← Chapters

အပိုင်း (၁၁၁)

Vol. 9 Ch. 111

အပိုင်း (၁၁၁)

Vol. 9 Ch. 111

“ဟား ဟား ဟား...”

လီဝမ်ကျန့်သည် ဟားတိုက်ရယ်မောပြီးနောက် ရှမ့်လန်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “မင်း ရူးနေပြီလား။ အိပ်မက်တွေ မက်နေတာလား။ အရှင်မင်းမြတ်က အခုလေးတင် အမိန့်တော် ချမှတ်ခဲ့တယ်။ ကျုပ်ကို သတ်ဖို့မပြောနဲ့။ ရာထူးနဲ့ ဘွဲ့ကိုတောင် မဖယ်ရှားခဲ့ဘူး။ ကျုပ်ကို သတ်စေချင်တယ်ပေါ့။ ဆောင်းတွင်းအိပ်မက်လိုပဲ။ နေ အနောက်က ထွက်တာတောင် ဖြစ်နိုင်သေးတယ်”

လီဝမ်ကျန့် ပြောသည်မှာ မှန်ပေ၏။ သူသည် နိုင်ငံရေး အချက်ပြမှုတစ်ခုကို ကိုယ်စားပြုနေသည်။ အရှင်မင်းမြတ် ကိုယ်တိုင်က သူ့ကို ခွင့်လွှတ်ခဲ့ပြီးမှတော့ အဘယ်ကြောင့် သတ်ဖြတ်ဦးမည်နည်း။ သူ အမှားတစ်ခုခု လုပ်မိခဲ့လျှင်ပင် အရှင်မင်းမြတ်သည် သူ့ကို သတ်လိမ့်မည် မဟုတ်ပေ။ မဟုတ်လျှင် မိမိမျက်နှာကို မိမိ ပြန်ရိုက်ရာ ကျမည် မဟုတ်ပါလား။

လီဝမ်ကျန့်သည် ပြုံး၍ ပြောလိုက်သည်။ “ရှမ့်လန်.. မင်း သိလား။ ကျုပ်က အခု အရှင်မင်းမြတ်ရဲ့ အလိုတော်ကို ကိုယ်စားပြုနေတာ။ သူ ကျုပ်ကို သတ်ပါ့မလား။ မင်းက တကယ်ကို မသိနားမလည်တဲ့ လူမိုက်ပဲ”

“ဟုတ်တယ်၊ အရှင်မင်းမြတ်က သူ ကိုယ်တိုင်ထုတ်ပြန်တဲ့ အမိန့်တော်ကို ပြန်လည်ပြင်ဆင်စေဖို့ ... ဒါက ဖြစ်နိုင်ပါ့မလား။ သာမန်လူတွေ မလုပ်နိုင်ဘူး”

ရှမ့်လန်သည် ဖြည်းညှင်းစွာ ပြောလိုက်၏။ “ဒါပေမဲ့ ကျုပ်က သာမန်လူ မဟုတ်ဘူး။ ခင်ဗျားတို့လို သာမန် လူတန်းစားတွေအတွက် ကျုပ်က နတ်ဘုရားတစ်ပါးလိုပဲ။ ကျုပ်လို ရုပ်ရည်ရော။ ဉာဏ်ပညာပါ ပြည့်စုံတဲ့လူတစ်ယောက် မလုပ်နိုင်တာ ဘာရှိမှာလဲ။ ခင်ဗျားလို ခွေးရူးတစ်ကောင်ကို သတ်ဖို့ဆိုတာ လွယ်လွယ်လေး။ စကားထဲ ထည့်ပြောနေစရာတောင်မလိုဘူး”

ရှမ့်လန်သည် မရှိသော မုတ်ဆိတ်ကို ပွတ်သပ်ဟန်ပြုရင်း မထီမဲ့မြင် ပြောလိုက်၏။ “ကျုပ် က နန်းမြို့တော်နဲ့ မိုင်ထောင်ချီ ဝေးကွာတဲ့နေရာမှာ ရှိနေပေမဲ့ လွန်ခဲ့တဲ့ လဝက်တည်းက ဖန်တီးထားတဲ့ ကစားကွက်လေးတစ်ခု ကြောင့် ခင်ဗျား သေရတော့မယ်”

လီဝမ်ကျန့်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ကြွားလိုက်တာကွာ။ ရှမ့်လန်.. မင်းက လူပြက်တစ်ယောက်လိုပဲ”

ထို့နောက် သူသည် ခပ်ကြမ်းကြမ်း အော်ဟစ်လိုက်၏။ “ကျင်းမူလန်... ကျုပ်နဲ့အတူ ရုံးကို လိုက်ခဲ့။ ဒီကိစ္စကို စုံစမ်းစစ်ဆေးမယ်။ လာကြစမ်း ... ကျင်းမူလန်ကို ခေါ်ခဲ့ကြ”

ငွေရောင်ဝတ်စုံ စစ်သည်တော်အချို့သည် ရှေ့သို့ တိုးလာကြသည်။

သို့ပေမည့် ထိုအချိန်မှာပဲ အနက်ရောင်ဝတ်စုံနှင့် မြင်းသည်တော်ဒါဇင်ပေါင်းများစွာတို့သည် အရှိန်အဟုန် ကောင်းကောင်းနှင့် ခပ်သုတ်သုတ် ရောက်ရှိလာကြ၏။ ထိုသူတို့သည် တစ်ကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားပြီး လူတိုင်း မျက်နှာဖုံး တပ်ဆင်ထားကြသည်။ မျက်နှာဖုံးပေါ်တွင် ကျီးကန်းရုပ်ပုံကို ထိုးထား၏။

(ဟေးရွှေထိုင်)မှ အထူးတပ်ဖွဲ့ဝင်များ။

ဤသည်မှာ အရှင်မင်းမြတ်၏ လက်ကိုင်ကျွမ်းကျင်သူများဖြစ်ပြီး ဘုရင်မင်းမြတ်၏ အမိန့်ကို တိုက်ရိုက်လက်ခံရယူသူများဖြစ်သည်။ မည်သည့်ရုံးဌာန၊ အဖွဲ့အစည်း၏ အောက်မှ မဟုတ်ချေ။ ထိုသူတို့သည် ယေဘုယျအားဖြင့် လျှို့ဝှက်သော တာဝန်များ၊ အရေးကြီးသော တာဝန်များကိုသာ ထမ်းဆောင်ကြသည်။ ခန့်မှန်းချေအားဖြင့် မင်မင်းဆက်၏ (တုန်းချန်နှင့် ဂျင်ယီဝေ့)တို့ကို ပေါင်းစပ်ထားသကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည်။

လီဝမ်ကျန့်သည် အံ့အားသင့်သွားသည်။ မည်သို့သောကိစ္စကြောင့် (ဟေးရွှေထိုင်) နန်းတွင်း အထူးတပ်ဖွဲ့ဝင်များ ရောက်လာရသနည်း။ ဤနန်းတွင်းအထူးတပ်ဖွဲ့ဝင် ဆယ်ဦးကျော်သည် လီဝမ်ကျန့်၏ ရှေ့သို့ ပြေးလာကြ၏။

ဦးဆောင်သူ တပ်မှူးသည် မြင်းပေါ်မှပ မေးလိုက်သည်။ “ခင်ဗျားက လီဝမ်ကျန့်လား”

လီဝမ်ကျန့်က ဖြေလိုက်၏။ “ဒီအရာရှိက ငွေရောင်ဝတ်စုံဝတ် စုံစမ်းစစ်ဆေးမှုး လီဝမ်ကျန့် ပါပဲ။ (ဟေးရွှေထိုင်) ရဲ့ ဆရာကြီးတွေ အချိန်ကိုက် ရောက်လာတာပဲ။ ကျုပ် အမှုစစ်ဆေးရာမှာ ကူညီပေးကြပါ။ ရွှမ်ဝူမြို့စားကြီး အိမ်တော်ရဲ့ မြင်းတပ်က မောက်မာရိုင်းစိုင်းပြီး လူ့အသက်ကို တန်ဖိုးမထားဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျင်းမူလန်မှာ တာဝန်အပြည့်ရှိတယ်။ ဆရာကြီးတို့ သူမကို ဖမ်းခေါ်သွားပေးပါ”

ထို့နောက် လီဝမ်ကျန့်သည် ကြောက်မက်ဖွယ် ပြုံးလျက် ပြောလိုက်သည်။ “ရှမ့်လန်.. အရှင်မင်းမြတ်က အခု (ဟေးရွှေထိုင်) ဆရာကြီးတွေကိုတောင် လွှတ်လိုက်ပြီ။ မင်း သေခါနီးနေပြီ။ ရွှမ်ဝူမြို့စားကြီးအိမ်တော်က အရှင်မင်းမြတ်ရဲ့ နန်းတွင်းအထူးတပ်ဖွဲ့ဝင်တွေကို ခုခံရဲတဲ့ သတ္တိ ရှိလား။ ခုခံရင် ပုန်ကန်တာနဲ့ အတူတူပဲ။”

(ဟေးရွှေထိုင်) တပ်မှူးသည် လီဝမ်ကျန့်ကို တစ်ချက်ကြည့်လိုက်ပြီး ပုံတူပန်းချီကားကိုထုတ်ကာ နှိုင်းယှဉ် ကြည့်ရှုလိုက်၏။ “အားလုံးဖယ်ပါ။”

လီဝမ်ကျန့်သည် အလွန် ဝမ်းမြောက်သွားသည်။ “ကောင်းပါပြီ။”

(ဟေးရွှေထိုင်) နန်းတွင်းအထူးတပ်ဖွဲ့ဝင်များ ရောက်လာပြီဖြစ်၍ သူ၏စစ်သည်များကို အသုံးပြုရန် မလိုတော့ပေ။

ခဏအကြာမှာတော့ အားလုံးသောသူတို့သည် နောက်သို့ဆုတ်ခွာသွားကြသည်။ နေရာတွင် ရှမ့်လန်၊ ကျင်းမူလန်၊ ရွှမ်ဝူမြို့စားကြီး၊ လီဝမ်ကျန့်နှင့် အပေါင်းအပါတစ်ချို့သာ ကျန်ရစ်ခဲ့၏။

(ဟေးရွှေထိုင်)၏ အထူးတပ်ဖွဲ့ဝင်က ဆိုသည်။ “ရွှမ်ဝူမြို့စားကြီး... နောက်ဆက်တွဲကိစ္စကို ဘာမှ မမြင်သလို သဘောထားလိုက်ပါ”

ပြီးနောက် ခပ်မြန်မြန် အမိန့်ပေးလိုက်၏။ “လီဝမ်ကျန့်ကို ဖမ်းခေါ်သွားကြ။ ကိုယ်လက်အင်္ဂါ ဖြတ်တောက်၍ ကွပ်မျက်စေ”

ထိုစကားထွက်ပေါ်လာသည်နှင့် တပြိုင်နက် ရှိရှိသမျှသောသူအားလုံးတို့သည် တုန်လှုပ်ခြောက်ခြားသွားကြသည်။ လီဝမ်ကျန့်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး မိမိ၏ နားကိုပင် မိမိ မယုံကြည်နိုင် ဖြစ်သွားသည်။ “မှားနေပြီ။ ခင်ဗျားတို့ မှားနေပြီ။ ကိုယ်လက်အင်္ဂါ ဖြတ်တောက်ပြီး ကွပ်မျက်ခံရမှာက ရှမ့်လန်လေ။ ခင်ဗျားတို့ နာမည် မှားဖတ်နေပြီ”

လီဝမ်ကျန့်သည် ရူးသွပ်သွားသူတစ်ယောက်ကဲ့သို့ပင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “(ဟေးရွှေထိုင်)က ဆရာကြီးတို့၊ ခင်ဗျားတို့ မှားနေပြီ။ အရှင်မင်းမြတ်က အခုလေးတင် ကျုပ်ကို အမိန့်တော်ချမှတ်ခဲ့တာ။ လစာ တစ်နှစ် ဖြတ်တောက်တဲ့ အပြစ်ပဲ ပေးခဲ့တာပါ။ အရှင်မင်းမြတ်ရဲ့ အမိန့်တော်က ဘယ်လိုလုပ် အချိန်နဲ့အမျှ ပြောင်းလဲနိုင်မှာလဲ”

သို့ပေမည့် လီဝမ်ကျန့်၏ စကားကို မည်သူမျှ ဂရုမစိုက်ကြပေ။ (ဟေးရွှေထိုင်)မှ အထူးတပ်ဖွဲ့ဝင်အချို့သည် သူ့ကို တွဲရထားလုံးတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။ နေပြည်တော်သို့ ပြန်ခေါ်ရန်ပင် အချိန်မဖြုန်းတော့ဘဲ ဤရထားလုံးထဲတွင်ပင် တိုက်ရိုက် ကွပ်မျက်ရမည် ဖြစ်၏။

လီဝမ်ကျန့်သည် ကြောက်လန့်တကြား ဖြစ်သွားသည်။ ရှမ့်လန်၏မျက်နှာကို တစ္ဆေတစ်ကောင်လို လှမ်းကာ ကြည့်ရှုနေမိသည် “ရှမ့်လန်.. မင်း ဘာလုပ်ခဲ့တာလဲ။ မင်းက လူလား၊ တစ္ဆေလား။ ရှမ့်လန် .... မင်း ဘယ်လို လှည့်ကွက်မျိုး သုံးခဲ့တာလဲ။ အရှင်မင်းမြတ်ကို အမိန့်တော်ပြောင်းစေအောင် မင်း ဘာလုပ်ခဲ့တာလဲ”

ဟုတ်ပေသည်။ ရှမ့်လန်သည် အမှန်တကယ် မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သနည်း။ တိမ်ကို လက်တစ်ဖက်ဖြင့် စုလိုက်၊ နောက်လက်တစ်ဖက်ဖြင့် မိုးရွာအောင် စေခိုင်းသကဲ့သို့ မိုင်တစ်ထောင်အကွာမှနေ၍ အရှင်မင်းမြတ်၏ အမိန့်တော်ကို ပြောင်းလဲစေခဲ့သည်။ လီဝမ်ကျန့်ကို သတ်ရုံသာမက အလွန် ရက်စက် ကြမ်းကြုတ်သော ကိုယ်လက်အင်္ဂါ ဖြတ်တောက်၍ ကွပ်မျက်ခြင်းဖြင့် အဆုံးစီရင်စေခဲ့၏။

“ရှမ့်လန်၊ မင်း ကျုပ်ကို ပြောပြပါ။ ကျုပ်ကို ပြောပြပါ။ သေရင်တောင် အကျိုးအကြောင်း သိအောင် ပြောခဲ့ပေးပါ။ ဒါမှအသေဖြောင့်မှာ ...”

......

ရှမ့်လန် အနေနှင့် လီဝမ်ကျန့်ကို သတ်ဖြတ်ရန် အလွန်လွယ်ကူ၏။ သူ့၌ ထိုသို့လုပ်ရန် နည်းလမ်းပေါင်းများစွာ တည်ရှိလေသည်။ သို့ပေမည့် ဘုရင်မင်းမြတ်အနေနှင့် ၎င်း၏အမိန့်ကို ပြန်လည်ပြောင်းလဲရန်အတွက် အလွန်တရာ ခက်ခဲလှချေ၏။ လီဝမ်ကျန့်ကို သုတ်သင်ပစ်ဖို့ဆိုသည်မှာ မလွယ်လှချေ။

ရှမ့်လန်အနေနှင့် ထိုအကြောင်းအရာနှင့်ပတ်သက်၍ လွန်ခဲ့သည့်လဝက်ထဲက အစီအစဉ်ကို စတင်ဖန်တီးခဲ့ခြင်း ဖြစ်လေ၏။ အဘယ်ကြောင့်ဆိုသော် ဘုရင်မင်းမြတ်သည် လီဝမ်ကျန့်ကို သုတ်သင်ပစ်ရန် စိတ်ဆန္ဒရှိလိမ့်မည် မဟုတ်ကြောင်း ကြိုတင်တွက်ချက်ပြီးဖြစ်သောကြောင့်ပင်။ ထို့ကြောင့် ရှမ့်လန်အနေနှင့် အရံ အစီအစဉ်တစ်ခုကို ကြိုတင်ကာ စီစဉ်ထားခဲ့၏။ လွန်ခဲ့သည့်လဝက်ကမှ ပြုလုပ်ခဲ့သည့်အရာဖြစ်သောကြောင့် အလျင်စလိုတော့ နိုင်လွန်းလှ၏။

ပြောရမည်ဆိုလျှင် ရှစ်ချင်းချင်း၏ စေ့စပ်ပွဲ ဒုတိယမြောက်နေ့ကတည်းက ကျင်းဟွေ့ ပျောက်ကွယ်သွားခဲ့သည်ကို အားလုံးသောသူတို့ သတိပြုမိလိမ့်မည် မဟုတ်ချေ။

ထိုအရာသည် ရှမ့်လန်က ကြိုတင်ကာ စီစဉ်ခဲ့ခြင်းပင် ဖြစ်၏။ သူသည် ကျင်းဟွေ့အား မင်းနေပြည်တော် ဆီသို့ စေလွှတ်၍ တချို့ကိစ္စများကို စီမံဆောင်ရွက်ရန် အမိန့်ပေးထားသေကြောင့်ပင်။ ကျင်းဟွေ့ ဤအတိုင်း ပျောက်ကွယ်သွားခဲ့ခြင်း မဟုတ်ချေ။ လူပေါင်းတစ်ဒါဇင်ကျော်တို့ကို ခေါ်ဆောင်သွားရန်လည်း မှာကြားခဲ့၏။ ထို့ပြင် ရွှေဒင်္ဂါးတော်တော်များများ ကိုလည်း ထည့်ပေးလိုက်သေးသည်။

ရှမ့်လန်သည် တစ်စုံတစ်ယောက်ကို ထိခိုက်နာကျင်အောင် ပြုလုပ်ချင်သည့် အခြေအနေမျိုးတွင် ခန့်မှန်း၍ မရသည့် အရာမျိုးအဖြစ် ဖန်တီးကာ အလစ်အငိုက် တိုက်ခိုက်ခြင်းကို ပိုမိုကာ နှစ်သက်၏။

သို့ပေမည့် ဘုရင်မင်းမြတ်သည် လီဝမ်ကျန့်ကို အဘယ်သို့ သတ်ဖြတ်မည်နည်း။ ဤဇာတ်လမ်းသည် လွန်ခဲ့သည့်နှစ် အနည်းငယ်က စတင်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က လီဝမ်ကျန့်သည် နန်းတွင်းစာမေးပွဲ၏ ဒုတိယမြောက်အဆင့်ကို အောင်မြင်ခဲ့လေ၏။ ထို့ကြောင့် အလွန်တရာလည်း ဂုဏ်ယူခဲ့၏။ သူသည် မြို့တော်တွင် တကယ့်ကို ကျော်ကြားလွန်းသည့် ကျောင်းတော်သား ပညာတတ်အဖြစ် နာမည်ကြီးမားခဲ့၏။

ထို့အပြင် ထိုမြို့တွင် ကျော်ကြားလွန်းသည့် အမျိုးသမီးတစ်ယောက်လည်း ရှိ၏။ သူမ၏နာမည်သည် ဟယ်ဝမ်ဝမ် ဖြစ်သည်။ သူမသည် အတတ်ပညာလေးမျိုးကို ကျွမ်းကျင်ပြီး မြို့တော်၏ ဇိမ်မယ် ပညာတတ် ထိပ်ဆုံး ဆယ်ယောက်စာရင်းတွင် ပါဝင်၏။ အလွန်တရာလည်း လှပသည်။

အထူးသဖြင့် သူမ၏သေးငယ်သည့် ခါးလေးသည် နာမည်ကျော်ကြားလွန်းလှချေ၏။ ယောကျ်ားပေါင်း များစွာတို့သည် ထိုအရာကို ကြည့်ရှုရင်း မှင်သက်အံ့ဩမိကြ၏။ သူမ ဧည့်ခံရသည့် ဖောက်သည်များသည် အဆင့်အတန်းမြင့်သည့် ဖောက်သည်များသာလျှင် ဖြစ်၏။ ချမ်းသာလွန်းပါသည်ဆိုသော စီးပွားရေးသမားများပင်လျှင် သူမနှင့်တွေ့ဆုံနိုင်ခြင်း မရှိချေ။

အရာရှိကြီးများ၊ ထိပ်တန်းကျောင်းတော်သားများကသာလျှင် သူမ၏ ဖောက်သည်များဖြစ်၏။ သူမသည် သူမ၏ ကျွမ်းကျင်မှုကို ရောင်းချသော ဇိမ်မယ်တစ်ယောက်ဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်ကို ရောင်းချသူတစ်ယောက် မဟုတ်ချေ။ ဤအရာသည် သူမ၏ အပြုအမူနှင့် နေထိုင်မှုပုံစံပင် ဖြစ်လေ၏။

အဆင့်မြင့် ကျောင်းတော်သားများတို့သည် အဆင့်မြင့်စာမေးပွဲများကို အောင်မြင်ဖြေဆိုခဲ့ပြီးသည့်နောက် ဧည့်ခံပွဲများကို ကျင်းပလေ့ရှိ၏။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူမနှင့် သွားရောက်တွေ့ဆုံပြီး ပျော်ပါးခြင်းကလည်း အကောင်းဆုံးအရာ ဖြစ်၏။ ထို့ကြောင့် လီဝမ်ကျန့်သည်လည်း ခြွင်းချက်မရှိဘဲ ဟယ်ဝမ်ဝမ် ရှိရာ ဆောင်ကြာမြိုင်ဆီသို့ သွားရောက်လည်ပတ်ခဲ့သည်။

ဤနေရာတွင် လူငယ်ပါရမီရှင်ဟူ၍ ရည်ညွှန်းရမည်ဆိုပါက အသက် ၂၀ နှင့် ၄၅ နှစ်ကြားကို ရည်ညွှန်းရမှာ ဖြစ်၏။ တချို့ အသက် ၄၅ နှစ်ကျော်ပြီးသော ယောကျ်ားတချို့သည် စွမ်းအင်အပြည့် တည်ရှိနေနိုင်သေး၏။ ဥပမာအားဖြင့် ဤစာအုပ်ကို ဖတ်ရှုနေသည့် အမျိုးသားကောင်းများပင် ဖြစ်၏။

သို့ပေမည့်တချို့သော ယောကျ်ားများမှာတော့ နေ့စဉ်နေ့တိုင်း စာအုပ်များကို ဖတ်ပြီး အဓိပ္ပာယ် မရှိသည့်အရာများကို ပြုလုပ်ခဲ့ သောကြောင့် ညှိုးချောင်လျက် ရှိနေ၏။ အသက် ၄၅ နှစ် မပြည့်ခင်ကပင် ဆောင်ကြာမြိုင်ဆီသို့ သွားရောက်လည်ပတ်ရန် အားအင်မရှိတော့ပေ။

လီဝမ်ကျန့်သည် ကျောင်းတော်သားပညာတတ်တစ်ယောက် ဖြစ်လာသည့်အချိန်မှာတော့ ၂၈ နှစ်အရွယ်သာလျှင် ရှိသေး၏။ သူ၏ယန်စွမ်းအင်သည် အလွန်တရာ အားကောင်းလွန်းသေး၏။ ထို့ကြောင့် သူသည် အားတက် သရောဖြင့် ဆောင်ကြာမြိုင်ဆီသို့ သွားရောက်ခဲ့၏။ သူသည် ထိုမိန်းကလေးကို မြင်ရသည့်အချိန်မှာတော့ တကယ်ပင် ထိတ်လန့်တကြားဖြင့် အံ့အားသင့်မိ၏။ သူတွေ့ဖူးသမျှ အရာအားလုံးတို့ထက် ပိုမိုကာ လှပသည့် မိန်းကလေးတစ်ယောက်ပင်။

မူလန်ကို စတင်တွေ့ဆုံမိသည့် အချိန်တုန်းက ဖြစ်ပျက်ခဲ့သည့် အရာများကိုပင် ပြန်လည်ကာ အမှတ်ရမိစေခဲ့၏။ အလွန်ချောမောသည့် အမျိုးသမီးတစ်ယောက်ကို စတင်၍ မြင်ရသည်နှင့်တစ်ပြိုင်နက် အံချီးတစ်ပန်း ဖြစ်ရသည်မှာ ယောကျ်ားသဘာဝပင် ဖြစ်လေ၏။

ထိုအချိန်က ၎င်းနှင့်အတူ ကျောင်းတော်သားပညာတတ် ဆယ်ယောက်ကျော် ပါဝင်လာခဲ့၏။ ဟုတ်ပေ၏။ ၎င်းတို့အားလုံးသည် ကဗျာများကို ရေးသားခဲ့၏။ ကဗျာရေး၍ အနိုင်ရရှိသူ မည်သူမဆိုသည် သူမနှင့် အတူတူ သောက်စား၍ တွေ့ဆုံရမည် ဖြစ်သည်။

ထိုနေ့၌ လီဝမ်ကျန့်သည် အလွန်အမင်း ကြိုးစားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ၏ကာမဂုဏ်သည် အလွန်အားပြင်းနေသောကြောင့်ပင်။ အထူးသဖြင့် သူသည် အလွန်ကောင်းမွန်လွန်းသည့် ကဗျာတစ်ပုဒ်ကို ရေးသားခဲ့ပြီး ရှိရှိသမျှသော လူပေါင်းများစွာတို့ကို ဖိနှိပ်ခဲ့၏။ ပြီးနောက် သူသည် ဗိုလ်စွဲခဲ့၏။

ကဗျာမှာ

ငြိမ်သက်ချိုင့်ဝှမ်း၊ ကျယ်ပြောလှစွာ၊

တိမ်ရောင်စုံဖြာ၊ ဝမ်ဝမ် ထင်ဟပ်၊

လုံယုံသံရပ်၊ ကျောက်ဟန်ညွှတ်ပြောင်း၊

နတ်ညွှန့်စစ်စစ်၊ လရောင်ထိုးနှယ် ….။

ပြောရမည်ဆိုလျှင် ကဗျာသည် အလွန်ကောင်းမွန်စွာ ရေးသားထားခဲ့သည်ဟု ဆိုရပေလိမ့်မည်။ ထိုအချိန်တုန်းက လီဝမ်ကျန့်သည် သူမကို ဆွဲဆောင်နိုင်ခဲ့၏။ အားလုံးသောသူတို့က အံ့အားသင့်ခဲ့ကြ၏။ အလွန်ကောင်းမွန်သည့် ဦးနှောက်ဖြင့် ဖန်တီးစပ်ဆိုထားခဲ့သည့် ကဗျာသည် ထိပ်တန်းလက်ရာကောင်းတစ်ခုပင် ဖြစ်သည်။

လီဝမ်ကျန့်၏ ကဗျာသည် သူမကို ဆွဲဆောင်နိုင်ခဲ့လေသည်လား။ သေချာပေ၏။ လီဝမ်ကျန့်သည် အခန်းထဲသို့ ပင့်ဖိတ်ပြီး အတူတူ စားသောက်ရုံသာမက သူမ၏ တေးသီချင်းတီးခတ်မှုများကိုပင် နားဝင်ပီသစွာ နားထောင်ခဲ့ရ၏။

သူသည် ထိုကိစ္စနှင့်ပတ်သက်၍ အလွန်ပင် ဂုဏ်ယူဝမ်းကြွားနေမိ၏။ ကျောင်းတော်သား ပညာတတ်တစ်ယောက် ဖြစ်ပွားခဲ့သည်ထက်ပင် ပိုမိုကာ ဂုဏ်ယူမိ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဤကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိရန် ကျောင်းတော်သားပညာတတ် ၁၀ ယောက်ကျော်ကို အနိုင်ယူနိုင်ခဲ့သောကြောင့်ပင်။

ထိုတင်သာမကသေးချေ။ သူမသည် သူ၏ကဗျာကို လက်ရေးမူကူးယူကာဖြင့် အခန်းထဲတွင် ချိတ်ဆွဲထားခဲ့၏။ ဟုတ်ပေ၏။ ထိုညက လီဝမ်ကျန့်နှင့် သူမတို့သည် အရက်သေစာ သောက်စားခြင်းကိုသာ ပြုလုပ်ကြ၏။ တခြား ဘာတစ်ခုကိုမှ ထူးထူးခြားခြား မပြုလုပ်ခဲ့ကြချေ။ အရက်သေစာ သောက်စားခြင်းတစ်ခုသာလျှင် ရှိ၏။ တစ်ယောက်နှင့် တစ်ယောက် ထိတွေ့ဆက်ဆံခဲ့ခြင်း မရှိချေ။

ယခင်တုန်းက သူ့အား အားလုံးသောသူတို့က အထင်အမြင်သေးခဲ့ကြ၏။ ယခု ဒုတိယတန်းစား အမှုထမ်း တစ်ယောက် ဖြစ်လာခဲ့ပြီးသည့်နောက် သူသည် တကယ်ပင် မောက်မာဝံ့ကြွားစွာ ရပ်တည်နိုင်ပြီ ဖြစ်၏။ အားလုံးသောသူတို့က အထင်အမြင်ကြီးစွာ ဆက်ဆံရမည့်လူမျိုး ဖြစ်လာခဲ့၏။

လီဝမ်ကျန့်သည် သူမဆီသို့ ထပ်မံကာ သွားရောက်လည်ပတ်ခဲ့၏။ ပထမအကြိမ် သွားရောက်တွေ့ဆုံခဲ့စဉ်က သူမသည် နေထိုင်၍မကောင်းဟု ပြောဆိုငြင်းပယ်ခဲ့၏။ ဒုတိယအကြိမ်မှာတော့ အဆင်သင့် မဖြစ်သေးဟု ပြောဆို ခဲ့ပြန်သည်။ ဤအရာသည် လီဝမ်ကျန့်အား အလွန်ပင် စိတ်ဓာတ်ကျစေခဲ့သည်။

ပထမဦးဆုံးအနေနှင့် သူ၏ဂုဏ်ပုဒ်ကို သူပြန်လည်ကာ စဉ်းစားသုံးသပ်ခဲ့၏။ လောကကြီးတစ်ခုလုံးတွင် အဆင့်အမြင့်ဆုံး အခြေအနေဆီသို့ ရောက်ရှိလာပြီဆိုမှသာ ခန့်ညားထည်ဝါစွာဖြင့် ခေါင်းမော့ ရင်ကော့ကာ နေထိုင်နိုင်မှာ ဖြစ်သည်။ ထိပ်တန်းပညာတတ် ဇိမ်မယ် နှင့် လီဝမ်ကျန့်တို့၏ကြား ဇာတ်လမ်းသည် အဆုံးသတ်သည့် အခြေအနေဆီသို့ ရောက်ရှိသွားခဲ့၏။

သို့ပေမည့် စာမေးပွဲကို ဖြေဆိုပြီးနောက် နောက်တစ်ဆင့်သို့ တက်နိုင်မည် ဆိုပါက နယ်စားရာထူးကို ရယူနိုင်မည် ဖြစ်၏။ ထိုရာထူး ရရှိရန် ခက်ခဲလှသော်လည်း တကယ်ပင် ကြိုးစားလျှင် ဖြစ်နိုင်သည့် အရာမျိုးပင်။

လီဝမ်ကျန့်သည် ဒုတိယတန်းစား အမှုထမ်းတစ်ယောက်ဖြစ်သည် ဆိုလျှင်တောင်မှ ကောင်းမွန်သည့် နောက်ခံမျိုး ရှိသည် မဟုတ်ချေ။ ကောင်းမွန်သည့် မိသားစုနောက်ခံမျိုးကို ပိုင်ဆိုင်သည်ဆိုပါက ဤကဲ့သို့ ခက်ခက်ခဲခဲ ရုန်းကန်နေရလိမ့်မည် မဟုတ်ချေ။

လီဝမ်ကျန့်သည် လအနည်းငယ်ကြာ စောင့်စားခဲ့၏။ သို့ပေမည့် ကောင်းမွန်သည့် ရာထူးရာခံကို မတွေ့ခဲ့ချေ။ ထိုအချိန်က သူသည် သူ၏ဂုဏ်သိက္ခာကို တိုးတက်စေရန် နည်းလမ်းများကို ဆက်တိုက် ဆိုသလို စဉ်းစားထားခဲ့၏။ နောက်ဆုံးမှာတော့ လီဝမ်ကျန့်သည် ကဗျာပေါင်းချုပ်ဟူသည့် စာအုပ်တစ်အုပ်ကို ထုတ်ဝေရန် ဆုံးဖြတ်ခဲ့၏။ ထိုမှသာ ကျောင်းတော်သား တစ်ယောက် သူ၏ ဂုဏ်သိက္ခာသည် ပိုမို တိုးတက်မည် မဟုတ်ပါလား။

သို့ပေမည့် လီဝမ်ကျန့်၏ ကဗျာစာအုပ်သည် ရှမ့်လန်၏ မာယာမျဉ်းပြိုင်နှင့် နှိုင်းယှဉ်၍ မရနိုင်ခဲ့ချေ။ အရောင်းစာရင်းတွင် ကြီးကြီးမားမား ကွာခြားလျက် ရှိနေ၏။ သူသည် စာအုပ်ကို ငွေတော်တော်များ အသုံးပြုကာ ပုံနှိပ်ထုတ်ဝေခဲ့၏။ သို့ပေမည့် အရှုံးပေါ်ခဲ့၏။

မည်သူသည် ကဗျာပေါင်းချုပ်ကို ဝယ်ယူကာ ဖတ်ရှုမည်နည်း။ ထိုကဲ့သို့သော စာများကို ဖတ်ရှု၍ ဘာအသုံးကျမည်နည်း။

ရောင်းချ၍ မရသောကြောင့် လီဝမ်ကျန့်သည် ထိုစာအုပ်များကို လက်ဆောင်ပေးရန် နည်းလမ်းကို စဉ်းစားခဲ့၏။

လူပေါင်းများစွာသည် ထိုစာအုပ်ကို လက်ခံရရှိသည့်အချိန်တွင် သန်းထောင်နှင့် ချီသည့် စကားလုံးများကို ပြောဆို၍ ချီးကျူးခဲ့ကြ၏။ သူတို့သည် ကျိန်းသေပေါက် ဖတ်ရှုမည်ဖြစ်ကြောင်း ကိုလည်း ပြောဆိုခဲ့၏။ တချို့ဆိုလျှင် အမွှေးတိုင်ထွန်း၍ ရေမိုးချိုးပြီးမှ ဖတ်ရှုရန်ပင် အာမဘန္တေ ခံခဲ့လေ၏။ သို့ပေမည့် အိမ်သို့ ပြန်ရောက်သည်နှင့် တပြိုင်နက် ထိုစာအုပ်ကို စာကြည့်စင်ပေါ်သို့ တင်၍ တစ်ခါမှ ကောက်ကိုင်ကာ ကြည့်ရှုခြင်း မရှိကြချေ။

ရှမ့်လန်၏ မာယာမျဉ်းပြိုင်စာအုပ်မှာတော့ အိပ်ရာဘေးတွင်ထားကာ ဖတ်ရှုသည့်စာအုပ် ဖြစ်လာခဲ့၏။ ထို့ကြောင့်ပင်လျှင် လီဝမ်ကျန့်သည် သူ၏ကဗျာပေါင်းချုပ်ကို ထုတ်လုပ်ပြီး ဂုဏ်သိက္ခာတိုးတက်အောင် ပြုလုပ်ချင်သည့် စိတ်ဆန္ဒကလည်း မအောင်မြင်ခဲ့ချေ။ နောက်ဆုံးမှာတော့ သူသည် သူ့ကိုယ်သူ အဓိက အာဏာပိုင်များဆီသို့ ရောင်းချခဲ့ပြီးသည့်နောက် ငွေရောင်ဝတ်စုံဝတ် စုံစမ်းစစ်ဆေးရေး အကြီးအကဲ ဖြစ်လာခဲ့သည်။

ဤအရာသည် မြို့တော်တွင် သိရှိနေသည့် လီဝမ်ကျန့်နှင့်ပတ်သက်သည့် ပတ်သက်သော အရေးကြီး သတင်းအချက်အလက်များပင် ဖြစ်၏။ ဤသတင်း အချက်အလက်များနှင့်ပတ်သက်၍ ဂယ်ပေါက်ဟူ၍ တော်တော်များများက ရှာဖွေနိုင်လိမ့်မည် မဟုတ်ချေ။ ၎င်းကို သတ်ဖြတ်ပစ်ဖို့ဆိုသည်မှာ ဝေလာဝေးပင် ဖြစ်၏။

သို့ပေမည့် ရှမ့်လန်သည် ဂယ်ပေါက်တစ်ခုကို ချက်ချင်းပင် ရှာဖွေတွေ့ရှိခဲ့၏။ လီဝမ်ကျန့်သည် သူမအား ကဗျာတစ်ပုဒ် ရေးသားပေးခဲ့သည်။

ဘုရင်မင်းမြတ်သည် အလှအပနှင့် ကဗျာများကို ချစ်ခင်နှစ်သက်သူတစ်ယောက် ဖြစ်၏။ ဤနေရာတွင် အချိတ်အဆက်တစ်ခုက ပေါ်ပေါက်လာခဲ့လေပြီ။ ထိုအချိတ်အဆက်ကို အသုံးပြုပါက အောင်မြင်နိုင်မှုနှုန်းသည် တစ်ရာ ရာခိုင်နှုန်းမဟုတ်ဘဲ ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းရှိသည်ဆိုလျှင်တောင် သူ ချက်ချင်း လှုပ်ရှားရမှာ ဖြစ်၏။

ပထမဦးဆုံးခြေလှမ်းအနေနှင့် ကဗျာတစ်ပုဒ်ကို ရေးဖွဲ့ကာဖြင့် သူမဆီသို့ သွားရောက်ကာ ရောင်းချစေခဲ့၏။ ဤကဗျာသည် တကယ့်ကို ထိပ်တန်းအနုပညာလက်ရာဟု သုံးသပ်ရလောက်အောင် ကောင်းမွန်သည့်အရာ ဖြစ်၏။ သူမသည် ထိုကဗျာကို ရွတ်ဖတ်ခဲ့ပြီးသည့်နောက် ချက်ချင်းပဲ ပညာတတ် ပြည့်တန်ဆာအဆင့် နဝမမြောက်မှသည် ပထမသုံးယောက် စာရင်းထဲသို့ ရောက်ရှိသွားခဲ့သည်။

ထိုကဲ့သို့ အနုပညာပြည့်တန်ဆာ ထိပ်တန်းသုံးယောက်သည် နန်းတော်ထဲသို့ ဝင်ရောက်ကာဖြင့် မိဖုရားခေါင်၏ မွေးနေ့ကို ဖျော်ဖြေရန် အခွင့်အရေး ပိုင်ဆိုင်၏။

ဒုတိယခြေလှမ်းအနေနှင့် ရှမ့်လန်သည် တကယ့်ကို ကောင်းမွန်ပြီး ဆွဲဆောင်မှု ရှိလွန်းသည့် ဝတ်စုံတစ်ခုကို ဖန်တီးချုပ်လုပ်ကာဖြင့် သူမဆီသို့ သွားရောက်ကာ ရောင်းချစေခဲ့၏။ နန်းတော်ထဲသို့ ဝင်ရောက်ရာတွင် ထိုအရာကို ဝတ်ဆင်သွားရန် ရည်ညွှန်းခြင်းပင်။

မိဖုရားခေါင်ကြီး၏ မွေးနေ့ပွဲမှာတော့ သူမသည် အလွန်ကောင်းမွန်သည့် စွမ်းဆောင်ရည်ကို ထုတ်ဖော် ပြသခဲ့၏။ သူမသည် သီချင်းတစ်ပုဒ်ကို သီဆိုခဲ့၏။ ထိုသီချင်းသည်လည်း ရှမ့်လန် သူမကို ရောင်းချထားသည့် သီချင်းပင် ဖြစ်၏။

သူမ၏ကဗျာသည် အားလုံးသောသူတို့အား မှင်သက်အံ့အားသင့်စေခဲ့၏။ သူမ၏ ဝတ်စုံသည် အားလုံးသောသူတို့ကို ဆွဲဆောင်စေခဲ့၏။ သူမ၏သီချင်းသံသည် ဘုရင်မင်းမြတ်ကိုပင်လျှင် အံ့အားသင့် ချီးကျူးစေခဲ့သည်။

တတိယခြေလှမ်းအနေနှင့် ရှမ့်လန်သည် ပန်းချီကားတစ်ချပ်ကို သူမအား သွားရောက် ရောင်းချထားခဲ့၏။ ထိုညက မိဖုရားခေါင်ကြီး၏မွေးနေ့ပွဲအတွက် ပန်းချီကားလက်ဆောင်သည် အံ့ချီးလောက်စရာ ဖြစ်လာခဲ့၏။

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် မည်ကဲ့သို့သောလူမျိုး ဖြစ်သနည်း။ စိတ်ကူးယဉ်ဆန်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲသူ၊ ပါရမီရှင်များကို ချစ်ခင်နှစ်သက်သူဟု ကျော်ကြားသည်။

သူမသည် အလွန်လှပ၏။ ထို့အပြင် ဆွဲဆောင်မှုလည်း ရှိ၏။ ကဗျာစပ်ဆိုရာတွင်လည်း အံ့အားသင့်စရာ ဖြစ်ပြီး တေးသီချင်း သီဆိုမှုတွင်လည်း အံချီးလောက်စရာ ဖြစ်၏။ ထို့အပြင် ပန်းချီကားကို မြင်ရသည့် အချိန်မှာတော့ ဘုရင်မင်းမြတ်၏ နှလုံးသားတစ်ခုလုံးသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွားခဲ့၏။

ထို့ကြောင့် ဘုရင်မင်းမြတ်က မေးမြန်းလိုက်သည်။ “ဒီမိန်းကလေးက အပျိုစစ်သေးရဲ့လား”

ကျေးကျွန်တစ်ယောက်သည် ရောက်ရှိလာကာ သံတော်ဦးတင်၏။ “သူမက သန့်ရှင်းပါတယ်။ ချစ်သူ ရည်းစား တစ်ယောက်မှတောင် မရှိခဲ့ပါဘူး”

ထို့ကြောင့် ဘုရင်မင်းမြတ်သည် သူမကို နန်းတော်အတွင်းသို့ တိတ်တဆိတ်ခေါ်ဆောင်လာရန် တစုံတစ်ယောက်အား စေခိုင်းခဲ့၏။ ပြီးနောက် သူမနှင့် အိပ်ခဲ့၏။ ဟုတ်ပေ၏။

သူမသည် ကျော်ကြားလွန်းသည့် ပညာတတ် ပြည့်တန်ဆာဇိမ်မယ် တစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူမအား ကိုယ်လုပ်တော်အဖြစ် ဘုရင်မင်းမြတ်က သတ်မှတ်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် သူမ၏ဆွဲဆောင်မှုကိုတော့ ဘုရင်မင်းမြတ်က ကောင်းကောင်းနားလည်ပြီး သဘောကျ နှစ်ခြိုက်သည်။

သို့ပေမည့် ထိုညက သူမ ... သူမသည် သွေးမထွက်ခဲ့ချေ။ မည်သည့်သွေးမှ မထွက်ခြင်းဆိုသည်မှာ အပျိုမစစ်ခြင်း ဟူသော အဓိပ္ပာယ်ပင် ဖြစ်၏။ ဘုရင်မင်းမြတ်သည် အလွန်ဒေါသထွက်ပြီး လိမ်ညာလှည့်စားခံခဲ့ရစလို ခံစားမိခဲ့၏။

သူမသည် ဝမ်းနည်းစွာဖြင့် ငိုယိုလျက် ရှိနေ၏။ ကောင်းကင်ကိုပင် တိုင်တည်ကာဖြင့် သူမသည် အပြစ်ကင်းစင်သော အပျိုစစ်စစ် တစ်ယောက်ဖြစ်ကြောင်း ကျိန်ဆိုခဲ့၏။ သို့ပေမည့် အဘယ်ကြောင့် သွေးမထွက်ခြင်း ဆိုသည်ကိုတော့ သူမ မသိရှိချေ။

All Chapters