံဩဖို့ကောင်းတယ်ဆိုတာပဲ..."

ထို့နောက် သူသည် ကြယ်ရောင် ပယင်းတုံးကို လက်ညှိုးထိုးပြလိုက်သည်။

"သူ့လောက်တော့ အံဩစရာမကောင်းဘူးပေါ့"

ထိုစကားကို ကြားသောအခါ ကျီဝေ့နတ်သားတော် ဟားတိုက်ရယ်လိုက်သည်။

"မင်းပြောသွားတဲ့ စကားတွေက ဘာတစ်ခုမှ အဓိပ္ပာယ်မရှိဘူးပဲ၊ သူက အခုထိ ငါ့ရဲ့ လော့ထျန်မဟာတံဆိပ်တော်ကြောင့် ချုပ်နှောင်ခံထားရပြီပဲ မဟုတ်လား"

ဟူယွဲ့ သူ့စကားကို ပြန်မဖြေဘဲ ကြယ်ရောင် ပယင်းတုံးကိုသာ အားရကျေနပ်စွာ ကြည့်နေသည်။

"သောက်ကျိုးနည်း... သူ အဲ့လို အေးခဲနေတဲ့ ပုံစံနဲ့တောင် တော်တော်မိမိုက်နေတုန်းပဲ၊ ငါ့ဖုန်း မယူလာမိတာ နာတာ... မဟုတ်ရင် အမှတ်တရဓာတ်ပုံတွေဘာတွေ ရိုက်ထားလိုက်ချင်တယ်"

သူသည် ကောင်းကင်အပြည့်ရှိနေသော နတ်ဘုရားများနှင့် နတ်ဆိုးများကို လျစ်လျူရှုထားကာ ဆက်ပြောနေသည်။ ရွှယ်အန်း ချုပ်နှောင်ခံလိုက်ရသောကြောင့် ထိတ်လန့်ဒေါသထွက်နေကြသော ဟွာယို့အန်း၊ လျို့ခယ့်ခယ်နှင့် အခြားသူများသည် ထိုစကားများကို ကြားလိုက်ရသောအခါ နားလည်သွားကြသည်။ ဤရုတ်တရက် ရောက်လာသော နတ်ဆိုးမျိုးနွယ် မဟာမိတ်တပ်ဖွဲ့သည် ၎င်းတို့ အကြီးအကဲ၏ မိတ်ဆွေဖြစ်ပုံရသည်။

ဤသို့အရေးတကြီး အခြေအနေတွင် ဟွာယို့အန်းက ကျယ်လောင်သောအသံဖြင့် ပြောလိုက်သည်။

"နတ်ဆိုးမျိုးနွယ်က အကြီးအကဲနတ်ဆိုးကြီး... ကျေးဇူးပြုပြီး ကျွန်တော်တို့ အကြီးအကဲရွှယ်ကို ကယ်တင်ပေးပါ"

ဟူယွဲ့သည် ဟွာယို့အန်းတို့ကို ငုံ့ကြည့်လိုက်ပြီးနောက် စစ်သည်တော်များနှင့် ကျင့်ကြံသူများကို တစ်ချက်ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"သူ့ကို ကယ်ရမယ်ဟုတ်လား တော်စမ်းပါ ဒီလိုကလေကချေအုပ်စု

လောက်နဲ့ ငါ့အကူအညီကို လိုပါ့မလား မင်းတို့တွေ သူ့ကို အထင်သေးနေတာလား"

ကျီဝေ့နတ်သားတော်သည် သူ့စကားကို ကြားသောအခါ ဒေါသကို မထိန်းနိုင်တော့ဘဲ ပေါက်ကွဲထွက်သွားသည်။

သူ ကြယ်တာရာနယ်မြေတွင် နေထိုင်စဉ် သူ့ ဂုဏ်သိက္ခာမှာ အလွန်မြင့်မားလှသည်။ သို့သော် သူ ဤနေရာသို့ ဆင်းသက်လာပြီးနောက် ဦးစွာ သာမန်လူတစ်ယောက်ထံမှ ပါးရိုက်ခံလိုက်ရကာ ယခုအခါ မြေခွေးမိစ္ဆာတစ်ကောင်၏ ပေါ်တင် မထီမဲ့မြင်ပြုခြင်းကို ခံနေရသည်။

ဤအရာအားလုံးသည် အလွန်မာနကြီးသော ကျီဝေ့နတ်သားတော်အတွက် သည်းခံနိုင်သော အတိုင်းအတာကို ကျော်လွန်သွားပြီဖြစ်သောကြောင့် ဒေါသတကြီး ပြောလိုက်သည်။

"လျှို့ဝှက်ဆန်းကြယ်သလို လာကစားမနေနဲ့၊ ငရဲကို သွားလိုက်တော့"

သူ့ စကားနှင့်အတူ အလွန်စင်ကြယ်သော ကြယ်ရောင်အလင်းတန်းမှာ ဟူယွဲ့ ခေါင်းပေါ်သို့ကျဆင်းလာကာ ကျီဝေ့နတ်သားတော်လည်း ရုတ်တရက်ပင် ဟူယွဲ့ နောက်သို့ ရောက်လာပြီးနောက် လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဟူယွဲ့က နေရာပင် မရွေ့ဘဲ အေးဆေးစွာ ပြောလိုက်သည်။

"မင်းကို ငါ တကယ်ပဲ လေးစားမိတယ်၊ ဒီအခြေအနေအထိရောက်နေတာတောင် သေလမ်းကို ရှာနိုင်သေးတယ်"

သူ့ စကားသံမဆုံးမီပင် ဟူယွဲ့ထံမှ မည်သည့် လှုပ်ရှားမှုမှ မမြင်လိုက်ရသော်လည်း ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ပေါ်ထွက်လာကာ ကျီဝေ့နတ်သားတော်သည် ဧရာမနဂါးကြီးတစ်ကောင်နှင့် ၀င်တိုက်မိလိုက်သည့်ပမာ သွေးတစ်လုတ်အန်လိုက်ပြီး နောက်သို့ လွင့်စဉ်သွားသည်။

ထိုအဖြစ်အပျက်ကြောင့် အစည်းဝေးပွဲတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ လန်ကျွင်းရှဲ့နှင့် ဟူယွဲ့ကို စမ်းသပ်ချင်နေကြသော နတ်ဆိုးများပင် အံ့အားသင့်ကာ ကြက်သေသေသွားကြသည်။

ဒီမြေခွေးမိစ္ဆာက ကမ္ဘာပေါ်မှာရှိတုန်းကထက် ဘာလို့ ဒီလောက်တောင် ပိုအားကောင်းလာရတာလဲ

ထိုအခိုက်အတန့်တွင် ချီစက်ကွင်းထဲတွင်လည်း လှုပ်ရှားမှုတစ်ခုကို မြင်လိုက်ရပြီး ကောင်းကင်တာအို၏ သံကြိုးများသည် ဟူယွဲ့ ခန္ဓာကိုယ်ပေါ် ထွက်ပေါ်လာသည်။ ဟူယွဲ့ ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်ကာ ၎င်းတို့ကို ချေမွလိုက်သော်လည်း တခဏအတွင်း သူ့မျက်နှာလည်း အနည်းငယ် အိုမင်းသွားခဲ့သည်။

ဤသည်ကိုမြင်သောအခါ လော့ဝမ်ရှီ မျက်နှာအမူအရာမှာ သိသာစွာ ပြောင်းလဲသွားပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။

တစ်ချိန်တည်းတွင် ဟူယွဲ့သည် ပျင်းရိစွာ သမ်းဝေလိုက်သည်။

"ငါက အားကောင်းတဲ့ ပုဂ္ဂိုလ်တွေ ပေါ်လာမယ်လို့ထင်ခဲ့တာ၊ အားလုံး အမှိုက်တွေချည်းပဲ၊ ရွှယ်အန်း... မင်း မြန်မြန်မထလာရင် ဒီအကောင်ပေါက်လေးတွေ အကုန်လုံးက ငါ့အပိုင် ဖြစ်သွားတော့မှာနော်"

သူ့ စကားဆုံးသည်နှင့်...

ကြယ်ရောင်ပယင်းတုံးအတွင်းမှ အက်ကွဲသံသဲ့သဲ့ကို ကြားလိုက်ရသည်။

"အကြီးအကဲပဲ အကြီးအကဲ မျက်တောင်ခတ်လိုက်ပြီ" ဟွာယို့အန်း စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

သူပြောသည်က မှန်ပေသည်။

ကြယ်ရောင် ပယင်းတုံးထဲတွင် ချုပ်နှောင်ခံထားရသော ရွှယ်အန်း မျက်လုံးများထဲရှိ အရောင်အဝါသည် ယခုအခါ ပိုတောက်ပလာသည်။

ကျီဝေ့နတ်သားတော်၏ မျက်လုံးများမှာ ပြူးထွက်မတတ် ဖြစ်သွားရ၏။

"မဟုတ်ဘူး... မဖြစ်နိုင်ဘူး၊ လော့ထျန်မဟာတံဆိပ်တော်ကို သုံးရင် စစ်မှန်အင်မော်တယ်အဆင့်တွေတောင် ဝိညာဉ် ချုပ်နှောင်ခံမှာ၊ သူ... သူက ကျင့်ကြံမှုအဆင့်မရှိတဲ့ သာမန်လူတစ်ယောက်ပဲလေ၊ ဒီတံဆိပ်တော်ကို ဘယ်လိုလုပ် ချိုးဖျက်နိုင်မှာလဲ"

သို့သော် လက်တွေ့မှာ ပြောင်းလဲမသွားပေ။ ကြေမွသံသည် ပိုပြင်းထန်လာကာ ရွှယ်အန်း၏ မျက်လုံးများထဲရှိ အရောင်အဝါမှာ ပို၍ပင် တောက်ပလာသည်။

ညကောင်းကင်အထက်တွင် အလွန်ကြီးမားသော လေပွေကြီးတစ်ခု ပေါ်ပေါက်လာပြီးနောက် ထိုအတွင်းမှ မိုးခြိမ်းသံများ တိုးညှင်းစွာ ထွက်ပေါ်လာကာ အရပ်ရှစ်မျက်နှာမှ နတ်ဘုရားများလည်း စုဝေးရောက်ရှိလာလျက် ဤကမ္ဘာထဲသို့ ခိုးကြောင်ခိုးဝှက် ချောင်းကြည့်နေကြသည်။

ထိုမြင်ကွင်းကြောင့် လူတိုင်းနီးပါး မှင်သက်သွားသည်။

ဟူယွဲ့ တစ်စုံတစ်ခုကို ပြန်သတိရသွားဟန် သူ့နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုတွန့်ချိုးသွား၍ ညင်သာစွာ ပြောလိုက်သည်။

"ပြန်လာပြီလား မင်း အပြည့်အဝ ပြန်လာမယ့်နေ့ကို ငါ တကယ်ပဲ မျှော်လင့်နေတာ"

ထိုစဉ်မှာပင် 'ခွပ်' ခနဲဟူသော အသံနှင့်အတူ မရေမတွက်နိုင်သော အက်ရာများ ပြည့်နှက်နေသော ကြယ်ရောင်ပယင်းတုံးသည် ရုတ်ခြည်းပင် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ခုခံနိုင်စွမ်းမရှိလောက်အောင် အားကောင်းသော အရှိန်အဝါတစ်ခုသည် ကောင်းကင်ယံသို့ ထိုးဖောက်သွားသည်။ ကျဆင်းရန် အသင့်ရောက်ရှိနေသော မိုးကြိုးသည် ခုခံရန် လမ်းစပင်မရှိဘဲ လေထဲတွင် ပျောက်ကွယ်သွားသည်။

ကောင်းကင်အထက်တွင် ကြယ်နှင့်လတို့ ပြန်လည်ထွန်းလင်းလာသော်လည်း အားလုံးမှာ မှိန်ဖျော့ကာ အရောင်အဝါ ကင်းမဲ့နေကြသည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံအောက်တွင် ရပ်နေသော ထိုလူသားထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် အလွန်တရာ စွမ်းအားကြီးမားသောကြောင့်ပင်ဖြစ်၏။ ကောင်းကင်နှင့် မြေကြီးပင် ဦးညွှတ်ရလောက်အောင် အလွန်အားကောင်းလှသည်။ ထို့နောက် ကောင်းကင်တာအို သံကြိုးများမှာ ရွှယ်အန်း ခန္ဓာကိုယ်ပေါ်တွင် ပေါ်ပေါက်လာသည်။

ရွှယ်အန်း မျက်လုံးများထဲရှိ တောက်ပသော နတ်ဘုရားအလင်းဖြင့် ခေတ္တမျှ ငုံ့ကြည့်လိုက်ချိန် သံကြိုးများအားလုံး ချက်ချင်းပင် အစအနမကျန် ပျောက်ကွယ်သွားသည်။

ဤသည်ကိုမြင်သောအခါ ဟူယွဲ့ ညင်သာစွာ သက်ပြင်းချလိုက်သည်။

"ရွှေအင်မော်တယ်အဆင့်တဲ့လား"

ထို့နောက် သူ မဲ့ပြုံးပြုံးကာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

"ဒါပေမဲ့ အဆုံးမရှိတဲ့ စကြဝဠာထဲမှာ ဒီလောက်ကြမ်းတမ်းတဲ့ ရွှေအင်မော်တယ်ကို ဘယ်နားသွားရှာလို့ရမှာလဲ၊ ဒီပုံစံအတိုင်းဆို မင်း နတ်ဘုရားအဆင့် ပြန်ရောက်ရင် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်မလဲ၊ သောက်ကျိုးနည်း... ဒီတစ်ဘဝတော့ ငါ မင်းကို ဘယ်တော့မှ အနိုင်ယူနိုင်မှာ မဟုတ်တော့ဘူးနဲ့တူတယ်”

အခန်း(၆၃၃) မတွေ့ရတာကြာပြီနော်

ရွှယ်အန်းက ခေါင်းကိုမော့ကာ ဟူယွဲ့ကိုကြည့်လိုက်ပြီးနောက် သူ့နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးလေးတစ်ခု ပေါ်လာသည်။

"မင်းပြောတာမှားတယ်"

ထို့နောက် သူဆက်ပြောသည်။

"မင်း နောက်ဘဝရောက်ရင်တောင် ငါ့ကို နိုင်မှာမဟုတ်ဘူး"

ဟူယွဲ့ လက်နှစ်ဖက်ကို ကူကယ်ရာမဲ့စွာ တွန့်လိုက်သည်။

"မနိုင်ရင်လည်း မနိုင်ဘူးပေါ့ကွာ၊ ငါ အခုတော့ ကျင့်သားရသွားပြီ"

ထို့နောက် သူသည် ကျီဝေ့နတ်သားတော်နှင့် အခြားသူများဘက်ကို ထိုးပြလိုက်သည်။

"ဒီကောင်တွေကို မင်းဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ"

ရွှယ်အန်းက ခံစားချက်မရှိစွာ ခပ်အေးအေးသာ အမေးထုတ်လိုက်သည်။

"မင်ကရော ဘယ်လိုထင်လဲ"

"ငါတို့ ခုနစ်ဆယ်-သုံးဆယ် ခွဲယူကြရင်ရော ဘယ်လိုလဲ"ဟူယွဲ့ ရယ်ကျဲကျဲဖြင့် ပြောလာသည်။

...

ရွှယ်အန်း ခေါင်းခါလိုက်သည်။

ဟူယွဲ့ မျက်နှာ မဲ့သွားပြီး ထပ်ပြောသည်။

"လုပ်ပါကွာ၊ ငါက ဒီလောက်ခရီးအဝေးကြီးကနေ လာခဲ့ရတာဆိုတော့ မင်းငါ့ကို နည်းနည်းလောပ် မျက်နှာသာပေးသင့်တာပေါ့"

ရွှယ်အန်း တိတ်ဆိတ်နေဆဲသာဖြစ်သည်။

အဆုံးတွင် ဟူယွဲ့သာ အံ့ကိုကြိတ်လျက် အလျှော့ပေးလိုက်သည်။

"ဒါဆိုရင် ရှစ်ဆယ်-နှစ်ဆယ်ပေါ့ မင်း ရှစ်ဆယ်ရာခိုင်နှုန်းယူ၊ ကျန်တာငါ့အတွက်ထားပေး ဒီ့ထက်နည်းရင်တော့ ငါလက်မခံနိုင်ဘူး"

ရွှယ်အန်း စကားတစ်ခွန်းမှမဆိုဘဲ လက်တစ်ချောင်းသာ ထောင်ပြလိုက်သည်။ ဟူယွဲ့ မယုံကြည်နိုင်စွာ အော်လိုက်သည်။

"ဘာ... မင်းက ငါ့ကို ဆယ်ရာခိုင်နှုန်းပဲ ပေးမလို့လား။ ဒါက သွားကြားထိုးဖို့တောင် မလောက်ဘူးကွ"

ရွှယ်အန်း အေးစက်စက်သာ ပြောလိုက်သည်။

"ဒါဆိုရင်လည်း ကိုယ့်စွမ်းရည်နဲ့ကိုယ် ရသလောက်သတ်ကြတာပေါ့၊ ပိုသတ်နိုင်ရင် ပိုရမယ်"

ဟူယွဲ့ ခေါင်းကို အလောတကြီး ညိတ်လိုက်သည်။

"တကယ်တော့ ဆယ်ရာခိုင်နှုန်းကလည်း သိပ်မဆိုးပါဘူးလို့ ငါထင်တယ်"

၎င်းတို့နှစ်ယောက်သည် သတ်ဖြတ်မည့်သူများကို အေးအေးဆေးဆေးခွဲ‌ဝေနေကြသည်။ ဤအချိန် ကောင်းကင်ယံရှိ နတ်ဘုရားများနှင့် နတ်ဆိုးများသာမက အောက်ဘက်ရှိ မ ရေမတွက်နိုင်သော ကျင့်ကြံသူများပင် ၎င်းတို့စကားများကြောင့် မယုံကြည်နိုင်ဖြစ်နေသည်။

၎င်းတို့သည် စဉ့်နီတုံးပေါ်တင်ခံထားရသည့် ငါးများပမာ လှီးဖြတ်ခံရတော့မည့်ကို စောင့်ကြိုနေသလိုပင်ဖြစ်ကြသည်။ ဤအခိုက်အတန့်တွင် ကျီဝေ့နတ်သားတော် မျက်နှာလည်း ပြာနှမ်းလျက် နှုတ်ခမ်းထောင့်တွင် သွေးစများ စွင်းထင်းနေဆဲဖြစ်ကာ သူ့မျက်လုံးများထဲတွင် မုန်းတီးမှုနှင့် ထိတ်လန့်ကြောက်ရွံ့မှုများ တစ်လှည့်စီရောယှက်နေသည်။

အဆုံးတွင် သူ ကြောက်ရွံ့မှုအနည်းငယ် ခံစားလာရသည်။

အဘယ်ကြောင့်ဆိုသော် သူသည် ထိုနှစ်ယောက်၏ နောက်ခံအား နားမလည်နိုင်သည်ကို သိရှိသွားသောကြောင့် ဖြစ်သည်။

ရွှယ်အန်းသည် လူများ ခွဲဝေပြီးနောက် ကျီဝေ့နတ်သားတော်ဘက် လှည့်ကာ ပေါ့ပါးစွာပြောလိုက်သည်။

"ငါမင်းကို ပြောခဲ့တာ မှတ်မိသေးလား"

ကျီဝေါနတ်သားတော် မှင်တက်သွားသည်။

ရွှယ်အန်း ဆက်ပြောလိုက်သည်။

"မင်းတို့တွေ ငြိမ်းချမ်းတဲ့ဘဝမှာ နေလာတာ အရမ်းကြာသွားလို့ ဘယ်လို လေးစားရမှန်းတောင် မေ့နေကြပြီလို့ ငါပြောဖူးတယ်လေ"

"ဒါကြောင့် မင်းရော မင်းရဲ့နတ်ဘုရားအဖေရော ဒီအဖိုးအခပေးဆပ်ရလိမ့်မယ်"

ကျီဝေ့နတ်သားတော်သည် သူ့စကားကိုကြားချိန် ကြောင်အသွားသော်လည်း အရူးအမူး ရယ်မောလာတော့သည်။

"မင်းတကယ် အရှက်မရှိ ကြွားနေတာပဲ မင်း လော့ထျန်မဟာတံဆိပ်ကနေ ဘယ်လိုဖောက်ထွက်လာလဲ ငါမသိပေမယ့် ဒီစွမ်းအားလောက်နဲ့ မင်းက ငါ့ရဲ့နတ်ဘုရားအဖေကို တစ်ခုခုလုပ်နိုင်မယ်လို့ တကယ်ထင်နေတာလား၊ ငါ့အဖေက လောကကြီးရဲ့ အထွတ်အထိပ်မှာရှိတဲ့ ကျီ‌ဝေ့ကြယ်တာရာဘုရင်ကွ ပြောရရင် သူက မရေမတွက်နိုင်အောင် များလွန်းတဲ့ ကြယ်တွေရဲ့ အရှင်သခင်ပဲ"

ဟူယွဲ့ က သူ့နဖူးသူ လက်ဖြင့်ထောက်ကာ စိတ်ပျက်လက်ပျက် နားထောင်နေသည်။

"ဒီကောင်ကတော့ တုံးလွန်းလို့ ကယ်လို့တောင်ရမှာ မဟုတ်တော့ဘူး၊ ဒီလိုအချိန်မှာတောင် သူ ရန်စနိုင်သေးတယ်၊ သူတကယ်ပဲ အသက်တိုချင်နေတာလား"

ဖြစ်တာနိုင်တာပဲ...

ရွှယ်အန်း မျက်နှာပေါ်တွင် အပြုံးရေးရေးလေးတစ်ခု ပေါ်လာသည်။

"ဟမ်၊ ဒါဆိုရင် မင်းရဲ့နတ်ဘုရားအဖေ ဘယ်လောက်တောင် တန်ခိုးကြီးသလဲဆိုတာ စမ်းကြည့်ကြတာပေါ့"

သူ့ စကားဆုံးသည်နှင့် ကောင်းကင်ယံတွင် မရေမတွက်နိုင်သော ဓားအလင်းတန်းများ ထွက်ပေါ်လာသည်။

ထိုဓားအလင်းတန်းများသည် အသက်ဝင်နေသည့်ပမာ လှုပ်ရှားလာပြီး ပြင်းထန်သော ဓားချီသည် ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ ကျီဝေ့နတ်သားတော် ရယ်သံသည် ရုတ်တရက် ရပ်တန့်သွားကာ သူပါးစပ်ကိုဟကာ စကားပြောရန် ကြိုးစားလိုက်သော်လည်း ဓားအလင်းတန်းများသည် ဓားချီနဂါးကြီးအဖြစ် ပြောင်းလဲကာ သူ့ထံသို့ တည့်တည့်တိုးဝင်ခာသည်။

ကျီဝေ့နတ်သားတော် အော်ဟစ်လျက် ခုခံရန် ကြိုးစားသည်။

သို့သော် ဤသို့အားကောင်းသော ဓားချီကို ရင်ဆိုင်ရသောအခါ သူ ခဏမျှသာ ရုန်းကန်နိုင်လိုက်ပြီး လုံးလုံးလျားလျား မျိုချခံလိုက်ရသည်။ ဓားပင်လယ်အတွင်းရှိ ကျီဝေ့နတ်သားတော်၏ အော်ဟစ်သံကိုလည်း ကြားနေရသည်။

"မင်း ငါ့ကိုသတ်လည်း အသုံးမဝင်ဘူး၊ ဒီနေ့ငါ့ကို သတ်နိုင်ရင်တောင် ငါ့ရဲ့ကိုယ်ပွားတစ်ခုကိုပဲ ဖျက်ဆီးနိုင်တာ၊ မင်းက ငါ့နတ်ဘုရားအဖေရဲ့ ဆံပင်တစ်မျှင်ကိုတောင် ထိနိုင်မှာမဟုတ်ဘူး"

သူ့စကားဆုံးသည်နှင့် သူ၏ခန္ဓာကိုယ်သည် ဓားအလင်းတန်းများကြောင့် ကြေမွသွားကာ ကြယ်အလင်းမှုန်များအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းပင် သာမန်လူများ မမြင်နိုင်သော ကြယ်အလင်းတန်းနတ်ရောင်ခြည်တစ်ခုသည် ကောင်းကင်သို့ ပျံတက်ကာ ကြယ်တာရာဘုံသို့ပြန်ရန် ကြိုးစားနေသည်။

ရွှယ်အန်း အေးဆေးစွာပြောလိုက်သည်။

"ဒီအချိန်မှာတောင် မင်းက ထွက်သွားဖို့ စဉ်းစားနေတုန်းပဲလာ"

ထို့နောက် သူသည် လက်ကိုဆန့်တန်းလိုက်ကာ ကြယ်အလင်းတန်းဖြင့် ဖွဲ့စည်းထားသော နတ်အသိစိတ်မှာ အော်ဟစ်လျက် သူ့လက်ဖဝါးထဲတွင် ဖမ်းချုပ်ခံလိုက်ရသည်။

ရွှယ်အန်းသည် သူ့လက်ထဲရှိ နတ်အသိစိတ်ကို ကြည့်လျက် အေးစက်စွာပြောလိုက်သည်။

"အခုထိ ထွက်မလာသေးဘူးလား"

သူပြောနေစဉ်မှာပင် ရွှယ်အန်း လက်ချောင်းများသည် လေထဲတွင် လျင်မြန်စွာ လှုပ်ရှားသွားကာ အလွန်ရှေးကျကာ နက်နဲသော အင်းကွက်မန္တန်တစ်ခုကို ရေးဆွဲလိုက်သည်။ အင်းကွက်မန္တန် ပေါ်လာသည်နှင့် အလင်းတန်းတစ်ခုပမာ ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက်သွားသည်။

"မင်း... မင်းဘာလုပ်ချင်တာလဲ"

နတ်သားတော်၏ စိတ်ဝိဉာဉ်အသိစိတ်သည် အော်ဟစ်လာသည်။

"မင်းအခြေအနေကို အခုထိ နားမလည်သေးဘူးလား။ သူက အဝေးကတွေကို ပစ်မှတ်ထားနိုင်တဲ့ သတ်ဖြတ်ခြင်း ကျိန်စာကို သုံးလိုက်တာ၊ မင်းရဲ့နတ်အသိစိတ်ထဲက အမှတ်အသားကနေ သူက မင်းရဲ့နတ်ဘုရားအဖေကို ကျိန်စာတိုက်နေတာ"

ဟူယွဲ့က အေးစက်စက်ပြောသည်။

"ဟုတ်တယ်၊ မင်းအဖေက ကျီဝေ့ကြယ်တာရာဘုရင်ဆိုတော့ ကျိန်စာလောက်နဲ့ အသတ်ခံရမှာတော့ မဟုတ်ပေမယ့် ဒါက သူ့ကိုတော့ သတိပေးသလို ဖြစ်သွားမှာပဲ၊ သူလာတာနဲ့... ဟားဟား..."

သူပြောသည်က မှန်ပေသည်။

ထိုအချိန်တွင် ကောင်းကင်ယံအထက်ရှိ ကြယ်တာရာများ တုန်ခါသွားပြီး ဗဟိုနန်းတော်တွင် တည်ရှိသော ခရမ်းရောင်ဧကရာဇ်ကြယ်ကြီးသည် မယုံနိုင်လောက်အောင် စူးရှတောက်ပသော ကြယ်အလင်းရောင်များ ထုတ်လွှတ်နေသည်။

ထိုကြယ်အလင်းရောင်အောက်တွင် ဧရာမအရိပ်ကြီးတစ်ခု ဖြည်းညှင်းစွာ ပုံရိပ်ထင်လာသည်။

"ဘယ်သူကများ လျှို့ဝှက်ပညာသုံးပြီး ငါ့ကို ကျိန်စာတိုက်ရဲတာလဲ"

ကျီဝေ့ကြယ်တာရာဘုရင်၏ အသံသည် အဆုံးမဲ့ဩဇာအာဏာဖြင့် ပြည့်နှက်နေကာ ဒေါသအရိပ်အယောင်လည်း ပါဝင်နေသည်။ သူသည် ကြယ်နန်းတော်အတွင်း ကျင့်ကြံနေစဉ် တစ်ခုခုမှားယွင်းနေသကဲ့သို့ ခံစားလိုက်ရသည်။ အလွန်ထူးဆန်းသော သတ်ဖြတ်ခြင်းကျိန်စာ စွမ်းအားတစ်ခုသည် ဟင်းလင်းပြင်ကို ဖြတ်ကာ သူ့ပေါ်သို့ ကပ်ငြိလာသည်။

ဤအဖြစ်သည် ကျီဝေ့ကြယ်တာရာဘုရင်ကို အလွန်စိတ်အနှောင့်အယှက်ဖြစ်စေကာ သူ့ကို မရိုမသေပြုဝံ့သူအား ဖျက်ဆီးရန် သူ့ စိတ်ဝိဉာဉ်စိတ်တစ်ပိုင်းကို တိုက်ရိုက် စေလွှတ်လိုက်သည်။

ရွှယ်အန်းသည် ကြယ်အလင်းရောင်ဖြင့် ဖုံးလွှမ်းနေသော သူ့ ဧရာမအရိပ်ကြီးကို ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။

"ကျီဝေ့ကြယ်တာရာဘုရင်၊ မတွေ့တာကြာပြီနော်"

ဒေါသတကြီး သောင်းကြန်းရန်ပြင်နေသော ကျီဝေ့ကြယ်တာရာဘုရင်သည် အနည်းငယ် ရင်းနှီးနေသော အသံကို ကြားလိုက်ရသောကြောင့် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ကြယ်အလင်းရောင်များလည်း ပြင်းထန်စွာ တုန်ခါသွားသည်။

သူငုံ့ကြည့်လိုက်သောအခါ လေထဲတွင် လက်နောက်ပစ်လျက် ရပ်နေသော ရွှယ်အန်းကို ချက်ချင်းမြင်လိုက်ရသည်။

ထို့နောက် သူလည်း အသက်ရှူချိန် သုံးကြိမ်မျှ တိတ်ဆိတ်သွားသည်။ ထိုတိတ်ဆိတ်မှုကို အဆုံးတွင် ဖြိုခွင်းလိုက်သူမှာ ကျီဝေ့နတ်သားတော်၏ စိတ်ဝိဉာဉ်အသိစိတ်ပင်ဖြစ်သည်။

"ခမည်းတော်နတ်ဘုရား... ဒီလူက ခမည်းတော်ကို အဝေးကနေ ကျိန်စာတိုက်လိုက်တာပါ၊ ပြီးတော့ သူက သားတော် သုံးဖို့ ကြ ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်ကိုလည်း ဖျက်ဆီးပစ်ခဲ့ပါတယ်"

ကျီဝေ့နတ်သားတော်သည် စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။ သူ့အမြင်တွင် သူ့ခမည်းတော်နတ်ဘုရား ကြွဆင်းလာပြီဖြစ်သောကြောင့် ထိုလူများ၏ နေ့ကောင်းနေ့ရက်များ ကုန်ဆုံးသွားပြီဖြစ်သည်။ သူသည် ဤအခွင့်အရေးကို အသုံးချကာ သူ့ခန္ဓာကိုယ် ပျက်စီးခဲ့ရခြင်းအတွက် လက်စားချေမည်ဖြစ်သည်။

သို့သော် ထပ်ဖြစ်လာသောကိစ္စများမှာ နတ်သားတော်၏ စိတ်၀ိဉာဥ်ကို ကြောက်လန့်သွားစေပြီး ပျောက်ကွယ်သွားလုမတတ် ထိတ်လန့်သွားသည်။

ပုံမှန်ဆိုလျှင် အလွန်မာနကြီးသော ကျီဝေ့ကြယ်တာရာဘုရင်သည် ယခုအခါ သူ့ပတ်လည်ရှိ ကြယ်အလင်းရောင်များကို ဖယ်ရှားလိုက်ကာ မူလရုပ်သွင်ကို ထုတ်ပြလိုက်သည်။ ထို့နောက် သူသည် အလွန်အမင်း ရိုသေလေးစားစွာဖြင့် သူ၏ မောက်မာသောဦးခေါင်းကို ညွှတ်ကိုင်းကာ တုန်ယင်နေသောအသံဖြင့် ပြောလိုက်သည်။

"အ... အရှင်၊ အရှင်က ဒီနေရာကို ဘယ်လိုလုပ်ပြီး ကြွချီလာတာပါလဲ"

လူတိုင်း ကြက်သေသေသွားကြသည်။ ဟူယွဲ့ တစ်ယောက် အူလှိုက်သည်းလှိုက်ရယ်မောနေတော့သည်။

"ဒီလိုဖြစ်မယ်ဆိုတာ ငါသိသားပဲ"

ကျီဝေ့ကြယ်တာရာဘုရင်သည် ထိုစကားကိုကြားသော် ဟူယွဲ့ကို မသိမသာ စောင်းငဲ့ကြည့်လိုက်ပြီး နောက်တစ်ကြိမ် တုန်လှုပ်သွားပြန်သည်။

"ဒါ...ဒါဆို... အရှင်ဟူယွဲ့လည်း ရှိနေတာပဲ၊ ဒါပေမယ့် အရှင်တို့နှစ်ပါး ကျွန်တော်မျိုးကို ဘာကိစ္စ ဒီနေရာကို ဆင့်ခေါ်တာလဲ မသိဘူး"

ဟူယွဲ့ ပခုံးတွန့်လိုက်ကာ ရွှယ်အန်းကို လက်ညှိုးထိုးလိုက်သည်။

"သူ့ကိုသာမေး၊ ဘာပဲဖြစ်ဖြစ် မင်းရဲ့ခေါင်းက အခု သူ့ပိုင်နက်ထဲ ရောက်နေပြီ၊ ငါနဲ့မဆိုင်ဘူး။"

ရွှယ်အန်း အေးစက်စွာပြောလိုက်သည်။

"မင်းတကယ်မသိတာလား၊ ဒါမှမဟုတ် ငါ့ကို တမင် မသိချင်ယောင်ဆောင်နေတာလား"

ကျီဝေ့ကြယ်တာရာဘုရင်၏ နဖူးများတွင် ချွေးစေးများ စီးကျလာသည်။

"အ... အရှင်၊ ဒါက ကျွန်တော်မျိုးရဲ့ သားတော်နဲ့ ပတ်သက်လို့လား..."

ရွယ်အန်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်"

ထို့နောက် သူသည် သူ့လက်ထဲရှိ ကျီဝေ့နတ်သားတော်၏ စိတ်ဝိဉာဉ်အသိစိတ်ကို မြှောက်ပြလိုက်သည်။

"မင်းရဲ့ဒီသားတော်က ငါ့ကို ထပ်ခါထပ်ခါ ရန်စခဲ့တယ်၊ ဘယ်လိုလုပ်သင့်တယ်လို့ မင်းထင်လဲ"

ကျီဝေ့ဘုရင် မျက်နှာပေါ်တွင် ရက်စက်သောအမူအရာတစ်ခု ဖြတ်ပြေးသွားကာ ကြယ်အလင်းရောင်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး ကျီဝေ့နတ်သားတော်သည် အော်ချိန်ပင်မရလိုက်ဘဲ ထိုကြယ်အလင်းတန်းကြောင့် ဖုန်မှုန့်အဖြစ် ကြေမွသွားသည်။

"အရှင် ဒီလိုဆိုရင် ကျေနပ်ပါရဲ့လား..."

ရွှယ်အန်း မျက်လုံးများ ပိုလို့ပင်အေးစက်လာသည်။

"ကျီဝေ့ဘုရင် ခင်ဗျား ကျွန်တော့်ကို ကစားချင်နေတာလား"

ကျီဝေ့ဘုရင် တစ်ကိုယ်လုံး တုန်လှုပ်သွားရပြန်သည်။

"ကျွန်တော်မျိုး မဝံ့ရဲပါဘူး"

ရွှယ်အန်း မျက်လွှာချကာ အေးစက်စက်ပြောလာသည်။

"မင်းရဲ့ဒီနတ်သားတော်ကို အကြွင်းမဲ့ဖျက်ဆီးပစ်လိုက်၊ ပြီးရင် မင်းရဲ့ဒီနတ်စိတ်၀ိဉာဥ်အပိုင်းအစကိုလည်း ဖျက်ဆီးလိုက်၊ ဒါဆိုရင် ငါမင်းကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးမယ်၊ မဟုတ်ရင်တော့..."

ရှုအန်း အေးစက်စွာ ထပ်ပြောသည်။

"ငါ မင်းရဲ့ ကျီဝေ့ကြယ်တာရာကို ဖျက်ဆီးပစ်မယ်"

All Chapters