← Chapters

အပိုင်း (၁၁၄)

Vol. 9 Ch. 114

အပိုင်း (၁၁၄)

Vol. 9 Ch. 114

ရှမ့်လန်၏ စိတ်ဓာတ်ကျကာ ထွက်ခွာသွားသည့် အသွင်သဏ္ဍာန်ကို ကြည့်ရှုပြီးသည့်နောက် လင်းကျိုးသည် တကယ်ပင် ပျော်ရွှင်နေမိ၏။ “ဟားဟားဟား မင်း ရှမ့်လန်တောင် ဒီလိုနေရာမျိုးကို ရောက်လာခဲ့တာပဲ။ နောက်ခံကောင်းကောင်း တည်ရှိခြင်းက ကြီးမားတဲ့ အရာတွေကို ပြုလုပ်နိုင်ခြင်းပဲလေ။ ကြိုက်တာ လုပ်လို့ရတယ်။ ရှမ့်လန် မင်းရဲ့နောက်ခံက ငါ့လောက် မကောင်းဘူး”

ထိုအချိန်မှာတော့ လင်းကျိုးသည် ဝမ်လျှံကိုပင် လွမ်းလာခဲ့သည်။ “အစ်ကိုဝမ်လျှံ ခင်ဗျား ဘယ်ရောက်နေလဲ။ ကျုပ် ခင်ဗျားကို လွမ်းနေပြီ”

သူ့အနေနှင့် ဝမ်လျှံအား ဘောမခဲ့ရသည့် အကြိမ်ပေါင်းများစွာကို ပြန်လည်ကာ တွေးတောမိခဲ့၏။ ဝမ်လျှံ၏ ရှေ့တွင် ပြန်လည်ကာ ဝါကြွားပြောဆိုရန် မစောင့်နိုင်တော့သလိုပင်။

ထိုအချိန်မှာပဲ လင်းကျိုး၏ ယုံကြည်ရသည့်လူတစ်ယောက်သည် အလျင်အမြန်နှင့် ဝင်ရောက်လာခဲ့သည်။ “ဆရာ ကျုပ်သတင်းတစ်ခု ကြားခဲ့ပါတယ်”

လင်းကျိုးက ပြောလိုက်၏။ “ပြောလေ”

ထိုသူက ပြောလိုက်သည်။ “ကျန်းကျင်းရဲ့ စေ့စပ်ပွဲအခမ်းအနားနေ့မှာ ဝမ်လျှံ ရူးသွပ်သွားပြီးတော့ ထွက်ခွာသွားခဲ့တယ်။ သူက လမ်းတစ်ဝက်မှာ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရတယ်။ စားပွဲမှာတုန်းက မြို့တော်ဝန် လျှိုဝူယမ်က သူ့ရဲ့ အတိုင်ပင်ခံတစ်ယောက်ကို စူးစူးရှရှ ကြည့်ခဲ့တယ်တဲ့။ ကျိန်းသေပေါက် ဝမ်လျှံကို သတ်ဖြတ်ဖို့ ကျွမ်းကျင်သူတွေကို စေလွှတ်လိုက်တာပဲ ဖြစ်မယ်”

လင်းကျိုးက ပြောလိုက်၏။ “ဝမ်လျှံက လျှိုဝူယမ်ရဲ့ ပြန်ပေးဆွဲခြင်းကို ခံထားရတာ ဖြစ်မယ်။ မသေဖို့ပဲ မျှော်လင့်မိတာပဲ”

လင်းကျိုး၏ တိုက်ခိုက်မှုသည် ရုတ်တရက် ဆန်လွန်း၏။ ရွှမ်ဝူမြို့စားအိမ်တော်ကို အလစ်ငိုက် ဖြစ်စေခဲ့၏။ ဘုရင်မင်းမြတ်က အချက်ပြလိုက်သည်နှင့် တပြိုင်နက် ထင်မှတ်ထားသည့်အတိုင်းပင် လူပေါင်းများစွာတို့သည် ဝင်ရောက်ကာ တိုက်ခိုက်ရန် စီစဉ်နေကြပြီ ဖြစ်သည်။

ချင်းကန်မြို့စားအိမ်တော်ကဲ့သို့ စစ်တပ်အားအင်ကို ပိုင်ဆိုင်သည့် လူများပင်လျှင် လှုပ်ရှားလာကြပြီ ဖြစ်၏။ ၎င်းတို့သည် ဘုရင်မင်းမြတ်၏ လက်ထဲတွင် ရှိနေသော စစ်တုရင်ရုပ်များအဖြစ် လိုလိုချင်ချင်နှင့် ခစားလျက် ရှိ၏။

ရွှမ်ဝူမြို့စားအိမ်တော်အနေဖြင့် စစ်သည်များကို ဦးဆောင်ကာ ၎င်းတို့၏တပ်ဖွဲ့များကို လာရောက်ကာ သိမ်းယူရန် စီစဉ်ခိုင်းလေသည်လား။ ထိုအရာသည် ပုန်ကန်မှု ဖြစ်ပေလိမ့်မည်။ ထိုအရာကို အခွင့်ကောင်း ယူပြီးနောက် အားလုံးသော သူတို့သည် လာရောက်ကာ တိုက်ခိုက်ကြမှာ သေချာ၏။ မည်သည့် အကြောင်းအရာကိုမှ ပြနေစရာ မလိုအပ်တော့ချေ။ ထို့ကြောင့်ပင်လျှင် ယန်ရှန် ဒုတပ်မှုး တစ်ယောက် ဖြစ်သော လင်းကျိုးသည် မောက်မာ ဝင့်ကြွားစွာ လုပ်ချင်ရာကို လုပ်နေခြင်းပင်။

ဤနေရာတွင် ဆိုးဝါးသည့် အခြားအရာများလည်း တည်ရှိနေသေး၏။ ချင်းကန်မြို့စားအိမ်တော်နှင့် ကျန်းချုံး တို့သည် မသိမသာ ပူးပေါင်းလျက် ရှိနေခြင်းပင်။ ၎င်းတို့နှင့်အတူ ကျင်းဟိုင်မြို့စားအိမ်တော်လည်း ပါဝင်လျက် ရှိနေသေး၏။ ၎င်းတို့အားလုံးသည် ကျင်းမိသားစု၏ ရန်သူများ ဖြစ်လာခဲ့ကြ၏။ တည်နေရာပတ်ဝန်းကျင် အနှံဆီမှ ချုံခို တိုက်ခိုက်ရန် ပြင်ဆင်နေကြခြင်းပင်။

သို့ပေမည့် ရှမ့်လန်၌ ထိုအရာများအားလုံးကို ဖယ်ရှားကာ လွတ်မြောက်အောင် ပြုလုပ်နိုင်စွမ်းကတော့ လွယ်လွယ်ကူကူ တည်ရှိနေသေး၏။

.......

လျှို့ဝှက်အခန်းတွင်းမှာတော့ ကိုယ့်ကိုယ်ကိုယ် သင်းကွပ်ခဲ့ပြီဖြစ်သော ဝမ်လျှံသည် သင်းကွပ်ခြင်းကြောင့် ဖြစ်ပေါ်လာခဲ့သော နာကျင်မှုများကိုပင် မေ့လျော့နေခဲ့၏။ သူ့အနေနှင့် အစားအသောက် ကောင်းကောင်း ကိုပင် စားမဝင်ခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် သူသည် တစ်စုံတစ်ခုကို စွဲလန်းနေခဲ့ပြီ ဖြစ်၏။ သူသည် လောကသစ်တစ်ခု၏ တံခါးပေါက်ကို ဖွင့်လှစ်ခဲ့ပြီ ဖြစ်သည်။

ဟုတ်ပေ၏။ သူသည် အနောက်ပေါက်ကို ရည်ညွှန်းနေခြင်း မဟုတ်ချေ။ ရှမ့်လန်ပေးခဲ့သည့် မူးယစ်ဆေးကို စိတ်ဝင်စား စွဲလန်းသွားခဲ့ခြင်းပင် ဖြစ်၏။ ထိုအရာသည် မူးယစ်ဆေးဝါးထက်ပင် ပိုမိုကာ အားကောင်းသည့် အရာ ဟူ၍ပင် ထင်မှတ်မှားရ၏။ ဘိန်းထက်ပင် စွဲလမ်း၏။ လေထဲတွင် လွင့်မျောသလို ဖြစ်တည်နေသည့် ခံစားချက်မျိုး သည် စကြာဝဠာထဲသို့ ရောက်ရှိသွားသကဲ့သို့ပင်။ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်ထွက်ခွာသွားသကဲ့သို့ပင် ထင်ရ၏။ တကယ့်ကို အံ့အားသင့်စရာကောင်းလွန်း၏။

ထိုအံ့အားသင့်စရာ ခံစားချက်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ယောက်ျားနှင့်မိန်းမ သံဝါသ ပြုလုပ်ခြင်းသည် ဘာမှ အဓိပ္ပာယ်ရှိသည့် အရာမျိုးမဟုတ်ချေ။ သူ ဝမ်လျှံသည် အင်မော်တယ်တစ်ယောက် ဖြစ်လာခဲ့လေပြီ။ လဝက်အတွင်း ဝမ်လျှံသည် နေ့စဉ်နေ့တိုင်းဆိုသလိုပင် အင်မော်တယ် ဖြစ်ခဲ့၏။ ထို့ကြောင့် ကျန်သောအရာအားလုံးသည် သူ့အတွက် အဓိပ္ပာယ်မရှိတော့ချေ။

နေ့စဉ်နေ့တိုင်းဆိုသလိုပင် သူသည် နှစ်နာရီတိတိ အင်မော်တယ် ဖြစ်ခွင့်ရခဲ့၏။ ထိုအရာသည် သူ့အတွက် လောကစည်းစိမ်ကို အပြည့်အဝ ခံစားရခြင်းပင်။ ရှမ့်လန်ပေးသည့် နတ်ဘုရားဆေးကို စားသုံးပြီးနောက် သူသည် ထိုဆေးကို ထပ်ခါထပ်ခါ လိုချင်တောင့်တလာခဲ့၏။ နတ်ဘုရားဆေးသာ ရှိနေသည်ဆိုပါက သူသည် မည်သည့်အရာ နှင့်မဆို လဲလှယ်ရန် အဆင်သင့်ရှိသည်။

ဘုရင်အဖြစ် ပြုလုပ်မည်လား၊ နတ်ဘုရားဆေးကို သုံးစွဲမည်လားဆိုလျှင် သူသည် နတ်ဘုရားဆေးကိုသာလျှင် ရွေးချယ်မှာ ဖြစ်၏။ သူသည် အင်မော်တယ်သာလျှင် ဖြစ်ချင်၏။ တခြားမည်သည့်အရာမှ မဖြစ်ချင်ချေ။

ရှမ့်လန်သည် ဝမ်လျှံ၏ရှေ့ဆီသို့ ရောက်ရှိလာခဲ့၏။ သင်းကွပ်ခြင်းကို ခံရပြီးသည့်နောက် ဝမ်လျှံ၏ အသားအရေများသည် ပိုမိုကာ သွယ်လျလှပလာခဲ့ပြီး ပိုမိုကာ စိုပြေလာခဲ့၏။ ပိုမိုကာ ပိန်ကျသွားခဲ့ပြီး မိန်းမတစ်ယောက်၏ အော်ရာများသည် ၎င်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လျက် ရှိနေ၏။

“ကျေးဇူးရှင်... ကျေးဇူးရှင်ကြီး”

ရှမ့်လန် ပေါ်လာသည်ကို မြင်ရသည့်အချိန်မှာတော့ ဝမ်လျှံသည် မြှောက်ပင့်ကာ ပြောဆိုလိုက်သည်။ “ကျုပ်ကို နတ်ဘုရားဆေး ပေးဖို့လာတာလား”

ရှမ့်လန်က ပြောလိုက်၏။ “အင်း မနက်ဖြန်က စပြီးတော့ ခင်ဗျားကိုပေးမယ့် နတ်ဘုရားဆေးတွေကို ကျုပ် ၃၀ ရာခိုင်နှုန်း တိုးပေးမယ်”

ဝမ်လျှံသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။ “ကျေးဇူးတင်ပါတယ် ကျေးဇူးရှင်ကြီး .... ကျေးဇူးတင်ပါတယ်”

ရှမ့်လန်က ပြောလိုက်၏။ “ဝမ်လျှံ ကျုပ်တစ်စုံတစ်ခုလုပ်ဖို့အတွက် ခင်ဗျားကို လိုအပ်တယ်”

“ပြောသာပြောပါ” ဝမ်လျှံက ဦးညွှတ်လိုက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျားရဲ့မိတ်ဆွေဟောင်းကြီး လင်းကျိုး ပြန်လာပြီ။ သူက ချင်းကန်မြို့စား အိမ်တော်ရဲ့ သမက်တော် ဖြစ်လာခဲ့တယ်။ သူက ချမ်းသာလာခဲ့တယ်။ ဒါကြောင့် ခင်ဗျားကို နေ့စဉ်နေ့တိုင်း လွမ်းသလို ပြောဆိုနေတယ်”

ဝမ်လျှံ၏ဦးနှောက်သည် ခမ်းခြောက်သွားခဲ့၏။ ရုတ်တရက် သူသည် ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့၏။ ထို့ကြောင့် ပြောလိုက်သည်။ “သူက ကျုပ်ရှေ့လာပြီးတော့ ဝါကြွားပြောဆိုချင်တာပဲ ဖြစ်ရမယ်။ အရင်တုန်းက သူက ကျုပ်ရဲ့အရှေ့မှာ ခွေးတစ်ကောင်သာသာပဲ။ အခု ရုတ်တရက် အခြေအနေ မြင့်တက်လာတဲ့အချိန်မှာ ကျုပ်ကို သူ့ရှေ့မှာ ဒူးထောက်ပြီးတော့ ဘောမစေချင်တယ်နဲ့ တူတယ်”

ထိုအချိန်မှာတော့ ဝမ်လျှံ၏မျက်လုံးများထဲတွင် နာကျည်းမှုများနှင့် ပြည့်နှက်လာခဲ့၏။ ယခင်တုန်းက သူ၏ရှေ့တွင် လာပြီး သူ့ဖိနပ်ကို နမ်းခဲ့ရသည့်လူသည် ယခု အဘယ့်ကြောင့် ပိုမိုကာ ချမ်းသာပြီး အဆင့်အတန်း မြင့်မားလာရသနည်း။

ရှမ့်လန်က ပြောလိုက်၏။ “အင်း... သူက ခင်ဗျားကို တွေ့ချင်တယ်တဲ့ဆိုတော့ သူ့ကို အံ့အားသင့်စရာ ဖြစ်အောင် သွားတွေ့လိုက်တာ မကောင်းဘူးလား။ ပြီးတော့ အတူတူ ဝိုင်လေးဘာလေး သောက်ကြပေါ့။ အခွင့်အရေးကို အရယူပြီးတော့ ကျုပ် နတ်ဘုရားဆေးတစ်ချို့ ပေးလိုက်မယ်။ သူ့ကို စိတ်ပျောက်အောင် လုပ်လိုက်”

ရှမ့်လန်သည် ခဏလောက် ရပ်တန့်ကာဖြင့် ဆက်ပြောလိုက်သည်။ “ပြီးတော့ အခွင့်အရေးယူပြီး လင်းကျိုးနဲ့ အတူ အိပ်လိုက်။ နောက်မနက်ရောက်ရင် လင်းကျိုးက ခင်ဗျားကို ဖျက်ဆီးပါတယ် ဆိုပြီးတော့ အော်တော့ ...”

ချင်းကန်မြို့စားအိမ်တော်၏လူများသည် ထိုမြင်ကွင်းကို မြင်ရပါက ကျိန်းသေပေါက် စိတ်လှုပ်ရှားစရာများ ဖြစ်မှာ သေချာ၏။

ချက်ချင်းပင် ဝမ်လျှံသည် ဒူးများပင် ခွေယိုင်သွားခဲ့၏။ သူ၏ဦးနှောက်သည် တကယ့်ကို ခြောက်ခမ်းလျက် ရှိနေသည်ဆိုလျှင်တောင်မှ ဤကျေးဇူးရှင်ကြီးသည် သူ့ထင်မှတ်ထားသည်ထက် ပိုမိုကာ ကြမ်းတမ်း ရက်စက်လျက် ရှိနေသည်ကို ခံစားသိမြင်လိုက်ရသည်။

ပြီးနောက် ရှမ့်လန်သည် သူ၏ဆေးကို အနည်းငယ် ထိန်းချုပ်ကာဖြင့် ဝမ်လျှံကို ပေးလိုက်၏။ တစ်ခါတည်း သတိမေ့သွားသည်အထိ သောက်သုံးလိုက်မည်ဆိုပါက ဘာတစ်ခုမှ အသုံးဝင်တော့မည် မဟုတ်ချေ။

ချက်ချင်းပဲ ဝမ်လျှံသည် နတ်ဘုရားဆေးတစ်ခုကို သောက်သုံးပြီး လောကသစ်တစ်ခု၏ တံခါးချက်ကို ဖွင့်လှစ် လိုက်၏။ “ကျုပ် ဝမ်လျှံက အလကားနေ အလကား နှစ် ၂၀ ကျော်ကို ဖြုန်းတီးခဲ့တာပဲ။ ဘာကို သောက်သလွဲ နန်းတွင်း စာမေးပွဲလဲ။ ဘာသောက်တလွဲ အလုပ်အကိုင်လဲ။ ဘာသောက်သလွဲ မိန်းမတွေလဲ။ အရာအားလုံးက ထိုက်တန်တဲ့အရာတွေ မဟုတ်ဘူး။ ထိုက်တန်တဲ့အရာတွေ မဟုတ်ဘူး”

ဤ နာရီပိုင်းအတွင်းတွင် သူသည် အနှိုင်းမဲ့သကဲ့သို့သော ခံစားချက်မျိုးကို ရရှိ၏။ သူ၏အသိအမြင်များသည် ထက်ရှလျက် ရှိနေပြီး သူ၏ပတ်ဝန်းကျင်တွင် ရှိနေသည့် အရာအားလုံးသည် ပြောင်းလဲသွားခဲ့သည့်ပုံမျိုးပင်။ သူသည် ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်ယံကို လှမ်းကာ ကြည့်ရှုလိုက်၏။ ဝမ်လျှံသည် ကောင်းကင်ပေါ်တွင် လှမ်းလျှောက်လျက် ရှိနေသည်ဟု ခံစားမိ၏။

သူ၏စိတ်ထဲတွင်လည်း မေးခွန်းပေါင်းများစွာ ပေါ်ပေါက်လာခဲ့သည်။

ဝမ်လျှံဆိုသည့်သူသည် မည်သူဖြစ်သနည်း။ မည်သည့်နေရာက ရောက်ရှိလာခဲ့သနည်း။ မည်သည့်နေရာကို သွားရမည်နည်း။ အချိန်၊ တည်နေရာ ထိုအရာများအားလုံး၏ မူလအရင်းအမြစ်က မည်သည့်နေရာမှာနည်း။ ကောင်းကင်ပေါ်မှာ ကြယ်တွေဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။

ပြီးတော့ သူဝမ်လျှံ သေဆုံးသွားခဲ့ပြီဆိုပါက ကောင်းကင်ယံထက်၌ ကြယ်များအဖြစ်သို့ ပြောင်းလဲသွားမည်လား။

.........

နှစ်နာရီခန့် ကြာမြင့်ပြီးနောက် ဤခံစားချက်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။ ဝမ်လျှံ၏ စိတ်တစ်ခုလုံးသည် စိတ်လှုပ်ရှားနေလျက် ရှိနေရာမှ စိတ်ဓာတ်ကျခြင်း အခြေအနေဆီသို့ ရောက်ရှိသွားခဲ့၏။ သူသည် ထိုဆေးကို မသောက်သုံးပါက ကျိန်းသေပေါက် စိတ်ပျက်လက်ပျက် ခံစားမိမှာ သေချာ၏။

ဤကဲ့သို့သော အခြေအနေမျိုးတွင် လင်းကျိုးနှင့် သွားရောက်တွေ့ဆုံခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။ ရှမ့်လန်သည် ဝမ်လျှံ၏လက်ထဲသို့ ဆေးမှုန့်တစ်အိတ်ကို ကမ်းပေးလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “အင်း လမ်းမှာ စားမသွားနဲ့။ နားလည်တယ်မလား”

ဝမ်လျှံက ပြောလိုက်၏။ “ကျေးဇူးရှင်ကြီး ... ခင်ဗျား ကျုပ်ကို နတ်ဘုရားဆေးတွေသာ ပေးမယ်ဆိုရင် ကျုပ် ကျိန်းသေပေါက် ကိုယ့်ခန္ဓာကိုယ်ကို အသုံးပြုပြီးတော့ လုပ်စရာရှိတာ အကုန်လုပ်မှာပဲ”

ပြီးနောက် သူသည် ရှမ့်လန်ကို ပြောလိုက်သည်။ “ပြီးတော့ ကျုပ် ခင်ဗျားထက်ပိုပြီး လင်းကျိုးကို လက်စားချေ ချင်တယ်”

လင်းကျိုးသည် အတိတ်တုန်းက အခွင့်အာဏာ တစ်ခုမှမရှိသည်အထိ နိမ့်ကျဆိုးရွားလွန်းခဲ့၏။ ချင်းကန်မြို့စား အိမ်တော်၏ သမက်တော် ဖြစ်လာခဲ့ပြီးနောက် အဘယ်သို့ သူ၏အထက်တွင် ရောက်ရှိနေပြီဟု ထင်မှတ်သွားရသနည်း။

“အင်း ကောင်းမွန်တဲ့ ဘဝဆိုတာ ဘာလဲ သိစေရမယ်”

ပြီးနောက် ဝမ်လျှံသည် ရေမိုးချိုး၊ အဝတ်အစားလဲကာဖြင့် ပိုးထည်ဝတ်စုံကို ဝတ်ဆင်လိုက်၏။ ကျောင်းတော်သားတစ်ယောက်၏ အရှိန်အဝါမျိုးသည် ပြန်လည်ကာ ဖြစ်တည်လာခဲ့၏။ သူသည် ရာထူးရာခံ မတည်ရှိတော့သည်ဆိုလျှင်တောင်မှ ကျိန်းသေပေါက် သပ်ရပ်ခန့်ညားသည့် အသွင်သဏ္ဍာန်မျိုးကိုတော့ ပိုင်ဆိုင်သေး၏။

မှန်ရှေ့တွင် ထိုင်ပြီးနောက် ဝမ်လျှံသည် ခဏလောက် သုံးသပ်နေမိ၏။ အမှတ်မထင်ဆိုသလိုပဲ စိတ်ထိန်းချုပ်နိုင်မှု က လွတ်ကင်းသွားခဲ့၏။ ထို့ကြောင့် သူသည် မျက်ခုံးမွှေး၊ နှုတ်ခမ်းနီများကို စတင်ကာ ရေးဆွဲမိ၏။ ထို့အပြင် မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ကြည့်ရှုရင်း ထူးဆန်းသည့် အပြုံးတစ်ခုကို ပြုံးလိုက်မိ၏။ သူသည် တကယ့်ကို ချောမောလွန်းလာခဲ့သည်။

ပြီးနောက် သူ၏စိတ်ထဲတွင် ကျင်းမူလန်က ပေါ်ပေါက်လာခဲ့၏။ သူမ၏မျက်နှာသည် အဓိကမဟုတ်ချေ။ သူမ၏ အဝတ်အစားများသာလျှင် ဖြစ်၏။ ဝမ်လျှံ၏နှလုံးသားများက တုန်ရင်သွားခဲ့၏။ ထို့ကြောင့် သူသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အဝတ်အစားများကို ပြန်လည်ကာ လဲလှယ်ရပေလိမ့်မည်။

နှစ်နာရီခန့် ကြာမြင့်ပြီးနောက် မတူကွဲပြားခြားနားလျက် ရှိနေသည့် ဝမ်လျှံသည် အိမ်ထဲမှ ထွက်လျှောက် လာခဲ့၏။ ၎င်း၏ရှေ့တွင် မြင်းသုံးစီးက အဆင်သင့်ရှိနေသည်။ ယခင်တုန်း ကသာဆိုလျှင် သူသည် ထွားကျိုင်းပြီး မြင့်မားလွန်းသည့် မြင်းမျိုးကို ရွေးချယ်မှာ သေချာ၏။ သို့ပေမည့် ယခု ဘာကြောင့်မှန်းမသိချေ။ အပိန်ဆုံးသော မြင်းတစ်ကောင်ကို ရွေးချယ်ကာ တက်စီးလိုက်၏။ ပိန်လှီလွန်းသည့် မြင်း၏ကျောတွင် အရိုးများပင် ငေါထွက်လျက် ရှိ၏။

ရှမ့်လန်သည် မည်သို့မှ မနေနိုင်ဘဲ စကားတစ်ခုကို သွားကာ တွေးမိသည်။

‘အရိုးပေါ်အရေတင် မြင်းများကို စီးနင်းရသည့် မိန်းကလေးများသည် ပျော်ရွှင်ကြည်နူးကြသည်’ ဟူသည့် စကားပင်။

ကျင်းကျုံးသည် ရှမ့်လန်၏နားဆီသို့ လာရောက်ပြီး တီးတိုးပြောလိုက်၏။ “သမက်တော်.. ကျုပ်တို့ သူ့ကို လိုက်ကြည့်ဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်ရအုံးမလား။ သူ့အခွင့်အရေးယူပြီး ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ”

ရှမ့်လန်သည် တစ်စုံတစ်ခုကို ပြောဆိုရန် ပြင်လိုက်၏။ သို့ပေမည့် ဝမ်လျှံသည် ဦးခေါင်းကို အသာလှည့်ကာ ပြောလိုက်သည်။ “ကျင်းကျုံး... ကျုပ် ဘယ်လောက်ကြာကြာ အသက်ရှင်မလဲတော့ မသိဘူး။ ပြီးတော့ ဘယ်နေရာကို သွားရမှန်းလဲမသိဘူး။ နားလည်လား”

မယုံကြည်နိုင်လောက်စရာပင်။ ဝမ်လျှံ၏ အကြားအာရုံသည် တိုးတက်လာခဲ့၏။ ဤမျှဝေးကွာသည့် နေရာဆီမှ တီးတိုးပြောဆိုသည့် အသံကိုပင် ကြားနေ၏။ သို့ပေမည့် သူသည် အစစ်အမှန်ကို ပြောဆိုနေခြင်းပင် ဖြစ်၏။ ဝမ်လျှံသည် ကြာရှည် အသက်ရှင်စိတ် မရှိချေ။ သူ၏ကျောင်းတော်သား တစ်ယောက်၏ ဂုဏ်ပုဒ်သည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး သူ၏ရာထူးရာခံကလည်း ပျောက်ဆုံးသွားခဲ့လေ၏။

ထို့အပြင် သူ၏ မိသားစုမျိုးဆက်ကို ထမ်းဆောင်ရမည့် ရတနာကလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ သူ မည်သည့်နေရာကို သွားရမည်နည်း။ သူ့၌ သွားစရာနေရာ မရှိချေ။ ရှမ့်လန်ဆီသို့ ပြန်လာရမည်သာ။ တစ်နေ့လျှင် နှစ်နာရီနီးပါး အင်မော်တယ်အဖြစ် ခံစားရခြင်းကိုသာလျှင် သူနှစ်သက်တော့သည်။

မူးယစ်ဆေး၏ ကျေးကျွန်တစ်ယောက် ဖြစ်သွားပြီးနောက် သူသည် မည်သည့်နေရာတွင် နေထိုင်ရသည် ဆိုခြင်းကို ဂရုမစိုက်တော့ချေ။ အိမ်သာထဲမှာ နေထိုင်ရသည်ဖြစ်စေ၊ ရန်သူ၏အိမ်တွင် နေထိုင်ရခြင်းပင် ဖြစ်စေ မည်သည့်နေရာတွင် နေထိုင်ရခြင်းကမှ သူ့အတွက် စိတ်စနိုးစနှောင့် ဖြစ်စေလိမ့်မည် မဟုတ်ပေ။

.........

ဖမ်းဆီးထိန်းသိမ်းထားရာ စစ်စခန်း၊ လူကုန်တန်ပွဲရုံ၏ အိမ်ပိုင်ရှင် လင်းဝူသည် သူ၏သားကို တွေ့ဆုံရန် လာခဲ့၏။

“ကျိုးအာ ... တကယ် ပြဿနာမရှိဘူး မဟုတ်လား”

လင်းဝူက ပြောလိုက်သည်။ “လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ရှမ့်လန်ကို ပြဿနာရှာခဲ့တဲ့ လူတွေ အကုန်လုံးက သေကုန်ကြတယ်”

လင်းကျိုးက ပြောလိုက်၏။ “အဖေ ဒါပေမဲ့ ရှမ့်လန် သတ်ခဲ့တဲ့လူတွေအကုန်လုံးက နောက်ခံမရှိတဲ့ လူတွေချည်းပဲလေ”

အမှတ်မထင်ဆိုသလိုပဲ လင်းကျိုးသည် အဓိပ္ပာယ်ရှိသည့်အရာကို ပြောဆိုခဲ့ခြင်း ဖြစ်၏။ လင်းကျိုးက ပြောလိုက်သည်။ “ကျန်းကျင်း ဘာဖြစ်လဲ။ ရှစ်ချင်းချင်း ဘာဖြစ်လဲ။ ပြီးတော့ ကျူးဝမ်ဟွာ ဘာဖြစ်လဲ။ အားလုံးက အသက်ရှင်ပြီး ကောင်းကောင်းမွန်မွန် နေထိုင်နေကြတယ် မဟုတ်လား။ ဘုရင်မင်းမြတ်ဆီက အချက်ပြမှုကို ရရချင်းမှာ ဒီလူတွေအကုန်လုံးက ဓားသွေးနေကြပြီ။ ရှမ့်လန်ကို သတ်ဖို့ စောင့်နေကြပြီ”

လင်းဝူက ပြောလိုက်၏။ “အင်း... ဒါပေမဲ့ ငါတို့ အမှတ်မထင်ဆိုသလို လျစ်လျှူရှုပြီး လုပ်ချင်တာ လုပ်လို့တော့ မဖြစ်ဘူး။ ကျန်းကျင်းကို ရှမ့်လန်နဲ့ ရင်ဆိုင်ခိုင်းလိုက်တာ ပိုမကောင်းဘူးလား”

လင်းကျိုးသည် အထင်အမြင်သေးစွာဖြင့် ပြောဆိုလိုက်သည်။ “အဖေ ကျုပ်က ချင်းကန်မြို့စားအိမ်တော်ရဲ့ နောက်ခံကို ပိုင်ဆိုင်တယ်။ ကျုပ်ရဲ့ယောက္ခထီးက မြောက်ပိုင်း စစ်သူကြီးတစ်ယောက်ပဲ။ သူ့ရဲ့လက်အောက်မှာ စစ်သည်ပေါင်း သောင်းချီ ရှိနေတယ်။ ၃ သောင်းကျော်လောက်တောင် ရှိတယ်လေ။ ကျုပ်က ရွှမ်ဝူအိမ်တော်ကို နေရာအနှံ့အပြားက တိုက်ခိုက်နေတဲ့ လူပေါင်းများစွာထဲက တစ်ယောက်ပဲ။ တကယ်လို့ အောင်မြင်သွားမယ် ဆိုရင် ဘယ်လိုဂုဏ်သိက္ခာနှင့် ဘယ်လိုအောင်မြင်မှုမျိုးကို ရရှိမယ်လို့ ထင်လဲ”

“ပြီးတော့ ရှမ့်လန်က ရောက်လာခဲ့ပြီးပြီ။ ရွှမ်ဝူအိမ်တော်မှာ ရှိနေတဲ့ မြင်းသည်တော်တွေကို လွှတ်ပေးဖို့ အတွက် တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ကျုပ် ငြင်းပယ်လိုက်ခဲ့တယ်။ သူ ချေးတောင် မပေါက်ရဲဘူး။ ဒီလိုလူမျိုးက ဘာလုပ်နိုင်မှာမို့လို့လဲ။ အားနည်းတဲ့လူတွေကိုပဲ အနိုင်ကျင့်လို့ရမယ်။ အားကောင်းတဲ့လူတွေကိုတော့ ကြောက်ရမှာ မဟုတ်လား”

ပြီးနောက် လင်းကျိုးသည် သူ၏အဖေရှေ့တွင် ကြီးမားသည့် အရှိန်အဝါမျိုးကို ထုတ်ဖော်ကာ ပြသလျက် ရှိနေ၏။ ရေနွေးခွက်ကို အသာကောက်မပြီးနောက် သူ၏အဖေ သောက်သုံးရန်အတွက် ရေနွေးတစ်ခွက်ကို ငှဲ့ပေးလိုက်၏။

“အဖေ.. ရှမ့်လန်ကို အဖေအရင်တုန်းက ဘယ်လောက်ပဲ ကြောက်ခဲ့၊ ကြောက်ခဲ့ ဒီနေ့မှာတော့ အဲဒီအရာအားလုံးအတွက် ကျုပ်လက်စားချေပြမယ်။ လူကုန်တန်ပွဲရုံကလည်း တစ်လနီးပါးလောက် ပိတ်ထားခဲ့ရတယ်။ ဘာစီးပွားရေးမှ မလုပ်ရဲဘူး။ ဒါတွေ အားလုံးက ရှမ့်လန်ကြောင့်ပဲ။ ဒီတော့ ကျုပ်တို့ ကောင်းကောင်း ပြန်ပြီး ပေးဆပ်ခိုင်းရမယ်”

လင်းကျိုးက အေးစက်စွာ ပြောလိုက်သည်။ “လင်းမိသားစုက ဆုံးရှုံးခဲ့ရတဲ့ ဂုဏ်သိက္ခာတွေကို ပြန်မယူနိုင်ဘူးလို့တော့ မပြောနဲ့နော်။ ကျုပ်တို့လင်းမိသားစုက အောင်မြင်မှုသရဖူကို လှမ်းကိုင်ပြီးရင် ရွှမ်ဝူအိမ်တော်လိုပဲ ကြီးမားတဲ့ အခြေအနေတစ်ခုကို ဖန်တီးပြီး ရွှမ်ဝူမြို့မှာ အခြေချနေထိုင်ရမယ်။ အဲလို အရာတွေကို ပြုလုပ်ဖို့အတွက် ရှမ့်လန်ရဲ့ခေါင်းကို နင်းလျှောက်သွားရမယ်”

လင်းဝူသည် ထိုစကားကို ကြားရသည့်အချိန်မှာတော့ သဘောတူညီမိ၏။ သူသည် တစ်စုံတစ်ခုကို စဉ်းစား တွေးတောမိကာဖြင့် ပြောဆိုလိုက်၏။ “အင်း.. ဟုတ်ပြီ မနေ့က ရှစ်ကွမ်းယွမ် ငါ့ဆီလာခဲ့သေးတယ်။ သူက ရွှမ်ဝူအိမ်တော်ကို တိုက်ခိုက်တဲ့အချိန်မှာ သူနဲ့ ပူးပေါင်းပြီး တိုက်ခိုက်မလားဆိုပြီး မေးမြန်းခဲ့တယ်။ ငါတို့ကလည်း ကြီးကြီးမားမား ဆုံးရှုံးခဲ့တာ မဟုတ်လား။ လုပ်လိုက်ကြတာပေါ့”

လင်းကျိုးက ပြောလိုက်၏။ “ကျုပ်တို့ ရွှမ်ဝူအိမ်တော်ကို တိုက်ခိုက်တယ်ဆိုတာက နိုင်ငံရေးအရလည်း မှန်ကန်တဲ့ အရာတစ်ခုပဲ။ ဘာကိုပဲ ပေးဆပ်ရ၊ ပေးဆပ်ရ ကျုပ်တို့ လုပ်ကိုလုပ်ရမယ်”

“ရှစ်ကွမ်းယွမ်က စေ့စပ်ပွဲညက ခံစားခဲ့ရတဲ့ နာကျင်မှုတွေ ပျောက်သွားခဲ့ပြီလား။ အင်း.. ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်ကလည်း အားကောင်းလွန်းတယ်လေ။ ချက်ချင်းပဲ လူတွေအကုန်လုံး တိုက်ချင်ခိုက်ချင်စိတ်တွေ တိုးတက်စေခဲ့တာပဲ”

လင်းဝူက ပြောလိုက်၏။ “လီဝမ်ကျန့်က သေဆုံးသွားခဲ့ပြီလို့ ငါကြားခဲ့တယ်။ ကြားသလောက်တော့ သူက ဘုရင်မင်းမြတ် နှစ်သက်နေတဲ့ မိန်းကလေးနဲ့ ရှုပ်ခဲ့တယ်တဲ့။ အခု သူသေသွားပြီမလား”

လင်းကျိုးသည် ခဏလောက် တွန့်ဆုတ်ကာဖြင့် ပြောလိုက်သည်။ “ဒါတင် မကသေးဘူး။ အဓိက သော့ချက်ကတော့ ဒုတိယမင်းသားနှင့် အိမ်ရှေ့စံမင်းသားရဲ့ကြားမှာ တိုက်ပွဲ ဖန်တီးဖို့ စီစဉ်ခဲ့တာကြောင့်ပဲ။ သူက အိမ်ရှေ့စံမင်းသားကိုတောင်မှ စာထဲမှာ ထည့်ပြီး ဆဲဆိုခဲ့သေးတယ်။ ဒုတိယမင်းသားက ဘုရင်မင်းမြတ်ရဲ့ အခန်းရှေ့မှာ ခြောက်နာရီတိတိ ဒူးထောက်ပြီး ဒီကိစ္စကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တယ်။ ဘုရင်မင်းမြတ်က လီဝမ်ကျန့်ကို မသတ်ဘူးဆိုရင်တောင်မှ ဒုတိယမင်းသားက သူ့ကို ကျိန်းသေပေါက် အရေခွံခွာမှာပဲ။ ဒါကြောင့် ဘုရင်မင်းမြတ်က ရွေးချယ်ခွင့် မရှိတော့ဘူး။ လီဝမ်ကျန့်ကို သတ်ခဲ့ရတယ်။ ဒါမှပဲ အိမ်ရှေ့စံနှင့် ဒုတိယမင်းသားက တကယ့် ညီရင်းအစ်ကိုတွေလို ချစ်ချစ်ခင်ခင် နေထိုင်နိုင်မှာ မဟုတ်လား”

ပြီးနောက် လင်းကျိုးသည် အလျင်အမြန် ပြောလိုက်၏။ “အဖေ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပါးစပ်ကို စည်းထိန်းထားနော်။ ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့။ လီဝမ်ကျန့် သေဆုံးသွားခြင်းကိစ္စရဲ့ အဓိက အကြောင်းအရင်းက အဲဒီအကြောင်းအရာတွေကြောင့် မဟုတ်ဘူး။ သူ ရုတ်တရက် နှလုံး ထိခိုက်ပြီး သေဆုံး သွားခဲ့တာပဲ။ သေဆုံးပြီးတဲ့နောက်မှာ ဘုရင်မင်းမြတ်က သူ့ကို ရာထူးတောင် တိုးပေးခဲ့သေးတယ်”

လီဝမ်ကျန့်သည် အိမ်ရှေ့စံမင်းသားကို ဆဲဆိုပြီး ကြီးမားသည့် ပြဿနာများကို ပြုလုပ်ခဲ့၏။ သို့ပေမည့် တကယ်တမ်း သေဆုံးရခြင်း၏ ဖြစ်စဉ်အမှန်ကို သူသိရှိသော်လည်း ထုတ်ဖော်ပြောဆို၍ မဖြစ်နိုင်ချေ။ လီဝမ်ကျန့်ကို သတ်ဖြတ်ခြင်းသည် ကိစ္စရပ်တစ်ခုသာလျှင် ဖြစ်၏။ ဘုရင်မင်းမြတ်ပေးပို့ခဲ့သည့် နိုင်ငံရေးအချက်ပြမှုသည် ပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။

All Chapters