← Chapters

ချိပ်ပိတ်ခံထားရသော ရတနာ

Vol. 145 Ch. 2060

ချိပ်ပိတ်ခံထားရသော ရတနာ

Vol. 145 Ch. 2060

ထိုအချိန်၌ နောက်ဆုံးတွင် ရီဖူရှင်းက မိစ္ဆာနတ်ဘုရားမျှော်စင်ရှေ့၌ ရပ်နိုင်ခဲ့ပြီ ဖြစ်သည်။ မိစ္ဆာနတ်ဘုရားမျှော်စင်က လူတိုင်း၏ ရှေ့၌ မားမားမတ်မတ် ရှိနေသော်လည်း ၎င်းက အစစ်အမှန်မဟုတ်သကဲ့သို့ ထင်မှတ်ရပြီး ဖမ်းဆုပ်ရ ခက်ခဲပေသည်။

မိုးကြိုးကဲ့သို့ ကြောက်မက်ဖွယ် အသံက အော်မြည်နေသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းမှ မဟာလမ်းစဥ်က တုန်ခါနေခဲ့၏။ သူ့နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်နေပြီး သူ့သွေးများက သွေးကြောများအတွင်း ဆူညံကာ လှုပ်ရှားနေခဲ့သည်။

လူတိုင်းက အလွန်အံ့အားသင့်နေကြသည်။ သူသည် မိစ္ဆာနတ်ဘုရားမျှော်စင်ရှေ့၌ အမှန်တကယ် ရပ်နေနိုင်ခဲ့ပေသည်။

"နောက်ဆုတ်စမ်း။" အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ ယခင်က ရီဖူရှင်းနှင့် အခြားသူများအား တိုက်ခိုက်ခဲ့ဖူးသော နတ်ဆိုးအင်ပါယာ ဖြစ်သည်။ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် နတ်ဆိုးချီများကို ထုတ်လွှတ်နေသည်။ မိစ္ဆာနတ်ဘုရားမျှော်စင်သည် အပြင်လူများကို ချဥ်းကပ်ခွင့် မပြုနိုင်သော သူတို့၏ သန့်စင်မြင့်မြတ်နယ်မြေ ဖြစ်ပေသည်။ သူတို့က နတ်ဘုရားမျှော်စင်ကို စောင့်ရှောက်ရန် ဤနေရာ၌ ပိတ်ခံထားရခြင်း ဖြစ်သည်။ သူတို့အားလုံးသည် တစ်နေ့နေ့၌ မျှော်စင်သို့ ဝင်ရောက်နိုင်သည့် သူတစ်ယောက်ရှိလာကာ မိစ္ဆာနတ်ဘုရား၏ အမွေအနှစ်များကို ဆက်ခံနိုင်ကာ ချိပ်ပိတ်စွမ်းအားများကို ချိုးဖျက်ထွက်သွားနိုင်ရန် ဆန္ဒရှိခဲ့သည်။

သို့သော် ယခုတွင် မိစ္ဆာနတ်ဘုရားမျှော်စင်သို့ လူသားတန်ခိုးရှင်တစ်ယောက် ရောက်ရှိသွားပြီ ဖြစ်သည်။

"သူ ဝင်နိုင်မှာ မဟုတ်ဘူး။" နင်ဟွာက ရီဖူရှင်းအား ကြည့်ကာ ကြေညာလိုက်သည်။ သူသည် နယ်မြေသခင်၏ သားဖြစ်ပြီး ဤနေရာက မည်သို့သော အမျိုးအစားဖြစ်သည်ကို သေချာသိရှိပေသည်။ သူသည် နတ်ဘုရားမျှော်စင်ကို ချိပ်ပိတ်ထားသည့် စွမ်းအားကို ကောင်းစွာ သိရှိပေသည်။ ၎င်းသည် နတ်ဘုရားချိပ်ပိတ်စွမ်းရည်၏ အန္တိမစွမ်းရည်ဖြစ်ပြီး မျှော်စင်အား မျက်စိဖြင့်မြင်နိုင်သော်လည်း ထိတွေ့၍ မရနိုင်အောင် ပြုလုပ်ထားပေသည်။

ရီဖူရှင်းက မိစ္ဆာနတ်ဘုရားမျှော်စင်ရှေ့တွင် ရပ်နေလျှင်ပင် မည်သည့်အဓိပ္ပါယ်မှ ရှိလိမ့်မည်မဟုတ်ပေ။ နင်ဟွာက မိစ္ဆာနတ်ဘုရားမျှော်စင်သို့  မည်သူမှ မဝင်ရောက်နိုင်သည်ကို သိသည့်အတွက် မည်သည့်အခါကမှ ဝင်ရောက်ရန် မကြိုးစားခဲ့ဖူးပေ။

နတ်ဘုရားချိပ်ပိတ်နည်းစနစ်မှာ အဖိုးမဖြတ်နိုင်သော ရတနာဖြစ်သည့် နတ်ဘုရားစာအုပ်၏ အကူအညီနှင့် ပြည့်စုံအောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ထိုရတနာမှာ ကောင်းကင်လမ်းစဥ် ပြိုမကျခင် ဖန်တီးထားခဲ့သော နတ်ရတနာတစ်ခု ဖြစ်လေသည်။

ကောင်းကင်ဒေသရှိ နယ်မြေဆယ့်ရှစ်ခု၏ နယ်မြေသခင်အိမ်တော် တစ်ခုချင်းစီတွင် အဖိုးတန်ရတနာတစ်ခုစီ ပိုင်ဆိုင်ထားကြသည်။ ကောင်းကင်ဒေသ၏ ထိပ်သီးအင်အားစုများမှ ဆရာသခင်တန်ခိုးရှင်များတွင် သူတို့်အား ထိပ်ဆုံးအဆင့်ထိ ရောက်အောင် ကျင့်ကြံရာတွင် အထောက်အကူပြုသည့် ရှေးဟောင်းနတ်ရတနာများ ပိုင်ဆိုင်ကြသည်။ ဥပမာအနေနှင့် ဆေးအင်ပါယာတွင် နတ်ဘုရားကျောက်စာချပ်တစ်ခု ရှိလေသည်။

နယ်မြေသခင်အိမ်တော်တွင်လည်း သူတို့ ပိုင်ဆိုင်ထားသော နတ်ရတနာတစ်ခု ရှိပေသည်။ ထို့ကြောင့် ရီဖူရှင်းက မိစ္ဆာနတ်ဘုရားမျှော်စင်ရှေ့ ရပ်နေသော်လည်း အထဲသို့ ဝင်နိုင်ရန် နည်းလမ်းမရှိဟု နင်ဟွာက သေချာနေခြင်း ဖြစ်ပေသည်။

နင်ဟွာ့အဖေ စကားအရ ထိုနတ်ဘုရားချိပ်ပိတ်နည်းစနစ်သည် အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြားမှ ထင်ယောင်ထင်မှား နတ်ဘုရားချိပ်စည်းကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ယင်းက မိစ္ဆာနတ်ဘုရားမျှော်စင်ကို လေဟာနယ် နယ်မြေအတွင်း သိမ်းဆည်းထားနိုင်ခြင်း ဖြစ်ပေသည်။

ရီဖူရှင်းကလည်း ၎င်းကို သတိပြုမိပေသည်။ သူက ရှေ့တည့်တည့်သို့ ကြည့်နေပြီး မျက်လုံးများတွင် ထူးဆန်းသော နတ်အလင်းတို့ လင်းလက်လာသည်။ သူသည် နတ်ဘုရားချိပ်ပိတ်နည်းစနစ်မှ ကြောက်မက်ဖွယ်ကောင်းမှုအား ခံစားမိပေသည်။ မိစ္ဆာနတ်ဘုရားမျှော်စင်သည် အဆုံးမဲ့ နတ်ဘုရား ချိပ်စည်းနတ်အလင်းတို့ ရောင်ပြန်ဟပ်နေသော်လည်း မည်သည့်အရိပ်မှ မရှိသလို အစစ်အမှန် ပုံသဏ္ဌာန်လည်း မရှိပေ။ မဟာလမ်းစဥ် စွမ်းအားများက ရီဖူရှင်းထံမှ ထွက်ပေါ်လာသည်။ မဟာလမ်းစဥ် စွမ်းအင်လှိုင်းများက လှည့်ပတ်ပျံ့နှံ့လာသည်။ ချက်ချင်းပင် ချိပ်စည်းနတ်အလင်းတန်းတို့က ရီဖူရှင်းထံ စီးဆင်းလာပြီး သူ၏ သက်စောင့်ဝိညာဥ်နှင့် သက်စောင့်ဟော်နန်းမှ စုပ်ယူလိုက်သည်။

သူ့ခန္ဓာကိုယ်အနီးတွင် ချိပ်စည်းနတ်အလင်းတို့ ရစ်ပတ်လာပြီး သူသည် မိစ္ဆာနတ်ဘုရားမျှော်စင်အား ပို၍ ရှင်းရှင်းလင်းလင်း မြင်လာနိုင်ပေသည်။ ကြည့်ရသည်မှာ သူက ချိပ်စည်းနတ်အလင်းများနှင့် ပေါင်းစပ်သွားသလိုပင်။

ရီဖူရှင်း၏ ခန္ဓာကိုယ်က အခြားသူများ၏ မျက်လုံးထဲတွင် တဖြေးဖြေး ဝေဝါးလာသည်။ သူ့ကို ကြည့်ရသည်မှာ အဝေးကြီးသို့ ရောက်သွားသလိုပင် ဖြစ်လေသည်။ ထိုအခိုက်အတန့်တွင် ရီဖူရှင်းဖြစ်စေ နတ်ဘုရားမျှော်စင်ဖြစ်စေ ရွေ့လျားခြင်းမရှိပါဘဲ ရီဖူရှင်းက ပုံရိပ်ယောင် နတ်ဘုရားမျှော်စင်သို့ နီးကပ်သွားသည်ဟု ထင်မှတ်နေမိကြပေသည်။ သူတို့က ထိုအတိုင်း အမှန်တကယ် ခံစားနေကြရသည်။

"ဘာတွေဖြစ်ကုန်တာလဲ။" လူအများ၏ မျက်နှာထက်တွင် အံ့အားသင့်နေသော အရိပ်အယောင်တို့ ထွက်ပေါ်လာသည်။ ရီဖူရှင်းတွင် အထဲသို့ ဝင်ရောက်နိုင်သည့် နည်းလမ်း အမှန်တကယ် ရှိသည်လား။

နင်ဟွာက စိတ်ရှုပ်ထွေးစွာနှင့် မျက်ခုံးများကို စုကျုံ့လိုက်သည်။

ထိုအချိန်တွင် ရီဖူရှင်းက အမှန်တကယ် မိစ္ဆာနတ်ဘုရားမျှော်စင်ရှေ့၌ ရပ်နေသလို သူ ခံစားနေရပေသည်။ ရီဖူရှင်းသည် သူ့ခန္ဓာကိုယ်တွင်းမှ မဟာလမ်းစဥ်စွမ်းအားများက ပို၍ ကြမ်းတမ်းလျင်မြန်စွာ အော်ဟစ်စီးဆင်းနေပေသည်။ သူ့နှလုံးသားက ကျယ်လောင်စွာ ခုန်နေခဲ့ပြီး သူက အားကောင်းသော တုန်ခါမှုကို ခံစားမိနိုင်ပေသည်။

သူ့ရှေ့မှ တံခါးအား စိုက်ကြည့်နေရင်း လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ရှေ့သို့ တိုးလိုက်သည်။ ထိုအခါ မိစ္ဆာနတ်ဘုရားမျှော်စင်မှ မျက်စိကျိန်းလောက်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ လူတိုင်းက မျက်လုံးများကို ချက်ချင်း မှိတ်လိုက်ကြသည်။

ဘန်း...

အခြားတစ်ဖက်တွင် တန်ခိုးရှင်များက နောက်သို့ လွင့်စင်သွားကြသည်။ နင်ဟွာသည်ပင် ကြောက်မက်ဖွယ် တုန်ယင်မှုကို ခံစားမိလိုက်ပြီး နောက်သို့ ခြေလှမ်းဆုတ်လိုက်မိသည်။ သူသည် မျက်လုံးများကို ကာထားသည့် လက်တို့အား ပြန်ချလိုက်ပြီး စူးရှတောက်ပနေသော အလင်းတို့ကို ကြည့်လိုက်သည်။ ငွေရောင်ဆံပင်နှင့် လူက လက်နှစ်ဖက်ဖြင့် မိစ္ဆာနတ်ဘုရားမျှော်စင်တံခါးကို တွန်းဖွင့်လိုက်သည်။ ရီဖူရှင်းသည် တောက်ပနေသော အလင်းများနှင့် လွှမ်းခြုံခံထားရပြီး သူ့ကို နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရစေသည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။" နင်ဟွာက အံ့အားသင့်ထိတ်လန့်သွားသလို စိတ်ရှုပ်ထွေးသွားခဲ့၏။ သူသည် ယခင်က ကြိုးစားခဲ့သော်လည်း မဖြစ်နိုင်ကြောင်း သိခဲ့ရသည်။ သို့သော် ရီဖူရှင်းက တံခါးအား တွန်းဖွင့်လိုက်ပုံရလေသည်။

ချိပ်စည်းပြေလျော့သွားသည့်အတွက် မိစ္ဆာနတ်ဘုရားမျှော်စင်တွင် ပုံမှန်မဟုတ်သည်များ ဖြစ်ပျက်လာခြင်း ဖြစ်နိုင်သလား။ ရီဖူရှင်းသည် မိစ္ဆာနတ်ဘုရားမျှော်စင်၏ အပြောင်းအလဲများကြောင့် ရီဖူရှင်းက ထိုသို့ အခွင့်အရေး ရသွားခြင်း ဖြစ်နိုင်သလား။

ထိုအခိုက်အတန့်တွင် ထိုနေရာတဝိုက်မှ အခြေအနေက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ မိစ္ဆာနတ်ဘုရားမျှော်စင်မှ တောက်ပလာသော နတ်အလင်းက ကောင်းကင်သို့ တိုက်ရိုက်ထိုးဖောက်သွားသည်။ နတ်အလင်းသည် လျှို့ဝှက်နယ်မြေတစ်ခုလုံးကို ထွန်းလင်းလာစေသည်။

တစ်စုံတစ်ယောက်က နာကျင်စွာ အော်ဟစ်လိုက်ပြီး ဖိအားကို ခံနိုင်ရည်မရှိတော့ဘဲ ပေါက်ကွဲထွက်သွားပေသည်။ အခြားသူများက အရူးအမူး ထွက်ပြေးသွားကြသည်။ နင်ဟွာကဲ့သို့ အစွမ်းထက် တန်ခိုးရှင်များသည်ပင် နောက်သို့ အဆောတလျင် ဆုတ်ခွာသွားကြရသည်။ သူတို့က အလင်းဖြာနေသော နတ်ဘုရားမျှော်စင်ကို စူးစိုက်ကြည့်နေကြပြီး လျှို့ဝှက်နယ်မြေအထက် ကောင်းကင်တွင် နတ်အလင်းတန်းများ တောက်ပလာသည်ကို မြင်လိုက်ကြရပေသည်။ နင်ဟွာက ခေါင်းကို မော့ကာ အထက်မှ ကျဆင်းလာသော အဆုံးမဲ့ချိပ်စည်းစွမ်းအားများ ပါဝင်နေသည့် နတ်အလင်းတို့ကို ကြည့်လိုက်သည်။

ထိုအချိန်တွင် လျှို့ဝှက်နယ်မြေတစ်ခုလုံးက တုန်ခါနေသည်။ အရပ်မျက်နှာအသီးသီးမှ တောက်ပလာသော မဟာလမ်းစဥ်နတ်အလင်းတို့က လျှပ်စီးအလင်းတန်းများကဲ့သို့ပင်။ လူတိုင်းသည် ထိုအခိုက်အတန့်တွင် သူတို့က အဆုံးမဲ့ သေးငယ်လာသည်ဟူသော ခံစားချက်ကို ခံစားမိကြပေသည်။ အစွမ်းထက်သော အဆင့်မြင့် ရန်ဟောင်တန်ခိုးရှင်များသည်ပင် နိမ့်ကျပြီး အကူအညီမဲ့နေသလို ခံစားမိလိုက်ကြပေသည်။

ဤတစ်ကြိမ်၌ ဖြစ်ပေါ်လာသော စွမ်းအားက ကောင်းကင်လမ်းစဥ်မှ ဖြစ်တည်လာခြင်း ဖြစ်နိုင်ပေသည်။

"အခု ဘယ်လိုဖြစ်သွားတာလဲ။" အားလုံးသော တန်ခိုးရှင်များက ခေါင်းများကို မော့ကာ ကောင်းကင်သို့ ကြည့်လိုက်သည်။ ဤတစ်ကြိမ်၌ လောကကြီးက ဒေါသထွက်နေသလို ထင်မှတ်ရပေသည်။ လူအများသည် လျှို့ဝှက်နယ်မြေက ချိပ်ပိတ်ခံထားရသော လေဟာနယ်တစ်ခုဖြစ်ကြောင်း ယခုမှသာ သတိပြုမိကြလေသည်။ ချိပ်ပိတ်ထားသော နတ်အလင်းက မိစ္ဆာနတ်ဘုရားမျှော်စင်အထက်တွင် တောက်ပနေပြီး အရပ်မျက်နှာအသီးသီးမှ ပိုမိုတောက်ပသော နတ်အလင်းတို့ ဖြစ်တည်လာခဲ့သည်။ သူတို့က ကောင်းကင်အမြင့်တစ်နေရာတွင် နတ်ဘုရားချိပ်စည်းစာအုပ်ကဲ့သို့သော စာအုပ်တစ်အုပ်ကို ဝိုးတဝါး မြင်တွေ့ခဲ့ရပေသည်။

သို့သော် ချိပ်စည်းက ပျက်ပြယ်သွားသလို ထင်မှတ်ရပေသည်။ ရီဖူရှင်း တံခါးကို ဖွင့်လိုက်သည့်အချိန်၌ ချိပ်စည်းက ကျိုးပေါက်သွားပုံရလေသည်။ မိစ္ဆာနတ်ဘုရားမျှော်စင်အတွင်းမှ စွမ်းအားက ဆိုးဝါးလာခဲ့သည်။ ပြိုင်ဘက်ကင်း မဟာလမ်းစဥ် နတ်အလင်းက လောင်ကျွမ်းတောက်ပနေသည်။ နတ်ဆိုးသားရဲများသည် မြေပြင်တွင် ဝပ်တွားကာ မိစ္ဆာနတ်ဘုရားမျှော်စင်ကို အရိုအသေပေးနေကြ၏။

ထိုသည်မှာ မိစ္ဆာနတ်ဘုရား၏ စွမ်းအားပင် ဖြစ်သည်။

"ချိပ်စည်းက တကယ် ကျိုးပေါက်သွားတာလား။" နင်ဟွာက ကြောက်မက်ဖွယ် မြင်ကွင်းကို မြင်သောအခါ ရေရွတ်လိုက်သည်။ သူက အစွမ်းထက်သော်လည်း ယခုတွင် ယုံကြည်ချက်ရှိမှုအား ခံစားရခြင်း မရှိပေ။ သူက ထိုသို့သော စွမ်းအားမျိုးနှင့် ရင်ဆိုင်ရသည့်အခါ သေးငယ်သွားသလို ခံစားရပေသည်။

"အခု ဒီနေရာက ထွက်သွားကြ။" နင်ဟွာက တွေဝေခြင်းမရှိဘဲ အမိန့်ပေးလိုက်သည်။ လူတိုင်းသည် လျင်မြန်စွာ အရှိန်အပြည့်နှင့် ချက်ချင်း ပြန်ဆုတ်ခွာလိုက်ကြသည်။ သို့သော် နတ်ဆိုးသားရဲများက ထွက်ခွာသွားနိုင်ခြင်း မရှိပေ။ သူတို့သည် ထိုနေရာတွင်သာ ရှိနေကာ မိစ္ဆာနတ်ဘုရားမျှော်စင်အား အရိုအသေပြု၍သာ နေကြသည်။

ဘုန်း....

မိစ္ဆာနတ်ဘုရားမျှော်စင်မှ နတ်အလင်းတို့ တောက်ပလာပြီး အထက်မှ ကျဆင်းလာနေသော ချိပ်စည်းနတ်အလင်းတို့နှင့် ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း အရာအားလုံးက ဖြိုချဖျက်ဆီးခံလိုက်ရသည်။

တောင်တန်းများက ပြိုကျပျက်စီးသွားပြီး မြေပြင်ကလည်း အက်ကွဲလာပေသည်။ လေဟာနယ်က စုတ်ဖြဲခံလိုက်ရပြီး လျှို့ဝှက်နယ်မြေက ဖျက်ဆီးခံရလိုက်ရသည်။

ထိုဖြစ်ရပ်များ၏ အလယ်တွင် ရီဖူရှင်းက မိစ္ဆာနတ်ဘုရားမျှော်စင်သို့ လျှောက်သွားခဲ့ပြီဖြစ်သည်။ သူက တံခါးအား တွန်းဖွင့်ခြင်းဖြင့် ချိပ်စည်းကို ချိုးဖျက်ကာ အရာအားလုံးကို အစပြုပေးခဲ့ပေသည်။

သူက နေရာတွင် ရပ်ကာ ခေါင်းကို မော့၍ သူ့အနီးတွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို စောင့််ကြည့်နေပေသည်။ သူက ဒူးထောက်ကျလုမတတ် ဖြစ်လာခဲ့ပြီး သူ့နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်နေခဲ့သည်။ ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်အတွင်းမှ နတ်သစ်ပင် ထွက်ပေါ်လာသည်။ ရှေးဟောင်းသစ်ပင်၏ နတ်အလင်းက သူ ဖျက်ဆီးချေမှုန်းခံရမည့် အန္တရာယ်မှ ကာကွယ်ပေးထားသည်။

"ဒါက မိစ္ဆာနတ်ဘုရားလား။" ရီဖူရှင်းက သူ့ရှေ့မှ ကြီးမားသော အရာကြီးကို ကြည့်ကာ သူ့နှလုံးက ခုန်ပေါက်လာသည်အား ခံစားမိပေသည်။ သူက နတ်ဘုရားသင်္ချိုင်းသို့ ရောက်သွားသလိုပင်။ လွန်ခဲ့သော အတိတ်ကာလ၌ နတ်ဘုရားများစွာ ရှိခဲ့သည်ဟု ဒဏ္ဍာရီရှိပေသည်။

တုန်းဟွာနယ်မြေမှ နယ်မြေသခင်အိမ်တော်၏ လျှို့ဝှက်နယ်မြေအတွင်း ထူးခြားဆန်းကြယ်သော ထိုနေရာသို့ မည်သူမှ ခြေမချနိုင်ခဲ့ပေ။ နယ်မြေသခင်မှလွဲ၍ တုန်းဟွာနယ်မြေအတွင်း မည်သူကမှ ဤနေရာ၌ ချိပ်ပိတ်ထားသော နတ်ရတနာအကြောင်း သိလိမ့်မည် မဟုတ်ပေ။

***

All Chapters