← Chapters

အပိုင်း (၁၁၅)

Vol. 9 Ch. 115

အပိုင်း (၁၁၅)

Vol. 9 Ch. 115

“ကောင်းပါပြီ။ အဖေ.. ယောက္ခထီးက တစ်စုံတစ်ယောက်ကို စေလွှတ်ပြီးတော့ ကျုပ်တို့လက်ထပ်ပွဲအတွက် ဆွေးနွေးခိုင်းမယ်တဲ့။ ဒီတော့ အမြန် အိမ်ကို ပြန်လာတာကောင်းလိမ့်မယ်။ အရေးကြီးတဲ့ဧည့်သည်တွေ ရောက်လာတဲ့အချိန်မှာ အိမ်မှာမရှိဘူးဆိုရင် မယဉ်ကျေးသလို ဖြစ်လိမ့်မယ်” လင်းကျိုးက ပြောလိုက်၏။

လင်းဝူသည် အလျင်အမြန်ပင် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် အပြင်ဘက်သို့ ထွက်လျှောက်သွားခဲ့၏။ ခန္ဓာကိုယ်ကို အသာလှည့်ပြီးနောက် လှမ်းကာ ပြောဆိုလိုက်သည်။ “ကျိုးအာ.. ချင်းကန်မြို့စားအိမ်တော်က လက်ထပ်ပွဲ ဆွေးနွေးဖို့အတွက် ဘယ်သူ့ကို စေလွှတ်လိုက်တယ်လို့ ထင်လဲ”

“အင်း”

လင်းကျိုးက ပြောလိုက်၏။ “ဦးရီးတော်ပဲ ဖြစ်မှာပေါ့”

...........

ညသို့ ရောက်ရှိလာခဲ့လေ၏။ လေ့ကျင့်ခြင်းသည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ စစ်စခန်းတစ်ခုလုံးတွင် ခရာသံများနှင့် ဆူညံလျက် ရှိနေ၏။ စစ်သည်များအားလုံးသည် ၎င်းတို့၏ စစ်စခန်းဆီသို့ ပြန်လာခဲ့ကြသည်။

လင်းကျိုးသည် တစ်ယောက်တည်း အရက်သောက်လျက် ရှိနေ၏။ သူသည် ချင်းကန်မြို့စားအိမ်တော်၏ သမက်တော်တစ်ယောက် ဖြစ်လာခဲ့ပြီးနောက် ငှက်မွေးကဲ့သို့ပင် ပေါ့ပါးလျက် ရှိနေသလို ခံစားရ၏။ သစ်ပင်များပေါ်သို့ လမ်းလျှောက်နေရသကဲ့သို့ပင်။ အစစ်အမှန် မဟုတ်သလိုပင် ခံစားနေမိ၏။

အရပ်သောက်လျက် ရှိနေတုန်းမှာပင် လင်းကျိုးသည် တစ်ယောက်တည်း ပြောဆိုလျက် ရှိနေသည်။ “ရှမ့်လန်.. တစ်ရက်ပဲ ကျန်တော့တယ်။ မင်းငါ့ကို လာပြီး ဦးညွှတ်မတောင်းပန်ဘူးဆိုရင် မနက်ဖြန် ရွှမ်ဝူအိမ်တော်မှာရှိတဲ့ မြင်းသည်တော်တွေ အားလုံး ဒုက္ခရောက်အောင် ငါလုပ်ပြမယ်။ ပြီးတော့ ငါ ကျင်းကျန့်နန် နဲ့ပတ်သက်ပြီး တစ်စုံတစ်ခု လုပ်မယ်။ အဲဒီအတွက် ယုတ်မာတယ်ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့ပေါ့”

“ရှမ့်လန်... ငါမင်းကို နင်းလျှောက်သွားခဲ့တဲ့အတွက် အပြစ်မတင်နဲ့။ မင်းမှာ ကြီးမားတဲ့ ဂုဏ်သိက္ခာတစ်ခု ရှိလာလိမ့်မယ်။ ဘာလို့လဲဆိုတော့ ငါ နင်းလျှောက်ခံရလောက်အောင် မင်းရဲ့ဦးခေါင်းက အဆင့်အတန်း မြင့်နေလို့ပဲ”

သူသည် အခြားသော အမှန်တရားတစ်ခုကို ပြောဆိုလိုက်၏။ မပင်မပန်းနှင့် ကျော်ကြားလာရန် နည်းလမ်း တစ်ခုက ဘာဖြစ်သနည်း။ ထိုအရာမှာ ကျော်ကြားသည့် လူတစ်ယောက်၏ဦးခေါင်းကို နင်းကာ တက်ခြင်းပင် ဖြစ်၏။ ထို့ကြောင့်ပင်လျှင် ဆိုရှယ်မီဒီယာပေါ်တွင် တစ်ချို့လူများသည် ထိုနည်းလမ်းကို အသုံးပြုကြခြင်းပင် ဖြစ်၏။

လင်းကျိုးသည် ပျော်ပျော်ရွှင်ရွှင်နှင့် သောက်သုံးလျက် ရှိနေ၏။ ပေါင် ၃၀၀ နီးပါးခန့်ရှိသော မိန်းမတစ်ယောက်ကို လက်ထပ်ရခြင်းအတွက် ဆိုးဝါးစွာ ခံစားရလိမ့်မည်ဟု လူပေါင်းများစွာက တွေးတောနေကြမှာ သေချာ၏။ သူသည်လည်း ကျိန်းသေပေါက် ထိုအရာကို အံကြိတ်ကာ ခုခံရမှာ ဖြစ်၏။ သို့ပေမည့် ထိုအရာကို သူ ထုတ်ဖော်ပြောဆို၍ မဖြစ်ချေ။

လှပသည့် မိန်းကလေးများသည် ကောင်းမွန်သည်ဟူတော့ သူသိရှိ၏။ သို့ပေမည့် သာမန်လှပသည့် မိန်းကလေးသည် သူ၏ ပေါင် ၃၀၀ နီးပါး မိန်းမလောက် ကောင်းမွန်လိမ့်မည် မဟုတ်ချေ။ လူတိုင်းတွင် အရသာ တစ်မျိုးစီ ရှိနေသည် မဟုတ်ပါလား။ စမ်းသပ်စားသုံးမကြည့်ဘဲနှင့် အရသာကို မည်သို့ သိရှိမည်နည်း။

ဟုတ်ပေ၏။ သူတို့သည် လက်ထပ်ခြင်း မရှိကြသေးချေ။ ထို့ကြောင့် ပေါင် ၃၀၀ နီးပါးခန့်ရှိသည့် စားသောက်ပွဲကြီး၏ အရသာကို သူကောင်းကောင်း အရသာ မခံရသေးချေ။ သူ၏အနာဂတ်မိန်းမကို မြင်ရချိန်က ကြက်သီး ထမိသည်ကိုတော့ ဝန်ခံမိပေလိမ့်မည်။

ထိုအချိန်မှာပဲ ရုတ်တရက် အပြင်ဘက်ဆီမှ ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာခဲ့၏။

လင်းကျိုးက အေးစက်စက် ပြောလိုက်သည်။ “ဘယ်သူလဲ။ စစ်စခန်းမှာ ဘယ်သူတွေ ယီးယီးယားယား ဖြစ်နေတာလဲ။ အသက်ရှင်ရတာ ပင်ပန်းနေပြီလား”

နောက်လိုက်တစ်ယောက်သည် အထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်၏။ “ဆရာ့ရဲ့ သူငယ်ချင်းဆိုလို့ လူတစ်ယောက်က ပြောနေပါတယ်”

ပြီးနောက် အပြင်ဘက်ဆီမှ အော်သံတစ်ခုက ထွက်ပေါ်လာခဲ့သည်။ “အစ်ကိုလင်းကျိုး ကျုပ်ပါ .... ဝမ်လျှံ ဝမ်လျှံ”

“ဝမ်လျှံ ဟုတ်လား”

လင်းကျိုးသည် ပျော်ရွှင်သွားမိ၏။ အလွန်တရာလည်း စိတ်လှုပ်ရှားမိနေ၏။ “အစ်ကိုဝမ်လျှံ နောက်ဆုံးတော့ ပေါ်လာခဲ့ပြီပေါ့”

မိမိ၏ မွေးရပ်မြေဆီသို့ အောင်မြင်မှုသရဖူ စောင်းကာ ပြန်လာခြင်း၏ ရည်ရွယ်ချက်က ဘာဖြစ်သနည်း။ ယခင်က ဘောမခဲ့ရသည့် လူများကို ဘောပြန်မစေချင်ခြင်းပင်။

လင်းကျိုးသည် ပျော်ရွှင်သွားမိ၏။ သူသည် အပြင်ဘက်သို့ ထွက်ကာ နှုတ်ဆက်ချင်မိ၏။ သို့ပေမည့် တစ်စုံတစ်ခုကို တွေးတောခဲ့ပြီးနောက် လက်ကို တည်ငြိမ်စွာ ယမ်းခါရင်း ပြောလိုက်သည်။ “ဝင်ခိုင်းလိုက်”

ဝမ်လျှံ အထဲသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်၏။ ဝမ်လျှံသည် ဝင်ဝင်ချင်း ဒူးထောက်ထိုင်ချကာဖြင့် အော်ဟစ်လိုက်၏။ “အစ်ကိုလင်းကျိုး ကျုပ်ကို ကယ်ပါအုံး။ ကျုပ်ကို ကယ်ပါအုံး”

အိုက်ယား အိုက်ယား ဒီခံစားချက်က တကယ်ကို ကောင်းတာပဲ။ နှစ်ပေါင်းများစွာ ငါမြှောက်ပင့် ပြောဆိုခဲ့ရတဲ့လူက ရောက်ရောက်ချင်း ငါ့ရဲ့ရှေ့မှာ ဒူးထောက်နေပါလား။

သူသည် သူ၏အတန်းဖော်များကို ခေါ်ဆောင်ကာဖြင့် ဝါကြွားပြောဆိုခဲ့ပြီးသား ဖြစ်၏။ သို့ပေမည့် ဤမျှ ကောင်းမွန်သည့် ခံစားချက်ကို မရရှိခဲ့ချေ။ ယခု ဝမ်လျှံသည် ကျိန်းသေပေါက် သူ၏ရှေ့တွင် ဒူးထောက်လျက် ရှိနေ၏။ တကယ့်ကို ခံစားရ ကောင်းမွန်လွန်းလှချေသည်။

ချက်ချင်းဆိုသလိုပဲ လင်းကျိုးသည် ဝမ်လျှံကို မတ်တပ်ထရပ်နိုင်ရန် ကူညီပေးလိုက်၏။ “အစ်ကိုဝမ်... ဘယ်လိုဖြစ်ပြီး ဒီလိုလုပ်ရတာလဲ။ ကျုပ်တို့က သူငယ်ချင်းကောင်းတွေလေ။ အပြင်လူလို ကျုပ်ကို ဆက်ဆံနေရတာလား။ ခင်ဗျား ဒူးထောက်ပြီး နှုတ်ဆက်တာကို ကျုပ်ဘယ်လို လက်ခံရမှာလဲဗျာ”

ဝမ်လျှံသည် ဦးညွှတ်ကာ ပြောလိုက်သည်။ “အစ်ကိုလင်း.. ကျုပ်ကို ကယ်ပါအုံးဗျာ။ ကျုပ်သွားစရာနေရာ မရှိတော့ဘူး”

လင်းကျိုးက ပြောလိုက်၏။ “ဘာကြောင့်လဲ။ ကျုပ်ရဲ့အစ်ကိုဝမ်ကို ဘယ်သူက ထိခိုက်နာကျင်အောင် လုပ်တာလဲ”

ဝမ်လျှံသည် ငိုရှိုက်ရင်း ပြောလိုက်သည်။ “ဟုတ်တယ်။ မြို့တော်ဝန် လျှိုဝူယမ်ပေါ့။ ပြီးတော့ ကျုပ် ... ကျုပ် သူ့ရဲ့မယားငယ်နဲ့ ဖောက်ပြန်မိတယ်။ ကျုပ် မလုပ်သင့်တဲ့ အရာတစ်ခုကို စိတ်လှုပ်ရှားပြီး လုပ်ခဲ့မိတယ်။ အဆုံးသတ်မှာတော့ လျှိုဝူယမ်က ကျုပ်ကို သတ်ဖို့ ကြိုးစားနေပြီ”

လင်းကျိုးက ပြောလိုက်၏။ “ဒါဆိုရင် လျှိုဝူယမ်က အစ်ကိုဝမ်ကို လက်စားမချေရသေးဘူးပေါ့”

လင်းကျိုးသည် အနည်းငယ် သတိအပြည့် ဖြစ်သွားမိ၏။ ဝမ်လျှံသည် လျှိုဝူယမ်၏သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီ မဟုတ်ပါလား။ အဘယ့်ကြောင့် ရုတ်တရက် ပေါ်ပေါက်လာရသနည်း။

ဝမ်လျှံသည် ရုတ်တရက် မတ်တပ်ထရပ်ပြီးနောက် အလွန်တရာ နာကျင်သည့် မျက်နှာသွင်ပြင်မျိုးနှင့် ပြောလိုက်သည်။ “လျှိုဝူယမ်က ကျုပ်ကို လူတွေ စေလွှတ်ပြီး ဖမ်းဆီးခဲ့တယ်”

လင်းကျိုးသည် သံသယအပြည့်ဖြင့် ပြောလိုက်၏။ “ဒါပေမဲ့ ဖမ်းမမိဘူးလား”

အဓိပ္ပာယ် မရှိချေ။

ဝမ်လျှံသည် မည်သည့်စကားကိုမှ မဆိုချေ။ သူ၏ အဝတ်ကို ကောက်မကာဖြင့် ဘောင်းဘီကို ချွတ်ပြလိုက်သည်။

လင်းကျိုးသည် အံ့အားသင့်သွား၏။ “အစ်ကိုဝမ်... ခင်ဗျား ခင်ဗျား ဘာလုပ်တာလဲ”

ပြီးနောက် သူသည် အလုံးစုံ ဆွံ့အသွားမိ၏။ အဘယ့်ကြောင့်ဆိုသော် ဝမ်လျှံ၏ အောက်ပိုင်းသည် ပြောင်သလင်းခါ နေသောကြောင့်ပင်။ အနာပင် တည်ရှိနေသေး၏။ ထိုနေရာကလည်း နီရဲလျက် ရှိနေသေးသည်။ တကယ်ပင် သင်းကွပ်ခြင်းကို ခံခဲ့ရ၏။ လင်းကျိုးသည် မည်သို့မှ မနေနိုင်ဘဲ ကျောရိုးမကြီးပင် စိမ့်တက် သွားခဲ့၏။ ထိုအချိန်တုန်းက ဝမ်လျှံသည် မည်မျှ နာကျင်နေမည်နည်း။

“မြို့တော်ဝန်လျှိုဝူယမ် လုပ်ခဲ့တာလား” လင်းကျိုးက မေးမြန်းလိုက်၏။

ဝမ်လျှံသည် အံကြိတ်ကာ ပြောလိုက်သည်။ “သူ့ကလွဲပြီး ဘယ်သူ လုပ်မှာလဲ”

အရာအားလုံးသည် ဖြေရှင်းပြီးသား ဖြစ်သွားခဲ့၏။ ဝမ်လျှံအား လက်လွှတ်ပေးခဲ့သည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ အဆိုးဝါးဆုံး အရက်စက်ဆုံးသော အပြစ်ပေးမှုကို ခံခဲ့ရပြီးသား ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် ဝမ်လျှံသည် ထပ်မံကာ ဒူးထောက်၍ အော်ဟစ်ငိုယိုလိုက်၏။ “ဆရာလင်း... ဒီနိမ့်ကျတဲ့လူက ဘယ်ကို သွားရမှန်းမသိတော့ပါဘူး။ ကျေးဇူးပြုပြီး ဒီတစ်ကြိမ်မှာ ကျုပ်ကို ကယ်တင်ပါအုံး။ ဆရာလင်း ကျုပ် ရှမ့်လန်ကိုလည်း ထိခိုက်အောင် မလုပ်ရသေးဘူး။ ကျုပ်ရဲ့ရာထူးက ပျောက်ကွယ်သွားခဲ့ပြီ။ ကျုပ်ရဲ့ ကျောင်းတော်သား ဂုဏ်ပုဒ်တွေကလည်း သိမ်းဆည်းခြင်း ခံခဲ့ရတယ်။ ကျုပ်ဘယ်ကို သွားရမလဲ မသိဘူး။ ကျေးဇူးပြုပြီး ကျုပ်ကို ခေါ်ထားပါ။ ဒီနိမ့်ကျတဲ့လူက ခင်ဗျားအတွက် ကျွဲလိုနွားလိုမျိုး အလုပ်လုပ်ပါ့မယ်။ ခင်ဗျားရဲ့ကျေးဇူးတရားကို ကျုပ် အကြိမ်တစ်ရာ ပြန်ပြီး ပေးဆပ်ပါ့မယ်”

ဝမ်လျှံသည် ဆက်တိုက်ဆိုသလိုပဲ ဦးညွှတ်ကာ ပြောဆိုနေမိ၏။ သူသည် ကျိန်းသေပေါက် သရုပ်ဆောင် စွမ်းရည်အကုန်ကို ထုတ်ဖော်အသုံးပြုကာဖြင့် သရုပ်ဆောင်နေခြင်း ဖြစ်၏။ သူ့အနေနှင့် ရှမ့်လန်ပေးမည့်ဆုကို မျှော်ကိုးကာ ပြုလုပ်နေခြင်း မဟုတ်ချေ။ သူသည်လည်း လင်းကျိုးကို ကြည့်မရသောကြောင့်ပင်။

လင်းကျိုးသည် ကြောင်အအဖြင့် ပြောလိုက်၏။ “ဒါပေမဲ့ ကျုပ်... ကျုပ်... ကျုပ်ရဲ့အနားမှာ ခင်ဗျားနဲ့ သင့်တော်တဲ့ ရာထူးရာခံဆိုလို့ မရှိဘူး”

ဝမ်လျှံသည် အော်ဟစ်ငိုကြွေးလိုက်မိသည်။ “ဒီနိမ့်ကျတဲ့ လူက ရာထူးရာခံအနေနဲ့ ရဖို့အတွက် မမျှော်လင့်ပါဘူး။ နေစရာလေးတစ်ခု၊ စားစရာလေးတစ်ခုလောက်ရရင်ကို ကျေနပ်ပါပြီ”

လင်းကျိုးက ပြောလိုက်၏။ “ဒါဆိုရင်လည်း ကျုပ်ရဲ့ဘေးနားမှာပဲ အတွင်းရေးမှူး တစ်ယောက်လို လုပ်ပေါ့။ ကျုပ်ရဲ့ကိစ္စဝိစ္စတွေကို ခင်ဗျားဝင်ပြီး ကူညီပေးပေါ့”

“ကောင်းပါပြီ ဆရာ”ဝမ်လျှံသည် ပျော်ရွှင်သွားမိ၏။ ပြီးနောက် ဦးညွတ်လိုက်သည်။

လင်းကျိုးသည် ပိုမိုကာ ပျော်ရွှင်သွားမိ၏။ သူ မြင့်မြင့်မားမား ဆက်ဆံခဲ့ရသည့် လူတစ်ယောက်သည် သူ၏ ကျေးကျွန်ကဲ့သို့ ဖြစ်လာခဲ့လေပြီ ဖြစ်၏။ လောကကြီးတွင် ဤမျှကောင်းမွန်သည့် စိတ်ကျေနပ်မှုဆိုသည်မှာ ရှိလိမ့်မည်ပင် မဟုတ်ချေ။

“စစ်သည်တို့ .... ကျေးဇူးပြုပြီး စားပွဲတစ်ခုကို ပြင်ဆင်ထားပါအုံး။ ကျုပ် အစ်ကိုဝမ်ကို ဂုဏ်ပြုစားပွဲ ကျင်းပပေးရမယ်”လင်းကျိုးက အော်ဟစ်လိုက်၏။

...

ပြီးနောက် ၎င်းတို့နှစ်ယောက်သည် ပျော်ရွှင်စွာ စားသောက်ကြတော့သည်။ ဝမ်လျှံသည် အကောင်းဆုံး ကြိုးစားကာဖြင့် လင်းကျိုးကို မြှောက်ပင့်ပြောဆိုလျက် ရှိနေ၏။ စကားလုံးတစ်ခုချင်းစီတိုင်းသည် လင်းကျိုးကို မြှောက်ပင့်ပြောဆိုသည့် စကားလုံးများသာ ဖြစ်ပြီး အောက်ခြေစည်းမျဉ်းဟူ၍ မရှိတော့ချေ။ ကြားရသူများ အားလုံးသည် ကြက်သီးမွေးညင်းများပင် ထမှာ သေချာသည်။

လင်းကျိုးသည် မယုံကြည်နိုင်လောက်အောင်ပင် သဘောကျ ကျေနပ်လျက် ရှိနေ၏။ သူသည် မြှောက်ပင့် ပြောဆိုမှုများကို ကြားခဲ့ရပြီးပြီ ဖြစ်၏။ သို့ပေမည့် ယခုမြှောက်ပင့်ပြောဆိုမှုကို ကြားရခြင်းသည် ဝမ်လျှံဆီမှ ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် ၁၀ ဆ ပိုမိုကာ ပျော်ရွှင်မိ၏။

ဘာမှန်းမသိဘဲနှင့် လင်းကျိုးသည် အရက်များကို ထပ်တလဲလဲ သောက်သုံးနေမိ၏။ အဘယ်ကြောင့်မှန်း သူ မသိရှိချေ။ ဝမ်လျှံ၏ မျက်လုံးနှင့် ဝမ်လျှံ၏ ဟန်ပန်အမူအရာသည် ကြည့်၍ ကောင်းသလိုပင် သူခံစားလာမိသည်။ ‘ဒါ... ဒါ... ငါ ပိုပြီး စိတ်ဝင်စားတဲ့ အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာများလား။ လူသားတွေရဲ့ စိတ်ဆန္ဒက ပြောင်းလဲလွယ်တာလား’

“အစ်ကိုဝမ်... အစ်ကိုဝမ်လျှံ...စိတ်မပူနဲ့။ ကျုပ် ခင်ဗျားအတွက် ကျိန်းသေပေါက် လက်စားချေပေးမယ်။ ကျုပ်ရဲ့ မျက်လုံးထဲမှာ ရှမ့်လန် ဆိုတာ လူပြက်သာသာပဲ။ စောင့်နေလိုက်။ ကျုပ်သူ့ရဲ့ခေါင်းကို နင်းတက်ပြီးတော့ သူ့ရဲ့ဂုဏ်သိက္ခာအားလုံး ပျက်စီးအောင် လုပ်ပြမယ်။ ရွှမ်ဝူအိမ်တော် ဟုတ်လား။ ဟားဟားဟား... သူတို့က သင်္ချိုင်းကုန်းက အရိုးတွေလိုပဲ”

“ပြီးတော့ ကျင်းမူလန်.. သူ့ရဲ့ အသွင်အပြင် အမူအရာနဲ့ ပတ်သက်ပြီးတော့ မောက်မာဝင့်ကြွားနေတယ် မဟုတ်လား။ အနာဂတ် ရွှမ်ဝူအိမ်တော် ပျက်စီးသွားပြီဆိုရင် သူ့ကို ဆောင်ကြာမြိုင်ဆီ ပို့ရမယ်။ သိုင်းပညာတွေ အားလုံး ဖျက်ဆီးပစ်လိုက်ရင် ယောက်ျားပေါင်း တစ်ထောင်က ဝိုင်းပြီး အနိုင်ကျင့်လို့ရတယ်။ မိန်းမပျက်သာသာ ဖြစ်အောင် ကျုပ်လုပ်ပြမယ်”

လင်းကျိုးသည် သောက်သုံးလေ ပိုမိုကာ စိတ်လှုပ်ရှားသလို ဖြစ်နေ၏။

ထိုအချိန်မှာပင် ဝမ်လျှံက ကျယ်လောင်စွာ ပြောလိုက်သည်။ “အားလုံးပဲ နားထောင်ကြ။ ဒီအိမ်နားကို ဘယ်သူမှ မချဉ်းကပ်ကြနဲ့။ ကျုပ်တို့ သောက်စားနေတာကိုလည်း ဘယ်သူမှ မနှောင့်ယှက်ကြနဲ့”

လင်းကျိုးက ကြောင်အသွားခဲ့၏။ ပြီးနောက် ခေါင်းညိတ်ကာ ပြောဆိုလိုက်ကြ၏။ “ကြားတယ်မလား။ ငါတို့ အရက်သောက်နေတာကို မဖျက်ဆီးနဲ့။ သူပြောတာကို နားထောင်လိုက်ကြ”

“ကောင်းပါပြီ”စစ်သည်များအားလုံးသည် အပြင်ဘက်သို့ ထွက်ခွာသွားကြသည်။

ပြီးနောက် ဝမ်လျှံသည် ရှမ့်လန်ပေးခဲ့သည့် အဖြူမှုန့်များကို အသာလောင်းချလိုက်၏။ လောကတွင် အားအကောင်းဆုံးသော မူးယစ်ဆေးပင် ဖြစ်၏။ ပြီးနောက် ထိုဆေးကို သူသည် ဝိုင်ခွက်ထဲသို့ ထည့်လိုက်၏။ ဝိုင်တစ်ခွက်ကို အသာထည့်ပြီးသည့်နောက် နှစ်ယောက်သား တူတူသောက်သုံးခဲ့ကြ၏။ သူတို့သည် ထိုအရာကို သောက်သုံးပြီးသည့်နောက် နတ်ပြည်သို့ ရောက်ရှိသွားခဲ့၏။

ဝမ်လျှံက အဆင်ပြေသေး၏။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုဆေးကို သောက်သုံးခြင်းနှင့် ပတ်သက်၍ အတွေ့အကြုံ ရှိနေပြီ ဖြစ်သောကြောင့်ပင်။ သို့ပေမည့် လင်းကျိုးသည် ဝိုင်အနည်းငယ်ကို သောက်ပြီးနောက် ကျိန်းသေပေါက် လောကသစ်၏ တံခါးတစ်ချက်ကို ဖွင့်လှစ်သွားခဲ့သည်။

“ဒီဝိုင်က ဘယ်လိုဖြစ်ပြီး အရမ်းပြင်းရတာလဲ။ လောကကြီးတစ်ခုလုံးတောင် ပြောင်းလဲသွားသလိုပဲ။ ရှေ့မှာ ရှိတဲ့ အရာအားလုံးက အံ့အားသင့်စရာတွေနဲ့ ပြည့်နှက်နေသလိုပဲ” သူသည် ကောင်းကင်ယံတွင် ပျံသန်းနေသကဲ့သို့ပင် ခံစားနေမိ၏။

ထိုအချိန်မှာပင် ဝမ်လျှံ၏ မျက်လုံးများနှင့် အသွင်သဏ္ဍာန်များသည် ပိုမိုကာ ချောမောလာသလို သူ ခံစားမိ၏။ သူသည် ဝမ်လျှံ၏ နှုတ်ခမ်းသားများကို အသာ ပွတ်သပ်လိုက်မိသည်။ “အစ်ကိုဝမ် .. လှလိုက်တာ”

အပြင်ဘက်တွင် စောင့်ကျပ်လျက် ရှိနေသည့် စစ်သည်များသည် ထိုအရာကို ကြားရသည့် အချိန်မှာတော့ အံ့ချီးနပမ်း ဖြစ်လို့နေကြ၏။ ၎င်းတို့အားလုံးသည် ကြက်သီးများပင် ထလျက်ရှိနေ၏။ နောက်ဘက်သို့ လှည့်ကာ မကြည့်မိရန်ပင် စိတ်ထိန်းထားနေကြ၏။

နာရီပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် မိုးသောက်ချိန်သို့ ရောက်ရှိလာခဲ့၏။ လင်းကျိုးသည် အရက်နာကျလျက် ရှိနေပြီး ခေါင်းများ တဆစ်ဆစ်နှင့် ကိုက်ခဲနေ၏။

“ဘာတွေ ဖြစ်ကုန်တာလဲ။ ငါ အရက်သောက်ရင် ဒီလောက်ထိ ခေါင်းကိုက်တာမျိုးတော့ မရှိပါဘူး။ ညက ဘာတွေ ဖြစ်ခဲ့တာလဲ။ ငါ ဘာလို့ မမှတ်မိရတာလဲ။ အိပ်မက်တစ်ခုလိုပဲ။ အရမ်းကို ဆိုးရွားတဲ့ အိပ်မက်ပေါ့”

“လင်း.. နိုးလာပြီလား”

ထူးဆန်းသည့် အသံတစ်ခုသည် သူ၏နားထဲသို့ တိုးဝင်လာခဲ့၏။ ထိုအသံသည် ခပ်စူစူးဖြင့် ညင်သာလွန်းလှ၏။ ယောက်ျားတစ်ယောက်၏ ပါးစပ်ဆီမှ ထွက်ပေါ်လာခဲ့သည့် အသံမျိုး ဖြစ်သည် ဆိုသော်လည်း အမှန်ပင် ချိုသာလွန်းနေ၏။ ထိုအသံသည် ဝမ်လျှံဆီမှ ဖြစ်ပေလိမ့်မည်။

လင်းကျိုးသည် ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်၏။ သူသည် မယုံကြည်နိုင်လောက်စရာ မြင်ကွင်းကို မြင်လိုက်ရ၏။ သူ၏ လောကတစ်ခုလုံး ပျက်စီးသွားခဲ့သလို ခံစားနေမိ၏။ မဟုတ်သေးပေ။ ဤအရာသည် အိပ်မက်တစ်ခု မဟုတ်ချေ။ ပထမဦးဆုံး သူသည် အလုံးစုံ တုန်လှုပ်သွားခဲ့မိ၏။

“မဟုတ်သေးဘူး။ ဒါ အိပ်မက်ပဲ ဖြစ်ရမယ်။” လင်းကျိုးသည် မျက်လုံးကို မှိတ်လိုက်မိသည်။

ပြီးနောက် သူသည် မျက်လုံးကို ပြန်လည်ကာ ဖွင့်ကြည့်လိုက်၏။ သူ၏ရှေ့တွင် ရှိနေသည့် မြင်ကွင်းသည် ဆိုးရွားစွာ တည်ရှိနေတုန်းပင်။

ဝမ်လျှံသည် မိန်းမတစ်ယောက်ကဲ့သို့သော ဟန်ပန်မျိုးဖြင့် ခန္ဓာကိုယ်ကို နွဲ့နှောင်းကာဖြင့် ပြုံးလျက် ရှိနေ၏။ သူ၏ စိတ်ထဲတွင် ရှိနေသည့် မနေ့ညက ပြုလုပ်ခဲ့သည့် အကြောင်းအရာများသည် တဖြည်းဖြည်းချင်း ပြန်လည်ကာ ပုံရိပ်ထင်လာခဲ့၏။

လင်းကျိုးသည် ခန္ဓာကိုယ်တစ်ခုလုံးကို မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် ကြက်သေ သေမိနေ၏။ သူ၏ဒူးခေါင်းများသည် ခွေယိုင်သွားမိ၏။ သူသည် ဝမ်လျှံကို သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ပင် ကြည့်ရှုနေမိသည်။

“အား... အား...”

လင်းကျိုးသည် အလုံးစုံ ရူးသွပ်သွားခဲ့၏။ သူသည် ကြောက်ခမန်းလိလိ အသည်းပြတ်ဖွယ် အော်ဟစ်နေမိ၏။ “မဟုတ်ဘူး။ မဟုတ်ဘူး။ လုံးဝ မဟုတ်ဘူး”

All Chapters