← Chapters

အပိုင်း (၁၁၇)

Vol. 9 Ch. 117

အပိုင်း (၁၁၇)

Vol. 9 Ch. 117

ရှမ့်လန်က မေးလိုက်၏။ “ဝူကျောင်းယင် ဘယ်လိုဖြစ်ပြီး ရှုံးသွားတာလဲ”

ရွှမ်ဝူက ပြောလိုက်သည်။ “သူ့ဆီမှာ ကလေးမရှိလို့ပဲ”

“အင်း”

ဆိုးရွားလှချေ၏။ ကလေးမရှိဘူးဆိုပါက မည်မျှအံ့အားသင့်စရာ ကောင်းသည့် လူတစ်ယောက်ဖြစ်စေ၊ အုပ်ချုပ်သူ တစ်ယောက် ဖြစ်မလာနိုင်ချေ။ ပြီးနောက် ရှမ့်လန်သည် သူ့ကိစ္စနှင့် ပတ်သက်၍ အနည်းငယ် စိုးရိမ် ပူပန်မိသွားမိ၏။ အချိန်တိုင်း သူသည် နံရံပေါ်သို့ တက်ကာ စာဖတ်ခြင်းကို ပြုလုပ်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သည် အားလျော့နေခဲ့၏။ အနာဂတ်၌ ကလေးမရှိလျှင် မည်သို့ လုပ်မည်နည်း။

ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ ဆူညံဆူညံ အသံများ ထွက်ပေါ်လာခဲ့၏။ အဘယ်ကြောင့် ထပ်မံကာ ဆူညံ နေရသနည်း။ ခဏကြာပြီးနောက် ကျင်းကျုံးသည် လာရောက်ကာ သတင်းပို့၏။ “သခင်ကြီး၊ သမက်တော်... မြေပိုင်နက်ထဲက လူတွေ တွေ့ခွင့်တောင်းနေပါတယ်”

ကျင်းကျုံးသည် သခင်ကြီး၊ သမက်တော် ဟူသည့် စကားကိုသာ ပြောဆိုခဲ့၏။ သခင်လေး ဟူသည့် ကျင်းမူကုန်းကို စကားလုံးထဲတွင် ထည့်ကာ ရေရွတ်ခဲ့ခြင်း မရှိချေ။

ထို့အတူ ကျင်းမူကုန်းကလည်း တစ်ချက်ကလေးမှ ဂရုမစိုက်ချေ။ အရေးကြီးသည့် ကိစ္စရပ်များ ပြုလုပ်ရမည့် အချိန်မှာတော့ သူသည် အခြားသောသူများကို လျစ်လျူရှုခွင့် မပေးချေ။ သူကိုယ်တိုင်က အရင်ဆုံး လျစ်လျူရှုထားခဲ့၏။ ‘ခင်ဗျားတို့ကိစ္စတွေကို ကျုပ် ဂရုမစိုက်ဘူး။ ကျုပ်ရဲ့လောကကြီးက စာကူးတဲ့ အလုပ်ပဲ’

...

ရွှမ်ဝူမြို့စားကြီးနှင့် ရှမ့်လန်တို့သည် မြို့စားအိမ်တော်၏ ရဲတိုက်အပြင်ဘက်ဆီသို့ ရောက်ရှိလာခဲ့၏။ ရုတ်တရက် သူ၏ရှေ့တွင် ရှိနေသည့် အကြီးအကဲ တစ်ဒါဇင်ကျော်တို့သည် ဒူးထောက်ကာ ထိုင်ချလိုက်၏။ “ဂါရဝပြုပါတယ် မြို့စားကြီး”

ရွှမ်ဝူမြို့စားကြီးသည် အလျင်အမြန်ပင် အသက်အကြီးဆုံးသော ဒေသခံ အဘိုးမိုကို သွားရောက်ကာ ဖေးမကူညီ လိုက်၏။ “ခင်ဗျားက ကျုပ်ထက်တောင် အသက်ကြီးတယ်လေ။ ဘယ်လိုဖြစ်ပြီး ကျုပ်ကို ဒီလို နှုတ်ဆက်ရတာလဲ။ ထ... ထ”

ဒေသခံ လူတစ်ဒါဇင်ကျော်တို့သည်လည်း မတ်တပ်ထရပ်လာခဲ့သည်။

ရွှမ်ဝူက ပြောလိုက်၏။ “လူကြီးမင်းတို့ .... ဘယ်လိုဖြစ်ပြီး လာတွေ့ရတာလဲ”

ဒေသခံများထဲမှ တစ်ယောက်က ပြောလိုက်သည်။ "မြို့စားကြီးအိမ်တော်ရဲ့ ကျေးဇူးတော်ကြောင့် ဒီနှစ်မှာ ပိုးစာရွက်တွေက အလွန်ဖြစ်ထွန်းပါတယ်။ ပိုးကောင်လေးတွေမှာလည်း ရောဂါဘယကြီးကြီးမားမား မကျရောက်ပါဘူး။ ဒါကြောင့် ဒီနှစ် ပိုးအိမ်အထွက်နှုန်းက အရင်နှစ်တွေထက် ၂၀ ရာခိုင်နှုန်းလောက် ပိုကောင်းခဲ့ပါတယ်။"

မြို့စားကြီးက ပြောလိုက်၏။ “ဒါဆိုရင် ကောင်းတဲ့အရာပေါ့။ ဒါတွေကိုသာ ရောင်းနိုင်မယ်ဆိုရင် လူတိုင်းက သက်တောင့်သက်သာ နေနိုင်ပြီပေါ့”

ဒေသခံလူများက ပြောဆိုလိုက်၏။ “မှန်ပါတယ်။ လူတိုင်းကလည်း အရမ်းပျော်နေကြတာ။ ဒီနှစ်တော့ ကံကောင်းတဲ့နှစ်ပဲ၊ မြို့စားကြီးအိမ်တော်ရဲ့ ကျေးဇူးတော်ကို ဘယ်လိုကျေးဇူးဆပ်ရမှန်းမသိ ဖြစ်နေကြတာ။ ဒါပေမဲ့ ဘယ်သူက ထင်မှာလဲ သခင်ကြီးရယ် … ကျုပ်တို့ ပိုးအိမ်တွေကို ရွှမ်းဝူမြို့ကို ပို့တဲ့အချိန်ကျမှ သူတို့က လက်မခံဘူးဆိုပြီး လုပ်နေကြတယ်။"

“ဘယ်သူမှ မဝယ်ဘူး ဟုတ်လား”

အရင်နှစ်တွေတုန်းက ပိုးအိမ်တွေကို အလွယ်တကူ လက်ခံခဲ့ပြီး ယခုနှစ်မှ ဘာကြောင့် လက်မခံဟု ဆိုရသနည်း။ ရွှမ်းဝူမြို့စားကြီး အပိုင်စားရသော နယ်မြေတစ်ခုလုံးတွင် လူဦးရေ တစ်သိန်းရှိပြီး၊ ထိုအထဲမှ ၇၀ ရာခိုင်နှုန်းသည် ပိုးမွေးမြူခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြ၏။

နှစ်စဉ် ပိုးမွေးမြူခြင်းမှ ရရှိသော ဝင်ငွေသည် စပါးစိုက်ခြင်းထက် များစွာသာလွန်သည်။ နယ်မြေတွင်းရှိ တောင်သူအများစု သည် လယ်ကွင်းမြေနှင့် တောင်ကုန်းဒေသများကို ပိုးစာပင်စိုက်ပျိုးရန်နှင့် ပိုးမွေးမြူရန်အတွက်သာ အသုံးပြုကြသည်။

ပိုးအိမ်များရောင်းချ၍ ရသောငွေ၏ တစ်စိတ်တစ်ပိုင်းကို မြို့စားကြီးအိမ်တော်သို့ အခွန်ပေးဆောင်ပြီး၊ ကျန်တစ်စိတ်တစ်ပိုင်းကို စားနပ်ရိက္ခာဝယ်ယူရန်နှင့် မိသားစုစားဝတ်နေရေးအတွက် အသုံးပြုကြ၏။

မြို့စားအိမ်တော်၏ အခွန်အခမှာ မများပြားသောကြောင့် နယ်မြေတွင်းရှိ ပိုးမွေးတောင်သူများ၏ ဘဝသည် ကောင်းမွန်စွာ ဖြတ်သန်းနိုင်ပြီး၊ ရွှမ်းဝူမြို့ရှိ အခြားတောင်သူများထက် များစွာသာလွန်သည်။ လွန်ခဲ့သောနှစ်နှစ်က နယ်မြေတွင်းရှိ တောင်သူအများအပြားသည် ဈေးကြီးပေးကာ ပိုမိုကောင်းမွန်သော ပိုးစာပင်ပျိုးပင်များကို ဝယ်ယူစိုက်ပျိုးခဲ့ကြရာ ယခုအခါ ပိုးစာရွက်အထွက်နှုန်းမှာ ပို၍ပင် ကောင်းမွန်လာခဲ့သည်။

ယခုအခါ ထိုပိုးအိမ်များကို လက်မခံဟု ဆိုနေသည်။ ဤသည်မှာ အလွန်ကြီးမားသော ပြဿနာတစ်ရပ်ပင်။ ဤသည်မှာ နယ်မြေတွင်းရှိ တောင်သူဦးရေ တစ်သိန်းနီးပါး၏ တစ်နှစ်ခွဲစာ ကြိုးစားအားထုတ်မှုများ ရေစုန်မျောသွားခြင်းနှင့် တူညီနေ၏။

ထို့အပြင် မြို့စားကြီးအိမ်တော်သို့ အခွန်ပေးဆောင်ရန် ငွေမရှိလျှင် မည်သို့လုပ်မည်နည်း၊ စားနပ်ရိက္ခာကို မည်သို့ဝယ်ယူမည်နည်း၊ မိသားစုကို မည်သို့ထောက်ပံ့မည်နည်း။ မိသားစုတစ်စုလုံးသည် ပိုးအိမ်ရောင်းရမည့် ငွေကို မှီခိုပြီး အသက်ရှင်နေကြရသည်။

မြို့စားကြီးအိမ်တော်၏ နှစ်စဉ်ဝင်ငွေတွင်လည်း ပိုးလုပ်ငန်းမှရသော အခွန်သည် လေးပုံတစ်ပုံအထိ ရှိနေရာ၊ ယခုကဲ့သို့ ရပ်တန့်သွားပါက အိမ်တော်တွင် ကြီးမားသော စီးပွားရေးအကျပ်အတည်း ဖြစ်ပေါ်လာမည်ဖြစ်သည်။ ထို့အပြင် ရွှမ်းဝူမြို့စားကြီးအိမ်တော်သည် ယင်ယွမ်အဖွဲ့အစည်းသို့ သို့ နှစ်ဝက်တစ်ကြိမ် အကြွေးဆပ်ရဦးမည်ဖြစ်ရာ ဤငွေမရှိပါက ငွေကြေးလည်ပတ်မှု ကွင်းဆက်သည် တိုက်ရိုက် ပြတ်တောက်သွားမည်ဖြစ်၏။

အရေးကြီးဆုံးအချက်မှာ နယ်မြေတွင်းရှိ လူတစ်သိန်းသည် စားစရာဝယ်ရန် ငွေမရှိလျှင် ကြီးမားသော ဆူပူအုံကြွမှုကြီး ဖြစ်ပွားလာနိုင်ခြင်းပင်ဖြစ်သည်။

မြို့စားကြီးက ပြောလိုက်၏။ “ရှစ်ကွမ်းယွမ်က ပိုးတွေကို လက်မခံဘူးဆိုတော့ လူကုန်တန်ပွဲရုံရဲ့ လင်းဝူကကော လက်မခံဘူးလား”

ဒေသခံလူများက ပြောလိုက်သည်။ “ဟုတ်တယ်။ အဲဒီမိသားစုနှစ်ခုလုံးက လက်မခံကြပါဘူး”

မြို့စားကြီးက ပြောလိုက်၏။ “အတိတ်တုန်းက သူတို့က ဒီအရာတွေ ရဖို့အတွက် တခြားနိုင်ငံတွေကို သွားပြီးတော့တောင်မှ ဝယ်ယူခဲ့ကြတယ်။ အခု သူတို့က ဒါကို လက်မခံတော့ဘူးတဲ့။ ကြည့်ရတာ သူတို့က ရွှမ်ဝူအိမ်တော်ပိုင်နက်ထဲမှာ ရှိတဲ့ လူတွေကို ပစ်မှတ်ထားတာပဲ ဖြစ်ရမယ်”

“သူတို့က ကျုပ်တို့ဆီက ဝယ်ယူဖို့ ငြင်းပယ်ရုံတင် မကဘူး။ ထျန်းနန်စီရင်စု တစ်ခုလုံးမှာရှိတဲ့ ပိုးကုန်သည်တွေကိုလည်း မဝယ်ဖို့ တားဆီးမယ်လို့ ပြောတယ်”

အခြေအနေက လေးနက်လာခဲ့၏။ ပိုးအိမ်များထဲတွင် ပိုးကောင်များ တည်ရှိနေခဲ့၏။ အချိန်အတိုင်းအတာ အတောအတွင်းတွင် ပစ္စည်းများကို ထုတ်ရောင်းနိုင်ခြင်း မရှိပါက အရာအားလုံး ပျက်စီးသွားမှာ ဖြစ်၏။ ရွှမ်ဝူအိမ်တော်၏ စီးပွားရေးကို တိုက်ခိုက်ခြင်းပင် ဖြစ်၏။

ရှစ်မိသားစုနှင့် လင်းမိသားစုတို့သည် အဓိကလူများ မဟုတ်ကြချေ။ ၎င်းတို့၏ နောက်တွင် ကျန်းချုံးနှင့် ကျူးကျွင်းတို့ တည်ရှိနေမှာ သေချာ၏။ မဟုတ်ပါက တခြားသောမြို့များတွင် ရှိနေသည့် ပိုးကုန်သည်များကို ချုပ်ထိန်းနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။

အကြီးအကဲက ပြောလိုက်၏။ “ရှစ်မိသားစုရဲ့ ခေါင်းဆောင်နဲ့ သူ့ရဲ့သမီးက ပြောခိုင်းလိုက်တယ်။ သခင်လေးကိုယ်တိုင် လာပြီးတော့ ညှိနှိုင်းဆွေးနွေးမယ်ဆိုရင်တော့ အဆင်ပြေသွားလိမ့်မယ်တဲ့”

ရှမ့်လန်၏ မျက်လုံးများသည် ရုတ်တရက် စူးရှသွားခဲ့၏။ “လာပြန်ပြီလား”

သူ့ကြောင့် လင်းကျိုး သေမလိုဖြစ်ခဲ့သည်မှာ မကြာသေးချေ။ အခု ရှစ်ကွမ်းယွမ်နှင့် ရှစ်ချင်းချင်းတို့သည် လာရောက်ကစားချင်နေသည်လား။

သို့ပေမည့် ဤအရာသည်လည်း အစီအစဉ်များ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏။ အချိန်ရောက်လာသည်ဆိုပါက နှစ်သစ်ကူးပွဲရောက်သည့်အချိန်တွင် ရှမ့်လန်သည် ရှစ်မိသားစု၏ ဝဖြိုးလျက်ရှိနေသည့် အရာအားလုံးကို ဖျက်ဆီးပစ်ရန် စီစဉ်ထားခဲ့ပြီးသား ဖြစ်၏။

ရှမ့်လန်သည် ပြုံးကာ ပြောလိုက်သည်။ “ကောင်းပါပြီ။ ကျုပ် ရှစ်မိသားစုနဲ့ သွားပြီး စကားပြောလိုက်ပါ့မယ်”

ချက်ချင်းပင် ဒေသခံလူ တစ်ဒါဇင်ကျော်တို့သည် ရှမ့်လန်၏ရှေ့တွင် ဒူးထောက်ကာ ပြောလိုက်၏။ “ကျုပ်တို့ရဲ့ ဘဝတွေကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးပါပဲ သမက်တော်”

... ...

ရှမ့်လန်သည် ရှစ်မိသားစုဆီသို့ သွားရောက်ပြီး ရှစ်ကွမ်းယွမ် ၊ ရှစ်ချင်းချင်းတို့နှင့် ညှိနှိုင်း ဆွေးနွေးရန် ပြင်ဆင်လိုက်သည်။

၎င်း၏ဇနီးဟောင်းသည် ပေါက်ပန်းလေးဆယ် စကားများကို မပြောတတ်ချေ။ တိုက်ရိုက်ဆိုသလိုပင် လိုရင်းကိုသာ ပြောဆိုခဲ့၏။ ရှမ့်လန်၏ ထပ်တလဲလဲ အနိုင်ကျင့်ခြင်းကို ခံရပြီးနောက် သူမသည် ပိုမိုအေးစက်ကာ အားကောင်းလာခဲ့၏။

“ရှမ့်လန်.. ရွှမ်ဝူအိမ်တော်မှာ ရှိတဲ့ လယ်သမားတွေရဲ့ ပိုးအိမ်တွေကို လက်ခံစေချင်တာလား။ အခြေအနေက ရိုးရှင်းတယ်။ ခရမ်းရောင်နဲ့ သက်တန့်ရောင် ဆိုးဆေးနည်းပညာကို အလကားပေးရမယ်။ ဒါဆိုရင် အနိမ့်ဆုံး ဈေးနှုန်းနဲ့ ပိုးချည်တွေကို ကျွန်မတို့ ဝယ်ဖို့ စဉ်းစားပေးမယ်။ ဟုတ်တယ်။ အနိမ့်ဆုံးဈေးနှုန်းနဲ့ပဲ”

“မဟုတ်ရင် ရှင်တို့ရဲ့ ပိုင်နက်ထဲမှာရှိတဲ့ တောင်သူတစ်သိန်းကျော်တို့ရဲ့ ပိုးအိမ်တွေ အကုန်လုံး ပျက်စီးသွားမှာပဲ။ ဟုတ်တာပေါ့။ ရှင်တို့ ဒီမှာ မရောင်းရင်လည်း ရွှဲ့ပြည်နယ်ရဲ့ တခြားနေရာတွေ သွားပြီး ရောင်းခွင့်ရှိတယ်။ ဒါပေမဲ့ ရှင်တို့ဆီမှာ အဲ့လိုရောင်းချဖို့အတွက် ဘယ်မှာလဲ တရားဝင်အသိအမှတ်ပြုမှု၊ ဘာအသိအမှတ်ပြုမှုမှ မရှိရင် ရောင်းချဖို့ဆိုတာ မဖြစ်နိုင်ဘူးနော်။ ရှမ့်လန်... ကျွန်မတို့ကို ပြဿနာမရှာခင်မှာ ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ် ဆိုတာကို ကြိုပြီး စဉ်းစားသင့်တယ်။

ရှမ့်လန်သည် တင်းမာခက်ထန်သည့် မျက်နှာသွင်ပြင်ဖြင့် ပြောလိုက်၏။ “ရှစ်ချင်းချင်း.. လွန်မလာနဲ့။ ဒါတွေအားလုံးက တောင်သူတစ်သိန်းကျော်လောက်ရဲ့ စားဝတ်နေရေးနဲ့ ပတ်သက်နေတဲ့ အရာတွေ”

ရှစ်ချင်းချင်းက နှာခေါင်းရှုံ့လိုက်သည်။ “အင်း.. ဒါက ရွှမ်ဝူအိမ်တော်ရဲ့ စီးပွားရေးကိစ္စရပ်လည်း ဟုတ်တယ်မလား။ ကျွန်မတို့နဲ့ ဘာဆိုင်လို့လဲ”

ရှမ့်လန်က ပြောလိုက်၏။ “ရှစ်သခင်ကြီး၊ ရှစ်ချင်းချင်း.. အရင်တုန်းက ကျုပ်ပေးခဲ့တဲ့ သင်ခန်းစာတွေကို မေ့သွားပြီလား။ ထပ်ပြီးတော့ ပြဿနာရှာရဲသေးတယ်ပေါ့”

ရှစ်ချင်းချင်းသည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ “အမှန်ပဲလေ။ ကျွန်မတို့က ရှင့်ကြောင့် ခဏခဏ ရှုံးနိမ့်ခဲ့ရတယ်။ ကျွန်မတို့ရဲ့ဂုဏ်သိက္ခာကလည်း ပျက်စီးခဲ့ရတယ်။ ဒါပေမဲ့ အဲတော့ ဘာဖြစ်လဲ။ ကျွန်မတို့ရဲ့ ဆံခြည်တစ်မျှင်တောင် ဆုံးရှုံးသွားခဲ့လို့လား”

လုံးဝကို မဆုံးရှုံးခဲ့ချေ။

ရှစ်ချင်းချင်းသည် နှာခေါင်းရှုံ့လိုက်၏။ “ဒီတော့ ရှင့်ရဲ့အောင်မြင်မှုဆိုတာက စိတ်ပိုင်းဆိုင်ရာ အောင်မြင်မှုပဲ ဖြစ်လိမ့်မယ်။ ရွှမ်ဝူအိမ်တော်က ဘာတွေများ ထူးခြားပြီး ပြောင်းလဲသွားလို့လဲ။ ဘာမှ ပြောင်းလဲသွားတာ မဟုတ်ဘူးနော်။ ရွှမ်ဝူအိမ်တော်က ထိန်းချုပ်ထားတဲ့ တောင်သူပေါင်းရှစ်သောင်းကျော် ၊ တစ်သိန်းနီးပါးက အခု ပြဿနာတက်တော့မယ်”

ရှစ်ကွမ်းယွမ်သည် ဘေးတစ်ဖက်တွင် ရှိနေသည့် ရေနွေးခွက်ကို အသာကောက်ယူကာဖြင့် မော့သောက်လိုက်သည်။ “ရှမ့်လန်.. အစောပိုင်းစေ့စပ်ပွဲတုန်းက ဖြစ်ခဲ့တဲ့အချိန် ကိစ္စရပ်တွေမှာ မင်း ကျိန်းသေပေါက် အနိုင်ယူနိုင်ခဲ့တာပေါ့။ ဒါပေမဲ့ ဘာတွေများရခဲ့လဲ။ ပျော်ရွှင်မှုဆိုတဲ့ အစိတ်အပိုင်း သေးသေးလေးပဲမလား။ အဲဒါထက် မင်းဘာမှ မရပါဘူး”

“ငါတို့ ရှစ်မိသားစုက ဂုဏ်သိက္ခာကျဆင်းသွားခဲ့တယ်။ ဒါပေမဲ့ ရှစ်ချင်းချင်းက ကောင်းကောင်း လက်ထပ်နိုင် တယ်။ ငါလည်း သေသေချာချာ စဉ်းစားတွေးတောခဲ့တယ်။ ငါတို့အတွက် ကောင်းမွန်တဲ့ ဂုဏ်သိက္ခာဆိုတာ ဘယ်မှာ လိုအပ်လို့လဲ။ ငါက စီးပွားရေးသမားတစ်ယောက်လေ။ ပိုက်ဆံတွေ အများကြီး ရှာနိုင်ရင် လုံလောက်ပြီ”

“ရှမ့်လန်... မင်းကို ထပ်ပြီး ပြဿနာရှာဖို့အတွက် ယုံကြည်ချက်တွေ ဘယ်ကရောက်လာလဲ မမေးနဲ့”

ရှစ်ကွမ်းယွမ်သည် ရုတ်တရက် လက်ညိုးထိုးပြလိုက်၏။ “ကြည့် ဒါဘာလဲ”

ရှမ့်လန်သည် မည်သို့မှ မနေနိုင်ဘဲ ဟောခန်းထဲသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ထိုနေရာတွင် ဆိုင်းဘုတ်တစ်ခုက တည်ရှိနေ၏။ ထိုဆိုင်းဘုတ်သည် ရွှေရောင်စာလုံးနှင့် ရေးထားထားခြင်းပင် ဖြစ်၏။ ၎င်းပေါ်တွင် ရှိနေသည့် စာသားကို ကြည့်ရှုပြီးနောက် ထိုအရာသည် အိမ်ရှေ့စံမင်းသား ချီးမြှင့်သည့် အရာဖြစ်ကြောင်း သိရှိလိုက်ရသည်။

စာလုံးတစ်ခုချင်းစီတိုင်းသည် ရွှေနှင့် ဖန်တီးပြုလုပ်ထားခဲ့ခြင်းဖြစ်ပြီး ရှစ်ကွမ်းယွမ်သည် ထိုစာလုံးများ၏ အပေါ်တွင် ရွှေခတ်ထားခြင်းသာလျှင် ဖြစ်၏။ တကယ့်ကို ကြီးမားလွန်းသည့် ဂုဏ်သိက္ခာတရားဖြစ်ပြီး အကာအကွယ် အဆောင်တစ်ခုကဲ့သို့ပင် ထင်ရှားလွန်းလှ၏။ အိမ်ရှေ့စံမင်းသား ပေးထားသည့် လက်ရေးလှ စာကြောင်းသည် ရှစ်မိသားစုတစ်ခုလုံး၏ ဂုဏ်သိက္ခာကို ပိုမိုကာ တိုးတက်စေခဲ့၏။

“အင်း ငါတို့ရဲ့ယုံကြည်မှုက အဲ့ဒါတွေ ရလာတာပဲ”

ရှစ်ချင်းချင်းက ဂုဏ်ယူစွာ ပြောလိုက်၏။ “ပြီးတော့ ကျွန်မတို့ ရှင့်ကို ကျေးဇူးတင်ဖို့ လိုသေးတယ် ရှမ့်လန်။ အတိအကျပြောရရင် ရှင့်ရဲ့ ရွှေရောင်ဆိုးဆေးဖော်မြူလာကြောင့်ပေါ့။ ရှင့်ရဲ့နည်းပညာအသစ်နှင့် ဖန်တီး ပြုလုပ်ထားတဲ့ ရွှေရောင်ပိုးမျှင်တွေက အရမ်းကို ခမ်းနားပြီး တင့်တယ်လွန်းတယ်လေ။ အရင်ကထက် ပိုပြီး ကောင်းမွန်လာခဲ့တာပေါ့။

အိမ်ရှေ့စံနဲ့ တခြားတော်ဝင်မိသားစုဝင် အကုန်လုံးက ဒါကို ဝတ်ပြီးတဲ့အချိန်မှာ နတ်ဘုရားလို ခံစားမိကြတယ်တဲ့။ ဒါကြောင့် သူတို့က ကျွန်မကို လက်ရေးလှချီးမြှင့်ခဲ့တာပဲ။ ပြောရမယ်ဆိုရင် ရှင်သာ မရှိဘူးဆိုရင် ရှမ့်လန် ကျွန်မတို့ အိမ်ရှေ့စံဆီက ဆုလာဘ်ကိုတောင် ရမှာ မဟုတ်ဘူး။ တကယ့်ကို ကျေးဇူးတင်တယ်နော်။ ဒါပေမဲ့ ရှင်ကတော့ ဘာအကျိုးကျေးဇူးမှ မရဘူး။ ကျွန်မတို့က ရှင့်ရဲ့ ရွှေရောင်ဆိုးဆေး နည်းပညာကို ရယူသွားခဲ့တယ်။ ရွှေဒင်္ဂါး တစ်ပြားတောင် မပေးခဲ့ရဘူး”

ရှစ်ကွမ်းယွမ်သည် ဝင်ကာ ပြောလိုက်၏။ “တကယ် အကျိုးအမြတ်ဆိုတာ အဲဒါပဲ။ မင်းသိရဲ့လား”

ရှမ့်လန်သည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်သည်အထိ ဒေါသထွက်သွားခဲ့၏။ သူ၏မျက်နှာသွင်ပြင် တစ်ခုလုံး ကလည်း နီရဲလျက် ရှိသည်။

ရှစ်ချင်းချင်းက ပြောလိုက်၏။ “ရှမ့်လန် ခရမ်းရောင်ဆိုးဆေးနည်းပညာ နဲ့ သက်တန့်ရောင်ဆိုးဆေး နည်းပညာကို ကျွန်မတို့ ရှင့်ဆီကနေ လိုချင်တယ်။ ဒါပေမဲ့ ရွှေဒင်္ဂါး တစ်ဝက်တောင်မှ ပေးမှာ မဟုတ်ဘူး။ အလကား လိုချင်တာနော်”

ရှမ့်လန်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “အိပ်မက်မက်နေတာပဲ”

ရှစ်ချင်းချင်းက ပြောလိုက်၏။ “ဒါဆိုရင်လည်း ပိုးအိမ်တွေ အကုန်လုံး ပျက်စီးသွားမယ့်လအထိ စောင့်ကြတာပေါ့။ အချိန်က အရမ်းကို ကျပ်နေတယ်နော်။ ထန်းနန်စီရင်စုတစ်ခုလုံး၊ အင်း ရွှဲ့ပြည်နယ် တစ်ခုလုံးမှာတောင်မှ ရှင့်တို့ရဲ့ ပိုးအိမ်တွေကို ယူမယ့်သူ ရှိမှာ မဟုတ်ဘူး။ ဒီတော့ ရှင့်သာ ဒီတောင်သူတွေရဲ့ ပိုးအိမ်တွေကို ဝယ်ယူခြင်း မရှိဘူးဆိုရင် ရွှမ်ဝူအိမ်တော်ကလည်း ဘာအခွန်အခမှ ရမှာမဟုတ်ဘူး။ ဒါက ဝင်ငွေအရင်းအမြစ်ကို ဖြတ်တောက် ခံလိုက်သလိုပဲလေ။ ပိုပြီး အရေးကြီးတာက လူပေါင်းတစ်သိန်းလောက်ကို ဘယ်လိုကျွေးမွေးထားမလဲ။ မကျွေးမွေးနိုင်ဘူးဆိုရင် လူပေါင်းတစ်သိန်းတို့ရဲ့ ပါးစပ်တွေက ဒီအတိုင်း နေနေမှာ မဟုတ်ဘူးလေ။ အကုန်လုံး အုပ်အော်သောင်းနင်း ဖြစ်ကုန်မှာသေချာတယ်”

ရွှမ်ဝူအိမ်တော်၏ ပိုင်နက်ထဲရှိ လူပေါင်းများစွာတို့ ထကြွပုန်ကုန်မည်ဆိုပါက ထိုက်ချူးစီရင်စုနှင့် မြို့တော်ဝန် အိမ်တော်သည် ချက်ချင်းပဲ ကြားဝင်လှုပ်ရှားရတော့မှာ ဖြစ်၏။ ထိုသို့ဆိုလျှင် အခြေအနေ တစ်ခုလုံးသည် ပြိုလဲသွားမှာ သေချာသည်။

ရှစ်ချင်းချင်းက ပြောလိုက်၏။ “ရှင်တို့ ရွှမ်ဝူအိမ်တော်က လူပေါင်းတစ်သိန်းကျော်အတွက် အစားအစာတွေကို မထောက်ပံ့နိုင်ဘူးဆိုရင်တော့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ရှင့်တို့ရဲ့ လက်ရှိငွေကြေးအခြေအနေအရ ဒါကိုလည်း တတ်နိုင်မယ် မထင်ပါဘူး။ ရှမ့်လန်.... ရှင်က တကယ့်ကို ဉာဏ်ကောင်းတဲ့ လူတစ်ယောက်လေ။ အကျိုးအကြောင်းကို သေသေချာချာ ရှင်းရှင်းလင်းလင်း မြင်နိုင်မယ်လို့ ကျွန်မ ယုံကြည်မိတယ်”

ရှမ့်လန်သည် တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်သည်။ “အင်း ရွှမ်ဝူအိမ်တော်ရဲ့ စီးပွားရေးကို တားဆီးဖို့အတွက် ခင်ဗျားတို့က ပိုက်ဆံတော်တော်များများကို သုံးခဲ့တာပဲ။ အုပ်ချုပ်ရေးမှု ကျူးကျွင်းက ဒီကိစ္စကို ကိုယ်တိုင် အမိန့်ပေးခဲ့တာ မဟုတ်လား”

ရှစ်ချင်းချင်းက နှာခေါင်းရှုံ့လိုက်၏။ “ရွှမ်ဝူမြို့အနီးတစ်ဝိုက်မှာ လူပေါင်းရှစ်သောင်းကျော် ရှိတယ်လေ။ ဒီလူတွေအကုန်လုံးကို ဟာသလို့ ရှင် ထင်နေတာလား”

ပြီးနောက် ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ရှမ့်လန် ... အတင်းကြီး ငြင်းဆန်မနေနဲ့။ ခရမ်းရောင်ဆိုးဆေး နည်းပညာ နဲ့ သက်တန့်ရောင်ဆိုးဆေးနည်းပညာကို ပေးလိုက်။ ဒါဆိုရင် ဈေးတစ်ဝက် နဲ့ ရှင့်တို့ဆီက ပိုးအိမ်တွေကို ကျွန်မ ဝယ်ပေးမယ်”

“ဈေးတစ်ဝက် ဟုတ်လား”

ရှမ့်လန်က ထအော်လိုက်၏။ “ရှစ်ချင်းချင်း လွန်မလာနဲ့။ ဒါက လိုတာထက် ပိုပြီးတော့ တောင်းဆိုနေတာပဲ”

“ဟုတ်တယ်။ ဈေးတစ်ဝက်အတိအကျပဲ” ရှစ်ချင်းချင်းက ပြောလိုက်၏။

ပိုးအိမ်အားလုံးကို ဈေးတစ်ဝက်နှင့်သာ ဝယ်ယူနိုင်သည်ဆိုပါက မြို့စားအိမ်တော်မှ ရရှိမည့် အခွန်အခကလည်း အလုံးစုံ နည်းပါးသွားပေလိမ့်မည်။ ထို့အပြင် လူပေါင်းများစွာတို့သည် ဝမ်းဗိုက်ပြည့်ရုံလောက်သာ လောက်ငှကျတော့မှာ ဖြစ်သည်။

“အိပ်မက်မက်နေတာပဲ။ လုံးဝ အိပ်မက်မက်နေတာပဲ”

ရှမ့်လန်က အော်ဟစ်လိုက်မိ၏။ “ပိုးအိမ်တွေကို ခင်ဗျားတို့တွေပဲ ဝယ်ယူနိုင်လိမ့်မယ်လို့ ကျုပ်မယုံကြည်ဘူး”

....

All Chapters