← Chapters

အပိုင်း (၁၁၈)

Vol. 9 Ch. 118

အပိုင်း (၁၁၈)

Vol. 9 Ch. 118

ရွှမ်ဝူအိမ်တော်ဆီသို့ ပြန်လာခဲ့ပြီးနောက် ရှမ့်လန်၏ဒေါသတရားများသည် ကြက်ပျောက်ငှက်ပျောက် ဆိုသလို ပျောက်ကွယ်သွားခဲ့၏။ သူသည် သူ၏မိန်းမနှင့်အတူ ဇိမ်ကျကျဖြင့် စစ်တုရင်ပွဲ ကစားလျက် ရှိနေ၏။ သူသည် တစ်ပွဲပြီးတစ်ပွဲ အနိုင်ရခဲ့၏။

“မိန်းမ.. ငါ့ဆီမှာ စိတ်ဝင်စားစရာ မေးခွန်းတစ်ခု ရှိတယ်။ မင်း မဖြေချင်ဘူးလား” ရှမ့်လန်က မေးလိုက်သည်။

“အင်း မဖြေဘူး။ ပြီးတော့ နားလည်း နားထောင်မှာမဟုတ်ဘူး” မူလန်သည် ထပ်မံကာ အရူး လုပ်မခံတော့ချေ။

ရှမ့်လန်က ပြောလိုက်သည်။ “အင်း ... နေ့စဉ်နေ့တိုင်း နွားနို့သွားညှစ်တဲ့ လူတစ်စု ရှိတယ်။ အားလုံးက ပုံးတစ်ပုံး နဲ့ အပြည့် ညှစ်လာနိုင်ကြတယ်။ ဒါပေမဲ့ ရှောင်ပင်းတစ်ယောက်တည်း ခွက်တစ်ခွက်လောက်ပဲ ရခဲ့တယ်။ ဘာလို့ထင်လဲ”

မူလန်၏ မျက်နှာတစ်ခုလုံးကလည်း နီရဲသွားခဲ့၏။ သူမသည် မည်သည့်စကားမှ မဆိုချေ။

ဘေးတစ်ဖက်တွင် ရှိနေသည့် ရှောင်ပင်းက မေးမြန်းလိုက်၏။ “သခင်လေး... ကျွန်မညှစ်တဲ့နွားက နို့ထွက်နည်းလို့လား”

ရှမ့်လန်က ပြောလိုက်သည်။ “မဟုတ်ဘူး။ မင်း နွားမှားပြီး ညှစ်ခဲ့လို့ပဲ။ မင်းက နွားထီးကို သွားညှစ်ခဲ့တာ”

ရှောင်ပင်းက ကြောင်အသွား၏။ “သခင်လေး ပေါက်ကရတွေ ပြောနေတာပဲ။ နွားထီးပါဆိုမှ ဘယ်လိုလို့ နို့ထွက်မှာလဲ”

“ထားလိုက် ရှောင်ပင်း.. သူ့ကို လျစ်လျှူရှုထားလိုက်” မူလန်က ဝင်ပြောလိုက်သည်။

ခဏလောက် ကြာပြီးသည့်နောက် ရှောင်းပင်းသည် နားလည်သွားခဲ့၏။ သူမသည် ခြေကိုဆောင့်ကာ ပြောလိုက်၏။ “သခင်လေး... ရှင် စိတ်တိုစရာ အရမ်းကောင်းတာပဲ။ ရှင်နဲ့ထပ်ပြီး စကားမပြောတော့ဘူး” ပြီးနောက် ရှောင်ပင်းသည် ရှမ့်လန်ကို လက်သီးဖြင့် အသာထိုးလိုက်၏။ သူမ လှုပ်ရှားလိုက်သည့်အချိန်တွင် ရင်အစုံသည် လှုပ်ရှားလျက် ရှိနေ၏။ ငယ်ငယ်ရွယ်ရွယ်နှင့် အဘယ့်ကြောင့် ဤမျှ ဖွံ့ထွားနေရသနည်း။

မူလန်သည် မည်သို့မှ မကြည့်နိုင်တော့ချေ။ မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်သည်။

“သခင်လေး.. ရှင်က စိတ်တိုစရာ အရမ်းကောင်းတယ်။ ရှင့်ကို ရိုက်သတ်ပစ်ရမယ်” ရှောင်ပင်း၏ မျက်လုံးများသည် အရည်ဝိုင်းလျက် ရှိနေ၏။ သူမ၏ဆွဲဆောင်မှု ရှိလွန်းသည့် အကြည့်သည် လူပေါင်းများစွာ တို့ကို ကြွေဆင်းသွားစေနိုင်၏။

ရှမ့်လန်သည် မည်သို့မှ မထိန်းချုပ်နိုင်တော့ချေ။ အခွင့်အရေးကို အရယူပြီးသည့်နောက် ရှောင်ပင်း၏ ရင်ဘက်ကို အသာညှစ်ကိုင်လိုက်မိသည်။

ရှောင်ပင်း၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ရင်သွား၏။ သူမသည် မယုံကြည်နိုင်စွာဖြင့် ရှမ့်လန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကလည်း နီရဲသွားခဲ့၏။

“ရှင်က စိတ်တိုစရာပဲ”

ပြီးနောက် သူမသည် ရှမ့်လန်၏ပါးကို အသာကပ်နမ်းကာဖြင့် ထွက်ပြေးသွားခဲ့သည်။

မူလန်၏ အရာအားလုံးကို နောက်ကျောပေးထားလျက် ရှိနေ၏။ ထို့ကြောင့် ဤနှစ်ယောက်သည် သောင်းကျန်းချင်တိုင်း သောင်းကျန်းနေခြင်းပင်။

မူလန် ပြန်လှည့်လာသည့်အချိန်မှာတော့ ရှမ့်လန်သည် အလွန်လေးနက်တည်ကြည်သည့် မျက်နှာသွင်ပြင်ဖြင့် ပြောလိုက်၏။ “မိန်းမ... ငါ သူ့ကို စရုံပဲ စတာနော်။”

သူသည် စောဏတုန်းက အရာအားလုံးကို မပြုလုပ်ခဲ့သည့် လူတစ်ယောက်ကဲ့သို့ပင်။

မူလန်က ပြောလိုက်သည်။ “ယောက်ျား.. အင်း ဒီနေ့ ရှင့်ရဲ့ခန္ဓာကိုယ်ကို လေ့ကျင့်ပေးဖို့ လိုနေပြီလို့ ထင်တယ်။ ဒီတော့ တိရစ္ဆာန်ခြောက်မျိုး ကစားနည်းကို စပြီး ကစားလိုက်ကြရအောင်”

ရှမ့်လန်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် ခံစားနေမိ၏။ သူက အော်ဟစ်လိုက်၏။ “ဘာကြောင့်လဲ။ ငါဘာမှ မလုပ်ဘူးလေ။ ဒါ ခုဏတုန်းက စလိုက်တာပဲ။ အပြစ်တော့ မပေးနဲ့အုံး။ မူလန်... အရမ်း လွန်လွန်းတယ်လို့ မထင်ဘူးလား”

ကျင်းမူလန်သည် မည်သည့်စကားကိုမှ မဆိုချေ။ တည်နေရာတစ်ခုဆီသို့ လက်ညှိုးညွှန်ပြလိုက်သည်။

ထိုနေရာတွင် အရာဝတ္ထုပစ္စည်းတစ်ခု တည်ရှိနေ၏။ ထိုအရာသည် မှန်တစ်ခုပင် ဖြစ်၏။ ထိုမှန်မှအဆင့် သူတို့ပြုလုပ်နေသည့်အရာများကို ကောင်းကောင်း မြင်နေရ၏။

“အား”

ရှမ့်လန်သည် ကျောရိုးမကြီးများပင် စိမ့်တက်သွားခဲ့၏။ သူသည် တစ်နေ့ကုန် အမဲလိုက်ခြင်းကို ခံခဲ့ရ၏။ မိန်းမများသည် သဝန်တိုသည့်အချိန်၌ ဆိုးဝါးသည့်အရာများကို ပြုလုပ်တတ်၏။ ခြံဝင်းတစ်ခုလုံးတွင် ရှမ့်လန်၏ သတ်ဖြတ်ခံရတော့မည့် ဝက်ကဲ့သို့ အော်ဟစ်နေသည့် အသံများသာလျှင် ပျံ့လွင့်လျက် ရှိနေသည်။

“အား အား ... မိန်းမ ဖြည်းဖြည်း ဖြည်းဖြည်း။ မိန်းမ ငါမှားပါပြီ။ ငါမှားပါပြီ။ ထပ်ပြီး မလုပ်တော့ပါဘူး” တိရစ္ဆာန်ခြောက်မျိုး ကစားနည်းကို ဆယ်ကြိမ်တိတိ ကစားခဲ့ပြီးသည့်နောက် ရှမ့်လန်သည် မြေပေါ်တွင် ကွေးကွေးလေး ဖြစ်လို့နေ၏။

......

နောက်တစ်ရက် သနားစရာကောင်းသော ရှမ့်လန်သည် ခြံဝင်းအပြင်ဆီသို့ လမ်းလျှောက်ထွက်ပြီး အရူးကြီးဆီသို့ သွားခဲ့၏။

“အရူးကြီး.. ဆရာကြီးက မင်းကို တောင်တစ်ခုဆီကို ခေါ်သွားပြီး သိုင်းပညာ လေ့ကျင့်ပေးမယ်လို့ ကြားခဲ့တယ်” ရှမ့်လန်က မေးမြန်းလိုက်သည်။

အရူးကြီးက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ ဆရာက ပြောတာ ငါက သူ့ရဲ့နောက်ဆုံးတပည့်တဲ့။ နောက်ဆုံးတပည့်ဆိုတာ ဘာလဲ”

ရှမ့်လန်သည် မနာလိုဝန်တိုပင် ဖြစ်သွားခဲ့၏။ နောက်ဆုံးတပည့်ဆိုသည်မှာ တကယ့်ဆရာကြီးများ၏ နောက်ဆုံးတန်ဖိုးထားရသည့် တပည့်ပင် ဖြစ်သည်။

သူက ပြောလိုက်၏။ “နောက်ဆုံးတပည့်ဆိုတာ အင်း ....မင်းဆရာအိပ်တဲ့အချိန်မှာ နေ့စဉ်နေ့တိုင်း ၊ ညစဉ်ညတိုင်း တံခါးပိတ်ရတဲ့ တာဝန်ကို ယူရတဲ့လူပေါ့ကွာ”

အရူးကြီးသည် လေးလေးနက်နက်ဖြင့် တွေးတောလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ဪ ဒါက နောက်ဆုံးတပည့်ပေါ့။ အရူးလေး... မင်းတော်တယ်”

“ဟူး ...” ရှမ့်လန်က သက်ပြင်းချလိုက်၏။

“အရူးကြီး... ယောက်ျားတစ်ယောက်က အားမကောင်းဘူးဆိုရင် အိမ်မှာ ဘာဂုဏ်ပုဒ်မှ ရှိမှာ မဟုတ်ဘူး။ မိန်းမတစ်ယောက်ရဲ့ အနိုင်ကျင့်ခြင်းကို အမြဲခံရလိမ့်မယ်”

အရူးကြီးက ပြောလိုက်သည်။ “အရူးလေး မင်း မိန်းကလေးမူလန် အနိုင်ကျင့်တာ ခံရပြန်ပြီလား”

“ဘာ”

အရူးကြီးတောင်မှ ထိုအကြောင်းအရာကို သိနေသည်လား။ ရှမ့်လန်သည် ခေါင်းညိတ်ကာ ပြောလိုက်၏။ “အင်း ယောက်ျားတစ်ယောက်အနေနဲ့ ငါတို့ အားကောင်းမှာ ဖြစ်လိမ့်မယ်။ မိန်းမတွေ ငါတို့ကိုယ်ပေါ်ကနေ ဖြတ်ပြီး နင်းတက်သွားတာကို လက်ခံပေးလို့မရဘူး။ ယောက်ျားတစ်ယောက်အနေနဲ့ ရိုက်နှက်ခံနေရတဲ့ အချိန်မှာတောင် ရဲရင့်နေရမယ်လေ။ ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ရှိရမယ်”

အရူးကြီးသည် အလွန်ပင် သဘောကျသွားမိ၏။ အရူးလေးခန္ဓာကိုယ်သည် အလွန်အားနည်းလွန်းသည်ဟု ခံစားမိ၏။ ယခု ကြည့်ရသည်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများနှင့် ပိုမိုမာကျောလာသလိုပင် ခံစားနေမိ၏။ သူသည် သူ၏ညီနောင်အတွက် တကယ်ပင် ပျော်ရွှင်မိသည်။

ရှမ့်လန်သည် အကောင်းဆုံးကြိုးစားပြီးသည့်နောက် ခြေဖျားကို ထောက်ကာဖြင့် အရူးကြီး၏ ပုခုံးကို ပုတ်လိုက်၏။ “ဒီတော့ အရူးကြီး မင်း သိုင်းပညာကို ကောင်းကောင်း လေ့ကျင့်။ မင်းအရမ်း အားကောင်းလာတဲ့အချိန်မှာ မင်းရဲ့သိုင်းပညာတွေ အကုန်လုံး ငါ့ကို လွှဲပေးလိုက်။ အတွင်းအား လွှဲပြောင်းသလို နည်းလမ်းမျိုးနဲ့ လွှဲပြောင်းလို့ရမယ်နဲ့တူတယ်။ ဒါဆိုရင် ငါလည်း ဆရာကြီး ဖြစ်လာလိမ့်မယ်။ ငါ့မိန်းမရဲ့ အနိုင်ကျင့်ခြင်းကို ခံရတော့မှာ မဟုတ်ဘူး”

အရူးကြီးသည် ကြောင်အသွားမိ၏။ အချိန်ခဏ ကြာပြီးသည့်နောက် သူသည် ထူးခြားစွာဖြင့် လေးနက်သွား၏။ ပြီးနောက် မနည်းအားတင်းကာဖြင့် ပြောလိုက်သည်။ “ကောင်းပြီ။ သိုင်းပညာကို ကောင်းကောင်း လေ့ကျင့်မယ်။ အားကောင်းလာအောင်လုပ်မယ်။ ပြီးတော့ သိုင်းပညာတွေ အားလုံး မင်းကို လွှဲပေးမယ်”

ဤတစ်ကြိမ်မှာတော့ ရှမ့်လန်သည် တကယ်ပင် ပျော်ရွှင်သွားမိ၏။ အဘယ့်ကြောင့်ဆိုသော် အရူးကြီး၏ စကားသည် တကယ့်ကို လေးနက်လျက် ရှိနေသောကြောင့်ပင်။

အသာလှမ်းလျှောက်ကာ ဖြတ်လျှောက်သွားခဲ့သော ကျင်းမူကုန်းသည် ရုတ်တရက် လှမ်းကာ ပြောလိုက်၏။ “အရူးကြီး... ဒါဆိုရင် ခင်ဗျားရဲ့ သိုင်းပညာအနည်းငယ်ကို ကျုပ်ကိုလည်း လွှဲပေးလို့ရမလား”

အရူးကြီးသည် ခဏလောက် တွေးတောလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “မဖြစ်နိုင်ဘူး။ ငါ့ရဲသိုင်းပညာကို မင်းကို လွှဲပေးလို့မဖြစ်ဘူး အရူးနံပါတ်သုံး”

ကျင်းမူကုန်းသည် ထိုကဲ့သို့ အရူးနံပါတ်သုံးဟု ခေါ်ဆိုခံရသည်အား မငြင်းပယ်ချေ။ သို့ပေမည့် ငြင်းပယ်ခံရသည်ကို သဘောမတွေ့သလို ပြောဆိုလိုက်၏။ “ဘာလို့လဲ။ ကျုပ်တို့က သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလား”

“အင်း”

အရူးကြီးက ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ အရူးလေးကို ရိုက်နှက်ချင်တဲ့ တစ်စုံတစ်ယောက်က အမြဲတမ်း ရှိနေတာမလို့”

ချက်ချင်းပဲ ရှမ့်လန်သည် မပျော်မရွှင် ဖြစ်သွားမိ၏။ “မင်း ဘယ်လိုပေါက်ပန်းလေးဆယ်တွေ လျှောက်ပြော နေတာလဲ။ ငါက ပြဿနာရှာရတာကို ကြိုက်နှစ်သက်တဲ့ လူတစ်ယောက်လို့ မင်းပြောချင်တာလား”

.........

ရှစ်ချင်းချင်း ပေးအပ်သော သုံးရက်ဆိုသည့် အချိန်ကာလတွင် တစ်ရက်တာသည် ကုန်လွန်သွားခဲ့၏။ ရွှမ်ဝူအိမ်တော်၏ ပိုင်နက်ထဲတွင် တည်ရှိနေသည့် လူပေါင်းတစ်သိန်းကျော်၏ ပိုးအိမ်အားလုံးသည် မသိမ်းဆည်းပဲ ဤအတိုင်း ရှိလို့ နေသေး၏။ လူပေါင်းများစွာတို့သည် ပိုမိုကာ စိုးရိမ်လာခဲ့ကြ၏။ ကောလဟလ သတင်းများကိုလည်း သူတို့ နေ့စဉ်နေ့တိုင်း ကြားနေရသည်။

သခင်လေး ရှမ့်လန် သည် သူတို့ကို မကူညီချင်ကြောင်း သူတို့က ပြောဆိုနေမိ၏။ ရွှဲ့ပြည်နယ်တစ်ခုလုံးတွင် ရှိနေသည့် မည်သည့်ကုန်သည်များသည်ကလည်း သူတို့၏ ပိုးအိမ်များကို ဝယ်ယူခြင်း မရှိကြချေ။ အိမ်၌ သိမ်းထားရန်သာလျှင် ရှိတော့၏။

ပြောရမည်ဆိုလျှင် တစ်စုံတစ်ယောက်သည် ရွှမ်ဝူအိမ်တော်၏ မြေပိုင်နက်ထဲတွင် ရှိနေသည့် လူပေါင်းတစ်သိန်းကျော်တို့အား ဒုက္ခရောက်စေချင်ခြင်းသာ ဖြစ်ပေလိမ့်မည်။ အခြေအနေသည် ပိုမိုကာ တင်းမာ လာခဲ့သည်။

နေ့စဉ်နေ့တိုင်း ဆိုသလိုပဲ ရှစ်ချင်းချင်းသည် ရွှမ်ဝူအိမ်တော်တွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို လှမ်းကြည့်ပြီး သဘောကျနေမိ၏။ ရှမ့်လန် လက်ရှိအခြေအနေတွင် စိုးရိမ်ပူပန်မှု၊ နာကျင်မှုများနှင့် လူးလိမ့်လျက် ရှိနေမည်ကိုပင် သူမက မြင်ယောင်နေမိ၏။

သူမ ခန့်မှန်းသည်မှာ အမှန်ပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် နောက်တစ်ရက်မှာတော့ ရှောင်ပင်းသည် နည်းလမ်း တစ်မျိုးကို အသုံးပြုပြီးသည့်နောက် ရှမ့်လန်ကို မြူစွယ်ရန် ကြိုးစားလျက် ရှိ၏။ သူမသည် ပထမတုန်းက တိတ်တဆိတ် ကြိတ်တ်ကာ ခိုးနမ်းခဲ့၏။ ပြီးနောက် သူမ၏ ရင်ဘတ်နှင့် သူ၏ ကျောဘက်ကို ခဏခဏ လာရောက် ပွတ်သပ်ပြန်သည်။

သို့ပေမည့် ရှမ့်လန်သည် အများကြီး မတုံ့ပြန်ရဲချေ။ အဘယ်ကြောင့်ဆိုသော် မူလန်နှင့် အရင် မအိပ်ဘဲ ရှောင်ပင်း နှင့်သာ အရင်အိပ်ခဲ့သည်ဆိုပါက ကျိန်းသေပေါက် ပြဿနာတက်ပေမည်။ မူလန်နှင့် အိပ်နိုင်ဖို့ ဆိုသည်မှာလည်း တစ်ယောက်နှင့်တစ်ယောက်ကြားရှိနေသော ချစ်ခြင်းမေတ္တာကို ပိုမိုတိုးပွားအောင် ပြုလုပ်ရန် လိုအပ်လျက် ရှိနေသေး၏။

သို့ပေမည့် ရှောင်ပင်းသည် နည်းလမ်းမျိုးစုံနှင့် သူ့အား ဆွဲဆောင်လျက် ရှိနေ၏။ ထို့ကြောင့် ရှမ့်လန်သည် အလွန်ပင် ဒုက္ခတွေ့လျက် ရှိသည်။

‘ရှောင်ပင်းက ဒီလိုမိန်းကလေးဖြစ်မှန်းက အစောကြီးတည်းက ငါ မသိခဲ့ဘူး။ ဒါနဲ့ ဟိုတစ်နေ့ညတုန်းက မင်းဘာလို့ ငြင်းခဲ့တာလဲ’

.......

နေ့စဉ်နေ့တိုင်း ဆိုသလိုပင် ရွှမ်ဝူအိမ်တော်၏ အပြင်ဘက်တွင် ဒူးလာထောက်ကြသည့် လူပေါင်းများစွာတို့သည် ပိုပိုကာ များပြားလာခဲ့၏။ မနက်ခင်း စောစောစီးစီးတွင် လူပေါင်းတစ်ထောင်ကျော်တို့သည် အပြင်ဘက် လယ်ယာကွင်း ထဲတွင် ဒူးထောက်လျက် ရှိနေကြ၏။ သို့ပေမည့် မည်သူမှသည် ဒုက္ခပေးခြင်း သို့မဟုတ် အော်ဟစ်ခြင်းကို မပြုလုပ်ကြချေ။ အပြင်ဘက်တွင် ငြိမ်ငြိမ်သက်သက်နှင့် ဒူးထောက်လျက်သာ ရှိနေ၏။

ဟုတ်ပေ၏။ မြို့စားကြီးသည် ထိုလူများကို မောင်းမထုတ်ခဲ့ချေ။ ထိုအစား ရေများ၊ အစားအသောက်များကိုပင် ပေးခဲ့သေး၏။ ရွှမ်ဝူအိမ်တော်၏ မြို့တော်ဝန်သည် တကယ့်ကို လူသိများထင်ရှားလွန်း၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင် တခြားသောသူများသာဆိုပါက အော်ဟစ်ဆူပူ မောင်းထုတ်ခြင်းကို ပြုလုပ်ကြမှာ သေချာသည်။

သို့ပေမည့် လူဆိုသည့် သဘာဝသည် ယုံကြည်ရသည့် အရာမျိုး မဟုတ်ချေ။ ပိုးအိမ်များကိုသာ ရောင်းချနိုင်ခြင်း မရှိပါက ဤအလုပ်သမားများသည် အစားအစာများကို ဝယ်ယူရန် ပိုက်ဆံပင် ရှိလိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် အငတ်ဘေးဒုက္ခကို ခံစားရမှာ သေချာ၏။ လူပေါင်းတစ်သိန်းကျော်တို့ အစာရေစာ ငတ်ပြတ်ခြင်းဆိုသည်မှာ ခန့်မှန်း၍ မရနိုင်သည့် အကြောင်းအရာမျိုး ဖြစ်၏။ လူပေါင်းတစ်သိန်းကျော် တို့၏ ဒေါသတရားသည် ရွှမ်ဝူအိမ်တော်တစ်ခုလုံးကိုပင် ဝါးမျိုနိုင်စွမ်းရှိနေ၏။

ရွှမ်ဝူအနေနှင့် ပိုက်ဆံထုတ်ကာဖြင့် လူပေါင်းတစ်သိန်းကျော်တို့အား ပေးအပ်နိုင်ခြင်း မရှိသည်ဆိုပါက ဘာတစ်ခုမှ တတ်နိုင်သည့် အရာမျိုးမဟုတ်ချေ။

ရှမ့်လန်သည် အချိန်အတော်ကြာအောင် သူ၏ ခံစားချက်များကို ထိန်းချုပ်ထားခဲ့၏။ ပြီးနောက် မြို့စားအိမ်တော်ဆီမှ ထွက်လျှောက်လိုက်၏။ အပြင်ဘက်သို့ ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် အလွန်ပင် ဝမ်းနည်း၍ နာကျင်နေသည့် ဟန်ပန်အမူအရာမျိုးအဖြစ် ပြောင်းလဲသွားခဲ့သည်။

……….

ရှမ့်လန်သည် ရှစ်ကွမ်းယွမ်၏ အိမ်သို့ မသွားချေ။ ထိုအစား လူကုန်တန်ပွဲရုံပိုင်ရှင် လင်းဝူ၏ အိမ်ဆီသို့ သွားလိုက်၏။

“လင်းဝူ... ကျုပ် ခင်ဗျားနဲ့ ညှိနှိုင်းမှုတစ်ခု လုပ်ချင်တယ်။ ဘယ်လိုလဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို ခရမ်းရောင်နဲ့ သက်တန့်ရောင် ဆိုးဆေးနည်းပညာကို အလကား ပေးမယ်။ ဆိုးဆေးနည်းပညာနှစ်ခုကို ခင်ဗျား ရပြီးသွားရင် ခင်ဗျားရဲ့ စီးပွားရေးလုပ်ငန်းက ပိုပြီးတော့ ကျော်ကြားလာခဲ့မှာပဲ။ ဒါဆိုရင် ရှစ်မိသားစုနဲ့ ပိုးကုန်သည်တွေအားလုံးကို လွှမ်းမိုးနိုင်တဲ့လူ ဖြစ်လာလိမ့်မယ်”

လင်းဝူ၏ မျက်နှာပေါ်မှာတော့ ဂုဏ်ယူဝံ့ကြွားမောက်မာမှုများနှင့် ပြည့်နှက်လျက်ရှိ၏။ လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက လင်းကျိုး မတော်တဆ ကိစ္စရပ်တစ်ခု ဖြစ်ပွားခဲ့ပြီး ထိုအချိန်တုန်းက သူ သွေးတက်ပြီး မေ့လဲမလိုပင် ဖြစ်ခဲ့ရ၏။

သူ၏သား နှင့် ချင်းကန်မြို့စားအိမ်တော်မှ သခင်မလေးတို့၏ စေ့စပ်ပွဲ ပျက်စီးသွားမည်ကို သူ စိုးရိမ်ခဲ့မိ၏။ ဤသို့သာ ဖြစ်သွားသည်ဆိုပါက လင်းမိသားစုသည် မူလအတိုင်း ပြန်လည်ကာ ပြောင်းလဲသွားမှာ ဖြစ်၏။ လင်းဝူ၏ အမြင်အရဆိုလျှင် လင်းကျိုးသည် ပေါက်ပန်းလေးဆယ်များကို ပြုလုပ်ခဲ့၏။ ချင်းကန်မြို့စားအိမ်တော်သည် လက်ထပ်ပွဲကို ဖျက်သိမ်းပစ်နိုင်စွမ်းရှိသည်။

သို့ပေမည့် မထင်မှတ်ထားလောက်အောင်ပင် လင်းကျိုးသည် ချင်းကန်မြို့စားအိမ်တော်ဆီသို့ သွားရောက်ခဲ့ပြီး နှစ်နာရီတိတိ ချင်းကန်မြို့စားကြီး ရှေ့တွင် ဒူးထောက်ကာဖြင့် နာရီဝက်နီးပါးခန့် ရှင်းပြခဲ့၏။ အခြေအနေ တစ်ခုလုံးသည် ဖြေရှင်းပြီးသား ဖြစ်သွားခဲ့၏။ စေ့စပ်ပွဲသည် ယခင်အတိုင်း တည်မြဲခဲ့၏။

လင်းကျိုး ပြန်လာသည့်အချိန်မှာတော့ သူ၏ လည်ပင်းထက်တွင် ဒဏ်ရာတစ်ခု ပါလာခဲ့၏။ ထိုအရာသည် လည်ပင်းကို ဓားနှင့် လှီးဖြတ်ထားသကဲ့သို့ပင် အနည်းငယ်တော့ နက်ရှိုင်း၏။ လင်းဝူသည် စိုးရိမ်ပူပန်သွားမိ၏။ သို့ပေမည့် ဇဝေဇဝါလည်း ဖြစ်လို့နေခဲ့သည်။

တကယ့်ထိပ်တန်း အာဏာပိုင်များသည် မည်ကဲ့သို့ တွေးတောကြသနည်း။ ဤကဲ့သို့ ကြီးမားသည့် လူမှုရေး ဖောက်ပြန်မှုကြီး ဖြစ်ပွားခဲ့သည် ဆိုလျှင်တောင်မှ ဘာမှမဖြစ်ခဲ့သလို ဟန်ထုတ်ကာ နေထိုင်နိုင်စွမ်းရှိနေ၏။ သို့ပေမည့် လင်းကျိုးက အဆင်ပြေနေသေး၏။ ရှမ့်လန်မှာတော့ ဒုက္ခရောက်လေပြီ။

သူ၏သား လင်းကျိုးအား ဒုက္ခပေးခဲ့သူမှာ ရှမ့်လန်ဖြစ်ကြောင်း လင်းဝူက ကောင်းကောင်းသိ၏။

ပါးစပ်ချိုသော လူများသည် နှလုံးသားထဲ၌ ဓားများ တည်ရှိနေနိုင်ကြောင်း သူ ကိုယ်တွေ့သိပြီးသား ဖြစ်၏။ ထို့ကြောင့် အပြင်ဘက်တွင် ချိုချိုသာသာနှင့် သူ့ကို လာရောက်ကာ စကားပြောဆိုနေသည် ဆိုလျှင်တောင်မှ သူသည် အဆုံးမဲ့ ယုံကြည်ခြင်း မရှိချေ။

ရွှမ်ဝူအိမ်တော်၏ ပိုင်နက်ထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ရွှမ်ဝူအိမ်တော်ကိုပင် ပိတ်လုနီးပါး မတ်တပ်ရပ်လျက်ရှိနေကြောင်း သူ သိရှိပြီး ဖြစ်၏။ လင်းမိသားစုသည် ဘေးတစ်ဖက်မှ ထောက်ပံ့သည့် အခြေအနေဖြင့် ဝင်ရောက်နိုင်သည် ဆိုသော်လည်း အစိတ်အပိုင်း အနည်းငယ်လေးကိုသာ ပြုလုပ်နိုင်၏။ ရှမ့်လန်တစ်ယောက် ဒုက္ခတွေ့နေသည်ကို မြင်ရသည့်အချိန်မှာတော့ လင်းဝူသည် အလွန် သဘောကျသလို ခံစားနေမိ၏။

“သမက်တော် ရှမ့်လန်.. ဒီနည်းပညာနှစ်ခုက တန်ဖိုးဖြတ်မရပါဘူး။ ဘယ်လိုဖြစ်ပြီး ကျုပ်ကို အလကားပေးချင် ရတာလဲ” လင်းဝူက ပြုံးလိုက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်တယ်”

လင်းဝူက ပြောလိုက်သည်။ “ဘယ်လိုအခြေအနေ ရှိလို့လဲ”

ရှမ့်လန်က ပြောလိုက်၏။ “အင်း၊ ကျုပ်တို့ မိသားစုပိုင်နက်ထဲမှာ ရှိနေတဲ့ တောင်သူတွေဆီက ပိုးချည်တွေကို ခင်ဗျား ဝယ်ပေးဖို့ပေါ့”

လင်းဝူက ပြုံးလိုက်သည်။ “သမက်တော် ရှမ့်လန်.. ခင်ဗျား ကျုပ်ကို လာပြီး တောင်းပန်နေတာလား”

ရှမ့်လန်သည် တင်းမာခက်ထန်စွာဖြင့် ပြောလိုက်၏။ “ဟုတ်တယ်၊ ကျုပ် ခင်ဗျားကို လာပြီး တောင်းပန်နေတာ။ လူပေါင်းတစ်သိန်းကျော်တို့ရဲ့ စားဝတ်နေရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်ဖြစ်တာကြောင့် ကောင်းကင်ကြီးက ရက်စက်လို့ မရဘူးမလား။ ကျေးဇူးပြုပြီး လင်း .... ညှာတာထောက်ထားပါအုံး”

ရှမ့်လန်သည် စိတ်ထဲတွင် ကြိုတင်ကာ တွေးတောထားပြီးသား စကားလုံးများကို ပြောဆိုကာဖြင့် တောင်းပန်လျက် ရှိနေ၏။ ပိုးကောင်များ သားပေါက်သည့်အချိန်ကာလသည် နှစ်ပတ်နီးပါးခန့်သာ ကြာပြီး လင်းကျိုး၏ ရောဂါပိုးထကြွမည့် အချိန်ကာလသည် နှစ်ပတ်နီးပါးခန့်သာ ကြာမြင့်၏။ ရက်အနည်းငယ်အတွင်း လင်းကျိုး၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ရောဂါပိုးများသည် အစွမ်းပြတော့မှာ ဖြစ်၏။ ဤမြင်ကွင်းမျိုးကို သူ တကယ် ကြည့်ရှုရန် မျှော်လင့်နေမိသည်။

“ဟား ဟား ဟား”

လင်းဝူသည် မည်သို့မှ တောင့်ခံမနေနိုင်တော့ချေ။ ထို့ကြောင့် ရယ်မောကာ ပြောလိုက်၏။ “ရှမ့်လန်.. ဒီလိုနေ့မျိုးကို ရောက်လာတာကိုး။ အရင်တုန်းကတော့ အနှိုင်းမဲ့သကို ခံစားမိတယ် မဟုတ်လား။ အရင်တုန်းကလို မောက်မာပါအုံးလား။ အရင်တုန်းကလို ငါ့သားကို ဒုက္ခပေးပါအုံးလား။ အခု ဘယ်လိုဖြစ်ပြီးတော့ ငြိမ်ကုပ်နေတဲ့ ယုန်သူငယ်လေးလို ဖြစ်နေရတာလဲ။ ကောင်းကင်ကြီးက မျက်လုံးရှိတာပဲ။ နောက်ဆုံးမှာတော့ ရှမ့်လန်တစ်ယောက် ဒီလိုအခြေအနေဖြစ်တဲ့ဆီကို ရောက်သွားတာပဲ”

ရှမ့်လန်သည် ညှိုးငယ်စွာဖြင့် ပြောလိုက်မိသည်။ “လင်း.. လူပေါင်းတစ်သိန်းကျော်လောက် အစာရေစာ ငတ်ပြတ်ကုန်မှာကို ခင်ဗျား ထိုင်ကြည့်နေနိုင်သေးတာလား”

All Chapters