အခန်း (၆၄၀-၆၄၂)
Vol. 43 Ch. 640-642
အခန်း(၆၄၀) အမှောင်ရုပ်ရှင်ပွဲတော်
အမှောင်ရုပ်ရှင်ပွဲတော်ကို လန်ဒန်ရှိ အမှောင်ကောင်စီ ရုံးချုပ်တွင် ကျင်းပသည်။ ဖန်းမင်ရွှယ်၏ လက်ရှိအခြေအနေသည် နိုင်ငံတကာရုပ်ရှင်လောကတွင် ဤအမိုက်စားဇာတ်ဝင်ခန်းများ၏ သြဇာလွှမ်းမိုးမှုနှင့်အတူ၊ သတင်းသည် ဥရောပနှင့် အခြားကမ္ဘာတစ်ဝှမ်းမှ ရုပ်ရှင်ပရိသတ်များ၏ အာရုံစိုက်မှုကို ချက်ချင်းရရှိခဲ့သည်။ ဤပွဲတော်သည် လက်မှတ်မရောင်းရဘဲ လည်ပတ်နေခြင်းဖြစ်သောကြောင့် တရားဝင်မဖွင့်ခင်၌ပင် ပွဲ၌ လူများဖြင့်ပြည့်နေပြီဖြစ်သည်။
ပွဲတော်သို့ လာရောက်ကြသော ရုပ်ရှင်ပရိသတ်များကလည်း စိတ်ဝင်စားစရာ ကောင်းသည်။ ၎င်းတို့အားလုံးသည် ရုပ်ရှင်ထဲမှ ဇာတ်ကောင်များကဲ့သို့ ဝတ်စားဆင်ယင်ထားကြသည်။
ခဏအကြာတွင်
ရုပ်ရှင်ပွဲတော်တစ်ခုလုံးသည် နတ်ဆိုးများ၏အကအခုန်အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့၊ စုန်းမများနှင့် မှော်ပညာရှင် အမျိုးမျိုးတို့ အဆက်မပြတ်ထွက်ပေါ်လာရာ အတန်ငယ် သက်ဝင်လှုပ်ရှားနေသော လေထုကို ဖန်တီးပေးနေသည့်အလားထင်ရသည်။
...
ဖန်းမင်ရွှယ်နှင့် ခါရာဆက်ကဲ့သို့သော အခြားသော ရာထူးကြီးသူများသည် ခန်းမရှိ ဟိုတယ်၏ အပေါ်ထပ်မှ အောက်သို့ ငုံ့ကြည့်နေကြသည်။
“ကို့ရဲ့ခချစ်လှစွာသော စုန်းမလေးက လူကြိုက်အများဆုံးလို့ထင်ရတယ်။ ပရိတ်သတ်တွေဘယ်လောက်တောင် စုန်းလိုဝတ်ထားကြလဲ ကြည့်ပါဦး” ခါရာဆက်က ပြုံး၍ပြောသည်။
“မဟုတ်ဘူး အောက်လမ်းမှော်ပညာရှင်တွေလည်းရှိတယ်” အန်နာစတေးရှားက အော်လိုက်သည်။
နှစ်ယောက်သား အပြန်အလှန် ချစ်စဖွယ် စကားစမြည်ပြောလာကြသည်။ ဖန်းမင်ရွှယ်နှင့် အခြားလူများသည် အတွဲနှင့် အနည်းငယ် ခပ်ဝေးဝေးသို့ရွှေ့လိုက်ိကြသည်။ ထိုဦးခေါင်းခွံများကလည်း ဤတစ်ကြိမ်တွင် ပြတင်းပေါက်မှ အောက်သို့ငုံ့ကြည့်နေကြသည်။
“သေစမ်း ငါတို့ ဒီလောက်ကြိုးစားအားထုတ်ထားတာကို ငါတို့လိုဝတ်တဲ့လူလည်းတစ်ယောက်မှမရှိဘူး ဘယ်လိုဖြစ်တာလဲ”
“တကယ်ပဲ”
ဖန်းမင်ရွှယ်က ဖြတ်ပြောသည်။
“ရှင်တို့ပုံစံလိုက်ဝတ်ရတာ သိပ်မလွယ်လို့ထင်တယ်”
ဤသည်ကိုကြားသောအခါ ဦးခေါင်းခွံ၏ မျက်လုံးများကတောက်ပလာသည်။
“မင်ရွှယ်ပြောတာမှန်တယ်။ ငါတို့ အရိုးစုပုံစံက အရမ်းထူးခြားတယ်လေ။ ဒီလို ဝတ်ဖို့ဘယ်သူလုပ်နိုင်မှာလဲ”
“ငါတို့ ဒီတိုင်း ဆင်းသွားပြီး ငါတို့ကိုယ်ငါတို့ သရုပ်ဆောင်ထားသလိုလုပ်ရင်ရောဘယ်လိုလဲ” အခြားဦးခေါင်းခွံတစ်ခုက အကြံပေးသည်။
“ငါသဘောတူတယ်”
ထို့နောက် အခြားမည်သူ့ကိုမျှ မတိုင်ပင်ဘဲ ထိုဦးခေါင်းခွံအုပ်စုသည် ဟိုတယ်မှ ထွက်ကာ လမ်းမများပေါ်၌ စုပြုံရောက်ရှိလာသည်။
“ဒါ တကယ်အဆင်ပြေရဲ့လား။ သူတို့ကိုမြင်သွားရင် ကြောက်ကုန်မှာမဟုတ်ဘူးလား” ဖန်းမင်ရွှယ်စိတ်ပူသွားသည်။
“အဲ့အဖွဲ့ကို စိတ်ထဲထည့်မနေနဲ့။ သူတို့က နှစ်ရာကျော်အောင်နေလာတာ။ သူတို့ ဘာလုပ်သင့်တယ် မလုပ်သင့်ဘူးတော့ သေချာသိကြပါတယ်” မင်ယွဲ့ကမှတ်ချက်ပေးသည်။
“နောက်ပြီး အဲ့အဖွဲ့က အမှောင်ကောင်စီအတွင်းက လာဘ်ကောင်တစ်မျိုးလို့သတ်မှတ်ထားကြလို့ သူတို့ကို ဘယ်သူမှ အမိန့်သွားပေးလို့မရဘူး” တိုက်တန်ကြီးကထပ်ပြောသည်။
၎င်းတို့က စကားကမှန်ပေသည်။ ဦးခေါင်းခွံများအားလုံး ဟိုတယ်မှထွက်လာကြ၍ ပွဲတော်သို့ဝင်လာကြသော်လည်း မည်သူမျှ သံသယမ၀င်ခဲ့ပေ။
တကယ်တမ်းတွင် ပရိတ်သတ်များစွာက ၎င်းတို့ ပတ်ဝန်းကျင်တွင် စိတ်လှုပ်ရှားစွာ ဝိုင်းဖွဲ့နေကြသည်။
“ဝိုး မင်း ဒါ ဘယ်လိုလုပ်ထားတာလဲ။ အရမ်းမိုက်တယ်”
ဤချီးကျူးသံများကိုကြားသောအခါ ဦးခေါင်းခွံများက အလွန်အမင်းဂုဏ်ယူခဲ့ကြသည်။ တစ်ချိန်တည်း၌ပင် မိန်းကလေးများစွာက အတူဓာတ်ပုံရိုက်ရန် စိတ်လှုပ်ရှားစွာရောက်ရှိလာကြသည်။ ယင်းကြောင့် ဦးခေါင်းခွံများသည် မိမိတို့ကိုယ်မိမိတို့ ကြယ်များကဲ့သို့ ခံစားကြကာ အရှေ့မြောက်တရုတ်လေယူလေသိမ်းဖြင့် အင်္ဂလိပ်လိုပြော၍ ပရောပရည်လုပ်သည့်ပုံစံသို့ ပြောင်းခဲ့ကြသည်။
အနှစ်တစ်ထောင်ကျော်နေထိုင်ခဲ့ကြသော သတ္တဝါများအတွက်၊ အသက်နှစ်ဆယ်ကျော်ရှိ လူသားမိန်းကလေးများသည် နုံအ ချစ်စဖွယ်ကောင်းပုံပေါ်သဖြင့် စကားလုံးအချို့ဖြင့် ၎င်းတို့၏ ထောင်ချောက်ထဲသို့ ကျသွားစေရန် လုံလောက်သည်။
ရုပ်ရှင်ပွဲတော်၏ အဓိကနေရာသို့ ရောက်ရှိလာသောအခါတွင် အဆိုပါ ဦးခေါင်းခွံများ၏ အိတ်ကပ်များတွင် ဖုန်းနံပါတ်ပါသော စာရွက်အပိုင်းအစလေးများ ပြည့်နေပြီဖြစ်သည်။ သတ္တိရှိသောအချို့မိန်းကလေးအချို့က
ဦးခေါင်းခွံခေါင်းများပေါ်တွင် နှုတ်ခမ်းနီရာများချန်ထားခဲ့သည်။ ဤသည်ကိုမြင်သောအခါ တိုက်တန်နှင့် အခြားသူများ၏ ပြောစကားများက အမှန်တရားများဖြစ်ကြောင်း သဘောပေါက်နားလည်သွားကြသည်။
အမှော်ရုပ်ရှင်ပွဲတော်ကို စတင်ခဲ့သည်။
ဖန်းမင်ရွှယ်သည် နောက်ဆုံးထွက်လာရမည့်သူဖြစ်ကာ အရှေ့တွင် အခြားသော ရုပ်ရှင်သရုပ်ဆောင်များက ရှေ့ဆုံးမှ စင်မြင့်သို့ရောက်ရှိနေကြပြီဖြစ်သည်။ အိပ်မက်နတ်ဆိုးဧကရီသည် ခန်းမတစ်ခုလုံးရှိ ဝိဉာဥ်ရေးလေထုကို ထိန်းချုပ်ရန် တာဝန်ရှိကာ လူတိုင်းကို အမှောင်ထု၏တည်ရှိမှုကို တဖြည်းဖြည်းလက်ခံလာစေရန် သိမ်မွေ့စွာ ဦးဆောင်ပေးသည်။
အကြပ်ကိုင်ခြင်းမျိုးလုံးဝမဟုတ်သဖြင့် အလွန်ပါးနပ်သည့် နည်းဗျူဟာတစ်ခုပင်ဖြစ်သည်။ ရိုးရှင်းစွာပြောရလျှင် ဖန်းမင်ရွှယ်သည် အမှော်ကောင်စီ၏ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန် ပန်ကာစီမံခန့်ခွဲမှုနည်းပညာများကို အခြေခံအားဖြင့် အသုံးပြုနေခြင်းဖြစ်သည်။ ဖန်းမင်ရွှယ်တစ်ဦးတည်းသာ ဟိုတယ်ခန်းထဲ၌ ကျန်နေသောအချိန်တွင် ဟန်ယောင်းက တံခါးကို ညင်သာစွာတွန်းဖွင့်၍ ဝင်လာသည်။
ဖန်းမင်ရွှယ်သည် ယခုအခါ ဆုပေါင်းများစွာဖြင့် နိုင်ငံတကာတွင် ကျော်ကြားသော ကြယ်ပွင့်တစ်ဦး ဖြစ်လာခဲ့သည်။ သို့သော် ဟန်ယောင်းက သူမ၏ အေးဂျင့်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။
“ဘာဖြစ်လို့လဲ” ဖန်းမင်ရွှယ်သည် ဟန်ယောင်း၏ တုံ့ဆိုင်းမှုကို ရိပ်မိသည်။
တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဟန်ယောင်းက သက်ပြင်းချလိုက်သည်။
“ချင်းမန်တောင်က အဖြူရောင်အလင်းရောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားခဲ့တယ်။ သတင်းကို တော်တော်လေးပိတ်ထားပေမယ့် ပေါက်ကြားနေတုန်းပဲ။ ကမ္မာကြီးရဲ့ စွမ်းအင်ပြောင်းလဲမှုကြီးက ဒါနဲ့ဆက်စပ်နေတာမျိုးဖြစ်နိုင်တယ်”
အမှောင်ကောင်စီသို့ဝင်ရောက်ကာ စတင်ကျင့်ကြံပြီးနောက် ဟန်ယောင်းသည်လည်း ကောင်းကင်လူသားအဆင့်သို့ရောက်ရှိခဲ့ရာ ကမ္ဘာကြီး၏စွမ်းအင်ပြောင်းလဲမှုများကို သဘာဝအတိုင်း ခံစားသိရှိနိုင်ခဲ့သည်။
ချင်းမန်
ဤစကားလုံးနှစ်လုံးကို ပြောလျက် ဖန်းမင်ရွှယ်၏ နှလုံးသားက တင်းကြပ်လာသည်။
ဖန်းမင်ရွှယ်၏ စိုးရိမ်မှုကိုမြင်သောအခါ ဟန်ယောင်းက ဆက်ပြောသည်။
"ပြီးခဲ့တဲ့နှစ် နှစ်သစ်ကူးအကြိုကတည်းက သူ့ကို မတွေ့ခဲ့ရဘူး။ ပြီးတော့ အမျိုးသမီးရွှယ်က ချင်းမန်မြို့ကို အမြဲစောင့်ကြပ်နေခဲ့တာပဲလေ”
ဖန်းမင်ရွှယ်သည် တိတ်ဆိတ်စွာ ခေါင်းငုံ့လိုက်ပြီး ခဏအကြာတွင် သူမကပြုံးလိုက်သည်။
“သူထွက်သွားတာ ငါသိပါတဘ်။ သူထွက်သွားတာ ၂၃၁ ရက်ကြာခဲ့ပြီ”
ဖန်းမင်ရွှယ်က ရွှယ်အန်းကပေးသည် အမှောင်ဧကရီနည်းပညာကို လေ့ကျင့်ခဲ့သဖြင့် ရွှယ်အန်း၏ စွမ်းအားကို အနည်းငယ်ခံစားသိရှိနိုင်သည်။ ပြီးခဲ့သောနှစ် နှစ်သစ်ကူးအကြိုတွင် ထိုစွမ်းအင်များ ပျောက်ဆုံးသွားခဲ့သည်။
ဖန်းမင်ရွှယ်သည် ရွှယ်အန်း ဆီမှ စာတစ်စောင်လက်ခံရရှိပြီး မကြာခင်၌ပင် သူ၏ စွမ်းအင်များပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ သို့သော် သူမ၏ နှလုံးသားထဲတွင် နေ့ရက်များကို တိတ်တဆိတ် ရေတွက်ရုံမျှသာ ရေတွက်နေခဲ့သည်။
"မင်ရွှယ် မင်းပြန်ရမှာလား" ဟန်ယောင်က မဝံ့မရဲ မေးသည်။
ဖန်းမင်ရွှယ်က ခေါင်းခါလိုက်၏။
“မလိုပါဘူး သူလျို့ဝှက်နယ်မြေထဲသွားလို့ ကမ္ဘာမြေက ခဏထွက်သွားတာ ချင်းမန်တောင်နဲ့ပတ်သက်တဲ့ ပတ်သတ်တဲ့ အဖြစ်အပျက်က သူနဲ့ ဆက်စပ်နေလိမ့်မယ်၊ ဒါပေမယ့် ငါယုံကြည်တယ်... သူက ရွှယ်အန်းပဲလေ”
ဖန်းမင်ရွှယ်၏ တည်တည်ငြိမ်ငြိမ် မျက်နှာထားကို မြင်သောအခါ ဟန်ယောင်းက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ မင်းဖျော်ဖြေဖို့ အချိန်နီးနေပြီ။ ငါပြင်ဆင်လိုက်မယ်”
ဤသို့ပြောပြီးသည်နှင့် အခန်းထဲမှ ထွက်သွားသည်။ အခန်းထဲတွင် ဖန်းမင်ရွှယ် တစ်ယောက်တည်း ကျန်သောအခါ သူမသည် ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း သူမ၏ သွားများက အနည်းငယ် တုန်ယင်သွားသေးသည်။
"ရွှယ်အန်း... နင်ပြန်လာမယ်လို့ ငါယုံကြည်တယ်။ နင်ပြန်ကိုပြန်လာရမယ်နော်”
ဤအတောအတွင်း၊ ရုပ်ရှင်ပွဲတော်ကျင်းပရာနေရာ၏ ထောင့်တစ်နေရာတွင် Metatron သည် ဒေသဓလေ့ထုံးစံများနှင့်လိုက်လျောညီထွေဖြစ်အောင် ဦးထုပ်ဆောင်းကာ နေကာမျက်မှန်တပ်၍ ပီကေဝါးလျက် ခါရာဆက်နှင့် အဝေးကစင်မြင့်ပေါ်ရှိ အခြားသူများကို စိတ်ဝင်တစားကြည့်ရှုနေသည်။
“အောက်လမ်းမှော်ဆရာတစ်ယောက်လား။ ဘယ်လောက်တောင် အံ့သြစရာကောင်းလဲ။ မရဏလောကဘုရင်က သူ့ကိုယ်ပိုင်ကိစ္စတွေကိုတောင် ဂရုစိုက်ဖို့ အရမ်းအလုပ်များနေတာ။ ဒါတောင် လူ့လောကကြီးမှာ သူ့နောက်လိုက်တွေ ရှိနေသေးတယ်ပေါ့”
“ပြီးတော့ ဒီပျော်ရွှင်မှုအငွေ့အသက်ကို အိပ်မက်နတ်ဆိုးဧကရီက တွန်းအားပေးထားပုံပဲ”
“ဒါပေမယ့် ဒါတွေအားလုံးရှိတာ အလင်းနတ်ဘုရားက ဘာလို့ ကမ္ဘာပေါ်လာဖို့ ငြင်းနေတာလဲ”
တစ်ယောက်တည်းတွေးနေမိသည်။ အစီစဥ်ကြေညာသူ၏ မိတ်ဆက်မှုအပြီးတွင်
လူအုပ်ထဲမှ နားကန်းလုသည့် ကြွေးကျော်သံများထွက်ပေါ်လာသည်။
"မင်ရွှယ် မင်ရွှယ်"
နိုင်ငံခြားသားများသည် ဖန်းမင်ရွှယ်၏ တရုတ်နာမည်ကို ထူးဆန်းသော လေယူလေသိမ်းဖြင့် ခေါ်ကြသည်။
Metatronက စင်ပေါ်ကို မော့ကြည့်လိုက်၍ ဖန်းမင်ရွှယ်ကိုမြင်သောအခါ လျှာကို လောဘတကြီးသပ်လိုက်သည်။
"ဒီလို ဖြူစင်တဲ့ အမှောင်ထုကို ငါ မတွေ့ရတာ ကြာပြီ။ ပြီးတော့ ဒီအမျိုးသမီးရဲ့ အသွေးအသားက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ သူသာ ငါနဲ့ ပေါင်းလိုက်ရင် အရမ်းစွမ်းအားကြီးမဲ့ မျိုးဆက်သစ်ကို မွေးထုတ်ပေးနိုင်မှာပဲ”
အခန်း(၆၄၁) သေမျိုးလောကမှာ မင်းက ငါ့ရဲ့အကောင်းဆုံးသားကောင်ဖြစ်လိမ့်မယ်
ကောင်းကင်တမန်တစ်ပါး (Archangel) အနေဖြင့် Metatron သည် သန့်စင်သောအလင်း၏စွမ်းအားကို ပုံဖော်ထားသည်။
(Archangel - ကတ်သလစ် နတ်ဘုရားများအနက် အနိမ့်ဆုံး ဒုတိယအဆင့်ရှိ နတ်ဘုရားအဆင့်)
ဖန်းမင်ရွှယ်က အမှောင်သွေးမျိုးဆက်တွင်ရှိနေစဥ်
ထိုသို့သောပေါင်းစပ်မှုသည် မည်သည့်အကြောင်းအရာနှင့်မျှ လုံးလုံးလျားလျားပေါင်းစည်းခြင်းမဖြစ်သင့်ပေ။ သို့သော် အချို့သောလျှို့ဝှက်နည်းပညာများဖြင့် ၎င်းတို့ကို ပေါင်းစပ်နိုင်လျှင် အလင်းနှင့်အမှောင်က ပေါင်းစပ်၍ စွမ်းအားကြီးသော သွေးသားများ မွေးဖွားလာနိုင်ကြောင်းကို Metatron သိထားသည်။
အဆင့်မြင့် နတ်ဘုရားဝိဉာဥ်တော်က မကြာခဏဆိုသကဲ့သို့ မယုံနိုင်လောက်အောင် စွမ်းအားကြီးသော ထူးခြားသည့် မျိုးဆက်ကို မွေးဖွားရန်မဆိုနှင့် ကလေးတစ်ပါး မွေးဖွားရန်ပင် အလွန်ခက်ခဲသောအရာဖြစ်သည်။ ဤသည်မှာ ဇာတ်ကားကြည့်ရင်းဖြင့်
Metatron က ဖန်းမင်ရွှယ်ကို အလွန်စိတ်ဝင်စားခဲ့ရသည့် အကြောင်းပြချက်လည်းဖြစ်သည်။
ဤသည်ကိုတွေး၍ Metatron က ဖန်းမင်ရွှယ်ကို လောဘကြီးသောအကြည့်ဖြင့် စေ့စေ့ကြည့်နေသည်။ စင်မြင့်ပေါ်တွင် ဖန်းမင်ရွှယ်က တစ်စုံတစ်ခုမှားယွင်းနေသည်ကိုခံစားမိသော်လည်း မည်သည့်အရာဖြစ်သည်ကိုမူ သူမ အတိအကျမသိပေ။ အခြားရွေးချယ်ရန်မရှိသဖြင့် နှလုံးသားထဲမှ လွဲမှားနေသည့် ခံစားချက်ကို ချိုးနှိမ်ကာ ရုပ်ရှင်ပွဲတော်တွင် အမျိုးမျိုးသော ဖျောဖြေမှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
ကျော်ကြားမှု အမြင့်ဆုံးသို့ရောက်ရှိလာခဲ့သော ဖန်းမင်ရွှယ်သည် ဤအခိုက်အတန့်တွင် အပြည့်အဝ ထင်ရှားနေပြီဖြစ်၏။ မကြာခဏဆိုသကဲ့သို့ပင် သူမက စကားအနည်းငယ်ပြောရကာ အောက်ရှိ ကမ္ဘာမဲ့မျိုးနွယ်စုဝင်များက တအံ့တသြ အော်ဟစ်နေတတ်သည်။ ဖန်းမင်ရွှယ်က ဤရုပ်ရှင်များ၏ တွဲဖက် ဇာတ်ဝင်တေးဖြစ်သော ‘အမှောင်ညယံသီချင်း”ကို စတင်သီဆိုသောအခိုက်၌ လေထုတစ်ခုလုံးက အမြင့်ဆုံးအထွတ်အထိပ်သို့ရောက်ရှိသွားခဲ့သည်။
ဖန်းမင်ရွှယ်၏ တေးသံကြောင့် လူတိုင်းသည် သူမနှင့် အတူ သီဆိုကာ မူးယစ်လျက်ရှိသည်။ မြင်နေရသော မှောင်မိုက်သောအလင်းရောင်သည် လူတိုင်း၏ခေါင်းထက်တွင် ပေါ်လာသည်။
နေရာတစ်ခုလုံးသည် အမှောင်ကောင်စီ၏ မြက်ခင်းပြင်ဖြစ်လာသည့်အလားထင်ရ၏။
သို့သော် ထိုအချိန်တွင် ခန်းမတစ်ခုလုံး ကြားရနိုင်သည့် အေးခဲ ဆိုးရွားသော အသံတစ်ခု ထွက်ပေါ်လာသည်။
"အမှောင်က အမြဲ အလင်းနဲ့တည်ရှိပေမယ့် အလင်းကပဲ ရာသက်ပန် တည်မြဲလိမ့်မယ်”
ဤစကားများနှင့်အတူ မြင့်မြတ်သောအလင်းများက ခန်းမအထက် ကောင်းကင်ယံမှ လွင့်ပျံလာသည်။ ဤသည်ကိုမြင်သောအခါ အမှောင်ကောင်စီမှ အဆင့်မြင့်အရာရှိများအားလုံး သတိကြီးသွားကြသည်။ ထို့နောက်ကြီးမားလှသော ဧရာမ တိုက်တန်ကြီးတစ်ကောင်က လေးနက်သောအသံဖြင့်ပြောလိုက်၏။
“ဘယ်သူလာတာလဲ”
“မင်းတို့အားလုံးကို ဒီမှာတွေ့ရတာ ဝမ်းသာပါတယ်။ ငါ့ကိုယ်ငါ မိတ်ဆက်ခွင့်ပြုပါ။ ငါက Metatron ပါ”
Metatron က ပျံသန်းလာကာ သူ၏ နောက်ကျောမှ အတောင်ပံများက တဖြည်းဖြည်းပြန့်ကားလာသည်ကို အားလုံးမြင်လိုက်ရသည်။
"Metatron... ရှင်က ဒဏ္ဍာရီထဲက ပလ္လင်ပေါ်မှာ ထိုင်နေတဲ့ Seraph လား။" ဥရောပရှေးဟောင်းဒဏ္ဍာရီများကို နက်နက်နဲနဲနားလည်ထားသော ခါရာဆက်က အော်လိုက်သည်။
(Seraph - ခရစ်ယာန်ဘာသာတွင် ကောင်းကင်ဘုံနတ်အဆင့်ကိုးခုအနက် အဆင့်အမြင့်ဆုံးနတ်ဘုရား)
Metatron က အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်။
"အသိအမှတ်ပြုခံရတာကို ဝမ်းသာပါတယ်၊ ဒါပေမယ့် ကျုပ်ကို Archangel လို့ခေါ်တာ ပိုပြီး သဘောကျပါတယ် ဆရာ”
ဤအခိုက်အတန့်တွင် ခန်းမအတွင်းရှိ သာမာန်လူများ အားလုံးသည် မနိုးနိုင်သော လှပသော အိပ်မက်တစ်ခုထဲသို့ ကျရောက်သွားသကဲ့သို့ စိတ်ရှုပ်ထွေးသွားကြသည်။
Metatron ၏နောက်တွင်၊ သူ၏အလင်း၏တောင်ပံကိုးခုကို အပြည့်အဝပေါ်လွင်စေသဖြင့် ပြင်းထန်သော အလင်းစွမ်းအင်များက ခန်းမတစ်ခုလုံးသို့ ဖြတ်ကျော်လျက် ခါရာဆက်နှင့်တကွ အခြားအမှောင်ကောင်စီဝင်များကို နောက်သို့ ပြန်ဆုတ်သွားစေသည်။
ဖန်းမင်ရွှယ်တစ်ဦးသာ ရှေ့တွင်ရပ်လျက် အလင်း၏ စွမ်းအားကြောင့် မတုန်မလှုပ်ရှိနေသည်။
"အလင်းဘုရားကျောင်း ပြိုလဲသွားပြီ။ ရှင်က ကောင်းကင်တမန်ဖြစ်ဖြစ် အလင်းနတ်ဘုရားဖြစ်ဖြစ် ဒီကမ္ဘာမှာ ရှင့်အတွက် နေရာမရှိတော့ပါဘူး။ ဒါ့ကြောင့် ရှင်တို့ရဲ့ နတ်နယ်မြေကိုပဲ ပြန်သွားလိုက်ပါ”
Metatron ကရယ်မောလိုက်သည်။
"မင်းတို့အားလုံး လက်ရှိအခြေအနေကို နားလည်ကြပုံမပေါ်သေးဘူး။ ကမ္ဘာကြီးပြန်ပွင့်လာပြီ၊ ငါတင်မကဘူး၊ နောက်ထပ် နတ်ဝိညာဉ်တွေ အများကြီး ဆင်းသက်လာလိမ့်မယ်။ မင်းတို့လူသားတွေလုပ်နိုင်တာက ငါ့ဆီ ဒူးထောက်ပြီး လက်အောက်ခံကြဖို့ပဲ။ မဟုတ်ရင် မင်းတို့တွေ အနန္တစကြဝဌာကနေ လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်”
ဖန်းမင်ရွှယ်က ပြန်မဖြေခင်တွင် ဤအရိုးစုဖြစ်တည်မှုများက စိတ်မထိန်းနိုင်တော့ဘဲ
Metatron ကို လက်ညှိုးထိုးကာ ပြတ်ပြတ်သားသားကျိန်ဆဲလိုက်သည်။
"ဟေ့ အတောင်ပံပါတဲ့ ငှက်ကလေး၊ မင်း သတ်ဖို့ စကားမပြောခင်မှာ မင်းကိုယ်မင်း မှန်ထဲပြန်မကြည့်တတ်ဘူးလား။ ငါတို့က ဒူးထောက်ပြီး မင်းဆီခစားရအောင် ဘာတွေ မျှော်လင့်နေတာလဲ။ ဘာလဲ။ ငါတို့ကို ငှက်တွေလို ဘယ်လိုအော်လဲသင်ပေးဖို့ ကြံစည်နေတာလား” အရိုးစုက ဆေးပြင်းလိပ်ကို တစ်ချက်ရှိုက်ကာ ကျိန်ဆဲလိုက်သည်။
"အစ်ကိုကြီး၊ မင်းပြောတာမှားနေတယ်။ ဒီကောင်ကြိုးစားရင်တောင်မှ ဆီးမသွားနိုင်ဘူးဆိုတာ ရှင်းနေမှတော့ ဘယ်လိုလုပ် မှန်ထဲပြန်ကြည့်နိုင်မှာလဲဗျာ"
"အစ်ကိုကြီးပြောတာ မှန်တယ်ထင်တယ်၊ ဆီးမသွားနိုင်မှတော့ မှန်လည်းမသုံးနိုင်ဘူးပေါ့။ ဒါ့ကြောင့် သူက ဘာကောင်လဲဆိုတာ တွေးဖို့ ဦးနှောက်မရှိတော့ဘူး”
အရိုးစုများက Metatron ကို ပုံသဏ္ဍာန်အရ ခွေးသွေးစိမ်သည်အထိ ကဲ့ရဲ့လှောင်ပြောင်ခဲ့ကြသည်။
နတ်နယ်မြေ၌ပင် Metatron သည် မြင့်မြတ်သော အဆင့်မြင့် နတ်ဝိဉာဥ်တော်ဖြစ်ကာ ထိုသို့သော အရှက်ကွဲမှုမျိုးကို မကြုံဖူးသောကြောင့် သူမျက်နှာက နီလိုက်စိမ်းလိုက်ဖြစ်လျက် အေးစက်စွာပြောလိုက်သည်။
“သေချင်နေတာပဲ”
ထို့နောက် တောင်ပံတစ်ချက်ခတ်လိုက်ရုံဖြင့် တောက်ပသော လက်ဝါးကပ်တိုင် ပုံသဏ္ဍာန်က လှောင်ပြောင်နေသော အရိုးစုများထံသို့ ပြေးဝင်သွားသည်။
“အိုး ဘုရားရေ ဘာလို့ ရုတ်တရက်ကြီးပူလာရတာလဲ”
သူတို့၏ ကြီးမားသော စွမ်းရည်များ ကင်းမဲ့နေသော်လည်း ဤအရိုးစုများသည် ရက်စက်ကြမ်းကြုတ်သော စစ်မြေပြင်အမျိုးမျိုးမှ လွတ်မြောက်ခဲ့ကြသော လက်ရွေးစင်များဖြစ်သဖြင့် အဆင်မပြေသည့် အခြေအနေကို မြင်လိုက်ရသောအခါ ချက်ချင်း လူစုခွဲကာ ထွက်ပြေးသွားကြသည်။
လက်ဝါးကပ်တိုင်ပုံသဏ္ဍာန် အမှတ်အသားသည် အစည်းအဝေးခန်းမတစ်ခုလုံး ပြိုကျပျက်စီးသွားစေသည်။ ဖန်းမင်ရွှယ်သည် အေးစက်စွာ နှာခေါင်းရှုံ့ကာ သူမ၏ နောက်ကွယ်မှ ကြီးမားသော အမှောင်စွမ်းအင်များက အတောင်ပံတစ်စုံအဖြစ်ပြောင်းလဲလျက် အရိုးစုများကို လက်ညှိုးထိုးပြလိုက်သည်။
"အခုချက်ချင်းပြန်လာ”
ထို့နောက် တဖျပ်ဖျပ်လတ်နေသော အလင်းအောက်၌ အရိုးစုများက ပျောက်ကွယ်သွားသည်။
ထို့နောက် ဖန်းမင်ရွှယ်က Metatron ဘက်သို့လှည့်ကာ ပြောလိုက်သည်။
"ဒီနေရာက တော်တော်ကျဉ်းပါတယ်။ ဒီကိစ္စကို အပြင်မှာ ရှင်းကြမလား”
Metatron သည် ဖန်းမင်ရွှယ်၏ နောက်ကျောရှိ အနက်ရောင်တောင်ပံများကို စိုက်ကြည့်ရင်း သွားရည်ကျလုနီးပါးဖြစ်လျက် ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။
"တကယ်ပါပဲ”
ထိုသို့ဖြင့် လူတိုင်းကသည် ၎င်းတို့၏ အရည်အချင်းများကိုအသုံးပြုက ဤနေရာမှ ထွက်ပြေးပျောက်ကွယ်သွားကြသည်။
Metatron ဘက်တွင် သူတစ်ဦးသာရှိသည်။
ဖန်းမင်ရွှယ်ဘက်တွင် အမှောင်ကောင်စီမှ များစွာသော တိုက်တန်များရှိကြသည်။
ဤသည်က အရေအတွက်အရ အသာစီးရနေသည့်ပုံပေါ်သော်လည်း လူတိုင်း၏ အမူအရာများက လေးနက်နေသည်။ Metatron တစ်ဦးတည်းကပင် လူအုပ်ကြီးဆီမှ စုပေါင်း အမှောင်ထုကို ရပ်တည်ရင်ဆိုင်နိုင်သည်။
ယခု အမှောင်ဧကရီ၏ ဂုဏ်သိက္ခာနှင့် ဣန္ဒြေကို ပိုင်ဆိုင်ထားသည့် ဖန်းမင်ရွှယ်က Metatron ကိုကြည့်၍ အေးစက်စွာပြောလိုက်သည်။
“ရှင်က ဘာနတ်ဘုရားဆိုတာ ကျွန်မ ဂရုမစိုက်ပါဘူး။ ဒါပေမယ့် ဒီနေရာကို အမှောင်ကောင်စီက ပိုင်ပါတယ်။ အခုထွက်သွားမယ်ဆို ကျွန်မ ရှင့်ကို အခွင့်အရေးပေးမယ်”
“ငါဘာလို့ မလှုပ်ရှားသေးဘဲ အခုအချိန်ထိ စောင့်နေခဲ့လဲဆိုတာ မင်းသိလား”
"ဘာလို့လဲဆိုတော့... မင်းက အားလုံးထဲမှာ ကျက်သရေအရှိဆုံးသားကောင်မို့လို့ပဲ”
စကားမဆုံးခင်၌ Metatron သည် ဖန်းမင်ရွှယ်၏ နောက်တွင်ပေါ်လာကာ သူမကို ထိုးနှက်လိုက်သည်။ တိုက်ခိုက်မှုက အလွန်မြန်ဆန်လှသဖြင့် မည်သူမျှ တုံ့ပြန်ရန် အချိန်မရှိခဲ့ပေ။ ဖန်းမင်ရွှယ် လွင့်ထွက်သွားသောအခိုက်၌ အနားရှိ တိုက်တန်က ကြုံးဝါးကာ သူ့ကို လက်သီးဖြင့် ထိုးလိုက်သည်။
ကမ္ဘာမြေနတ်ဘုရားမ၏ ကလေးဖြစ်သော တိုက်တန်၏ အစွမ်းသတ္တိက အလွန်ကြောက်မက်ဖွယ်ကောင်းကာ ရုပ်ပိုင်းဆိုင်ရာ စွမ်းပကားကို ပြောရမည်ဆိုလျှင်၊ တိုက်တန်၏ မျိုးနွယ်စုနှင့်ယှဥ်နိုင်သူ ကမ္ဘာပေါ်တွင် အနည်းငယ်မျှသာ ရှိသည်။
သူ့လက်သီးက Metatron ကို ထိလိုက်သည်နှင့် အနည်းငယ်မျှပင်
မထိခိုက်စေနိုင်ခဲ့ပေ။
"မင်းနားမလည်သေးဘူးထင်တယ်... လူနဲ့ဘုရားကြားက ပင်လယ်ကွေ့ကြီးက အရမ်းကျယ်တယ်ကွ”
ထို့နောက် Metatron က လက်သီးတစ်ချက်ထိုးလိုက်ရာ တိုက်တန်လည်းလွင့်ထွက်သွားတော့သည်။ တစ်ချိန်တည်း၌ပင် ခါရာဆက်က
ဆင့်ခေါ်ထားသော အရိုးနဂါးကြီးသည် ကောင်းကင်တွင် ထွက်ပေါ်လာသည်။ သို့သော် Metatron က လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် အရိုးနဂါးသည် ကြေကွဲဖွယ်ကောင်းလောက်အောင် အော်ဟစ်လျက် ဖုန်မှုန့်များအဖြစ် ပြိုလဲသေဆုံးသွားသည်။
ထို့နောက်တွင် ကန်ချက်နှစ်ချက် လက်သီးသုံးချက်ဖြင့် Metatron သည် အမှောင်ကောင်စီ၏ အဆင့်မြင့်အရာရှိများကို တစ်ယောက်ပြီးတစ်ယောက်လွင့်ထွက်သွားစေခဲ့သည်။ ထို့နောက်တွင်မူ သူကလေထုအလယ်တွင်ရပ်လျက် အဝေးမှ ဖန်းမင်ရွှယ်ကို ခပ်ပါးပါးပြုံးပြလိုက်သည်။
“ငါမင်းကို ပြောသားပဲ။ မင်းက ငါ့ရဲ့ သေမျိုးလောက ခရီးစဥ်မှာ အကောင်းဆုံးသားကောင်ဖြစ်လိမ့်မယ်လို့”
အခန်း(၆၄၂) ဆယ်ဆတားမြစ်ထားသေ ကျိန်စာ
ဖန်းမင်ရွှယ်က နှုတ်ခမ်းထောင့်မှ စီးကျနေသော သွေးများကို သုတ်လိုက်ပြီးနောက် Metatron ကို အေးစက်စွာ စိုက်ကြည့်ကာ မျက်လုံးများက တဖြည်းဖြည်း အနက်ရောင်ပြောင်းသွားသည်။ အမှောင်ညဧကရီပညာကို အလွန်အကျွံအတိုင်းအတာအထိ အသုံးပြုခဲ့ရာ အားပြင်းသော အမှောင်ထုက သူမထံမှ ထွက်လာ၍ ကြယ်နှင့်လတို့ကို ဖုံးလွှမ်းသွားသည်။
Metatron ၏အမူအရာကလည်း ပို၍လေးနက်လာသည်။
“အဲ့လို သန့်စင်ပြီး ကြီးမားတဲ့ အမှောင်စွမ်းအင်…။ ဒါကို သာမန်ကျင့်ကြံရေးစနစ်နဲ့ ကျင့်ကြံလို့မရဘူး။ မိန်းမလှလေး။ မင်းက ငါ့အတွက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းလာပြီ”
ဖန်းမင်ရွှယ်က တုန်လှုပ်ခြင်းမရှိဘဲ အေးစက်စွာပြောလိုက်သည်။
“သူပြောတာ မမှားဘူး။ ရှင်တို့ နတ်ဘုရားတစ်သိုက်က ကြီးမြတ်ချင်ယောင်ဆောင်နေကကြတာ တကယ့်ကို ရွံစရာပဲ”
“ဆိုတော့… ရှင်တို့ နတ်နယ်မြေကို ပြန်တော့”
ဖန်းမင်ရွှယ်၏ စကားများထွက်ပေါ်လာသည်နှင့် Metatron အတွင်းသို့ လှောင်အိမ်တစ်ခုအဖြစ် ခိုင်မြဲစွာ ချုပ်နှောင်ထားလိုက်သကဲ့သို့ ကောင်းကင်ဖုံးလွှမ်းနေသော အမှောင်ထုသည် ချက်ချင်း မြင်သာထင်သာရှိလာသည်။
...
တစ်ချိန်တည်း၌ပင် ဖန်းမင်ရွှယ်၏ လက်ချောင်းများက မြေကြီးကွဲအက်လုသည့်အရှိန်အဟုန်ဖြင့် ဆက်တိုက်လှုပ်ရှားလာရာ အမှောင်ထုအလွှာများစွာဖြစ်ပေါ်လာသည်။
အမှောင်စုန်းမ အန်နာစတေးရှားက ဤသည်ကို မြင်သောအခါ လန့်သွားသည်။
“ဒါက တားမြစ်ထားတဲ့ အမှောင်ကျိန်စာပဲ။ ပြီးတော့ အများကြီး..”
သူမပြောသည့်အတိုင်း တောက်ပမှုအလွှာတစ်ခုစီသည် အမှန်ပင် တားမြစ်ထားသော ကျိန်စာတစ်ခုဖြစ်သည်။ အလွှာများစွာကို တညီတည်းစုပြုံလိုက်သောအခါ အလွန်ကြောက်မက်ဖွယ် အနက်ရောင်အလင်းစိုင်ကြီးဖြစ်လာသည်။
“ဆယ်ဆတားမြစ်ကျိန်စာ… သတ်စေ”
"သတ်" ဟူသော စကားဖြင့် အနက်ရောင်အလင်းထုကြီးသည် Metatron ၏ခေါင်းထက်တွင် ချက်ချင်းပေါ်လာကာ မိုးခြိမ်းသံနှင့်အတူ ပေါက်ကွဲသွားသည်။
ပေါက်ကွဲမှု၏ ကြောက်မက်ဖွယ် စွမ်းအားသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေနိုင်ကာ မှိုတိမ်တိုက်ငယ်တစ်ခုဖြစ်ပေါ်လာစေသည်။ ဖန်းမင်ရွှယ်၏ မျက်နှာက ဖြူဖျော့လျက် သူမ၏ ရုပ်သွင်သည်လည်း အနည်းငယ် တုန်လှုပ်သွားသည်။
အန်နာစတေးရှားက သူမကို ခံထားရန် အမြန်သွားလိုက်သည်။ ထိုအချိန်၌ တိုက်တန်များသည် ထို မှိုပုံတိမ်တိုက်ကို လေးနက်စွာကြည့်နေကြသည်။
"သူသေပြီလား" နတ်ဆိုးမ မင်ရွှယ်က လေးနက်သောအသံဖြင့်မေးသည်။
သူမ ပြောပြီး မကြာမီ၌ပင် အနက်ရောင်တိမ်တိုက်ထုကြားထဲမှ လူတစ်ယောက် ချိနဲ့စွာထွက်လာသည်။
“မိန်းမ မင်း ငါ့ကို ဒီလို ဒဏ်ရာရအောင်လုပ်ရဲတဲ့အတွက် ငါမင်းကို တစ်သက်လုံး ကျွန်ခံခိုင်းမယ်”
ထွက်လာသူမှာ Metatron ဖြစ်သော်လည်း ယခု သူအရင်က ခံ့ညားထည်ဝါသော အသွင်အပြင်ကို ဆုံးရှုံးသွားခဲ့သည်။ စေ့စေ့စပ်စပ် သိမ်းဆည်းထားသည့် သူ၏ဆံပင်များ ရှုပ်ထွေးသွားကာ သူ့နောက်ကျောမှ အလင်းတန်းလေးများ မှိန်သွားလျက် အလွန်အမင်း ပေစုတ်သွားသည်။ ဤသည်က Metatron ကို တုန်လှုပ်ခြောက်ခြားသွားစေသည့်အပြင် ဒေါသလည်းဖြစ်စေသည်။
ဤအမျိုးသမီးက သူ့ကို အမှန်တကယ် ဒဏ်ရာရစေနိုင်သဖြင့် အံ့သြသွားရသည်။ သူ၏ နောက်ဆုံးအခိုက်အတန့်တွင် အလင်းအတောင်ပံများဖြင့် ဖုံးအုပ်လိုက်ခြင်းမရှိခဲ့ပါက သူသည် ပိုဆိုးသော အခြေအနေတွင် အဆုံးသတ်သွားရပေလိမ့်မည်။
ထို့ကြောင့် ဒေါသတကြီး ကြုံးဝါးပြီးနောက် ဖန်းမင်ရွှယ်ဆီသို့ အမြန်အဆန်ချီတက်လာသည်။ တိုက်တန်သည် မြေပြင်သို့ ခြေဆောင့်လိုက်ရာ ခန္ဓာကိုယ်ကြီးက လျင်မြန်စွာ ကြီးထွားလာခဲ့သည်။
Metatron ထံမှ လက်ချက်ကြောင့် ခဏတာမျှ လွင့်ထွက်သွားသော်လည်း သူ၏ ထူထဲသော အသားအရည်နှင့် ကမ္ဘာမြေနတ်ဘုရားမ၏ ကလေးလည်းဖြစ်သောကြောင့် သူသည် မြေပြင်ကိုထိနိုင်သရွေ့ အဆက်မပြတ် ခွန်အာဖြည့်နိုင်နေဆဲဖြစ်သည်။
ထို့ကြောင့် တိုက်တန်သည် Metatron ချီတက်လာသည်ကိုမြင်သောအခါ ချက်ချင်းပင် သူ၏ ဧရာမပုံစံသို့ ပြောင်းလဲသွားကာ သူ့ကို ရပ်တန့်ရန် ကြိုးစားလျက် ဝင်တိုက်လိုက်သည်။ သို့သော် Metatron က ရှောင်တိမ်းခြင်းအလျင်းမရှိဘဲ
ရှေ့သို့ တည့်တည့်ချီတက်လာသည်။
ဘမ်း
ဧရာမတိုက်တန်သည် Metatron နှင့် တိုက်မိကာ အဝေးသို့ တိုက်ရိုက်လွင့်ထွက်၍
ခန္ဓာကိုယ်ကို အလင်းစွမ်းအားဖြင့် ဖုံးလွှမ်းသွားကာ သူ၏ ကြီးမားသော ပုံစံကို လျင်မြန်စွာ ကျုံ့သွားစေခဲ့သည်။ ဤသည်ကိုမြင်သောအခါ နတ်ဆိုးဧကရီမင်ရွှယ်က
Metatron ဆီသို့ ပြင်းထန်သော တုန်လှုပ်ခြောက်ခြားဖွယ် စိတ်ပညာလှိုင်းလုံးကို ထုတ်လွှတ်ကာ စူးဝါးဝါးအော်လိုက်သည်။ တိုက်ခိုက်မှုက ပြင်းထန်လွန်းလှသဖြင့် မင်ရွယ်နတ်ဆိုးဧကရီ၏ မျက်နှာပေါက်များမှ သွေးများစီးကျလာသည်။
သို့တိုင် သူမသည် Metatron ကို အနည်းငယ်မျှ မတုန်လှုပ်စေနိုင်ခဲ့ပေ။
Metatron သည် ရိုးရှင်းစွာ လက်ဖျောက်တီး၍ စိတ်ပိုင်းဆိုင်ရာတုန်လှုပ်ဖွယ် လှိုင်းလုံးကို ချိုးဖျက်လိုက်သည်။ အလင်း၏ စွမ်းအားက ချက်ချင်းတုံ့ပြန်လာသဖြင့် နတ်ဆိုးဧကရီမင်ရွှယ်၏ ပါးစပ်ထဲမှ သွေးအပြည့်အန်ထွက်လာသည်။
တစ်ချိန်တည်းမှာပင် အန်နာစတေးရှားနှင့် ခါရာဆက်တို့သည် ၎င်းတို့၏ လှုပ်ရှားမှုကို ပြုလုပ်နေပြီဖြစ်သည်။
“အမှောင် မြူ”
"စစ်မှန်တဲ့ မရဏသူရဲကောင်းတပ်”
အမှောင်စုန်းများဟုသိကြသော မန္တန်အမျိုးအစားများထဲမှ မထင်ရှားသည့် မှောင်မိုက်သော တားမြစ်ကျိန်စာဟု ယူဆကြသည်။ ကျိန်စာကိုယ်တိုင်က ထိုးစစ်ဆင်နိုင်စွမ်းမရှိသောကြောင့် မှောင်မိုက်သော မြူခိုးများကိုသာ ဖန်တီးနိုင်ခဲ့သည်။
၎င်းသည် ၎င်း၏အတွင်းရှိ အမှောင်သတ္တဝါများကို အစွမ်းထက်စွာ မြှင့်တင်ပေးခဲ့သော်လည်း၊ ၎င်း၏ စွမ်းအားသည် အခြားသော တားမြစ်ထားသော အမှောင်ကျိန်စာများနှင့် ကိုက်ညီမှု မရှိပေ။ စစ်မှန်သော အမှောင်ညသူရဲကောင်းတပ်သည် ညသူရဲကောင်း၏ အဆင့်မြင့်ပုံစံဖြစ်ကာ
၎င်းတို့ကိုယ်တိုင်၏ အစွမ်းထက်မြက်မှုရှိပြီးဖြစ်သော်လည်း အမှောင်မြူမှ မြှင့်တင်မှုနှင့်အတူ ၎င်းတို့၏ စွမ်းအားသည် တုန်လှုပ်ချောက်ချားဖွယ် မြင့်တက်သွားသည်။ ထို့အပြင် ခါရာဆက်သည် ထိုသူရဲကောင်းတပ်စုတစ်ခုလုံးကို ဆင့်ခေါ်ခဲ့ခြင်းဖြစ်၏။
မြူခိုးများအတွင်း၌ အရိုးစု မြင်းများပေါ်တွင် ဒါဇင်ပေါင်းများစွာသော သေမင်း သူရဲကောင်းများသည် ချပ်ဝတ်တန်ဆာကောင်းများကို ၀တ်ဆင်ထားလျက် ၎င်းတို့၏ခမောက်များအောက်၌ အပြာရောင်မီးတောက်နှစ်လုံး တောက်ပနေကာ Metatron ကို လုံးဝဝန်းရံထားကြသည်။ တားမြစ်ကျိန်စာကဲ့သို့သော မန္တန်ကို အသုံးပြုပြီးနောက် ခါရာဆက်၏ မျက်လုံးများထဲမှ ဝိဉာဥ်မီးများ လျင်မြန်စွာ မှေးမှိန်သွားခဲ့သည်။
အန်နာစတေးရှားသည် အနည်းငယ်သာလွန်သော ပုံစံရှိသော်လည်း မကြာသေးမီကပင် ပြင်းထန်စွာထိုးနှက်ခံရပြီးနောက် ရင်ဘက်တစ်ခုလုံး တဆက်ဆက်တုန်ယင်နေသည်။
ဤအခိုက်အတန့်တွင်၊ အမှောင်ကောင်စီအဖွဲ့ဝင်များအားလုံးသည် ဤတိုက်ခိုက်မှုတစ်ခုတည်းအပေါ်သို့ ၎င်းတို့၏မျှော်လင့်ချက်များကို အပြည့်အဝတင်ထားသည်။
ဤမျှတိတ်ဆိတ်နေသော သေမင်းသူရဲကောင်းအုပ်စုကို ရင်ဆိုင်ရသော်လည်း Metatron က အေးစက်စွာလှောင်ရယ်လိုက်သည်။
"မင်းသာ အသူတစ်ရာချောက်နက်သူရဲကောင်းတပ်မှုးကို ဆင့်ခေါ်ခဲ့မယ်ဆိုရင် ငါနည်းနည်းလန့်သွားမိမှာပဲ။ ဒီ သေမင်းသူရဲကောင်းနည်းနည်းလေးလောက်နဲ့ ငါ့ကို တားနိုင်မယ်ထင်လား”
Metatron ၏ ခန္ဓာကိုယ်မှ သန့်ရှင်းသော အလင်းရောင်များ ဖြာထွက်လာသည်။
"အလင်းတရားစီရင်ခြင်း”
သန့်ရှင်းသောအလင်းတန်းများသည် သေမင်းသူရဲကောင်းများ၏ ဦးခေါင်းကိုယ်စီကို ဖုံးအုပ်ထားသည်။ ခေတ္တရုန်းကန်ပြီးနောက် မရဏသူရဲကောင်းများသည် ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။
မှောင်မိုက်သော မြူခိုးများပင် တုန်လှုပ်သွားကာ လုံးလုံးလျားလျားပျောက်ကွယ်သွား၏။ အနည်းငယ်တိုက်ခိုက်ပြီးနောက် အမှောင်ကောင်စီဝင်များအားလုံး ဒဏ်ရာအပြင်းအထန်ရကာ ထပ်မံတိုက်ခိုက်ရန် အင်အားမရှိတော့ပေ။
မျက်နှာဖြူဖျော့နေသော ဖန်းမင်ရွှယ်ကိုကြည့်၍ Metatron က ပြေပြစ်စွာပြုံးလိုက်သည်။
“မိန်းမ အခုပဲ အညံ့ခံလိုက်ပါ။ ငါ သူတို့အားလုံးကို အမြန်အဆုံးသတ်ပေးပါ့မယ်”
ဖန်းမင်ရွှယ်က အသံမထွက်သော်လည်း သူမ၏ ခန္ဓာကိုယ် တုန်ခါမှုက ပိုပြင်းထန်လာသည်။
Metatron က ဘာသိဘာသာပြောလိုက်သည်။
"ဒီလိုဆိုမှတော့ ငါ ဒီ အမှောင်ပုရွက်ဆိတ်တွေကို ငရဲကို တန်းပို့ပေးမယ်”
သူ လှုပ်ရှားတော့မည့်အချိန်တွင် ဖန်းမင်ရွှယ်၏ ပါးစပ်မှ သွေးစိမ်းများထွက်လာကာ သူမ၏ အသက် စွမ်းအင်များ လျင်မြန်စွာ ကျဆင်းလာသော်လည်း ပါးစပ်မှ ခပ်တိုးတိုး ပြောလိုက်သည်။
“အမှောင်.. စတေးခြင်း”
သူမ၏အမိန့်နှင့်အတူ နောက်ကျောမှ အတောင်နှစ်ခုသည် ယခင်ကထက် ပိုမိုကျယ်ပြန့်လာသည်။
Metatron က စိတ်ဝင်တစားကြည့်ကာ ခေါင်းခါလိုက်သည်။
"အသုံးမကျဘူး၊ ငါ့ရှေ့မှာ မင်းရဲ့လှည့်ကွက်တွေ..."
သူ့စကားမဆုံးခင်၌ ဖန်းမင်ရွှယ်၏ အတောင်များက ရုတ်တရက် အုပ်မိုးသွားရာ အမှောင်ကောင်စီဝင်များအားလုံးကို ဖုံးအုပ်ထားပြီးနောက် သူမရဲ့ရုပ်သွင်က တဖျပ်ဖျပ်လင်းလက်ကာ နေရာမှ ပျောက်ကွယ်သွားတော့ညသ်။
Metatron က အံ့အားသင့်သွားကာ ပြောလိုက်၏။
"လွတ်မြောက်ဖို့ ကြိုးစားနေတာလား။ သိပ်တော့မလွယ်ဘူး”
ထိုစကားကြောင့် သူသည် အလျင်အမြန် လိုက်သွားခဲ့သည်။ သို့သော် သူမည်ကဲ့သို့ လိုက်နေစေကာမူ သူမ၏ အသက်ကို အမှောင်ထုတွင်စတေးခဲ့သော ဖန်းမင်ရွှယ်ကို အမှီမလိုက်နိုင်ပေ။ မျက်စိတစ်မှိတ်အတွင်း၌ပင် ဖန်းမင်ရွှယ်က အားလုံးနှင့်အတူ အမှောင်ရှေးနန်းတော်သို့ပြန်လာလျက် ရဲတိုက်ထဲသို့ တည့်တည့်မတ်မတ်ပြေးသွားသည်။
Metatron အလျင်အမြန်ဝင်ရောက်လာချိန်တွင် တံခါးဝမှ စောင့်နေပြီဖြစ်သော အရိုးစုများသည် ဖန်းမင်ရွှယ် ရဲတိုက်ထဲသို့ဝင်သွားသည်ကိုတွေ့လိုက်ရသည်နှင့် တံခါးကြီးကို ချက်ချင်းပိတ်လိုက်ကာ အကာအကွယ်စည်းကို အသက်သွင်းလိုက်သည်။
အမှောင်ရှေးနန်းတော်သည် အမှောင်ကောင်စီ၏ အမာခံနေရာဖြစ်ခဲ့သည်မှာ နှစ်ထောင်ပေါင်းများစွာကြာခဲ့ပြီဖြစ်ကာ ကောင်းကင်ယံတွင် ကြယ်များကဲ့သို့ မရေမတွက်နိုင်သော ကာကွယ်ရေးပုံစံများဖြင့် ပြည့်နှက်နေသဖြင့် ၎င်းကို စတင်အသုံးပြုပြီးသည်နှင့် ၎င်းကို ခိုင်မြဲစွာကာကွယ်ပေးမည့် အတားအဆီးအလွှာများပေါ်တွင် အလွှာများဖန်တီးထားသည်။
သို့သော် Metatron က ဤသည်ကိုမြင်သောအခါ လှောင်ရယ်လိုက်သည်။
“ဒါက ငါ့ကို တားနိုင်မယ်လို့ထင်လား”
“အလင်းသုတ်သင်ခြင်း”
သူ၏ အမိန့်နှင့်အတူ သန့်ရှင်းသောအလင်းရောင်သည် မိုးများကဲ့သို့ သက်ဆင်းလာကာ အမှောင်အတားအဆီးများကို စတင်ချေမှုန်းပစ်လိုက်သည်။ တစ်ခဏချင်း၌ပင် ကာကွယ်ရေးစည်း၏ ကိုးဆယ်ရာခိုင်နှုန်းပမာဏက ကွဲကြေသွားသည်။