အခန်း (၆၄၃-၆၄၅)
Vol. 43 Ch. 643-645
အခန်း(၆၄၃) နတ်ဘုရားများကြားမှ ပရမ်းပတာများ
ဤအရေးတကြီးအခိုက်အတန့်တွင်၊ အမှောင်ရှေးဟောင်းနန်းတော်အတွင်းရှိ လေထုက အလွန်တင်းမာလာသည်။ အန်နာစတေးရှား၏ အားလုံးက လက်မောင်းပေါ်တွင် လဲလျောင်းနေသည့် အလွန်အမင်း ဖြူဖျော့နေသော ဖန်းမင်းရွှယ်ကိုကြည့်လိုက်ကြသည်။ ၎င်းတို့၏ မျက်လုံးများအားလုံး နီရဲသွားကြ၏။ ဖန်းမင်ရွှယ်ကြောင့်သာမဟုတ်ပါက ယခုတင် ၎င်းတို့အားလုံးပျက်သုဥ်းသေဆုံးသွားနိုင်သည်။ သို့သော် ၎င်းတို့ နန်းတော်သို့ပြန်လာပြီးမကြာမီ၌ပင် ဖန်းမင်ရွှယ်သည် သူမ၏ ပြင်းထန်သော ဒဏ်ရာများကြောင့် သတိမေ့မြောသွားခဲ့သည်။
ထိုအချိန်တွင်၊ အပြင်ဘက် အကာအကွယ်အတားအဆီးသည် ပြိုကျလုနီးပါးဖြစ်နေပြီဖြစ်ကာ Metatron ၏ ရယ်မောသံကို ကြားလိုက်ရသည်။
…
တိုက်တန်ကြီးက အသက်ပြင်းပြင်းရှု၍ လှည့်ထွက်သွား၏။
“မင်း ဘယ်သွားမလို့လဲ” အိပ်မက်နတ်ဆိုးဧကရီက မေးသည်။
တိုက်တန်က ဘာသိဘာသာဖြေလိုက်၏။
“ဒါပေါ့ ဒီ ငှက်လူသားရဲ့အသက်ကို နှုတ်ပြီး မင်ရွှယ်အတွက် လက်စားချေပေးမို့”
"ဒါပေမယ့် မင်းရဲ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေရနေတယ်"
“တိုက်တန်မျိုးနွယ်မှာ သူရဲဘောကြောင်တဲ့ကောင်မရှိဘူး။ သေရင်တောင် စစ်မြေပြင်မှာပဲ ကျဆုံးမယ်”
တိုက်တန်၏ စကားက အားလုံးကို တုန်လှုပ်သွားစေသည်။ အမှောင်ကောင်စီဝင်အားလုံးက လေးနက်သောအမူအရာများဖြင့် မတ်တပ်ရပ်ကာ အသက်အန္တရာယ်ပြုရန် အသင့်ဖြစ်နေကြသည်။ ထိုအချိန်၌ ဖန်းမင်ရွှယ်က မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
“မင်ရွှယ်… အဆင်ပြေလား” အန်နာစတေးရှားက တုန်လှုပ်သောအသံဖြင့် ပြောလိုက်သည်။
ဖန်းမင်ရွှယ်က ခေါင်းကို ဖြည်းညှင်းစွာခါလိုက်၏။
"မသွားပါနဲ့၊ နင်တို့ထဲက တစ်ယောက်မှ ဒီကောင်နဲ့မယှဥ်နိုင်ဘူး”
"ဒါဆို ငါတို့ဘာလုပ်ကြမလဲ၊ ငါတို့ဒီမှာထိုင်ပြီး သေတာကိုစောင့်နေမှာလား။" တိုက်တန်က ခါးသက်စွာပြုံး၍ပြောသည်။
"ကမ္ဘာကြီးက ကမောက်ကမ ဖြစ်နေတယ်၊ ငါတို့လုပ်နိုင်တာက သူပြန်လာတာကို စောင့်ဖို့ပဲ”
"သူပြန်လာတာကို စောင့်ဖို့လား" အားလုံး တညီတညွတ်တည်းရေရွတ်လိုက်ကြသည်။
ယခုအချိန်တွင် ဖန်းမင်ရွှယ်၏ အသက်ရှုသံများကပို၍ မမှန်မကန်ဖြစ်လာကာ သူမကိုယ်တိုင်စကားမပြောနိုင်သော်လည်း ခေါင်းကိုမော့၍ အန်နာစတေးရှားကိုကြည့်ရန် ကြိုးစားလိုက်သည်။ ဖန်းမင်ရွှယ်က မည်သူ့ကို ရည်ညွှန်းကြောင်း အန်းနာစတေးရှားသဘောပေါက်သဖြင့် ခေါင်းငုံ့လျက်သာ မျက်ရည်များဝဲလာကြသည်။
"ဟုတ်ကဲ့ နားလည်ပါတယ်”
ထိုအချိန်၌ အမှောင် ရှေးဟောင်း ရဲတိုက်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ ရှင်းသည်။ အတားအဆီးက ပိုမိုကြာကြာ မထိန်းထားနိုင်တော့ပေ။
ဖန်းမင်ရွှယ်၏ အမူအရာက တစ်ချိန်က သူမသိခဲ့ဖူးသော ကလေးမလေးကဲ့သို့ မျက်လုံးများတွင် မျှော်လင့်ချက် အရိပ်အယောင်များ တောက်ပလာသည်။
“ငါဒီမှာ… သူပြန်လာမှာကို စောင့်နေမယ်”
ဤသို့ဖြင့် ဖန်းမင်ရွှယ်၏ မျက်လုံးများက တဖြည်းဖြည်းချင်းမှိတ်သွာားသည်။
အမှောင်ထု၏ စွမ်းအားသည် သူမ၏ ခန္ဓာကိုယ်မှ ပျံ့လွင့်လာကာ မရေမတွက်နိုင်သော အနက်ရောင် အသွင်အပြင်သို့ ပြောင်းလဲသွားလျက် အမှောင်ရှေးဟောင်း ရဲတိုက်တစ်ခုလုံးကို ဖုံးအုပ်ထားသည်။
ဤသည်ကား… ဖန်မင်ရွှယ်၏ နောက်ဆုံး အကာအကွယ်စွမ်းအားပင်ဖြစ်သည်။
အမှောင်ညဧကရီနည်းပြသည် လမ်းပြအဖြစ် သူမကိုယ်သူမ ရှေးဟောင်းအကာအကွယ်ရဲတိုက်နှင့် လုံးဝချည်နှောင်ပစ်လိုက်သည်။
ဤအကာအကွယ်အတားအဆီးကို ဖြတ်ကျော်လိုပါက၊ ၎င်းတို့သည် သူမအား လုံးလုံးလျားလျား ချေမှုန်းပစ်ရပေမည်။ မဟုတ်လျှင် မဖြစ်နိုင်ပေ။
အမှောင်ကောင်စီအဖွဲ့ဝင်များသည် ဤမြင်ကွင်းကို ဗြောင်ကျကျကြည့်ကာ မျက်လုံးများနီရဲသွားကြသည်။
ဤအတောအတွင်းတွင် Metatron သည် အပြင်ဘက်တွင် အလွန်ဒေါသထွက်နေခဲ့သည်။
ပို၍အားကောင်းသော အမှောင်အတားအဆီးတစ်ခု ရုတ်တရက်ပေါ်လာပြီး ရဲတိုက်တစ်ခုလုံးကို အခိုင်အမာကာကွယ်လိုက်သောအခါတွင် Metatron ၏မျက်နှာသည် ပို၍ရုပ်ဆိုးလာသည်။
“ကာကွယ်ဖို့ ကိုယ့်ဘဝကိုယ် စတေးလိုက်တယ်… ဒီမိန်းမ မင်းငါ့ကို ဒါသုံးပြီး ခြိမ်းခြောက်နိုင်မယ်ထင်နေတာလား”
သို့သော် Metatron သည် အတားအဆီးကို ဖြတ်ကျော်ရန် အတင်းအကြပ်ဆောင်ရွက်ပါက ဖန်းမင်ရွှယ်သည် ဝိဉာဥ်ရေးဆိုင်ရာ ဆုံးခန်းတိုင်ရမည်ကို ကျိန်းသေသိထားသည်။ ထို့ကြောင့် Metatron သည် ဖန်းမင်ရွှယ်ကိုလိုအပ်သဖြင့် ဤသို့သော ရလဒ်မျိုးဖြင့် အဆုံးမသတ်လိုခဲ့ပေ။
ထို့ကြောင့် Metatron သည် လေထဲ၌ ပျံဝဲကာ ခဏမျှ တုံ့ဆိုင်းသွားသည်။
“မိန်းမ၊ မင်းက ငါ့သားကောင်ဖြစ်ကြောင်း ငါပြောပြီးပြီ၊ မင်း မြေကြီးစွန်းကို ပြေးရင်တောင် ငါ့လက်က လွတ်မှာမဟုတ်ဘူး”
"မင်း ငါ့ကို ခြိမ်းခြောက်ဖို့ ဒီဟာကို သုံးလို့ရတယ်ထင်နေတာ မင်း အရမ်းတုံးတာပဲ”
ထိုသို့ပြောကာ Metatron သည် ကောင်းကင်သို့တက်သွား၍ သူ၏ ကြီးမားသန့်ရှင်းသော အလင်းရောင်ကို ဖြန့်ကျက်လိုက်သည်။ သန့်ရှင်းသော အလင်းရောင်က ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းကာ ဥရောပတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ မရေမတွက်နိုင်သောလူများသည် ကောင်းကင်ယံမှ အံ့သြထိတ်လန့်ဖွယ်မြင်ကွင်းကို အံ့သြထိတ်လန့်စွာ ငေးကြည့်ရင်း လမ်းများပေါ်သို့ ထွက်လာခဲ့ကြသည်။
"အို၊ လူသားတို့၊ ငါသာလျှင် အမြင့်မြတ်ဆုံးသော ဘုရားသခင်ပဲ။ အခု ဒူးထောက်ပြီး ငါ့ဆီ အစေခံပေတော့… မင်းတို့အားလုံးကို အသက်ရှည်ပြီး အနာကင်းမဲ့ဆုကို ပေးမယ်”
Metatron ၏အသံသည် ဥရောပတစ်ခွင်လုံးသို့ ပျံ့နှံ့သွားသည်။ ၎င်းနှင့်အတူ သန့်ရှင်းသောအလင်းရောင်က အဆုံးမဲ့လင်းလက်လာသည်။ ခဏတာရုန်းကန်ပြီးနောက် အများအပြားက ဒူးထောက်ချလိုက်ကြသည်။
သန့်ရှင်းသောအလင်းရောင်အောက်တွင် ဥရောပတစ်ခွင်ပြန့်ကျဲနေသော အမှောင်တပည့်များက ဗလာနတ္ထိအဖြစ်သို့ပြောင်းလဲကာ နာကျင်စွာအော်လိုက်ကြသည်။ Metatron သည် အောက်ရှိ လူအုပ်ကို ငုံ့ကြည့်ကာ ကျေနပ်သော အပြုံးဖြင့် သူ့နှုတ်ခမ်းများ ကွေးညွတ်သွားသည်။
"ကောင်းပြီ၊ ဒီအချိန်ကစပြီး၊ ဒီနေရာဟာ ငါ့ရဲ့ မြင့်မြတ်တဲ့နိုင်ငံ ဖြစ်လာလိမ့်မယ်၊ ပြီးတော့ မင်းတို့အားလုံးက ငါ့လူတွေဖြစ်ကြမယ်”
ထိုနေ့တွင် Archangel Metatron သည် သန့်ရှင်းသောအလင်းရောင်ပုံစံဖြင့်ပေါ်လာကာ ဥရောပကိုအလင်း၏နိုင်ငံတော်အဖြစ်ပြောင်းလဲ၍ ကမ္ဘာကြီးကိုတုန်လှုပ်စေခဲ့သည်။
ဤဖြစ်ရပ်သည် ကမ္ဘာပေါ်တွင် စစ်မှန်သော ပရမ်းပတာ စတင်ခဲ့သည်။
ရှန်းကျန်းလေဆိပ်
အန်းချင်သည် မီးဖီးနစ်အဖွဲ့ဝင်များကို ၏စစ်ရဟတ်ယာဉ်ပေါ်မှ ပို့ဆောင်လိုက်ပြီးနောက် ကျယ်ပြောလှသော လေဆိပ်သည် ခရီးသည်တစ်ဦးမှ မတွေ့ရတော့ဘဲ ဆိတ်သုဉ်းသွားခဲ့သည်။
ဤသည်က အတိတ်တွင် တွေးတော၍ င်မရသော အရာတစ်ခုဖြစ်ခဲ့ပေလိမ့်မည်။
“လတ်တလော နတ်ဆိုးနတ်ဘုရားက ကောင်းကင် လေယာဥ်တွေကို အတိအကျ ပစ်မှတ်ထားလို့ လေယာဥ်တွေ အများကြီးပျက်ကျပြီး ခရီးသည်အမြောက်အမြားသေခဲ့ရတယ်။ အဲ့အချိန်ကစပြီး ကမ္ဘာလုံးဆိုင်ရာ ခရီးစဥ်တွေကို ရပ်ဆိုင်းလိုက်တယ်” ကျိုယိက ခပ်တိုးတိုးရှင်းပြသည်။
အန်းချင်၏ မျက်နှာက ရေကဲ့သိ့ ညစ်ထေးနေသည်။
"ဒီမှာ အခြေအနေ ဘယ်လိုရှိလဲ"
“မနေ့ကတည်းက အပြစ်မဲ့နိုင်ငံသားတွေက ရူးသွပ်စပြုလာပြီး သေဆုံးကုန်ကြတယ်။ စုံစမ်းစစ်ဆေးမှုအပြီးမှာတော့ သူတို့ဟာ နတ်ဆိုးကျိန်စာရဲ့ သားကောင်ဖြစ်နိုင်ခြေရှိတယ်လို့ ဆုံးဖြတ်လို့ရပါတယ်”ထောက်လှမ်းရေးတာဝန်ခံ ကျိုယိက ရှင်းပြသည်။
"နတ်ဆိုးကျိန်စာ ဟုတ်လား" ခေါင်းဆောင်ချန်ဟောက်က မျက်ခုံးတွန့်လိုက်သည်။
“ဒါ တာအို ကျင့်ကြံရေးအဖွဲ့က ကိုင်တွယ်သင့်တဲ့အရာမဟုတ်ဘူးလား”
"ဟုတ် ဒါပေမယ့်..." ကျိုယိက အသက်ပြင်းပြင်းရှုလိုက်ညသ်။
"မနေ့ကကနေ အခုအချိန်အထိ ရှန်ကျန်းမှာ အပြစ်မဲ့နိုင်ငံသား တစ်သောင်းကျော် ကြေကွဲစရာကောင်းလောက်အောင် သေဆုံးသွားခဲ့ပါတယ်။ အခြေအနေက ပြင်းထန်လာတာကြောင့် ရှေးဟောင်း နတ်ဆိုးနတ်ဘုရားမှာ တာဝန်ရှိတယ်လို့ အထက်လူကြီးတွေက ထင်ကြေးပေးခဲ့ကြပါတယ်။"
တစ်သောင်း
ဤဆိုးရွားသောနံပါတ်သည် မီးဖီးနစ် အဖွဲ့ဝင်အားလုံး၏မျက်နှာများကို မှောင်မိုက်သွားစေသည်။
"ဒီနတ်ဘုရားတွေပဲ" အန်းချင်က ဒေါသအမျက်ထွက်ကာ ပြောသည်။
"သွားကြစို့၊ ဒီမာန်တက်နေတဲ့နတ်ဘုရားတွေကို ဘယ်တော့မှ မမေ့နိုင်လောက်မယ့် သင်ခန်းစာတစ်ခုပေးလိုက်မယ်” ချန်ဟောက်က တင်းမာသောအသံဖြင့်ပြောသည်။
ထိုအဖွဲ့သည် ကြွေးကြော်ပြီးနောက် စစ်ယာဉ်များဖြင့် မြို့တွင်းသို့ ထွက်ခွာသွားကြသည်။
တစ်ချိန်က စည်ကားခဲ့သော မြို့ကြီးသည် အလွန် တိတ်ဆိတ် ငြိမ်သက်လာသည်။
လမ်းသွားလမ်းလာများသည် ထိတ်လန့်တကြားနှင့် ဒုက္ခရောက်နေသည့် အရိပ်အယောင်များဖြင့် လမ်းမများပေါ်တွင် ပြေးလွှားနေကြသည်။
ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ အန်းချင်၏ စိတ်များပို၍ပင် လေးလံလာသည်။ မကြာသေးမီအချိန်များတွင် သူမနှင့် မီးဖီးနစ်အဖွဲ့တို့သည် ဤအရာများကို အလွန်အမင်းတွေ့မြင်ခဲ့ကြသည်။
ထို့အပြင် ၎င်းတို့ ရင်ဆိုင်ရသည့် ရန်ဘက်များက ပိုပို၍ ဒုက္ခများလာသည်။
"ဒီအကောင်တွေကို ဘယ်အချိန်မှာ ကောင်းကောင်း သုတ်သင်နိုင်မှာလဲလို့ ငါတွေးမိတယ်" အန်းချင်က သက်ပြင်းချလိုက်သည်။
"ဆရာသာ ဒီမှာရှိခဲ့ရင်” တစ်စုံတစ်ယောက်ကပြော၏။
ဤအသံကိုကြားသောအခါ အားလုံးက တိတ်ဆိတ်သွားကြသည်။
အမှန်ပင်…
နည်းပြသာ ဤနေရာတွင်ရှိနေခဲ့လျှင် ဤနတ်များက ဤမျှ သောင်းကျန်းကြမည်လော။
ယခုအချိန်တွင် ရှန်ကျန်းမြို့၏အလယ်ဗဟိုရှိဟိုတယ်တစ်ခုတွင်၊ သာမန်တောင်အာရှအမျိုးသားတစ်ဦး ၏အသွင်ဆောင်သောနတ်ဘုရားတစ်ပါးသည် မြို့ကိုမြင်နိုင်သောပြတင်းပေါက်တစ်ခုတွင်ရပ်နေခဲ့သည်။
"ဟဲဟဲ၊ အများကြီးသေသွားပြီလေ မင်းကိုယ်မင်းမပြသေးဘူးလား။ ငါ့ရဲ့ နတ်သားတော်ကို သတ်ပြီးတော့ အခု ငါရောက်လာမှ အရမ်းကြောက်နေလား” နတ်ဘုရားက ခပ်တိုးတိုးပြောလိုက်သည်။
သူစကားပြောနေစဉ်တွင် သူသည် တစ်စုံတစ်ရာကို ခံစားမိပုံရကာ အဆောက်အအုံများ အတားအဆီးများကို ဖောက်ထွင်းဝင်ရောက်လာသော အဝေးမှ စစ်ကားတစ်စီးကိုမြင်လိုက်သည်။
"စိတ်ဝင်စားဖို့ကောင်းလိုက်တာ၊ တက်ကြွမှုအပြည့်နဲ့ကျင့်ကြံသူတွေအများကြီးပါလား။ ဒါ တော်တော် ရှားပါးတဲ့ စတေးမှုပဲ” နတ်ဘုရားက လောဘတကြီးပြောလိုက်သည်။
အခန်း(၆၄၄) နတ်ဘုရားများ၏ ဆင်းသက်ခြင်း
အန်းချင် နှင့် အခြားသူများကို လာကြိုသည့် တာဝန်ခံမှာ စုန်ယိဖြစ်သည်။
တစ်ချိန်က ကျော်ကြားခဲ့သော ကျုံးတုမြို့၏ ကျွန်းကျင်သူ ဖုန်းရွှေပညာရှင်ကြီးသည် ရွှယ်အန်းထံတွင် ရှုံးနိမ့်ကတည်းက ရှန်ကျန်းမြို့ကို လုံ့လဝီရိယဖြင့် စီမံခန့်ခွဲခဲ့သည်။
နှစ်ပေါင်းများစွာ မဆုတ်မနစ် ကြိုးစားအားထုတ်ပြီးနောက်၊ စုန်ယိသည် ဤပြည်၏ ပြိုင်ဘက်ကင်းသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိပေ၊ ၎င်း၏ဂုဏ်သိက္ခာသည် ယခင် မင်မိသားစုထက် အနည်းငယ်ပင်သာလွန်သည်။
သို့သော် ဤရုတ်တရက်ဆန်၍ ကြိုမမြင်နိုင်သော ကသောင်းကနင်းဖြစ်မှုသည် စုန်ယိ၏ အစီအစဉ်အားလုံးကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။
ရက်အနည်းငယ်အတွင်း ကျုံးတု ကျိန်စာကြောင့် သေဆုံးသွားသူပေါင်း တစ်သောင်းကျော်သွားခဲ့သည်။
ထိုအချိန်တွင် ရှန်းကျန်း လေဆိပ်ရှိလူတိုင်း မျိုးတုန်းပျောက်ကွယ်လုနီးပါး ခံစားခဲ့ရသည်။
...
သူသည်လည်း တာဝန်ရှိသူပီပီ သဘာဝအတိုင်း ကြီးမားသောဖိအားကို ရင်ဆိုင်ရသည်။
ထို့ကြောင့် အန်းချင်က မီးဖီးနစ် အထူးတပ်ဖွဲ့ဝင်များကို ခေါ်ဆောင်လာသည်ကို ကြားသောအခါ စုန်ယိသည် အလွန်ဝမ်းသာစွာဖြင့် ၎င်းတို့ကို ကြိုဆိုရန် အမြန်သွားခဲ့သည်။
အန်းချင် နှင့် သူမ၏အဖွဲ့သည် စုန်ယိ၏နေအိမ်သို့ လိုက်လာကြကာ အံ့ဩထိတ်လန့်သွားကြရသည်။
အဘယ်ကြောင့်ဆိုသော် ဤအိမ်ကြီးသည် လူများပြည့်ကျပ်နေသောကြောင့်ဖြစ်သည်။
"မိန်းကလေးအန်း ဒါက ဖုန်းရွှေပညာကို သုံးပြီး မကောင်းမှုအမျိုးမျိုးကို ကာကွယ်ဖို့ ကျုပ် ယာယီတည်ဆောက်ထားတဲ့ ဖုန်းရွှေမရဏမြေပဲ။ ဒီလူငယ်တွေဟာ ရှန်ကျန်းရဲ့ မျိုးဆက်သစ်လူငယ်တွေကြားထဲက လူ့မလိုင်တွေပါ။ ဒါ ရှန်ကျန်းရဲ့ ရှင်သန်မှုနဲ့ မျိုးရိုးကို ထိန်းသိမ်းဖို့ပဲ။”
အန်းချင်က ရုတ်တရက် သဘောပေါက်သွားသည်။
" ရှန်ကျန်းရဲ့ အခြေအနေက ဒီအဆင့်ကို ရောက်နေပြီလား။ အရင်းအမြစ်ကို ရှာတွေ့ပြီလား"
စုန်ယိက ခါးသက်စွာပြုံးလိုက်သည်။
"မင်းတို့ မရောက်လာခင်မှာ ပင်ရင်းကိုရှာဖို့ လူပေါင်းများစွာကို ငါတို့ စုပြီး မန္တန်တွေကျွမ်းကျင်တဲ့လူကို ရှာဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ညတွင်းချင်း၊ ဒီလူတွေအားလုံးဟာ သဘာဝမကျတဲ့ သေဆုံးမှုတွေနဲ့ တွေ့ခဲ့တယ်"
ဤသို့ပြောပြီးသည်နှင့် စုန်ယိ၏ မျက်လုံးတွင် ဝမ်းနည်းသော အကြည့်တစ်ခုပေါ်လာသည်။
"သူတို့အားလုံးက သန်စွမ်းတဲ့လူငယ်တွေဖြစ်ကြပေမယ့် အတိအကျမသိနိုင်လောက်အောင် သေဆုံးသွားကြတယ်"
"မိန်းကလေးအန်း ရွှယ်လူကြီးမင်းဆီက သတင်းကြားလား”
အန်းချင်က ခေါင်းယမ်းလိုက်သည်။
စုန်ယိက သက်ပြင်းချ၍ ဆက်ပြော၏။
"လူကြီးမင်းရွှယ်သာ ဒီမှာရှိနေရင် ဒီလိုမျိုး ဖြစ်မလာဘူး”
သူစကားပြောနေစဉ်တွင် စုန်ယိ၏ မျက်နှာပေါ်တွင် ခါးသက်သက်အကြည့်တစ်ခုထွက်ပေါ်လာသည်။
"မိန်းကလေးအန်းက အရင်းအမြစ်ကို ခြေရာခံမလိုက်ရသေးပေမယ့်၊ လေနဲ့လေထုကို ကြည့်ပြီး ရှန်ကျန်းရဲ့ မြောက်ဘက်အလယ်ပိုင်း ကောင်းကင်ယံမှာ ဆိုးဝါးတဲ့ အငွေ့အသက်တွေ ပျံတက်နေတာကို တွေ့လိုက်ရတယ်။ နတ်ဆိုး ဒါမှမဟုတ် နတ်တစ်ပါးပါး အဲ့နေရာမှာ အမြစ်တွယ်နေတာဖြစ်နိုင်တယ်။ အဲ့မှာ သံသယဖြစ်စရာကောင်းတဲ့ မိသားစုတစ်စုရှိတယ်။"
"အိုး” အန်းချင်၏ မျက်လုံးများ တောက်ပလာသည်။
"အဲ့နေရာက ကျန်းမိသားစုနေတဲ့နောပဲ။ ဒီကျန်း မိသားစုက အရင်က မင်မိသားစုနဲ့ အရမ်းရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တယ်။ မင် မိသားစုက လူကြီးမင်းရွယ်ရဲ့လက်ထဲ ဖြုတ်ချခံရပြီးတော့ ကျန်းမိသားစုက သူတို့ကို ပထမဆုံး ဆန့်ကျင်ခဲ့တာမို့ သူတို့ အရှုံးမရှိခဲ့ဘူး။ ဒီဆိုးရွားတဲ့နတ်ဆိုးကျန်စာတွေကြားမှာ ကျန်းမိသားစုကအပေါ်ယံလန့်သွားနဲ့ပုံပေါ်ပေမယ့် ကျုပ်သိသလောက် ကျန်းမိသားစုရဲ့လူတစ်ယောက်မှ မထိသေးဘူး"
“ဦးလေး ပြောချင်တာက…”
"ကျန်းမိသားစုက ကြံရာပါမဟုတ်ရင်တောင် အတွင်းထဲက ဇာတ်လမ်းကို သူတို့ သေချာသိတယ်လို့ ကျုပ် သံသယဖြစ်မိတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ၊ လက်ရှိ မငြိမ်မသက်မှုတွေကြောင့် ကျန်းမိသားစုက ကျုပ်ကို လျှို့ဝှက်ကန့်ကွက်ပြီး လူမြင်ကွင်းမှာ ဆန့်ကျင်နေတာကြောင့် သံသယတွေရှိပေမဲ့ စုံစမ်းစစ်ဆေးဖို့ အစွမ်းအစမရှိတော့ဘူး"
ထိုအခါ အန်းချင်က မဆိုင်းမတွပြောလိုက်သည်။ "ဒါဆိုရင် ကျန်းမိသားစုကို အခုပဲ သွားကြည့်ရအောင်"
ကျန်းမိသားစု၏ ဟိုတယ်။
ယခင်က ကျန်းမိသားစုသည် သူ့ခေတ်သူ့အခါတွင် ထိပ်တန်းအဆင့်ရှိသော မိသားစုတစ်ခုဖြစ်သည်။ မင်မိသားစုကျဆုံးပြီးနောက် ကျန်းမိသားစုသည်လည်း အဆင့်နိမ့်လာခဲ့ရာ အချိန်ကြာလာသည်နှင့်အမျှ ကျန်းမိသားစုသည် ၎င်း၏အနားသတ်မှ လွတ်သွားကာ သာမန်မြင့်မြတ်သောမိသားစုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်ဟု လူအများကပင် ထင်မြင်ခဲ့ကြသည်။
သို့သော် ကျန်းမိသားစုက လူများသည် လက်စားချေရန် အမြဲတစေ လျှို့ဝှက်စီစဉ်နေကြောင်း မည်သူမျှ မသိခဲ့ကြပေ။
ဥပမာ၊ ယခုကဲ့သို့ပင်ဖြစ်သည်။
ကျန်းမိသားစု၏ မိသားစုအကြီးအကဲ ကျန်းချုံနျန်သည် လေးလေးစားစား မျက်နှာထားဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်လိုက်သည်။
"နတ်သားတော်ကို ပြန်တင်ပြပါတယ်။ ရှန်ကျန်းကို ရောက်လာတဲ့သူတွေက မီးဖီးနစ် အထူးတပ်ဖွဲ့ဝင်တွေပါ။ အဖွဲ့ကို အန်းမိသားစုက သမီးဖြစ်သူ အန်းချင်က ဦးဆောင်ပါတယ်"
"အန်းချင်လား…”
“ဟုတ်” ကျန်းချုံနျန်သည် ရှေ့သို့ ခြေလှမ်းနှစ်လှမ်း တိုးသွားကာ သူ့မျက်နှာပေါ်တွင် အမုန်းတရားများ ပေါ်လွင်လာသည်။
"သခင်ကြီး သခင့်သား လုံကွမ်ယွီကို သတ်ခဲ့တဲ့သူက ရွှယ်အန်းက တခြားသူမဟုတ်ဘူး၊ ဒီအန်းချင်က ရွှယ်အန်းရဲ့ခယ်မဆိုတာ အတည်ပြုပြီးပါပြီ။"
နတ်သားတော်၏ မျက်လုံးများက အနည်းငယ် တောက်ပနေ၏။
“ရွှယ်အန်း..”
"မှန်တယ် ဒီလူက အရမ်းမာနကြီးတယ်။ တစ်ချိန်က ရှန်ကျန်းကို သတ်ပြီး မြင့်မြတ်တဲ့မိသားစုတွေကို ချေမှုန်းပစ်ခဲ့တယ်၊ အရှင့်ရဲ့နတ်သားတော်က လေလံပွဲတစ်ခုမှာ အသေးအဖွဲကိစ္စတစ်ခုအတွက် သူနဲ့အငြင်းပွားခဲ့ပြီး အရှင့်သားတော်ကို သတ်ခဲ့တယ်"
ကနဦးလေလံပွဲမှ ကိစ္စရပ်များကို စုံစမ်းရန် မခဲယဉ်းပေ၊ ကျန်းချုံနျန်၏ ချဲ့ကားပြောဆိုမှုများကြောင့် နတ်သားတော်၏ အသားအရေသည် နားထောင်ပြီးနောက် အလွန်မှေးမှိန်သွားခဲ့သည်။
"ဒါဆို ရွှယ်အန်း အခုဘယ်မှာလဲ"
ကျန်းချုံနျန်က ခေါင်းခါလိုက်သည်။
"နှစ်သစ်မတိုင်မှီ နောက်ဆုံးတစ်ခေါက်ပေါ်လာပြီးတည်းက သူဘယ်တော့မှ ပေါ်မလာတော့ဘူး"
“နတ်သားတော် ဒီလူတွေက ကျွန်တော်မျိုးတို့ကို ပြင်းပြင်းထန်ထန် လာတိုက်နေတာ။ ကျွန်တော်တို့ အရင် တိုက်ခိုက်ကြမလား…”
သူ့စကားမဆုံးမီတွင် မမြင်နိုင်သော စွမ်းအားတစ်ခုက ကျန်းချုံနျန်ကိုလွင့်စင်သွားစေကာ နံရံတွင် ချိတ်ဆွဲထားလိုက်သည်။
"ဘာလုပ်ရမယ်ဆိုတာ ငါသိတယ် မင်းရဲ့ ညွှန်ကြားချက်ကို ငါ မလိုအပ်ဘူး။ မင်းဟာ ငါမွေးထားနဲ့ ခွေးထက် ဘာမှ မပိုဘူး၊ မင်းနားလည်လား" နတ်သားတော်က ခေါင်းမလှည့်ဘဲ ပြောသည်။
ကျန်းချုံနျန်၏ မျက်လုံးများတွင် ထိတ်လန့်သော အကြည့်များ တောက်ပလာကာ ပြင်းထန်စွာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ် နတ်သားတော် ကျွန်တော်မျိူး ကိုယ့်အမှားကိုယ်နားလည်ပါတယ်”
ထိုအချိန်တွင် နတ်သားတော်က ခေါင်းကို မော့ကာ အဝေးဆီသို့ လှည့်ကြည့်လိုက်၏။
သူ့မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
"ငါ မင်းကို မရှာသေးဘူး၊ ဒါပေမယ့် မင်းတို့ကိုယ်မင်းတို့ သေတွင်းထဲပို့ဖို့တော့ သတ္တိတွေသိပ်ရှိနေတယ်ပေါ့ ဟုတ်လား၊ တကယ့်လူသတ်သမားက ဒီမှာမရှိလို့၊ လူသတ်သမားရဲ့ ဆွေမျိုးသားချင်းကို သတ်ပစ်မယ်"
ထိုအချိန်တွင် အန်းချင်နှင့် အခြားသူများသည် စစ်ကားတစ်စီးကို ကျန်းမိသားစုဟိုတယ် အပြင်ဘက်သို့ မောင်းနှင်လာပြီဖြစ်သည်။
ခမ်းနားသော ဇိမ်ခံဟိုတယ်ကြီးကို လှမ်းကြည့်လိုက်ကာ အန်းချင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
မွန်းတည့်ချိန်နီးနေပြီဖြစ်၍ ပြင်းထန်သောနေရောင်မှိန်ဖျော့ဖျော့ဖျော့ဖြစ်နေသော်လည်း ဟိုတယ်၏အမှောင်ထုကို အနည်းငယ်မျှ မထိုးဖောက်နိုင်ပေ။
အဝေးကပင်လျှင် အရိုးအေးသွားသည့်အလား ခံစားလိုက်ရသည်။
ထိုအချိန်တွင် ဟိုတယ်အပေါ်ဆုံးထပ်ရှိ ပြတင်းပေါက်များ ပွင့်လာကာ လူတစ်ဦး ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
သူသည် နန့်ယန်မှ သာမာန်လူတစ်ယောက်ဖြစ်ကာ တစ်ချက်ကြည့်ရုံဖြင့် မှတ်သားလောက်စရာမရှိပေ။ သို့တိုင် ထိုလူသည် လေပေါ်တွင် လျှောက်လှမ်းလျက် ခြေလှမ်းတိုင်းသည် မြေကြီးကို တုန်လှုပ်စေခဲ့သည်။ အလယ်သို့ရောက်သောအခါ ထိုလူက ရပ်လိုက်၍ အန်းချင်ကို ငေးမောကာ ငုံ့ကြည့်လိုက်သည်။
"မင်းက အန်းချင်လား"
အန်းချင်၏ နှလုံးသားတစ်ခုလုံး အေးခဲသွားသည်။ ထိုလူ၏အကြည့်သည် လုံးလုံးလျားလျား အသက်ကင်းမဲ့နေ၏။
"မှန်တယ် ကျွန်မးအန်းချင်ပါ ရှန်ကျန်းက ဘေးအန္တရာယ်တွေက ရှင်လုပ်နေတာလား"
နတ်သားတော်က ထူးထူးဆန်းဆန်း ရယ်မောလိုက်သည်။
"ဘေးဒုက္ခတွေဟုတ်လား။ သဘာဝအတိုင်းသေဆုံးသွားတဲ့လူတွေကို ဆိုလိုတာလား။ ဟား အဲ့တာ သူတို့ရဲ့ ကံကြမ္မာပဲလေ။ နောက်ပြီး ငါကရုဏာပြထားပြီးသားပဲ၊ မဟုတ်ရင် ရှန်ကျန်းက သုသာန်ဖြစ်လာတာ ကြာပြီပေါ့”
ထို့နောက် သူက အန်းချင်ကို လက်ညှိုးထိုး၍ပြောသည်။
"ရွှယ်အန်းက ငါ့သားကို သတ်ခဲ့တယ်၊ မင်းက သူ့ဆွေမျိုးမို့လို့ မင်းလည်း သေထိုက်တယ်။ ဒီနေ့ မင်းတို့အားလုံးကို ငါ့ရဲ့အစေခံဝိဉာဉ်တွေဖြစ်လာအောင်လုပ်မယ်"
ဤသို့ပြောနေစဉ် အလွန်အေးစက်၊ ဆိုးရွားသော အရိပ်အယောင်သည် အန်းချင်ဆီသို့ ပြေးလာသည်။ ရောင်ဝါ လွန်သွားသော အရပ်၌ အမျိုးမျိုးသော အရိုးစု တုန်လှုပ်ချောက်ချားမှုများ မြင့်တက်လာကာ လေထဲတွင် ပြင်းထန်သော ဝေဒနာကြောင့် ငိုကြွေးသံများ ပဲ့တင်ထပ်နေသည်။
ဤသည်ကား ကျိန်စာပညာဖြစ်သည်။
အခင်းအကျင်းအားဖြင့် သုံးသပ်ကြည့်လျှင် မရေမတွက်နိုင်သော မှားယွင်းစွာသေဆုံးနေသော ဝိညာဉ်များမှ ဖြစ်ပေါ်လာသော မကောင်းဆိုးဝါး ကျိန်စာတစ်ခုဖြစ်သည်။
အန်းချင်၏ မျက်နှာက ပြာမှုန်သွားသည်။ "ဒီနတ်ဆိုးက တကယ်သေထိုက်တယ်”
သို့သော် အန်းချင်က မလုပ်ဆောင်မီ ကျိုးသာ့နျို၏ ရွှေရောင်တောက်နေသော ခန္ဓာကိုယ်က ရှေ့သို့ ချီတက်ကာ လက်သီးဖြင့် ထိုးချလိုက်သည်။
ကျိန်စာက ပွဲချင်းပြီး ကွဲအက်သွားသည်။
ကျိုးသာ့နျိုက အေးစက်စွာပြောလိုက်၏။
"ငါတို့ ဆရာကို နာမည်တပ်ခေါ်ဖို့ သတ္တိရှိနေတယ်ပေါ့ အဲ့တစ်ချက်တည်းနဲ့တင် ဒီနေ့ ဒီနေရာကနေ အသက်ရှင်လျက်သွားခွင့်မပြုနိုင်ဘူး”
နတ်သားတော်က လှောင်ရယ်လိုက်စဉ် အနက်ရောင်ဓားအလင်းက လည်ချောင်းတွင် တိတ်တိတ်ဆိတ်ဆိတ် ပေါ်လာ၍ ပြင်းထန်စွာခုတ်ထစ်လိုက်သည်။
သို့သော် မည်သူမှ သက်ပြင်းမချနိုင်မီတွင် ဦးခေါင်းမရှိသော နတ်သားတော်က လှောင်ရယ်လိုက်သည်။
"အသုံးမဝင်ဘူး ငါက အင်မော်တယ်ကွ။ ဒီနေ့တော့ မင်းတို့အားလုံး သေရမယ်"
အခန်း(၆၄၅) ငါက အင်းဆက်မျိုးနွယ်ဘုရင်မ
တစ်စုံတစ်ယောက်က သင့်ကို နတ်ဘုရားဟူသည် မည်သည့်အရာဖြစ်သနည်းဟု မေးပါက…
သင်မည်သို့ဖြေမည်နည်း။
အချို့က နတ်ဘုရားဟူသည် သေမျိုးများကိုးကွယ်သင့်သော ဖြစ်တည်မှုဟုဆိုကြပေလိမ့်မည်။ နတ်ဘုရားများ ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသောအခါတွင် ၎င်းတို့က ပထမဆုံးအခွင့်ရသည်နှင့် ဂုဏ်ယူစွာအရှုံးပေးကြပေမည်။
သို့သော် အခြားများစွာသောသူများသည် သဘာဝအတိုင်း မြင့်မြတ်သော နတ်ဘုရားများဟုခေါ်သော ဖြစ်တည်မှုများကို ဘယ်သောအခါမှ မယုံကြည်ကြပေ။ ၎င်းတို့၏ မျက်လုံးထဲတွင် ဤနတ်ဘုရားများသည် ကြီးမားသော စွမ်းအားရှိသည့်
အသိဉာဏ်ရှိသော သတ္တဝါများ မျှသာဖြစ်သည်။
...
ထို့ကြောင့် သူတို့သည် ဘယ်သောအခါမှ အရှုံးပေးကြမည်မဟုတ်ပေ။
ယခုကဲ့သို့ပင်ဖြစ်၏။
ကျိုးသာ့နျိုက သွေးအန်လျက် နောက်သို့ပြန်ဆုတ်သွားကာ သူ၏ ရွှေရောင်အလင်းတန်းများမှိန်ဖျော့လာသည်။ ထို့နောက် အနက်ရောင်အလင်းများက သူ့ခန္ဓာကိုယ်ကို တဖြည်းဖြည်းတိုက်စားသွားသည်။ ကျိုယိက အနက်ရောင်အလင်းတန်းကြောင့် ပျက်ဆီးလာသည့် အသားစများကို ဖြတ်ပစ်ရန် တုံ့ဆိုင်းမနေဘဲ ဓားဖြင့် လှီးဖြတ်ပစ်လိုက်သည်။
ယင်း၏ ပြင်းထန်သော နာကျင်မှုကြောင့် ကျိုးသာ့နျိုက အနည်းငယ် မျက်မှောင်ကျုံ့ကာ လေထဲမှ ဆင်းသက်လာသည့် နတ်ဘုရားဆိုသောအရာကို အေးစက်စွာ ကြည့်နေခဲ့သည်။
ယခုအချိန်တွင် သူသာမက မီးဖီးနစ် အဖွဲ့ဝင်တိုင်းနီးပါး ဒဏ်ရာရရှိခဲ့သည်။ သို့သော် ၎င်းတို့ထဲမှ တစ်ဦးမျှ နောက်မဆုတ်သွားကြပေ။ အဖွဲ့သားများ အားလုံးသည် အလွန်စံနှုန်းကောင်းသော တိုက်ပွဲပုံစံဖြင့် ဆင်းသက်လာသော နတ်ဘုရားအား ဝိုင်းရံထားဆဲဖြစ်သည်။
“မင်းတို့ ငါ့ရှေ့မှာ အခုအချိန်အထိ အသက်ရှင်နေသေးတာ ငါအံ့သြတယ်။ ငါစိတ်ပြောင်းသွားပြီ။ မင်းတို့ငါ့ဆီ အညံ့ခံနေသရွေ့ မင်းတို့စိတ်ကိုထိန်းပြီး မင်းတို့ကို ခွန်အားကြီးပြီး အသက်ရှည်တဲ့ တပ်သားတွေဖြစ်အောင်လုပ်ပေးနိုင်တယ်” ဆင်းသက်လာသော နတ်ဘုရားက ဘာသိဘာသာပြောသည်။
ချန်ဟောက်နှင့်အခြားသူများက နှုတ်ဆိတ်နေကာ တိုက်ခိုက်ရေးစိတ်ဓာတ်အပြည့်ဖြင့် သူ့ကို စိုက်ကြည့်နေကြသည်။
ကျိုယိက ပြက်ရယ်ပြုလိုက်ကာ လက်ခလယ်ထောင်ပြလိုက်သည်။
“ကောင်လေး မင်းကိုယ်မင်း စောက်ရမ်းတော်နေပြီထင်နေတာလား။ ငါတို့ ဆရာသာ ဒီမှာရှိရင် မင်းကို လက်ဖျောက်တစ်ချက်တီးပြီး အမှုန့်ကြိတ်ပစ်လိုက်မယ်။ ဒီနေရာက မင်းလေကျယ်လို့ရတဲ့နေရာထင်နေလား”
ဆင်းသက်လာသော နတ်ဘုရားက လှောင်ပြောင်သည်။
"မင်းရဲ့ နည်းပြဆရာလား။ မင်းဆိုလိုချင်တာက ရွှယ်အန်းပေါ့။ အခု သူ ငါရောက်လာတာသိလို့ ထွက်လာဖို့တောင် အရမ်းကြောက်နေတာမလား”
"မင်း ငါတို့ရဲ့ ဆရာနဲ့ တွေ့ရင် အရမ်းမောက်မာနိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်” ချန်ဟောက်က အေးစက်စွာပြောသည်။
“ငါ ရွှယ်အန်းနဲ့ ဖြေရှင်းစရာကိစ္စရှိလို့ အဲ့နေ့ကို မျှော်လင့်နေမယ်နော်။ ငါ မင်းကို မေးတာတစ်ခုပဲ။ အခု အညံ့ခံပြီး အသက်ရှင်မလား။ ခုခံပြီးသေမလား။ ဘာလုပ်မလဲ”
"ငါတို့နှစ်ခုလုံး မရွေးဘူး။ ငါတို့လိုချင်တာက မင်းနဲ့ မင်းမျိုးနွယ်ကို လာတဲ့လမ်းအတိုင်းပြန်ဖို့ပဲ”
ချန်ဟောက်က ခဏရပ်ပြီးမှ ဆက်ပြောသည်။
"အဖွဲ့ဝင်အားလုံး နားထောင်ကြပါ။ နောက်ပြီး… နည်းပရိယာယ်မရှိတော့ဘူး။ ကြိုက်သလို စိတ်ဆန္ဒအတိုင်း တိုက်ခိုက်ကြပါ။ ဒီလူယုတ်မာကို သင်ခန်းစာတစ်ခုပေးပါ”
သူ့အမိန့်အတိုင်း
မီးဖီးနစ်တစ်ဖွဲ့လုံးက ၎င်းတို့၏ အပြင်းအထန်ဆုံးသော စွမ်းအားများကိုထုတ်လွှတ်လိုက်ကြသည်။ စွန်းလင်သည် လေဟာနယ်ထဲမှ အနက်ရောင်ဓားတစ်စင်းကို ဆွဲထုတ်လိုက်သည်။ ကျိုးသာ့နျိုသည် သူ၏ ကျင့်ကြံရေးအဆင့်ကို နှိုးဆော်လိုက်ရာ သူ့ခန္ဓာကိုယ်၏ ရွှေရောင်အလင်းတန်းများ ဖြည်းဖြည်းချင်း ခိုင်မာလာလျက် ရဲရင့်သော တိုက်ခိုက်မှုကို ထပ်မံပြုလုပ်ခဲ့သည်။
ချန်ဟောက်သည်လည်း ရွှယ်အန်း ပေးအပ်ခဲ့သော ကြယ်ကိုးပွင့် အာဏာရှင် ဧကရာဇ် ပညာသည် လေးနက်သော အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ယခု သူ၏ ကျင့်ကြံမှုအဆင့်ကို အသက်သွင်းလိုက်ရာ နတ်ဘုရားဆီသို့ လျှောက်လှမ်းနေချိန်တွင်ချန်ဟောင်၏ မျက်လုံးများသည် ကြယ်ကိုးပွင့်ဖြင့် တောက်ပနေပုံရသည်။ တစ်စုံတစ်ယောက်သည် အဝေးမှ ကြည့်နေလျှင် အံ့ဖွယ်ကောင်းသော မြင်ကွင်းကို မြင်တွေ့ရမည်မှာ သေချာသည်။
နတ်ဆိုးနတ်ဘုရားက မောက်မာသောမျက်နှာဖြင့် လေထုအလယ်၌ ရပ်နေသည်။
ဒါဇင်ပေါင်းများစွာသော အလင်းတန်းများသည် မြေပြင်မှ ထွက်ပေါ်လာ၍ သူ့ကို ပစ်မှတ်ထားကြသည်။ ချီတက်လာသော မီးဖီးနစ်အဖွဲ့ကိုမြင်လိုက်ရသောအခါ နတ်ဘုရား၏ မျက်နှာက အေးစက်သွားသည်။
“သုတ်သင်မှု၏ ဆင်းသက်ခြင်း”
ဤစကားလုံးများထွက်ပေါ်လာသောအခိုက်၌
ဆိုးရွားလှသော ကျိန်စာလှိုင်းများသည် မီးဖီးနစ် အဖွဲ့ဝင်တစ်ဦးစီ၏ ဦးခေါင်းပေါ် လွှမ်းခြုံသွားသည်။
ဖွီး
ကျင့်ကြံရေးအဆင့်နိမ့်သော အဖွဲ့သားများက ၎င်းတို့၏ အတွင်းအင်္ဂါများသို့ထိခိုက်ကာ သွေးများအန်ထွက်လာကြသဖြင့် ထိုတိုက်ခိုက်မှုသည် ၎င်းတို့၏ အတွင်းအူများကို ထိခိုက်သွားစေကြောင်း ထင်ရှားစွာ ညွှန်ပြနေသည်။ ကျင့်ကြံရေးအဆင့်မြင့်သူများပင်
ပြင်းထန်စွာ တုန်လှုပ်သွားကာ လေထုအလယ်မှ မြေပြင်သို့ တိုက်ရိုက်ကျလာလျက် ၎င်းတို့၏ ရောင်ဝါများလှုပ်ခတ်သွားသည်။
နတ်ဘုရားက ဆိုးရွားစွာရယ်မောလိုက်သည်။
“မင်းတို့ တော်တော်များများဟာ သေမျိုးတွေဖြစ်နေပြီး ငါ့ကို ဘာလို့ နတ်ဘုရားလို့ခေါ်ကြလဲ မြင်ကြပြီလား”
"ဘာလို့လဲဆိုတော့ လူတွေ ဘယ်လိုရုန်းကန်နေနေ၊ နည်းနည်းလေးတောင် နတ်ဘုရားတစ်ပါးကို ထိခိုက်စေနိုင်မှာမဟုတ်ဘူး။ နောက်ပြီး သဘာဝအတိုင်း မင်းတို့က ခြွင်းချက်မဟုတ်ဘူး”
"အခုပဲ ဒူးထောက်ပြီး ငါ့ဆီ လက်အောက်ခံလိုက်ပါ၊ မင်းတို့ကို သေမျိုးလောကက စွမ်းအားအကြီးဆုံး သူရဲကောင်းတွေဖြစ်အောင် ငါလုပ်ပေးမယ်”
ကျိုယိသည် မြေပြင်ပေါ်တွင် လဲလျောင်းနေလျက် နတ်ဘုရားကို မျှော်ကြည့်ရင်း အပြင်းအထန်ရုန်းကန်ကာ ခက်ခက်ခဲခဲဖြင့် လက်ခလယ်ထောင်ပြလိုက်သည်။
“ဖွီး ခွေးစကားတွေမပြောနဲ့။ မင်းက နတ်ဆိုးတစ်ကောင်ပဲမလား။ ငါတို့ ဆရာပြန်လာတဲ့အထိသာစောင့်စမ်းပါ။ မင်းကို ဒူးထောက်ခိုင်းပြီး ‘အောင်နိုင်ပြီ’ သီချင်းဆိုခိုင်းမှာသေချာတယ်”
ဘမ်း
ထိုအသံနှင့်အတူ ကျိုယိ၏ လက်တစ်ဖက်က အသားကြိတ်စများအဖြစ်သို့ပြောင်းလဲသွားသည်။
ကျိုယိက နာကျင်စွာ အော်ဟစ်လိုက်၏။
“မင်းရဲ့ပါးစပ်က နောက်ထပ် ညစ်ညမ်းတဲ့စကားကြားရရင် မင်းကို အခုချက်ချင်း သရဲတစ္ဆေအဖြစ်ပြောင်းပစ်လိုက်မယ်”
ထိုအသံထွက်လာပြီးမကြာမီ၌ပင် နတ်ဘုရား၏ ပတ်ဝန်းကျင်၌ စွမ်းအင်များက လှုပ်ခတ်လာရာ များမကြာမီတွင် ဖုန်းရွှေလျို့ဝှက်အင်းကွက်များ တစ်ခုပြီးတစ်ခုပေါ်လာ၍ နတ်ဘုရားကို အတွင်း၌ ချုပ်ထားလိုက်သည်။
အဝေးမှ စုန်ယိ၏မျက်နှာသည် စိတ်ပျက်အားငယ်နေပုံဖြင့် ခန္ဓာကိုယ်က ပြိုလဲတော့မည့်အလား ယိမ်းယိုင်နေသော်လည်း သူက အော်လိုက်သည်။
"ကျုပ် သူ့ကို ဖုန်းရွှေမဟာအတားအဆီးနဲ့ပိတ်ထားပြီ.. အခုပြေးကြတော့”
သို့သော် သူ့စကားအဆုံး၌ပင် ဖုန်းရွှေလျို့ဝှက်အင်းကွက်များက ကျယ်လောင်သော ပေါက်ကွဲသံများဖြင့် ကွဲအက်သွားသည်။ ပြင်းထန်စွာ တုံ့ပြန်မှုကြောင့် စုန်ယိသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သတိလစ်သွားကာ ပါးစပ်မှ သွေးများစွာထွက်ပေါ်လာသည်။
"ဒီလိုအားနည်းတဲ့ အတားအဆီးက ငါ့ကို တားနိုင်မယ်လို့ မင်းတကယ်ထင်နေတာလား။ ရယ်စရာကောင်းလိုက်တာ။ မင်းတို့ ငါ့ဆီ လက်အောက်ခံဖို့ ခေါင်းမာမာနဲ့ ငြင်းခဲ့တဲ့အတွက် သေပြီးရင် ဘယ်တော့မှ ငြိမ်းချမ်းမှုကို ရှာတွေ့မှာမဟုတ်ဘူး" နတ်ဘုရားကလှော်ရယ်လိုက်သည်။
ထောင်ပေါင်းများစွာသော သရဲတစ္ဆေများ၏ အော်ဟစ်ငိုကြွေးသံများ အတွင်းမှ အနက်ရောင် အလင်းတန်းများ ထွက်ပေါ်လာကာ ၎င်းတို့ကြားရသူများ တစ်ကိုယ်လုံးမှ သွေးများ အေးစက်သွားသည်။ သို့သော် ထိုအချိန်၌ အေးစက်သော အင်းဆက်ပိုးကောင်တစ်ကောင်သည် နတ်ဘုရား၏ရင်ဘတ်ကို အနောက်မှ ထိုးဖောက်ဝင်ရောက်လာသည်။
နတ်ဘုရားသည် ၎င်းကို ငုံ့ကြည့်ကာ အနက်ရောင်အလင်းတန်းသည်သူ့မျက်နှာအနှံ့မှ အနက်ရောင်အလင်းများက တဖျပ်ဖျပ်လတ်သွားသည်။
"အင်းဆက်မျိုးနွယ်။ မင်း အင်းဆက်မျိုးနွယ်ရဲ့ နည်းပညာတွေကို ဘယ်လိုပိုင်နေတာလဲ"
အန်းချင်က သူ၏နောက်ကျောကိုဖိလျက် မျက်လုံးများက တဖျပ်ဖျပ်လတ်နေသည်။
“ငါက အင်းဆက်မျိုးနွယ်ရဲ့ဘုရင်မပဲ… သေပေတော့”
သူမစကားပြောနေစဉ်တွင် ရောင်ဝါများက အင်းဆက်တစ်ဝိုက်တွင် လှည့်ပတ်လာကာ နတ်ဘုရားကို ထက်ခြမ်းပိုင်းပစ်လိုက်သည်။
သို့သော် နတ်ဘုရား၏ ရင်သပ်ရှုမောဖွယ် ခန္ဓာကိုယ်မှ သွေးများ ထွက်မလာဘဲ ကွဲအက်နေသော မျက်နှာသည် ထူးထူးခြားခြား ကြောက်စရာကောင်းသောအပြုံးကိုသာ ပေါ်ထွက်လာစေ၏။
"ငါ့ရှေ့မှာ အင်းဆက်မျိုးနွယ်ရဲ့ ဘုရင်မတောင် သေရမှာပဲ"
ဘမ်း
အန်းချင်က မတုံ့ပြန်နိုင်ခင်တွင် အနက်ရောင်အလင်းတန်းတစ်ခုသည် ကြာပွတ်တစ်ခုနှယ်လွင့်ထွက်လာကာ သူမကို အဝေးသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
“အန်းချင်” ချန်ဟောက်နှင့် အခြားသူများ တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်ခဲ့ကြသည်။
သို့သော် အန်းချင်၏ ခန္ဓာကိုယ်သည် အမှောင်ထဲသို့ ခြေရာမကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
“မင်းက ငါတို့ အန်းချင်ကို ထိရဲတယ်ပေါ့။ မင်းလူယုတ်မာ သတ္တိရှိရင် ငါတို့ဆီလာစမ်းပါ။ ဘာလို့ မိန်းကလေးတစ်ယောက်အပေါ်မှာ စွမ်းအားပြနေတာလဲ” ကျိုယိက ဒေါသတကြီး အော်ဟစ်လိုက်သည်။
နတ်ဘုရားသည် အေးစက်စွာ ရယ်မောလိုက်သည်။
“မင်းသဘောအတိုင်းပဲပေါ့”
ထိုသို့ဖြင့် နောက်ထပ် အနက်ရောင်ကြာပွတ်တစ်ခု ထွက်ပေါ်လာသည်။
အကယ်၍ ဤတိုက်ခိုက်မှုကို ထိမှန်ပါကကျိုယိသည် သေချာပေါက် သေပေလိမ့်မည်ကာ သူ၏ စိတ်ဝိဉာဥ်သည်လည်းကျိန်းသေ ပျက်ဆီးသွားမည်ဖြစ်သည်။
ကျိုယိသည် ကံကြမ္မာကို ရင်ဆိုင်၍ သူ့မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်ကာ သေခြင်းအတွက် အသင့်ပြင်ထားသည်။
သို့သော် ခဏအကြာတွင် အော်ဟစ်သံတစ်ခုကြားလိုက်ရသည်။
မျှော်လင့်ထားသည့် ကြာပွတ်က ရောက်မလာပေ။ ကျိုယိ၏ ခန္ဓာကိုယ် တုန်လှုပ်သွားကာ မျက်လုံးများကို ချက်ချင်းဖွင့်လိုက်သည်။ ၎င်းတို့အထဲမှ
ဒဏ်ရာအပြင်းထန်ဆုံးရထားသည့် ကျိုးသာ့နျိုသည် သူ့ရှေ့တွင်ရပ်၍ သူ၏ လက်များက အနက်ရောင်ကြာပွတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရာ ပြင်းထန်စွာ အားထုတ်နေသည့် ကြွက်သားများက သွေးများစီးကျနေသည် ။
သို့ပင်ငြား ကျိုးသာ့နျိုသည် ထိုသို့သော ရုန်းကန်နေရသည့်အခိုက်၌ အံကိုကြိတ်ကာ စကားအနည်းငယ်ပြောလိုက်၏။
“ပြေး… ကြွက် ပြေးတော့”