အပိုင်း (၁၁၆)
Vol. 9 Ch. 116
လင်းကျိုးသည် မိန်းမတစ်ယောက်ကို လက်ထပ်ယူခဲ့ခြင်း ဖြစ်သော်လည်း အိမ်ပါသမက်အဖြစ် လိုက်ပါသွားရမှာ ဖြစ်လေ၏။ ထို့ကြောင့် လက်ဆက်ပွဲသည် ချင်းကန်မြို့စားအိမ်တော်တွင် ကျင်းပမှာ ဖြစ်၏။
ဟုတ်ပေ၏။ လင်းမိသားစုအနေနှင့်လည်း အခမ်းအနားကို ကျင်းပမှာဖြစ်၏။ သို့ပေမည့် အရွယ်အစားက သေးငယ်မှာ သေချာသည်။
ထိုအချိန်မှာတော့ လင်းမိသားစုနှင့် လက်ထပ်ပွဲဆွေးနွေးရန် ချင်းကန်မြို့စားအိမ်တော်သည် လူတစ်ယောက်ကို စေလွှတ်ခဲ့၏။ ထိုသူသည် ဝူယုယု၏ ဦးရီးတော်ဖြစ်သော ဝူကျောင်းယင်ပင် ဖြစ်၏။ ထိုလူ၏ ဂုဏ်သိက္ခာသည် မမြင့်မားလှချေ။ သို့ပေမည့် အကြီးအကဲ ဝါစဉ်အဆင့်အရတော့ မြင့်မားလွန်း၏။
ရွှမ်ဝူမြို့ဆီသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် ချက်ချင်းပင် အဆင့်အတန်းမြင့် လူပေါင်းများစွာတို့၏ ကြိုဆို နှုတ်ဆက်ခြင်းကို ခံရ၏။ လင်းဝူသည် ရှစ်ကွမ်းယွမ်ကို သွားရှာရုံသာမက မြို့တော်ဝန် လျှိုဝူယမ်ဆီသို့လည်း သွားရောက်လည်ပတ်ခဲ့သည်။ ပြီးနောက် ဧည့်ခံကြိုဆိုရန် ဖိတ်ခေါ်ခဲ့သည်။
ကျန်းကျင်းနှင့် လင်းကျိုးတို့သည် လက်ရှိဤနေရာတွင် မရှိချေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အငယ်များ ဖြစ်သောကြောင့် လက်ထပ်ပွဲ ဆွေးနွေးမည့် ကိစ္စသည် အကြီးအကဲများကြားတွင် ပြုလုပ်ရမည့် ကိစ္စမျိုးသာ ဖြစ်သောကြောင့်ပင်။
ဟုတ်ပေ၏။ နှစ်ဦးနှစ်ဖက် ဆွေးနွေးခြင်းဟု ပြောဆိုသော်လည်း တကယ်တမ်းမှာတော့ တစ်ဖက်ခြမ်းမှသာလျှင် လုပ်ချင်သည့် အကြောင်းအရာများကို ပြောဆိုသွားခဲ့ခြင်း ဖြစ်၏။
နွေးနွေးထွေးထွေးနှင့် ဧည့်ခံခံရပြီးသည့်နောက်မှာတော့ ဝူကျောင်းယင်သည် လင်းမိသားစုတွင် နေထိုင်ခဲ့သည်။
နောက်တစ်ရက် နံနက်မိုးမလင်းခင်အတွင်းမှာပင် စစ်သည်တစ်ယောက်သည် ရုတ်တရက် လင်းမိသားစု အိမ်တော်သို့ ရောက်ရှိလာခဲ့ပြီး လင်းကျိုးနှင့်ပတ်သက်သော ကိစ္စရပ်အချို့ကို ဝူကျောင်းယင်ထံ သတင်းပို့ခဲ့၏။ ဝူကျောင်းယင်သည် အိုမင်းခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခြင်း မရှိချေ။ ဝိုင်တစ်ခွက်ကို သောက်၊ ကဗျာအနည်းငယ်ကို ရွတ်ဖတ်ခဲ့ပြီးသည့်နောက် သူသည် မနက် လေးနာရီနီးပါးလောက်တွင် ပြန်လည် နိုးထလာခဲ့ပြီ ဖြစ်၏။ ဟုတ်ပေ၏။ သူသည် စိတ်လက် ကြည်သာခြင်းတော့ မရှိချေ။
လင်းကျိုးအနေနှင့် အရေးကြီးသော ကိစ္စရပ်တစ်ခုကို ဆွေးနွေးချင်သည်ဟု ပြောဆိုခဲ့သောကြောင့် သူသည် နှောင့်နှေး၍ မဖြစ်တော့ချေ။ မျက်နှာထသစ်ပြီးသည့်နောက် မပျော်မရွှင်နှင့် ယန်ရှန်တပ်ဆီသို့ ဦးတည်သွားရန် ပြင်လိုက်၏။
အနီးနားကို ကြည့်လိုက်တော့ သတင်းလာရောက်ပေးပို့သော စစ်သည်တော် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သိရှိလိုက်၏။ ထို့ကြောင့် သူသည် ပိုမိုကာ ဒေါသထွက်သွားခဲ့၏။ အလျင်အမြန်ဆိုသလိုပဲ လင်းကျိုးရှိရာ နေရာဆီသို့ လှမ်းသွားလိုက်သည်။
ပြီးနောက် သူသည် မျက်စိရှေ့တွင် ခန့်မှန်းမထားသော မြင်ကွင်းကို မြင်လိုက်ရ၏။
လင်းကျိုးနှင့် ဝမ်လျှံတို့သည် ညတုန်းက လိင်ဆက်ဆံမှု ပြုလုပ်ခဲ့၏။ ချက်ချင်းပင် သူသည် ဆွံ့အသွားခဲ့၏။ မျက်လုံးကိုပင် မယုံကြည်နိုင်သလို ဖြစ်လို့နေ၏။ “လင်းကျိုး မင်းရူးနေလား။ ဒီလိုအချိန်တောအတွင်းမှာ အရှုပ်အထွေးတွေ မလုပ်ရဘူးဆိုတာ မသိဘူးလား။ ဒါတောင်မှ မင်းက စစ်စခန်းထဲမှာ ဒီလိုကိစ္စရပ်မျိုးကို လုပ်ခဲ့တယ်ပေါ့။ ချင်းကန်မြို့စားအိမ်တော်ကို မင်းလေးစားမှု မရှိဘူးလား။ မင်းဆီမှာ ဂုဏ်သိက္ခာတရားရော ရှိသေးရဲ့လား”
ထိုအချိန်မှာတော့ ဝူကျောင်းယင်သည် လင်းကျိုးကို လက်ညှိုးညွှန်ကာဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ဒေါသဖြင့် တုန်ယင်လျက် ရှိနေ၏။ မည်သည့်စကားမှ မဆိုနိုင်ချေ။
“ဟား ငါ့မျက်လုံးတွေတောင် ကန်းတော့မယ်။ ငါကလေးဘဝတည်းက ဒီလိုမြင်ကွင်းမျိုးကို မြင်ရတာကို မနှစ်သက်ဘူး”
ထိုအချိန်မှာတော့ ဘေးတစ်ဖက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ရှမ့်လန်ပင် ဖြစ်၏။ ရှမ့်လန်သည် ဟိတ်ကြီးဟန်ကြီးနှင့် လှမ်းလျှောက်လာခဲ့၏။ ၎င်းသည် ကျင်းကျုံး အပါအဝင် တခြားသူများကို ခေါ်ဆောင်ကာ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
လင်းကျိုး၏ ဦးနှောက်များသည် ပေါက်ကွဲလုမတတ် ဖြစ်နေ၏။ မျက်လုံးကို ဖွင့်လိုက်သည့်အချိန်မှာပဲ ဝမ်လျှံ၏ အပြုံးတစ်ဝက်ကို မြင်ရ၏။ သူသည် ကျိန်းသေပေါက် အံ့အားသင့်သွားခဲ့၏။ ဝူကျောင်းယင်ကို ထပ်မံကာ မြင်ရသည့်အချိန်မှာတော့ သူသည် မေ့မျောလုမတတ်ပင် ဖြစ်နေသည်။
ဤအရာသည် သူ၏စေ့စပ်ထားသည့် မိန်းကလေး၏ ဦးရီးတော် ဖြစ်၏။ ချင်းကန်မြို့စားအိမ်တော်တွင် အခွင့်အာဏာ ကြီးကြီးမားမား မရှိဘူးဆိုလျှင်တောင်မှ စီနီယာစဉ်အရ အကြီးအကဲတစ်ယောက်အဖြစ် သတ်မှတ်လို့ရနေ၏။ ထို့အပြင် ရှေးရိုးစွဲလူတစ်ယောက်လည်း ဖြစ်၏။
“လင်းကျိုး မင်းလုပ်ခဲ့တာတွေအတွက် မင်းမှာ ဂုဏ်သိက္ခာတရားရော ရှိသေးရဲ့လား” နောက်ဆုံးမှာတော့ ဝူကျောင်းယင်က အော်ဟစ်လိုက်သည်။
လင်းကျိုး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရေခဲကဲ့သို့ပင် အေးစက်သွားခဲ့၏။ သူ၏ နောက်ကျောဘက် တစ်ခုလုံးတွင် ချွေးစေးများ ပြန်လာခဲ့၏။ ထိုအချိန်မှာတော့ သူသည် အရှက်တရားဟူသည်ကို ဂရုမစိုက်နိုင်တော့ချေ။ သူ၏အနာဂတ်သည် ပိုမိုကာ အရေးကြီး၏။ သူ၏ကံကြမ္မာသည် ပိုမိုကာ အရေးကြီးလှချေ၏။
ချက်ချင်းပင် သူသည် ဖက်ထားသည့် ဝမ်လျှံကို ဖယ်ခွာပြီး ဝူကျောင်းယင်ရှေ့ဆီသို့ သွားကာ ဒူးထောက်လိုက်သည်။ “ဦးရီးတော် ကျေးဇူးပြုပြီး ကျုပ်ရှင်းပြတာကို နားထောင်ပါအုံး။ ကျုပ်ရှင်းပြတာကို နားထောင်ပါအုံး။ ကျုပ် ကျုပ် အကွက်ချခံ ....”
“ဆရာ... ဒီကျောင်းသားအတွက် တရားမျှတမှုကို ဆောင်းကျဉ်းပေးပါအုံး”
မထင်မှတ်ဘဲ ဝမ်လျှံသည် သူ့ထက်ပိုမိုကာ မြန်ဆန်၏။ ချက်ချင်းပဲ ဝူကျောင်းယင်ရှေ့၌ ဒူးထောက်ထိုင်ကာဖြင့် ဝူကျောင်းယင်၏ ခြေထောက်များကို ဖက်လိုက်၏။
“ဒီရက်ပိုင်းအတွင်း လင်းကျိုးက လူတွေစေလွှတ်ပြီး ကျုပ်ကို ရှာခိုင်းခဲ့တယ်။ အရေးကြီးတဲ့ အရာတစ်ခုခု ရှိနေတယ်လို့ ကျုပ်ထင်ခဲ့တယ်။ ဒါပေမဲ့ ဒီကို လာတွေ့တဲ့ အချိန်မှာတော့ ဘယ်သူထင်မှာလဲ။ ဒီသားရဲရိုင်းကြီးက မူးယစ်သောက်စားပြီးတော့ ကျုပ်ကို ဗလက္ကာရ ပြုလုပ်ခဲ့တယ်။ အရှင်... ကျုပ် ဝမ်လျှံက ကျောင်းတော်သား တစ်ယောက်ရဲ့ ဂုဏ်သိက္ခာတွေ ဖယ်ရှားခံရတယ်ဆိုပေမဲ့ ပညာတက် တစ်ယောက်ပါပဲ။ ပြီးတော့ ကျုပ်က ရွှမ်ဝူမြို့မှာ အမှုထမ်းတစ်ယောက် ဖြစ်ခဲ့သေးတယ်။ လင်းကျိုး.. ကျုပ် ခင်ဗျားကို တရားစွဲမယ်။ ကျိန်းသေပေါက် တရားစွဲမယ်”
ချက်ချင်းပဲ လင်းကျိုးသည် ဆွံ့အသွားခဲ့မိ၏။ ဘာတစ်ခုမှ မပြောနိုင်ခင်မှာပဲ ဝမ်လျှံသည် သူ့ထက်အရင် ဦးစွာဖြင့် တိုင်ကြားပြောဆိုလျက် ရှိနေသည်။
ရှမ့်လန်က ဝင်ရောက်ကာ ပြောဆိုလိုက်၏။ “ဝမ်လျှံ.. ကျုပ်က ခင်ဗျားရဲ့ရန်သူတစ်ယောက် ဆိုပေမဲ့ ကျုပ်က ဂုဏ်သိက္ခာရှိတဲ့၊ တရားမျှတမှုကို အလေးထားတဲ့ တစ်ယောက်လေ။ ဒါပေမဲ့ ကျုပ်တောင် ဒီလိုမြင်ကွင်းမျိုးကို မြင်ရတာကို မခံစားနိုင်ခဲ့ဘူး”
“ဝမ်လျှံ.. ခင်ဗျား တရားစွဲချင်တယ်ဆိုရင် ကျုပ် ဘေးနားကနေ ကူညီပေးမယ်။ စိတ်မပူနဲ့။ တစ်စုံတစ်ယောက် ခင်ဗျားကို သတ်မယ်ဆိုရင်တော့ ကျုပ်တို့ ရွှမ်ဝူအိမ်တော်နဲ့ စစ်သည်တွေက ခင်ဗျားကို ကာကွယ်ပေးမယ်။ ထိုက်ချူးစီရင်စုကို သွားပြီး တရားစွဲလို့ရတယ်။ အဲဒီမှာ ခင်ဗျား စွဲချက်တင်။ မင်းသားတောင်မှ ဥပဒေကို ချိုးဖောက်ရင် အပြစ်ပေးခံရတယ်။ သာမန်လူတွေဆိုရင် ဘာတတ်နိုင်မှာလဲ”
ရှမ့်လန်သည် တရားမျှတမှုကို လိုချင်တောင့်တလျက် ရှိနေသည့် လူကြီးလူကောင်းတစ်ယောက်၏ ဟန်ပန်မျိုးဖြင့် ဝင်ရောက်ကာ ပြောဆိုလိုက်သည်။ “လောကကြီးမှာ တရားမျှတမှု မရှိဘူးဆိုတာ ကျုပ်မယုံဘူး။ ကျောင်းတော်သား တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်တယ်ဆိုတာ အဓိပ္ပာယ်မရှိတဲ့ ကိစ္စရပ်ပဲ”
ထိုအချိန်မှာတော့ လင်းကျိုးသည် နောက်ဆုံး၌ တုံ့ပြန်နိုင်ခဲ့ပြီ ဖြစ်၏။ သူသည် ရှမ့်လန်ကို အငြိုးအတေး ကြီးမားစွာ လှမ်းကာ ကြည့်ရှုရင်း ခြောက်ကပ်ကပ် ပြောလိုက်၏။ “ရှမ့်လန် ဒါ မင်းလုပ်တာ မလား”
ရှမ့်လန်သည် အေးစက်စက်နှင့် ရယ်မောလိုက်သည်။ “ကျုပ်နဲ့ ဘာဆိုင်လို့လဲ။ ခင်ဗျားပဲ ကျုပ်ကို မနေ့တုန်းက ပြောတယ်လေ။ ဒီနေ့ လာပြီး တောင်းပန်ပါတဲ့။ ဒါဆိုရင် ရွှမ်ဝူအိမ်တော်ရဲ့ အပြစ်ကင်းစင်တဲ့ စစ်သည်တွေကို လွှတ်ပေးမယ်လို့ ပြောခဲ့တယ်လေ။ ဒါကြောင့် မနက်စောစောစီးစီး ကျုပ်လာခဲ့တာပေါ့။ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ဒီလိုမြင်ကွင်းမျိုးကို မြင်ရလိမ့်မယ်လို့ ဘယ်ထင်မိမှာလဲ”
ပြီးနောက် ရှမ့်လန်က ပြောလိုက်၏။ “အစောင့်တွေ ကျောင်းတော်သားဝမ်လျှံကို ကာကွယ်ပေးထားကြ။ သူ ကျုပ်ကို ဘယ်လောက်ဒုက္ခရောက်အောင် လုပ်ခဲ့ လုပ်ခဲ့၊ သူက ရွှမ်ဝူအိမ်တော်နှင့်တော့ ဆွေမျိုးနီးစပ် တော်နေသေးတယ်။ ဒီတော့ သူ့ကို ဒီလိုမျိုး ဒုက္ခရောက်စေဖို့ ကျုပ် လွှတ်ထားလို့မဖြစ်ဘူး။ ဝမ်လျှံ.. ငါ မင်းကို ထိုက်ချူးစီရင်စုဆီကို ခေါ်သွားပေးမယ်။ အဲဒီမှာ သွားပြီး တရားစွဲ”
ပြီးနောက် ရှမ့်လန်သည် လက်ကို ဟန်ပါပါနှင့် ယမ်းခါလိုက်သည်။
ကျင်းကျုံးနှင့် တခြားသော သူများသည် ဝမ်လျှံကို ကာကွယ်ပေးထားခဲ့ကြ၏။ ၎င်းတို့သည် ဝမ်လျှံကို ပင့်ချီကာဖြင့် ထိုက်ချူးစီရင်စုဆီသို့ တစ်ခါတည်း ခေါ်ဆောင်သွားရန် ပြင်ဆင်နေသကဲ့သို့ပင်။
“နေအုံး”
အရင်ဦးဆုံး စကားပြောဆိုမှု ပြုလုပ်လိုက်သည် လူသည် ချင်းကန်မြို့စားအိမ်တော်မှ ဝူကျောင်းယင်ပင် ဖြစ်လေ၏။ ထိုအချိန်မှာတော့ သူသည် လင်းကျိုးတစ်ယောက် အကွက်ချခံရသည်ဖြစ်ကြောင်း ကောင်းကောင်း သိရှိလိုက်၏။ အရာအားလုံးသည် ရှမ့်လန်၏အကြံအစည်ပင်။
ရှမ့်လန်က ပြောလိုက်၏။ “အကြီးအကဲ.. ဘာလုပ်ချင်လို့ပါလဲ”
ဟုတ်ပေ၏။ ဝူကျောင်းယင်သည် လင်းကျိုးအား ထိုက်ချူးစီရင်စု၌ တရားစွဲဆို မခံစေချင်ပေ။ လင်းကျိုးသည် သူ၏ တူမနှင့် လက်ထပ်ထားခြင်း မရှိဘူးဆိုလျှင်တောင်မှ ဝူယုယုနှင့် စေ့စပ်ထားသည့် လူတစ်ယောက် ဖြစ်လေ၏။ ရှမ့်လန် ဝမ်လျှံကို ခေါ်ဆောင်ပြီး တရားစွဲဆိုသည်ဆိုပါက ကျိန်းသေပေါက် သူတို့၏ဂုဏ်သိက္ခာကို ထိခိုက်ပေလိမ့်မည်။ ချင်းကန်မြို့စားအိမ်တော် တစ်ခုလုံးပင်လျှင် ဂုဏ်သိက္ခာ ကျဆင်းမှာ သေချာသည်။
“ဘာလိုချင်တာလဲ” ဝူကျောင်းယင်သည် တိုက်ရိုက်ဆိုသလို မေးမြန်းလိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ရွှမ်ဝူအိမ်တော်ရဲ့ စစ်သည်တော် တစ်ဒါဇင်ကျော်က အကြောင်းအရင်းမရှိဘဲ ဖမ်းဆီးခံထားရတယ်။ သူတို့ကို တောင်းဆိုဖို့ ကျုပ်လာခဲ့တာပါ”
“အိပ်မက်ထဲမှာပဲ ရမယ်” လင်းကျိုးသည် ရုတ်တရက် ထကာ အော်ဟစ်လိုက်၏။
သို့ပေမည့် ဝူကျောင်းယင်သည် တိုက်ရိုက်ဆိုသလို ပြောဆိုလိုက်သည်။ “သူတို့ကို လွှတ်ပေးလိုက်”
လင်းကျိုးသည် ကြောင်အသွားမိ၏။ သို့ပေမည့် သူသည် အဘယ်သို့မှ နားမထောင်ဘဲ နေရဲမည်နည်း။
ရွှမ်ဝူအိမ်တော်မှ မြင်းသည်တော်များအားလုံးကို လွှတ်ပေးရန် အမိန့်ပေးလိုက်၏။ ခဏလောက် ကြာပြီးနောက် ထိုလူများသည် ရှမ့်လန်၏ရှေ့၌ ပေါ်ပေါက်လာခဲ့၏။ ထိုလူများအားလုံးတို့၏ မောပန်း နွမ်းနယ်နေသည့် ပုံစံမျိုး ဖြစ်ပေါ်နေခဲ့ပြီး ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ တည်ရှိနေသည်ဆိုသော်လည်း အသက်အန္တရာယ်တော့ မရှိချေ။
ပိုမို၍ အရေးကြီးမားသည်မှာ ကျင်းကျန့်နန်ပင် ဖြစ်၏။ သူမ၏အဝတ်အစားများသည် ပုံမှန်အတိုင်း တည်ရှိနေ၏။ ကြည့်ရသည်မှာ အနိုင်ကျင့်ခြင်း မခံထားရသည့်ပုံပင်။
သို့ပေမည့် ယခင်ကအတိုင်းပင် သူမသည် ရှမ့်လန်ကို မြင်သည်နှင့် တပြိုင်နက် မျက်နှာများ နီရဲကာဖြင့် ခြေများလက်များပင် တုန်ယင်လို့နေသည်။ သူမသည် အားကောင်းလွန်းသည့် စစ်သည်တော်တစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ ရှမ့်လန်၏ရှေ့တွင် မနေတတ်မထိုင်တတ် ဖြစ်လို့နေခဲ့၏။
“ဆရာလင်းကျိုး... နှုတ်ဆက်ပါတယ်”
ရှမ့်လန်က ပြောလိုက်၏။ “ဒီဝမ်လျှံကတော့ သနားစရာပဲ။ ခင်ဗျား သူ့ကို သတ်ပစ်မှာ စိုးရိမ်မိတယ်။ ဒါကြောင့် ကျုပ် ခေါ်သွားမယ်”
ပြီးနောက် ရှမ့်လန်သည် မြင်းသည်တော်များနှင့်အတူ ဝမ်လျှံကို ခေါ်ဆောင်ကာ ပြန်သွားခဲ့၏။ ဤအရာသည် သူ၏ ပုံပန်းသွင်ပြင် အမူအရာမျိုး မဟုတ်ချေ။ ရွှမ်ဝူမြို့စားအိမ်တော်ဆီမှ မြင်းသည်တော်များကို ပြန်လည် ရရှိခဲ့ပြီးသည့်နောက် သူသည် ထိုအတိုင်း ပြန်လည်ထွက်ခွာသွားရန် စီစဉ်ခဲ့၏။ ဤအတိုင်း လင်းကျိုးအား လက်လွှတ်ပေးလိုက်သည်လား။ မဟုတ်ပေ။ စိတ်ဝင်စားစရာ ဇာတ်ကြောင်းကြီးတစ်ခုသည် မကြာမီ ဖြစ်ပေါ်လာပေလိမ့်မည်။
ဝမ်လျှံနှင့် လိင်ဆက်ဆံခဲ့ပြီးသည့်နောက် ကြောက်မက်ဖွယ်ရာ ကောင်းသည့် ရောဂါဆိုးသည် လင်းကျိုး၏ ခန္ဓာကိုယ်ထဲတွင် ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။ ထိုပိုး အသက်ဝင်ရန် အချိန်အနည်းငယ်သာလျှင် ကြာမြင့်ပေမည်။ ပြောရမည်ဆိုလျှင် သူသည် တစ်ဖက်လူ၏ မိသားစုတစ်ခုလုံးကို သတ်ဖြတ်ပစ်ရန် ကြံစည်ခဲ့ခြင်းပင် ဖြစ်၏။
... ...
ရှမ့်လန်တစ်ယောက် ဝမ်လျှံနှင့်အတူ အခြားသောသူများကို ခေါ်ကာ ထွက်ခွာသွားခဲ့ပြီးနောက် ဟောခန်း တစ်ခုလုံးတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် အသက်ဝိညာဉ် ကင်းမဲ့သလိုပင် ဖြစ်နေခဲ့၏။ လင်းကျိုးသည် လျှင်လျှင်မြန်မြန်ပဲ အဝတ်အစားများကို ကောက်ယူကာ ဝတ်ဆင်လိုက်၏။ ပြီးနောက် ဝူကျောင်းယင်၏ရှေ့၌ ဒူးထောက်ထိုင်ချလိုက်၏။ “ဦးရီးတော်၊ ကျုပ်ကို အခြားသော လူတစ်ယောက်က အကွက်ချ...”
ဝူကျောင်းယင်သည် လက်ဖြင့်ကာ၍ တားဆီးလိုက်သည်။ “လင်းကျိုး... ဒီကိစ္စ ရှက်စရာပဲကွ။ မင်း နားလည်လား။ တရားခံက ဘယ်သူလဲဆိုတာ ပြဿနာ မဟုတ်ဘူး။ ပြာယာခတ်နေတာက ပြဿနာ”
တော်ဝင်လူတန်းစားများအနေဖြင့် ၎င်းတို့၏ သီးသန့် လူမှုဘဝ ဖြတ်သန်းမှုသည် ရှုပ်ထွေးလျက် ရှိနေသည် ဆိုလျှင်တောင် ကိစ္စမရှိချေ။ ယောက်ျားများနှင့် ဆော့ကစားခြင်း၊ မိန်းမများနှင့် ဆော့ကစားခြင်း ထိုအရာအားလုံးသည် လုံလောက်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်သည်ဆိုပါက ဘာမဆို လုပ်၍ရနိုင်သည့် အရာမျိုးပင်။ သို့ပေမည့် အခြားသော သူတစ်ယောက်၏ အကွက်ချခြင်းကို ခံရပြီးသည့်နောက် ပြာယာခတ်ကာ ပြုမူဆောင်ရွက်နေခြင်းသည် အပြစ်ကြီးတစ်ခုပင် ဖြစ်၏။
“ဘာလို့ မင်း အခြားသူတစ်ယောက်ရဲ့ အကွက်ချခြင်းကို ခံရတာလဲ။ ဘာလို့လဲဆိုတော့ မင်းက မောက်မာလို့ပဲ။ ငါတို့ ဝူမိသားစုရဲ့ သမက်တော်တစ်ယောက် ဖြစ်လာပြီးတဲ့အချိန်မှာ မင်းက တိမ်တွေပေါ်ကို ရောက်သွားသလို ခံစားနေတယ်။ မင်းအနေနဲ့ ဘာမဆို လုပ်လို့ရနိုင်တယ်လို့ ထင်နေတယ်။ အခု ကြည့်။ ရွှမ်ဝူမြို့ကို ရောက်လာပြီး မကြာသေးဘူး။ မင်းက သူငယ်ချင်းတွေကို ခေါ်ပြီးတော့ ဝါကြွားခဲ့တယ်။ တကယ်လို့ မင်းသာ ဒီလိုဝါကြွားတဲ့ အမူအကျင့်မျိုးကို မလုပ်ဘူးဆိုရင် ဝမ်လျှံရဲ့ အစီအစဉ်က ဘယ်လိုလုပ် အောင်မြင်မှာလဲ”
ဝူကျောင်းယင်၏ စကားများသည် လိုရင်းကို တည့်တည့်ရောက်၏။ လင်းကျိုးသည် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြန်လည်ကာ စဉ်းစားလိုက်၏။ တကယ်ပင် ရှက်ရွံ့စရာ ဖြစ်ခဲ့၏။ သူသည် ထိုကဲ့သို့သော လူမျိုးမဟုတ်ချေ။ သို့ပေမည့် ရုတ်တရက် လျစ်လျူရှုကာဖြင့် အရာအားလုံးကို ဂရုမစိုက်သလို ပြုမူခဲ့မိသည်။
“လူငယ်လေး... မင်းရဲ့မျက်လုံးက မင်းရဲ့ခြေထောက်ကို ကြည့်ဖို့ သင့်တယ်။ ကောင်းကင်ကိုပဲ မော့ကြည့်နေလို့ မဖြစ်ဘူး။ မဟုတ်ရင် မင်း ခွေးကျကျလိမ့်မယ်။ ဟုတ်ပါတယ်။ လူငယ်တွေအတွက် ဒီလိုခံစားမှုမျိုးကတော့ ရှိရအုံးမှာပေါ့။ အနည်းဆုံး သတိအပြည့်နဲ့ ဆောင်ရွက်ထားသင့်တယ်။ ဒါမှ အမြင့်က ပြုတ်ကျတဲ့ အခါမျိုးမှာ မနာမှာပေါ့”
“အဓိကဖြစ်ခဲ့တဲ့ ပြဿနာက မင်းအနေနဲ့ လုံလောက်တဲ့ သည်းခံနိုင်မှု၊ စိတ်နေစိတ်ထားကို မပြသစေတာပဲ။ ဒါက ငါတို့ကို စိတ်ပျက်စေခဲ့တယ်။ အနာဂတ်မှာ ကြီးမားတဲ့ တာဝန်ဝတ္တရားတွေကို မင်း ထမ်းဆောင်နိုင်မယ်လို့ ငါတို့ ဘယ်လို ယုံကြည်ရမှာလဲ။ မင်းက ရွှမ်ဝူမြို့ထဲမှာ ချင်းကန်မြို့စားအိမ်တော်ရဲ့ ကိုယ်စားလှယ်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါတို့ ဘယ်လိုယုံကြည်ပေးရမှာလဲ။ နုကျန့်စီရင်စုဆိုရင် ပိုဆိုးတာပေါ့”
လင်းကျိုးသည် ချက်ချင်းပင် ဒူးထောက်ကာ ပြောလိုက်၏။ “ဦးရီးတော်... ကျေးဇူးပြုပြီး ကျုပ်ကို သင်ပြပေးပါ”
ဝူကျောင်းယင်က ပြောလိုက်သည်။ “ဒီလိုကိစ္စတွေ ဖြစ်ပြီးပြီ ဆိုပေမဲ့ ဒါက ကိစ္စရပ်ကြီး မဟုတ်ဘူး။ အဲလိုပဲ ကိစ္စသေးလေးလည်း မဟုတ်ဘူး။ ဝူယုယုနဲ့ လက်ထပ်ပွဲကို ဆက်ပြီးလုပ်မလား၊ မလုပ်ဘူးလား ဆိုတာက သူမရဲ့ အဖေပေါ်မှာ မူတည်လိမ့်မယ်။ မင်းသိလား။ မင်းသူနဲ့ တွေ့တဲ့အချိန်မှာ ဘာလုပ်သင့်လဲ ဆိုတာကို ...”
လင်းကျိုးသည် ဦးညွတ်ကာ ပြောလိုက်၏။ “ဦးရီးတော်.. ကျေးဇူးပြုပြီး သင်ပြပေးပါ”
ဝူကျောင်းယင်က ပြောလိုက်၏။ “အင်း၊ မင်း ယောက္ခထီးကို တွေ့တဲ့အချိန်မှာ ဘာအဆင်ခြေမှ မပေးနဲ့။ အကွက်ချခံရတဲ့ အကြောင်းလည်း မပြောနဲ့။ မင်းရဲ့ ရဲဝံ့မှုကိုသာ ကောင်းကောင်းမွန်မွန် ထုတ်ဖော်ပြသလိုက်ရုံပဲ။ ဒီလိုကိစ္စမျိုး ဖြစ်ပွားခဲ့တယ် ဆိုရင်တောင် မင်းက ဘာမှမဖြစ်ဘဲ မျက်နှာပြောင်ပြောင်နဲ့ နေထိုင်နိုင်တယ်ဆိုတဲ့ ပုံစံမျိုးကို ထုတ်ဖော်ပြသရုံပဲ။ ဒါဆိုရင် မင်းအနေနဲ့ ယုယုနဲ့ လက်ထပ်နိုင်ဖို့ အခွင့်အရေး ထပ်ရလိမ့်မယ်”
လင်းကျိုးသည် အံ့ချီးနပမ်း ဖြစ်လို့နေခဲ့၏။ ချင်းကန်မြို့စားအိမ်တော်သည် တကယ့်ကို အံ့အားသင့်စရာ ကောင်းလှ၏။ ဦးရီးတော်သည် အရေးကြီးသည့် ရာထူးမျိုးကို ရရှိနေခြင်း မဟုတ်ဘူး ဆိုလျှင်တောင်မှာ ၎င်းသည် ကျွမ်းကျင်လွန်းသည့် လူတစ်ယောက်ပင်။
ဝူကျောင်းယင်က ဆက်ပြောလိုက်၏။ “မြို့စားကြီးရဲ့ စိတ်ကို ပြောင်းလဲနိုင်ဖို့ဆိုရင် မင်းအနေနဲ့ ဓားကို ထုတ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်။ ချင်းကန်မြို့စားအိမ်တော် ဂုဏ်သိက္ခာ ကျဆင်းတာထက် မင်း သေလိုက်တာ ပိုပြီးကောင်းတယ်ဆိုတဲ့ စကားကို ပြော။ ဖြစ်နိုင်မယ်ဆိုရင် မင်းရဲ့လည်ပင်းကို အနည်းငယ် လှီးဖြတ်လိုက်။ ပိုပြီးတိကျအောင်လို့ သစ်သားဓားတစ်ချောင်းကို ယူပြီးတော့ အကြိမ်ပေါင်းများစွာ လေ့ကျင့် ထားလိုက်။ လက်စငြိမ်တော့ ပိုပြီ အစစ်လိုထင်ရတာပေါ့”
လင်းကျိုးက ပြောလိုက်သည်။ “ယောက္ခမကြီးက စစ်တပ် အရာရှိကြီး တစ်ယောက်လေ။ လူပေါင်းများစွာတို့ကို မြင်ခဲ့ဖူးတယ်။ ကျုပ် ဘယ်လောက်ပဲ သရုပ်ဆောင်ကောင်းကောင်း သူကျိန်းသေပေါက် မြင်မှာပဲ မဟုတ်လား”
ဝူကျောင်းရင်က နှာခေါင်းရှုံ့လိုက်၏။ “ဟုတ်တာပေါ့။ သူ ကျိန်းသေပေါက် မင်း သရုပ်ဆောင်နေတာကို သိမှာပေါ့။ မင်းကရော ... တကယ်တမ်း ကိုယ့်ကိုယ်ကိုယ် သတ်သေပါ့မလား။ ဘယ်သတ်သေပါ့မလဲ”
လင်းကျိုးသည် ဦးညွတ်ကာ ပြောလိုက်သည်။ “ဦးရီးတော် .... ကျေးဇူးပြုပြီး အကြံပေးပါအုံး”
ဝူကျောင်းယင်က ပြောလိုက်၏။ “အင်း ... မင်း သရုပ်ဆောင်တာကို သူတွေ့လိမ့်မယ်။ ဒါက မင်းဆီမှာ နောက်ထပ် ထူးခြားတဲ့ အရည်အချင်းတစ်ခု ရှိကြောင်းကို ပြသလိုက်တဲ့ သဘောပဲ။ မင်းက လုံလောက်တဲ့ အရှက်မဲ့မှုကို ပိုင်ဆိုင်ပြီး သရုပ်ဆောင်လည်း ကောင်းတယ်။ ဒါဆိုရင် နိုင်ငံရေးအရ အသုံးဝင်တဲ့ လူတစ်ယောက် ဖြစ်လာမှာ မဟုတ်လား”
“ပြီးတော့ မင်းရဲ့ ကိုယ့်ကိုယ်ကို သတ်သေမှုက အစစ်အမှန်တစ်ခုလို ခံစားရတယ်ဆိုရင် အကောင်းဆုံး ဖြစ်လိမ့်မယ်။ ပြီးတော့ ကိုယ့်လည်ပင်းကို ကိုယ် နည်းနည်းလောက် လှီးဖြတ်လိုက်ပါ့။ ဒါက အရာကိစ္စနဲ့ ပတ်သက်ရင် ကိုယ့်ကိုယ်ကိုတောင် ရက်စက်ရဲတယ်ဆိုတဲ့ စိတ်ထားကို ပြတာပဲ။ ကိုယ့်ကိုယ်ကိုတောင် ရက်စက်ရဲတဲ့လူက ရန်သူကို ရက်စက်ဖို့ဆိုတာ ဝန်မလေးဘူး မဟုတ်လား။ ဒါဆိုရင် မင်းနဲ့ ယုယုတို့ရဲ့ လက်ထပ်ပွဲက ပျက်စီးသွားမှာ မဟုတ်ဘူး”
ကျွမ်းကျင်သူ... တကယ်ကို ကျွမ်းကျင်လွန်းသူ ပီသ၏။ လင်းကျိုးသည် အမှန်ပင် ချီးကျူးနေမိ၏။ ဤဦးရီးတော် သည် ဤကဲ့သို့ အခြေအနေတစ်ခုလုံးကို သုံးသပ်နိုင်စွမ်းရှိပြီး မြန်မြန်ဆန်ဆန် တုံ့ပြန်တတ်သည့် စွမ်းဆောင်ရည် ရှိသူမှန်း သူ မထင်မိခဲ့ချေ။ တော်ဝင်မျိုးနွယ်ဝင် လူအားလုံးတို့သည် ဤသို့ပင် အံ့အားသင့်စရာ ဖြစ်နေသည်လား။
“ရှမ့်လန် .... မင်း စောင့်နေ။ ငါ ဒီအရေးကိစ္စကို ကျော်ဖြတ်ပြီးပြီဆိုတာနဲ့ မင်းကို ငါ ဆယ်ဆ ပိုပြီး အရှက်ကွဲအောင် လုပ်မယ်”
ထိုအချိန်မှာပဲ ဝူကျောင်းယင်က အသာပြောလိုက်သည်။ “အင်း ... အခု ပြန်တော့။ မင်းရဲ့ယောက္ခထီးကို သွားတွေ့ပြီးတော့ ငါ ပြောသလို လုပ်တော့။ ပြီးတော့ မင်းအဖေကို ပြောလိုက်အုံး။ ငါ့ကို ပိုက်ဆံများများ ပေးဖို့။ သုံးဆပိုပေး”
...
ရွှမ်ဝူအိမ်တော်အတွင်းမှာတော့ ....
ရှမ့်လန်က ပြောလိုက်၏။ “အဖေ... ဒီဝူကျောင်းယင်ကို ကြည့်ရတာ အံ့အားသင့်စရာပဲ”
မြို့စားကြီးသည် အသာမျက်မှောင်ကုတ်လိုက်သည်။ “မှန်တယ်။ ဒီ ဝူကျောင်းယင်က အံ့အားသင့်စရာကောင်းတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက သူက ချင်းကန်မြို့စား တည်နေရာအတွက်တောင် ယှဉ်ပြိုင်ခဲ့ဖူးတယ်”
ထိုစကားစု ထွက်ပေါ်လာလာချင်းမှာပဲ ရှမ့်လန်နှင့် ရွှမ်ဝူမြို့စားကြီးတို့သည် မနီးမဝေးတွင် ရှိနေသော ကျင်းမူကုန်းကို လှမ်းကာ ကြည့်မိကြ၏။ ဤဖက်တီးသည် စာများကို ကူးလျက် ရှိနေ၏။
“ဟင်း...” ရှမ့်လန်သည် သက်ပြင်းချမိ၏။ မြို့စားကြီးသည် ဒုတိယသားတစ်ယောက်သာ ရှိသည်ဆိုပါက ဤဝတုတ်အား သုံးတော့မည်ပင် မဟုတ်ချေ။ ချင်းကန်မြို့စားအိမ်တော်သည် မြို့စားတည်နေရာ ရာထူးကို ရရှိရန်အတွက် ထူးချွန်သည့် သားနှစ်ယောက်က ယှဉ်ပြိုင်ခဲ့ရ၏။ သို့ပေမည့် ကျင်းမူကုန်းမှာတော့ စာများကို ကူးရေးလျက် ရှိနေလေ၏။ လောကကြီးက မမျှတချေ။
စူးရှလှသည့် မျက်လုံးနှစ်ခု၏ အာရုံကို ခံစားမိသည့်အချိန်မှာတော့ ကျင်းမူကုန်းသည် ဇက်ကို ပုလိုက်မိ၏။ “သူတို့ ငါ့ကို ဘာလို့ ကြည့်နေတာပါလိမ့်”