← Chapters

အခန်း (၆၃၇-၆၃၉)

Vol. 43 Ch. 637-639

အခန်း (၆၃၇-၆၃၉)

Vol. 43 Ch. 637-639

အခန်း(၆၃၇) နတ်ဘုရားများဆင်းသက်ခြင်း

ဤသည်ကိုကြားသောအခါ အန်းချင်က မျက်မှောင်ကြုတ်၍ပြုံးလိုက်သည်။

“စိတ်မပူပါနဲ့ ညီမလေး ခဲအိုက သာမန်လူမဟုတ်ပါဘူး။ သေချာပေါက် အဆင်ပြေမှာပါ”

အန်းယန်က ခေါင်းညိတ်လိုက်သည်။

“နင် ငါ့ကို နှစ်သိမ့်ပေးဖို့မလိုပါဘူး။ ငါ အကုန်လုံးကို နားလည်ပါတယ်။ ဒါပေမယ့် နင်… အမြဲ အပြင်မှာ တိုက်ခိုက်သတ်ဖြတ်နေတာ ပိုပြီး သတိထားရမယ်နော်”

အန်းချင်က လက်ကို ပေါ့ပါးစွာဝှေ့ယမ်းလိုက်သည်။

“ညီမလေးက အဆင်ပြေပါတယ်။ အခု မမ ညီမကို သူတို့ ဆရာကြီးဖြစ်နေပြီဆိုတာမသိဘူးလား။ ညီမလေးကို ‘အင်းဆက်စုန်းမ’လို့ခေါ်ကြတယ်”

အန်းယန်က ခပ်ပါးပါး တံတွေးထွေးလိုက်သည်။

“လက်မထပ်ရသေးတဲ့မိန်းကလေးကို စုန်းမလို့ခေါ်နေကြတာလား။ ကြားရတာ ဘယ်လိုမှ အဆင်မပြေဘူး”

“ဟီးဟီး ညီမလေးကတော့ တော်တော်မိုက်တယ်လို့ထင်တယ်။ အရမ်းလွှမ်းမိုးနိုင်တယ်လေ” အန်းချင်က ရွှင်မြူးစွာပြောသည်။

အန်းချင်၏ ပြက်လုံးများနှင့် နောက်ပြောင်မှုများကြောင့် အန်းယန်၏ စိတ်ခံစားချက်သည်လည်း များစွာ တိုးတက်ကောင်းမွန်လာခဲ့သည်။

...

ညီအစ်မနှစ်ယောက် အားပါးတရစကားပြောနေကြစဥ် ၎င်းတို့ရောက်ရှိနေသည့် ဟိုတယ်က ရုတ်တရက် လှုပ်ခါသွားသည်။

လူတိုင်း ကြောင်အထိတ်လန့်သွားကြသည်။

‘ဘာဖြစ်နေတာလဲ’

‘ငလျင်လှုပ်တာလား’

ဤအတွေးများ ပေါ်လာသည်နှင့်အမျှ လှုပ်ခတ်မှုများက ရုတ်တရက် ပိုမိုပြင်းထန်လာသည်။ တစ်ချိန်တည်း၌ပင် အဝေးမှ ချင်းမန်တောင်သည်လည်း တုန်လှုပ်လာသည်။ တစ်စုံတစ်ခု ပေါက်ကွဲထွက်လာသည့်အလား ချင်းမန်တောင်မှ ဆူညံသံများထွက်ပေါ်လာသည်။ ဤသို့စတင်ဖြစ်ပျက်လာသည်နှင့်အမျှ အန်းယန်သည် သမီးနှစ်ယောက်ကို ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ် ဖက်နွယ်ထားပြီးဖြစ်သည်။

ရှောင်ရှသည် ပြတင်းပေါက်ဆီသို့ အပြေးအလွှားသွားကာ သူ့နောက်ကွယ်မှလူများကို ကာကွယ်ရန် နဂါး၏စွမ်းအားကို ထုတ်လွှတ်လျက် လေထဲ၌ရပ်နေလေသည်။ ထိုအချိန်တွင် တုန်ခါမှုက တဖြည်းဖြည်း လျော့ပါးသွားကာ ချင်းမန်တောင်သည်လည်း ပြန်လည်တည်ငြိမ်သွားသည်။

ဤသည်က အရာအားလုံးပြီးဆုံးသွားသည့်နှယ်ထင်ရ၏။ ချင်းမန်မြို့သူမြို့သားများကလည်း ထိတ်လန့်တကြား လမ်းမများပေါ်သို့ထွက်ကာ ဖြစ်ပျက်ခဲ့သည်များကို ဆွေးနွေးကြသည်။ သို့သော် နတ်ဆိုးများနှင့် သရဲတစ္ဆေတို့၏ နှောက်ယှက်မှုကြောင့် အပြင်းအထန်ခံစားခဲ့ကြရဖူးသော နေထိုင်သူများအတွက်မူ ဤအရာသည် ကြီးကြီးမားမားမဟုတ်လှပေ။ ရှောင်ရှသာလျှင် လေထုထဲ၌ ရပ်နေဆဲဖြစ်ကာ အန်းချင်၏ အမူအရာက ပို၍ပို၍ လေးနက်လာသည်။ ၎င်းတို့သည် ချင်းမန်တောင်အောက်ခြေမှ အလွန်ပြင်းထန် ထူးဆန်းသော ရောင်ဝါတစ်ခုထွက်ပေါ်လာသည်ကို ခံစားမိကြ၏။

သေချာသည်။

မိနစ်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက်တွင် ရောင်ဝါက အပြည့်အဝထွက်ပေါ်လာသည်။ ချင်းမန်တောင်ထွတ်မှ အလွန်တောက်ပသော အဖြူရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာကာ ကောင်းကင်ပေါ်သို့ တည့်တည့် ဦးတည်သွားသည်။

၎င်းသည် လှိုင်းဂယက်များကို ဖယ်ထုတ်ပြီးနောက် အံ့အားသင့်ဖွယ်အရှိန်ဖြင့် ပျံ့နှံ့သွားသည်။ တစ်ချိန်က မြင့်မားလှသော ချင်းမန်တောင်သည် ပြိုပျက်ကာကွဲအက်စပြုလာသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ချင်းမန်တောင်သည် အဖြူရောင်အလင်းတန်းအဖြစ်သို့ လုံးဝ ပြောင်းလဲသွားသည်။ ဤ ကမ္ဘာမြေပြိုပျက်လုသည့် မြင်ကွင်းသည် ချင်းမန်မြို့ရှိ လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။

နောက်ဆုံး။

အဖြူရောင် အလင်းတန်းများ ပျောက်ကွယ်သွားသည်။

တစ်ချိန်ကချင်းမန်တောင်ကြီးသည် ယခုအခါ မြေပြန့်ဖြစ်သွားခဲ့ကာ ကမ္ဘာကြီးက အနည်းငယ် ပြောင်းလဲသွားပုံရသည်။ တစ်ချိန်တည်း၌ပင် ကမ္ဘာတစ်ခုလုံးရှိ ကျင့်ကြံသူများက တစ်စုံတစ်ခုကို ခံစားသိရှိလျက် ချင်းမန်တောင်ကို တစ်ပြိုင်နက်တည်းကြည့်လိုက်ကြသည်။ ဤအချိန်တွင် မရေမတွက်နိုင်အောင်များပြားလှသော လူများသည် ၎င်းတို့၏ ကျင့်ကြံရေးအဆင့်မှ ပိတ်ဆို့မှုများကို တစ်ပြိုင်နက်တည်း ဖြတ်ကျော်နိုင်ခဲ့ကြသောကြောင့်ပင်ဖြစ်၏။

မတိုးတက်သည်မှာ ကြာခဲ့ပြီဖြစ်သော အန်းယန်၏ ကျင့်ကြံရေးအဆင့်က ရှေ့သို့ ခြေတစ်လှမ်းတိုးလာခဲ့သည်။ သို့သော် အန်းယန်သည် မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ ယခုပျောက်နေသော ချင်းမန်တောင်ကို ငေးစိုက်ကြည့်ရင်း ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။

ရှန်းရှန်းနှင့် နျန်နျန်တို့က လွတ်ဟနေသော မြေပြန့်ကိုကြည့်ကာ ခဏအကြာတွင် မျက်ရည်များ ဝဲလာကြသည်။

“မေမေ တောင်ကြီးမရှိတော့ဘူး… ဖေဖေ ပြန်လာမှာလား”

ဤစကားကိုကြားသောအခါ အားလုံးက စိတ်မကောင်းဖြစ်သွားကြသည်။ ချင်းမန်တောင်က ရုတ်တရက်ပျောက်ဆုံးသွားခြင်းသည် ရွှယ်အန်းဘက်တွင် မတော်တဆ တစ်ခုခုဖြစ်နေသည်ဟုဆိုလိုသည်လော။

ဤအတွေးဖြင့် လူများစွာတို့၏ နှလုံးသားထဲတွင် အေးခဲသွားကြသည်။

ထိုအချိန်တွင် ရှောင်ရှသည် အလွန်လေးနက်သော အမူအရာဖြင့် ကောင်းကင်ကို မျှော်ကြည့်ကာ ခပ်တိုးတိုးပြောလိုက်သည်။

“အရမ်းအစွမ်းထက်တဲ့ရောင်ဝါတွေ အများကြီးပဲ။ ခေါင်းဆောင်ပြောတာမှန်တယ်။ အခုတော့ ဒီကမ္ဘာကြီးကို နှောက်ယှက်ကြမှာကို တားလို့မရတော့ဘူးလား”

နန့်ယန်မြို့

ရှေးကျ၍ လူဆိတ်ညံသော မြင့်မြတ်သော ဘုရားကျောင်းအတွင်း၊

များပြားလှသော ဘုန်းတော်ကြီးများသည် မကောင်းသော အရိပ်အယောင်များဖြင့် ပြည့်နေသော ယဇ်ပူဇော်မှု အခမ်းအနားတစ်ခုကို ကျင်းပကြသည်။

ရုတ်တရက်၊ ဗိမာန်တော်အတွင်းရှိ ရက်စက်ကြမ်းကြုတ်သော ရုပ်တုကြီးသည် စတင်လှုပ်ခါလာသည်။ ဤသည်ကိုမြင်သောအခါ ဘုန်းတော်ကြီးများက ခေါင်းမမော့ဝံ့ဘဲ မြေပြင်တွင် ဝပ်နေကြသည်။ ခဏအကြာ၌ ရုပ်တုကြီးက စတင်အသက်ဝင်လာသည်။ နောက်ဆုံးတွင် ရုပ်တုသည် စိတ်လှုပ်ရှားမှုအတက်အကျ မရှိဘဲ မျက်လုံးများပွင့်လာကာ နတ်ဘုရားကျောင်းကို အလွန်ဆိုးရွားသောအငွေ့အသက်များက လွှမ်းခြုံသွားသည်။

ဘုန်းတော်ကြီးများက အလွန်ဝမ်းမြောက်စွာ ကြွေးကြော်လိုက်ကြ၏။

“မဟာနတ်ဘုရား ဆင်းသက်မှုကိုကြိုဆိုပါတယ်”

အမှန်စင်စစ်၊ ဤဆင်းသက်လာသည့် နတ်ဘုရားသည် နန့်ယန်မှော်ပညာရပ်၏ တာဝန်ရှိသူ နတ်ဆိုးနတ်ဘုရားပင်ဖြစ်သည်။ သူက ကောင်းကင်ကို မော့ကြည့်၍ ရယ်မောလိုက်သည်။

“အနှစ်တစ်သောင်း စောင့်ရတာ၊ နောက်ဆုံးတော့ ငါ ဒီကမ္ဘာကြီးထဲကို တိုက်ရိုက်ဆင်းသက်နိုင်ပြီ”

ခဏတာရယ်မောပြီးနောက် သူက ရပ်လိုက်သည်။

“ငါ့သား လုံကွမ်ယွီကို သတ်တဲ့ကောင်… ဒီတစ်ကြိမ် မင်းကို အငြှိုးကြီးဝိဉာဥ်အဖြစ် ပြောင်းလဲပြီး ထာဝရ အကျဥ်းချထားမယ်”

လုံကွမ်ယွီသည် ရှန်ကျန်းလေလံပွဲ၌ ရွှယ်အန်းနှင့်ကြုံကြိုက်ခဲ့သူဖြစ်ရာ ရွှယ်အန်းရခဲ့သော သွေးမျိုးနွယ်စုမှ သွေးပုလဲကို လုယူရန်ကြိုးစားခဲ့သဖြင့် ရွှယ်အန်းကိုယ်တိုင်က အမြစ်ပြတ်ချေမှုန်းခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဤလုံကွမ်ယွီသည် ဤနတ်ဆိုးနတ်ဘုရား၏ နတ်သားတော်ပင်ဖြစ်သည်။ ဤအချိန်၌ နတ်ဆိုးနတ်ဘုရားသည် လေကို တစ်ချက်ရှိုက်၍ ထပ်မံ၍ အေးစက်စွာရယ်မောလိုက်ပြန်သည်။

“စိတ်ဝင်စားဖို့ကောင်းလိုက်တာ။ ငါ့ဆင်းသက်မှုတင်မဟုတ်ဘဲ အခြား နတ်ဘုရားတွေလည်း ဒီကမ္ဘာကို ဆင်းသက်လာကြပြီ။ ထပ်ပြောရရင် ကျန်းမုထိခိုက်သွားတဲ့အချိန်ကစပြီး နတ်ဘုရားတွေအများကြီးဆင်းသက်လာတာ ဒါပထမဆုံးအချိန်ပဲ။ ဘယ်လောက်တောင်ဆန်းကြယ်လိုက်သလဲ။ ဟားဟား ကိစ္စတွေက ပိုအသက်ဝင်လာပြီ”

သူပြောသည့်အတိုင်းပင် သူ ဆင်းသက်လာသည့်တစ်ချိန်တည်း၌ ကမ္ဘာတစ်ဝှမ်းလုံးတွင် ကြာမြင့်စွာစွန့်ပစ်ထားသော နတ်ဘုရားကျောင်းများ သို့မဟုတ် ခမ်းနားကြီးကျယ်ခမ်းနားသော တာအိုကျင့်ကြံရေးကျောင်းများတွင်ဖြစ်စေ နတ်ဘုရားအမျိုးမျိုးဆင်းသက်လာကြသည်။

ဥရောပတွင် ရွှယ်အန်းက သန့်ရှင်းသော အလင်းနိုင်ငံကို ချေမှုန်းပြီးစဥ်မှစ၍ အမှောင်ကောင်စီ၏

သြဇာအာဏာသည် လျင်မြန်စွာ ကျယ်ပြန့်လာသည်။ သို့သော်လည်း အတိတ်က အတွေ့အကြုံများမှ သင်ယူရင်းဖြင့် အမှောင်ကောင်စီသည် ရှေးဟောင်း ရှုပ်ထွေးသော မကောင်းမှုများကို မလုပ်တော့ဘဲ ဖန်းမင်ရွှယ်ကို ၎င်းတို့၏ အနုပညာရှင်သံတမန်အဖြစ်ခန့်အပ်ခဲ့သ်ည။

သို့သော် ခါရာဆက်၏အကြံပေးချက်အရ အမှောင်ကောင်စီသည် ဖန်းမင်ရွှယ်သရုပ်ဆောင်ထားသော ရုပ်ရှင်အများအပြားကို ထုတ်လုပ်ရန် ငွေကြေးထောက်ပံ့ခဲ့ကာ သမိုင်းဝင်ပစ္စည်းအမျိုးမျိုးကို အသုံးပြုခဲ့သည်။ ရလဒ်အနေဖြင့် Box Office တွင် ထူးထူးခြားခြား အောင်မြင်ရုံသာမက နာမည်ဂုဏ်သတင်းပါ ကျော်ကြားလာခဲ့သည်။

ရုပ်ရှင်ဝေဖန်ရေးဆရာများစွာက ဤရုပ်ရှင်များ၏ အရည်အသွေးမြင့်မားမှုကို မကြာခဏ အံ့သြနေခဲ့သည်။ ဤအထူးပြုလုပ်ချက်များသည် မယုံနိုင်လောက်အောင် လက်တွေ့ကျပုံပေါ်လှသည်။

အထူးသဖြင့် အရှေ့မြောက်ပိုင်း တရုတ်လေယူလေသိမ်းဖြင့် ပြောသော အရိုးစုများသည် အလွန်ပင် အသက်ဝင်နေပုံရသဖြင့် အားလုံး အသက်ရှုရပ်လုမတက်ဖြစ်ခဲ့ရသည်။

ရုပ်ရှင်ကုမ္ပဏီ အများအပြားသည် ဤအရိုးစုများကို မည်သည့် အထူးဖန်တီးမှု ကုမ္ပဏီက ဖန်တီးထားသည်ကို ရှာဖွေရန် ကြိုးပမ်းခဲ့ကြသည်။

ရှေးဟောင်းအမှောင်ရဲတိုက်ရှေ့တွင် စောင့်ကြပ်နေသည့် အရိုးစုများသည် သဘာဝအားဖြင့် မိမိတို့ကိုယ်မိမိတို့ အလွန်သဘောကျကာ အမှောင်ဇာတ်ကားတစ်ကားရိုက်ရာ၌ ထို အရိုးစုများကို အဓိက ဇာတ်လိုက်အဖြစ်အသုံးပြုပေးရန် အကြံပေးခဲ့ကြသည်။

တကယ်တမ်းတွင် အကျိုးအရှိဆုံးသူမှာ ဖန်းမင်ရွှယ်ဖြစ်သည်။

ယခုအခါ သူမသည် နိုင်ငံတကာ ထိပ်တန်း မင်းသမီးများထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။ ရုပ်ရှင်လောက၏ အမှောင်ဧကရီအဖြစ် စတင်ကျော်ကြားလာခဲ့သည်။

သို့တိုင် အမှောင်ကောင်စီ ထွန်းကားလာသည့်တိုင် ထိုအမည်မသိနေရာများ၌ အလင်း၏ စွမ်းအားများသည်လည်း ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

ဤသည်မှာ ဥရောပရှိ မြို့ငယ်လေးရှိ ပျက်စီးနေသော ဘုရားကျောင်းဖြစ်သည်။ သင်္ကန်းဝတ် လူအနည်းငယ်သည် အသံတိုးတိုးဖြင့် ကျမ်းဂန်များကို ရွတ်ဆိုနေကြသည်။

“အို သန့်ရှင်းတော်မူသောအရှင်၊ ကိုယ်တော်၏ သာလွန်ကောင်းမွန်သော မြင့်မြတ်သောတန်ခိုးတော်ကို ပြသရန်နှင့် အလင်းကိုဆန့်ကျင်ဘက်ပြုသောသူများ၊ ဤလောက၌ မကောင်းမှုအမှောင်ဟူသမျှကို ဖယ်ရှားပစ်ပါရန် ကျွန်ုပ်တို့ တောင်းပန်အပ်ပါသည်။” ယဇ်ဘုန်းတော်ကြီးတစ်ပါးက ဒေါသစိတ်အပြည့်ဖြင့် ပြင်းပြစွာဆုတောင်းခဲ့သ်ည။

သူ၏ဆုတောင်းချက်များကို တုံ့ပြန်သည့်အနေဖြင့် သန့်ရှင်းသောအလင်းတန်းများသည် ပြိုပျက်နေသောဘုရားကျောင်းအတွင်း၌ စတင်ပေါ်လာသည်။

ဘုန်းတော်ကြီးများက မည်သည့်တုံ့ပြန်မှုမျှ မရှိကြသေးပေ။ သို့သော် သန့်ရှင်းသောအလင်းရောင်သည် လျင်မြန်စွာပေါင်းစပ်၍ အတောင်ကိုးခုပါသော သန့်ရှင်းသော နတ်သားပုံစံကို တဖြည်းဖြည်း ထုတ်ဖော်လာသောအခါ…

အသံတစ်ခု ထွက်ပေါ်လာသည်။

“ကျွတ် ကျွတ်… အလင်းရဲ့နတ်ဘုရား‌ဟောင်းက ဘယ်အရာကို ကြောက်နေလို့ ဆင်းသက်ဖို့ ငြင်းနေလဲမသိဘူး။ ဟားဟား ဒါ့ကြောင့် ငါ ကောင်းကင်တမန်တော် Metatron ကို သူ့ကိုယ်စားဆင်းသက်ပြီး အလင်းကို ဖြန့်ဝေခွင့်ပြုလိုက်တယ်”

ထိုသို့ဖြင့်‌ ကောင်းကင်တမန်တော်က မျက်လုံးများကိုဖွင့်လိုက်ရာ လှပချောမော၍ မောက်မာသော မျက်နှာက ပေါ်လွင်လာသည်။

(Metatron - ဂျူးဘာသာရှိ ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါး)

အခန်း(၆၃၈) လီ၏ တစ္ဆေနန်းတော်

ထိုအချိန်၌ ဘုန်းကြီးများအားလုံး မြေပြင်ပေါ်တွင် ဒူးထောက်ကာ ၎င်းတို့၏ ခန္ဓာကိုယ်များက စိတ်လှုပ်ရှားစွာဖြင့် တုန်လှုပ်နေသည်။

“အို… အလင်းရဲ့အရှင် အရှင်က နောက်ဆုံးတော် ကျွန်တော်မျိုးတို့ရဲ့ခေါ်သံတွေကိုကြားပြီး ဒီကမ္ဘာပေါ်ကို ဆင်းသက်လာပြီပေါ့”

Metatron သည် သူ့ရှေ့တွင် ဒူးထောက်နေသော ဘုန်းတော်ကြီးများကို ကြည့်လိုက်သည်။

“မင်းတို့ရဲ့ အလင်းအရှင်ဆိုတဲ့ကောင်က ကြောက်ပြီး ကမ္ဘာပေါ်ပြန်မဆင်းလာရဲတော့ဘူး။ ရှင်းရှင်းပြောရရင် သူက မင်းတို့အားလုံးကို စွန့်လွှတ်လိုက်ပြီ”

သူ့စကားကိုကြားသောအခါ ဘုန်းတော်ကြီးများ၏ မျက်နှာများတွင် မယုံကြည်မှုအငွေ့အသက်များပေါ်လာသည်။ ဘုန်းတော်ကြီးတစ်ပါးက ခေါင်းမော့လိုက်သည်။

“အရှင့်ကို ဘယ်လိုတောင် ကဲ့ရဲရဲတာလဲ။ အလင်းအရှင်က မင်းကို ဧကန်မုချ အပြစ်ပေးလိမ့်မယ်” ထိုဘုန်းကြီးက ဒေါသတကြီးပြောသည်။

သူ့ပါးစပ်မှ ထိုစကားလုံးများထွက်ပေါ်လာလပြီးမကြာမီ၌ပင် ခေါင်းက ပေါက်ကွဲသွားကာ အလောင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။

...

Metatron က သူ့လက်ညှိုးရုတ်လိုက်ပြီးနောက် အလျင်မလိုစွာပြောသည်။

“အခုအချိန်ကစပြီး ငါက မင်းတို့ရဲ့ နတ်ဘုရားပဲ။ ငါ့ကို ကောင်းကောင်းမွန်မွန် ဆည်းကပ်ရင် မင်းတို့အားလုံးကို ခွန်အားကြီးပြီး အသက်ရှည်တဲ့ဘဝကိုပေးမယ်။ မဟုတ်ရင်တော့ မင်းတို့ ဒီလူလိုအဆုံးသတ်ရလိမ့်မယ်”

ကျန်နေသော ဘုန်းတော်ကြီးများက သွေးများဖြင့်စိုရွှဲလျက် မြေပြင်ပေါ်တွင် ဦးညွတ်လိုက်ကြသ်ည။

“ဟုတ်ကဲ့ပါ ကျွန်တော်မျိုးတို့ရဲ့ အမွန်မြတ်ဆုံးနဲ့ တုနှိုင်းမဲ့နတ်ဘုရားအရှင်”

Metatronက ရယ်မောလိုက်သည်။ သူရယ်မောနေရင်းဖြင့် ပြိုပျက်နေသော ဘုရားကောျင်းက အသစ်ပြန်လည်ဖြစ်ပေါ်လာကာ မျက်စိတစ်မှိတ်အတွင်း၌ပင် ခမ်းနားသော အလင်းဘုရားကျောင်းတစ်ခုဖြစ်လာခဲ့သည်။

ထိုသို့သော အံ့ဖွယ်အမှုကို မြင်သောအခါ ဘုန်းတော်ကြီးများ စိတ်လှုပ်ရှားမျက်ရည်ကျကာ ထပ်ခါတလဲလဲ ဦးညွတ်ကြသည်။ Metatron သည် အလင်း၏ပလ္လင်ပေါ်တွင် လှပစွာထိုင်လျက်နေရာယူလိုက်သည်။ သူသည် အနှိုင်းမဲ့ချောမောသူအဖြစ်သို့ပြောင်းလဲသွားပြီးနောက် နောက်ကျောဘက်ရှိ အတောင်များကလည်း ပျောက်ကွယ်သွားသည်။ ထို့နောက် ပေါ့ပါးစွာပြော၏။

“အမှောင်ထုရဲ့ဆိုးရွားနဲ့အနံ့ကို ငါရနိုင်တယ်။ ဒီအမှောင်ထုရဲ့နောက်လိုက်တွေက ဒီမြေမှာရှိနေတယ်မလား”

ဘုန်းကြီးတစ်ပါးသည် အဖြစ်အပျက်များကို ပြန်ပြောပြရင်း တုန်တုန်ယင်ယင် ဒူးထောက်လျက် ရှေ့သို့ တွားသွားခဲ့သည်။

"အမှောင်ကောင်စီ" Metatron ၏ မျက်လုံးများက အနည်းငယ်လင်းလက်သွားသည်။

“ဟုတ်ပါတယ်၊ အခုအချိန်မှာတော့ အမှောင်ကောင်စီက ဥရောပတစ်ခွင်လုံးကို အုပ်စိုးနေပြီး အလင်းရဲ့စွမ်းအားတွေက တော်တော် လျော့ပါးသွားပါပြီ အရှင်”

"ကောင်းပြီ၊ ဒါဆို ဒီအင်းဆက်တွေနဲ့ စလိုက်ရအောင်။"

……………

အမှောင်ရှေးဟောင်းရဲတိုက်တွင်။

တံခါးရှေ့ရှိ ပွင့်လင်းသောနေရာ၌ အရိုးစုတစ်စုသည် "အိမ်ရှင်ကိုတိုက်ခိုက်ပါ(တရုတ်ကဒ်ဖဲဂိမ်း)" ဟုခေါ်သည့် ကတ်ဂိမ်းတစ်ခုကို အတူတကွကစားကြသည်။ သုံးယောက်လုံးက ဖဲချပ်များဆော့ကစားနေကြကာ အခြား တစ်ဒါဇင်ကျော်ခန့်သည် ယင်းကိုကြည့်လျက် ငြင်းခုန်နေကြရာ အလွန် အသက်ဝင်လှသည်။

“မင်းရူးနေတာလား ဘာလား။ မင်းလက်ထဲမှာ ဘယ်လိုလုပ် တစ်စုံကျန်နေတာလဲ။ သူ ကဒ်တစ်ကဒ်တည်းယူထားတာမဟုတ်ဘူး။ မင်း တစ်ကဒ်တည်းကစားရမှာကွ” အရိုးခေါင်းတစ်ခုက ဆေးပြင်းလိပ်ကို ပြင်းထန်စွာရှိုက်လျက် ပြောလိုက်သည်။

သူ့မျက်နှာချင်းဆိုင်မှ အနောက်ဆိုင်းကောင်းဘွိုင်အဝတ်အစားဝတ်ထားသော အရိုးစုက အထင်သေးစွာပြော၏။

“ငါ တစ်ကဒ်တည်းမယူဘူးလို့ပြောနေတာလား။ သတ္တိရှိရင် ဆော့ကြည့်လေ ငါမင်းကို သေ‌အောင် ဗုံးခွဲပြမယ်”

“ဗုံးခွဲမယ်ဟုတ်လား။ ဘုရင်တစ်ကောင်တောင် မကစားရသေဘူး မင်း ဗုံးခွဲရဲရင် မင်းရဲ့ နံရိုးတွေအားလုံး ကျိုးကုန်လိမ့်မယ် ယုံလား”

“ဟား သူ့နံရိုးတွေ အကုန်ကျိုးသွားရင် နောက်ဆုံးမိနစ်မှာ အခြားသူဆီက ငှားရမှာ တွေးမိတယ်။ မင်း ဘုရင်-ဗုံးကစားရဲရင် ဒီသုံးခုနဲ့ မင်းမငိုမချင်း အနိုင်ယူပစ်လို့ရတယ်”

အမှန်စင်စစ် ဤအရိုးခေါင်းကစားကတ်များအတွက် လောင်းကြေးများသည် ၎င်းတို့၏ နံရိုးများဖြစ်သည်။ ၎င်းတို့အားလုံးကို အပြင်ဘက်တွင် မြင်နေရသဖြင့် ဖြုတ်ရ တပ်ရလွယ်ကူသည်။ သို့သော် လောင်းကြေးများက အလွန်ကြီးမားလှသည်။ ယခု လတ်တလော ဆိုးဆိုးရွားရွား ရှုံးနိမ့်နေသူကဲ့သို့ ထိုသူသည် သူ့နံရိုးများကို ဆုံးရှုံးရုံမျှမက နောက်ထပ် အကြွေးနှစ်ဆယ်ကျော်လည်း အကြွေးတင်သွားပြီဖြစ်သည်။

သူ၏ လျို့ဝှက်ချက်ကို ဖော်ထုတ်လိုက်ခြင်းကြောင့် အရှက်ရနိုင်သော်လည်း အရိုးစုသည် ဆေးပြင်းလိပ်ကို ပြင်းပြင်းရှိုက်ကာ ခန္ဓာကိုယ်ထဲမှ အပေါက်များမှ အခိုးငွေ့များထွက်လာလျက် ဒေါသတကြီးပြောလိုက်သည်။

“ခြောက် အရူးစကားတေွပြောမနေနဲ့ မင်းငါနဲ့ တစ်ယောက်ချင်းဂိမ်းကစားဖို့ သတ္တိရှိလား”

“ဘာလို့မရှိရမှာလဲ။ ဒါပေမယ့် အခု ရှင်းအောင်ပြောထားမယ်။ ငါတို့ အနိုင်အရှုံးကို ဘယ်လို ဖြေရှင်းကြမလဲ”

ဆေးပြင်းလိပ်သောက်နေသော အရိုးစုက ဒေါသတကြီးဖြင့် အံကြိတ်လိုက်သည်။

“ကြီးကြီးလောင်းရအောင် ရှုံးတဲ့လူက နိုင်တဲ့လူရဲ့ လက်ပါးစေအဖြစ် သုံးနှစ်ကြာကြာ လုပ်ရမယ်။ မင်းလောင်းရဲလား”

ဘမ်း

ဤသည်ကိုကြားသောအခါ အရိုးစုအုပ်စုက ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

“ဒုတိယအစ်ကို .. ဒုတိယအစ်ကို နားထောင် အဲ့တာ အရမ်းလွန်သွားပြီ။ အစ်ကိုလောင်းတာ အရမ်းများတယ်”

“ခြောက် အမြန် ဒုတိယအစ်ကိုကို တောင်းပန်လိုက်။ ဒါက ကစားပွဲတစ်ခုပဲမဟုတ်ဘူးလား။ ဘာလို့ ဒီလောက်ကြီး လောင်းရမှာလဲ”

“ဒါပေါ့ ငါတို့က နှစ်ရာနဲ့ချီပြီး ညီအစ်ကိုတွေဖြစ်ခဲ့တာ။ ငါတို့ထဲက တစ်ယောက်ယောက် ရုတ်တရက်ကြီး တစ်ယောက်ရဲ့လက်ပါးစေဖြစ်သွားရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ”

သို့သော် ဤဦးခေါင်းခွံနှစ်ခုသည် ထင်ရှားစွာ ဒေါသဖြစ်ခဲ့ကြရာ အခြားအရိုးစုများက ၎င်းတို့အား မည်ကဲ့သို့ ဖြားယောင်းသွေးဆောင်နေစေကာမူ လောင်းကစားနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်ငြင်းခုန်ခဲ့ကြသည်။

“အစ်ကိုတို့ ငါ့ကို သွေးဆောင်နေတာ ရပ်လိုက်ကြတော့ ငါ ဒီ ငတုံးအိုကြီးကို စိတ်ကုန်လာပြီ။ မာဖီးယားဂိုဏ်းဝင်တွေလို အမြဲဝတ်စား ဆေးပြင်းလိပ်တစ်လိပ်ကို လက်ထဲမှာ အမြဲကိုင်ပြီး ဆရာကြီးလိုဖြစ်ဖို့ အမြဲဟန်ဆောင်နေတာ။ အင်း.. ငါ…‌ခြောက် အဲ့တာကို မခံနိုင်ဘူး”

“ခြောက် ငါ ဘာဝတ်ဝတ် မင်းဘာလို့ ဂရုစိုက်နေတာလဲ။ မင်းရော ကောင်းကောင်းမွန်မွန် ဝတ်လို့လား။ အဲ့ ဂျင်းဘောင်းဘီပဲ နေ့တိုင်းဝတ်နေတာ မင်း မလျှော်တာ သုံးနှစ်ရှိပြီမလား။ မင်းအနံ့ကို ငါအဝေးကနေရင်တောင်ရတယ်။ မင်းကိုယ်မင်း ကြည့်ကောင်းတယ်ထင်နေလား" ဆေးပြင်းလိပ်သောက်နေသော အရိုးစုက လှောင်ရယ်လိုက်သည်။

“အဓိပ္ပါယ်မရှိတာတွေ။ မင်းနှာခေါင်းက လွန်ခဲ့တဲ့ နှစ်ရှစ်ရာလောက်တည်းက ပုပ်သွားတာ။ ဘာကို အနံ့ခံနိုင်မှာလဲ”

"ငါ အနံ့ မခံနိုင်ဘူး ဒါပေမယ့် မင်ရွှယ်တော့ ခံနိုင်တယ်ကွ။ ငါတို့ နောက်ဆုံးတစ်ခေါက် ရုပ်ရှင်ရိုက်တုန်းက မင်း မင်ရွှယ့်နားရောက်သွားတိုင်း သူ ချက်ချင်း မျက်မှောင်ကြုတ်သွားတာကို ငါ့မျက်စိနဲ့တပ်အပ်မြင်တယ်”

“အဓိပ္ပါယ်မရှိဘူး။ ငါ ရုပ်ရှင်ရိုက်တုန်းက အရိုးတွေကို တစ်ညလုံးလျှော်ပြီး နောက်ဆုံး ဖယောင်းတောင်လိမ်းထားတယ်။ ဘယ်လိုလုပ် အနံ့ရမှာလဲ။ မင်းက မာဖီးယားသူဌေးလိုဟန်ဆောင်ပြီး မင်းရဲ့ အိုဟောင်းနေတဲ့ တုတ်ချောင်းတွေက ပီကာချူးတက်တူးထိုးထားရင်တောင် ငယ်တယ်ထင်ရမှာမဟုတ်ဘူး”

“ဟေ့ ခြောက် အရိုက်ခံချင်လို့လားကွ” ဆေးပြင်းလိပ်သောက်နေသော အရိုးစုက အင်္ကျီလက်ကိုခေါက်တင်ကာ စတင်ထိုးနှက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ထို့အပြင် သူ့အရိုးများပေါ်တွင် ပီကာချူးပုံ တက်တူးတစ်ခုရှိသည်။ ယင်းကြောင့် အရိုးစုများကြားတွင် ပို၍ ကြီးမားသော ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရကာ ၎င်းတို့အားလုံးက တိုက်ပွဲကိုဖြိုခွင်းရန် အားကြိုးမာန်တက်ကြိုးစားခဲ့ကြသည်။

“ဒီနေ့ အလုပ်မဖြစ်ဘူးလို့ ဘယ်သူမှမပြောပါဘူး။ ခြောက် မင်းနဲ့ ငါမပြီးသေးဘူး။ လာ… ဒါကို ရှင်းလိုက်ကြရအောင်။ ရှုံးတဲ့လူက နိုင်တဲ့လူရဲ့အရိုးတွေကို နေတိုင်း သုံးနှစ်တိုင်တိုင် သန့်ရှင်းရေးလုပ်ပေးရမယ်”

“ကောင်းပြီ သဘောတူတယ်။ နောက်ဆုတ်တဲ့ မအေ-ိုးရဲ့ အရိုးကို ခွေးစာကျွေးပစ်မယ်”

ဤစကားကိုကြားသောအခါ အရိုးစုများ၏ အမူအရာများက လေးနက်သွားကြသည်။ ၎င်းတို့အတွက် အရိုးကို ခွေးကျွေးပစ်ခြင်းဟူသည် ရှက်စဖွယ်ပင်ဖြစ်သည်။

ထို့နောက် ဖန်းမင်ရွှယ်ရောက်လာသည်။

သူမရောက်လာသည်ကိုမြင်သောအခါ အရိုးစုအားလုံးက မတ်တပ်ရပ်၍ တစ်ယောက်ချင်းစီတိုင်းသည် အတတ်နိုင်ဆုံး လိမ္မာယဥ်ကျေးစွာပြုမူကြသည်။

"မင်ရွှယ် မင်းရောက်လာပြီလား”

ဖန်းမင်ရွှယ်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။

"မင်ရွှယ်၊ ပြီးခဲ့တဲ့ တစ်ခေါက်က ဖျော်ဖြေရေးမှာ စိတ်ကူးအသစ်တစ်ခု ရခဲ့တယ်၊ နောက်ဆုံးအကြိမ်က ကျွန်တော့်ရဲ့ သရုပ်ဆောင်မှု က အပေါ်ယံ ကျလွန်းတယ် လို့ထင်တယ်။ ဒေါသထွက်ရင် မျက်လုံးမှာ မီးတောက်ထွက်ဖို့လိုတာတင်မဟုတ်ဘဲ မျက်နှာမှာလဲ ပြသင့်တယ်။ ဒီလိုလေ… ဒီလိုက ပိုကောင်းတာမဟုတ်ဘူးလား”

ဤသို့ပြော၍ အရိုးစုသည် ဖန်းမင်ရွှယ်ကိုစိုက်ကြည့်နေသည်။

ဆယ်စက္ကန့်အကြာ၌… ဖန်းမင်ရွှယ်က မေးလိုက်သည်။

‘စလုပ်နေပြီလား”

အရိုးစုက မျက်တောင်ခတ်လိုက်၏။

“အမ်.. ပြီးတောင်ပြီးသွားပြီလေ။ ကျွန်တော့်မျက်နှာပေါ်က ဒေါသကို မမြင်ဘူးလား”

ဖန်းမင်ရွှယ်က ခေါင်းခါလိုက်သည်။ အခြားအရိုးစုများကလည်း တညီတညွတ်တည်း ခေါင်းယမ်းကြသည်။

"မဖြစ်နိုင်ဘူး... ငါအရမ်းဒေါသထွက်နေတာ အသိသာကြီးကို”

ထို့နောက် လောင်းကစားလုပ်နေသော အရိုးစုနှစ်ကောင်သည် တစ်ဖက်တွင်ရပ်လျက် ဖန်းမင်ရွှယ်ကိုပြောလိုက်ကြသည်။

"မင်ရွှယ်၊ မင်း ကျုပ်တို့အတွက် သက်သေပြဖို့ အချိန်မီရောက်လာတာပဲ။ ကျုပ် ဒီကောင်နဲ့လောင်းနေတာ”

"မှန်တယ်။ မင်းသာ ကျုပ်တို့ သက်သေဖြစ်တာနဲ့ ဒီကလေး လှည့်စားနိုင်မှာမဟုတ်တော့ဘူး”

ဖန်းမင်ရွှယ်က အစပိုင်းတွင် မည်သို့ဖြစ်နေသည်ကိုမသိနားမလည်သော်လည်း နားလည်သောအခါ အတန်ငယ် စိတ်ဝင်စားသွားရသည်။

“အသုံးမဝင်ဘူး ဘယ်သူကမှ ဖြားယောင်းနိုင်မှာမဟုတ်ဘူး။ ဒီကိစ္စကို ဖြေရှင်းရမယ်”

အခြားရွေးချယ်စရာမရှိသဖြင့် ဖန်းမင်ရွှယ်က ခေါင်းညိတ်သဘောတူလိုက်သည်။

“ကောင်းပြီ ကျွန်မ ရှင်တို့ရဲ့သက်သေဖြစ်ပေးမယ်။ ဘယ်လိုလောင်းဖို့ စီစဥ်ထားကြလဲ”

“ရိုးရှင်းပါတယ်။ ကျုပ်တို့ ဒီနေ့ သာလွန်မှုနဲ့ ကံကြမ္မာနှစ်ခုစလုံးကို‌ ပြေလည်အောင်ဖြေရှင်းမယ်” ဆေးပြင်းလိပ်သောက်နေသော အရိုးစုက အေးစက်စွာပြောလိုက်သည်။

"မှန်တယ်”

၎င်းတို့စကားကိုကြားသောအခါ ဖန်းမင်ရွှယ်က လေးနက်သောအမူအရာဖြင့်ကြည့်နေသည်။

"ကောင်းပြီ ဒါဆို ငါတို့ အခုစလို့ရမလား"

"စကြ”

တစ်မိနစ်အကြာ။

ဖန်းမင်ရွှယ်သည် အရိုးစုနှစ်ခု မြေပြင်ပေါ်တွင် လှဲလိုက်သည်ကို အံ့သြစွာကြည့်နေသည်။

နှစ်ယောက်စလုံး လက်ထဲတွင် လက်ကိုင်ဖုန်းတစ်လုံးကို ကိုင်ထားရင်းဖြင့် တောက်ပြောင်သော ဦးခေါင်းခွံများကို ကိုင်ထားကြသည်။

"ဟင့်အင်း၊ ငါနဲ့ Match-3 ကစားနေတာလား။ ဒီနေ့ မင်းသေတော့မယ်။ ငါ့ရဲ့ ပြိုင်ဘက်ကင်းလေပြင်းကို ခံကြည့်”

"ဟဲ၊ Match-3 King ရှေ့မှာ မင်းတို့အားလုံးက ပုရွက်ဆိတ်တွေပဲကွ။ မင်းရဲ့ကံကြမ္မာကို ရင်ဆိုင်လိုက် အဆုံးစွန်ဆုံး အာဏာရှင်ရဲ့အစွမ်းကို မြည်းကြည့်ကြစမ်း”

ကျန်အရိုးစုများသည် လေးနက်သောမျက်နှာဖြင့် ရန်ပွဲတွဲကိုကြည့်ကာ လေးနက်သောအသံဖြင့် ပြောကြသည်။

"Match-3 King၊ တကယ်ကြောက်စရာကောင်းတယ်”

အခန်း(၆၃၉) အထိကရုန်းစတင်ခြင်း

ရုန်းကန်ပြီးနောက် ဖန်းမင်ရွှယ်သည် နောက်ဆုံးတွင် အရိုးစုသခင်ဂိုဏ်းမှ လွတ်မြောက်ခဲ့သည်။

ရှေးဟောင်းထဲသို့ဝင်သောအခါတွင် အောက်လမ်းဆရာကြီး ခါရာဆက်နှင့် အမှောင်စုန်းမ အန်နာစတေးရှားတို့သည် ဧည့်ခန်းထဲတွင် တစ်ယောက်ကိုတစ်ယောက် “ခွေးစာ”များကျွေးနေကြသည်။

“အိုး… ကို့ရဲ့စုန်းမလေး မင်းရဲ့အလှက ကို့ကို နက်ရှိုင်းစွာမူးယစ်နေစတယ်။ မင်းရဲ့အပြုံးက ကို့ကို အဆုံးမဲ့သတ္တိတွေပေးတယ်။ မင်းအနားမှာရှိနေရင် ကိုလေ မရဏဘုရင်ကိုတိုက်ခိုက်ဖို့ပါ သတ္တိတွေရှိသလို ခံစားရတယ်” ခါရဆက်က လေးနက်သော ချစ်ခြင်းမေတ္တာအပြည့်ဖြင့်ပြောသည်။

အန်နာစတတေးရှားက ရှက်ရွံ့စွာ ရယ်မောလိုက်ပြီးနောက် ခါရာဆက်၏ ခန္ဓာကိုယ်ပေါ်တွင် စက်ဝိုင်းများဆွဲနေသည့် သူမ၏ လက်ချောင်းလေးများကို ရပ်လိုက်သည်။

“တော်ပါ ကျွန်မက ရှင်ပြောသလောက်ကြီး ဘယ်လိုလုပ် ကောင်းမှာလဲ”

“မဟုတ်တာ…” ခါရာဆက်သည် အန်နစတေးရှား၏လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ မျက်နှာတွင် နှလု့ဂသားထဲမှ နာကျင်မှုအပြည့်ဖြင့်ဖြစ်နေသည်။

“ကိုယ့်မျက်လုံးကိုကြည့်”

...

အန်နာစတေးရှားက တုန်လှုပ်သွားကာ ခေါင်းကို ဖြည်းညှင်းစွာမော့၍ ခါရာဆက်၏ မျက်လုံးများကို ကြည့်လိုက်သည်။

“မင်း ကိုယ့်ကိုယ်ကို နှိမ်ချနေတာ ခွင့်မပြုနိုင်ဘူး။ မင်း နားလည်ပြီး မှတ်ထားရမယ်။ မင်းက ကမ္ဘာပေါ်မှာ

အကောင်းဆုံး မိန်းကလေးဖြစ်ပြီး ချီးမွမ်းမှုတိုင်းနဲ့ ထိုက်တန်တယ်”

အန်နာစတေးရှားက ချီးကျူးစကားများကြောင့် မျကနှာပြင်တစ်ခုလုံးနီရဲလာကာ ခါရာဆက်၏ ပါးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

“ချစ်လိုက်တာ ခါရာဆက်… ရှင်က ကျွန်မအတွက် ကမ္ဘာပေါ်မှာ အကောင်းဆုံးယောက်ျားပဲ”

ယခုတင် လမ်းလျှောက်ဝင်လာသော ဖန်းမင်ရွှယ်က ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ အရေပြားပေါ်တွင် ကြက်သီးများထလာသည်။ အိပ်မက်ဧကရီနှင့် တိုက်တန်တို့သည် မနီးမဝေးမှ ဆိုဖာပေါ်တွင်ထိုင်လျက် မျက်နှာများ၌ ပို၍ စိတ်ပျက်ဖွယ်အမူအရာများရှိနေသည်။

“အဟွတ် အဟွတ် သူတို့ အမြဲ ဒီလိုကြီးနေနေကြတာလား” ဖန်းမင်ရွှယ်က ရောက်လာကာမေးသည်။

အိပ်မက်နတ်ဆိုးဧကရီက ခေါင်းညိတ်လိုက်သည်။

“သူတို့ ဟန်းနီးမွန်းက ပြန်လာကတည်းက ဒီလို မရပ်မနားနေနေကြတာပဲ”

ရွံရှာမှုအပြည့်ဖြင့် တိုက်တန်က ပြောသည်။

“မင်ရွှယ် နင်ယုံနိုင်လား။ ငါနဲ့ နတ်ဆိုးဧကရီ ဒီမှာ ခွေးစာစားနေရတာ သုံးလပြည့်ပြီ။ ငါ ဝိတ်ကျသွားမှန်းတောင် သိသာတယ်မလား”

ဖန်းမင်ရွှယ်က တိုက်တန်ကို မျက်လုံးကျဥ်းကာကြည့်လိုက်သည်။

“နင် နည်းနည်းပိန်သွားသလိုပဲ”

“ဒါတွေအားလုံးက ကြက်သီးတွေထနေရလို့ပဲ” တိုက်တန်က ခါးခါးသီးသီးညည်းညူလိုက်သည်။

“ဒါဆို နင်ဘာလို့ မရှောင်ဘဲ ကြည့်နေသေးလဲ” ဖန်းမင်ရွှယ်ကမေးသည်။

“အသုံးမဝင်ဘူး” အိပ်မက်နတ်ဆိုးဧကရီနှင့်တိုက်တန်တို့က တညီတညွတ်တည်းခေါင်းယမ်လိုက်ကြသည်။

“မင်းဘယ်ရောက်နေနေ သူတို့က မင်းရှေ့မှာ ပေါ်လာပြီး ၃၆၀ ဒီဂရီ ခွေးစာကျွေးကြလိမ့်မယ်”

“နတ်ဆိုးဧကရီပြောတာမှန်တယ်။ ထမင်းစားချိန်အတွင်း နင် သူတို့ကိုတွေ့ရမှာမဟုတ်ဘူး။ အဲ့တာ တကယ့် ခွေးစာစားချိန်ပဲ”ဤသို့ပြောလျက် တိုက်တန်သည် မျက်ရည်ကျလုနီးနီးဖြစ်ခဲ့ရသည်။

ယင်းအတွက် ဖန်းမင်ရွှယ်က အလွန်စာနာကြောင်းဖော်ပြခဲ့သည်။

“မင်ရွှယ် ဒီရဲတိုက်ကြီးမှာ အရေးတကြီးလုပ်စရာတစ်ခုခုရှိရမယ်မလား” တိုက်တန်က ဖန်းမင်ရွှယ်ကိုမျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသည်။

‘အာ… နည်းနည်းပေါ့’

တိုက်တန်က ဤအသက်သွေးကြောကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။

“မင်ရွှယ် ပြောသာပြောလိုက်။ ငါ ဒီကျိန်စာသင့်နေတဲ့ ရဲတိုက်ကနေထွက်သွားနိုင်လို့ကတော့ အကုန်လုံးလုပ်နိုင်တယ်။ အခု ကမ္ဘာမြေနတ်ဘုရားမနဲ့တိုက်ရမယ်ဆိုရင်တောင် ငါမကြောက်ဘူး”

အိပ်မက်နတ်ဆိုးဧကရီက စကားမပြောသော်လည်း သူမ၏ သနားဖွယ်အမူအရာက အရာအားလုံးကို ပြောပြလိုက်ကဲ့သို့ပင်ဖြစ်သည်။

ဖန်းမင်ရွှယ်က ခါးသက်စွာပြုံး၍ ခေါင်းညိတ်လိုက်သည်။

“ခုတလော ရုပ်ရှင်တွေရိုက်ပြီး ချီးကျူးခံထားကြရတာမလား။ ကျွန်မ အဲ့ရုပ်ရှင်တွေကိုပေါင်းပြီး အမှောင်ရုပ်ရှင်ပွဲတော် ကျင်းပဖို့စီစဥ်နေတာ။ အဲ့မှာ ရုပ်ရှင်ပရိတ်သတ်တွေလည်းဖတ်ဖို့ စဥ်းစားထားတယ်။ အဲ့ကျ သင့်တော်တဲ့ အမှောင်ဝန်ထမ်းတွေရွေးဖို့ အခွင့်အရေးကိုလည်းသုံးလို့ရတယ်”

“အကြံကောင်းပဲ” တိုက်တန်က ချက်ချင်းပင် ခေါင်းညိတ်သဘောတူလိုက်သည်။

တကယ်တမ်းတွင် သူ့၌ အမှောင်ရဲတိုက်မှ ထွက်ရန် တရားဝင်အကြောင်းပြချက်ရှိသရွေ့ မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ဆန္ဒရှိနေခြင်းဖြစ်ရာ ဖန်းမင်ရွှယ်၏ အဆိုပြုချက်ကလည်းအမှန်ပင် ကောင်းမွန်လှသည်။

“ငါလည်း အဲ့တာကောင်းတယ်လို့ထင်တယ်” နူးညံ့သောအမျိုးသမီးအသံတစ်ခုထွက်ပေါ်လာသည်။

တိုက်တန်က တုံ့ပြန်တော့မည့်ဆဲဆဲတွင် သူ့တစ်ကိုယ်လုံးတောင့်တင်းသွားရသည်။

အကြောင်းတစ်ခုခုကြောင့် ခါရာဆက်နှင့် အန်နာစတေးရှားသည် တစ်ဖက်တွင် မတ်တပ်ရပ်နေရာ စကားပြောခဲ့သူမှာ အမှောင်စုန်းမကိုယ်တိုင်ပင်ဖြစ်သည်။

“အပြင်မှာရှု့ခင်းတွေကလှပေမယ့် မင်းရဲ့အလှနဲ့ယှဥ်ရင် ဖြူဖပ်ဖြူလျော်ဖြစ်နေတယ်။ မင်းလည်းသွားချင်လား”

“ရှင့်ရဲ့ဖြစ်တည်မှုက ကမ္ဘာကြီးကို ကျွန်မ နောက်ဆုံးအကြိမ် အံတုခဲ့တဲ့အရာပဲ။ အင်း.. ကျွန်မ သွားချင်တယ်”

“ဒါဆို သွား၊ ရှေ့မှာ ဘာပဲဖြစ်ဖြစ် ငါ မင်းကို လိုက်ပို့ပေးမယ်”

“ခါရာဆက်”

“တက်ဆီရာ”

သက်တမ်းပေါင်းထောင်ချီနေလောက်မည်ဖြစ်သော ရှေးဟောင်းဖြစ်တည်မှုနှစ်ခုကိုကြည့်၍ တိုက်တန်နှင့်အိပ်မက်နတ်ဆိုးဧကရီတို့က စိတ်ပျက်အားငယ်စွာငိုချင်စိတ်ပေါက်လာကြသည်။

“အို…အထက်က အမှောင်နတ်ဘုရားမခင်ဗျာ… ဒီနှိပ်စက်မှုကြီးက ဘယ်တော့မှ အဆုံးသတ်မှာလဲ”

အလောင်းအစားရလဒ်အတွက် အဆက်မပြတ်ငြင်းခုံနေကြသော အပြင်ဘက်အရိုးစုများသည် ဤဝမ်းနည်းဖွယ်ငိုကြွေးသံကိုကြားပြီးနောက် တိတ်ဆိတ်သွားကြသည်။

ခဏအကြာတွင် အရိုးစုတစ်ခုက စကားပြောလာသည်။

“အဲ့တာ တိုက်တန်နဲ့ အိပ်မက်နတ်ဆိုးဧကရီတို့ပဲ”

“ကျွတ် ကျွတ် ခါရာဆက်နဲ့ အမှောင်စုန်းမတို့ တစ်ယောက်နဲ့တစ်ယောက် ပူးကပ်နေကြပြန်ပြီထင်တယ်”

“ဟုတ်ပါ့ တိုက်တန်နဲ့ အိပ်မက်နတ်ဆိုးဧကရီတို့အတွက် တကယ်စိတ်မကောင်းဖြစ်ရတယ်”

ကောင်းဘွိုင်ခြောက်နှင့် ဆေးပြင်းလိပ်နှစ်တို့က တစ်ယောက်၏ မျက်လုံးပေါက်ကို တစ်ယောက်ထိုးနေကြသည်။

"ခြောက်၊ လွှတ်မှာလား၊ မလွှတ်ဘူးလား"

"မင်းအရင်လွှတ်လိုက် အဲ့တာဆို ငါလွှတ်ပေးမယ်”

“ဘာလို့ ငါလွှတ်ရမှာလဲ”

“ဘာလို့လဲဆိုတော့ မင်းနဲ့ငါ စစ်တိုက်တဲ့ဂိမ်းမှာရှုံးသွားလို့”

“အဲ့တာ မင်းလှည့်ကွက်တွေသုံးနေလို့လေ”

“ဟား ဆိုတော့ ရှုံးတာနဲ့ ငါလှည့်စားလို့ပေါ့ ဟုတ်လား”

“ကောင်းပြီ ငါတို့ ဒီနေ့မပြီးသေးဘူး”

ဤသို့ပြောလျက် အရိုးစုနှစ်ခုက စတင်တိုက်ခိုက်ကြပြန်သည်။ ကျန်ရှိနေသော အရိုးစုများက တိုက်ပွဲကို ဖြိုခွင်းရန် လျင်မြန်စွာစုရုံးလာကြသည်။

အမှောင်ရှေးရဲတိုက်၏ အတွင်းနှင့်အပြင်တွင် အုတ်အော်သောင်းတင်းများ အဆက်မပြတ်ဖြစ်ပွားခဲ့သည်။ ဤအချိန်တွင် အလင်းပြန်ရခဲ့သော အလင်းဘုရားကျောင်းအတွင်း၌ Metatron သည် ရုပ်ရှင်ကို စိတ်အားထက်သန်စွာ ကြည့်နေသည်။

အထူးသဖြင့် ဖန်သားပြင်ပေါ်တွင် ဖန်းမင်ရွှယ် ပေါ်လာသောအခါတွင် သူ့မျက်လုံးများသည် စိတ်လှုပ်ရှားစွာ တောက်ပနေသည်။ဖန်းမင်ရွှယ်ပါဝင်သရုပ်ဆောင်ထားသော အမိုက်စားရုပ်ရှင်များစွာကို အဆုံးထိကြည့်ပြီးနောက်၊ Metatron သည် ထိုင်ခုံပေါ်ပြန်လှဲကာ ပြုံးလိုက်သည်။

"စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါနဲ့ ဒီမင်းသမီးက အမှောင်ကောင်စီ အဖွဲ့ဝင်တစ်ယောက်လား။"

"ဟုတ်ပါတယ် မြင့်မြတ်တဲ့ကောင်းကင်တမန်တော်အရှင် သူမတင်မကဘူး။ ရုပ်ရှင်တွေမှာ ဇာတ်ပို့သရုပ်ဆောင်တွေက အမှောင်ကောင်စီ အဖွဲ့ဝင်တွေပါပဲ။ အားလုံးနီးပါးက သူတို့ကိုယ်သူတို့ သရုပ်ဆောင်နေကြတာပါ။ ဒီရုပ်ရှင်တွေက ဥရောပမှာ အတော်လေးကို လှုပ်လှုပ်ရွရွဖြစ်စေခဲ့ပြီး အမှောင်ကောင်စီ အတွက် အလားအလာကောင်းတဲ့နောက်လိုက်အများအပြားကိုလည်းရနိုင်ခဲ့ပါတယ်”

Metatron က ခေါင်းညိတ်လိုက်သည်။

"ဆန်းသစ်တဲ့နည်းပဲ”

"ဖန်းမင်ရွှယ်က အမိုက်စားရုပ်ရှင်ပွဲတော်ကို ကျင်းပတော့မယ်လို့ ကြားတယ်။ ဒီသတင်းက ဥရောပတစ်ခွင်မှာ ပျံ့နှံ့နေပြီ။ ကောင်းကင်တမန်တော်အရှင် ကျွန်တော်မျိုးတို့ ဒီကိစ္စကို ဘယ်လိုတုံ့ပြန်သင့်ပါသလဲ”

Metatron သည် ဖန်သားပြင်ပေါ်ရှိ ဖန်းမင်ရွှယ်ခေတ္တရပ်နေသည့်ပုံကို ကြည့်ရင်း ရယ်မောလိုက်သည်။

"ဒီလိုဆိုရင် အပျော်ကြီးပါဝင်ကြရအောင်။ ဒီမိန်းမကို ငါတော်တော်စိတ်ဝင်စားတယ်"

ထိုအချိန်တွင် ချင်းမန်မြို့၌ အန်းချင်သည် အန်းယန်ကို အလွန်လေးနက်သော အမူအရာဖြင့်ပြောနေသည်။

“မမ ညီမလေး အခုတင်း ဖုန်းဆက်ပြီးအကြောင်းကြားစာရခဲ့တယ်။ ညီမလေးတို့ ပြည်မှာတင်မဟုတ်ဘဲ ကမ္ဘာတစ်ဝန်းလုံးမှာ နတ်ဆိုးနတ်ဘုရားတွေရဲ့အသွင်အပြင်ကြောင့် ချင်းမန်မြို့က မလုံခြုံတော့ဘူး။ ညီမလေးနဲ့အတူ ကျုံးတုကို ပြန်လိုက်ခဲ့သင့်တယ်။ အဲ့မှာ စစ်ရေးအကာအကွယ်တွေရှိတော့ ပိုလုံခြုံမှာ”

အန်းယန်က ခေါင်းခါလိုက်သည်။

“ငါအရင်က ပြောဖူးတယ်လေ။ ငါမသွားဘူးလို့။ နင့်မမကလည်း ကျွမ်းကျင်သူပြဆိုတာ နင်မေ့သွားပြီလား။ ငါအဆင်ပြေမှာပါ”

အန်းချင်သက်ပြင်းချလိုက်သည်။ အစ်မဖြစ်သူ၏ စိတ်နေစိတ်ထားကိုကောင်းစွာသိသဖြင့် ဆွဲဆောင်မှုမှာ အချည်းနှီးဖြစ်ကြောင်း နားလည်ခဲ့သည်။ သို့သော် သူမစိတ်ပူမိသေးသည်။

“ငါ့ကိုစိတ်ပူနေတာထက် နင် ပိုသတိထားရမှာ။ ကမ္ဘာကြီးက ကမောက်ကမဖြစ်နေပြီ။ နင်က မီးဖီးနစ်နဲ့အတူတူ သွားတိုက်နေရတာ နင်ပိုသတိထားရမယ်”

"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ မမ ရှန်းရှန်းနဲ့နျန်နျန်တို့ကိုလည်း ဂရုစိုက်ဦး။ ညီမလေး အခုသွားပြီ။ စစ်ကားက အောက်မှာစောင့်နေတယ်” အန်းချင်က ပြောပြီးသည်နှင့် အောက်သို့ အမြန်ဆင်းလိုက်သည်။

ရှန်းရှန်းနှင့်နျန်နျန်က အန်းချင်၏ နောက်ကျောကိုကြည့်လျက် စိတ်မကောင်းဖြစ်စွာမေးလိုက်သည်။

“မေမေ အန်တီလေး ဘာသွားလုပ်မလို့လဲ”

“သမီးတို့အန်တီလေးက မွန်းစတားတွေကိုသွားတိုက်မလို့” အန်းယန်က သက်ပြင်းတစ်ချက်ချလိုက်သည်။

All Chapters