← Chapters

အခန်း (၆၃၄-၆၃၆)

Vol. 43 Ch. 634-636

အခန်း (၆၃၄-၆၃၆)

Vol. 43 Ch. 634-636

အခန်း(၆၃၄) ‌ရွှေအင်မော်တယ်အဖြစ်သို့ ရောက်ရှိခြင်း

ကျီဝေ့ ကြယ်တာရာဘုရင်၏ မျက်နှာပေါ်တွင် တွန့်ဆုတ်နေသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။

"အရှင် ဖြစ်နိုင်မယ်ဆိုရင်..."

"ဟမ်"

ရွှယ်အန်းက ကျီဝေ့ကြယ်တာရာဘုရင်ကို စူးစိုက်ကြည့်လိုက်သည်။ ထိုအကြည့်တစ်ချက်ဖြင့် ကျီဝေဘုရင်က ချွေးစေးများပြန်ထွက်လာကာ ခါးသီးစွာ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ အရှင့်ရဲ့ ညှာတာပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

ထိုသို့ပြောပြီးနောက် သူ့ စိတ်ဝိဉာဉ်အသိစိတ်ကိုယ်ပွားသည် တုန်ခါသွားကာ အသံပင်မထွက်ဘဲ မရေမတွက်နိုင်သော ကြယ်အလင်းမှုန်များကဲ့သို့ ပေါက်ကွဲသွားကာ ကောင်းကင်နှင့်မြေကြီးကြား ပျောက်ကွယ်သွားသည်။

ကောင်းကင်အထက်ရှိ ကျီဝေ့ကြယ်တာရာလည်း မှိန်ဖျော့သွားကာ အလင်းရောင်များပျောက်ဆုံးသွားသည်။

...

ရွှယ်အန်းသည် ထိုအဖြစ်အပျက်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

ဟူယွဲ့ သူ့ဘေးသို့ လျှောက်လာကာ အေးစက်စွာပြောလိုက်သည်။

"မင်းထွက်သွားတာ အရမ်းကြာသွားလို့ လူတော်တော်များများက ကြောက်စိတ်တွေ ပျောက်လာကြပြီနဲ့တူတယ်"

ကျီဝေ့ကြယ်တာရာဘုရင်သည် အဆုံးတွင် ရွှယ်အန်းအမိန့်ကို လိုက်နာကာ စိတ်ဝိဉာဉ်အသိစိတ်ကို ၎င်းကိုယ်တိုင်ဖျက်ဆီးခဲ့သော်လည်း ဟူယွဲ့သည် အခြေအနေကို ကောင်းစွာနားလည်သည်။

ကျီဝေ့ဘုရင်သည် တွန့်ဆုတ်နေခဲ့ကာ သူ့အသက်အတွက် ဈေးဆစ်ရန်ပင် ကြိုးစားခဲ့သည်။ သို့သော် ယခင်ကဆိုလျှင် ရွှယ်အန်းအမိန့်ပေးလိုက်သည်နှင့် တွန့်ဆုတ်ဝံ့မည်မဟုတ်ဘဲ ချက်ချင်းနာခံကာ ကိုယ်တိုင်ဖျက်ဆီးပစ်လိမ့်မည်ဖြစ်သည်။

ရွှယ်အန်း ထိုစကားကိုကြားသောအခါ ရယ်မောလိုက်သည်။

"ဒါက အံ့ဩစရာတော့ မဟုတ်ဘူး၊ အချိန်တော်တော်ကြာ ငြိမ်းချမ်းခဲ့ရတော့ သွေးရဲ့အရသာကို မေ့သွားတဲ့သူတွေဆိုတာ ရှိမှာပဲလေ"

ဟူယွဲ့က ညင်သာစွာ သက်ပြင်းချလိုက်ပြီးနောက် သူ့မျက်လုံးထဲတွင် စိုးရိမ်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ဤသူသည် အလွန်သာမန်ဖြစ်သော ကြယ်တာရာဘုရင်တစ်ပါးသာ ဖြစ်သည်။

ယခင်ကဆိုလျှင် ဤသို့သောပုဂ္ဂိုလ်သည် ရွှယ်အန်း ရှေ့တွင်ပေါ်လာရန် အခွင့်အရေးရှိမည် မဟုတ်ပေ။

သို့သော် ယခုအခါ ဤသို့သောပုဂ္ဂိုလ်ပင် ရိုသေလေးစားမှု ပျောက်ဆုံးစပြုလာသည်။ ၎င်းတို့ကိုယ်တိုင်နယ်ပယ်ကို အုပ်စိုးနေကြသည့် မဟာလော့နှင့် အင်မော်တယ်ဘုရင်အဆင့် သူများသာဆိုပါက မည်သို့ဖြစ်မည်ကို စဉ်းစားကြည့်နိုင်သည်။

ယခုအချိန်အထိ ရွှယ်အန်း ပြန်လည်မွေးဖွားလာသော သတင်းမှာ မပြန့်နှံ့သေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုတန်ခိုးရှင်ကြီးများ သိသွားချိန် မည်သည့်အရာများဖြစ်လာမည်ကို မှန်းဆရခက်သည်။

ရွှယ်အန်းသည် ဟူယွဲ့ မျက်လုံးထဲရှိ စိုးရိမ်မှုကို မြင်သောအခါ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"မင်း အများကြီး စဉ်းစားနေစရာမလိုဘူး၊ လိုအပ်ရင် စကြဝဠာရဲ့ နယ်ပယ်ပေါင်းစုံကို နောက်တစ်ခေါက် သွေးချောင်းစီးအောင် ထပ်လုပ်လိုက်ရုံပဲပေါ့"

သူ့လေသံသည် အလွန်တည်ငြိမ်နေသော်လည်း ဟူယွဲ့ကိုပင် ကျောချမ်းသွားစေသည်။

ထိုအချိန် ရွှယ်အန်းသည် ကောင်းကင်ယံရှိ ဖြူဖျော့နေသော နတ်ဘုရားများနှင့် နတ်ဆိုးများကို ကြည့်ကာ ပြောလိုက်သည်။

"နောက်တစ်လှည့်က မင်းတို့အလှည့်ပဲ"

ရွှယ်အန်း စကားပြောနေစဉ် ၎င်းတို့ထဲမှ လူတစ်ယောက်သည် တိတ်တဆိတ် နောက်ဆုတ်သွားပြီဖြစ်သည်။

ရွှယ်အန်းသည် လော့ထျန်းမဟာတံဆိပ်မှ ဖောက်ထွက်လာပြီး ရွှေအင်မော်တယ်အဆင့်သို့ ရောက်ရှိသွားသည့်အချိန်မှစ၍ ကုချန်လည်း မျှော်လင့်ချက်မရှိတော့ကြောင်း သိလိုက်ပြီး တိတ်တဆိတ် ဆုတ်ခွာရန် စတင်လိုက်သည်။

အဘယ်ကြောင့်ဆို သူသည် ငတုံးတစ်ယောက် မဟုတ်သောကြောင့်ဖြစ်သည်။

ဤရွှယ်အန်းသည် ကျင့်ကြံမှုအဆင့် မရှိတုန်းကပင် သူ့ကို ပြင်းထန်စွာ ရိုက်နှက်နိုင်ခဲ့သည်။ ယခုဆို ၎င်း ရွှေအင်မော်တယ်ဖြစ်သွားသောကြောင့် သူ့ကိုသတ်ခြင်းမှာ လက်ဖဝါးလှန်သလို လွယ်ကူလိမ့်မည် မဟုတ်ပေလား။

ကျီဝေ့ကြယ်တာရာဘုရင်ပင်လျှင် သူ့နတ်အသိစိတ်သူ နာခံစွာ ဖျက်ဆီးသွားသည်ကို မျက်မြင်တွေ့လိုက်ရသောကြောင့် ကုချန် အတွေးများလည်း ပိုခိုင်မာလာကာ သူ နောက်မဆုတ်ပဲ မနေနိုင်တော့ပေ။ သူသည် မြို့တော်သခင်စံအိမ်၏ အစွန်းသို့ တိတ်တဆိတ်ရောက်သွသွားကာ ဤကြောက်မက်ဖွယ်ရာ နယ်မြေမှ ထွက်ပြေးရန် ပြင်ဆင်နေစဉ် ရွှယ်အန်း အသံသည် သူ့နား အနားတွင် ထွက်ပေါ်လာသည်။

"အခှ ထွက်သွားတော့မလို့လား။ မျိုးနွယ်ပေါင်းစုံညီလာခံကို မတက်တော့ဘူးလား။"

ကုချန်၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီးနောက် ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ရာ လေထဲရှိရွှယ်အန်းကို မျက်နှာချိုသွေးသော အပြုံးဖြင့် အတင်းပြုံးပြလိုက်သည်။

"အ... အရှင် ကိုယ်တော်တို့ ဗုဒ္ဓမျိုးနွယ်စုက မျိုးနွယ်စုပေါင်းစုံညီလာခံကို ပါဝင်မှာမဟုတ်တော့ပါဘူး၊ ပြီးတော့ ကိုယ်တော်တို့ ပြန်ရောက်ရင် ဘုရားကျောင်းတံခါးတွေကို ချိန်ပိတ်ပြီး ဘယ်တော့မှ ပြန်ဆင်းလာမှာ မဟုတ်တော့ဘူး၊ အဲ့လိုဆိုရင်ရော အရှင် ဘယ်လိုထင်သလဲ"

သူသည် လုံးဝအရှုံးပေးလိုက်ခြင်းဖြစ်သည်။ သို့သော် ရွှယ်အန်းသည် ခေါင်းကို ဖြည်ညှင်းစွာ ခါယမ်းလိုက်သည်။

"မဖြစ်ဘူး"

"မင်း..."

ကုချန် မျက်နှာက မည်းမှောင်သွားပြီးနောက် အေးစက်သောအသံဖြင့် ပြောလိုက်သည်။

"ရွှယ်အန်း၊ ငါမင်းကို တကယ်ကြောက်နေတယ်လို့ မထင်နဲ့၊ ငါတို့အားလုံးကို မင်းတစ်ယောက်တည်း..."

ရွှယ်အန်း စိတ်မရှည်စွာ လက်ဝှေ့ယမ်းလိုက်သည်။

"အပိုစကားတွေ တော်တော့။ ငါ့ကိုအနိုင်တိုက်နိုင်ရင် မင်း အခုချက်ချင်း ထွက်သွားလို့ရတယ်၊ မဟုတ်ရင် မင်းခေါင်းကို ဒီမှာထားခဲ့"

ကုချန်က ဒေါသတကြီး နှာခေါင်းရှုံ့လိုက်ကာ သူ့အကြည့်သည် လန်ကျွင်းရှဲ့နှင့် ဖေးထျန်းတို့ဆီ ရောက်သွားသည်။

"မင်းတို့နှစ်ယောက် အခုမှမဟုတ်ရင် ဘယ်အချိန်မှလှုပ်ရှားမှာလဲ၊ ငါတို့ပူးပေါင်းပြီး သူ့ကိုသတ်ကြမယ်"

လန်ကျွင်းရှဲ့နှင့် ဖေးထျန်းတို့လည်း မကြာသေးခင်က ကိစ္စအား မြင်တွေ့ခဲ့သဖြင့် ၎င်းတို့စိတ်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ ယခုအခါ ကုချန် စကားကြားချိန်မှ သတိပြန်ဝင်သွားပြီး ၎င်းတို့အချင်းချင်း အကြည့်ဖလှယ်ကာ အံ့တင်းတင်းကြိတ်လိုက်ကြသည်။

ရှင်သန်ဖို့အတွက် သေရေးရှင်ရေးတိုက်ပွဲဝင်မှပဲရတော့မယ်

နတ်ဆိုးတစ်ယောက်နှင့် အသူရာတစ်ယောက်တို့သည် အရှိန်အ၀ါများထုတ်လွှတ်လာကာ မြေပြင်ပေါ်မှ နတ်ဆိုးစစ်သည်များနှင့် အသူရာစစ်သည်များလည် တစ်ပြိုင်နက် နာကျင်စွာ အော်ဟစ်လိုက်ကြပြီး အလင်းတန်းများအဖြစ် ပြောင်းလဲကာ ၎င်းတို့နှစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ် ဝင်ရောက်သွားသည်။

လန်ကျွင်းရှဲ့နှင့် ဖေးထျန်းတို့ အရှိန်အဝါသည် အလွန်ကြောက်မက်ဖွယ်ကောင်းလာကာ ရွှယ်အန်းကို သတ်ရန်လာကြသည်။ ရွှယ်အန်၏ နှုတ်ခမ်းများလည်း ကွေးတက်သွားကာ ခပ်ရေးရေးပြုံးလိုက်သည်။

"ငါကိုးဆယ်ရာခိုင်နှုန်းယူမယ်၊ ကျန်တာ မင်းအတွက်"

ထိုအချိန်တွင် ကုချန်သည် သူ့ ဗောဓိသတ္တရွှေကိုယ်ခန္ဓာကို ထုတ်ဖော်လိုက်ကာ သူ့ပတ်ပတ်လည်လည်တွင် ဗုဒ္ဓအလင်းတန်းများ လှည့်ပတ်နေကာ မြင့်မြတ်သော ရွတ်ဆိုသံများနှင့်အတူ လေထဲရှိ ရွှယ်အန်းထံသို့ တည့်တည့်ပြေးထွက်လာသည်။ သို့သော် လန်ကျွင်းရှဲ့နှင့် ဖေးထျန်တို့သည် ရွှယ်အန်းကို တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်တွင် ကုချန်က ရုတ်တရက် ဆန့်ကျင်ဘက်သို့ ပြေးထွက်သွားသည်။

သူ့တွင် အစီအစဉ်ကောင်းတစ်ခု ရှိသည်။

လန်ကျွင်းရှဲ့နှင့် ဖေးထျန်တို့အား ရွှယ်အန်းနှင့် ရင်ဆိုင်စေကာ သူကိုယ်တိုင်သည်တော့ ထွက်ပြေးရန် အခွင့်အရေးရှာမည်ဟု ရည်ရွယ်ထားသည်။ ရွှယ်အန်း စွမ်းအားကြီးလာသော်လည်း လန်ကျွင်းရှဲ့နှင့် ဖေးထျန်သည်လည်း အမှိုက်များမဟုတ်ကြပေ။ ၎င်းတို့သာ ရွှယ်အန်းကို အသက်ရှူချိန် တစ်ခဏမျှ ထိန်းထားနိုင်လျှင်ပင် သူဘေးကင်းရာသို့ လွတ်မြောက်နိုင်သည်။

မျှော်လင့်ထားသည့်အတိုင်းပင်။

မျက်တစ်မှိတ်အတွင်း သူသည် လော့ဖုမြို့ အစွန်းသို့ ရောက်သွားကာ သူ့နှလုံးသားသည် ဝမ်းမြောက်မှုဖြင့် ပြည့်လျှံသွားသည်။ သို့သော် ထိုအခိုက်အတန့်တွင် လေထဲတွင်ရပ်နေသော ရွှယ်အန်းသည် စကားလုံးနှစ်လုံးကို အေးစက်စွာပြောလိုက်သည်။

"ကံကြမ္မာ"

သူ၏အမိန့်ပေးသံနှင့်အတူ ယခင်က ဝမ်းသာအားရဖြစ်နေသော ကုချန်သည် လေထဲတွင် လုံးဝမလှုပ်မယှက်နိုင်ဘဲ ရပ်တန့်သွားသည်။

သူတစ်ယောက်တည်းသာမက လန်ကျွင်းရှဲ့၊ ဖေးထျန်နှင့် မြေပြင်ပေါ်ရှိ ကျင့်ကြံသူအားလုံးနီးပါးလည်း ချက်ချင်း ရပ်တန့်သွားသည်။

တစ်စုံတစ်ယောက်သည် ခေတ္တရပ်ရန် ခလုတ်ကို နှိပ်လိုက်သကဲ့သို့ နတ်ဘုရားများ၊ နတ်ဆိုးများနှင့် ကျင့်ကြံသူအားလုံးသည် မိမိတို့နေရာတွင် မလှုပ်မယှက် ရပ်တန့်နေကြကာ လေကြောင့် လှုပ်ရှားနေသော ၎င်းတို့ဆံပင်များပင်လျှင် အချိန်နှင့်အတူ ရပ်တန့်သွားသည်။

ထို့နောက် ရွှယ်အန်း အေးစက်စွာ ပြောလိုက်သည်။

"ငါ ကျင့်ကြံမှုလုံးဝမရှိတဲ့ ခန္ဓာကိုယ်နဲ့ ဒီလောကက ရွှေအင်မော်တယ်တွေကို ဘယ်လိုသတ်ဖြတ်နိုင်လဲဆိုတာ မင်းတို့သိချင်လား"

ထိုရပ်တန့်ခြင်းမှ လွတ်ကင်းသော ချန်ယာ့ယွင်၊ ဟွာယို့အန်းနှင့် အခြားသူများသည် ကြောင်အစွာ ကြည့်နေကာ တစ်ပြိုင်နက် ခေါင်းခါပြကြသည်။

"ဘာလို့လဲဆိုတော့... ဒီလောကရဲ့ ကောင်းကင်တာအိုက ချို့ယွင်းနေလို့ပဲ၊ အဲ့ဒီကနေဖြစ်ပေါ်လာတဲ့ ရွှေအင်မော်တယ်တွေမှာ နတ်ဘုရားဓာတ်နည်းနည်းလေးတောင် မရှိဘူး၊ နတ်ဘုရားဓာတ်မရှိရင် နတ်ဘုရားစွမ်းရည်လည်း ရှိမှာမဟုတ်ဘူး။ အဲ့လို ချို့ယွင်းနေတဲ့ ရွှေအင်မော်တယ်ဆိုတာ အမှိုက်လိုပဲ"

"ပြီးတော့ မင်းတို့အခုမြင်နေရတာက ငါ့ရဲ့ နတ်ဘုရားစွမ်းရည်ပဲ"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ညင်သာစွာ ပြောလိုက်သည်။

"နောက်ပြန်ဆုတ်"

ဤတစ်ကြိမ်တွင် ခလုတ်ကို နောက်တစ်ကြိမ် နှိပ်လိုက်သည့်ပမာ လှုပ်ရှားနိုင်သွားသည်။

သို့သော် နတ်ဘုရားများ၊ နတ်ဆိုးများနှင့် ကျင့်ကြံသူအားလုံးသည် မမြင်နိုင်သော ဧရာမလက်ကြီးတစ်ဖက်ဖြင့် ရစ်ပတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ၎င်းတို့ မျက်နှာများသည် ငယ်ရွယ်လာကာ ၎င်းတို့ ခန္ဓာကိုယ်များမှာ ကျုံ့ဝင်စပြုလာသည်။

သို့သော် ဤပြောင်းလဲမှုသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသည်။

အဘယ်ကြောင့်ဆိုသော် မျက်တစ်မှိတ်အတွင်း ဤနတ်ဘုရားနှင့် နတ်ဆိုးကျင့်ကြံသူများသည် ဖုန်မှုန့်များအဖြစ်သို့ ကြေမွသွားသောကြောင့်ဖြစ်သည်။ အဆုံးတွင် တစ်ချိန်၌ တန်ခိုးကြီးမားခဲ့သော နတ်ဘုရားများ၊ နတ်ဆိုးများနှင့် ကျင့်ကြံသူများသည် လုံးဝနီးပါး ပျောက်ကွယ်သွားကာ ကောင်းကင်နှင့်မြေကြီးသည် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ဗလာအတိဖြစ်သွားသည်။

အသက်ရှင်ကျန်ရစ်သူများသည် ဤမြင်ကွင်းကို ကြောင်အငေးကြည့်နေကြသည်။

ဟူယွဲ့လည်း ထိတ်လန့်မှုမှ သတိပြန်ဝင်လာကာ ခေါင်းခါယမ်းလျက် ရယ်မောလိုက်သည်။

"လူအချင်းချင်း ယှဉ်လို့မဖြစ်ဘူးဆိုတာ တကယ်ပဲ၊ ရွှေအင်မော်တယ်တစ်ယောက်က ဒီလောက်အဓိပ္ပာယ်မရှိတဲ့ နတ်ဘုရားစွမ်းရည်ကို နိုးထလာနိုင်တာကိုး၊ သူ့မှာ ဒါရှိ‌နေမှတော့ သူနဲ့လူလိုက်လုတာက ငါ ကစားခံရသလိုဖြစ်မှာသေချာတယ်”

ဟူယွဲ့သည် တစ်ကိုယ်တည်း ရေရွတ်လျက် အောက်ရှိလူအုပ်ကို ပျင်းရိစွာ လက်ညှိုးထိုးပြကာ အားမပါသောအသံဖြင့် ပြောလိုက်သည်။

"ကောင်လေးတို့... ဒီအသေးအမွှားလေးတွေကို မင်းတို့အတွက် ထားခဲ့တယ်"

ဟူယွဲ့ နောက်လိုက် နတ်ဆိုးကြီးအုပ်စုသည် တစ်ညီတစ်ညွတ်တည်း တုံ့ပြန်ကြပြီး ကျန်ရှိနေသော ကျင့်ကြံသူများကို စတင်တိုက်ခိုက်ရန် မြေပြင်သို့ ဆင်းသွားကြသည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီးတစ်ခု ပြန်စတင်ခဲ့သည်။

သို့သော် ရွှယ်အန်းသည် အဝေးဆုံးတွင် အခြားသူများ အာရုံစိုက်မှုကို မခံရစေရန် အစွမ်းကုန်ကြိုးစားနေသော လော့ဝမ်ရှီကို ကြည့်ကာ ပြုံးလိုက်သည်။

"ငါ့ရဲ့ကံကြမ္မာစွမ်းရည်ကနေ လွတ်မြောက်နိုင်တယ်ဆိုတာ ကြည့်ရင် မင်းက တကယ့်ကို သာမန်လူတစ်ယောက် မဟုတ်ဘူးပဲ”

အခန်း(၆၃၅) ကောင်းကင်တာအိုကို သုတ်သင်ခြင်းနှင့် အကျိုးဆက်များခံယူခြင်း

လော့ဝမ်ရှီ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားသော်လည်း လျင်မြန်စွာပင် ပြုံးရွှင်သော အမူအရာသို့ ပြန်ပြောင်းသွားသည်။

"အရှင် အရင်က နားလည်မှုလွဲမှားခဲ့တာတွေအားလုံးက ကျွန်တော့် အမှားပါ၊ ကျွန်တော် မျက်စိကန်းပြီး အရှင့်ကို ပြစ်မှားမိတာပါ၊ အရှင်သာ ကျွန်တော့်ကို အသက်ချမ်းသာပေးမယ်ဆိုရင် ကောင်းကင်တာအိုယွမ်အကြောင်း အကုန်လုံး ပြောပြပါ့မယ်၊ အရှင် ဒီကိုရောက်လာတာ မျိုးနွယ်စုပေါင်းစုံညီလာခံရဲ့ ကံကြမ္မာတွေအတွက် မဟုတ်လား"

ရွှယ်အန်းသည် လော့ဝမ်ရှီအား မချိုပြုံးဖြင့် ကြည့်ကာ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

"ဘာလို့ ငါက အဲ့လောက်ဒုက္ခခံနေတော့မှာလဲ၊ မင်းကိုသတ်လိုက်မယ်ဆိုရင်... ငါအကုန်လုံးကို သိရမှာပဲ မဟုတ်ဘူးလား"

လော့ဝမ်ရှီ မျက်နှာ ဖြူဖျော့သွားသော်လည်း အားယူကာ ပြုံးလိုက်သည်။

"အရှင်က နောက်နေတာပဲ၊ ကျွန်တော့်ကို သတ်လိုက်ရင် ဘယ်လိုလုပ် သိနိုင်မှာလဲ"

"အခုထိ မင်းအမှန်မပြောနိုင်သေးဘူးလား၊ မင်း လော့ဖုမြို့က ကောင်းကင်တာအိုယွမ်အကြောင်း ကြိုသိနိုင်ခဲ့တာက မင်းမှာ ဒီလောကရဲ့ ကောင်းကင်တာအို အပိုင်းအစတစ်ခုကို ပိုင်ဆိုင်ထားလို့ဖြစ်ရမယ်၊ ဒါကြောင့်လည်း မင်းက ငါ့ ကံကြမ္မာနတ်ဘုရားစွမ်းရည်ကနေ ရှောင်ရှားနိုင်ခဲ့တာပေါ့၊ ငါပြောတာ မှန်တယ်မလား မြို့တော်ဝန်လော့"

ရွှယ်အန်းက တည်ငြိမ်စွာပြောလိုက်သည်။ လော့ဝမ်ရှီ မျက်နှာလည်း သိသိသာသာ ပြောင်းလဲသွားတော့သည်။

"မင်း..."

...

ထို့နောက် သူ့ မျက်လုံးများ ကယောက်ကယက်ဖြစ်သွားကာ သူ့ အမူအရာသည် မထူးမခြားနား ပုံစံသို့ ပြောင်းသွားသည်။

"ဟုတ်တယ်၊ ငါ့မှာ ကောင်းကင်တာအိုရဲ့ အပိုင်းအစတစ်ခု ရှိတာမှန်တယ်၊ ပြီးတော့ ဒီလောကရဲ့ ကောင်းကင်တာအိုနဲ့တောင် ငါ တိုက်ရိုက် စကားပြောနိုင်တယ်၊ အဲ့တော့ ဘာဖြစ်လဲ၊ အခု မျိုးနွယ်စုပေါင်းစုံညီလာခံမှာ လူသားမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်ပဲ ကျန်တော့တယ်၊ မင်း ကောင်းကင်တာအိုယွမ်ထဲ ဝင်လိုက်တာနဲ့ ဒီတစ်ကြိမ်ရဲ့ ကံကြမ္မာက မင်းအတွက်ပဲ ဖြစ်သွားမှာ"

ရွှယ်အန်း ခေါင်းခါလိုက်သည်။

"မင်းနဲ့ မင်းရဲ့နောက်ကွယ်ကကောင်းကင်တာအို တစ်ခု ထင်တာ မှားနေတယ်"

"ဘာလဲ"

ရွှယ်အန်းလည်း သွားဖြူတန်းများ ပေါ်သည်အထိ အေးစက်စွာ ပြုံးလိုက်သည်။

"ငါလိုချင်တာက ဒီလိုရိုးစင်းတဲ့ ကံကြမ္မာစွမ်းအင် နည်းနည်းလေးမဟုတ်ဘူး"

လော့ဝမ်ရှီ ခန္ဓာကိုယ်သည် တုန်ရီသွားပြီး ရွှယ်အန်းကို ထိတ်လန့်စွာ စိုက်ကြည့်နေမိသည်။

ရွှယ်အန်းသည် တစ်နှစ်ပတ်လုံး မြူခိုးများဖြင့် ဖုံးလွှမ်းနေသော ကောင်းကင်တာအိုယွမ်ကို ကြည့်ကာ ပေါ့ပါးစွာ‌ ပြောလိုက်သည်။

"ငါမှန်းတာ မမှားဘူးဆိုရင် ဒီကောင်းကင်တာအိုယွမ်ဆိုတာ ဒီလောကရဲ့ ကံကြမ္မာ တည်ရှိတဲ့နေရာပဲ မဟုတ်လား"

"ငါလိုချင်တာက အဲ့ဒါပဲ"

လော့ဝမ်ရှီ မျက်နှာသည် အလွန် ပြောင်းလဲသွားကာ စကားပြောရန် ပြင်လိုက်သော်လည်း သူပြောချိန်မရလိုက်ပေ။ ဓားချီတစ်စသည် သူ့ နဖူးရှေ့တွင် တိတ်တဆိတ်ပေါ်လာကာ သူ့ ခေါင်းကို ထိုးဖောက်သွားပြီး သွေးကြောင်းတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။ လော့ဝမ်ရှီ မျက်လုံးများ မှိန်ဖျော့သွားသော်လည်း ခမ်းနားလှသော အရှိန်အဝါတစ်ခုသည် ၎င်းခန္ဓာကိုယ်တွင် ပေါ်လာကာ လော့ဝမ်ရှီ ခန္ဓာကိုယ်ကို လျင်မြန်စွာ ထိန်းချုပ်သွားသည်။

ထို့နောက် လော့ဝမ်ရှီ မော့ကြည့်လာသောအချိန် သူ့ မျက်လုံးများထဲတွင် လူသားများ၏ စိတ်ခံစားချက်များမပါရှိပဲ အဆုံးအစမရှိစွာ စွမ်းအင်များဖြင့် ကောင်းကင်မြေကြီး အရှင်သခင်အလား ခန့်ညားနေခဲ့သည်။

"လူသားမျိုးနွယ်က စွမ်းအားရှင်... မင် ဒီလောကထဲ ဝင်လာကတည်းက ငါ အကြိမ်ကြိမ် မျက်နှာလွှဲပေးခဲ့တယ်၊ ဘာလို့ ဒီလောက်တောင် ခက်ခက်ခဲခဲတွေ လုပ်ချင်နေရတာလဲ"

ရွှယ်အန်း မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

" မျက်နှာလွှဲပေးတယ် ဟုတ်လား၊ ဒါဆို ငါမင်းကို မေးမယ်၊ ဘာလို့ ကောင်းကင်တာအို ဥပဒေသတွေက ငါ့လူသားမျိုးနွယ်ကို ချည်နှောင်ထားပြီး ကျင့်ကြံလို့မရအောင် လုပ်ထားတာလဲ"

ထိုစကားကို ကြားသောအခါ လော့ဝမ်ရှီ ခန္ဓာကိုယ်ဖြင့် ကောင်းကင်တာအိုမှာ ခေါင်းခါလိုက်သည်။

"စွမ်းအားရှင် ငါက ကောင်းကင်တာအိုဥပဒေသတွေနဲ့ လူသားမျိုးနွယ်ကို ကျင့်ကြံလို့မရအောင် တားဆီးခဲ့တာ မဟုတ်ပါဘူး၊ အမှန်က..."

လော့ဝမ်ရှီ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာသည်။ ကောင်းကင်တာအို၏ ကိုယ်ပွားပင် ကြောက်ရွံ့နေရသည့် တစ်စုံတစ်ခုရှိပုံရသည်။

"အမှန်က ဘာဖြစ်လဲ"

ရွှယ်အန်း မေးလိုက်သည်။

ကောင်းကင်တာအို တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ထပ်ပြောသည်။

"စွမ်းအားရှင် ဒီကိစ္စက အပြစ်ကြွေး ကြီးမားလွန်းတယ်၊ မင်းတောင်မှ ခံနိုင်မှာမဟုတ်ဘူး၊ ဒါကြောင့် မမေးတာ အကောင်းဆုံးပါပဲ၊ ပြီးတော့ မင်း ဒီမျိုးနွယ်စုပေါင်းစုံညီလာခံရဲ့ ကံကြမ္မာကို ရလိုက်တာနဲ့ ဒီက လူသားမျိုးနွယ်တွေ ပြန်လည်ကျင့်ကြံနိုင်မှာပါ"

ထိုစကားကိုကြားသောအခါ ရွှယ်အန်း အေးစက်စွာ ရယ်လိုက်သည်။

"အပြစ်ကြွေး ကြီးမားလွန်းတယ်ဟုတ်လား၊ ဟားဟား... တကယ့်ရယ်စရာပဲ၊ ငါ့လူသားမျိုးနွယ်တွေ နှစ်ထောင်ပေါင်းများစွာ ခံစားခဲ့ရတဲ့ အရှက်တရားတွေအားလုံးက မင်းဆီရောက်တော့ 'အပြစ်ကြွေးကြီးမားလွန်းတယ်' ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ ပြီးသွားရောလား"

"ကြားရတာ မချိုပေမယ့် အမှန်တရားပါ"

ကောင်းကင်တာအို မသိချင်ယောင်ဆောင်လိုက်သည်။

"ဒါဆိုရင်တော့ ငါကိုယ်တိုင်တောင် မခံနိုင်လောက်တဲ့ အပြစ်ကြွေးမျိုးက ဘာလဲဆိုတာ မြင်ချင်သေးတယ်"

သူ စကားပြောနေစဉ်ပင် အဆုံးမရှိသော ဓားချီများ လေထဲတွင် ပေါ်ထွက်လာပြီး ကောင်းကင်တာအိုကို ဝန်းရံလိုက်သည်။

သို့သော် ကောင်းကင်တာအို၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်းမရှိစွာ ပြောလာသည်။

"စွမ်းအားရှင်... မင်းဘာလုပ်လုပ် အသုံးမဝင်ပါဘူး၊ ဒီလောကထဲမှာ ငါက မရှုံးနိမ့်နိုင်တဲ့ ဖြစ်တည်မှုတစ်ခုပဲ၊ မင်းရဲ့ ကြိုးပမ်းမှုတွေက ငါ့ကို မထိခိုက်နိုင်ဘူး"

မျှော်လင့်ထားသကဲ့သို့ပင်...

ဓားချီများသည် ကောင်းကင်တာအိုကို ထိမိတော့သည့်အခိုက် လေထဲတွင် ပျောက်ကွယ်သွားကာ အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ပေ။

"စွမ်းအားရှင်... ငါ မင်းကို အကြိမ်ကြိမ် မျက်နှာလွှဲထားတယ်၊ ဒီညီလာခံရဲ့ ကံကြမ္မာက ကြီးမားတော့ လူသားမျိုးနွယ်အတွက် ကျင့်ကြံခြင်းလမ်း ပြန်စဖို့ လုံလောက်ပါတယ်၊ ဒါကြောင့် ရှုပ်ရှုပ်ထွေးထွေးတွေ ထပ်မလုပ်ဖို့ အကြံပေးချင်ပါတယ်"

ကောင်းကင်တာအိုသည် တည်ငြိမ်စွာပြောလိုက်သည်။ ရွှယ်အန်းလည်း ပြုံးလိုက်သည်။ ထိုအပြုံးမှာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

"လူသားမျိုးနွယ် နှစ်ထောင်ပေါင်းများစွာ ခံစားခဲ့ရလို့ ကျခဲ့တဲ့ သွေးနဲ့အရိုးတွေကို စုစည်းရင်း သွေးပင်လယ်နဲ့ အရိုးတောင်တွေတောင် ဖြစ်သွားစေနိုင်တယ်၊ မင်းက တရားခံမဟုတ်ပေမယ့် အလိုတူအလိုပါပဲ၊ ဒါကြောင့် မင်းလည်း ထိုက်တန်တဲ့ အဖိုးအခကို ပေးဆပ်ရမယ်"

ရွှယ်အန်း စကားဆုံးသည်နှင့် သူ့နဖူးကြားမှ ကြာပန်းနီတစ်ပွင့်နှင့် ဖြူတစ်ပွင့် ပွင့်လန်းလာသည်။

ထိုကြာပန်းတစ်စုံ ပေါ်လာသည့်အခါ နတ်ဘုရားနှင့် တစ္ဆေများပင် တုန်လှုပ်သွားကြသည်။

ထိုသည်ကိုမြင်သောအခါ အမြဲတည်ငြိမ်နေသော ကောင်းကင်တာအို အမူအရာလည်း ရုတ်တရက် ပြောင်းလဲသွားသည်။

"မဟုတ်ဘူး... မဖြစ်နိုင်ဘူး၊ မင်းမှာ ဒီလိုအရာမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ"

ရွှယ်အန်း ပြန်မဖြေဘဲ လက်ဝှေ့ယမ်းလိုက်သောကြောင့် ကြာပန်းနှစ်ပွင့်သည် ကောင်းကင်တာအို ခေါင်းထက်သို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။ ထို့နောက် ကြာပန်းတစ်စုံသည် ဓားချီ အနီအဖြူများကဲ့သို့ ပြောင်းလဲသွားကာ ယင်နှင့်ယန်ပုံစံ ဖန်တီးဖြင့် ကောင်းကင်တာအိူကို ပိတ်လှောင်လိုက်သည်။

ကြာပန်းအနီအဖြူ ဓားချီများသည် ကောင်းကင်တာအို၏ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း တိုက်စားဖျက်ဆီးနေသည်။

ကောင်းကင်တာအိုလည်း အော်ဟစ်လိုက်သည်။

"စွမ်းအားရှင်... မင်းရဲ့ လျစ်လျူရှုမှုကြောင့် မင်းဆီ အရမ်းကြီးမားတဲ့ အပြစ်ကြွေးတစ်ခု သယ်ဆောင်လာလိမ့်မယ်၊ ဒါက မင်း လုံးဝမခံနိုင်မဲ့ အပြစ်ကြွေးမျိုးပဲ"

ရွှယ်အန်း တည်ငြိမ်စွာ ပြန်ပြောသည်။

"ဒီထောင်သောင်းမကတဲ့ လောကကြီးမှာ ငါ မဖြေရှင်းနိုင်တဲ့ အပြစ်ကြွေးဆိုတာ မရှိဘူး၊ လူသားမျိုးနွယ်ကို ဒီလိုရက်စက်တဲ့ လုပ်ရပ်မျိုး ကျူးလွန်ရဲတဲ့ ဘယ်သူမဆို အပြင်းဆုံး လက်စားချေမှုကို ခံဖို့ ကြိုပြင်ဆင်ထားရမယ်"

အဆုံးတွင် ကြာပန်းတစ်စုံကြောင့် ကောင်းကင်တာအို၏ ခန္ဓာကိုယ်လည်း ကျယ်လောင်သော အသံနှင့်အတူ ပျက်စီးသွားသည်။ ထိုအချိန်ပင် ကောင်းကင်တာအို ပတ်ပတ်လည်လည်တွင် ဘယ်သောအခါမှ မပျောက်ကွယ်ခဲ့သော မြူခိုးများသည် ချက်ချင်း ပျောက်ကွယ်သွားပြီး သာမန်လူသားများ မမြင်ဖူးသော သူ့အစစ်အမှန်ပုံစံမှာ ရုပ်လုံးထင်လာသည်။

ဤအရာသည် ကြီးမားလှသော ကျောက်စိမ်းပြားကြီးတစ်ချပ်ဖြစ်သည်။

ထိုကျောက်စိမ်းပြားထိပ်မှ အားကောင်းလှသော ကံကြမ္မာစွမ်းအားများ စိမ့်ထွက်နေသည်။

ဟွာယို့အန်း၊ ကျားနင်နှင့် စုန့်အာတို့သည် ပါးစပ်အဟောင်းသားဖြင့် ကြက်သေသေနေကြသည်။

"ဒါ... ဒါက ကောင်းကင်တာအိုရဲ့ မူလအစလား"

ဟွာယို့အန်း အံ့ဩတကြီး ရေရွတ်လိုက်သည်။

လူသားမျိုးနွယ်ဝင်များအနေဖြင့် ကောင်းကင်တာအို၏ မူလပုံစံကို တစ်ခါမှ မမြင်ဖူးပေ။

ထိုအချိန်တွင် ဟူယွဲ့လည်း လေးနက်သော အမူအရာပြလာသည်။

"ရွှယ်အန်း... ဒီကျောက်စိမ်းတွေအားလုံးက ကံကြမ္မာတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာ၊ မင်း မြန်မြန်မသိမ်းသွင်းရင် စကြာဝဠာပေါင်းများစွာက စွမ်းအားရှင်တွေရဲ့ လောဘကို ဆွဲဆောင်မိလိမ့်မယ်"

ဟူယွဲ့ကဲ့သို့ ပုဂ္ဂိုလ်မျိုးပင် သူ့ဘဝတစ်လျှောက်တွင် ဤမျှ ကြီးကျယ်ခမ်းနားသော ကံကြမ္မာစွမ်းအားကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သောကြောင့် တန်ဖိုးကို နားလည်သင့်သည်။

ရွှယ်အန်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"စိတ်မပူနဲ့၊ ဒီ‌လောကရဲ့ ကောင်းကင်တာအိုက လုံးဝ မပျက်စီးသေးဘူး၊ သူ စကြာဝဠာပေါင်းစုံက စွမ်းအားရှင်တွေ ရောက်မလာအောင် တားဆီးဖို့ သူ့အရှိန်အဝါတွေ စိမ့်မထွက်အောင် အစွမ်းကုန် ကြိုးစားမှာပဲ"

သူ မျှော်လင့်ထားသလိုဖြစ်လာသည်။ တစ်ချိန်တည်းပင် ကြယ်နှင့်လတို့ဖြင့် တောက်ပနေသော ကောင်းကင်သည် မြူခိုးတစ်လွှာ ဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်သွားသည်။

"ဒါပေမဲ့ ဒါက ရေရှည်ဖြေရှင်းနည်းလို့ရတဲ့ မဟုတ်ဘူးလေ၊ ဒီက ကောင်းကင်တာအိုက အဲ့လောက် စွမ်းအားမရှိဘူး" ဟူယွဲ့ စိုးရိမ်တကြီးပြောလိုက်သည်။

ရွှယ်အန်း တည်ငြိမ်စွာ ပြောလိုက်သည်။

"သိပ်မကြာပါဘူး။"

"ဘာကိုလဲ"ဟူယွဲ့ အံ့အားသင့်သွားသည်။

ရွှယ်အန်း ဘေးတွင် ကြာပန်းနီဖြူတစ်စုံ ထပ်မံပေါ်လာသည်။

"ငါပြောခဲ့သလိုပဲ၊ ငါလိုချင်တာက ကံကြမ္မာစွမ်းအား သက်သက်မဟုတ်ဘူး၊ ဒီ‌ကောင်းကင်တာအိုရဲ့ မူလအစကို လိုချင်တာ"

သူ စကားဆုံးသည်နှင့် ကြာပန်းတစ်စုံသည် အဆက်မပြတ်လှည့်ပတ်ကာ ကောင်းကင်တာအို မူလအပိုင်းအစကို ဖုံးလွှမ်းလိုက်သည်။

ကြီးမားလှသော ကံကြမ္မာစွမ်းအားသည် ရွှယ်အန်း ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်။

ထို့နောက် ရွှယ်အန်းသည် သူ့ လက်ဖဝါးတစ်ဖက်ကို ဟူယွဲ့ ကျောပေါ် တင်လိုက်သည်။

"ဒီကံကြမ္မာစွမ်းအားရဲ့ သုံးဆယ်ရာခိုင်နှုန်းက မင်းတို့ မြေခွေးမျိုးနွယ်အတွက်ပဲ"

ရွှယ်အန်း စကားဆုံးသည်နှင့် သူ့အား အဆုံးမရှိကံကြမ္မာစွမ်းအားများ လွှမ်းခြုံသွားသည်။

ဟူယွဲ့သည် ရွှယ်အန်း နောက်ဆုံးစကားကိုသာ ကြားလိုက်ရသည်။

"ဒီကံကြမ္မာစွမ်းအားတွေ ချေဖျက်ဖို့ ငါကျင့်ကြံဖို့လိုတယ်၊ မင်းတို့ ကြိုက်တဲ့နေရာသွားလို့ရပြီ”

အခန်း(၆၃၆) လောကကြီးမှာ မပြောင်းလဲတဲ့တစ်ခုတည်းသောအရာက ရှင့်ကိုစောင့်နေမိတာပဲ

ရွှယ်အန်းသည် ထောင်၊သောင်းမက လောကကြီး၏ ကောင်းကင်တာအို မူလအပိုင်းအစ၏ ကံကြမ္မာကို စုပ်ယူနေစဉ်...

ကမ္ဘာမြေတွင်

ချင်းမန်မြို့၌...

အန်းယန်သည် ပြတင်းပေါက်ရှေ့တွင် ထိုင်ကာ အဝေးနေရာရှိ ချင်းမန်တောင်ကို ကြည့်လျက် သူမ မျက်နှာတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နေသည်။ နှစ်သစ်ကူးညတွင် ရွှယ်အန်းနှင့် ဟူယွဲ့တို့နှစ်ယောက်လုံး ကံကြမ္မာလျှို့ဝှက်နယ်မြေထဲ ဝင်ရောက်သွားသည့်အချိန်မှ တွက်ကြည့်ပါက အချိန် ခြောက်လတောင် ကြာသွားခဲ့ပြီဖြစ်သည်။

ဤခြောက်လအတွင်း အန်းယန်သည် ချင်းမန်မြို့မှ တဖဝါးမှမခွာခဲ့ဘဲ သူမ နေ့စဉ်အရေးကြီးဆုံး အလုပ်မှာ ဟိုတယ်ပြတင်းပေါက်ရှေ့တွင် တိတ်ဆိတ်စွာထိုင်ကာ ရွှယ်အန်း ပြန်လာမည့်အချိန်ကို စောင့်မျှော်ခြင်းပင်ဖြစ်သည်။

...

အစပိုင်းတွင် ရွှယ်လန်သည် သူမကို နှစ်သိမ့်စကား အနည်းငယ်ပြောတတ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ရွှယ်အန်းထံမှ သတင်းအစအနပင် မကြားရသောအခါ ၎င်းကိုယ်တိုင်လည်း စိုးရိမ်လာမိသည်။

အဆုံးတွင် ရွှယ်လန်သည် အန်းယန်နှင့်အတူ နေ့တိုင်း ပြတင်းပေါက်ရှေ့တွင် ထိုင်ကာ ချင်းမန်တောင်ကို ငေးကြောင်ကြည့်နေတော့သည်။

ယနေ့လည်း မပြောင်းလဲချေ။ ယောက်မနှစ်ယောက် ပြတင်းပေါက်ရှေ့တွင်ထိုင်ကာ ချင်းမန်တောင်ကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။

ထိုစဥ် ချင်းယွီသည် ကားကို ဟိုတယ်ရှေ့တွင် ထိုးရပ်လိုက်ကာ အထဲသို့ အပြေးအလွှား ဝင်လာသည်။

ယွဲ့လိုင်ဟိုတယ်၏ ဧည့်ကြိုမန်နေဂျာသည် ချင်းယွီရောက်လာသည်ကို မြင်လိုက်သည်နှင့် လျင်မြန်စွာ ရပ်လိုက်သည်။

"ဥက္ကဋ္ဌချင်း"

ချင်းယွီက အနည်းငယ် ခေါင်းညိတ်ပြကာ အပေါ်ထပ်သို့ အမြန်တက်သွားသည်။

ဧည့်ကြိုမန်နေဂျာသည် ချင်းယွီ၏ ကျောပြင်ကို ကြည့်ကာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေမိသည်။

ချင်းယွီသည် မကြာသေးမီတွင် ချင်းမန်မြို့သို့ မကြာခဏ လာတတ်သော်လည်း လာတိုင်း အလျင်စလိုဖြစ်နေသဖြင့် သူ မည်သည့်ကိစ္စများ အလုပ်ရှုပ်နေမှန်း နားမလည်နိုင် ဖြစ်နေမိသည်။

ထိုအချိန်တွင် ချင်းယွီသည် အန်းယန် အခန်းသို့ ရောက်လာသည်။ သူမ အထဲသို့ ဝင်လိုက်သည်နှင့် နျန်နျန်နှင့် ရှန်းရှန်းတို့သည် ထန်ရွှမ်အာနှင့်အတူ ဖဲကစားနေသည်ကို တွေ့လိုက်ရသည်။

သို့သော် သုံးယောက်လုံး စိတ်အခြေအနေမှာ လန်းဆန်းတက်ကြွခြင်းမရှိဘဲ စိတ်မပါသလို ဖြစ်နေကြသည်။

ချင်းယွီက တိတ်တဆိတ် သက်ပြင်းချလိုက်ကာ သူမ ပြင်ဆင်လာသော မုန့်ထုပ်ကြီးကို ထုတ်လိုက်သည်။

"နျန်နျန်၊ ရှန်းရှန်း... ဒါဘာလဲ ကြည့်ပါဦး"

ကလေးမလေးနှစ်ယောက်သည် တစ်ချက်ကြည့်ကာ ယဉ်ကျေးစွာ လက်ခံလိုက်ကြသည်။

"ကျေးဇူးတင်ပါတယ် မမယွီ"

ချင်းယွီသည် နွေးထွေးစွာ ပြုံးကာ ကလေးမလေးနှစ်ယောက်၏ ခေါင်းကို ပုတ်လိုက်ပြီး ထန်ရွှမ်အာကို မေးလိုက်သည်။

"သူ အထဲမှာလား"

ထန်ရွှမ်အာက ခေါင်းညိတ်ပြလိုက်သည်။

ချင်းယွီက အထဲသို့ ခြေဖျားထောက်ကာ ဝင်သွားသည်။ အန်းယန်သည် ဆူညံသံကြား၍ လှည့်ကြည့်လိုက်ရာ ချင်းယွီဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် ညင်သာစွာ ခေါင်းညိတ်ပြပြီး ပြတင်းပေါက်အပြင်ဘက်သို့ ပြန်လှည့်ကြည့်နေသည်။

ချင်းယွီက သူမအနားကို လျှောက်လာကာ ခပ်တိုးတိုးအသံဖြင့် ပြောလိုက်သည်။

"အစ်မယန် ရှင့်ခင်ပွန်း ဘာမှမဖြစ်ပါဘူး၊ အရမ်းကြီး စိတ်မပူပါနဲ့"

အန်းယန် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"သူ ဘာမှမဖြစ်ဘူးဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘူး ချင်းမန်တောင်ကို ကြည့်နေရရင် ငါ့စိတ်ထဲမှာ ပိုပြီး အေးချမ်းသလို ခံစားရတယ်"

ထိုစကားကိုကြားသောအခါ ချင်းယွီ၏ ရင်ထဲတွင် ဝမ်းနည်းမှုတစ်ခု ဖြတ်ပြေးသွားသည်။ သူမသည် အန်းယန်နှင့် ခဏထိုင်ပြီးနောက် အထဲမှ ထွက်လာခဲ့သည်။

"ဘာသတင်းမှ မကြားဘူးလား" ချင်းယွီက ထန်ရွှမ်အာကို ခပ်တိုးတိုးအသံဖြင့် မေးလိုက်သည်။

ထန်ရွှမ်အာ၏ မျက်နှာသည် ညှိုးငယ်လျက် ခေါင်းခါပြသည်။

"ဘာမှမကြားသေးဘူး"

ချင်းယွီ သက်ပြင်းချလိုက်သည်။

"ဒီအချိန်အတောအတွင်း... အစ်မယန်ကို နည်းနည်းလောက် ပိုအားပေးပါဦး"

"အင်း"

ထန်ရွှမ်အာက ခပ်အသံတိုးတိုးဖြင့် သဘောတူလိုက်သည်။

ရှောင်ရှသည်တော့ ထွေထူးစွာအရေးမစိုက်သောကြောင့် ပျင်းရိစွာ ပြောလာသည်။

"ငါတော့ နင်တို့ကို တကယ်နားမလည်နိုင်ဘူး၊ သခင်ရဲ့ ကျင့်ကြံမှုက ထူးခြားတယ်၊ ပြီးတော့ သူက ပြန်မလာတော့တာလည်း မဟုတ်ဘူးလေ၊ ဘာလို့ အားလုံးက အဲ့လောက် စိတ်ဓာတ်ကျနေကြတာလဲ၊ တကယ်ရော လိုအပ်လို့လား"

ချင်းယွီသည် ဤအလွန်လှပသော မိန်းကလေးမှာ သာမန်လူမဟုတ်မှန်း သိသဖြင့် ခပ်ယဲ့ယဲ့သာ ပြုံးကာ တုန့်ပြန်လိုက်သည်။

"ငါ သွားတော့မယ်၊ ကုမ္ပဏီမှာ အလုပ်တွေများနေလို့၊ ဒီအချိန်အတွင်း ဒီကိုလာဖို့ အချိန်ပိုရအောင် ကြိုးစားပါ့မယ်"

ချင်းယွီက အားလုံးကို နှုတ်ဆက်ပြီး ဒူးထောက်ထိုင်ချလိုက်ပြီး ကလေးမလေးနှစ်ယောက်ကို ပြုံးကာ ပြောလိုက်သည်။

"နျန်နျန်၊ ရှန်းရှန်း... ဘာလိုချင်လဲ၊ မမယွီကို ပြော၊ နောက်တစ်ခေါက်လာရင် ယူလာခဲ့မယ်"

နျန်နျန်နှင့် ရှန်းရှန်းတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တစ်ပြိုင်နက်တည်း ခေါင်းခါလိုက်ကြသည်။

"ကျေးဇူးတင်ပါတယ် မမယွီ၊ ဒါပေမဲ့ သမီးတို့ ဘာမှမလိုချင်ပါဘူး"

"ရေခဲမုန့် မစားချင်ဘူးလား" ချင်းယွီက ပြုံးကာ မေးလိုက်သည်။

ထိုစကားကိုကြားချိန် နျန်နျန်၏ မျက်လုံးဝိုင်းကြီးများထဲတွင် မျက်ရည်များ ဝေ့သီလာသည်။ ထို့နောက် သူမ အားယူကာ ခေါင်းခါလိုက်သည်။

"မစားချင်ဘူး၊ သမီး ရေခဲမုန့်စားတိုင်း ဒယ်ဒီ့ကို သတိရလို့"

ချင်းယွီလည်း နျန်နျန် စကားကြောင့် နှာခေါင်းထိပ်များ ချဉ်ဆူးသွားသည်။ ထိုစဉ် ရှန်းရှန်းသည်တော့ အားမနာဘဲ နျန်နျန်ရဲ့ ခေါင်းကို ခေါက်လိုက်သည်။

"ငိုမနေနဲ့... ဒယ်ဒီက အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတာ၊ မကြာခင် ပြန်လာမှာကို ဘာလို့ငိုနေတာလဲ"

ရှန်းရှန်း ထိုသို့ပြောလိုက်သော်လည်း သူမ အသံထဲတွင် ရှိုက်သံအနည်းငယ် ပါနေသည်။

ချင်းယွီလည်း စိတ်မကောင်းဖြစ်သွားကာ ကလေးမလေးနှစ်ယောက် ဆံပင်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

"ဟုတ်တယ် မငိုရဘူးနော်၊ မေမေ မြင်ရင် ဝမ်းနည်းနေလိမ့်မယ်"

ချင်းယွီက ၎င်းတို့ကို အနည်းငယ် နှစ်သိမ့်ပြီးနောက် ပြန်ရန် ပြင်လိုက်သည်။

ထိုစဉ် အပြင်ဘက်မှ အလျင်စလိုလာသော ခြေသံများ ကြားလိုက်ရပြီး တံခါးကို ဆောင့်ဖွင့်ကာ ဝင်လာသည်။ စစ်ဝတ်စုံဝတ်ဆင်ထားသော အန်းချင်းသည် ဖုန်မှုန့်များ၊ အညစ်အကြေးများဖုံးလွှမ်းလျက် ဝင်လာသည်။ ရှန်းရှန်းနှင့် နျန်နျန်တို့ နှစ်ယောက်လုံးသည် အန်းချင်းကို မြင်သောအခါ စိတ်လှုပ်ရှားစွာ အပြေးလာကြသည်။

"အန်တီလေး"

အန်းချင်းသည် ကလေးမလေးနှစ်ယောက်ကို ပွေ့ချီလိုက်ပြီး တစ်ယောက်ချင်းစီကို နမ်းလိုက်သည်။

"တီလေးကို လွမ်းနေကြလား"

"ဟုတ်၊ အန်တီလေး ဒီလောက်အကြာကြီး ဘယ်တွေရောက်နေတာလဲ၊ ဘာလို့ သမီးတို့ကို လာမတွေ့တာလဲ"

"အန်တီလေးက လူဆိုးတွေကို သွားတိုက်နေတာ"

"လူဆိုးတွေဆိုတာ မိစ္ဆာတွေကိုလား"

"ဟုတ်တာပေါ့၊ ပြီးတော့ အရမ်း... အရမ်းကြောက်ဖို့ကောင်းတဲ့ မိစ္ဆာတွေလေ" အန်းချင်း ပြုံးကာ ပြောလိုက်သည်။

"ဝါး အန်တီက အရမ်းတော်တာပဲ"

ကလေးမလေးနှစ်ယောက် လေးစားသော မျက်နှာများဖြင့် ပြောလာကြသည်။

အန်းချင်းသည် ကလေးမလေးများနှင့် ခဏတာ စကားပြောပြီးနောက် အခန်းထဲရှိနေသော လူများကို ခေါင်းညိတ်ပြလိုက်သည်။

"မိန်းကလေးချင်း... ရှင်လည်း ဒီရောက်နေတာကိုး"

ချင်းယွီ ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်"

ထိုအချိန်တွင် အန်းယန်လည်း ဆူညံသံများကြားသောကြောင့် ထွက်လာသည်။ သူမသည် ညီမဖြစ်သူအန်းချင်ကို မြင်လိုက်ရသောအခါ ပျော်ရွှင်မိသွားသည်။

"အန်းချင်... နင် ဘာလို့ ရောက်လာတာလဲ"

အန်းချင်က ပြုံးလိုက်သည်။

"ဒီနားက ဖြတ်သွားရင်း အစ်မကို ဝင်တွေ့တာ"

ထိုစဉ် ရှောင်ရှသည် နှာခေါင်းရှုံ့လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"နတ်ဆိုးစွမ်းအင်နဲ့ သွေးညှီနံ့တွေ ပြင်းလိုက်တာ"

အန်းချင် အနည်းငယ် အနေရခက်စွာ ရယ်လိုက်သည်။

"ကျွန်မ အရမ်းလောနေလို့ အဝတ်အစားလဲဖို့ မေ့သွားတာပါ"

အန်းယန်က အသံထဲတွင် စိုးရိမ်မှုများ စွန်းထင်းလျက် ပြောလာသည်။

"နင် အခု တပ်ဖွဲ့တွေနဲ့ နေ့တိုင်း တာဝန်ထမ်းဆောင်နေရတာလား"

အန်းချင်း ကူကယ်ရာမဲ့စွာ ခေါင်းညိတ်ပြလိုက်ရတော့သည်။

"ဟုတ်တယ်၊ အခုတလော အရမ်းကို အလုပ်ရှုပ်နေတာ၊ နတ်ဆိုးတွေကလည်း နေရာအပြည့် သောင်းကျန်းနေလို့လေ"

သူမ ထိုသို့ပြောလိုက်သောအခါ အခန်းထဲရှိ လူအားလုံး အနည်းငယ် တိတ်ဆိတ်သွားကြသည်။

လွန်ခဲ့သော ခြောက်လအတွင်း အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်ကို လူတိုင်းခံစားနိုင်စည်။ ပထမတစ်ခုမှာ ကျင့်ကြံရခြင်းသည် ပိုမိုလွယ်ကူလာခြင်းဖြစ်သည်။ တစ်ချိန်တုန်းက လွတ်မြောက်အင်မော်တယ်မျသည် အထွတ်အထိပ် သိုင်းပညာရှင်များဟု ယူဆခဲ့ပါက ယခုအခါ စံနှုန်းသည် သိသိသာသာ မြင့်တက်သွားပြီး သိုင်းပညာရှင် များစွာသည် အင်မော်တယ်အဆင့်သို့ ဆက်တိုက် တက်လှမ်းနိုင်ခဲ့ကြသည်။

ရှောင်ယောင်းအဆင့်နှင့် လူသားကောင်းလူသားအဆင့်မှ ကျွမ်းကျင်သူများမှာမူ ပိုများပြားစွာ

ထွက်ပေါ်လာကြသည်။ လောကတိုင်းရှိ ကျင့်ကြံသူများသည် မမြင်ရသော လက်တစ်ဖက်ဖြင့် တွန်းတင်ခံလိုက်ရသလို အဆင့်တစ်ဆင့် တက်လှမ်းသွားကြသည်။

အကယ်၍ ဤအပြောင်းအလဲက တစ်စုံတစ်ခုကို ကြိုဆိုသောအရာဖြစ်ပါက

ဒုတိယအပြောင်းအလဲမှာ အလွန်အမင်း စိုးရိမ်စရာ ဖြစ်လာသည်။ ယခုအခါ နတ်ဆိုးများ၏ သောင်းကျန်းမှုများသည် နေရာအနှံ့ ဖြစ်နေကျ အဖြစ်အပျက်တစ်ခု ဖြစ်လာသည်။ အစပိုင်းတွင် မီဒီယာများသည် ထိုကိစ္စများကို အတတ်နိုင်ဆုံး ဖုံးကွယ်ရန် ကြိုးစားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ၎င်းတို့သည် ဆင်ဆာဖြတ်တောက်မှုကို တဖြည်းဖြည်း လျှော့ချခဲ့ကြသည်။

ယခုအခါ အင်တာနက်တို့၊ တီဗီတို့တွင် နတ်ဆိုး၊ တစ္ဆေများအကြောင်းမှာ အထူးအဆန်း မဟုတ်တော့ပေ။

သို့သော် ဤအချက်တွင် ပြဿနာတစ်ခု ရှိလာသည်။ ထိုသည်မှာ နတ်ဆိုးများကို နှိမ်နင်းရန် တာဝန်ယူထားသော တပ်ဖွဲ့များသည် လူအင်အားမလုံလောက်မှုနှင့် စတင်ရင်ဆိုင်လာရသောကြောင့်ဖြစ်သည်။

၎င်းသည် အန်းချင်း အချိန်အတော်ကြာ ပျောက်နေရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ ၎င်းတို့ စကားအနည်းငယ် ပြောပြီးနောက် အန်းချင်းသည် အန်းယန်ကို ဘေးခန်းသို့ ဆွဲခေါ်သွားပြီး အသံခပ်တိုးတိုးဖြင့် မေးလိုက်သည်။

"အစ်မ... ကျွန်မ ခဲအိုရော ဘယ်လိုနေသေးလဲ"

အန်းယန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ဘာသတင်းမှ မကြားရသေးဘူး"

All Chapters